ယုံကြည်မှုဆိုသည်မှာ
ယုံကြည်မှုဆိုသည်မှာ ------------------------ “ဆရာ တစ်ခုလောက်မေးချင်လို့” “မေးလေကွာ” ကျွန်တော့်အိမ်တွင် အလုပ်ပိတ်ရက် စာလာဖတ်နေသော မောင်ကျော်စွာက ကျွန်တော်ခေတ္တနားချိန်တွင် စကားစလာသည်။ “လူတစ်ယောက် ဘာလုပ်လုပ်၊ ဘာပြောပြော လက်မခံတဲ့ အနေအထားတစ်ခုကို ရောက်သွားတာ ဘာကြောင့်လဲ ဆရာ" “ယုံကြည်မှုကြောင့်ပေါ့ကွ” “ကောင်းလိုက်တာဆရာရယ် ... ကျွန်တော် လိုချင်တဲ့ အဓိကအချက်က အဲဒါပဲ။ အစဖော်မရလို့” “ယုံကြည်မှု ပျက်သုဉ်းရင် အားလုံးပျက်သုဉ်းတယ်ဆိုတဲ့ စကားရှိပါတယ်ကွာ။ ယုံကြည်မှုမခံရတဲ့ လူတစ်ယေက်ဟာ ဘာလုပ်လုပ်၊ ဘာပြောပြော ဘယ်တော့မှ အကောင်းမြင်ခံရမှာ မဟုတ်ဘူးကွ။ ဘာဖြစ်လို့ မေးတာလဲ” “ကျွန်တော် အတွေးပေါ်လာမိလို့ပါဆရာ။ ကိုယ့်ကိုယ့်ကိုယ် ငါ့အပေါ် ယုံကြည်မှုတွေ ပျောက်ဆုံးနေပါလား ဆိုပြီး အသိတရားတွေဝင်လာကြရင်ကောင်းမှာပဲနော်” “ယုံကြည်မှုဆိုတဲ့ စကားလုံးလေးဟာ ဘာမှသာမဟုတ်တယ် လင်နဲ့မယားကြား၊ အလုပ်ရှင်နဲ့ အလုပ်သမား ကြား၊ အဖေနဲ့ သားကြား၊ အစ်ကိုနဲ့ ညီမကြား၊ ရောင်းသူနဲ့ ဝယ်သူကြား အလွန်အရေးကြီးတဲ့ ဆက်သွယ်မှု တစ်ခုပဲ။ အဲဒီ ချိတ်ဆက်လေး ပျောက်သွားရင် ဆက်ဆံရေးလည်း ပျက်တော့တာပဲ” “ယုံကြည်မှုအတွက် အရေးကြီးတာ ဘာလဲဆရာ။ ယုံကြည်မှု...