Posts

Showing posts from January, 2026

ဆည်းဆာအပြုံး(စ/ဆုံး)

 ဆည်းဆာအပြုံး(စ/ဆုံး) —————– အခန်းချင်းကပ်ရက်က မိအေးပို ပြန်အလာကို ကျွန်မ မျှော်နေမိတာပါ။ ညနေခြောက်နာရီခွဲနေပြီမို့ မိအေးပို ပြန်လာခါနီးပြီ။ မိအေးပို ပြန်လာပါလျင် အခြေအနေ ထူးလေမလား။ အတူနေ သားနှင့်ချွေးမအလစ်မှာ မိအေးပို ပြန်လာရင်ပြောမယ့်စကားကို သိချင်လှပြီ။ “”မနက် လိုက်ခဲ့လို့ရတယ် ဒေါ်ကျင်သောင်းရေ”” လို့ ကြားချင်မိပါတယ်။ မိအေးပို က အလယ်ရွာရှိ အအေးခန်းစက်ရုံမှာအလုပ်လုပ်သည့်အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ငါးအအေးခန်းစက်ရုံဆိုပေမယ့်.ငါးခြောက်လုပ်ငန်းတွေလည်း လုပ်ကိုင်တယ်။ ငါးနီတူခြောက်၊ အာဗြဲခြောက်၊ မွေးမြူရေးငါးခြောက်များကို အရွယ်အစားတူညီစွာရွေးချယ်ပြီး ခွဲခြင်း၊ ထုတ်ပိုးခြင်း အစရှိသော အလုပ်တို့ကို့ လည်း ထိုစက်ရုံက လုပ်ကိုင်ပါတယ်။ တခါတရံ ငါးခြောက်ထုတ်ပိုးရတဲ့ရက်များတွင် နေ့စားအလုပ်သမားများကို မိအေးပို က တာဝန်ယူကာ ခေါ်ပေးရတယ်။ ရပ်ကွက်ထဲက အလုပ်မရှိတဲ့ ကလေးအမေတချို့၊သက်ကြီးပိုင်းအမျိုးသမီးတချို့ကို မိအေးပို က အလုပ်ခေါ်ပါတယ်။ အကြာကြီးတော့ မလုပ်ရပေ။ ဘာပဲဖြစ်ဖြစ် တစ်ပတ်၊ဆယ်ရက်တော့ လုပ်ရတာမို့ မိအေးပို အလုပ်ခေါ်မယ့် ရက်ကို ငွေရေးကြေးရေးအဆင်မပြေကြသော ရပ်ကွက်ထဲမှ သူတချို့က မျှော်လင့်နေကြတယ...

ရွေးချယ်မှု(စ/ဆုံး)

 ရွေးချယ်မှု(စ/ဆုံး) ————- ကျွန်မခင်ပွန်းဟာ မီးဖိုချောင်ထဲမှာ ကော်ဖီခွက်ကို ဘယ်လောက်တောင် တင်းတင်းဆုပ်ထားသလဲဆိုရင် သူ့လက်ဆစ်ဖြူဖြူတွေတောင် ပေါ်နေပြီ။ သူ ကျွန်မကို ကြည့်မနေဘူး။ သူ့အကြည့်တွေက ကျွန်မကို ကျော်ဖြတ်ပြီး အဝေးတစ်နေရာကိုပဲ စိုက်ကြည့်နေတယ်၊ ကျွန်မဆိုတာ အဲဒီနေရာမှာ မရှိတော့သလိုမျိုးပေါ့။ “ဆာရာ၊ နားထောင်စမ်း” လို့ သူက အေးစက်စက် လေသံနဲ့ ပြောတယ်။ “ငါ့ရဲ့ စိတ်ကျန်းမာရေးကို ငါ ဂရုစိုက်ရမယ်။ ဒီလိုပုံစံနဲ့တော့ ငါ ဆက်မနေနိုင်ဘူး။” အဲဒီနောက်မှာတော့ သူက ရာဇသံ ပေးလိုက်ပါတော့တယ်။ “မင်းမှာ တနင်္ဂနွေနေ့အထိ အချိန်ရှိတယ်။ မင်းအဖေအတွက် နေစရာတစ်နေရာရာရှာပေး၊ ဒါမှမဟုတ်ရင် ငါ ထွက်သွားမယ်။ ငါက လူအိုရုံလိုနေရာမျိုးမှာ လာနေဖို့ သဘောတူထားတာ မဟုတ်ဘူး။” သူက ကားသော့ကို ဆွဲယူပြီး အပြင်ကို ဝုန်းဒိုင်းကြဲ ထွက်သွားတယ်။ လေးလံပြီး အဆိပ်တွေပြည့်နေတဲ့ သူ့ရဲ့စကားလုံးတွေကတော့ လေထုထဲမှာ ကျန်ရစ်ခဲ့တယ်။ လျစ်လျူရှုထားလို့မရတဲ့ စူးရှရှ စကားလုံးတွေပေါ့။ တံခါးပိတ်သွားပြီး အတော်ကြာတဲ့အထိ ကျွန်မ အဲဒီနေရာမှာပဲ တောင့်တောင့်ကြီး ရပ်နေမိတယ်။ အရင်က ဒီလိုမဟုတ်ခဲ့ပါဘူး။ ဒါမှမဟုတ် ဒီလိုပဲ ဖြစ်နေခဲ့တာကို ကျွန်မကပဲ မမြင်ချင်ယောင်ဆ...

အချစ်ကျိန်စာ(စ/ဆုံး)

 အချစ်ကျိန်စာ(စ/ဆုံး) ————— ကျောင်းကို ဆရာလေးတစ်ယောက် ရောက်လာသည်။ ကျောင်းအုပ်ဆရာကြီး ဦးခင်ရွှေဝမ်းသာသည်။ သို့သော် ရောက်လာသည့် ကျောင်းဆရာလေးက ငယ်ငယ် ချောချော။ ရုပ်ချောချောကျောင်းဆရာလေးတွေ ရွာကိုရောက်လာလျှင် ပြဿနာတစ်ခုမဟုတ် တစ်ခုပေါ်တတ် သည်။ ထို့ကြောင့် ဆရာကြီး ဦးခင်ရွှေက သူ့လက်ထောက်ဆရာလေး ကံမြင့်မောင်ကို ဆုံးမနေရသည်။ “မင်းကိုမှာချင်တာကတော့ကွယ် … ရွာသူတွေကိုရှောင် … ကြားလား” ဆရာကြီး ဦးခင်ရွှေ၏ နောက်ဆုံးအမှာစကားဖြစ်သည်။ ဆရာလေး ကံမြင့်မောင်ကလည်း တော်ရှာပါပေသည်။ မိန်းကလေးဆိုလျှင် မျက်လုံးမော်၍ပင် မကြည့်သူ တစ်ယောက်ဖြစ်နေရာ ဆရာကြီးမှာ စိတ်အေးရတော့သည်။ ဆရာလေးကျောင်းရောက်ပြီး ၆ လခန့်အကြာတွင် သူ့မိခင်က ရွာကိုလိုက်လာသည်။ တစ်ညနေခင်း ဆရာကြီးအိမ်ကို သူ့မိခင်ကရောက်လာပြီး စကားပြောကြသည်။ “သားကို စိတ်မချလို့လိုက်လာတာလား” “ဟုတ်တယ်ဆရာကြီးရေ … ကျွန်မသားလေးက ကျောင်းဆရာလုပ်ချင်လွန်းတယ်ဆိုလို့သာ လွှတ်လိုက်ရတာ။ ကျွန်မက စိတ်မချဘူးရှင့်” “သူလည်း အရွယ်ရောက်ပြီးသူတစ်ယောက်ပဲဗျာ။ မောင်ကံမြင့်မောင်က တည်ကြည်ပါတယ်” “ဆရာကြီးကိုပဲ အားကိုးရတော့မှာပဲ … အပ်ပါတယ်ရှင်” “ကျွန်တော့်ကျောင်းရောက်လာတဲ့ ဆရာတိုင်းကို ကျွန်တော်က ...

မိုးရွာပြီးနောက် နေရောင်(စ/ဆုံး)

 မိုးရွာပြီးနောက် နေရောင်(စ/ဆုံး) ———— နွယ် မိုးရွာတဲ့ညတွေကို မုန်းတယ်။ အိမ်ခေါင်မိုးပေါက်ကနေ ရေစက်တွေကျလာတဲ့အသံက သူ့ရဲ့ အိပ်မက်တွေကို တစ်ကြိမ်တည်း နိုးထစေတတ်တယ်။ ညသန်းခေါင်မှာ မေမေက ပုံးတစ်ပုံးကိုရွှေ့ နွယ်က ခွက်တစ်လုံးကို ထပ်ချ အိမ်လေးထဲမှာ လူနှစ်ယောက်ပဲရှိပေမယ့် အသံတွေတော့ မိုးလို ပြည့်နေခဲ့တယ်။ ဒီလိုမိုးညတွေကုန်ဆုံးဖို့နွယ်အမြဲဆုတောင်းနေခဲ့ရတယ်။ ဖခင်ဆုံးသွားပြီးနောက် အိမ်ဆိုတာက နားရမယ့်နေရာ မဟုတ်တော့ဘူး အသက်ရှင်ဖို့ သင်ကြားပေးတဲ့ နေရာဖြစ်လာခဲ့တယ်။ ————- တစ်နေ့ နွယ် မေးလိုက်တယ်— “မေမေ… သမီးတို့ ဘာလို့ ဆင်းရဲနေရတာလဲ” မေမေ ခဏတိတ်နေပြီးမှ ပြောတယ်— “ဆင်းရဲတာက အပြစ်မဟုတ်ဘူး မကြိုးစားဘူးဆိုရင်ပဲ အပြစ်ဖြစ်တာ” အဲ့ဒီစကားလေးတစ်ခွန်းက နွယ်ရဲ့ ကလေးစိတ်ထဲမှာ မိုးရွာသံထက်တောင် ပိုအောင် ကြီးစွာ ထိုးဝင်သွားခဲ့တယ်။ ———- နွယ်ရဲ့ ကျောင်းအိတ်က ဟောင်းနေပြီ ဖိနပ်က အပေါက်ပါတာကို ချုပ်ချယ်ထားရတယ်။ သူငယ်ချင်းတချို့က လှောင်ကြတယ် နွယ်ကတော့ ပြန်မပြောခဲ့ပါဘူး စာအုပ်ကို ပိုဖတ်တယ် အနာဂတ်ကို ပိုစဉ်းစားတယ်။ အိပ်မက်ဆိုတာ ငွေရှိမှ မဟုတ်ဘူး ယုံကြည်မှုရှိရင် စနိုင်တယ်ဆိုတာ နွယ် သိလာခဲ့တယ်။ ———- ဆယ်တန်းနှစ်က နွယ်အတွ...

‎ဖြူစင်သောမေတ္တာ(စ/ဆုံး)

 ‎ဖြူစင်သောမေတ္တာ(စ/ဆုံး) ‎——————– ‎ ‎ကျွန်တော်နှင့်ကိုထွန်း ၁၀ တန်းကို တစ်နှစ်တည်း အတူအောင်သည် ကိုထွန်းက သချၤာဂုဏ်ထူး တစ်ဘာသာ ပါသည်။ သူက သချၤာအလွန်တော်သည်။ ကျွန်တော်က သချၤာအလွန်ညံ့သည်။ ထို့ကြောင့်လည်း တွဲဖြစ်ကြခြင်း ဖြစ်သည်။ ကိုထွန်းက သချၤာကို ကျွန်တော့်အားရှင်းပြပေးသည်။ ကျွန်တော်က စိတ်မဝင်စား။ ကျောင်းက သင်္ချာ အိမ်စာပေးလိုက်လျှင် သူ့အိမ်ကိုဝင်ပြီး သချၤာတွေကူးချခဲ့တာကို မှတ်မိသည်။ ‎ ‎“ကိုထွန်း … တို့ တက္ကသိုလ်တက်ကြရအောင်” ‎ ‎“မဖြစ်ဘူးကွ … ငါ့အိမ်အခြေအနေလည်း မင်းသိသားနဲ့” ‎ ‎“ငါ့အိမ်လည်း ချမ်းသာလို့မှ မဟုတ်တာ … ဒါပေမဲ့ တို့ တက္ကသိုလ်ရောက်ရင် စာတွေ ပိုဖတ်နိုင် ပိုရေးနိုင်မှာ မဟုတ်လား” ‎ ‎“ငါ့ညီမလေးက ၉ တန်းရောက်နေပြီ။ သူက အရမ်းစာတော်တာကွ။ ဆရာဝန်မကြီးဖြစ်ချင်နေတာလေ။ ငါတို့ကလည်း အမေမုဆိုးမကြီးနဲ့ဆိုတော့ ညီမလေးကိုပဲ ပညာရေးအတွက် ဦးစားပေးတာကောင်းမယ်။ ငါက ယောက်ျားလေး ဒေါင်ကျကျ ပြားကျကျ ကိစ္စမရှိဘူး … ညီမလေးနောင်ရေးအတွက် ငါတက္ကသိုလ် ဆက် တက်လို့ မဖြစ်ဘူး” ‎ ‎ကိုထွန်းတစ်ယောက် အလုပ်ကြမ်းတွေလုပ်ရသည်။ ကုန်ထမ်းသည်။ ဆိုက်ကားနင်းသည်။ ကားမောင်းသည်။ ‎ ‎သူ့ညီမလေးကလည်းတော်ပါသည်။ ၁၀ တန်းကို ဘာသာစုံ ဂုဏ်...

ဝရံတာကမိန်းမ (စ/ဆုံး)

 ဝရံတာကမိန်းမ (စ/ဆုံး) —————- အိပ်ရာပေါ်လှဲကာ ဖုန်းကို ဘယ်ဘက်လက်နှင့် ကိုင်၍ ရုပ်ရှင် ကြည့်နေရင်းက ကျွန်မ ညောင်းညာလာသည် ။ ညာဘက်နှင့် ပြောင်းကိုင်ပြီး ခဏအကြာမှာ ဖုန်းကို လက်နှင့်မကိုင်ရဘဲ ရုပ်ရှင်ကြည့်ချင်စိတ် ဖြစ်ပေါ်မိသည် ။ တစ်ဆက်တည်းမှာပဲ တစ်စုံတစ်ယောက်က ကိုင်ပေးရင်ကောင်းမယ် ဟု ကျွန်မ ထပ်တွေးလိုက်မိသည် ။ ပထမဆုံး သတိရမိတာက သူ … ။ ကျွန်မ ခေါင်းယမ်းပစ်လိုက်ပြီး ထထိုင်လိုက်သည်။ အာရုံလွှဲဖို့ အာလူးကြော်ထုပ်ကို ဖွင့်ဖောက်ကာ ဖုန်းကို ခေါင်းအုံးမှာ ထောင်လိုက်သည်။ အာလူးကြော်ထဲက ပါလာသော ပဲပုပ်ကြော်တွေ ၊ ဘယာကြော်တွေကို ဖယ်စားရတာ ကျွန်မ စိတ်ပျ က်လှသည် ။ ရုတ်တရတ် ထိုသို့ စိတ်ပျ က်သည့် ခံစားချက်ဟာ ကျွန်မကို တစ်ခုသတိပေးလိုက်၏ ။ ကျွန်မ အတွက် ထိုခံစားချက်ဟာ စိမ်းသက်လှပါသည် ။ အရင်ကဆို မုန့်ထုပ်ထဲက ကျွန်မ မကြိုက်တာတွေ သူ့ကို ကျွေးနေကျ၊ တကူးတကဖယ်ထားစရာ မလို ။ သူကလည်း ကျွန်မ မကြိုက်တာတွေကို ပဲ စားပေးနေကျ ။ ခု သူမရှိတော့ ကျွန်မ ဒါတွေကို ဖယ်စားနေရတော့တာပေါ့ ။ ကျွန်မဒုတိယအကြိမ် သူ့ကို လွမ်းသွားမိသည် ။ ” ဒီမှာ မင်း ကို ငါ ပြောမယ် ၊ အတူနေတယ် ဆိုတာ ၊ ယောက်ျားလေးရဲ့ ဆန္ဒပြည့်ဝဖို့က အဓိက ၊ ငါ မင်းဆီက ဒီလို အ...

စိန်မြရံခြယ်(စ/ဆုံး)

 စိန်မြရံခြယ်(စ/ဆုံး) ————— အိဖြူတစ်ယောက်မင်္ဂလာဆောင်တော့မည်ဟူသောသတင်းကအုံးအုံးကြွက်ကြွက်ဖြစ်သွားရုံမက.ဟင်ကနဲ၊ဟာကနဲပါဖြစ်ကုန်သည်။ဒီလောက်ဆင်းရဲနုံချာပြီးတစ်နေ့လုပ်မှတစ်နေ့စားနေရသူကဒီလိုဖြစ်စရာအကြောင်းမရှိ၊နားကြားများလွဲနေရော့သလားဟုထင်မှတ်မိကြသည်။ ဟုတ်တော့လည်းဟုတ်သည်၊အိဖြူကပန်းရောင်းရင်းနဲ့အသက်မွေးနေရသူ။သူတစ်ယောက်ထဲမက၊ဆွံအနေရှာသောအမေအိုကိုပါလုပ်ကိုင်ကျွေးနေရသည်။ မနက်ဆိုမည်သူမျှမထသေးခင်ပန်းဒိုင်ကိုသွား၊ယူပြီးမှစျေးထဲတစ်နေရာလေးမှာထိုင်ပြီးရောင်းရသည်။တခါတရံပန်းတွေကမကုန်၍နေဝင်ဖြိုးဖျအချိန်အထိရောင်းရလေသည်။တစ်နေ့ကုန်ထိုင်ရ၍အညောင်းအညာတွေပင်မိသည့်အခါရှိ၏။သို့ပေမဲ့မနားနိုင်သေးချေ။ အိမ်ကိုရောက်ရောက်ချင်းအိပ်ယာထဲလဲနေသောအမေအိုပွေ့ထူကာရေမိုးချိုးပေးရသေး၏။ အမေ့စားဖို့ရန်အတွက်ပါစားစရာလေးစီစဥ်ပေးရသေးသည်။ပြီးမှမိမိလုပ်စရာရှိသည်များကိုလုပ်ရ၏။ပျာပျာသလဲလုပ်၍ချွေးပြိုက်ပြိုက်ကျခဲ့ရသည်။သို့ပေမဲ့တစ်ချက်ကလေးမှမသုတ်အား၊ဘဝသမားမို့လက်ကျန်အလုပ်ကိုရှင်းရတော့သည်။ ဤသို့ဘဝကိုကိုယ်တိုင်ဖြေရှင်းနေရသူမို့တစ်ပါးသူမိန်းကလေးတွေလိုမလိမ်းခြယ်အား၊သနပ်ခါးထူထူလေးလိမ်းကာသာတစ်နေတာကုန်ဆုံးရသည်။သို့ပေမဲ့အိဖြူမှာမိန်းမတို့အင်္ဂါရပ...

‎လင်ပျောက်မ(စ/ဆုံး)

 ‎လင်ပျောက်မ(စ/ဆုံး) ‎—————- ‎ ‎မိခင်က သားလေးလက်ကိုဆွဲလာပြီး ဈေးထဲကိုရောက်လာသည်။ ‎ ‎ဈေးထဲတွင် လူတွေစည်ကားနေချိန်ဖြစ်သည်။ သားငယ်က မိခင်လက်ကိုဆွဲလာရင်းက ‎ ‎“အမေ” ‎ ‎“ဘာလဲသား” ‎ ‎“သား … ဟို ကောက်ညှင်းပေါင်း စားချင်လို့” ‎ ‎“သားရယ် အမေ့မှာ ပိုက်ဆံမရှိသေးဘူး။ မင်းအဖေက ဈေးထဲကိုလာခဲ့ ပိုက်ဆံပေးမယ်ဆိုလို့ လာခဲ့တာ။ မင်း အဖေကို ခုထိ ရှာမတွေ့သေးဘူး” ‎ ‎“အမေ … ရေခဲချောင်း စားချင်တယ်” ‎ ‎“သား မပူဆာနဲ့ကွယ် … အမေ မင်းအဖေကိုရှာနေတာ … သူ့ကိုတွေ့ရင် ဝယ်ကျွေးမယ်” ‎ ‎မိခင်က သူ့သားကို လက်ဆွဲကာ သွားပြန်သည်။ သူက တစ်နေရာတွင် ‎ ‎“ဒီမှာရှင် … ကုန်ထမ်းတဲ့ ကိုလှမောင်ကို တွေ့မိကြသလား” ‎ ‎“လှမောင်လား … ပြန်လာလိမ့်မယ် … ငါးတန်းကို ငါးတောင်းတွေ သွားပို့နေတယ်” ‎ ‎သူတို့သားအမိ အဆောက်အအုံတစ်ခု၏ လှေကားတွင်ထိုင်နေကြသည်။ ထိုအချိန်တွင် အကြော်သည်က သူတို့ရှေ့ဖြတ်ကာ ‎ ‎“အကြော်စုံ” ဟုအော်သွားသည်။ ‎ ‎“အမေ အကြော်စားချင်တယ်” ‎ ‎“သားရယ် ခဏ ခဏမပြောနဲ့ကွာ … မင်းအဖေတွေ့ရင် ပိုက်ဆံရမှာ။ ပိုက်ဆံရရင်ဝယ်ကျွေးမယ်” ‎ ‎“အဖေကလည်း ကြာလိုက်တာ မလာဘူး” ‎ ‎သူတို့ နာရီဝက်ခန့်အထိ ထိုင်နေကြသေးသည်။ မလာနိုင်သဖြင့် သူက သားကို လက်ဆွဲကာ ငါးဈေးဘက်ကို ထ...

မိန်းမတွက်(စ/ဆုံး)

 မိန်းမတွက်(စ/ဆုံး) ———- အငြိမ်းစား ကျောင်းဆရာ ဦးမြသွင်သည် တစ်နေ့တွင် သူ့ဇနီးဖြစ်သူနှင့် တိုင်ပင်လေ၏။ “ခင်ခင်ရေ … ရွာက အမေ့ဆီကို ပြန်လည်ကြရအောင်ကွယ်။ သားနဲ့ သမီးလည်း အလုပ်ပိတ်ရက်လေးနဲ့ တိုက်ဆိုင်နေတာပဲ။ ဟိုကို နှစ်ညအိပ် သုံးရက်ခရီးလောက်ပေါ့” “အို ကိုသွင်ရယ် … ဒီအချိန်မှာ ခရီးထွက်ရင် ကုန်ကျစရိတ်ကို ရှင်တွက်မိရဲ့လား။ ကျွန်မတို့ လေးယောက် သွားရမယ့် ကားခ၊ စားစရိတ်တွေပေါင်းလိုက်ရင် တစ်လစာလောက် ကောင်းကောင်း ထိုင်စားလို့ရတယ်” “ဒီလိုလည်း မဟုတ်ဘူးလေကွယ်။ ရွာကို မရောက်တာလည်း ကြာပြီ။ အမေက သူ့မြေးတွေနဲ့လည်း တွေ့ချင်မှာ ပေါ့။ ပြီးတော့လည်း ဒီနှစ် ရွာမှာ ဆရာကန်တော့ပွဲရှိတယ်တဲ့။ တပည့်ဟောင်းတွေက လှမ်းဖိတ်တယ်။ ငါ့ကို ဆက်ဆက်လာခဲ့ပါတဲ့။ အဲဒီတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် အနေနဲ့ ဆရာကန်တော့ပွဲ လည်းတက်ရင်း၊ အမေ့ကိုလည်း ကန်တော့ရင်းပေါ့” “ကိုသွင် ရှင့်အမေကို ဒီကိုအလည်လာဖို့ ခေါ်လိုက်တော့ ဘာဖြစ်မှာ မို့လို့လဲ။ ဒီမှာ တစ်ပတ်လောက် နေပေါ့။ သူတစ်ယောက်တည်းလာရင် စရိတ်က ပိုပြီး မသက်သာဘူးလား” “ဒီလို မဟုတ်ဘူးလေ။ အမေက ငါတို့ဆီကိုပဲ လာနေရတာ။ ဒီနှစ်တော့အမေက မလာနိုင်ဘူးတဲ့။ သိပ်နေမကောင်းလို့တဲ့။ ပြီးတော့ ဆရာကန်တော့ပွဲကိစ္စ...

ဖူစာ(စ/ဆုံး)

 ‎ဖူးစာ(စ/ဆုံး) ‎—— ‎ ‎ကျွန်တော် ရန်ကုန်သို့သွားရန် ရထားစောင့်နေသည်။ ‎ ‎ရထားက ပုံမှန်အတိုင်းဆိုလျှင် ၅ နာရီလာရမည်။ ယခု ၅ နာရီခွဲတော့မည်။ ရထားက မလာသေး။ ထို့ကြောင့် ပလက်ဖောင်းတွင်ရှိသော ထိုင်ခုံတွင်ထိုင်ပြီး ဟိုငေး သည်ငေး လုပ်နေမိသည်။ ‎ ‎“ဆရာ” ‎ ‎ကျွန်တော့်အနီးကိုလာရပ်ပြီး ခေါ်သံကြားလိုက်ရသောကြောင့် လှည့်ကြည့်လိုက်မိသည်။ ‎ ‎“ကျွန်မကို မှတ်မိလား” ‎ ‎“အို … ဘာဖြစ်လို့ မမှတ်မိရမှာလဲ … မရေမွှေး” ‎ ‎“ဟီး … ဟီး … ဆရာက မှတ်မိသားပဲ … ဆရာဘယ်လဲ” ‎ ‎“ရန်ကုန်သွားမလို့ ရထားစောင့်နေတာ။ ဆရာမရော” ‎ ‎“ကျွန်မက အိုးလေးစုဘက်ကိုသွားမလို့ … ဘူတာဝင်ကတည်းကကြည့်နေတာ ဆရာနဲ့ တူပါတယ်လို့။ ဆရာက ဝလာပြီး အသားတွေလည်း ဖြူလာတော့ အရင်ပုံကို မနည်းဖမ်းရတယ်။ မျက်မှန်တပ်ထားတာကြောင့် မလွဲနိုင် ပါဘူးဆိုပြီး လာနှုတ်ဆက်တာပါဆရာ” ‎ ‎“ထိုင်ဦးလေ … နေကောင်းတယ်နော် … ဒါနဲ့ ကလေးတွေ ဘယ်နှယောက်တောင် ရနေပြီလဲ” ‎ ‎“အို … ဆရာကလည်း … ကျွန်မ အိမ်ထောင်မကျသေးပါဘူး” ‎ ‎“ဟုတ်လား … ဆောရီးနော် … အလုပ်ကရော” ‎ ‎“ဆရာကလည်း ဒီအရွယ်ရောက်မှ အလုပ် လုပ်လို့ရဦးမှာလား … ပင်စင်ယူလိုက်ပြီဆရာရယ့်” ‎ ‎“ဪ … ဟုတ်သားပဲ … တို့အရွယ်တန်းတွေ အားလုံးပင်စင်စားတွေဖြစ်ကု...

အိမ်အကူမထွေး

 အိမ်အကူမထွေး(စ-ဆုံး) သော်တာလမင်းစန္ဒာ ကျွန်မအလုပ်သွားဖို့ပြင်ဆင်နေချိန်တွင် မွှေးပျံ့လာသောပေါင်မုန့်နံ့သင်းသင်းကြောင့် ဆာလောင်နေမှုကိုသတိရလာတော့သည်။ အိမ်အောက်ထပ်မီးဖိုချောင်ဆီမှတက်လာသော အနံ့က ကော်ဖီပူပူလေးတစ် ခွက်ကိုပင်တောင့်တမိလာ၏။ လိုအပ်သည်များကိုယူပြီး မီးဖိုခန်းသို့အမြန်အရောက်လှမ်းလိုက်သည့်အခါ ကျွန်မသမီးနှစ်ယောက်ပင် ပေါင်မုန့်မီးကင်ယိုသုတ်နှင့်ကော်ဖီပူပူလေးကိုစားသောက်နှင့်နေချေပြီ။ စားပွဲတွင်ဝင်ထိုင်လိုက်သည်နှင့် ကျွန်မရှေ့သို့ကော်ဖီနံ့သင်းသင်းလေးတစ်ခွက်အရင်လာချပေးသော အိမ်အကူမထွေးကိုသဘောကျစွာတစ်ချက်လှမ်းကြည့်လိုက်မိသည်။ မထွေးကို ကျွန်မ၏အိမ်သို့ခေါ်ထားသည်မှာ ရှစ်နှစ် ကိုးနှစ်ခန့်ပင်ရှိလာပြီ။ သမီးကြီးတစ်နှစ်အရွယ်က တည်းက ကျွန်မ၏အိမ်သို့မထွေးရောက်လာခြင်းဖြစ်သည်။ ထိုအချိန်ကသူမ၏အသက်မှာ၄၀ဝန်း ကျင်ခန့်သာရှိသေးသည်။ အသားမဖြူမညို၊ အရပ် မနိမ့်မမြင့်၊ မျက်နှာဝိုင်းဝိုင်းနှင့်မထွေးသည် အလုပ်လုပ်ရာတွင်သွက်လက်ချက်ချာလွန်း၏။ကျွန်မတို့အိမ်သားများ၏အလိုက်ကိုသိတတ်လွန်းသူ၊ ရိုးလည်းရိုးသည်။ အိမ်တွင်းစကားအပြင်သို့မသယ်တတ်သူလည်းဖြစ်၍ ကျွန်မသူ့ကိုလက်မလွတ်တော့ပေ။ အချက်အပြုတ်လည်းကောင်းပြီး မထွေးရှိနေလျှင် ...

ကြွေးဟောင်းနွေးနွေးဆပ်ခဲ့ပြီ*(စ/ဆုံး)

 ကြွေးဟောင်းနွေးနွေးဆပ်ခဲ့ပြီ By adminPosted on January 18, 2026 *ကြွေးဟောင်းနွေးနွေးဆပ်ခဲ့ပြီ*(စ/ဆုံး) ——————— လမင်းက ဝင်းပစွာထိန်လင်းနေ၏။ လေနှင်ရာလွင့်နေသည့် တိမ်စိုင်တိမ်ခဲတို့သည်လည်း မခိုင့်တခိုင်ပြတင်းဝမြင်ကွင်းထဲ၌ တရွေ့ရွေ့။ ကောင်းကင်တစ်ခွင်ရှိ ကြယ်များကလည်း ဟိုတစ်စုသည်တစ်စု။ ညနေကပင် မိုးသည်းထန်စွာရွာထား၍ ယခုမူကား မိုးသားကင်းစင်သွားကာ ညင်ညင်သာသာတိုးဝှေ့တိုက်ခတ်လာသည့် မုတ်သုံလေအကြွင်းအကျန်များက အေးစက်စက်နှင့်။ အိပ်မောကျနေသည့် အဖေနှင့်အမေမှာတော့ တုပ်တုပ်မျှမလှုပ်။ လေအေးတစိမ့်စိမ့်နှင့် အိပ်ကောင်းနေကြလေခြင်း။ ဘယ်သူတွေဘယ်လိုပင် အိပ်ကောင်းစေဦးတော့ တစ်နေ့ဝမ်းစာတစ်နေ့ရှာနေရသူအဖို့တော့ ကောင်းစွာအိပ်၍မပျော်နိုင်။ အလုပ်မဖြစ် မကိုင်မဖြစ်သည့် မိုးရာသီကိုလည်းမုန်းလှပြီ။ ဝါဆိုဝါခေါင်ရေဖောင်ဖောင်ဆိုသည့်စကားကိုပင် ပြောင်းပစ်ချင်လိုက်တော့သည်။ ဝါဆိုဝါခေါင် အိမ်မှာပြောင်။ ဤသို့သာဆိုလိုက်ချင်သော်လည်း အိမ်မှာပြောင်သည်က ဝါဆိုဝါခေါင်ရယ်လို့မှမဟုတ်။ နွေရောဆောင်းပါ ပြောင်တလင်းခါနေခြင်း။ နွေဆိုလျှင် ငွေရနိုင်မည့်အလုပ်ကလေးကတော့ မကြာမကြာပေါ်လာတတ်သည််။ သို့သော်လည်းစားရရုံသာ။ မိုးရာသီဆိုလျှင် အလုပ်ကမဖြစ်...

မိအေးပုံ အိမ်ပြန်လမ်း(စ/ဆုံး)

 မိအေးပုံ အိမ်ပြန်လမ်း(စ/ဆုံး) ———————- သီတင်းကျွတ်ကျောင်းပိတ်ရက်နီးလို့ လာပါသည်။လမ်းဘေးတဖက်တချက်ရှိ စပါးခင်းများက၊မိအေးပုံ ကျပုမ၏၊ နှစ်ရပ်စာလောက်မြင့်နေပါပြီ။ လေတိုက်တိုင်း၊ရှဲရှဲမြည်တဲ့လေတိုးသံကြားပြီး၊စပါးခင်းများအပေါ် လှိုင်းလုံးကြီးများရွေ့လျှားသလို၊ ဖြတ်သမ်းသွားသည်ကို၊တခါတရံ အထက်စီးကကြည့်မိတိုင်းတွေ့မြင်ရသည်။ပီတိဖြစ်ဖွယ်ရာပါ။ တခါတော့၊မိအေးပုံရဲ့ခမောက်ကလေး လေထဲသို့လွင့်ပါသွားသည်။ဘယ်နေရာ ကျသညမလည်းမသိ။အဖိုးလိုက်ပြီး ရှာပေးသော်လည်းမတွေ့တော့။ မိအေးပုံအများကြီးငိုခဲ့ရသည်။ အဖိုးကအသစ်တရှပ်အစားဝယ်ပေး သော်လည်း၊မိအေးပုံက၊ခမောက် အဟောင်းကလေးလောက်လှတယ်လို့မထင်ခဲ့ပါ။ ပြောပြချင်ပါသေးသည်။ မိအေးပုံ အသက်ခြောက်နှစ်ပြည့်တော့မည်။ သည်အချိန်မှကျောင်းအပ်ရပါမည်။ မိအေးပုံတို့သာလိကာရွာတွင်မူလတန်းကျောင်းမရှိသေးပါ။ ရွာသေးပြီးကျောင်းသားအရေအတွက်မပြည့်လို့ကျောင်းချမပေးတာလို့ပြောပါသည်။ ရွာသေးတော့လည်း၊ကျောင်းတက်ချင်လှတဲ့မိအေးပုံ၊အရွယ်ရောက်အောင် စောင့်ရသည်။ အသက်ငါးနှစ်တွင်ကျောင်းအပ်ခွင့်ရှိ သော်လည်း၊မိအေးပုံအသက်ခြောက်နှစ်ရှိပြီ၊ကျောင်းအပ်ရပါသည်။ အဖိုးကပြောပြသည်။မြန်မာဘုရင်များလက်ထက်မှသည်၊ခေတ်အဆက်ဆက်၊စစ်တွေဘဲဖြစ...