Posts

Showing posts from February, 2026

သူ့မှာတမ်း

 ‎သူ့မှာတမ်း(စ/ဆုံး) ‎————– ‎ ‎ညနေကျောင်းဆင်းချိန်ဖြစ်သည်။ ‎ ‎ကျွန်တော်က ကျောင်းဝင်းအတွင်း စိုက်ခင်းတွင် ပေါင်းမြက်တွေကို နုတ်နေစဉ် ‎ ‎“ဆရာကြီး” ဟု ခေါ်သံကြားလိုက်ရသောကြောင့် နောက်ကိုလှည့်ကြည့်လိုက်မိသည်။ ‎ ‎“ကြည်မာ … ဘာလဲကွယ်” ‎ ‎“အဖေ ခေါ်ခိုင်းလိုက်လို့” ‎ ‎“ဟုတ်လား … သမီးအဖေ ဘာဖြစ်လို့လဲ” ‎ ‎ကြည်မာမျက်နှာမကောင်း၊ မျက်ရည်တွေဝဲနေသည်။ ကြည်မာသည် ကျွန်တော့် တပည့်ဟောင်းတစ်ယောက် ဖြစ်သည်။ တပည့်ဟောင်းဟု ပြောရခြင်းမှာ ဤရွာမှ ကလေးတွေသည် လေးတန်းအောင်လျှင် ကျောင်းဆက် တက်နိုင်ခြင်းမရှိကြ။ ကြည်မာ လေးတန်းအောင်ပြီး ကျောင်းထွက်သွားသည်ပင် သုံးနှစ်ကျော်ကျော်လောက် ဖြစ်ရော့မည်။ ယခုတော့ အပျိုပေါက်လေး ဖြစ်နေပြီ။ ‎ ‎“အဖေ နေမကောင်းဘူး။ မနက်ကတည်းက ဆရာကြီးကိုပဲ ခေါ်ခိုင်းနေတော့တာ။ သမီးက ဆရာကြီး ကျောင်းမှာ စာသင်နေတယ် မအားဘူးလို့ မနည်းပြောထားရတယ်” ‎ ‎“အေး … အေး … ဆရာ ခုပဲလိုက်ခဲ့မယ်။ သမီးသွားနှင့်” ‎ ‎ကျွန်တော်က ရေမိုးချိုး အဝတ်အစားလဲပြီးမှ ရွာထဲဘက်ကို ထွက်ခဲ့သည်။ ‎ ‎ကြည်မာ့အဖေက ဦးဘိုးအောင်ဖြစ်သည်။ ဦးဘိုးအောင်သည် ဘုန်းကြီးလူထွက်တစ်ယောက်ဖြစ်ကြောင်း သိရသည်။ မြို့စာသင်တိုက်တွင် စာဝါသွားတက်နေသော စာတတ်ပေတတ်တစ်ဦးဖ...

အမေဆိုး

 အ‌ေမဆိုး(စ/ဆုံး) ————— ပစ်ချလိုက်တဲ့ စတီးဇလုံလေးက ဂွမ်းဂလွမ်းဆိုတဲ့ အသံနဲ့ ကျမရဲ့ဖိနပ်ဦးနား ရောက်လုရောက်ခါနီးမှာ ရပ်တန့်သွားတယ်။ ထမင်းစေ့တွေ ပြန့်ကျဲလို့ ဗယာကြော်အကွင်းလေးတစ်ခုက တိုက်တိုက်ဆိုင်ဆိုင် မြေပြင်မှာခွေအိပ်နေတဲ့ ခွေးမကြီးတစ်ကောင်နားကျသွားတယ်။ခွေးမကြီးက ပါးစပ်နားရောက်လာတဲ့ အဲဒီအကြော်ကွင်းလေးကို ဟပ်စားလိုက်ချိန်… “ဟဲ့ခွေး´´ အသံထက် တုတ်တိုတစ်ချောင်းက ခွေးမကြီးဆီအရင်ရောက်လာတာမို့ ဂိန်ဆိုတဲ့ နာနာကျင်ကျင်အော်သံနဲ့ ခွေးမကြီးပြေးထွက်သွားတယ်။ “သေနာလေး၊သောက်ဆံကျမရှာနိုင်သေးဘူး။ နင်က အဲ့သလိုလုပ်တယ်။။အေး ငါကလည်း ဒီလိုလုပ်တယ်။ကဲဟယ်…ကဲဟယ်´´ သုံးနှစ်သားလောက်ရှိအုံးမယ်။နံရိုးပြိုင်းအပေါ်ဗလာနဲ့ ချေးအထပ်ထပ် ဘောင်းဘီတိုဝတ်ထားတဲ့ ကောင်ကလေးရဲ့လက်တစ်ဖက်ကိုဆွဲမြှောက်ကာ တင်ပါးကိုတဗုန်းဗုန်းချနေတာများ ကလေးကိုယ်လေးကော့ညွတ်သွားတယ်။ ကလေးဆီက ဝါးခနဲအော်သံက ခပ်စူးစူးထွက်လာတယ်။မျက်ရည်ရော နှပ်ရည်ရောကိုကျလို့။ အသံလာရာဆီ ကျမအကြည့်ရောက်သွားတယ်။ ဆီမပါတဲ့ နီကျင်ကျင်ဆံပင်တွေကို တဗျင်းဗျင်းကုတ်ကာ မျက်ခုံးတွေတွန့်ကွေးသွားပြီး အလိုမကျတဲ့မျက်နှာနဲ့ မိန်းမတစ်ယောက်ရဲ့အကြည့်က ကျမနဲ့လာဆုံတယ်။ ကလေးနဲ့မျက်နှာပေါက်ကျတူ...

ဘထိန်

 ဘထိန်(စ/ဆုံး) ——– ဘထိန်ဟုအမည်ရသော ဘဘကြီးဦးထိန်လင်း သည် သူ့နယ်တွင်တော့ ကြက်ဖဖြစ်သည်။ လူတိုင်းက သူ့ကိုလေးစားရ၏။ သူများနယ်မသွားဘူးသဖြင့် သူများနယ်တွင်မည်သို့ဖြစ်မည်တော့မသိ။ ကိုယ့်ရွာတွင်ဘုရားပွဲ၊ အိမ်များရှိအလှုပွဲ၊ မဂ်လာဆောင်ပွဲ၊ ဘာဘာညာညာ အဘတို့အမြဲပါရ၏။ ငယ်ထဲက သည်မြေနေ သည်ရေသောက် ၀မ်းကွဲဆွေမျိုးတွေကလည်း အများကြီးဆိုရကား အလိုလိုနေရင်း ဆွေမျိုးဂုဏ်နှင့်လည်း လူရှိန်လေ၏။ သည်ကြားထဲ အသက်ကလေးရပေမင့် အသောက်ကလေးကရှိနေဆဲ။ လူတွေသည် ၀ါသနာကို သေခါမှစွန့်သည်ဆိုသည်မှာမှန်လွန်းနေ၏။ ညနေညနေဆို ဘိုတင့်တို့ အရက်ဆိုင်မှာလူစုစု၊ ထန်းရည်အရက် အကြော်၊ အသုတ်စုံ၊ လက်ဖက်သုတ်၊နှင့် အိမ်ကဟင်းတွေပါသူကယူသွားပြီး ဘထိန်က အရက်၀ိုင်း၀ိုင်းတတ်သေးသည်။လူများကလည်း ဘုရားသွားမယ်၊ကျောင်းတက်မယ်ဆို ခေါ်ရအော်ရခက်ချင်ခက်ပေမင့် သောက်ကြစားကြမယ်ဟေ့ဆို အဘထိန်တခွန်းဘဲ၊ သူ့အသောက်သမားတွေ၀ိုင်းကုန်ကြတော့၏။ အဘထိန်အသံသြကြီးက သူများထက် ပိုကျယ်ကာသြဇာသံပေါက်လေ၏။ အရက်၀ိုင်းထဲ ရှေးဟောင်းနှောင်းဖြစ်များပြောကာ တဟားဟားနှင့်ပွဲကျနေသည့် သူ့အသံကို အတော်လှမ်းလှမ်းမှပင် ကြားနိုင်လေသည်။ ဘထိန်နှင့် ပတ်သက်လျင် သည်အချက်ကို သူ့ဇနီးမယားအလှ ဒေါ်ဒေါ်ချော မက...

တစ်ခါက

 တခါက(စ/ဆုံး) ———— မောင်ဗမာ စက်ဘီးအနီလေးနှင့် ပိန်ပိန်သွယ်သွယ် ဆရာမလေး တစ်‌ယောက် မြေလတ်မြို့လေးတစ်မြို့၏ အတက်တန်းကျောင်းဘက်သို့ ဦးတည်ကာ စီးနင်းလာသည်။ မြို့လေးက ခပ်သေးသေးမို့ မြို့ထဲမှရော၊ အနီး ပတ်၀န်းကျင် ရွာများမှ အတက်တန်းကျောင်းလေးသို့ ကျောင်းလာတက်ကြရသည်။ ကျောင်းချိန်လည်း နီးသဖြင့် ကျောင်းသူ ကျောင်းသား အပေါင်းတို့သည် ကျောင်းတည်ရှိရာသို့ဦးတည်ပြီး မြိုင်မြိုင် ဆိုင်ဆိုင်ကြီး ‌ ကျောင်းတက် လာနေကြသည်။ တစ်နေကုန်ကျောင်းဖြစ်သဖြင့် မနက်ကိုးနာရီဆို ကျောင်းတက်ပေတော့မည်။ ဆရာမလေး သည်ကျောင်းမှာ အလုပ်လုပ်နေသည်မှာ တစ်နှစ်လောက်ရှိခဲ့၏။ သို့သော် သည်နေ့မှ အထူးတလည်ပင် စိတ်က လှုပ်ရှားမိနေပြန်သည်။ သူမမူလတန်းပြဆရာမ စလုပ်ခဲ့စဥ် ပထမဦးဆုံး စာသင်ခန်း၀င် ခဲ့ရသည့်နေ့က စိတ်ခံစားမှုမျိုးကို ခံစားနေရသောကြောင့်ဖြစ်၏။ တွေးမိလိုက်တိုင်း စိတ်ဖိစီးလာသောကြောင့် လက်များတုန်နေသည်။ ဆံပင်ကိုအကျအန ခါတိုင်းလိုပင်ထုံးထားပြီး စံပယ်ပန်းလေးများလည်းပန်ထားသည်။ အဖြူရောင် သိုးမွေးများနှင့် သူမကိုယ်တိုင်ထိုးထားသည့် ဆွယ်တာလေးကို အပေါ်မှထပ်၀တ်ထားရင်း တတ်နိုင်သမျှ စိတ်လှုပ်ရှားမှုကို ကာကွယ်နိုင်ရန်၊ ရင်တွင်း၌ စိုးရိမ်စိတ်ကြောင့် အေ...

မွေးနေ့သင်ခန်းစာ

 ‎‎မွေးနေ့သင်ခန်းစာ(စ/ဆုံး) ‎—————- ‎ ‎လမ်းလျှောက်ရာက ပြန်လာသော ဦးလှဖေကို သူ့သမီးက ‎ ‎“အဖေ … ဒီနေ့ အဖေ့မွေးနေ့လေ” ‎ ‎“သိပါတယ်” ‎ ‎“အဖေ ဘယ်သွားချင်သလဲဟင်” ‎ ‎“ဘယ်မှ မသွားချင်ဘူး” ‎ ‎“အဲဒီလိုတော့ မလုပ်ပါနဲ့အဖေရယ်။ အဖေ့မြေးတွေက မနက်ကတည်းက အစောကြီးထပြီး ပြင်ဆင်ထား ကြတာ။ အဖေလမ်းလျှောက်ပြန်လာရင် သွားမယ်လို့ သမီးက ပြောထားတာ” ‎ ‎“ဘယ်ကို သွားမှာလဲ။ ငါ အေးအေးဆေးဆေးပဲ နေပါရစေ။ ဒီနေ့ စာရေးစရာတွေရှိနေတယ်” ‎ ‎ထိုစဉ် သမက်ဖြစ်သူက ရောက်လာပြီး ‎ ‎“အဖေ ရေမချိုးရသေးဘူးလား” ‎ ‎“ငါက ဒီအချိန် ဘယ်တုန်းက ရေချိုးဖူးလို့လဲ” ‎ ‎“ဘုရားသွားမယ်ဆို” ‎ ‎“ဘယ်တုန်းကပြောလဲ” ‎ ‎သမက်ဖြစ်သူကလည်း ကြောင်တောင်တောင်နှင့် သူ့မိန်းမကို လှမ်းကြည့်သည်။ ‎ ‎မြေးနှစ်ယောက်ကလည်း အိမ်ပေါ်ကို ပြေးတက်လာပြီး ‎ ‎“ဘိုးဘိုးကြီး သမီးတို့ အဆင်သင့်ပဲ” ‎ ‎သူတို့ကလည်း အဝတ်အစားတွေ လဲထားကြသည်။ ‎ ‎“ဘယ်သွားကြမှာလဲ” ‎ ‎“ဘိုးဘိုးကြီးမွေးနေ့လေ” ‎ ‎“ငါ့မွေးနေ့ ဘယ်သူကပြောလဲ” ‎ ‎“မေမေပြောတယ်လေ။ ဒီနေ့ ဘိုးဘိုးကြီး အသက် ၇၀ ပြည့်မွေးနေ့တဲ့” ‎ ‎မြေးတစ်ယောက်က အော်သည် ‎ ‎“ဟက်ပီးဘတ်ဒေးပါ ဘိုးဘိုးကြီး” ‎ ‎“ဘိုးဘိုးကြီးက ရေတောင်မချိုးရသေးဘူး … လုပ်ပါ … သမီးတို့သွ...

အနားယူခွင့်

 အနားယူခွင့်(စ/ဆုံး) ————— “အမေ ” ” မနက်ဖြန်တစ်ရက်တော့ သမီးနားအုံးမယ်နော် ” ” ဒီနေ့လည်း မိုးရွာနေရက်နဲ့ သမီးသွားတာ ” ” မိုးတွေမိလို့ ခုညောင်းကိုက်နေတာပဲ ” ” တစ်ရက်လောက်ေတာ့ဆေးသောက်ပြီး နားလိုက်မှ အဆင်ပြေမယ် အမေရယ် ” “ဟဲ့ နုရီရယ် ညည်း တစ်ရက်နားရင် နောက်နေ့ ဘာနဲ့စားကြမလဲ ” ” အငယ်မလေးကလည်း ကျောင်းမှာဆရာကန်တော့ပွဲကြေး မပေးရသေးလို့ ” ” ဒီနေ့ ကျောင်းပြန်လာတော့ မျက်နှာမကောင်းဘူး ” ” အမေရယ် သမီးအရင်နေ့က ရလာတဲ့ ဆန်၂ပြည်ရှိသေးတယ်လေ ” ” ခု ကြက်သားလေးနဲ့ ခဝဲသီးလည်း ဝယ်လာပါသေးတယ် ” ” အငယ်မအတွက်က သမီး ဆိုင်အလုပ်ပြန်ထွက်ရင် ပေးမှာပေါ့ ” ” ငါ့အကြွေးကလည်း မနက်ဖြန်ပေးမှရမယ် နုရီရဲ့ ” ” သားသမီးလုပ်စာမျှော်ကိုးစားနေရတာလည်း ခက်ပါတယ်အေ ” ” ဟင်း ” နုရီသက်ပြင်းသာချလိုက်မိတော့သည်။ နုရီအလုပ်က လက်ဖက်ရည်ဆိုင်တွင် မုန့်ဟင်းခါး ရှမ်းခေါက်ဆွဲ မြီးရှည် ထမင်းဆီဆမ်းစသည် စားဖွယ်များကို ပြင်ပေးရသောအလုပ်ပါ။ ဆိုင်က စျေးထိပ်တွင်ရှိသဖြင့် ဆိုင်လူကျလျှင် စျေးထဲအထိပါ စျေးသည်များမှာသည့် မုန့်ပွဲများကို လိုက်ပို့ပေးရသည်။ ဆိုင်က ရောင်းအားကောင်းသဖြင့် နေ့တွက်ခ တစ်ရက်လျှင် တစ်သောင်းပေးပါသည်။ မနက်၅နာရီထသွားပြီး ညနေစျေးသိမ်းချိန်...

ဆုံးဖြတ်ချက်

ဆုံးဖြတ်ချက် #တင်ညွန့် —————- မောင်နှင့်ကျွန်မ ရည်းစားသက်တမ်း ၅ နှစ်ရှိလာပြီ။ တစ်နေ့ မောင်က ကျွန်မကို ပြောလာသည် “နွယ် … မောင်အလေးအနက်ပြောချင်တယ်” “ပြောပါမောင်” “မောင်တို့ လက်ထပ်ကြရအောင်” “မောင် ဒီစကားကို မနှစ်ကလည်း ပြောခဲ့တယ်လေ။ နွယ်မငြင်းခဲ့ဘူးနော်။ အချိန်မရွေးလို့ ပြောခဲ့တယ်” “မောင်က အလုပ်အကိုင် အတည်တကျမရှိသေးလို့ပါကွယ်။ ခုတော့ အလုပ်အကိုင်ကလည်း ခိုင်သွားပြီဆိုတော့ လက်ထပ်ဖို့ ပြောတာပါ” “ရတယ်လေ … မောင်က ဘယ်လိုစီစဉ်ထားသလဲ” “မောင်စီစဉ်ထားတာကိုပြောမယ်။ နွယ်အလုပ်ထွက်လိုက်တော့။ မောင့်အိမ်မှာ လိုက်နေရမယ်။ အိမ်ထောင်မှု တာဝန်တွေပဲလုပ်။ မောင့်အမေကိုပြုစုပေါ့” “ဒါဆိုရင် နွယ့်အမေကရော” “နွယ့်အမေက သူ့မှာ သားအကြီးရယ်၊ ချွေးမရယ်၊ မြေးတွေရယ်ရှိတယ်လေ။ ပြီးတော့ နွယ်တို့က အိုးပိုင်အိမ်ပိုင် ဘာမှ ပူစရာမလိုဘူး။ နွယ့်အစ်ကိုကြီးကလည်း ဝင်ငွေကောင်းတယ်။ မောင်တို့နဲ့ လိုက်နေမယ်ဆိုတာတောင် ခွင့်ပြုမှာ မဟုတ်ဘူး” “မောင်ပြောတာတွေ လက်မခံနိုင်စရာမရှိပါဘူး။ ဒါပေမဲ့ နွယ်တစ်ခု သဘောမကျတာက နွယ်လက်ရှိ အလုပ်က ထွက်ရမယ်ဆိုတာနဲ့၊ ဘာအလုပ်မှ မလုပ်ဘဲ အိမ်မှာနေပြီ အိမ်မှုကိစ္စတွေရယ်၊ ယောက္ခမတာဝန်တွေရယ် ယူရမယ်ဆိုတာကြီးကိုတော့ သိပ်သဘေ...

မင်းမရှိခဲ့ရင်

  မင်းမရှိခဲ့ရင်🖌️🖌️         #တင်ညွန့်  ခေါင်းရင်းအိမ်မှာ ငမူးတစ်ယောက်ရှိတယ်။ ညဘက်ဆိုက်ကားသိမ်းပြန်လာရင် မူးလာတာပဲ။ ဘာတဲ့ ပါးစပ်ကလည်း ပြောလိုက်သေး “သောက်ကောင်တွေ … ကောင်မတွေ ငါမရှိရင် ဘာဖြစ်သွားမယ်ထင်သလဲ” အဲဒီစကားက ငမူး ဆိုက်ကားသမား ဘသောင်းရဲ့ လက်သုံးစကား “ငါမရှိရင် ဘာဖြစ်သွားမယ်ထင်သလဲ” လို့အော်ပြီး ရပ်ကွက်ထဲ ဝင်လာရင် မေးစရာမလိုဘူး။ မူးလာပြီ၊ မိန်းမနဲ့ ကလေးတွေကို အော်တော့မယ်။ ဆူတော့ဆဲတော့မယ်။ ကိုယ်က ကျောင်းဆရာဆိုတော့ မူးတာတွေ ရိုင်းတာတွေမကြိုက်တာကြောင့် ဘသောင်းနဲ့ စကားမပြော ဖြစ်အောင် ရှောင်တယ်။ မျက်နှာချင်း ဆိုင်မိရင်တောင် မျက်နှာလွှဲလိုက်တယ်။ သူ့ဆိုက်ကား ငှားစီးဖို့ဆိုတာ အဝေးကြီး။ ဘသောင်း မိန်းမက ခင်မြင့်။ သမီးကြီးက စိုးစိုး၊ သားငယ်က ကျော်အောင်။ ဘာကြောင့် သူတို့ကို သိလဲဆို တော့ ပိုက်ဆံ ခဏ ခဏလာချေးလို့ “ဘဘ … အမေက ထမင်းချက်စရာ မရှိလို့ ဆန်လေး နှစ်ဘူးလောက်” “ဘဘ … အမေက ပဲဟင်းလေး ဝယ်ချင်လို့ ပိုက်ဆံ ၅၀၀ လောက်” “ဆရာကြီး … ကိုဘသောင်းလာရင် ပြန်ပေးပါ့မယ်ရှင့် ပိုက်ဆံ ၁၀၀၀ လောက်” ကိုယ်လည်း ချမ်းသာတာတော့မဟုတ်။ အငြိမ်းစားပေမယ့် စာရေးတဲ့ဝင်ငွေလေးကလည်းရှိ၊ တစ်ယောက် တည...

မြိန်ရာဟင်းကောင်း

   မြိန်ရာဟင်းကောင်း #တင်ညွန့် မြိန်ရာဟင်းကောင်း(စ/ဆုံး) —————————– ကျွန်တော်သည် ကျောင်းကိစ္စဖြင့် သာယာကုန်းရွာကို သွားရသည်။ မြို့နယ်ပညာရေးမှူးရုံးက သာယာကုန်းရွာ မူလတန်း ကျောင်းအုပ်ဆရာမကြီးထံ စာတစ်စောင်ပေးခိုင်းလိုက်သောကြောင့်ဖြစ်သည်။ အရေးကြီးသည် ဆိုသောကြောင့် ကျွန်တော်ကိုယ်တိုင်ပင် ၅ မိုင်ခန့်ဝေးသော ထိုရွာကို ခြေကျင်လာခဲ့ရသည်။ သာယာကုန်းရွာကို ကျွန်တော် တာဝန်ကျသည့်ရွာက နေမြင့်မှထွက်သဖြင့် နေ့လယ်လောက်မှရောက်လာ သည်။ ဆရာမကြီးမှာ ကျန်းမာရေးမကောင်းသဖြင့် ယခုလတွင် လစာထုတ်မဆင်းနိုင်။ သူငှက်ဖျားတက် နေသည်။ စာအိတ်ထဲတွင် လစာနှင့် စာတစ်စောင်ပါသည်။ “ဆရာ ထမင်းမစားလာရသေးဘူး မဟုတ်လား” သူက စောင်ခြုံကြားက ကျွန်တော့်ကို မေးသည်။ သူ့အသံကတုန်တုန်ရီရီ။ ကျွန်တော်က ဗိုက်ဆာနေသော်လည်း “စားခဲ့ပြီးပါပြီ ဆရာမကြီး” ဟု လိမ်ပြောလိုက်မိသည်။ ကျွန်တော်က သူ့ကို ပေးစရာလည်း ပေးပြီးဖြစ်သဖြင့် ကျွန်တော့်ရွာကို အမြန်ပြန်ခဲ့သည်။ ထမင်းဆာနေ သောကြောင့်ဖြစ်သည်။ အပြန်လမ်းမှာ တောလမ်းတစ်ခုကိုဖြတ်ရသည်။ ကျွန်တော်က ဖြတ်လမ်းဟုထင်သည့် လမ်းတစ်လမ်းအတိုင်း အမြန်ရောက်လိုသဖြင့် လိုက်ခဲ့သည်။ သို့သော် ကျွန်တော် မျက်စိလည် လမ်းမှားနေသည်။ လ...

စိုးမောင်ပြန်မလာတော့ပါ

  စိုးမောင် ပြန်မလာတော့ပါ -------------------------- #တင်ညွန့် ရွာမှာ ဖွားမေဆိုတာရှိတယ်။ တစ်ရွာလုံးကြောက်တယ်။ ဘာကြောင့်လဲဆိုတော့ စုန်းမကြီးလို့ထင်ကြလို့ပဲ။ ဖွားမေကလည်း ဘယ်တော့မှ အပေါ်အင်္ကျီဝတ်တာမတွေ့ရဘူး။ ထဘီရင်ရှားနဲ့ ဒီအတိုင်းလျှောက်သွားနေတာ။ တစ်ခါတစ်လေ ထဘီတောင် ရင်ရှားထားတာမဟုတ်ဘူး။ ပိန်ကပ်နေတဲ့ နို့သီးတွေဖော်ပြီး ဘယ်သူမှ ဂရုမစိုက် နေချင်သလိုနေတတ်သည်။  ဖွားမေက မနက်မိုးလင်းတာနဲ့ ရွာထဲကထွက်လာပြီစ တောထဲဝင်သွားတတ်တယ်။ သူနဲ့အတူ ပလိုင်းလေးတစ်လုံး၊ ငါးမျှားတံတစ်ချောင်းပါသွားတယ်။ အဲဒါ သူ့အသက်မွေးမှုပဲ။ ညနေစောင်းဆိုရင် ပြန်လာတယ်။ ငါး၊ ဖား၊ ငရှဉ့်၊ လိပ်တွေ တစ်ခုခုပါလာတယ်။ ပါလာတာကို ဈေးဆိုင်ကိုသွားပေး၊ လိုတဲ့ဆန်ဆီဝယ်၊ ရလာတဲ့ ငါးလေး၊ ဖားလေး တစ်ကောင်စ နှစ်ကောင်စချန်ပြီး ဘဝမှာ ဖြစ်သလိုနေတာ။ သူက နွေ၊ မိုး၊ ဆောင်း ဒီအလုပ်ပဲ လုပ်တယ်။ နွေခေါင်ခေါင်၊ ငါး ဖား ဘယ်လိုရသလဲဆိုတာ တစ်ရွာလုံး အံသြကြတယ်။ ဒါကြောင့် သူ့ကို တစ်ပိုင်စားဆိုပြီးတော့လည်း ပြောကြတယ်။ ဖွားမေက ငါး ဖားမရဘဲ တောထဲက ထွက်လာတာ တစ်ခါမှမရှိဘူး။ အသက် ၇၀ ကျော် အဖွားကြီးတစ်ယောက်ဟာ တစ်ဦးတည်းနေပြီး ဒီအလုပ်ပဲ လုပ်စားနေတာ နှစ်ပေါင်းကြာပြီ။ တစ...

ကျေးဇူးကြွေး

 …..ကျေးဇူးကြွေး….. ကျွန်တော်ပဲခူးရောက်စဉ် သတိရမိသည်မှာ ကိုကြည်မြင့်ဖြစ်သည်။ ကျွန်တော် အလှူသွားလုပ်သည့် ဘုန်းကြီး ကျောင်းမှာ ကိုကြည်မြင့်နေသည့် လမ်းနှင့်နီးသည်။ ကျွန်တော်က ထိုလမ်းထဲဝင်သွားပြီး ကိုကြည်မြင့်နေသည့် အိမ်နေရာကိုရှာသည်။ အရာရာသည် ပြောင်းလဲနေ သည်။ ယခင်တဲလေးတွေက အိမ်ကောင်းလေးတွေဖြစ်၊ တိုက်လေးတွေဖြစ်ကုန်သည်။ ကိုကြည်မြင့် အိမ်က ချောင်းရိုးလေးဘေးတွင်ရှိသည်ကို မှတ်မိနေသည်။ ယခင် ကျွန်တော်တို့ ငါးဆင်းဖမ်းသည့် ချောင်းရိုးလေးသည် တစ်တောင်လောက်အကျယ်သာ ရှိတော့သည့် မြောင်းကလေးဖြစ်နေသည်။ လူတွေက ခြံစည်းရိုးတွေကို ရသလောက်တိုးချဲ့ထားကြသည်။ သူ့အိမ်လေးကတော့ ဘာမျှမပြောင်းလဲ။ “ဒါကိုကြည်မြင့်တို့အိမ်လား” ကျွန်တော်က သေချာအောင် အိမ်ရှေ့တွင်ထိုင်နေသည့် အမျိုးသမီးတစ်ယောက်ကို မေးလိုက်သည်။ ထို အမျိုးသမီးက “အဖေ … အဖေ့ဧည့်သည်” ဟုအော်လိုက်သည်။ အိမ်ထဲက ခါးကိုင်းကိုင်းနှင့်လူတစ်ယောက်ထွက်လာသည်။ ဆံပင်တွေ တစ်ခေါင်းလုံးဖွေးနေသည်။ စွပ်ကျယ်ချိုင်းပြတ်အောက်တွင် ပခုံးရိုးတွေ၊ နံရိုးတွေကို အပြိုင်းလိုက်တွေ့နေရသည်။ “ဘယ်သူလဲ” “ဟေ့ ကိုကြည် ကျွန်တော်လေ … ကျွန်တော် … မမှတ်မိဘူးလား” “ဟာ … မင်းနှယ် ဝလာလိုက်တာ … အသား‌တွေလ...

ရိုးသားစွာကြိုးစားကြသူများ

 🖌️ရိုးသားစွာကြိုးစားကြသူများ🖌️ “မေမေ … ကျောင်းက ကျောင်းလခတောင်းနေပြီ။ မနက်ဖြန် နောက်ဆုံးပဲတဲ့။ မနက်ဖြန်မှ မပေးနိုင်ရင် မိဘခေါ်လာခဲ့လို့ပြောခိုင်းလိုက်တယ်။ သမီးတော့ လူကြားထဲမှာ ဒီလိုအပြောခံရတာ ရှက်လိုက်တာ မေမေရယ်” “ဟုတ်လား သမီးလေးရယ် … ဖြစ်ရလေ။ သမီးဖေဖေ ပြန်လာတော့ မေမေပြောလိုက်မယ်နော်။ ရေမိုးချိုး ထမင်းစားပြီး ကျောင်းစာလုပ် ဟုတ်လား” သမီးလေးက အခန်းထဲဝင်သွားသည်။ မကြည်ပြာတစ်ယောက် သောကရောက်နေသည်။ ယနေ့ သူတို့အိမ်ထောင်သက် ၂၅ နှစ်ပြည့်သည့်နေ့ ဖြစ်သည်။ သူက သူ့ယောက်ျားပြန်လာလျှင် တစ်ခုခုတော့ မိသားစုအတွက် ပွဲလေးလုပ်ပေးမည်ဟု မျှော်လင့် ထားခဲ့သည်။ သူ့ယောက်ျားက သတိမှရပါ့မလားလည်း စိုးရိမ်နေမိသည်။ ကိုတိုးအောင် အလုပ်က အိမ်ကိုပြန်လာသည်။ မကြည်ပြာက သူ့လက်ထဲမှာ တစ်ခုခုပါလာမလားဟု မျှော်လင့်ချက်ဖြင့်ကြည့်သေးသည်။ ထမင်းဘူးနှင့် လက်ဆွဲအိတ်ကလွဲပြီးဘာမျှ ပါမလာ။ သူစိတ်မောစွာဖြင့် သက်ပြင်းချလိုက်သည်။ “ကိုတိုးအောင် နားပြီး ရေချိုးနော်” “အေးကွာ … ကြည့်ကို တစ်ခုပြောစရာရှိတယ်” “ပြောလေကိုအောင်” “ဒီနေ့ ကိုအောင်တို့ အိမ်ထောင်သက် ၂၅ နှစ်ပြည့်တဲ့နေပဲကွယ်” “ဪ ကိုအောင်က သတိရသားပဲ” “သတိရပါတယ် … ဒါပေမဲ့ ကိုယ်ဘာမှ မလုပ်ပေ...

ဓူဝံကြယ်ရဲ့အလင်း

 ဓူဝံကြယ်ရဲ့အလင်း(စ/ဆုံး) ————————- “နင်တို့အဖေ …နောက်မိန်းမယူတော့မယ်တဲ့´´ အဖေရဲ့အမေ ၊ ကျမတို့အဘွားက တစ်ခုသောညနေ… ထမင်းဝိုင်းမှာလူစုံတုန်းပြောခဲ့ပါတယ်။အစ်မကြီးလက်တွေက ပန်းကန်ပြားထဲက ထမင်းစေ့တွေကို ပွတ်ချေနေတယ်။ “အန်တီယုနဲ့လား…မေကြီး´´ အစ်မကြီးအသံက အဖျားခတ်နေတယ်။ “ဟုတ်တယ်..ယုယုနဲ့ ဒီတစ်ပတ်သောကြာမှာ ရုံးတက်လက်မှတ်ထိုးကြမှာ။´´ အဘွားကထမင်းစားမပျက် ထမင်းဝါးရင်းပြောတယ်။အန်တီယု…အဖေ့ထက်ငယ်တယ်၊လှတယ်၊ အဖေ့တို့ရုံးက စာရေးမ။နှစ်ခါသုံးခါ အဖေနဲ့အတူ အိမ်လိုက်လာပြီး အစ်မကြီးဆီ အထည်တွေအပ်ဖူးတယ်။ နံရံမှာချိတ်ထားတဲ့ အဖေနဲ့အမေရဲ့မင်္ဂလာဆောင်ဓာတ်ပုံဆီ အစ်မကြီးအကြည့်တွေရောက်သွားတယ်။ ကျမလည်း အတူတူပါပဲ။ဓာတ်ပုံဆီအကြည့်ရောက်ပြီးမှ အစ်မကြီးဆီအကြည့်ကရပ်တန့်သွားတယ်။အစ်မကြီးက အောက်နှုတ်ခမ်းလေးကို ခပ်ဖွဖွလေးဖိကိုက်လိုက်တာ ကျမတွေ့လိုက်ရတယ်။ အစ်မကြီး ဆယ်တန်းစာမေးပွဲကြီးမှာ အင်္ဂလိပ်စာဖြေမဲ့နေ့ မနက်ဝေလီဝေလင်းကြီးမှာ…အမေက မောင်လေးကို မွေးတယ်။အမေက အိမ်မှာ သားဖွားဆရာမနဲ့ပဲ မွေးတယ်။ကလေး ကျန်းကျန်းမာမာမွေးဖွားနိုင်ခဲ့ပေမဲ့ အချင်းကျန်နေလို့ဆိုပြီး မွေးပြီး သိပ်မကြာခင်မှာပဲ အမေ့မှာ သွေးတွေအဆက်မပြတ်ဆင်းလာတယ်။ သားဖွားဆရာမနဲ...

သောကအမွေ

 သောကအမွေ(စ/ဆုံး) ————— “မေမေ … မေမေ့ကို တစ်ခုပြောစရာရှိလို့” “ဘာလဲသား” “ကားဂိုဒေါင်ကို ကားလည်း မရှိတော့ လူနေတဲ့ အခန်းဖြစ်အောင် လုပ်လိုက်မလားလို့ပါ” “ဘယ်သူနေဖို့လဲသား” “ဟိုလေ … မေမေ နေဖို့ပေါ့” “ဒီအိမ်ထဲမှာ ဘာဖြစ်လို့လဲကွယ်။ မေမေကတစ်ခန်း၊ မင်းတို့ လင်မယားက တစ်ခန်း၊ မင်း သမီးနှစ်ယောက် အတွက်က တစ်ခန်း၊ ဘာဖြစ်လို့လဲ။ ဘယ်သူ့တွေအတွက် အခန်းတစ်ခန်း ထပ်လိုနေလို့လဲ” “မဟုတ်ပါဘူးမေမေ … ဖေဖေလည်း မရှိတော့ မေမေ နားအေးပါးအေး နေရအောင်ပါ။ ကားဂိုဒေါင်ကို ကျကျနနပြင်လိုက်ရင် မေမေ အခုနေတဲ့အခန်းထက်တောင် ကျယ်ပါသေးတယ်။ အဲဒီမှာ အဲကွန်းတွေဘာတွေ ထည့်လိုက်ရင် တော်တော်သားနားသွားမှာ” “မောင်မောင်ကျော် … ပိုက်ဆံထပ်ကုန်အောင် ဘာလို့ စဉ်းစားနေရတာလဲကွယ်” “မဟုတ်ဘူး မေမေ … မေမေ့ မြေးနှစ်ယောက်က တစ်ယောက်တစ်ခန်း နေချင်တယ်ဆိုလို့” “သား … မင်းအဖေသေတာ တစ်နှစ် မပြည့်သေးဘူး။ ဒီလိုအချိန်မျိုးမှာ မင်း ဒီစကား မပြောသင့်ဘူးထင်တယ်။ မင်းအဖေနဲ့ငါ တစ်သက်လုံး အတူတူနေလာတဲ့နေရာလေးကနေ မင်းက ငါ့ကို ကားဂိုဒေါင်ထဲပို့မယ်ဆိုတာ ကတော့ မင်း ငါ့နေရာကစဉ်းစားကြည့်စမ်းကွယ်” “မေမေ သဘောမတူရင်မလုပ်ပါဘူး” သူတို့သားအမိ စကားပြတ်သွားကြသည်။ ဒေါ်ကြည်ကြည်စိန်တစ...