ကျောင်းတော်ကရန်စ
#ကျောင်းတော်ကရန်စ ------------------------- အမှန်တော့ ဆရာကန်တော့ပွဲဆိုတာတွေကို မတက်ချင်။ လွန်ခဲ့သော သုံးနှစ်က တစ်ကြိမ်တက်ဖူးသည်။ စိတ်ပျက်သဖြင့်အခမ်းအနားကျင်းပသည့် ခန်းမထဲပင် မဝင်ခဲ့ဘဲ ပြန်ခဲ့သည်။ ထိုကြောင့် မည်သူနှင့်မျှမတွေ့ခဲ့။ ကျွန်တော် တွေ့ချင်သည့် သူငယ်ချင်းနှင့် RC ရှေ့ထိုင်ခုံလေးတွေ ထိုင်ပြီးစကားပြောသည်။ သူအမေရိကမှ ယူလာသည့် စာအုပ်လက်ဆောင်ယူသည်။ ထိုနောက်ပြန်ခဲ့သည်။ “ဟေ့ကောင် ... ဟိုက ကားပေါ်ဆင်းလာတာ ဆွေမဟုတ်လား” ကားပေါ်မှ မိန်းမကြီးတစ်ယောက်ဆင်းလာသည်။ “မသိဘူး ... ငါသွားတော့မယ်” ဝေးလည်းဝေး မျက်လုံးတွေကလည်း မကောင်းသောကြောင့် မျက်နှာကို သဲကွဲစွာ မမြင်။ “ငါသွားတော့မယ်” “ပွဲလေးတော့ ရောက်မှ တက်လိုက်ပါကွာ” “နေပါကွာ ... ငါက ဒီလိုပွဲတွေ ရှောင်မှန်း မင်းသိပါတယ်” ကျွန်တော်ကလှည့်အထွက်တွင် အောင်မြင့်က “မင်းကတော့ ... တစ်သက်လုံး ဒီအတိုင်းပဲသွားမှာပါ” ဟု မှတ်ချက်ပြုသည်။ သုံးနှစ်ကြာသွားပြီ။ အောင်မြင့် အမေရိကမှ တစ်ခေါက်ပြန်ရောက်လာသည်။ “ဟေ့ကောင် ... ငါဆရာကန်တော့ပွဲတက်မလို” “မင်းဘာသာသွားကွာ ... ငါမတက်ချင်ဘူး” “အေးပါ ... မင်းကို မခေါ်ပါဘူး ... ဒါပေမဲ့ ညစာစားပွဲတော့...