** ခုနှစ်ရက်လည်တဲ့နေ့ **(စ/ဆုံး)
** ခုနှစ်ရက်လည်တဲ့နေ့ **(စ/ဆုံး) ——————————– “မကြည်ရေ ငါက သေတော့မှာဟ” “ငါ …ကြာကြာမနေရတော့ဘူးနဲ့ တူတယ် …” “ငါသာ သေလို့ကတော့ နင်တော့ ကလေးတွေနဲ့ ဒုက္ခရောက်မှာ မြင်ယောင်သေးတယ် …” ဘာကြောင့်ရယ်တော့ မသိဘူး။ လွန်ခဲ့တဲ့ တစ်လလောက်ကစပြီး ကိုခိုင့်ပါးစပ်က သေစကားတွေချည်းပဲ ထွက်နေတယ် တကယ်တော့ ကိုခိုင့် ခန္ဓာကိုယ်က ကျားကိုယ်စီးစားလို့ မကုန်တဲ့ ခန္ဓာကိုယ်ပါ။ အရပ်အမောင်းကလည်း ကောင်းမှကောင်း၊ ခြောက်ပေပြည့်ဖို့ နည်းနည်းပဲ လိုတယ်။ ပြီးတော့ သူ့အရပ်အမောင်းနဲ့ လိုက်ဖက်တဲ့ တောင့်တင်း သန်မာထွားကျိုင်းတဲ့ အလုံးအထည် ရှိတယ်။ ဘယ်လိုကြည့်ကြည့် ယောင်္ကျားပီပီသသ၊ ကျန်းမာသန်စွမ်းသူ၊ အသက်ကလည်း လေးဆယ်ကျော်ရုံရှိသေး၊ ဆန့်သောလက် မကွေးမီ၊ ကွေးသော်လည်း မဆန့်မီ ဆိုတဲ့ တရားသဘော မကြည့်နဲ့။ ကိုခိုင်သေဖို့အကြောင်း လုံးဝမှ မရှိဘူး။ ဒါပေမယ့် တစ်ခုတော့ ရှိတယ် လွန်ခဲ့တဲ့ သုံး/လေးနှစ်လောက်ကထင်ရဲ့။ သူ့ဦးခေါင်းမှာ ဒဏ်ရာတစ်ခု ရဘူးတယ် ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဋ္ဌာနမှာ ကြီးကြီးမားမား ခွဲစိပ်မှု လုပ်ခဲ့ရတယ်၊ တစ်ခါတစ်ခါ ခွဲစိပ်ထားတဲ့နေရာက ဒဏ်ပြန်ပေါ်လာတတ်တယ် ဒီလို ဒဏ်ပြန်ပေါ်တဲ့အခါ ခေါင်းကိုက်ဝေဒနာကို အပြင်းအထန် ခံစားရတယ...