** ခုနှစ်ရက်လည်တဲ့နေ့ **(စ/ဆုံး)
——————————–“မကြည်ရေ ငါက သေတော့မှာဟ”“ငါ …ကြာကြာမနေရတော့ဘူးနဲ့ တူတယ် …”“ငါသာ သေလို့ကတော့ နင်တော့ ကလေးတွေနဲ့ဒုက္ခရောက်မှာ မြင်ယောင်သေးတယ် …”ဘာကြောင့်ရယ်တော့ မသိဘူး။လွန်ခဲ့တဲ့ တစ်လလောက်ကစပြီး ကိုခိုင့်ပါးစပ်ကသေစကားတွေချည်းပဲ ထွက်နေတယ်တကယ်တော့ ကိုခိုင့် ခန္ဓာကိုယ်က ကျားကိုယ်စီးစားလို့မကုန်တဲ့ ခန္ဓာကိုယ်ပါ။ အရပ်အမောင်းကလည်းကောင်းမှကောင်း၊ ခြောက်ပေပြည့်ဖို့ နည်းနည်းပဲ လိုတယ်။ပြီးတော့ သူ့အရပ်အမောင်းနဲ့ လိုက်ဖက်တဲ့ တောင့်တင်းသန်မာထွားကျိုင်းတဲ့ အလုံးအထည် ရှိတယ်။ဘယ်လိုကြည့်ကြည့် ယောင်္ကျားပီပီသသ၊ကျန်းမာသန်စွမ်းသူ၊ အသက်ကလည်း လေးဆယ်ကျော်ရုံရှိသေး၊ဆန့်သောလက် မကွေးမီ၊ ကွေးသော်လည်း မဆန့်မီဆိုတဲ့ တရားသဘော မကြည့်နဲ့။ ကိုခိုင်သေဖို့အကြောင်းလုံးဝမှ မရှိဘူး။ ဒါပေမယ့် တစ်ခုတော့ ရှိတယ်လွန်ခဲ့တဲ့ သုံး/လေးနှစ်လောက်ကထင်ရဲ့။သူ့ဦးခေါင်းမှာ ဒဏ်ရာတစ်ခု ရဘူးတယ်ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဋ္ဌာနမှာကြီးကြီးမားမား ခွဲစိပ်မှု လုပ်ခဲ့ရတယ်၊တစ်ခါတစ်ခါ ခွဲစိပ်ထားတဲ့နေရာက ဒဏ်ပြန်ပေါ်လာတတ်တယ်ဒီလို ဒဏ်ပြန်ပေါ်တဲ့အခါ ခေါင်းကိုက်ဝေဒနာကိုအပြင်းအထန် ခံစားရတယ်လို့ သူပြောတယ်။ကိုခိုင်က သူသေရင်လည်း ဒီခေါင်းကိုက်ဝေဒနာနဲ့ပဲသေမယ်လို့ တစ်ထစ်ချ ယူဆထားပုံရတယ်ဒီနွေမှာ သူအလုပ်တွေ အရမ်းလုပ်တယ်အလုပ်ပင်ပန်းရင် ဒဏ်ပြန်ပေါ်ပြီး ခေါင်းတွေ ကိုက်လာတယ်။ဒါကြောင့်လည်း သေစကားတွေ ခဏခဏ တဖွဖွ ပြောနေတာဖြစ်မယ်၊ ဒီလို နိမိတ်မကောင်းတဲ့ သေစကားတွေပြောခဲ့တာ သူ့မိန်းမ မကြည်တစ်ယောက်ထဲတင် မကဘူး။အခြားခင်မင်သူ လေးငါးယောက်ကိုလည်း ပြောခဲ့သေးတယ်။အဲဒီ လေးငါးယောက်ထဲမှာ မကြည်ရဲ့အစ်မဖြစ်သူလည်းပါတယ်။ကိုခိုင်က မကြည်ရဲ့အစ်မကို ရိုသေလေးစားတယ်။“အစ်မ၊ ကျနော်သေရင် အိမ်ရှေ့က ခြံကွက်ရောင်းပြီးကျနော်သားလေးကို ရှင်ပြုပေးပါ”လို့ လူကောင်းပကတိကနေ မှာသွားတယ်။ အံ့သြစရာကဒီလိုမှာပြီး ရက်ပိုင်းလောက်ပဲ ကြာတယ်။(5.6.2014)နေ့မှာ ကိုခိုင့် ဆုံးသွားတယ်သူထင်သလို ခေါင်းကိုက်ဝေဒနာကြောင့် ဆုံးသွားရတာတော့မဟုတ်ဘူး၊ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးရဲ့မိုင်တိုင်အမှတ် ၅၈မိုင် ၅ ဖာလုံမှာ ကားပေါ်က ပြုတ်ကျတဲ့ဒဏ်ရာနဲ့သေဆုံးခဲ့ရတာပါ။XXXX(1.5.2014)နေ့ ညဦးပိုင်းက ကိုခိုင်ဆိုက်ကယ်မှောက်ပြီးဒဏ်ရာရတယ်။အနောက်ရွာအသွား မြေသားလမ်းမပေါ်မှာ ဖြစ်တာပါ။မိုးရေနှင့် ရွံ့စေးတွေကြောင့် ဆိုက်ကယ်ဘီးချော်သွားတယ်ထိန်းမရဖြစ်ပြီး လမ်းဘေးထိုးကျသွားတယ်၊ဖြစ်ဖြစ်ချင်း သွေးပူနေတော့ ဘာမှ မဖြစ်ဘူး။အိမ်ရောက်တော့မှ လဲကျသွားတာ၊ ညာခြေထောက်မထောက်နိုင်တော့ဘူး၊ အလုပ်သိပ်လုပ်တဲ့ကိုခိုင်ဒီတော့မှ နားနေရတော့တယ်။ (4.6.2014)မှာခြေထောက်စပြီး ထောက်နိုင်တယ်အဲဒီနေ့က ညနေ့ခင်းမှာ ရပ်ကွက်ထဲက မိတ်ဆွေကိုတင်မင်းဆိုက်ကယ်အတိုက်ခံရပြီး နံရိုးသုံးချောင်းကျိုးသွားတယ်နယ်ဆေးရုံက ရန်ကုန်ဆေးရုံကြီးကို သွားဖို့ ညွှန်တယ်ဒီသတင်းလဲ ကြားရော ကိုခိုင့်ထော့ကျိုးထော့ကျိုးနဲ့ထ,ထလာတယ်သူမိန်းမ မကြည်က သူအထာကို သိတယ်“တော်၊ ဘာလုပ်ဦးမလို့လဲ၊ ကိုယ်လည်းခြေထောက်ကောင်းတာ မဟုတ်ဘူး၊ အိမ်မှာပဲ ငြိမ်ငြိမ်လေးနေ…”“မဟုတ်ဘူးဟ၊ ကိုတင်မင်းက ထနိုင်မှာ မဟုတ်ဘူး၊သူ့ကို ချီဖို့ ပွေ့ဖို့ လူလိုတယ်၊ ငါလိုက်မှ ဖြစ်မှာပါဟာ …”ပြောပြောဆိုဆို ကိုတင်မင်းအိမ်ဘက် ထွက်သွားတယ်ခဏနေတော့ သတင်းကြားရတာပဲ၊ ကိုခိုင်၊ ကိုတင်မင်းကိုလိုက်ပို့တဲ့ကားနဲ့ ရန်ကုန်ပါသွားတယ်တဲ့၊ အဲဒီညတစ်ညလုံး မကြည် အိပ်လို မရဘူး၊ မျက်စိတွေကြောင်နေတယ်၊ သန်းကောင်ကျော်ပြီ၊ ညတစ်နာရီလောက်မှအိပ်မက်ဆိုးတွေ မက်ပြီး လန့်နိုးလာတယ်ရင်တွေလည်း တဒိန်းဒိန်း ခုန်နေတယ် …။အဓိပ္ပါယ်မဲ့ မျက်လုံးတွေနဲ့ အိမ်ရှေ့လမ်းမဘက်ငေးကြည့်နေမိတယ်၊ အိမ်ရှေ့မီးလုံးကြောင့်ခြံထဲမှာ လင်းနေပေမယ့် ခြံအပြင်ဘက်လမ်းမပေါ် မှာတော့ အမှောင်က အားကောင်းနေတုန်းပဲ။ညက မှောင်မည်း၊ တိတ်ဆိတ်ပြီး ချောက်ချားစရာကောင်းနေတယ်။“ညတာကလည်း ရှည်လိုက်တာ …”မကြည်ညကို ညည်းတွားရေရွတ်ရင်း အိပ်မောကျနေတဲ့သားငယ်လေးကို ခြင်မကိုက်အောင် ယပ်ခတ်ပေးနေတယ်အချိန်တွေ ဘယ်လောက်ကြာသွားလဲ မသိဘူး။ဖိနပ်ချွတ်က တဖျတ်ဖျတ်အသံကြောင့် ကိုခိုင်ပြန်လာပြီ ဆိုတာ မကြည်သိလိုက်တယ်။ဟုတ်တယ် ၊ ဒါကိုခိုင့်အကျင့်ပဲ။ကိုခိုင်က ဖိနပ်ချွတ်မှာ ဖိနပ်ဖုန်ခါနေတဲ့ အနေနှင့်တစ်ချက် နှစ်ချက် ခြေဆောင့်ပြီးမှ အိမ်ပေါ်တက်လေ့ရှိတယ်။မကြည် အိမ်ပေါ်လှေကားထိပ်ကနေ ဖိနပ်ချွတ်ကိုလှမ်းကြည့်လိုက်တယ်သေချာပါတယ်၊ ကိုခိုင်ပဲ။လှေကားရင်း ဖိနပ်ချွတ်မှာ ရပ်နေတယ်အိမ်ကထွက်သွားတုန်းကအင်္ကျီချွတ်နဲ့ပဲ၊မကြည်ကို မော့ကြည့်နေတယ်ကိုခိုင့်မျက်နှာ ထူးထူးခြားခြား ညှိုးငယ်နေတာမကြည် တွေ့လိုက်တယ်“ပြန်လာပြီလား …”မကြည် ကိုခိုင့်ကို လှမ်းမေးရင်း နံရံမှာ ကပ်ထားတဲ့နာရီကို လှမ်းကြည့်လိုက်တယ်။“သုံးနာရီတိတိ”မကြည်သားကို ယပ်ခတ်ပေးရင်း ကိုခိုင်အိမ်ပေါ်တက်အလာကို စောင့်နေတယ် …ခဏလောက်ကြာသွားတဲ့ အထိ ကိုခိုင်တက်မလာဘူး” မဟုတ်သေးပါဘူး၊ ခြေလက်ဆေးသံလည်းမကြားရဘူး။ အိမ်နောက်ဖေးများ သွားတာလား …”မကြည် မီးဖိုခန်းကနေ အိမ်သာကို လှမ်းကြည့်တယ်အိမ်သာထဲမှာလည်း ကိုခိုင် မရှိဘူး။ တံခါးဖွင့်ရက်ပဲ။မကြည် စဉ်းစားရ ကျပ်သွားတယ်။“မဟုတ်ပါဘူး၊ ခုနက တွေ့တာ ကိုခိုင်မှ ကိုခိုင်ပါ။ငါတားနေတဲ့ ကြားက လိုက်သွားမိလို့ ၊ ငါ့ကိုစနေတာများလား “မကြည်ဓါတ်မီးတစ်လက်ကိုင်ပြီး အိမ်အောက်ဆင်းတယ်ကိုခိုင် ပုန်းနေတာလားလို့ ဓါတ်မီးနဲ့ လိုက်ထိုးကြည့်တယ်ဘာမှာမှ မတွေ့ဘူးအဲဒီအချိန်မှာပဲ “မကြည်၊ မကြည်”လို့ ခြံရှေ့ကအော်ခေါ်သံကြားရတယ်၊ မကြည် ခြံရှေ့ထွက်ခဲ့တယ်၊ခေါ်တဲ့သူက မျက်စောင်းထိုးအိမ်က သူ့အိမ်မှာဖုန်းရှိတယ် ။ ကိစ္စကြီးငယ်ရှိရင် အဲဒီအိမ်ကဖုန်းနဲ့ပဲ အဆက်အသွယ် လုပ်ရတယ်“အောင်ပိုင်ဖုန်းဆက်တယ်၊ ကိုခိုင်ကားပေါ်ကကျလိုတဲ့။ ဖြူးဆေးရုံကိုတင်ရမယ်…အခုကားနဲ့ပြန်လာနေပြီတဲ့ …ကားလမ်းကနေ ထွက်ပြီးစောင့်ပါတဲ့ …၊ ကိုခိုင်က သတိမေ့နေတုန်းပဲလို့ပြောတယ် “မကြည်ရင်ထဲ ထိတ်ခနဲ ဖြစ်သွားတယ်“ဒါဆို ခုနက ဖိနပ်ချွတ်မှာ ရပ်နေတာဟာ…ဘုရား၊ ဘုရား ကိုခိုင်ဘာမှ မဖြစ်ပါစေနဲ့ “တုန်ရီတဲ့အသံတွေနဲ့ မကြည် ဆုတောင်းမိလိုက်ပါတယ်ကိုခိုင်တစ်ယောက် အမြန်လမ်းမကြီးရဲ့ တစ်နေရာမှကားပေါ်က ပြုတ်ကျ၊ ချက်ချင်း သတိလစ်မေ့မျောသွားပေမယ့် …သူရဲ့ဝိညာဉ်က မကြည်နှင့် သားလေးရှိတဲ့ အိမ်ကိုအရောက်ပြန်လာပြီး ညှိုးငယ်တဲ့ မျက်နှာနဲ့ကိုယ်ထင်လာပြတဲ့ အဖြစ်ကိုတော့မကြည်တစ်သက် ဘယ်သောအခါမှမေ့ပျောက်လို့ ရမှာ မဟုတ်တော့ပါဘူး။XXXXကိုခိုင်ကားပေါ်က ပြုတ်ကျတဲ့ အဖြစ်က ဒီလိုပါကိုတင်မင်းကို ရန်ကုန်ဆေးရုံကြီးမှာ တင်ပေးခဲ့ပြီးလိုက်ပို့တဲ့ကားနဲ့ပဲ ကိုခိုင်တို့အဖွဲ့ ပြန်လာခဲ့ကြတယ်။အမြန်လမ်းအစ၊ လှည်းကူးလမ်းဆုံရောက်တော့ည ဆယ့်နှစ်နာရီ ထိုးတော့မယ်။သူတို့အားလုံး ကားနောက်ခန်းထဲမှာလဲလျောင်းရင်း လိုက်ပါလာကြတယ်အားလုံးနီးပါး အိပ်ပျော်နေကြပေမယ့် ကိုခိုင်ကတော့အောင်ပိုင်နဲ့ စကားတွေ ပြောနေကြတယ်တနေရာအရောက်မှာ “ငါ ဆီးအရမ်းသွားချင်နေပြီ”လို့ ကိုခိုင်က ပြောတယ်ပြီးတော့ အိပ်နေသူတွေကို ကျော်ပြီး ကားခေါင်းခန်းကိုလက်နဲ့ ပုတ်ပြီး ကားရပ်ဖို့ အချက်ပေးတယ်အချက်ပေးပြီးတာနဲ့ နောက်ဖက်ကားတံခါးပိတ်ဆီသွားတယ်၊ ကားက တုံ့ခနဲ ရပ်တယ်ကိုခိုင် တံခါးပိတ်ကို ကျော်ပြီး ခုန်ချဖို့ အလုပ်မှာကားကမရပ်ဘဲ မောင်းအထွက်၊ ကိုခိုင်ကားပေါ်ကဂျွမ်းပြန်ပြီး ပြုတ်ကျသွားတယ်။ဒရိုင်ဘာက တဗုန်းဗုန်းပုတ်တဲ့အသံကို ကြားတယ်ဒါပေမယ့် ဘာသံလဲဆိုတာ မသဲကွဲဘူး။ဒါကြောင့် ခဏရပ်လိုက်တယ်ထပ်ပြီး ဘာသံမှ မကြားတာနဲ့ အရှိန်မြှင့်ပြီးမောင်းထွက်လိုက်တယ်အဲဒီမှာ ကားအောက်ခုန်ဆင်းဖို့ ပြင်နေတဲ့ကိုခိုင် ကားပေါ်က ပြုတ်ကျသွားတာပဲ …၊ကားမောင်းထွက်သွားတော့မှ အောင်ပိုင်ကကားကို အတင်းရပ်ခိုင်းရတယ်ကားနောက်ဆုတ်ပြီး ကိုခိုင့်ကို လိုက်ရှာကြတယ်၅၈မိုင် ၅ ဖာလုံ မိုင်တိုင်အနီးက လမ်းဘေးမြက်ရိုင်းပင်တွေပေါ်မှာ မှောက်ခုံလဲကျနေတဲ့ကိုခိုင့်ကို တွေ့ရတယ်။ အဲဒီအချိန်က ညတစ်နာရီတိတိ ရှိနေပြီ။ကိုခိုင့်ကျောတစ်ပြင်လုံး ဒဏ်ရာတွေနဲ့စုတ်ပြတ်သတ်နေတယ်ခေါင်းက သွေးတွေက နားထင်ပေါ် စီးကျနေတယ်ခြေထောက်နှစ်ဖက်စလုံးမှာလည်း ပွန်းရာ၊ ပဲ့ရာတွေနဲ့သွေးအလိမ်းလိမ်း မြင်ရက်စရာ မရှိဘူး။“ကိုခိုင် …ကိုခိုင် “အားလုံး ဝိုင်းခေါ်ပေမယ့် ကိုခိုင် ဘာမှ မတုန့်ပြန်နိုင်တော့ဘူးဒါပေမယ့် အသက်မျှင်းမျှင်း ရှူနေတုန်းပဲ။တစ်ခါတစ်ခါ ပါးစပ်က ဖူးခနဲ ဖူခနဲ လေတွေမှုတ်ထုတ်တယ်။ အနေအထားက ဦးနှောက်ကိုထိခိုက်မိတဲ့ အနေအထားပါ။ စတွေ့တဲ့ အချိန်ကနေမနက်သုံးနာရီခွဲ ကညွတ်ကွင်း ရောက်တဲ့အထိသတိပြန်လည် မလာဘူး။အသင့်စောင့်နေတဲ့ မကြည်ကို တင်ပြီး ဖြူးကိုကားဆက်မောင်းတယ်။ ဖြူးဆေးရုံက ရန်ကုန်ဆေးရုံကြီးကို တင်ဖို့ လွှဲတယ်။တကယ်ဆိုရင် ကိုခိုင်ပြုတ်ကျတဲ့နေရာ မိုင်တိုင်အမှတ် ၅၈ မိုင် ၅ ဖာလုံဆိုတာ ပဲခူးအနီးဝန်းကျင်မှာပဲ ရှိသေးတယ်ပဲခူးဆေးရုံကိုသာပို့ရင် ကိုခိုင့်အသက်ကိုကယ်နိုင်သေးတယ်။ ဒါမှ မဟုတ်လည်းချက်ချင်းနောက်လှည့် ရန်ကုန်ဆေးရုံကြီးပြန်မောင်း၊ ကိုခိုင်သေချင်မှ သေလိမ့်မယ်။ခုတော့ မိုင်တစ်ရာကျော် ဝေးတဲ့ ဖြူးထိဆက်မောင်းလာပြီးမှ ဆေးရုံတင်တယ်။အတူပါလာသူတွေရဲ့ စိတ်ကူးစိတ်သန်းကိုစဉ်းစာလို့ မရဘူး။ ကိုခိုင့်ကို မသေ,သေအောင်ဆေးရုံအရောက် နောက်ကျအောင် တမင်လုပ်ကြတာတော့ မဟုတ်ဘူး။အဖော်ပါလာသူအားလုံးက ကိုခိုင်အပေါ်ချစ်ကြ၊ ခင်ကြ၊ လေးစားအားကိုးကြသူတွေချည်းပဲပါ။နောက်ဆုံး သေသေချာချာ တွေးဆအဖြေရှာကြည့်မှဒီနေ့ဟာ ကိုခိုင် သေကိုသေရမယ့်နေ့၊ သေနေ့စေ့နေ့နေ့ဖြစ်လို့ပါလားဆိုတာ အဖြေရလိုက်တယ်ဟုတ်တယ်၊ (5.6.2014)နေ့ မနက် (၆ )နာရီခွဲ၊ဖြူးကနေ ကားနဲ့ ရန်ကုန်ဆေးရုံကြီးကို အသွား၊အမြန်လမ်း မိုင်တိုင်အမှတ် ၁၁၅ မိုင်အရောက်မှာ၊ကိုခိုင်တစ်ယောက် ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့ပါတယ်။ ကိုခိုင်ဆုံးတဲ့အကြောင်းဖုန်းသတင်းရရချင်း စာရေးသူတို့ တစ်မိသားစုလုံးရန်ကုန်ကနေ ကညွတ်ကွင်းကို သွားခဲ့ကြပါတယ်XXXXကိုခိုင့်အလောင်းကို ကညွတ်ကွင်းအိမ်ပြန်ယူလာခဲ့တယ်။ရေလုံတိုက်ပေးပြီး ဧည့်ခန်းမှာ အလောင်းစင်ပြင်၊ပြီးတာနဲ့ သံဃာတစ်ပါးပင့် သက်ပျောက်ဆွမ်းကပ်တရားနာရတယ်။ တကယ်တော့ ကိုခိုင်ကလူကောင်းတစ်ယောက်ပါ။ ရပ်ရေး ရွာရေး၊သာရေးနာရေး ၊ ဘယ်တော့မှ နောက်မကျဘူး။ပြီးတော့ ဘယ်နေရာကနေနေ ကူညီတတ်တယ်။လောကုတ္တရာအရေးနဲ့ ပတ်သက်ရင်လည်းဒါနပြုဖို့ လက်မနှေးဘူး။ အခါအခွင့်သင့်တိုင်းသီလဆောက်တည်တယ်။ဒါပေမယ့် သူမှာ အားနည်းချက် ရှိတယ်။အဲဒီ အားနည်းချက်က ဆင်ခြင်တုံတရားပဲ။အထူးသဖြင့် ဒေါသကို သတိနဲ့ မငြိမ်းသတ်နိုင်ဘူး။သူ့ဒေါသထွက်ပြီဆိုရင် လူသတ်ရမှာလည်းဝန်မလေးဘူး။ စက်တိုင်တက်ရမှာလည်းမကြောက်ဘူးဆိုတဲ့လူစား။ပြီးတော့၊ သူ့မိသားစုကို အရမ်းခင်တွယ်တယ်သူ့မိသားစု မျက်ရေပေါက်ကြီးငယ် ကျအောင်နှိမ့်ချစော်ကားဖို့တော့ မကြံနဲ့။အဲဒီလူတွေ အတွက်တဲ့၊ ငှက်ကြီးတောင်ဓါးတစ်ချောင်းမြည့်နေအောင် သွေးထားတယ်။ ဒီလို စိတ်ကြမ်းလူကြမ်း ၊ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်လူ၊အစွဲအလန်းကြီးသူမို့ ကိုခိုင့်သေတဲ့အခါ တစ်ရပ်ကွက်လုံးလန့်နေကြတယ်“ကိုခိုင်ကတော့ ကျွတ်မှာမဟုတ်ဘူး၊ တစ္ဆေကလည်းခြောက်လိုက်မယ့်ဖြစ်ခြင်း “လို့ ကြက်သီးတထထနဲ့ ပြောကြတယ်။ ပြောတဲ့အတိုင်းပါပဲ ။ သေတဲ့နေ့က စပြီး ကိုခိုင် တစ်ရပ်ကွက်လုံးကိုဗြောင်းဆန်အောင် မွှေတော့ ခြောက်တော့တာပါပဲ။အဲဒီညမှာ အရပ်မြင့်မြင့်၊ ကိုယ်လုံးကိုယ်ထည်ထွားထွားကျိုင်းကျိုင်းနှင့် မည်းမည်းသဏ္ဌာန်တစ်ခုကို လမ်းပေါ်သွားနေတာ တွေ့ကြရတယ်။ကိုခိုင် သူ့အိမ်နဲ့ သူ့အမေအိမ်ကို ကူးချည်သန်းချည်လုပ်နေပြီဆိုတာ သိလိုက်ကြတယ်။ဟုတ်လည်း ဟုတ်တယ်။သူ့အမေ့အိမ် မီးဖိုချောင်ထဲမှာ အိုးတွေလှန်၊ ခွက်တွေလှန်နဲ့ ဗြောင်းဆန်အောင် ခြောက်တယ်။ အိုးခွက်တွေအသာအယာ လှန်တာ မဟုတ်ဘူး။သူ့ပုံစံအတိုင်း ခပ်ကြမ်းကြမ်းလှန်လျောနေတော့အိုးသံခွက်သံတွေက ဆူညံနေတယ်။တစ်ခါ သူ့ညီအိမ်ကိုသွားတယ်။ သူ့ညီက အသုဘအိမ်ရောက်နေတယ်။အိမ်မှာက ကြောက်လို့ မလိုက်ရဲတဲ့ မိန်းမနဲ့ ကလေးတွေပဲကျန်နေတယ်။ခဏနေတော့ ညီဖြစ်သူရဲ့ မိန်းမလည်း ကလေးလက်ဆွဲပြီး သူ့ယောင်္ကျားဆီ ပြေးရတော့တာပဲ။မပြေးလို့လည်း မဖြစ်ဘူး၊ တစ်အိမ်လုံး သွက်သွက်ခါလှုပ်ယမ်းနေမှတော့ ဘယ်နေရဲတော့မှာလဲ …၊သူ့အစ်မကြီး မမြအိမ်ကို ကျတော့ တစ်မျိုး၊မီးဖိုထဲဝင် အိုးသံခွက်သံပေးတယ်။ မမြကစောင်ခေါင်းမြီးခြုံထားလျက်ကနေ“ကိုခိုင်ရယ်၊ ငါ့ကိုတော့ မခြောက်ပါနဲ့၊ ငါကြောက်လွန်းလို့ပါ “လို့ ပြောတယ်။ အဲဒီတော့မှ ပြန်သွားပုံ ရတယ်။ဘာသံမှ မကြားရတော့ဘူး။ မနက်မိုးလင်းလို့မီးဖိုထဲဝင်ကြည့်လိုက်တော့ လမ်းသွားလို့မရဘူး။ ရှိရှိသမျှ အိုးခွက်ပန်းကန်တွေအားလုံးသမံတလင်းပေါ်မှာ စီပြီး ချထားခဲ့တယ်အရပ်ထဲမှာ အများသူငါ ယူဆကြသလိုကိုခိုင်တစ်ယောက် လူ့ဘဝကနေ သေလွန်ပြီးဘဝကူးပြောင်းသွားပြီဆိုတာကို သိမှသိရဲ့လား။ရုပ်ရှင်တွေ၊ ဗီဒီယို တွေကလိုပဲ ဘယ်သူကိုမှခေါ်လို့ မရ၊ ပြောလို့ မရနဲ့၊ ဘာဖြစ်လို့ ဖြစ်မှန်းမသိသေးတဲ့ ကိုခိုင်ရဲ့ ဝိညာဉ်ဟာ မိဘဆွေမျိုးတွေအိမ်ကို လျှောက်သွားပြီး သူရောက်နေတဲ့အကြောင်းအသိပေးနေတာလား များလားလို့ စာရေးသူတွေးနေမိပါတယ်။XXXXXသုံးရက်မြောက်တဲ့နေ့မှာ ကိုခိုင့်အလောင်းကိုကွင်းနောက်သုသာန်ပို့ပြီး မီးသင်္ဂြိုဟ်တယ် …သေဆုံးတဲ့အချိန်ကနေ မီးသင်္ဂြိုဟ်ခါနီးအချိန်ထိကိုခိုင့်အလောင်းကို မိဘဆွေမျိုးတွေ၊မိတ်ဆွေအပေါင်းအသင်းတွေ လာပြီး ကြည့်ကြတယ်အဲဒီမှာ မျက်နှာအမူအရာအမျိုးမျိုးပြောင်းလဲနေတာကို တွေ့ကြရတယ်။သေတဲ့နေ့က အလောင်းစင်ပေါ်က ကိုခိုင့်မျက်နှာဟာခက်ထန်မာကျောနေတယ်။ တစ်စုံတစ်ယောက်ကိုဒေါသထွက်နေတဲ့ပုံမျိုး၊ ကိုခိုင် ဘယ်သူ့ကိုဒေါသထွက်နေတာလဲ။ မသေခင်မှာ တစ်ယောက်ယောက်ကိုများ ဒေါသထွက်သွားခဲ့တာလား…၊စဉ်းစာစရာပဟေဠိတစ်ပုဒ်လို ဖြစ်နေတယ်။(၂)ရက်မြောက် မနက်၊ ကိုခိုင့်အလောင်းကိုကြည့်လိုက်တော့ အားလုံးအံ့အားသင့်သွားတယ်။ကိုခိုင်မျက်နှာက နှစ်နှစ်ခြိုက်ခြိုက်ကြီး ပြုံးလို့။တစ်စုံတစ်ရာအတွက် အားရကျေနပ်နေတဲ့မျက်နှာမျိုး …ဘာကိုသဘောကျပြီး ဒီလောက်ကြီးပြုံးနေတာလဲ။ ဘယ်သူမှ တွေးလို့ မရဘူး။သင်္ဂြိုဟ်မယ့်နေ့ မနက်ခင်းကျတော့ မျက်နှာအမူအရာကတစ်မျိုးပြောင်းသွားပြန်တယ်။ မဲ့နေတယ်။ မဲ့တယ်ဆိုတာကဝေဒနာ ခံစားရလို့ မဲ့နေတဲ့အမဲ့မျိုး မဟုတ်ဘူး။အလိုမကျလို့ သဘောမတွေ့လို့ မဲ့တဲ့အမဲ့။စာရေးသူ ၊ လူသေအလောင်း အများအပြားတွေ့ဖူးပါတယ်။တချို့ သေခါနီး ခံစားရတဲ့ ဝေဒနာကို လိုက်ပြီးလျှာထွက်၊ မချိမဆန့် ခံစားနေရတဲ့ မျက်နှာမျိုးတွေလည်းရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၊ နှစ်ဆယ့်လေးနာရီကျော်ပြီဆိုတာနဲ့ အလောင်းမှန်သမျှရဲ့ မျက်နှာအားလုံးမှာသုညဆိုတဲ့ အဓိပ္ပါယ်ပဲ ရှိတော့တယ်။အသက် ရှင်နေတဲ့ လူတစ်ယောက်ရဲ့ မျက်နှာလိုငို၊မဲ့၊ ရီ၊ ပြုံး မလုပ်နိုင်ပါဘူး။ဒါဆိုရင် ကိုခိုင့်အလောင်းက ဘာကြောင့် ဒေါသထွက်ပြ၊နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြ၊ မဲ့ပြတာတွေ လုပ်နေရတာလဲ။ကိုခိုင်ရဲ့ ဝိညာဉ်ကပဲ သူ့ခံစားချက်တွေကို ပြနေတာများလား။ဒါဆိုရင် ကိုခိုင့်အလောင်းက ဘာကြောင့်ဒေါသထွက်ပြ၊ နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြ၊မဲ့ပြတာတွေ လုပ်နေရတာလဲ။ကိုခိုင်ရဲ့ဝိညာဉ်ကပဲ သူ့ခံစားချက်တွေကိုပြနေတာများလား။ ဒီလိုပြလို့ ရော ရလို့လား။စာရေးသူ ဥာဏ်မမှီပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ်ကိုခိုင်ရဲ့ ဝိညာဉ်ကတော့ အလောင်းစင်ပေါ်ကနေဒေါသထွက်ပြ၊ ပြုံးပြ၊ မဲ့ပြပြီး …စာရေးသူနှင့်တကွ အားလုံးကို ပဟေဠိတွေပေးသွားနိုင်တာတော့ အမှန်ပါပဲ။XXXXXသေခါနီးမှာ သေနိမိတ်တွေပေးပြီး အသေဆိုးကြုံခဲ့ရတဲ့ကိုခိုင် …၊ ဝိညာဉ်ဘဝနဲ့ မျက်နှာပေါ်မှာ ဒေါသထွက်ပြ၊ပြုံးပြ၊ မဲ့ပြပြီး အားလုံးကို အံ့အားသင့်အောင်လုပ်ခဲ့တဲ့ ကိုခိုင်ဟာ …သေတဲ့နေ့ကနေ ခုနှစ်ရက်လည်တဲ့နေ့အထိ ဗြောင်းဆန်အောင် ခြောက်လှန့်နေခဲ့ပါတယ်မိဘဆွေမျိုးတွေ၊ ခင်မင်တဲ့ မိတ်ဆွေတွေအိမ်ကိုညတိုင်း သွားတယ်။ အိုးခွက်ပန်းကန်တွေ လှန်လှောတာ၊အိမ်ကို လှုပ်ယမ်းတာ။ အိပ်နေသူတွေရဲ့ စောင်တွေဆွဲ၊ခြေထောက်တွေဆွဲတာ လုပ်တယ်လို့ ကိုခိုင်ရဲ့ခြောက်တာခံရသူတွေက စာရေးသူကိုပြောပြပါတယ်စာရေးသူကိုယ်တိုင်လည်း တစ်လပြည့်ဆွမ်းကျွေးတဲ့(5.7.2014)နေ့ ညမှ ရန်ကုန်ပြန်ခဲ့တာမို့ တစ်ချို့အဖြစ်အပျက်တွေကို သိမြင်တွေ့ကြုံခဲ့ရပါတယ်။အလောင်းကို သုသာန်မှာ မီးသင်္ဂြိုဟ်ခဲ့တဲ့ သုံးရက်မြောက် ညက သမီးကြီးရဲ့အိမ်ကို ကိုခိုင် ခဲနဲ့ ပေါက်တယ်။သမီးကြီးက အိမ်ထောင်ကျပြီး ကိုခိုင်အိမ် ခေါင်းရင်းဘက်၊ဝါးလုံးတန်းခြံစည်းရိုးလေးပဲ ခြားတဲ့ အိမ်မှာနေတာပါ။သမီးကြီးက ညဦးပိုင်း အသုဘအိမ်မှာ လာနေပြီးညနက်တော့ သူ့အိမ် ပြန်သွားတယ်ည နှစ်နာရီလောက်မှာ သမီးကြီးရဲ့အိမ်ကို ခဲနှင့်ပေါက်တော့တာပဲ။ခဲက လက်သဲခွံလောက်အရွယ် ကျောက်စရစ်ခဲလေးတွေပါ။စတဲ့သဘော၊ အိမ်ထရံကို ထိရုံအသာအယာပေါက်နေတာပါ။ ခဲတစ်လုံးနဲ့ တစ်လုံး သုံးမိနစ်လောက်ပဲခြားပြီး ပေါက်နေတယ်။ စာရေးသူအပါအဝင်ဆွေမျိုးမိသားစု ဆယ်ယောက်လောက်ဟာအသံမထွက်ရဲဘဲ တိတ်တိတ်လေး ချောင်းကြည့်၊နားထောင်နေကြတယ်“ကိုခိုင်တော့ သူ့သမီးအသုဘအိမ်မှာ မရှိတဲ့အတွက်သွားနှိုးနေတာဖြစ်မယ် “လို့ပဲ ၊ တီးတိုးပြောရင်း ချွေးပြန်နေကြပါတယ်။နာရီဝက်ကျော်ကျော် ကြာပြီးမှ ခဲပေါက်တာလည်းရပ်တန့်သွားပါတယ်။ နောက်တစ်ကြိမ်ကြုံရတာကငါးရက်မြောက်နေ့မနက်(၈)နာရီလောက်မှာ ကြုံရတာပါ။ကညွတ်ကွင်းမြို့ရဲ့ ထုံးစံအတိုင်း ငါးရက်နဲ့ရက်လည်ဆွမ်းကျွေးတယ်။ သံဃာတော်ပင့်၊ဆွမ်းကပ်၊ တရားနာပြီး ဖိတ်ကြားထားတဲ့ဧည့်ပရိတ်သတ်ကို ကညွတ်ကွင်း မုန့်ဟင်းခါးနဲ့ဧည့်ခံကျွေးမွေးနေတဲ့ အချိန် …၊အိမ်ရှေ့မဏ္ဍပ်ထဲမှာ ဧည့်သည်တွေ ပြည့်ကျပ်နေတယ်။ဒါကြောင့် တစ်ချို့ ဧည့်သည်တွေကို အိမ်ပေါ်ခေါ်ပြီးဧည့်ခံရတယ်…၊ အဲဒီ အထဲမှာ အစ်မကြီးမမြလည်းပါတယ်။ မမြက အိမ်ရှေ့ပြတင်းပေါက်ကိုကျောပေးပြီး မုန့်ဟင်းခါး စားနေတာ။စားနေရင်တန်းလန်း မမြခါးကို တွန့်လိမ်နေတယ်။ပါးစပ်ကလည်း …“ဟဲ့ …ကိုခိုင်၊ ငါ့ကို မစပါနဲ့ဟယ်၊ ငါ နင့်ကိုကြောက်ပါတယ် “လို့ ပြောနေတယ်။ပြောလို့ မရဘူးနဲ့ တူပါရဲ့ ။ခါးကို ဘယ်တွန့်လိုက်၊ ညာတွန့်လိုက်လုပ်ပြီးုပြတင်းပေါက်နဲ့ ဝေးတဲ့ အတွင်းဘက်ကို တိုးသွားပါတယ်။ပြီးတော့ …“ငါ …သနားလိုက်တာ ကိုခိုင်ရယ် “လို့ ပြောပြီးကြူကြူပါအောင် ငိုတော့တာပါပဲ။စာရေးသူနဲ့ ဧည့်သည်အချို့လည်း မမြဖြစ်နေတာကိုအံ့အားသင့်ပြီး ကြည့်နေမိကြပါတယ်။ခဏနေလို့ မမြကို မေးကြည့်တော့မှ …“ကိုခိုင်ရယ်လေ၊ ခါးကို ဘယ်တို့လိုက်၊ ညာတို့လိုက်လုပ်ပြီး ကလိထိုးနေတယ်”လို့ ပြောပါတယ်။ ဒီတော့မှ ခြံထဲမှာ ကိုခိုင်ရှိနေတယ်ဆိုတာကို စဉ်းစားမိပြန်တယ်။ ကိုခိုင်ဟာ မမြကိုလူ့ဘဝရှိစဉ်ကတည်းက ချစ်ခင်ရင်းနှီမှု ရှိပါတယ်မီးဖိုချောင်ထဲဝင်၊ အိုးခွက်ပန်းကန်ရှိသမျှကို့သမံတလင်းပေါ် စီချထားခဲ့တဲ့ အိမ်ကလည်းမမြရဲ့ အိမ်ပဲ ဖြစ်ပါတယ်။(၆)ရက်မြောက်နေ့မှာ ဖြစ်ပွားတဲ့ အဖြစ်အပျက်ကလည်းထူးဆန်းတဲ့ အဖြစ်အပျက်ပါပဲ။ ဒီအဖြစ်ကလည်းနေ့ခင်းဆယ်နာရီခွဲလောက်မှာ ဖြစ်တာလို့ ပြောပါတယ်ကိုခိုင်ရဲ့ ဝိညာဉ်ရောက်သွားတဲ့အိမ်က သူ့ရဲ့ဦးလေးဖြစ်သူအိမ်ပါ။ ဦးလေးရဲ့ ဇနီး ဒေါ်တိုးက ရေတုံကင်အနီးမှာအဝတ်လျှော်နေတာပါ။ အဲဒီအချိန်မှာ တဖျပ်ဖျပ်အသံကြားလိုက်ရတယ်။ အနီးမှာလည်း ဘယ်သူမှမရှိဘူး။ ကိုခိုင်လာခြောက်ပြီဆိုတာ သိလိုက်တယ်။နေ့လည်ခင်းကြီးလည်း ဖြစ်နေတာကြောင့်ေ ဒ်ါတိုးစိတ်ထဲမှာ သိပ်မကြောက်လှဘူး။ဒါကြောင့် …“ကိုခိုင် ၊ နင့်ကို ငါ ကြောက်မယ်ထင်လို့ လာခြောက်နေတာလား၊နင်မောရုံပဲရှိမယ်၊ ငါကတော့ လုံးဝမကြောက်ဘူး “လို့ ပြောပြီးလို့ အဝတ်ကုန်းလျှော်နေတုန်းမှာပဲ“ဖတ်”ခနဲ လောက်လေးခွပစ်သံလိုလို ကြားလိုက်ရပြီး …ကျောက်စရစ်လေးတစ်လုံးက အရှိန်ပြင်းပြင်းနဲ့ဒေါ်တိုးရဲ့ ခါးကို လာမှန်ပါတယ်ဒီတော့မှ ဒေါ်တိုးလည်း“ကြောက်ပါပြီကိုခိုင်ရဲ့၊ မပစ်ပါနဲ့တော့ “လို့အော်ပြီး နီးရာ အိမ်တစ်အိမ်ကို ဝင်ပြေးသွားရပါတယ်။ဒီအကြောင်းကို ဒေါ်တိုးအသုဘအိမ်လာပြောလို့သိရတာပါ။ လောက်လေးမှန်လို့ အညိုအမဲစွဲနေတဲ့ခါးက ဒဏ်ရာကိုလည်း မြင်တွေ့ရပါတယ်။သူ့မိန်းမ မကြည်ဆိုလည်း နေ့တိုင်း အိပ်ရေးပျက်ရပါတယ်။နာရေးကိစ္စတွေကြောင့် လူပင်ပန်း၊ စိတ်ပင်ပန်းဖြစ်လို့အိပ်မက်ကျတာနဲ့ လာပြီးလှုပ်နှိုးတယ်လို့ ပြောပြပါတယ်။အကောင်အထည်တော့ မမြင်ရဘူးတဲ့။ဒီလို နေ့စဉ်နေ့တိုင်း ညစဉ်ညတိုင်း ကိုခိုင်လာခြောက်တာကို တထိတ်ထိတ် တလန့်လန့်ကြောက်ရွံ့နေကြရင်း အရေးအကြီးဆုံးနေ့လို့ယူဆထားကြတဲ့ ခုနှစ်ရက်လည်တဲ့နေ့ကိုရောက်လာပါတော့တယ်။သေပြီးတဲ့ သူတစ်ယောက်ဟာ သူ့အိမ်မှာခုနှစ်ရက် နေလို့ရတယ်။ အိမ်စောင့်နတ်၊ခြံစောင့်နတ်နှင့် အိမ်တွင်းကလည်း ခွင့်ပြုရတယ်။ခုနှစ်ရက်ပြည့်ရင်တော့ အိမ်မှာ နေခွင့်မရှိတော့ဘူး။ဆိုင်ရာပိုင်ရာတွေက သူ့ကို နှင်ထုတ်တယ်သေသူကလည်း အိမ်ကနေ အပြီးတိုင် ထွက်သွားကြရတယ်လို့ အယူအဆ အစွဲအလန်းရှိကြတယ်။တရားတော်နဲ့ ကြည့်ရင် ဒီအတွေးအယူဟာမှားယွင်းတဲ့ အယူပါ ။ အမှန်တကယ်က သတ္တဝါတစ်စုံတစ်ယောက် သေဆုံးပြီ ဆိုတာနဲ့ အချိန်အကြားအလပ်မရှိ ဘဝသစ်ကို ကူးပြောင်းကြရတယ်။ဘုရား၊ ပစ္စေကဗုဒ္ဓါနှင့် ရဟန္တာကလွဲလို့ အားလုံးဟာသုံးဆယ့်တစ်ဘုံမှာ ကျင်လည်ကြရစမြဲပါ။ဒါဆို ဘာကြောင့် ခြောက်တာ၊ လှန့်တာတွေရှိနေတွေ့နေရတာလဲလို့ မေးစရာ ရှိပါတယ်။ဒါက သေသူဟာ သူစွဲလန်းတဲ့ နေအိမ်တိုက်တာဥစ္စာပစ္စည်း၊ ဇနီးသားသမီး စသည့်တွေကြောင့်ဘဝသစ်ကို ကူးပြောင်းပြီးသော်လည်း …စွဲလန်းခဲ့တဲ့ သက်ရှိ၊ သက်မဲ့တွေအနီးမှာပဲပြန်လည်တည်မှီနေထိုင်နိုင်တဲ့ သဘောသဘာဝကြောင့်ပါ ။အချို့ဆို မကျွတ်မလွတ်ဘဲ နေအိမ်ခြံထဲမှာနှစ်ပေါင်းများစွာ နေတာ ကြားသိရပါတယ်။ဒီလို နေထိုင်ရင်းနဲ့ အသံပေး၊ အနံ့ပေး၊ ကိုယ်ထင်ပြ၊အိပ်မက်ပေးစသည်ဖြင့် သူရှိနေတဲ့အကြောင်းထင်ရှားအောင် ပြတတ်ကြပါတယ်ဒါကိုပဲ ခြောက်တယ်။ လှန့်တယ်လို့ ခေါ်ကြတာပါ။ဒီလိုခြောက်တဲ့ လှန့်တဲ့အတွက် ခုနှစ်ရက်နေခွင့်ရှိတယ်ဆိုတဲ့ အယူအဆပေါ်လာပုံရပါတယ်။ ဒါကြောင့်လည်းကိုခိုင်ရဲ့ မိသားစုဝင်အားလုံး ခုနှစ်ရက်လည်တဲ့နေ့ကိုအထူးသဖြင့် ထိတ်ထိတ်လန့်လန့် ဖြစ်နေရခြင်းပါ။တစ်ခု ထူးခြားတာက ခုနှစ်ရက်လည်တဲ့ညဟာအရင့်အရင်ညတွေ ထက်ပိုပြီးထင်ထင်ရှားရှား ခြောက်လှန့်ခြင်းပါပဲ။ညဆယ်နာရီလောက်မှ အိမ်ပေါ်ကို ကိုခိုင်တက်လာပုံ ရပါတယ်။ ခြေသံပြင်းပြင်းနဲ့လှေကားကတက်လာတဲ့အသံကို ကြားကြရတယ်။မအိပ်သေးတဲ့သူတွေက အလန့်အထိတ်နဲ့အိပ်နေသူတွေကို လှုပ်နှိုးကြတယ်။အိပ်နေတဲ့ သူတွေကလည်း အလန့်တကြားနိုးထပြီး ကြောက်ကြောက်လန့်လန့်နဲ့ ငြိမ်နေကြတယ်။ခြေသံက အားလုံးစုအိပ်နေတဲ့ ဘုရားခန်းကို ဖြတ်ပြီးနောက်ဘက်အိပ်ခန်းထဲ တန်းဝင်သွားတယ်။အကောင်အထည် မမြင်ရပေမယ့် သွားလာလှုပ်ရှားနေတဲ့ အရိပ်တစ်ခုကို လူအားလုံးတွေ့ရပါတယ်ပြီးတော့ အိပ်ခန်းကနေ မီးဖိုခန်းကူးသွားပုံရပါတယ်အိုးတွေ ဖွင့်သံ၊ ပိတ်သံ၊ ပန်းကန်တွေ ဆွဲယူသံစတဲ့ အသံတွေ ကြားရပါတယ်။ခြေသံကလည်း တရှပ်ရှပ်နဲ့ပါပဲ ။ ဒီကြားထဲတစ်စုံတစ်ယောက်ကို ဒေါသထွက်နေပုံရပါတယ်မကြာခဏဆိုသလို ‘တောက်”ခတ်တဲ့အသံကြီးကိုလည်းကြားနေရပါတယ်။ တော်တော်လေးကြာတော့နောက်ဘက် အိပ်ခန်းထဲက “ကလစ်”ဆိုတဲ့အသံကို ကြားရတယ်။အိပ်ခန်းထဲမှာ သူကိုင်နေကျ လေသေနတ်တစ်လက်ရှိပါတယ်“ကလစ်”ဆိုတဲ့ အသံက လေသေနတ်မောင်း တင်လိုက်တဲ့အသံမှန်း အားလုံးသိကြတယ်ခဏနေတော့ “ဖန်း”ခနဲ လေသေနတ်မောင်းဖြုတ်လိုက်တဲ့အသံကို ကြားလိုက်ကြရတယ်ခဲကျည်ဆံပါပုံတော့ မရပါဘူး။ ဘာကြောင့်လည်းဆိုတော့တစ်နေရာရာကို ထိမှန်တဲ့အသံ မကြားရလို့ပါ ။သန်းခေါင်ကျော် ည တစ်နာရီလောက်ထိ အိမ်ပေါ်မှာအခန်းတွေကူးပြီး တရှပ်ရှပ် သွားလာနေပါတယ်ခြေသံနဲ့ အတူ ရိပ်ခနဲ ရိပ်ခနဲ ဝဲသွားတဲ့အရိပ်လိုအရာကိုလည်း မြင်တွေ့ကြရပါတယ်တစ်အိမ်လုံးကို ဗြောင်းဆန်အောင် စိတ်တိုင်းကျသွားတာလှုပ်ရှားပြီးမှ …ခြေသံပြင်းပြင်းနဲ့ အိမ်အောက်ကို ဆင်းသွားတယ်အိမ်ထဲဆင်းပြီး ခြံထဲကို လှည့်ပတ်နေပုံပါ။အိမ်အောက်မှာ မွေးထားတဲ့ မန်ဒါလီဘဲတွေတရှီးရှီးအော်ကြ၊ လန့် ပြေးကြတဲ့ အသံတွေကိုအိမ်ပေါ်က ကြားနေရပါတယ်တော်တော်လေး ကြာတော့ မြောက်ဘက်လမ်းမကြီးအတိုင်း ခွေးဟောင်သံ၊ အူသံတွေကို ဆူဆူညံညံကြားရတယ်။ဒီတော့မှ ကိုခိုင်တစ်ယောက် မြောက်ဘက်အစွန်မှာနေတဲ့သူ့မိဘ၊ ဆွေမျိုးအိမ်သွားပြီးဆိုတာ သိကြရပါတယ်နောက်နေ့ မနက်ကျတော့ …မြောက်ပိုင်းက ဆွေမျိုးတွေ အိမ်မှာလည်းကိုခိုင်တစ်ညလုံး ဗြောင်းဆန်အောင် သောင်းကျန်းတဲ့အကြောင်း …မနက်မိုးလင်းခါနီးမှ ငြိမ်သွားတဲ့အကြောင်းကြားရပါတယ် ။ကိုခိုင်ဟာ သေလွန်ပြီး နှစ်ပတ်လောက်အထိမိသားစုတွေနှင့် ဆွေမျိုးမိဘ၊ မိတ်ဆွေတွေအိမ်ကို သွားလာပြီး ခြောက်လှန့် နေပါသေးတယ်။အဲဒီနောက်မှာတော့ အသံပေးတာ ခြောက်တာ၊လှန့်တာ။ ဘာတစ်ခုမှ မပြုတော့ပါဘူး၊သူ့အတွက် ရည်စူးပြီး ပြုလုပ်တဲ့ ကောင်းမှုကုသိုလ်တွေရဲ့ အဖို့ ဘာဂကို သာဓုခေါ်ပြီးခြောက်လှန့်နေတဲ့ တစ္ဆေ သရဲဘဝက ကျွတ်လွတ်၊မြင့်မြတ်ရာ ဘုံဘဝကို ရောက်သွားတာလား…၊ဒါမှမဟုတ်…အခြားတစ်နေရာရာကိုများ သွားလာနေလို့လား …ဒီလိုမှ မဟုတ်ရင်လည်း …ရောက်ရာဘဝမှာပျော်တတ်တဲ့ သတ္တဝါတွေရဲ့ သဘာဝအတိုင်းဘဝသစ်မှာ ပျော်ပြီး ဘဝဟောင်းကို မေ့သွားလို့လားဆိုတာတော့ …ကိုခိုင်ကလွဲပြီး ဘယ်သူမှ သိနိုင်မှာမဟုတ်ပါဘူး။ပြီးပါပြီမူရင်းရေးသူ ဆရာ မောင်မှိုင်းညို့ (ချောင်းဦး)စာဖတ်သူကို ကူးယူဝေမျှသူ လက်ခစာဖတ်သူများ စိတ်ရွှင်လန်းပါစေ
Tags
About Computer Hardware & Software Sharing
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.