မိအေးပုံ အိမ်ပြန်လမ်း(စ/ဆုံး)
———————-
သီတင်းကျွတ်ကျောင်းပိတ်ရက်နီးလို့
လာပါသည်။လမ်းဘေးတဖက်တချက်ရှိ
စပါးခင်းများက၊မိအေးပုံ ကျပုမ၏၊
နှစ်ရပ်စာလောက်မြင့်နေပါပြီ။
လေတိုက်တိုင်း၊ရှဲရှဲမြည်တဲ့လေတိုးသံကြားပြီး၊စပါးခင်းများအပေါ်
လှိုင်းလုံးကြီးများရွေ့လျှားသလို၊
ဖြတ်သမ်းသွားသည်ကို၊တခါတရံ
အထက်စီးကကြည့်မိတိုင်းတွေ့မြင်ရသည်။ပီတိဖြစ်ဖွယ်ရာပါ။
တခါတော့၊မိအေးပုံရဲ့ခမောက်ကလေး
လေထဲသို့လွင့်ပါသွားသည်။ဘယ်နေရာ
ကျသညမလည်းမသိ။အဖိုးလိုက်ပြီး
ရှာပေးသော်လည်းမတွေ့တော့။
မိအေးပုံအများကြီးငိုခဲ့ရသည်။
အဖိုးကအသစ်တရှပ်အစားဝယ်ပေး
သော်လည်း၊မိအေးပုံက၊ခမောက်
အဟောင်းကလေးလောက်လှတယ်လို့မထင်ခဲ့ပါ။
ပြောပြချင်ပါသေးသည်။
မိအေးပုံ အသက်ခြောက်နှစ်ပြည့်တော့မည်။
သည်အချိန်မှကျောင်းအပ်ရပါမည်။
မိအေးပုံတို့သာလိကာရွာတွင်မူလတန်းကျောင်းမရှိသေးပါ။
ရွာသေးပြီးကျောင်းသားအရေအတွက်မပြည့်လို့ကျောင်းချမပေးတာလို့ပြောပါသည်။
ရွာသေးတော့လည်း၊ကျောင်းတက်ချင်လှတဲ့မိအေးပုံ၊အရွယ်ရောက်အောင်
စောင့်ရသည်။
အသက်ငါးနှစ်တွင်ကျောင်းအပ်ခွင့်ရှိ
သော်လည်း၊မိအေးပုံအသက်ခြောက်နှစ်ရှိပြီ၊ကျောင်းအပ်ရပါသည်။
အဖိုးကပြောပြသည်။မြန်မာဘုရင်များလက်ထက်မှသည်၊ခေတ်အဆက်ဆက်၊စစ်တွေဘဲဖြစ်နေတော့၊တိုးတက်ရေးလမ်းစဖြစ်တဲ့၊ပညာကို
လူအများစုမသင်ယူရဖူးတဲ့။
ရွာတရွာမှာစာတတ်သူလိုက်ရှာယင်
ရွာဦးကျောင်းကဘုန်းတော်ကြီးတပါးဘဲရှိခဲ့တယ်တဲ့။
အတော်ဒုက္ခပေးသောစစ်ပါလား။
လွတ်လပ်ရေးရပြီးတော့၊
ပြည်သူ တွေစာသင်ယူ ဖို့လူထုပညာရေး စနစ်ပေါ်လာတော့လည်း၊စာအုပ်တွေရှိ
ပေမဲ့သင်ပေးမဲ့ဆရာရှာမရလို့၊ဘုန်တော်
ကြီးတွေကဘဲ သင်ပေးပါတယ်။
တချိုမြန်မာစာတတ်ပြီး၊သခ်ျာပညာမတတ်ကြဖူး၊အဂ်လိပ်ဘာသာကတော့ဝေးခဲ့ပါတယ်။
ရုံးစာတွေဖတ်ပေးမဲ့လူမရှိလို့၊တရွာလုံး
ပတ်ပြီးစာဖတ်ပေးမဲ့သူရှာခဲ့ရတယ်၊
ဟုတ်သလားမဟုတ်သလားမသိ၊စာဖတ်ပြတဲ့သူပြောသမျှ၊ခေါင်းညိမ့်ခဲ့ရပါတယ်။
အဖိုးတို့စာမတတ်ခဲ့လို့၊အောက်ကျခဲ့တယ်။
သမီးစာတတ်အောင်ကြိုးစားပါတဲ့၊
အဖိုးကပြောတယ်။
ပြီးတော့စာမတတ်တဲ့တို့ရွာသားတွေရှိ
နေယင်လဲသမီးလေးကစာတတ်အောင်သင်ပေးပါတဲ့။
*********
အခုတော့ မိအေးပုံ ကျောင်းတက်ခွင့်ရပါပြီ။
သာလိကာရွာမှာအစိုးရမူလတန်းကျောင်းမရှိလို့၊တစ်မိုင်ခွဲဝေးတဲ့၊ကွေ့ချောင်းရွာမှာ၊ကျောင်းသွားပြီးတက်ရသည်။
အဖိုးကလွယ်အိပ်ကိုလွယ်ပြီး၊ကျောင်းသွားကျောင်းကြိုအလုပ်ကိုမှန်မှန်လုပ်
ပေးသည်။
မိုးရွာသောနေများတွင်အဖိုးက၊ပခုံးပေါ်ထမ်းပြီးကျောင်းပို့ပေသည်။
နေရက်တော်တော်များများတွင်၊မိအေးပုံ
ကိုယ်တိုင်လမ်းလျှောက်ပြီးသွားရသည်။
မိအေးပုံခြေတောက်တွင်၊ထိကရုန်းဆူး
များခြစ်မိသဖြင့်ပေါက်ပြဲခါ၊အနာစက်
များပင်ဖြစ်လို့လာသည်။
အဖိုးကမိအေးပုံအားသနားလို့ထင်ပါတယ်၊
ကွေ့့ချောင်းရွာကအဖိုးအဖွားတို့အိမ်တွင်
ညအိပ်ခိုင်းသဖြင့်၊မိအေးပုံနေ့တိုင်းအိမ်
ပြန်စရာမလိုတော့ပါ။
မိအေးဘုံ ထိုအရွယ်က၊အဖိုးနှင့်ခွဲပြီးမနေချင်ခဲ့ပေမဲ့နေခဲ့ရပါသည်။
အဖိုးကတော့နေ့စဉ်ကျောင်းပို့ကျောင်း
ကြိုအလုပ်အား၊ရွာမှလာရောက်လုပ်ပေးပါသည်။
မိအေးပုံလေးတန်းအောင်သည်အထိပါ။
အစိုးရမူလတန်းကျောင်းဆိုသော်လည်း၊
သီးခြားကျောင်းတစ်ဆောင်အဖြစ်မတည်ရှိခဲ့သေးပါ။ဘုန်တော်ကြီးကျောင်း
ဇရပ်နှင့်ဓမ္မာရုံအားဘုန်းဘုန်းကြီးကခွင်ု့ပြုပေးထားသဖြင့်စာသင်ခွင့်ရခဲ့ခြင်းဖြစ်
ပါသည်။
ကျောင်းသားကျောင်းသူသုံးဆယ်လောက်အားဆရာတစ်ယောက်ထည်းလှည့်
ပတ်ပြီးသင်နေခဲ့ရပါသည်။
ကျောက်သင်ပုန်းကြီးများက၊
ပျဉ်ချပ်ကြီးများအားဆေးသုတ်ထားသည်။အချို့လည်းမညီညာသော၊သွတ်ပြားပေါ်တွင်ဆေးနက်သုတ်ပြီး၊သင်ပုန်း
လုပ်ထားပါသည်။လူတိုင်းမှာ
ဖတ်စာအုပ်မယ်မယ်ရရမရှိပါ။
ထိုသင်ပုန်းပေါ်တွင်ဆရာများကမြေဖြူ
နှင့်ကူးရေးပေးထားသည်ကို၊စုပေါင်း
ပြီးစာဖတ်ကြရသည်။
ပညာကိုတကယ်လိုချင်သူတို့သာပညာတတ်သောခေတ်ဖြစ်ပါသည်။စတုတ္ထတန်းမှပင်အစိုးရစစ်ဖြစ်ပါသည်။
ငါးတန်းမှရှစ်တန်းအထိ၊သုံးမိုင်ကျော်ဝေးသောအလယ်တန်းကျောင်းသို့လမ်း
လျှောက်ပြီး၊ကျောင်းတက်ခဲ့ရသည်။
ကန်စင်းရိုးလမ်းမကြီးပေါ်၊သူငယ်ချင်း
များအပြေးတပိုင်းသွားရောက်ကျောင်းတက်ခဲ့ရသည်မှာပျော်တော့ပျော်စရာပါ။
စပါးခင်းပေါ်တွင်လေအဝှေ့လိမ့်လူးနေသောစပါးပင်လှိုင်းလုံးများမှာမြင်ရသူတို့ရင်သပ်ရှုမောစရာပါ။
သည်အရွယ်အထိကျောင်းထားနိုင်သူ၊သည်အဆင့်ထိရောက်လာသူပင်အတော်
နည်းပါသည်။
တရွာတွင်နှစ်ယောက်သုံးယောက်မျှသာပါ။
ထိုမှကျော်ပြီးအထက်တန်းရောက်သူ
တက္ကသိုလ်ရောက်သူအတော်ပင်ရှားပါသည်။
ရှစ်တန်းအစိုးရစစ်အောင်တော့၊မိအေးပုံ
အထက်တန်းကျောင်းသို့ပြောင်းပြီးတက်ရသည်။အလွန်စိတ်တိုတတ်သောဘကြီးအိမ်တွင်နေရသည်။
မြို့လယ်ခေါင်တွင်နေပြီးလျပ်စစ်မီးမသွယ်ထားပါ။
ရေနံဆီတစ်ပုလင်းတစ်ကျပ်ဖြင့်ဝယ်ပြီး၊
ရေနံဆီမီးအိမ်ဖြင့်စာဖတ်ခဲ့ရပါသည်။
ဘကြီးနှင့်ကြီးတော်ကြီးတို့မှာသားထောက်သမီးခဖံမရှိသဖြင့်ကျောင်းဆင်းချိန်တွင်သူတို့၊အလုပ်အားဝိုင်းကူလုပ်ပေးရသည်။
သူတို့အလုပ်မှာကောင်းညှင်းထုပ်လုပ်ငန်းဖြစ်သည်။ကြိတ်ထိုး၍စပါးခွဲခြင်း၊မောင်းထောင်းဆံဖွတ်လုပ်ငန်းများဖြစ်ပါသည်။
သို့သော်လည်းကံကောင်းသည့်မိအေးပုံ၊
ဆယ်တန်းအစိုးရစစ်နှစ်ချင်းပေါက်အောင်ခဲ့သည်။
သည်သတင်းအားအရင်ဦးဆုံးအဖိုးထံ
ပြေးပြီးပြောပြတော့၊မြေးအဖိုးနှစ်ယောက်၊ပျော်လိုက်ကြတာ။အဖိုးကပြောသည်၊
တို့ရွာကကလေးတွေစာတတ်တော့မယ်တဲ့။
ဆရာဖြစ်သင်တန်းတက်တော့၊ပြည်မြို့
တွင်တက်ခဲ့ရသည်။ ကျောင်းစိမ်းထမိန်
လေးနှင့်ဆရာမဝတ်စုံကိုဝတ်ပြီး၊အဖိုး
ရှေ့တွင်အရင်ဆုံးလမ်းလျှောက်ပြီး၊
ပြချင်ပေမဲ့၊မိအေးပုံဆရာမဖြစ်သည်အထိ၊အဖိုးကအသက်မရှည်တော့၊
ဆရာမအဖြစ်ခန့်စာကြီးအားကိုင်ပြီး၊
မိအေးပုံ ငိုခဲ့ရပါသေးသည်။
သည်လိုပါဘဲ၊
မိအေးပုံငယ်ငယ်ကတက်ခဲ့တဲ့ကျောင်း
မှာဆရာမပြန်လုပ်ခဲ့ရပါတယ်။
အခုတော့ကျောင်းဆရာ၊သုံးယောက်
တောင်ခန့်ထားပါပြီ။
မိအေးဘုံတို့ငယ်ငယ်တုံးကလို၊သင်ပုန်း
လေးငါးချပ်ရှေ့၊ဆရာတစ်ယောက်
ထည်း၊ချာလပတ်လယ်အောင်သင်ပေး
ရတဲ့အခါမျိုးမဟုတ်လို့၊တော်ပါသေးသည်။ဖတ်စာအုပ်များလည်း၊ပြည့်စုံ
အောင်၊ရှိလာပါပြီ။
ကိုယ်ထက်ကြီးသောဆရာဆရာကြီး
ဆရာမကြီးများပါရှိနေလေတော့၊တာဝန်ပေါ့ပါသည်။
ကိုယ်တိုင်မူအုပ်ဖြစ်လာတော့၊တာဝန်က
မချောင်တော့ပါ။
ကျေးရွာများတွင်၊မူအုပ်ဘဝဖြေရှင်းပေးရတဲ့ပြသ၁နာကများပါဘိ။
. ဆရာမကြီး ဝင်နိုင် နှင့်ဝင်းကြိုင်
ညီအကိုနှစ်ယောက်၊ကျောင်းပြေးပြီး၊
မကျည်းပင်ပေါ်တက်ပြီး၊ဆားတထုပ်နှင့်မကျည်းသီးတွေခူးစားနေကြတယ်။ ဒါမျို ုးကရိုးလှပေါ့။
ဆရာမကြီး ကျောင်းရှေ့မှာ ထွေးခင် နှင်ညိုလှတို့ တစ်ယောက်ဆံပင်တစ်ယောက်ဆွဲ
ပြီး နပန်းလုံးနေကြတယ်။
ဆရာမဘဝသည်လိုကိစ္စများကအသေးအမွှားပါ။
နောက်ထပ်
သည်လိုကိစ္စမျိုးပေါ်လာယင်ဖြင့်၊မိဘ
များပါခေါ်ရပါပြီ။
ဆရာမကြီးမြမောင်ကိုကြင်သိန်းက ဒါးနှင့်ထိုးမလို့တဲ့အိမ်ကဒါးယူလာတယ်။
သည်ထက်မက ကျေးရွာလူကြီးတွေပါခေါ်
ပြီး အပြေးတပိုင်းဆောင်ရွက်ရတဲ့ ကိစ္စမျိုးတွေလည်းရှိပါသေးသည်။
သိန်းမောင်တို့တစ်စု ကျောင်းပြေးပြီး
ချောင်းထဲ ရေသွားကူနေပါတယ် ဆရာမကြီး။
မတော်ရေနစ်ယင်အခက်၊အပြေးတပိုင်းသွားရသည်။
နောက်တစ်မျိုးက၊ကလေးပညာကလေးလုံးကွဲအောင်မတတ်သေး။အရွယ်ရောက်ထာနဲ့ကျောင်းထုတ်ပြီး၊အလုပ်ခိုင်းချင်တဲ့ကိစ္စ။
ကလေးကိုမပြောရ၊မိဘများအားအ
တော်ပင်ဖြောင်းဖျယူရသည်။
ပွင့်သောပန်းတိုင်းအား၊လှစေလိုသူ
မဟုတ်ပေလား။
နောက်တစ်မျိုးက၊ကလေးကစာတော်သည်။မိဘကကျောင်းထားနိုင်စွမ်းရှိပါရဲ့။
သေစာရှင်စာတတ်ယင်တော်ပါပြီဆိုတဲ့ကိစ္စအတွက်၊ပြောရခက်သောမိဘများအားအတော်ရှင်းပြပြီး၊ကျောင်းဆက်ပြီးထားခိုင်းရသည်။အခုတော့သူတို့သား
သမီးများက၊အရာရှိအရာခံတွေဖြစ်သွားကြပြီဘဲ။
ပြောရကျိုးနပ်ပါပေတယ်။
သည်လိုဘာဘဲပညာရေးဌာနလက်
အောက်မှာနေပြီး၊ပညာရေးအလုပ်တွေလုပ်ပေးရတာမို့၊
ဒေါ်အေးပုံပင်ပမ်းလှတယ်လို့မတွေးခဲ့ပါဖူး။
ဒါပေမဲ့ကျောင်းလခတစ်မျိုးထည်းစားရ
ပြီး၊ကျောင်းနှင့်မဆိုင်တဲ့ဌာနတွေရဲ့အလုပ်တွေလုပ်ပေးရတာကိုတော့၊မှန်တာ
ပြောရယင်၊မိအေးပုံ မပျော်ခဲ့ပါဖူး။
အရိုးခံပရဟိတအလုပ်ဆိုရင်တော့
လုပ်ပေးဖို့ဝန်မလေးပါဖူး။
လမ်းပြင်မယ်၊ကထိန်ပွဲလှည့်မယ်ဆိုတာမျိုးပေါ့။
တခါတရံလည်း၊ကျေးရွာအလုပ်တွေ၊ကူညီလုပ်ကိုင်ပေးရတာလည်းရှိပါတယ်။
စာရေးစာချီရုံးကိစ္စများအား၊
မလုပ်တတ်လို့၊စာမစီတတ်လို့အကူအညီ
တောင်းခဲ့ရင်တော့၊လုပ်ပေးခဲ့ပါတယ်။
အခုတော့၊သည်ကျောင်းမှထွက်ပြီး၊
တရပ်တရွာတွင်သွားရောက်အလုပ်လုပ်ကိုင်နေသည့်ဝန်ထမ်းများလည်းများပါ
ပြီ။
မိမိသာဤကျောင်းပေါ်မှမရွေ့။သွေးထားသောဓားများသာတန်ဖိုးတက်လာသော်လည်း၊
ဓားသွေးကျောက်ကြီးမှာ၊သည်အတိုင်းထီးထီး ရှိနေသည်။
ဘယ်လိုပင်တွယ်တာမှုရှိလှပါသော်လည်း၊အခုတော့သည်ကျောင်းနှင့်ကျောင်း
သားကျောင်းသူများထားခဲ့ရတော့မည်။
မနက်လင်းလျှင်အခန်းအနားပွဲဖြင့်နှတ်
ဆက်ကြတော့မည်။
ညကတစ်ညလုံးအိပ်လို့မပျော်ပါ။
မနက်လင်းတော့၊သယ်ယူနေကျ၊
ကျောင်းလွယ်အိပ်ကလေးအားစက်ဘီး
ကလေးပေါ်မှ၊အသာချထားစဉ်၊
မျက်ရည်များတောက်တောက်နှင့်ကျ
လာသည်။ပါးစပ်မှလည်း၊ရောက်တတ်
ရာရာများပြောနေမိ၏။
ကျောင်းသုံးပစ္စည်းများနှင့်ထမင်းဗူး
ကလေးများအား၊ဝမ်းနည်းစွာအနား
ပေးလိုက်ပြီ။
တွန့်ကျေနေလို့၊ညထဲကမီးပူတိုက်ထားတဲ့၊ကျောင်းဝတ်စုံလေးအားလဲပြီး၊
စက်ဘီးကလေးစီးခါ၊ပညာရေး
လမ်းအစမှဆုံးခန်းတိုင်၊မိမိနှင့်မကင်း
ကွာခဲ့သော၊ကျောင်းကလေးအား၊
နှတ်ဆက်ရန်ထွက်ခွာခဲ့ပါသည်။
သက်ပြည့်ပင်စင်…တဲ့။
နှတ်ဆက်ပွဲ ကျင်းပပေးပါသည်။
ခန်းမကြီးတစ်ခုလုံး၊လူတွေပြည့်နေပါသည်။ မိမိအားကြည့်နေကြပါလျက်၊
အားလုံးတိတ်ဆိတ်နေပါ၏။
အချို့ကလေးများ၊ကြိတ်ပြီးငိုနေကြသည်။ မိမိလည်းဝဲနေသောမျက်ရည်များ
ကြောင့်သူတို့မျက်နှာများအားစေ့စေ့
မကြည့်ရဲပါ။တော်တော်ကြာသူတို့လိုဘဲ
ငိုမိပါလိမ့်မည်။
အခန်းအနားမှာဘယ်သူတွေဘာပြောသွားမှန်းမသိ။ မိမိလည်းဘာပြောခဲ့မှန်းမသိ။
တခန်းလုံးတိတ်ဆိတ်ပြီး၊တပည့်လေးတချို့မျက်ရည်သုတ်နေကြသည်။အခန်းအနားတက်လာသူအားလုံးမျက်နှာများ
မကောင်းကြပါ။
ထိုအချိန်တွင်ရွာထဲမှ၊အိုးစည်ဝိုင်းလှည့်လာသံကိုကြားရ၏။သံချပ်တွေထိုး၊
တေးချင်းတွေဆိုကြလို့၊အလှူခံတွေလားမသိ။
ကျောင်းနားရောက်တော့မှအလှူခံမဟုတ်ပါ။
ဆရာမကြီးဒေါ်အေးပုံကိုအိမ်ပြန်ပို့မယ့်၊
တပည့်ဟောင်းတွေတဲ့။
ကသူက က ဆိုသူက ဆို၊
ဆရာမကြီး၏ ဝမ်းနည်းမှုကို၊ဖြိုခွင်းပေးမဲ့အသံတွေ၊
သူတို့အပျော်ကြောင့်၊တဒဂ်တော့၊
မိမိ၏ ဝမ်းနည်းမှုအား၊ဒေါ်အေးပုံ မေ့သွားခဲ့ပါသည်။
ပန်းခက်တွေအပြည့်ဆင်ထားတဲ့နွားလှည်းယာဉ်ပေါ်၊ဆရာမကြီးအားတင်ပြီး၊လူတန်းကြီးစီလို့၊ဆရာမကြီးအားသူ့မရဲရွာအရောက်လိုက်ပို့ကြသည်။လမ်းတ
လျှောက်တွင်၊ကသူက၊
ခုန်သူခုံပျော်ရွှင်နေပုံများဖြင့်၊သူတို့မိခင်
ဆရာမကြီအားဂုဏ်ပြုကြသည်။
အားတက်စရာမြင်ကွင်းတစ်ခုတော့ဖြစ်ခဲ့ပါသည်။
အိမ်ရောက်တော့၊ဒေါ်အေးပုံလည်းအားရဝမ်းသာအိမ်တွင်ရှိသမျှမုံ့များအား၊
တပည့်များအားချလို့ကြွေးသည်။
ပလုပ်ပလောင်းစားနေကြသည်မှာ၊ဝမ်းသာစရာပါ။တပည့်ဟောင်း၊
သူတို့ကလေးများကလည်း၊ထိုင်ပြီးကန်တော့၊ကြသည်။
ညနေစောင်းတော့၊လက်ပြနုတ်ဆက်
ပြီး၊တပည့်တွေပြန်သွားကြတော့သည်။
ထိုအချိန် တစ်ယာက်ထည်းကျန်ခဲ့သူ၊ဒေါ်အေးပုံရင်ထဲမှာ၊ဟာတာတာ။လိုအပ်ချက်အား၊သိရှိပေမဲ့ဖြည့်ပေးလို့မရခဲ့ပါ။
တညလုံးအိပ်လို့မပျော်ခဲ့။
အတွေးထဲမှာတော့၊
မနက်ဖြန်…ငါဘယ်ကျောင်းကိုသွားရမလဲ…၊ငါဘာလုပ်ရမလဲ။
ဘယ်ကလေးတွေကိုစာသင်ရမလဲ…။
နံနက်လင်းနေမှန်းသိတာတောင်၊အိပ်ယာထဲကနေမထချင်တော့။ ဆက်ပြီးလှဲနေလိုက်သည်။
မနက်စောစောကလည်းဘုရားဝတ်မတက်ဖြစ်။
နေ့စဉ်လောင်းနေကျတန်းဆွမ်းများလည်း၊
အိမ်ရှေ့မှ ကျော်ပြီးသွားပါပြီ။
ထိုအချိန်မနက်စောစော၊တခါးခေါက်သံ
ကြားလို့သာ၊အိပ်ယာမှ ထခဲ့ရတယ်၊တကယ်တော့မထချင်။
တခါးအပြင်ကဘယ်သူလည်း…။
ဟာ…မောင်သာလိ..တို့ လင်မယား၊မောင်သာလိ က
ကျောင်းခုံကြီးကိုထမ်းလို့ပါလား။
သားနှစ်ယောက်အားလက်တွေဆွဲလာ
ကြသည်။
ဘွားအေးပုံ ထံ ကျောင်းအပ်မလို့တဲ့…။
ဝမ်းသာလိုက်တာ၊မောင်သာလိရယ်။
သိတတ်လိုက်တာမောင်သာလိရယ်၊
ဘွားအေးပုံဘယ်လိုပြောရမလဲ…မသိ။
စိတ်တွင်းက၊ဖြေဖျောက်ဖို့ခက်လွန်း
သောဝေဒနာအား၊ဆေးကုပေးလိုက်သလိုခံစားခဲ့ရသည်။
အခုတော့ ဘွားအေးပုံ စာသင်ဖို့ကျောင်းနှင့်ကျောင်းမှာ
ကျောင်းသားများလက်ခံရရှိပါပြီ။
နောက်ထပ်ပညာရေးလိုအပ်ချက်များ
ရှိနေသောကလေးများအား၊ခေါ်ယူ၍
ပညာသင်ပေးမယ်ဆိုပါလျှင်၊
မိမိအတွက်ကွက်လပ်ဖြစ်နေသောဘဝကလေး၊စိုပြေလာမည်။
ကလေးနှစ်ယောက်၏လက်ကိုဆွဲပြီး
ဘွားအေးပုံစာသင်ခန်းထဲသို့တဖန်ပြန်ပြီးဝင်သွားရပါတော့သည်။
ဘွားအေးပုံ၏၊
တွန့်လိပ်စပြုနေပြီဖြစ်သော၊
ပါးပြင်ပေါ်တွင်အပြုံးမျက်ရည်များ
စီးကျလျက်ရှိနေပါတော့သည်။
အေးမြသော၊မျက်ရည်စက်များပါ။
(ကျွန်တော်လိုမိမိ၏တပည့်များအပေါ်တွင်
သံယောဇဉ်ထားတတ်သောဆရာ၊ဆရာမကြီး
များအား၊ဂုဏ်ယူလေးစားစွာဖြင့်။)
မောင်သာလိ
၂.၁.၂၄