မိုးရွာပြီးနောက် နေရောင်(စ/ဆုံး)

 မိုးရွာပြီးနောက် နေရောင်(စ/ဆုံး)

————

နွယ် မိုးရွာတဲ့ညတွေကို မုန်းတယ်။

အိမ်ခေါင်မိုးပေါက်ကနေ ရေစက်တွေကျလာတဲ့အသံက

သူ့ရဲ့ အိပ်မက်တွေကို တစ်ကြိမ်တည်း နိုးထစေတတ်တယ်။

ညသန်းခေါင်မှာ

မေမေက ပုံးတစ်ပုံးကိုရွှေ့

နွယ်က ခွက်တစ်လုံးကို ထပ်ချ

အိမ်လေးထဲမှာ လူနှစ်ယောက်ပဲရှိပေမယ့်

အသံတွေတော့ မိုးလို ပြည့်နေခဲ့တယ်။

ဒီလိုမိုးညတွေကုန်ဆုံးဖို့နွယ်အမြဲဆုတောင်းနေခဲ့ရတယ်။

ဖခင်ဆုံးသွားပြီးနောက်

အိမ်ဆိုတာက နားရမယ့်နေရာ မဟုတ်တော့ဘူး

အသက်ရှင်ဖို့ သင်ကြားပေးတဲ့ နေရာဖြစ်လာခဲ့တယ်။

————-

တစ်နေ့ နွယ် မေးလိုက်တယ်—

“မေမေ… သမီးတို့ ဘာလို့ ဆင်းရဲနေရတာလဲ”

မေမေ ခဏတိတ်နေပြီးမှ ပြောတယ်—

“ဆင်းရဲတာက အပြစ်မဟုတ်ဘူး

မကြိုးစားဘူးဆိုရင်ပဲ အပြစ်ဖြစ်တာ”

အဲ့ဒီစကားလေးတစ်ခွန်းက

နွယ်ရဲ့ ကလေးစိတ်ထဲမှာ

မိုးရွာသံထက်တောင် ပိုအောင် ကြီးစွာ ထိုးဝင်သွားခဲ့တယ်။

———-

နွယ်ရဲ့ ကျောင်းအိတ်က ဟောင်းနေပြီ

ဖိနပ်က အပေါက်ပါတာကို ချုပ်ချယ်ထားရတယ်။

သူငယ်ချင်းတချို့က လှောင်ကြတယ်

နွယ်ကတော့ ပြန်မပြောခဲ့ပါဘူး

စာအုပ်ကို ပိုဖတ်တယ်

အနာဂတ်ကို ပိုစဉ်းစားတယ်။

အိပ်မက်ဆိုတာ

ငွေရှိမှ မဟုတ်ဘူး

ယုံကြည်မှုရှိရင် စနိုင်တယ်ဆိုတာ

နွယ် သိလာခဲ့တယ်။

———-

ဆယ်တန်းနှစ်က

နွယ်အတွက် အခက်ဆုံးနှစ်ပဲ။

နေ့ဘက် ကျောင်း

ညဘက် ထမင်းဟင်းရောင်း

ညနက်မှ စာဖတ်…

စာမရရင်

ဆင်းရဲခြင်းကနေ မလွတ်နိုင်ဘူးဆိုတာ

နွယ် သိလွန်းလို့ပဲ။

အောင်စာရင်းထွက်တဲ့နေ့

နွယ် မျက်ရည်ကျခဲ့တယ်

ပျော်လို့ မဟုတ်ဘူး

မေမေအတွက် အားနာလို့။

ဂုဏ်ထူးတွေမပါပဲရိုးရိုးသာအောင်ခဲ့ရလို့မေမေ့ပေါ်နွယ်သိပ်အားနာတာပဲမေမေရယ်……

———

တက္ကသိုလ်တက်ရင်း

နွယ် အလုပ်လုပ်ခဲ့တယ်။

ပင်ပန်းတယ်

ဒါပေမယ့် မညည်းဘူး။

အလုပ်နဲ့ စာကြားမှာ

နွယ့်ဘဝက အမြဲပြေးနေခဲ့တယ်

အနားယူချိန်ဆိုတာ

အိပ်ချိန်ပဲ ဖြစ်ခဲ့တယ်။

———–

နွယ် Online Shop လေး စခဲ့တယ်။

မေမေရဲ့ စုထားတဲ့ ငွေတွေ

အိပ်မက်ထဲ ထည့်လိုက်သလို ဖြစ်ခဲ့တယ်။

ဒါပေမယ့်

လိမ်လည်မှု

အတွေ့အကြုံမရှိမှု

အယုံအကြည်လွယ်မှု…

အားလုံးပေါင်းပြီး

လုပ်ငန်းပိတ်ရတဲ့နေ့ ရောက်လာခဲ့တယ်။

————

အဲ့ဒီညမှာ

နွယ် ပထမဆုံးအကြိမ်

မေမေရဲ့ရှေ့မှာ ငိုခဲ့တယ်။

“မေမေ… သမီး မအောင်မြင်ဘူး”

မေမေ ဘာမှမပြောဘူး

တိတ်တိတ်လေး ဖက်ထားခဲ့တယ်။

အဲ့ဒီဖက်ထားမှုက

နွယ့်ကိုပြန်ထရအောင် လုပ်ခဲ့တယ်။

အမှားတွေအပေါ်မှာနွယ်အတွေ့အကြုံနဲ့သင်ခန်းစာတွေယူခဲ့တယ်။

————

ဒီတစ်ခါ

နွယ် မအလျင်လိုတော့ဘူး။

အလုပ်ဝင်ခဲ့တယ်

အတွေ့အကြုံယူခဲ့တယ်

ကိုယ့်အမှားတွေကို စာရင်းလုပ်ခဲ့တယ်။

ငွေထက်

ပညာကို အရင်ရင်းနှီးမြှုပ်နှံခဲ့တယ်။

————

နှစ်တွေကြာလာတော့

နွယ့်ရဲ့ လုပ်ငန်းက

တဖြည်းဖြည်း လူသိများလာခဲ့တယ်။

အလှူအတန်းနဲ့ရက်ရောပေးကမ်းခြင်းကိုလဲအလေးထားပြီးလုပ်ကိုင်ခဲ့တယ်။

နွယ်အဆင်ပြေလာခဲ့ပြီလေ။

အရင်လို မိုးရွာရင်

အိမ်ထဲ ရေမကျတော့ဘူး။

မေမေရဲ့ မျက်လုံးထဲမှာ

စိုးရိမ်မှု မရှိတော့ဘူး

ဂုဏ်ယူမှုပဲ ကျန်ခဲ့တယ်။

———-

နွယ် အခုတော့ သူဌေးဖြစ်လာခဲ့ပြီ

ဒါပေမယ့် မမေ့ဘူး။

မိုးရွာတဲ့ညတွေ

ပုံးနဲ့ ခွက်တွေလိုက်ခံခဲ့ရတဲ့ညတွေ

ရေစက်တွေစင်ပြီးအိပ်ခဲ့ရတဲ့ညတွေ

မေမေရဲ့ စကားတစ်ခွန်း…

အဲ့ဒီအရာတွေကြောင့်ပဲ

နွယ် ဒီနေရာထိ ရောက်လာခဲ့တာကို

နွယ် သိနေခဲ့တယ်။

အောင်မြင်မှုဆိုတာ

တစ်နေ့တည်းနဲ့ မရောက်ဘူး

လက်မလျှော့တဲ့နေ့တွေကို

ကျော်ဖြတ်နိုင်ခဲ့တဲ့သူတွေရဲ့

ဆုလာဘ်ပဲ

မိုးရွာပြီးနောက်

နေရောင်က

အမြဲ ထွက်လာတတ်တယ်ဆိုတာကိုနွယ်တွေးနေရင်း

အိစက်ညက်ညောနေတဲ့မွေ့ယာလေးပေါ်မှာနွယ်တစ်ညတာအိပ်ပျော်သွားခဲ့လေပြီ…


ဒီလိုနဲ့အချစ်ဆိုတာကိုဘာမှန်းမသိစိတ်မဝင်စားနိုင်ပဲနေလာခဲ့တာနှစ်တွေအတော်ကြာသွားခဲ့ချိန်မှာ

‘သူ’ နွယ့်ဘဝကိုထဲကိုရောက်လာခဲ့တယ်….


သူ ဆိုတာ နွယ့်ဆီကိုအလုပ်လာလျှောက်ခဲ့တဲ့ ချောမောသန့်ပြန့်နေတဲ့ကောင်လေးတစ်ယောက်ပေါ့…


“ထိုင်ပါဦး”

“ဟုတ်ကဲ့”

“နာမည်ကမောင်သန့်ဇင်နော်”

“ဟုတ်ကဲ့”

“မင်းရဲ့ data တွေကိုတော့ လျှောက်လွှာကနေပဲအမကြည့်ခဲ့ပြီးပြီ အစ်မတို့ဘက်ကလိုချင်တဲ့အနေထားတွေရှိတယ် အစ်မကတော့ တစ်ခုပဲတောင်းဆိုစရာရှိတယ် အလုပ်ကိုရေ ရှည်လုပ်နိုင်ဖို့ရယ်အလုပ်အပေါ်သစ္စာရှိဖို့ရယ်ပေါ့ လစာကတော့ ++++++အဲ့လောက်ရှိမယ် မင်းဘက်ကပြောစရာရှိရင်လဲပြောနိုင်ပါတယ်”

“ဟုတ်ကဲ့ပြောစရာမရှိပါဘူးခင်ဗျ”

“ဟုတ်ပြီဒါဆိုမင်းကို အလုပ် join မယ့်နေ့ကိုဖုန်းခေါ်လိုက်ပါ့မယ်”

“ဟုတ်ကဲ့ကျေးဇူးပါခင်ဗျ”


ဒီလိုနဲ့ သူအလုပ်ကိုစ join ပြီးသုံးလေးလအကြာမှာ သူ့ရဲ့နွယ့်အပေါ်ဆက်ဆံပုံလေးတွေစမရိုးသားလာတာကိုရိပ်စားမိတယ် လိုအပ်တာထက်ပိုဂရုစိုက်ပေးတယ် တစ်ခါတစ်ခါနွယ့်ကိုခိုးကြည့်နေတာကိုနွယ်မိခဲ့သေးတာ😂 သိပ်ရယ်ရတယ်ကွယ် နွယ်ကလဲသူ့အပေါ်မြင်ကတည်းက စိတ်ဝင်စားနေမိတာသူမသိခဲ့တာနေမှာပါ မသိဆိုနွယ်ကလဲစိတ်ဝင်စားယောင်မပြခဲ့ဘူးလေ ……


ဒီလိုနဲ့ လအပိုင်းခြားတစ်ခုကြာတော့သူနွယ့်ကိုချစ်ရေးဆိုလာခဲ့တယ် အဲ့နေ့ကနွယ်ရင်တွေခုန်တာမှပေါက်ထွက်မတတ်ပဲ…


‘အစ်မ…အစ်မ…ကို ကျွန်တော်ချစ်နေမိပြီ’ဆိုတဲ့ Message လေးတစ်စောင်နွယ့်ဆီဝင်လာခဲ့တယ်

‘အလုပ်ရှင်နဲ့အလုပ်သမားမို့ ကျွန်တော်မဝံ့ရဲလို့စာပို့လိုက်ရတာပါခင်ဗျာအစ်မသာ ကြည်ဖြူမယ်ဆိုလူချင်းတွေ့ပြီးကိုအစ်မကိုချစ်ကြောင်းတွေပြောချင်ပါတယ်ခင်ဗျ’

နွယ်လဲမိန်းကလေးဆိုတော့မူရတယ်လေကွယ်စာလဲမပြန်တော့ဘူးပေါ့ နွယ်စာမပြန်တော့သူဖုန်းခေါ်လာခဲ့တယ် ဒီလိုနဲ့ပဲနွယ်တို့အချိန်တွေကြာတော့ချစ်သူတွေဖြစ်ခဲ့ကြတယ်ပေါ့ကွယ်……


နွယ့်ကိုသူအရမ်းဂရုစိုက်တယ်အလေးပေးတယ်ချစ်တယ် အလုပ်မှာလဲသူကရာထူးတစ်ခုနဲ့ထိုက်တန်အောင်ကြိုးစားပြီးအရမ်းတော်လာတယ် …..


နွယ့်ဘဝအေးချမ်းနေပြီးသူနဲ့ပဲအဆုံးသတ်ရမယ်ထင်ခဲ့တာ……ဒါပေမယ့်….


မမျှော်လင့်ခဲ့တဲ့သတင်းဆိုးတစ်ခုကနွယ့်နားထဲသို့ရောက်လာခဲ့တယ်…

“မမနွယ်..မမနွယ်…မမနွယ်”

“ဟေ.ဟေ ဒီကောင်မလေးအော်ကြီးဟစ်ကျယ်နဲ့ဘာဖြစ်လာတာလဲအလောတကြီး”

“ကိုသန့်ဇင်ကိုအမျိုးသမီးတစ်ယောက်နဲ့အတူတူတွဲတွေ့လိုက်တယ်ပခုံးဖက်ပြီးသွားနေကြတာမမနွယ်အသိတွေတော့မဟုတ်လောက်ဘူးမမနွယ်”


နွယ့်ဝန်ထမ်းမလေးပြောစကားကြောင့်နွယ်ဆောက်တည်ရာမရ ပူထူသွားခဲ့တယ် ‘မောင်… မောင်ရက်စက်လှချည်လား’ လို့လဲစိတ်ထဲကရေ ရွတ်နေမိတယ်.. နွယ် ခြေမကိုင်မိလက်မကိုင်မိအနေထားနဲ့ပဲ အမှန်တရားကိုသိရအောင်နွယ်လိုက်စုံစမ်းခဲ့တယ်…..

အမှန်ပဲသူ့ကိုမိန်းမတစ်ယောက်နဲ့တွေ့လိုက်ရတဲ့အချိန် ဖောက်ပြန်ခံရပြီဆိုတဲ့ခံစားချက်နဲ့အသိကြီးနွယ့်ရင်ထဲဆောင့်ကန်ခံလိုက်ရသလိုပဲကွယ်….

ဒါပေမယ့်သိပ်ရယ်ရတယ်….အဖြစ်ပျက်အလုံးစုံကိုစုံစမ်းကြည့်လို့သိရတော့မှ နွယ်ကဖောက်ပြန်ခံရသူမဟုတ်ပဲ နွယ်နဲ့ကဖောက်ပြန်ခဲ့ကြတာတဲ့လေ …😂😂

ဘုရားရေ သူဘယ်လိုများကြံစည်ယုတ်မာခဲ့ရသလဲ ဘယ်လိုတွေများလှည့်ကွက်တွေသုံးခဲ့သလဲနွယ့်မှာမေးခွန်းပေါင်းများစွာနဲ့ပေါ့……


သူ့အမျိုးသမီး လောင်းကစားမှုနဲ့ ထောင်ကျနေစဥ်အတောအတွင်း နွယ့်ကိုချဥ်းကပ်ခဲ့တာတဲ့လေ…

နွယ့်ဆီကရတဲ့အကူညီတွေနဲ့ပဲတစ်ဖက်ကိုပြန်ထောက်ပံ့နေခဲ့တာတဲ့လေ….


နွယ်လေ နေရင်းထိုင်ရင်းကို သူများမယားငယ်ဘဝလဲရောက် တစ်သက်မှာတစ်ခါပဲချစ်ရမှာလို့ထင်ထားတဲ့ချစ်သူကလဲသစ္စာဖောက်သလိုသေချာအကွက်ချလိမ်လည်လှည့်ဖြားခဲ့တော့ နွယ်ရှက်လဲရှက် ရူးလဲရူးမတတ်ပဲ…


ဒါပေမယ့် နွယ့်ခေါင်းထဲမှာဆောင်ပုဒ်တစ်ခုရှိတယ် ‘ မိုးရွာပြီးရင်နေရောင်လာမယ်တဲ့ ‘ လဲကျပြီးတိုင်းပြန်ထနေခဲ့ရတာနွယ့်ဘဝပဲမလား…..


နွယ် ဆယ်ရက်တရားစခန်းဝင်ခဲ့ပြီး ပြန်ထွက်လာတော့နွယ့်အလုပ်နွယ့်ပတ်ဝန်းကျင်မှာ ပြန်အသားကျအောင်တည်ဆောက်နေနိုင်ခဲ့တယ်.. ဘေးစကားတွေကိုလဲနွယ်တစ်ဖက်နားဝင်တစ်ဖက်နားကပြန်ထုတ်ခဲ့တယ်…


ဒီလိုနဲ့ မချစ်သင့်တဲ့အချစ်ဦးကိုသတိရတစ်ခါလွမ်းတစ်လှည့်နဲ့ ငါးနှစ်လောက် ကြာတော့ အခုအိမ်ဦးခန်းမှာထိုင်နေတဲ့နွယ့်ရဲ့ အမျိုးသားလူကောင်းလေးနဲ့ဆုံခဲ့ရတာပေါ့….


အခုတော့အရာအားလုံးပြီးဆုံးခဲ့ပါပြီ နွယ့်အမျိုးသားလေးကတော့ နွယ့်အတွက်တော့ မိုးရွာပြီးမှရောက်လာခဲ့တဲ့နေရောင်လေးပါပဲ………..


ပရိတ်သက်တွေကိုအမြဲလေးစားလျက်

နွယ်

အခုမှစရေးတာမို့အမှားပါရင်ခွင့်လွှတ်ပေးကြပါရန်အနူးညွတ်တောင်းပန်လျက်🙏🙏🙏

ဝေဖန်အကြံပြုချက်များလဲ လက်ခံလျက်ပါ