အလောင်းအစားမက်တဲ့ အမေ
အလောင်းအစားမက်တဲ့ အမေ ဟိုတယ်ခန်းမထဲက မီးရောင်မှိန်မှိန်အောက်မှာ သူငယ်ချင်းတွေရဲ့ ရယ်မောသံတွေက ပဲ့တင်ထပ်နေပါတယ်။ အရက်ခွက်တွေ အချင်းချင်း ထိခိုက်သံ၊ ဟာသတွေ ပြောပြီး ဟားတိုက်လိုက်ကြတဲ့ အသံတွေကြားမှာ ကျွန်တော်ကတော့ အပြင်လူတစ်ယောက်လို ငြိမ်သက်နေမိတယ်။ ကျွန်တော့်ရှေ့မှာ ရှိနေတာက အအေးပုလင်းတစ်လုံးပါ။ သူတို့က ကျွန်တော့်ကို "ဖုန်းကြီး" လို့ ခေါ်ကြတယ်။ ငယ်ငယ်ကတည်းက သက်သတ်လွတ်စား၊ တရားထိုင်၊ အေးအေးဆေးဆေး နေတတ်လို့ လူကြီးတွေက ဘုန်းကြီးဝင်စားတယ်လို့ သတ်မှတ်ခဲ့ကြတာ။ အခု အသက် ကျော်တဲ့အထိ ကျွန်တော် တစ်ကိုယ်တည်းပါပဲ။ "ဟေ့ ဖုန်းကြီး... တိတ်လှချည်လားကွ။ မင်း ခုထိ မိန်းမမယူသေးတာ ဘာလဲ... မတွေ့သေးလို့လား" ကျော်ဦးရဲ့ နောက်ပြောင်သံက ဝိုင်းထဲမှာ ဟိန်းထွက်သွားတယ်။ သူတို့တွေက ကျွန်တော့်ကို သန့်ရှင်းစင်ကြယ်လွန်းတဲ့ လူတစ်ယောက်၊ လောကီအာရုံတွေကို စွန့်ခွာထားတဲ့ သူတော်စင်တစ်ယောက်လို မြင်နေကြတာ။ ဒါပေမဲ့ အဲဒီ စင်ကြယ်ခြင်းဆိုတဲ့ ဂုဏ်ပုဒ်နောက်ကွယ်မှာ ဘယ်လောက်တောင် ပုပ်စပ်ညှိဟောင်နေတဲ့ အမှောင်ထုတွေ ရှိနေလဲဆိုတာ သူတို့ မသိကြဘူး။ ကျွန်တော့်နှလုံးသားထဲမှာ အက်ကြောင်းတွေ ထပ်နေတာ ကြာပါပြီ။ အဲဒီအက်ကြောင်း...