မိဌေး နှင့် ကြေးစည်သံ

 မိဌေး နှင့် ကြေးစည်သံ📖📖📖


************************

……မိဌေး…..ဟု

အသံကြားလျှင် လိပ်ချောင်းတစ်ရွာလုံးက နှာခေါင်းရှုံ့ကြသည်။

…အာစ လျှာစကြမ်း သလို အနေအစားကအစ ပက်စက်သည်။တရွာလုံးရဲ့ အော်ကြောလန်….လိပ်ချောင်းဈေးထဲတွင် မိဌေးနဲ့ ရန်မဖြစ် စကားမများဖူးသူမရှိသလောက်ပင်…..

ရန်ဖြစ်တဲ့အခါတိုင်း လူပုံအလယ်တာတွေ မလယ်တာတွေနားမလည်…ကိုတွင်းရှိတာအကုန်လုံးနှင့်ခိုင်းနှိုင်းပြီး ဆဲဆိုတတ်သည်…..အရေးကြီးတာ ပြိုင်ဘက်ကို မိဌေး အသာစီးရဖို့သာ……

မိန်းမချင်းနပန်းလုံးရမလား ဆန်ပင်ဆွဲပြီးပါးရိုက်ရမလားမိဌေးအတွက်ထမင်းစားရေသောက်သလိုမျှသာ…

….တခါတုန်းက မိဌေးလိုအာစလျှာစ စွာသည့် ငါးစိန်းသယ် မိဗျော့နှင့် အကြီးအကျယ်ရန်ဖြစ်ခဲ့ပုံလေး ပြောပြပါရစေ……


….ဖြစ်ပုံကဒီလိုဗျ….

…..

…..ဟဲ့…မိဗျော့ …နင့်ငါးရံ့က အစိတ်သားမပြည့်ဘူး…ထပ်ထဲ့…..

…..ဘာ….မိဌေး…..

…ဒီအလေး ဒီချိန်ခွင်နဲ့ငါလုပ်စားလာတာ ငါ့တစ်သက်ရှိပြီ…..နင်လူပါးမဝနဲ့…..

….ကောင်မ….နင့်ချိန်ခွင်နင်ပြန်ကြည့် တဘက်တို တဘက်ရှည်နဲ့ လျှာကိုလဲ ချိုး ထားလိုက်သေးတယ်……

နင်တို့ ငါးစိန်းသယ် သောက်ကျင့်ဒါအကုန်လား…….


…..ဘာ….မိဌေး….နင်မိုက်ရိုင်းလှချေလား.


…..ဟား….မှန်တာတွေပြောလို့ ဆတ်ဆတ်ခါနာသွားပြီလား ကောင်မ……

…..အနီးအနားက ဈေးဝယ်သူနှင့် ဈေးသည်များက မကြာခင်ပွဲကြီးပွဲကောင်းစတော့မယ်မှန်းသိသဖြင့် ခက်လှမ်းလှမ်းက ကြည့်နေကြသည်။


Herbeauty

She's Been Slaying The Industry Since Childhood

Learn more

…….တောက်…မိဌေး…..

နင်ကဘာကောင်မမို့ ငါ့ကိုစောကားမော်ကားပြောနေတာလဲ…..

….ဟဲ့ကောင်မ မိဌေး နင်ဘာဖြစ်ချင်လဲ ပြောစမ်း….

….မိဗျော့…တဲ့….

….တဗျော့….ထဲ…….ရှိ…..

…ဖွမ်း…….

…အေမ့…..


….မိဗျော့စကားမဆုံးလိုက်ချေ….

မိဌေးက သူ့ရဲ့ဈေးခြင်းတောင်းဖြင့် လွှဲရိုက်လိုက်သည်……

…..ဟင်….

…နင်….နင်က ငါ့ကိုခြင်းနဲ့ရိုက်တယ်…..

ကောင်မ…တွေ့မယ်…..

….ကဲဟာ…..

….မိဗျော့က လက်ထဲရှိ ချိန်ခွင်နှင့်ပြန်ရိုက်သည်….

….အိုး….ဘယ်ရမလဲ မိဌေးဟဲ့ တခြားလူမှမဟုပ်တာ ဒီအကွက်တွေရိုးနေပြီ….

….မိဗျော့ရိုက်လိုက်သော ချိန်ခွင်ကိုဖမ်းဆွဲပြီးတွန်းလှဲလိုက်သည်…..

…ဘုန်း…..အင့်…

…ကဲဟယ်….

…ဖြန်း…ဖြန်း…..

…လဲသွားသော မိဗျော့အပေါ်ကတက်ခွပြီး ပါးကိုနင်းရိုက်သည်…..


….မိဗျော့ကလည်းမခေ….သူ့အပေါ်ခွထားသော မိဌေးကိုဆောင့်ကန်လိုက်သည်….

…ကဲဟာ…

…ဖုန်း…..

…အင့်…..

…မိဌေးနဲ့မိဗျော့ဟာ ဘတပြန်ကျားတပြန် နပန်းလုံးသတ်ပုတ်ကြလေသည်….မိုးရာသီဖြစ်၍ ဗွက်လုံးလည်နေသော ဈေးလယ်ခေါင်မှာ နှစ်ယောက်စလုံးဗွက်လုံးလည်နေပြီး ခါးမှာထဘီများမရှိတော့သည့့်အထိ နပန်းလုံးသတ်ပုတ်နေကြသည်……


……ဟေ့….

…ရပ်ကြစမ်း…..

….နင်တို့လူတွေမှဟုပ်ရဲ့လား….

….ဟင်…..

…သူကြီးဦးတွတ်….

…..နှစ်ယောက်လုံး ထိတ်တုံးစာမိပြီသာမှတ်…

…သံချောင်းနဲ့…ဖိုးထောင် နှစ်ယောက်လုံးထဘီဝတ်ခိုင်းပြီး ငါ့အိမ်ခေါ်ခဲ့….

….ဟုပ်ကဲ့ သူကြီး…..

….ဟဲ့….နှစ်ယောက်လုံးထ….

….ရော့….နင်တို့ထဘီတွေ…..

….ဟုတ်…

…ဟုတ်ကဲ့ပါ…..

…….အဲ့ဒီညကတော့ မိဗျော့နဲ့မိဌေးဟာ သူကြီးအိမ်က ထိတ်တုံးမှာ ညအိပ်ခဲ့ရလေသည်………

……ဒါကတော့ မိဌေးရဲ့ စရိုက်ကြမ်းတဲ့တစိတ်တဒေသပေါ့လေ……

……မိဌေး မှာက ဆိုးကွက်ရှိသလို

ကောင်းကွက်လေးတွေလည်းရှိတယ်ဗျ…..

….မိဌေး ကရွာအော်ကြောလန်ဆိုသော်ငြားလဲ ရုပ်ရည်ရူပကာလေးက မဆိုးဘူး….ဖြူဖြူတောင့်တောင့် အရပ်မြင့်မြင့်နဲ့ နှာတံ မျက်ခုံး လှသည်…..သူ့အလုပ်က ကယ်ရီ အလုပ်ဖြစ်သည်။ကယ်ရီဆိုတာက ဒီလို….

….လိပ်ချောင်းဈေးထဲက ဈေးသည်တွေမှာတဲ့ ကုန်ပစ္စည်းကို ဟင်္သာတမြို့ကိုတက်ပြီး ဝယ်ပေးရတယ်….ဝယ်ပေးရတဲ့ ကုန်ပစ္စည်းဖိုးကျသင့်ငွေထဲက ကော်မရှင်၅%မိဌေးယူသည်။

…..တိကျသည်….မှန်ကန်သည်….မြန်ဆန်သည်..

….အမှားအယွင်း လုံးဝမရှိဘူးချေ……

…..ဟင်္သာတမြို့က ဆိုက်ကားသမားအားလုံးလိုလိုက မိဌေး၏ဖောက်သည်များပင်……

မူယာမာယာ အကဲပိုတတ်သည့် မိဌေး၏ ဆွဲဆောင်မှုတွေက ဆိုက်ကားသမားတွေအတွက် စိတ်အပမ်းဖြေမှုစရာခုပင်……

…….ဆိုက်ကား သမားတွေအားလုံးထဲမှာ ဟိန္ဒူကုလား ပေါက်ကျော်က အဆိုးဆုံး…..

….မိဌေးကိုအသေရရ အရှင်ရရဆိုပဲ…..

….ပေါက်ကျော်ဟာ ဖအေ ဗုဒ္ဓ မအေ ဟိန္ဒူကမွေးဖွားလာသော ကပြားကုလားတယောက်ဖြစ်သည်…..မိန်းမမရှိ လူပျိုတယောက်ပင်….

…မိဘများဟာ သူ၅နှစ်သားအရွယ်မှာ သာရဟောကို သွားရင်း စက်လှေမှောက်ပြီးသေဆုံးသွားသည်….ထို့ကြောင့် ဆိုက်ကား ဂိတ်မှူးကြီးဦးသာကောင်က မွေးစားထားသဖြင့် ခုလိုလူလားမြောက်လာခြင်းဖြစ်သည်။

ကွန်မြူနစ်ရဲဘော်ဟောင်းတဦးဖြစ်တဲ့ ဦးသာကောင်ရဲ့အုပ်ထိမ်းမှုအောက်မှာ ဘာသာမဲ့တဦးအဖြစ် ကြီးပြင်းလာခဲ့သော ပေါက်ကျော်မှာ ခုထိ ဗုဒ္ဓဘုရား ဟိန္ဒူ ဘုရားဆိုတာဘာမှန်းမသိချေ ကိုးကွယ်ရမှန်းလဲနားမလည် နားလည်အောင်လဲမကြိုးစားတော့

အရေးကြီးတာ တနေ့လုပ်စာတနေ့စားရဖို့သာသူသိသည်။

……ခုတော့ ပေါက်ကျော်၏အာရုံထဲကို မိဌေးရောက်နေပေပြီ………..

…..မိဌေးဟာ အပျိုတော့မဟုပ်….အိမ်ထောင်၃ဆက် ခလေး၃ယောက်အမေဖြစ်သည်။

….မိဌေး၏ မွေးရာပါ ပြင်လို့မရသောအချက်ကတော့….

သွေးသားဆန္ဒပြင်းပြခြင်းဖြစ်သည်။

….ပုရိသ ယောင်္ကျားတွေနှင့် ထိတွေမှုကို မိဌေးနှစ်သက်သည် တောင်းတသည်…..

…..ဒါ့ကြောင့် ရင်းနှီးသောယောင်္ကျားများနှင့် ကြုံရင်ကြုံသလို ဖောက်ပြားမှောက်မှားတတ်သော မိဌေး၏အကျင့်ကြောင့် အိမ်ထောင်မတည်မြဲပဲ တပင်ပြီးတပင်ထူဖြစ်ခဲ့သည်…..

…..ဘယ်နှစ်ပင်ပဲထူရ ထူရ မိဌေးဂရုစိုက်မည်မဟုပ် နောင်တရဖို့ဆိုတာဝေလာဝေး……..

………ယခုလည်း ပုရိသနှင့်ကင်းကွာနေသော မိဌေးဟာ ကုလားလေးပေါက်ကျော်နှင့် အကြောင်းဖန်လာခဲ့ပြီလေ…..`

`ကြောင်ခံတွင်းပျက်နှင့်

ဆက်ရက်တောင်ပံကျိုး´´

ဆိုတဲ့ စကား ပုံအတိုင်း မိဌေးနှင့်ပေါက်ကျော် လက်ထပ်ပေါင်းသင်းလိုက်ကြတော့သည်။


……အခြေမဲ့အနေမဲ့ ပေါက်ကျော်ဟာ မိဌေးအိမ်လိုက်နေပြီး ကြုံရာအလုပ်လုပ်ပြီး ဝင်ငွေရှာခဲ့သည်။


……ဒူးမနာသားသမီး၃ယောက်ပါ အဆစ်ပါလာသဖြင့် ပေါက်ကျော်ဟာ နေ့ရောညပါ အလုပ်လုပ်ရသည်။

…..သို့သော်…ပေါက်ကျော်ကျေနပ်သည်….

….မိဌေးရှိရင်ပေါက်ကျော်ဘဝပြည့်စုံနေပြီးသား…..

…..တစ်နေ့လုံးတစ်ညလုံးပင်ပမ်းထားသမျှ မိဌေးရဲ့ ပါးရဲရဲလေးကိုနမ်းလိုက်ရရင် ပေါက်ကျော် အမောပြေပြီး အားသစ်အင်သစ်တွေတိုးပွားလာသလို

ရှိသည်။

……….

………….မိဌေးနှင့်အိမ်ထောင်ကျပြီး လိပ်ချောင်း ကိုပေါက်ကျာ် ရောက်တာပင်၂လကျော်ကျော်ရှိပေပြီ….

…….မိဌေးကိုသာရွာကအော်ကြောလန်တာ

ပေါက်ကျော်နဲ့တော့အဆင်ပြေကြသား…..

…..ပေါက်ကျော်ဟာ ရွာထဲမှာ သာရေးနာရေးရှိရင် ခေါ်စရာမလို ဝိုင်းဝန်းကူညီတတ်သည်….အလှူရှိရင် ပေါက်ကျော်လာပြီ…..သူများမလုပ်ချင်တာပေါက်ကျော်လုပ်သည်…..ထမင်းရုံမှာ ပန်းကန်ဆေးရမလား…ပေါက်ကျော်လုပ်တယ် စားပြီးသားပန်းကန်အပုံလိုက်အထပ်လိုက်ကို စိတ်ရှည် လက်ရှည်ထိုင်ပြီးတယောက်ထဲဒိုင်ခံဆေးသည်….ကြော့ကြော့လေးနေရမည့်အလုပ်မျိုး ပေါက်ကျော်မလုပ်….

…..သာရေးနာရေးလိုက်လုပ်ပါများတော့ တရားသံနှင့်ပေါက်ကျော်ရင်းနှီးလာသည်။

…..တရားကိုစိတ်ဝင်စားလာသည်……

….ဗုဒ္ဓ တရားတော်တွေရဲ့အနှစ်သာရကို ပေါက်ကျော်ခံစားတတ်လာသည်…….

……ခုဆိုရင် တရားပွဲတွေရှိရင် ပေါက်ကျော် ရောက်လာတတ်သည်…..ဘုန်းကြီးကိုရှိခိုးရကောင်းမှန်း ဘုရား တရား ကို ကိုးကွယ်ထိုက်မှန်း ပေါက်ကျော်သဘောပေါက်သွားသည်။

….လပြည့် လကွယ် ဥပုသ်ရက်တွေမှာ စိတ်ပတီးကြီးလည်ပင်း ဆွဲပြီးဥပုသ်စောင့်သည့်

အခြေနေသို့ပင်ရောက်ရှိခဲ့ပြီ။


….မိဌေးကလည်း သာရေးနာရေး လုပ်မယ်ဆိုရင် မတားဆီးပေ……….

….တနေ့တော့…..

“အဌေး…..

…ပြောလေ ပေါက်ကျော်…..

….ငါတော့ ရွာဦးကျောင်းအတွက် ဆွမ်းတအုပ်လောက် အပါတ်စဉ်ချက်ချင်တယ်……

…..အလိုတော်……

…မနက်စာ ညစာတောင်

တစ်ခါတစ်လေပေါင်းစားရတဲ့ဘဝ ဆွမ်းတအုပ်ချက်တာ လွယ်တယ်ထင်လို့လား…..ရှင်နဲ့ကျွန်မစားသလို ငါးပိချက်တို့စရာနဲ့ ပို့လို့ရတာမျိုးမဟုပ်ဘူးတော်ရေ……

….အေးပါ…..ငါသိပါတယ်…..

ငါ့ဆန္ဒပြင်းပြနေလို့ပါဟာ…

….ဒါတော့ရှင့်အပိုင်းလေ….

လှူရေးတန်းရေးကိုတော့ ကျုပ်မပိတ်ပင်ပါဘူး….ရှင်တာဝန်ယူနိုင်ရင်တော့ ချက်ပေါ့…….

…..အေးပါဟာ……ငါတာဝန်ယူပါ့မယ်…..

….ဒါဖြင့်လည်းပြီးရော……

…..တကယ်ထဲ….ဇောတိက နဲ့လာတွေ့နေတယ်…”

….ဟင်းးးးး

…….ဆောင့်ကြီးအောင့်ကြီးနဲ့ ထသွားသော မိဌေးကိုကြည့်ပြီးပေါက်ကျော်သက်ပြင်းချလိုက်သည်။

………

…………ညားခါစအချိန်မှာတော့ မိဌေးတယောက်ခြေညိမ်နေပြီး

၅လလောက်ကြာလာသောအခါ ပေါက်ကျော်ကို မိဌေးငြီးငွေ့လာသည်……ပေါက်ကျော်ကလည်း ဘယ်လိုမှခွာမရ…..သူ့အပေါ် အစွဲအလန်းကြီးကြီးနဲ့ ပေါင်းသင်းလျှက်ရှိသည်။

…….ဒီတော့ မိဌေး မျောက်မွေးဘို့ကြိုးစားလိုက်သည်……

ဟင်္သာတမြို့ကို ကုန်ဝယ်တက်တိုင်း ဆိုက်ကားသမား ညိုကြီးနှင့်တဲခိုခန်းသွားပြီး တိတ်တိတ်ပုန်း နေသည်။ညိုကြီးတင်ပဲလား

မဟုပ်သေးချေ…..လိပ်ချောင်းသို့ လိုင်းကားပြေးနေသော ကားဆရာ မြင့်တင်နဲ့ကလည်း ကားပေါ်မှာတခြိမ်းခြိမ်းရယ်…..

ဒီသီတင်းတွေကိုပေါက်ကျော်မသိ၍မဟုတ် အကုန်သိသည်…..မျက်စိနဲ့ပါတတ်အပ်မြင်ခဲ့ဖူးသည်။

….တခါက မိဌေးအပြန်နောက်ကျသဖြင့် ပေါက်ကျော်လိုက်သွားရာ ရွာအပြင်ကားလမ်းဘေးမှာ ကားရပ်ပြီး မိဌေးနှင့်မြင့်တင် ကားပေါ်မှာ ချစ်ရည်လူးနေတာကို ကိုယ်တိုင်မြင်ခဲ့ရသည်….သို့သော် မသိသလိုနေပြီးပြန်လာခဲ့သည်။

….မိဌေးကို ဒီကိစ္စနဲ့ပတ်သက်ပြီး ပြသနာမရှာရဲပေ….ပြသနာတက်လို့ ကွဲကြပြဲကြမည်ဆိုလျှင် မိဌေးကိုသူမစွန့်လွှတ်နိုင်

မိဌေးနှင့်ဝေးရမည့်ဒဏ်ကို

မခံစားနိုင်သဖြင့်ကြိတ်မှိတ်မျို

သိပ်ပြီးနေခဲ့ရသည်။

………

…..ခုတော့….မိဌေး ဒုက္ခ ရောက်ချေပြီ….


…………အမလေး….

….အောင့်လိုက်တာ….

….အောင့်လိုက်တာ ကိုပေါက်ကျော်ရယ်….

…အင်း…ဟင်း……

….ဟင်….

…အဌေး……

…ဘာဖြစ်တာလဲ….

…ဘယ်နေရာကအောင့်တာလဲ…..


Brainberries

J-Horror: The Best Scary Movies From Japan

Learn more

….ကျွန်မရဲ့ဆီးခုံ နေရာက….

….ဟေ….

…ငါနှိတ်ပေးမယ်…

…အင်းးး

….သက်သာလား…

…အား….နာတယ်….မရဘူး….

….ဟာ….ဒုက်ခပါပဲ……

….မနက်ကိုမြို့ကဆေးခန်းကို သွားပြပေးမယ်….ခုတော့….အားတင်းထားပါဦး…

….နင့်နားမှာ…ငါအမြဲရှိတယ်……ဘာမှ အားမငယ်နဲ့မိဌေး….အားတင်းထား….

….အင်းပါ.. …

….ဘာတတ်နိုင်ပါ့မလဲ….

…အာ့….ဟင်းးးးး

…အောင့်လိုက်တာတော်……..

…..

…….နောက်နေ့မနက်စောစောမှာတော့ မိဌေးကို ဟင်္သာတဆေးခန်းကိုသွားပြဖြစ်သည်။

“….လူနာရှင်….ခဏလာပါ…

….ဟုတ်…ဟုတ်ကဲ့….လာပါပြီ….

….စိတ်တော့မကောင်းပါဘူး…

…ရှင့်ဇနီးက သားအိမ်ခေါင်းကင်ဆာဖြစ်နေတာ

ကြာပြီရှင့် အရမ်းကြာနေပြီဖြစ်လို့ ခွဲစိတ်ဖြတ်ထုတ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး

ထံကုန်နေရ တစ်လပဲ….”


…..ဗျာ……


…..စိတ်မကောင်းပါဘူး….

…ကျွန်မပေးတဲ့ဆေးလေးတွေတော့ မှန်မှန်တိုက်ပါ

….ဟုပ်….ဟုပ်ကဲ့…


….မိဌေးရယ်……..ဖြစ်ရလေဟာ……

…..

…..အိမ်ပြန်ရောက်ပြီးထဲက မိဌေးဘာမှစားမရတော့……ဆီးခုံနေရာကပူတက်လာပြီး ကျန်တဲ့ကိုယ်ခန္တာအစိတ်ပိုင်းက ရက်၂၀ကျော်အတွင်း အရိုးကျသွားသည်။

….နောက်ဆုံး ရေကိုပိုက်နှင့်မျိုချရန်ကိုပင်…မနဲအားစိုက်နေရသည်…….

…..

……အမလေး……

….မလာနဲ့…..သွားကြ…….

…ကျုပ်ကိုကယ်ကြပါဦး…..

….ခွေးနက်ကြီးတွေ ကျွန်မကိုလာဆွဲနေပြီ….

….ကိုပေါက်……ခွေးနက်ကြီးတွေ မောင်းထုတ်ပေးပါ….ကျွန်မကြောက်လွန်းလို့ပါ…..

….ဟဲ့ခွေး……မလာနဲ့…..မလာနဲ့…

….အား…..

….မိဌေး…..မိဌေး….

…စိတ်ထိန်းဦးလေ…..

….ဘယ်မလဲခွေးနက်ကြီးတွေ….

…ဘာမရှိပါဘူး…….

…..ဟိုမှာ…..အပေါက်ဝမှာထိုင်နေတယ်……

….၅ကောင်တောင်.. ကျွန်မကိုလာဆွဲတော့မယ်……….အမလေး…….လာနေပြီ……ကယ်ကြပါ…….အားးးး

မိဌေး မျက်ဖြူလန်ပြီး ဇတ်ကျိုးကျသွားချေပြီ။


…..မိဌေး…..မိဌေး…….

….ပေါက်ကျော်ဘယ်လိုပင်ခေါ်စေဦးတော့ မိဌေးကြားနိုင်မည်မဟုပ်တော့ပါ။

…..

…….မိဌေးအလောင်းကိုမြေချပြီးသော ညတွင် လိပ်ချောင်းရေကာတာကြီးပေါ်၌ မိန်းမတဦးအော်သံ ခွေးနက်ကြီးများရဲ့ မာန်ဖီသံ အစာလုသံတွေကို လိပ်ချောင်းတစ်ရွာလုံးအတိုင်းသားကြားလိုက်ရသည်။

…….

………”ဒကာပေါက်ကျော်……

မိဌေးဟာ ကာမ မှားယွင်းမှုလို့ခေါ်တဲ့ ကာမေသုမိစ္ဆာစာရ ကံကို

အကြိမ်ကြိမ်အဖန်ဖန်ကျူးလွန်ခဲ့လို့ သူ့ရဲ့အကုသိုလ်ကံကြီးက သူ့နောက်မှာအရိပ်လိုလိုက်ပြီးဒဏ်ခက်နေတာပဲကွဲ့”

“……ဒကာပေါက်ကျော်ဘက်က မိဌေးရဲ့ခင်ပွန်းပီပီ ပြုသင့်ပြုထိုက်တဲ့ ကုသိုလ်တရားတွေကို မိဌေးကိုရည်စူးပြီး ပြုပေးလိုက်ပါ ရေစက်ချပေးလိုက်ပါ…

အမျှဝေပေးလိုက်ပါ……မိဌေးသာဓုခေါ်နိုင်ရင်ဖြင့် သူ့အကုသိုလ်ကံဟာ အတိုင်းအတာတခုအထိ လျော့ပါးသက်သာသွားနိုင်ပါလိမ့်မယ်……”

…….တင်…..တင်ပါ့ဘုရား

….တပည့်တော် မိဌေးအတွက် ကုသိုလ်ကောင်းမှု အမြန်ဆုံးပြုလုပ်ပြီး အမျှဝေးပေးပါ့မယ်….

…….အိမ်း…..

….ကောင်းလေစွ…ကောင်းလေစွ……

…….

….တပတ်လောက်ကြာတော့ မိဌေးအတွက်ရည်စူးပြီး ရွာဦးကျောင်းမှာ ကြေးစည်တခုကို ပေါက်ကျော်ရေစက်ချပြီးလှူလိုက်သည်။

……ကြေးစည်ထုသံကြားတိုင်း မိဌေးတယောက်သာဓုခေါ်နိုင်ဖို့ရန်

ရည်ရွယ်ပြီး လှူဒါန်းခဲ့ခြင်းဖြစ်သည်။

…….တိုက်ဆိုင်မှုပေလား..(.သို့မဟုပ်….) မိဌေးတယောက်အမှန်တကယ် သာဓုခေါ်နိုင်ခဲ့ပြီး ခံစားနေရသော ကာမေသုပြစ်ဒဏ်ကြီးကနေပဲ လွတ်မြောက်သွားလေသလားတော့မဆိုနိုင်…..ညတိုင်းလိုလို ကြားနေရသော ခွေးနက်ကြီးတွေရဲ့ ဟောင်သံ မိဌေးရဲ့အော်သံတွေကိုတော့ ခုချိန်ထိမကြားရတော့ပေ။


……….ပြီးပါပြီ………


          မောင်ဂေါ်လီ(ဟင်္သာတ)အားလေးစားလျက်

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား