ရိုးမကို ကျောခိုင်း၍

 ရိုးမကို ကျောခိုင်း၍

----------------------

ဘဝတွင် ကျောခိုင်းခဲ့မှုပေါင်းများစွာ လူတိုင်းတွင်ရှိနိုင်ပါသည်။


ကျွန်တော် ၃၃ ကိုကျောခိုင်းခဲ့သည်။


နောက်တော့


ရိုးမကို ကျောခိုင်းခဲ့သည်။


ကျွန်တော့်ဘဝအတွက် ရင်အနာခဲ့ရဆုံးကျောခိုင်းခြင်းများ။


ပိုပြီး ခံစားခဲ့ရသော ကျောခိုင်းခဲ့ရခြင်းများ ကျွန်တော့်မှာ ထပ်ဖြစ်ခဲ့ပြန်သည်။


အချစ်ရဆုံးသောသူကို ကျောခိုင်းခဲ့ရခြင်း။


ပဲခူးကို ကျောခိုင်းခဲ့ရခြင်း။


“၃၃” ဆိုသည့် ဝတ္ထုကို ကျွန်တော် ၂၀၂၃၊ စက်တင်ဘာလကထုတ်သည်။


စက္ကူဈေးတွေ ထိုစဉ်ကတည်းက မငြိမ်မသက်ဖြစ်နေသည်။ “၃၃” ကိုပင် ကြိုတင်စီစဉ်ထားသဖြင့် ဈေးမတက်ဘဲ ရောင်းနိုင်ခဲ့သည်။ စာအုပ်ကထူသည်။ ဇာတ်လမ်းအပြီးအထိ မထုတ်နိုင်ခဲ့။ ဈေးတွေအများကြီး ကျသင့်သွားမည်လားဆိုပြီး နောက်တစ်ပိုင်း (ဇာတ်သိမ်းပိုင်း) ကိုထားခဲ့လိုက်ရသည်။


သို့သော်


ကျွန်တော် “၃၃” အဆက်ကို အကြောင်းအမျိုးမျိုးကြောင့် မထုတ်နိုင်တော့။ စက္ကူဈေးတွေကတက်ပြီးရင်း တက်၊ ဒေါလာဈေး၊ ရွှေဈေး ထိုနည်းအတိုင်းပင်။ “၃၃” ထုတ်စဉ်ကနှင့် အဆမတန်ကွာခြားသွားသည်။


“၃၃” အဆက်ကို ထုတ်မည်၊ ထုတ်မည်နှင့် ချင့်ချိန်တွက်ဆရင်းက မထုတ်ဖြစ်တော့။


“၃၃” အဆက်ကို ယခင်က “၃၄” ဆိုသည့်အမည်ဖြင့် ထုတ်မည်ဟု စီစဉ်ထားသည်။


နောက်တော့


“ရိုးမကိုကျောခိုင်း၍” ဆိုသည့် အမည်ကို ပြောင်းလိုက်ရသည်။ မျက်နှာဖုံးကိုလည်း “၃၄” ဟု စီစဉ်ပြီးကာမှ ရင်နာစွာဖြင့် သိမ်းထားလိုက်ရသည်။


ယခု


“ရိုးမကိုကျောခိုင်း၍” ကျော်မောင်တစ်ယောက် ဘယ်ကိုဆက်ပြီး လျှောက်လှမ်းခဲ့ရသနည်း။


သရဖီ ... သရဖီ


ကျော်မောင် သရဖီကို လိုက်ရှာနေသည်။


ယနေ့ “ရိုးမကိုကျောခိုင်း၍” စာအုပ် ရန်ကုန်မြို့ဆိုင်ကြီးများတွင် စတင်ဖြန့်ချိပါပြီ။


တင်ညွန့်


၁၇.၂.၂၀၂၄

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား