ကိုယ်ပြုသည့် ကံ(စ/ဆုံး)
ကိုယ်ပြုသည့် ကံ(စ/ဆုံး)
———————
“ဟဲ့ စန်းမြိုင် လာပါအုံးအေ”
“ဘာတုန်းအမေရာ အလုပ်ကပင်ပန်းရတဲ့အထဲ ဘာပြောမလို့လဲပြော ”
“ည ည်း ဟိုကောင် ဇော်ကြီးနဲ့ အနေထိုင်ဆင်ခြင်ပါအေ”
“ဘာ အမေ့ကိုဘယ်သူပြောလဲ သမီးတို့က ဘာဖြစ်နေလို့လဲ”
“ဘယ်သူ့မှ ပြောစရာ မလိုပါဘူးအေ ည ည်းတို့အကြောင်းတွေ ရက်ကွက်ထဲမှာပွထနေပြီးမကြားချင်မှအဆုံး ည ည်းလင် သိသွားရင် ပြသနာတွေတက်ကုန်မှဖြင့်အေ”
သိ သိအမေရာ အမေ့သမက်က ဝမ်းဝအောင်ရှာကျွေးနိုင်လို့လား သူဆိုက်နှင်းတဲ့ပိုက်ဆံက ဆန်တစ်ပြည်ဖိုးတောင်ရ လို့လား မပြောလိုက်ချင်ဘူး သမီးတောင်အလုပ်ထွက်လုပ်နေရတာ အမေ့အမြင်ပဲလေ သားသမီးလေးယောက်ကိုရှာကျွေးရတာလွယ်တာမှတ်လို့”
“သူလည်းရသမျှ ည ည်းကိုအကုန်အပ်တာပါပဲအေ သူတပြားတချပ်သုံးလို့လား ဆက်မလုပ်ပါနဲ့စန်းမြိုင်ရယ် အမေ တောင်းပန်ပါတယ်အေ ည ည်းမှာလည်း ကလေး လေးယောက် ဟိုဘက်မှာလည်းကလေးနစ်ယောက်နဲ့သနားစရာပါအေ”
အာ နားငြီး လာပြီအမေရာ တော်ပြီ သမီးရေချိုးတော့မယ် မောရတဲ့အထဲ အမေက တမှောက် ”
“အေးပါအေ မပြောတော့ပါဘူး ငါက ည ည်းရှာစာ စားနေရတဲ့သူဆိုတော့ မပြောရဲ ပါဘူးအေ”
“ဟဲ့ စန်းမြိုင်ရေ လုပ်အားခတွေ လာရှင်းပြီတဲ့အေ”
“ဟေ ဟုတ်လား လာပြီအေ”
“အေးအေးမြန် မြန်လာအေ”
စန်းမြိုင်တို့က သံမဏိစက်ရုံဝင်းထဲမှာ သံတိုသံစရွေးတဲ့အဖွဲ့တွေတရက်ကိုရှစ်ထောင် ရတယ် သူ့ယောက်ျားဆိုက်ကားနှင်းစာလေးနဲ့မလောက်လို့စန်းမြိုင်အလုပ်ထွက်လုပ်ရတာပါ နှဂိုကမှ ဇကမသေးတော့အလုပ်သမားခေါင်းဇော်ကြီးဆီက ငွေလေးဘာလေး ချေး စားရင်းနဲ့အကြွေးတွေကနစ်သထက်နှစ်မဆပ်နိုင်တော့ လူကိုထိုးအပ်လိုက်တာပေါ့လေခုတော့ စားလဲစူး ဆုတ်လဲရူး ဖြစ်နေပြီ ဘယ်လိုမှနောက်ဆုတ်လို့မရတော့စန်းမြိုင် ဇော်ကြီးကိုချစ်မတာလဲပါမှာပေါ့လေ
“ဟဲ့ စန်းမြိုင် နင်ကဘယ်လိုက်သွားမလို့”
“ငါ သူ့ကိုစျေးနားထိ လိုက်ပို့မလို့”
“မလိုက်ပါနဲ့အေ ည ည်းလင်အပြန်နဲ့တိုးနေလို့ မိုးမီးလောင်ပါအုံးမယ်အေ”
“မတွေ့နိုင်ပါဘူးအေ သူက အိမ်ပြန်ရောက်နေပြီ ”
“ည ည်းအေ နည်းနည်းပါးပါးဆင်ခြင်ပါအုံးအေ ည ည်းအစားငါ ရင်လေးတယ် သိလား”
“သေလိုက်အေ လာကိုဇော်သွားမယ်”
“အင်းပါ အစန်းရဲ့ သွားမယ်လေ”
သူတို့နစ်ယောက်သား စကားလေးတပြောပြောဖြင့်အေးအေးဆေးဆေးလျှေက်အလာ
“ဟဲ့ ကောင်မ စန်းမြိုင်”
“ဟင် အကို ဘယ်လိုလုပ် ရောက်လာတာလဲဟင်”
“မသာမ မိုးမမြင် လေမမြင် ရက်ကွက်ထဲမှာနင်မရှက်ဘူးလားဟမ် ဒီလောက်ရွ ထနေတဲ့ ကောင်မ ကဲ ဖြန်း”
“အယ်မယ်လေး သေပါပြီ”
“ဟာ အကို မလုပ်ပါနဲ့ကျွန်တော် တောင်းပန်ပါတယ်ဗျာ အစန်းကိုမရိုက်ပါနဲ့”
“ငါ့မိန်းမ ငါရိုက်တာ မင်းအပူပါလား သူတောင်းစား ကြာကူလီကောင် ကဲကွာ ဖဘုန်း ဘုန်း ခွပ် ခွပ်”
“အား”
“မလုပ်ပါနဲ့ မလုပ်ပါနဲ့ဆို ပြောမရဘူးလား”
စန်းမြိုင်ပြောမရဲ့တဲ့အဆုံး အနီးနားမှာရှိတဲ့သစ်သားတချောင်းကိုဆွဲပြီး ကြောက်ကြောက်လန့်လန့်နဲ့ရိုက်ချလိုက်ရာ ကိုသန်းဝေခေါင်းဟတ်တက်ကဲဲပီးသွေးတွေဖြာကနဲ
“ဟင် နင်က နင်လင်ငယ်ထိတော့နာတယ်ပေါ့လေ မသာမ နင်တို့နစ်ယောက်လုံးအသေ သတ်ပစ်မယ်”
“ဟာ အစန်း လာလာ ကိုယ့်နောက်လိုက်ခဲ့တော့တခါတည်း”
“ဟုတ်ကဲ့ ကိုဇော်”
“အဖေ အဖေ အမေရောဟင်”
“နင့်အမေ သေပြီ ငါ့လာမမေးနဲ့”
“သြော် အမေရယ် ရက်စက်လိုက်တာနော် သမီးတို့ကို ထားခဲ့ပြီပေါ့”
“သားရယ် အမေ တောင်းပန်ပါတယ်ကွယ် မိစန်း လုပ်ရက်လိုက်တာ အမေလည်းထွက်သွားပါ့မယ်သားရယ် အမေဘယ်လိုမျက်နှာနဲ့ ဆက်နေရမှာလဲ ရှက်စရာကောင်းလိုက်တာ”
“အမေက ဘာလို့ထွက်သွားမှာလဲ ဘယ်မှသွားစရာမလိုဘူးသားတို့နဲ့ပဲနေ ရှက်ရမှာကအဲ့ကောင်မပဲရှက်ရမှဘယ်မှမသွားနဲ့ကလေးတွေနဲ့အမေ နေပေးပါ သားအမေတို့မြေးအဘွားကိုဝမ်းဝအောင်ရှာကျွေးမယ်”
“ဟုတ်တယ်အဘွား သမီးတို့လဲအဘွားကိုစောင့်ရှောက်မယ် ဘယ်မှမသွားနဲ့နော်”
“အေးပါ မြေးလေးတို့ရယ် ဟီးဟီးဟင့် စန်းမြိုင် စန်းမြိုင် မိုက်လုံးကြီးတဲ့ကောင်မ”
ဟဲ့ စန်းမြိုင် ကောင်မ ဘယ်မှာလဲအမြည်း ”
“ဟို ဘာအမြည်းမှ မရှိဘူးကိုဇော် စားဖို့တောင်အနိုင်နိုင်ဟာကို ဒီနေ့ထမင်းတောင်မချက်ရသေးဘူး”
“မချက်ရ ရင်ငတ်သေပေါ့ကောင်မရဲ့”
အို ရက်စက်လိုက်တာ ကိုဇော်ရယ် ဟင့် ဟင့်”
“ငိုမနေ နဲ့ကောင်မ ကျက်သရေ မရှိဘူး ထွီ သွား ရွာလယ်ကဆိုင်အရက်သွားဝယ်”
“ဟို ပိုက်ဆံပေးလေ”
“အကြွေးဝယ်လာခဲ့”
“အို မဝယ် ပါရစေနဲ့ကိုဇော်ရယ် အကြွေးမရောင်းတော့ဘူးတဲ့”
“ဘာ လျှာရှည်တဲ့ကောင်မ ဖြန်း”
“အ”
“ကဲ ဟာ ဖြန်းဖြန်း”
အား သေပါပြီ အရပ်ကတို့ရေ ကယ်ပါအုံး ဒီမှာကိုဇော်ကြီးကျမကိုသတ်နေလို့ပါ ကပ်ကြပါအုံး ဟီး ”
ရာသီတွေအလီလီ ပြောင်းလို့
ကိုသန်းဝေ တစ်ဖြစ်လဲဦးသန်းဝေအဖြစ်သို့ ရောက်ရှိလို့လာပါပြီ စန်းမြိုင်အမေလဲမနစ်ကမှဆုံးသွားခဲ့ပြီ ငယ်ငယ်တုန်းက သားသမီးလေးယောက်နဲ့ဦးသန်းဝေ ရုန်းကန်ခဲ့ရသလောက်အခုချိန်မှာတော့ဘုရားသွားကျောင်းတက်နဲ့ ဘုရားရိပ် တရားရိပ်မှာအေးချမ်းနေပါပြီ သားသမီးတွေကလဲခုချိန်ထိတစ်ယောက်မှအိမ်ထောင်မပြုကြသေးဖခင်ကြီးကိုပဲပြုစုစောက်ရှောက်လာကြတာ သမီးအကြီးနစ်ယောက်က လိူင်သာယာကအထည်ချုပ်စက်ရုံမှာ အငယ်နစ်ယောက်က တစ်ယောက်ကဆယ်တန်း တစ်ယောက်ကိုးတန်း ကျောင်းတက်ကြတုန်း ဦးသန်းဝေတို့ဘဝက အေးချမ်းသာယာနေပါပြီ
ဒီနေ့
ပိတ်ရက်ဆိုတော့မိသားစုတွေအိမ်မှာစုံ လို့ အုန်းထမင်းနဲ့ကြက်သားနဲ့ချက်စားကြတာတပျော်တပါးကြီးပေါ့
“အဖေရေ ကျက်ပြီ စားတော့မလား”
“အေး စားကြတာပေါ့ သမီးတို့ရေ ဆွမ်းတော်ကပ်ပြီးပြီလား”
“ဟုတ် ကပ်ပြီးပြီ အဖေ”
“အေးအေး”
သားအဖတွေပျော်ပျော်ပါးပါးစားကြသောက်ကြနင့်
“အကို အကို”
“အိမ်ရှေ့က ခေါ်သံကြားတယ် ဘယ်သူလဲဟေ့”
“အစန်းပါ အကို”
“ဘာ”
“မေမေ”
အိမ်ရှေ့ထွက်ကြည့်လိုက်တော့ပိန်လှီမွဲခြောက်လျှက်အသက်ကိုတောင်မနည်းလုရူနေရဲ့ မိစန်းမြိုင်
“နင် ငါ့အိမ်ကိုဘာလာလုပ်တာလဲ ထွက်သွား အရှက်မရှိတဲ့ကောင်မ”
အစန်း အကို့ကိုတောင်းပန်ချင်လို့ပါ”
“မလိုဘူး ဘာမှတောင်းပန်စရာမလိုဘူး သွား ”
“အစန်း အပြစ်တွေအတွက် တောင်းပန်ပါတယ်အကိုရယ် အစန်းကိုခွင့်မလွတ်ပါနဲ့ အစန်း အစန်းမသေခင် အကိုနဲ့သမီးတို့ကိုတွေ့ချင်လို့အဝေးကြီးကလာခဲ့ရတာပါ”
“ငါမတွေ့ချင်ဘူး နင့်အသံလဲမကြားချင်ဘူး အလကား မိန်းမပျက်မ”
“အဖေ အဖေ အမေသနားပါတယ် အဖေရယ် လက်ခံလိုက်ပါနော်”
“တောက် ငါကွာ”
“အကိုရယ်အစန်းက သေရတော့မဲ့သူပါ မသေခင် အကိုနဲ့သမီးတို့ရဲ့မျက်နှာလေးတွေ့သွားချင်လို့အစန်းအရဲ စွန့်လို့ လာရတာပါ”
“လာ လာအမေ အိမ်ပေါ်ကို ဘယ်လိုဖြစ်ရတာလဲအမေရယ် အမေ မောနေလားဟင်”
“အမေ့ မိုက်ပစ်တွေပါ သမီးရယ် အမေကျေနပ်ပါတယ် အမေ့သေရင်လဲဒီအိမ်လေးမှာပဲအမေသေပါရစေ”
“အို အမေရယ် အဲ့လို့မပြောပါနဲ့”
“အမေ့ အခြေနေ အမေသိပါတယ် ခု သမီးတို့နဲ့တွေရပြီဆိုတော့ အမေသေပျော်ပါပြီကွယ် အကို အကို အစန်းဘက် လှည့်ကြည့်ပါအုံးအကိုရယ် အစန်းလေ အစန်း အကို့ ကိုရှေးခိုးပြီးတော့ တောင်းပန်ပါတယ် အစန်းကို ခွင့်လွတ်ပါ အကို ရယ် အစန်း လေးအစန်း ”
“ဟာ မေမေ”
“မေမေ ဟီး”
“မေမေ ရေ သမီးတို့ကိုထားခဲ့ပြီလား ဖေဖေရေ အမေ့ကိုခေါ်ကြည့်ပါအုံး”
“မိစန်းမြိုင် အမိုက်မ ”
သြော်ဘယ်သူ့မပြု မိမိမူပါပဲ့လေ
ချစ်ခင်လေးစားစွာဖြင့်
လေးငယ်( အင်းစိန်)