Posts

အိမ်အကူ လိုရင်ခေါ်ပါ”(စ/ဆုံး)

 “အိမ်အကူ လိုရင်ခေါ်ပါ”(စ/ဆုံး) ———————– သမီးနံမည်ကခင်တင့်ပါ၊ သမီးတို့ကဖျာပုံ-ဘိုကလေးလမ်းမှာရှိတဲ့ရွာလေးတရွာကပါ၊ သမီးတို့အဖေ အမေတို့ကတော့တောင်သူလယ်သမားတွေပါ၊ လယ်ဧကလေးနည်းနည်းရှိလို့စပါးစိုက်တောင်သူတွေပေါ့၊ သမီးတို့မှာမောင်နှမ ၄ ယောက်ရှိပါတယ်၊ အကိုကြီးကတော့အသက် ၂၀ ကျော်၊ ၇ တန်းနဲ့ကျောင်းထွက်ပြီးဖျာပုံ-ရန်ကုန်ကားတွေမှာယာဥ်နောက်လိုက်လုပ်ပါတယ်၊ အကိုကြီးအောက်ကသမီးပါ၊ သမီးကတော့ ၈ တန်းအောင်ထိကျောင်းနေဘူးပါတယ်၊ ၉ တန်းစာတွေမလိုက်နိုင်တော့တာနဲ့ကျောင်းထွက်ထားပါတယ်၊ ညီမလေးကလည်း ၈ တန်းရောက်တဲ့နှစ်မှာကျောင်းမတက်ချင်တော့တာနဲ့ကျောင်းထွက်ပြီး၊ အဖေတို့အမေတို့နဲ့လယ်လုပ်ပါတယ်၊ မောင်အငယ်ဆုံးကတော့ ၄ တန်းကျောင်းသားပါ၊ အဖေတို့အမေတို့ကပညာတတ်တွေဖြစ်စေချင်လို့ကျောင်းထားပေးပေမဲ့၊ သမီးတို့မောင်နှမတွေကတော့ ၈ တန်းနဲ့ကျောင်းထွက်ကြတာချည်းပါဘဲ၊ သမီးကအသက် ၁၈ နှစ်ပြည့်ပါပြီ၊ ဒါပေမဲ့ အဖေတို့အမေတို့ကအရပ်ခပ်ပြတ်ပြတ်ကလေးတွေမို့ သမီးကသူတို့နဲ့တူပြီး ပုပုသေးသေးလေးဖြစ်နေလို့ ၁၈ နှစ်သမီးလို့ပြောရင်ယုံစရာမရှိ၊ ၁၄ နှစ်သမီးလောက်ဘဲထင်ကြပါတယ်၊ သမီးညီမကတော့ အသက် ၁၆ နှစ်ပေမဲ့၊ လယ်လုပ်သူမို့လားမသိပါဘူး၊ ယောကျားကြီးတယောက်လိုသန်မာထွား...

အဖေရဲ့ လက်များ

 အဖေရဲ့ လက်များ တစ်နေ့မှာတော့ လူငယ်တစ်ယောက်ဟာ နာမည်ကြီး ပုံနှိပ်ကုမ္ပဏီတစ်ခုမှာ အရေးပါတဲ့ ရာထူးတစ်ခုအတွက် အင်တာဗျူးသွားဖြေပါတယ်။ ပထမအဆင့်ကို အလွယ်တကူ ကျော်ဖြတ်ပြီးနောက်၊ အခု ဒါရိုက်တာနဲ့ နောက်ဆုံးအင်တာဗျူး ဖြေဖို့ရှိပါတယ်။ သူ့ရဲ့ ကိုယ်ရေးအကျဉ်း (CV) က ပြစ်ချက်မရှိအောင် ပြည့်စုံလွန်းပါတယ်။ ဒါနဲ့ ဒါရိုက်တာက မေးခွန်းတွေ စမေးပါတော့တယ်။ "ကျောင်းတက်တုန်းက ပညာသင်ဆု (Scholarship) ရဖူးလား" လို့ ဒါရိုက်တာက မေးတယ်။ "မရဖူးပါဘူး" လို့ လူငယ်က ဖြေတယ်။ "ဒါဆို မင်းရဲ့ ပညာရေးကို မိဘတွေက ကျခံပေးခဲ့တာလား" "ဟုတ်ပါတယ်၊ ကျွန်တော့်အဖေပါ" လို့ ရိုးရိုးရှင်းရှင်း ပြန်ဖြေတယ်။ "မင်းအဖေက ဘာအလုပ်လုပ်လဲ" "ပန်းပဲဆရာပါ" လို့ သူက မာနအနည်းငယ်နဲ့ ပြောလိုက်တယ်။ ဒါရိုက်တာက သူ့ကို အသေအချာ စိုက်ကြည့်ပြီး လက်ကို ပြခိုင်းတယ်။ သူ့လက်တွေက နူးညံ့ပြီး အမှတ်အသားတစ်ခုမှ မရှိပါဘူး။ "မင်း အဖေရဲ့ အလုပ်ကို တစ်ခါမှ မကူညီဖူးဘူးလား" "မကူညီဖူးပါဘူး။ ကျွန်တော့်မိဘတွေက စာကျက်တာနဲ့ စာဖတ်တာကိုပဲ အာရုံစိုက်စေချင်ခဲ့တာပါ။ ပြီးတော့ ကျွန်တော့်အဖေက အမြဲတမ်း ကိုယ့်အားကိုယ်ကိုး...

အမွေအနှစ်ဆိုသည်မှာ...

 အမွေအနှစ်ဆိုသည်မှာ... ကျွန်တော့်သားက သူ့ရဲ့ သစ်လွင်ပြောင်လက်နေတဲ့ လျှပ်စစ်ကားတံခါးတွေကို ပိတ်လိုက်တယ်။ သူကတော့ ဇရာထောင်းနေတဲ့ အဖိုးကြီးတစ်ယောက်ကို နေဝင်ချိန်အေးချမ်းမယ့် ဂေဟာတစ်ခုဆီ ပို့ဆောင်နေတယ်လို့ ထင်နေတာပေါ့။ တကယ်တော့ သူဟာ မြေပိုင်ရှင်ကြီးတစ်ယောက်ကို သူ့ရဲ့ လျှို့ဝှက်အင်ပါယာကြီးထဲ လိုက်လံပို့ဆောင်ပေးနေရတာဆိုတာကိုတော့ သူ မသိရှာပါဘူး။ ကျွန်တော် ဘေးခုံမှာထိုင်ရင်း ကိုယ့်လက်တွေကို ပြန်ကြည့်နေမိတယ်။ အရိုးအဆစ်ရောင်လို့ ဖောင်းကြွနေတဲ့ လက်ဆစ်တွေ၊ အက်ကွဲနေတဲ့ သားရေလို အရေပြားနဲ့ ဆီချေးတွေ၊ သစ်သားမှုန်တွေ အမြဲစွဲနေတဲ့ လက်သည်းတွေ... တကယ်တော့ ဒါတွေဟာ အရုပ်ဆိုးတဲ့ လက်တွေလို့ ဆိုရမှာပေါ့။ ကျွန်တော့်သား ဂျေဆင် (Jason) အတွက်တော့ ဒီလက်တွေဟာ ဝန်ထုတ်ဝန်ပိုးတွေပဲ။ တက်ချ်စခရင် (Touchscreen) ကို ကောင်းကောင်း မသုံးတတ်တော့တဲ့ လူတစ်ယောက်၊ ပေါင်မုန့်ကင်စက်အသစ်တစ်လုံး ဝယ်မယ့်အစား ဟောင်းနေတာကိုပဲ အတင်းပြင်နေတတ်တဲ့ လူတစ်ယောက်ရဲ့ လက်တွေပေါ့။ "ဒါက အဖေ့အတွက် အကောင်းဆုံးဖြစ်မှာပါ" လို့ ဂျေဆင်က သူ့ဖောက်သည်တွေကို ပြောနေကျ လေသံမျိုးနဲ့ ပြောပါတယ်။ ဂျေဆင်က ပိုင်ဆိုင်မှုများဆိုင်ရာ အတိုင်ပင်ခံတစ်ယောက်ပါ။ အဲဒ...

ရင့်ကျက်ခြင်း

 ရင့်ကျက်ခြင်း "ဟိုလူက ကလေးဆန်လိုက်တာကွာ၊ ရင့်ကျက်မှု မရှိဘူး" ဆိုတဲ့ စကားကို ကျွန်တော်တို့ မကြာခဏ ကြားဖူးကြမှာပါ။ တကယ်တော့ ရင့်ကျက်မှု ဆိုတာ လူတစ်ယောက်အတွက် အရေးပါရုံတင်မကဘဲ၊ သူနဲ့ ဆက်ဆံနေရတဲ့ ပတ်ဝန်းကျင်၊ အနီးအနားက လူအားလုံးအတွက်ပါ အရေးကြီးတဲ့ အရာတစ်ခုပါ။ ရင့်ကျက်ခြင်းဆိုတာ က အကြမ်းဖျင်းပြောရရင် စိတ်ခံစားမှု၊ အတွေးအခေါ်၊ လူမှုဆက်ဆံရေးနဲ့ အပြုအမူပိုင်းတွေမှာ ဖွံ့ဖြိုးတိုးတက်လာတာကို ပြောတာပါ။ ရင့်ကျက်တဲ့သူတစ်ယောက်မှာ • စိတ်ခံစားမှုကို ထိန်းချုပ်နိုင်တယ် စိတ်တိုတာ၊ ဒေါသထွက်တာ၊ ဝမ်းနည်းတာ စတဲ့ ခံစားချက်တွေကို အကောင်းဆုံး ထိန်းချုပ်နိုင်ပြီး ဉာဏ်နဲ့ယှဉ်ပြီး တုံ့ပြန်တတ်တယ်။ စိတ်အခြေအနေကို ကောင်းကောင်း ကိုင်တွယ်နိုင်စွမ်း ရှိတယ်။ • တာဝန်ယူတတ်တယ် ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေ၊ လုပ်ရပ်တွေအတွက် ရှောင်မပြေးဘဲ ရဲရဲဝံ့ဝံ့ တာဝန်ယူရဲတယ်။ ပြဿနာ ဖြေရှင်းနိုင်တယ် • ဘဝမှာ ကြုံလာရတဲ့ အခက်အခဲတွေကို အကျိုးသင့်အကြောင်းသင့်နဲ့ အေးအေးဆေးဆေး စဉ်းစားပြီး မှန်ကန်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းနိုင်တယ်။ • ပတ်ဝန်းကျင်ကို နားလည်တယ် (စာနာတတ်တယ်) • ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ ခံစားချက်နဲ့ အမြင်တွေကို လက်ခံ နားလည်နိုင...

ကွယ်ဝှက်ထားသည့် ဆည်းဆာ

 ကွယ်ဝှက်ထားသည့် ဆည်းဆာ "လူသေတွေဆီက စာပို့လို့ ရတယ်ဆိုတာ ဆရာ ယုံသလား" ထိုမေးခွန်းကို မေးလိုက်သူမှာ ကျွန်တော့်ရှေ့တွင် ထိုင်နေသည့် အသက် ၅၀ ကျော်ခန့် အမျိုးသားဖြစ်သည်။ သူ၏ ဝတ်စားဆင်ယင်မှုမှာ နွမ်းပါးပုံမရသော်လည်း မျက်ဝန်းအိမ်များမှာမူ အားအင်ကုန်ခမ်းနေသူတစ်ဦးကဲ့သို့ ချိုင့်ဝင်နေသည်။ သူ၏ အမည်မှာ 'ဦးမင်းဟန်' ဟု မှတ်တမ်းတွင် ရေးထားသည်။ ကျွန်တော် ခဏမျှ ဆွံ့အသွားမိသော်လည်း ဆရာဝန်တစ်ယောက်၏ တည်ငြိမ်မှုကို ထိန်းကာ ခပ်အေးအေးပင် ပြုံးပြလိုက်မိသည်။ "ဦးလေးက ဘာလို့ အဲဒီလို မေးတာလဲဗျ။ တစ်ခုခု ထူးထူးခြားခြား ကြုံခဲ့လို့လား" ဦးမင်းဟန်က တုန်ရီနေသော လက်များဖြင့် ဖုန်းကို စားပွဲပေါ် တင်လိုက်သည်။ ဖုန်းမျက်နှာပြင်မှာ ကွဲအက်နေသော်လည်း ပွင့်နေဆဲ။ သူက Viber app ကို ဖွင့်ပြီး ကျွန်တော့်ဘက်သို့ လှည့်ပြသည်။ "ဒါ... ဒါ ကျွန်တော့် ဇနီးဆီက လာတဲ့စာတွေပါ ဆရာ။ သူ ဆုံးသွားတာ ခြောက်လ ရှိပြီ" ကျွန်တော် ဖုန်းကို ယူကြည့်လိုက်သည်။ စာပို့ထားသည့် အကောင့်အမည်မှာ "မမ" ဟု အမည်ပေးထားပြီး ပရိုဖိုင်ပုံမှာ အမျိုးသမီးတစ်ဦး၏ နောက်ကျောပုံဖြစ်သည်။ စာထဲတွင်မူ... ‘မင်းဟန်... ကလေးတွေကို ဂရုစိုက်ပ...

‎ဆုံစည်းရာ(စ/ဆုံး)

 ‎ဆုံစည်းရာ(စ/ဆုံး) ‎———— ‎ ‎သမန်းကုန်းရွာတွင် အီကြာကွေးနှင့် စမူဆာကို ပထမဆုံးစတင်ရောင်းသူမှာ အရှောင်ဖြစ်သည်။ ‎ ‎အရှောင်သည် ရွာမှ မစိန်ကြည်နှင့် အိမ်ထောင်ကျသည်။ မစိန်ကြည်ကား သမန်းကုန်းရွာသူစစ်စစ်ဖြစ်၏။ သူယူလာသော ယောကျ်ားမှာ စိန့်သွေးစပ်သဖြင့် လူကြီးတွေက သဘောမကျသော်လည်း အရှောင်ကား ပေါင်းတတ်၊ သင်းတတ်၊ ပြောတတ်လွန်းရကား တစ်နှစ်အတွင်းမှာပင် တစ်ရွာလုံးနှင့် အဆင်ပြေသွားသည်။ တစ်ရွာလုံးနှင့် အဆင်ပြေမှတော့ ယောက္ခမများလည်း ဘာတတ်နိုင်မည်နည်း။ အရှောင် … အရှောင်နှင့် ပင်ဖြစ်ကုန်ကြတော့သည်။ ‎ ‎အရှောင်မရောက်မီအထိ သမန်းကုန်းတွင် ဘိန်းမုန့်၊ အကြော်နှင့် ပဲပြုတ်တို့သာစားတတ်ကြသည်။ သမန်းကုန်းကာ စလေချောင်နှင့် ဂွေးကုန်းရွာနှစ်ရွာဆုံရပ်တွင်ရှိပြီး ဤရွာကပင် မြို့ကိုကားလာစီးကြရသည်။ သမန်းကုန်းကားဂိတ်ကား ရွာထိပ်ညောင်ပင်သာဖြစ်သည်။ ထိုညောင်ပင်အောက်တွင် အီကြာကွေးဆိုင်ကို ပထမဆုံးဖွင့်သူမှာ အရှောင်ဖြစ်သည်။ ‎ ‎“ကိုရှောင် … သမန်းကုန်းသားတွေ အီကြားကွေးစားပါ့မလား” ဟု ဇနီးဖြစ်သူ မစိန်ကြည်က မေးသည်။ ‎ ‎မြန်မာရည်အလွန်လည်သောအရှောင်က ‎ ‎“မစိန်ကြည်ရယ် … မွေးကတည်းက ဘယ်သူက ထမင်းစားလို့လဲ … ထမင်းစားတတ်အောင် ကျင့်ယူရတာပဲ မဟုတ်လာ...

‎မင်္ဂလာပါ(စ/ဆုံး)

 ‎မင်္ဂလာပါ(စ/ဆုံး) ‎———- ‎ ‎မြိုင်သာရွာသို့ နေ့စဉ်ထွက်သော ဘတ်စ်ကားက တစ်စီးတည်းသာရှိသည်။ ဒုတိယကမ္ဘာစစ်ကျန်ဘတ်စ်ကားက နောက်မြီးအား လူစီးခုံများထည့်ကာ ခရီးသည်တင်ကားအဖြစ် လုပ်ထားခြင်းဖြစ်သည်။ ကားကြီးက အိုမင်းလှပြီ။ ဆေးတွေကလည်း ကွက်တိကွက်ကြားဖြစ်နေသည်။ ဘော်ဒီ၏ သစ်သားတန်းတွေပင် လူတွေ ခေါင်မိုးပေါ်တက်လွန်းသောကြောင့် ပြောင်ချောနေသည်။ ‎ ‎ကားဒရိုင်ဘာက မျက်နှာထားဆိုးသည်။ ဘိုတဲတွင် ဝန်ထောက်မင်း၏ မယားငယ်မွေးထားသော ခွေးဘီလူး ရုပ်အတိုင်း ပါးစုန့်တွေအိတွဲကာနေပြီ၊ ကျောက်ပေါက်မာတွေကြောင့် ကားဒရိုင်ဘာဆိုသည်ထက် ဓားပြပုံ ပေါက်နေသည်။ စပယ်ယာကတော့ ကားပိုင်ရှင် ကိုချက်ကြီး၏ ယောက်ဖဖြစ်ပြီး မိုက်ရိုင်းမှုအစုံကို ဘယ်ကျောင်းက သင်ပေးလိုက်မှန်မသိ။ ပါးစပ်ကလည်း ပွစိပွစိပြောတတ်သည်။ ‎ ‎“ဆွဲဆရာရေ” ဟု စပယ်ယာက အော်လိုက်ချိန်တွင် ကားအိုကြီးမ မထွက်ချင် ထွက်ချင်နှင့် ဆောင့်ရုန်းလိုက် သည်။ ‎ ‎“ဟိုးထား … ဟိုးထား” ‎ ‎ပန်းနုရောင်ခေါင်းပေါင်း၊ သျှောင်တစောင်းနှင့် လွယ်အိတ်ကြီးတစ်လုံးကို လွယ်ထားသည့် ပိန်ပိန်ရှည်ရှည်၊ ဖြူဖြူနုနု လူတစ်ယောက်က ပြေးလာသည်။ သူ့ တိုက်ပုံက အနက်ရောင်၊ ပုဆိုးက ကြက်သွေးရောင်နှင့် မည်သို့မျှ မလိုက်ဖက်။ လက်ထဲ...