အိမ်အကူ လိုရင်ခေါ်ပါ”(စ/ဆုံး)
“အိမ်အကူ လိုရင်ခေါ်ပါ”(စ/ဆုံး) ———————– သမီးနံမည်ကခင်တင့်ပါ၊ သမီးတို့ကဖျာပုံ-ဘိုကလေးလမ်းမှာရှိတဲ့ရွာလေးတရွာကပါ၊ သမီးတို့အဖေ အမေတို့ကတော့တောင်သူလယ်သမားတွေပါ၊ လယ်ဧကလေးနည်းနည်းရှိလို့စပါးစိုက်တောင်သူတွေပေါ့၊ သမီးတို့မှာမောင်နှမ ၄ ယောက်ရှိပါတယ်၊ အကိုကြီးကတော့အသက် ၂၀ ကျော်၊ ၇ တန်းနဲ့ကျောင်းထွက်ပြီးဖျာပုံ-ရန်ကုန်ကားတွေမှာယာဥ်နောက်လိုက်လုပ်ပါတယ်၊ အကိုကြီးအောက်ကသမီးပါ၊ သမီးကတော့ ၈ တန်းအောင်ထိကျောင်းနေဘူးပါတယ်၊ ၉ တန်းစာတွေမလိုက်နိုင်တော့တာနဲ့ကျောင်းထွက်ထားပါတယ်၊ ညီမလေးကလည်း ၈ တန်းရောက်တဲ့နှစ်မှာကျောင်းမတက်ချင်တော့တာနဲ့ကျောင်းထွက်ပြီး၊ အဖေတို့အမေတို့နဲ့လယ်လုပ်ပါတယ်၊ မောင်အငယ်ဆုံးကတော့ ၄ တန်းကျောင်းသားပါ၊ အဖေတို့အမေတို့ကပညာတတ်တွေဖြစ်စေချင်လို့ကျောင်းထားပေးပေမဲ့၊ သမီးတို့မောင်နှမတွေကတော့ ၈ တန်းနဲ့ကျောင်းထွက်ကြတာချည်းပါဘဲ၊ သမီးကအသက် ၁၈ နှစ်ပြည့်ပါပြီ၊ ဒါပေမဲ့ အဖေတို့အမေတို့ကအရပ်ခပ်ပြတ်ပြတ်ကလေးတွေမို့ သမီးကသူတို့နဲ့တူပြီး ပုပုသေးသေးလေးဖြစ်နေလို့ ၁၈ နှစ်သမီးလို့ပြောရင်ယုံစရာမရှိ၊ ၁၄ နှစ်သမီးလောက်ဘဲထင်ကြပါတယ်၊ သမီးညီမကတော့ အသက် ၁၆ နှစ်ပေမဲ့၊ လယ်လုပ်သူမို့လားမသိပါဘူး၊ ယောကျားကြီးတယောက်လိုသန်မာထွား...