ဘဝ(စ/ဆုံး)

 ဘဝ(စ/ဆုံး)


——


”သားဗိုက်ဆာတယ်မမရာ ပြီးတော့အရမ်းလည်းမောတယ် … ”


”အေးပါ မမ ကျွေးမယ် နော် ခနလေးစောင့်ဦး ”


မီးဖိုချောင်ထဲပြေးဝင် ပြီးထမင်းချက်မယ်ပြင်တော့ ချက်စရာဆန်မရှိဘူး …


သည်လိုနဲ့ ရွာထိပ်က စျေးဆိုင်ဆီပြေးခဲ့တယ်


”ဆန် နို့ဆီဗူးလေး တစ်လုံးလောက်”


”တစ်ရာကျတယ်”


” ဟုတ်ကဲ့ဒီမှာ နှစ်ရာ ပ်ိုတာက ကန်စွန်းရွက်နဲ့ ကြက်ဥ တစ်လုံး ယူသွားမယ် ”


စျေးဆိုင်ထဲကနေ ဆန်နို့ဆီဗူးတစ်လုံးပါတဲ့အထုပ်လေးရယ် ကြက်ဥလေးတစ်လုံး ကန်စွန်းရွက်လေးတစ်စီး ရယ်ကို ကိုင်ပြီး ပြန်ထွက်လာတယ် …


အိမ်ရောက်တော့ မီးဖိုချောင်ထဲဝင် ရှိတဲ့ ထင်းတိုထင်းစ တွေကောက်ပြီး မီးမွှေးပြီး ထမင်းအိုး ကပျာကယာချက်တယ် ထမင်းအိုးထဲ ကြက်ဥလေး ထည့်ပြုတ်လိုက်တာပေါ့ …


ကန်ဇွန်းရွက်လေးတွေက်ု ခပ်စိပ်စိပ်သင်ပြီး ရေလေးဆားလေး နဲ့ ပြုတ်မလို့


” မမရေ သားဗိုက်ဆာတယ် သားတကယ်ဗိုက်ဆာနေတာပါ ဗိုက်ထဲကလဲ အရမ်းအောင့်နေတယ် ထမင်းမရှိဘူးလား… ”


အိမ်ရှေ့က ကြမ်းခင်းလေးပေါ် နုံးချည့်စွာထိုင်နေတဲ့ ရှစ်နှစ်အရွယ်မောင်လေး ကို လှမ်းကြည့်ပြီး ကျမ မျက်ရည်တွေ အလိုလို ကျလာတယ်


အဖေမရှိတဲ့ သူမတို့မိသားစု မှာကျူးကျော်ရပ်ကွက်နေစရာအိမ်လေးတစ်လုံးနဲ့သာရှိခဲ့တယ် အမေက ပဲပြုတ်ရောင်းတယ် တစ်ချို့ရက်တွေမှာ ချောင်းအစပ်က ကညွှတ်ရွက်တွေခူးပြီး လျှောက်ရောင်းတယ် အမေဟာချို့တည့်တဲ့ကြားက ကျမတို့မောင်နှမနှစ်ယောက်ကို ထမင်းတော့ဝအောင် ကျွေးနိုင်ခဲ့ပါတယ်


ရပ်ကွက်က ကျူးကျော်တဲလေးတွေမှာ အိမ်လေး ငါးလုံးလောက်ပဲရှိတယ် တစ်အိမ်နဲ့တစ်အိမ်က အရမ်းလှမ်းတယ် သည်ရပ်ကွက်မှာနေတဲ့လူတွေကို ရွာထဲက လူတွေက သိပ်ပြီး မသိကြဘူး ပီးတော့မတူသလိုမတန်သလို ဆက်ဆံတက်ကြတယ် ကျမကျောင်းကိုလေးတန်းနဲ့ဆက်မတက်ပဲ အမေနဲ့အတူ ပဲပြုတ်လိုက်ရောင်းတယ် ကညွှတ်လိုက်ခူးတယ် အမေ့ကို ကူညီရင်း မောင်လေးကို အပူပင်မရှိအောင် ထားစေခဲ့တယ် လွန်ခဲ့တဲ့ ခြောက်လမှာ အမေဆုံးသွားတယ် ကျမ ဘဝ မှာ အားကိုးရာမဲ့သွားတာပေါ့ ဆွေမရှိ မျိုးမရှိနဲ့ ဘယ်သူ့မှ အားကိုးစရာမရှိသလ်ု ကျမအသက် ဆယ်လေးနှစ်အရွယ် မောင်နှစ်မနှစ်ယောက်ထမင်းဝဖို့ အမေထားခဲ့တဲ့ ပဲပြုတ်တောင်းလေး နဲ့ ချိန်ခွင်လေးကို အားကိုးပြီး မောင်လးကိုလုပ်ကျွေးခဲ့တယ် ကျမက ကလေးဆိုတော့ ပဲကိုသေချာနပ်အောင်မပြုတ်တက်ဘူး ကြာတော့ဖောက်သည်ပြက်ပြီး မရောင်းရ ဒီလိုနဲ့ကြာတော့ ပဲပြုတ်အရင်းလည်းပြုတ်ပြီး ရွာထဲက အိမ်တစ်ချို့မှာ အဝတ်လျှော် တံမြတ်စည်းလှည်း တောက်တိုမယ်ရတွေ လိုက်လုပ်ရတာပေါ့


တစ်ချို့နေ့မျိုးတွေဆိုရင် အလုပ်မရတဲ့နေ့တွေရှိခဲ့တယ်

အဲဒီနေ့တွေဆို မောင်လေး က ထမင်းမဝဘူး ကျမလည်း ထမင်းမဝဘူး


အမေမရှိတော့တဲ့နောက်ပိုင်းမှာ မောင်နှမနှစ်ယောက် ထမင်းကို ဆားနဲ့နယ်စားရတဲ့ ရက်တွေသာပိုများခဲ့ပါတယ် တစ်ခါတလေလေးများ ပိုက်ဆံရလို့ ကြက်ဥလေးနှစ်လုံးဝယ်ပြီး မောင်နှမနှစ်ယောက် စားရတဲ့နေ့မျိုးက ကျမတို့အတွက် ရှားပါးပြီးတန်ဖိုးရှိတဲ့နေ့တွေပါပဲ


တစ်နေ့တခြား အရိုးပေါ်အရေတင် ပိန်လှီလာတဲ့မောင်လေးကို ကျမတက်နိုင်သလောက်တော့ ရှာကျွေးနေပါတယ် ဒါပေမယ့် သူက ပှိန်လှီနေတာပါပဲ


မောင်လေးရဲ့ပုံစံက အရင်တုန်းကဆိုအသားဖြူဖြူ ဝဝကစ်ကစ် ပါးပြည့်ပြည့်ဖေါင်းဖေါင်းနဲ့ ချစ်ဖို့ကောင်းတဲ့ပုံစံလေးပါ


အခုတော့မောင်လေးက ချစ်စရာမကောင်းတော့ပဲ အရိုးအပျိုင်းပျိုင်းနဲ့ သနားစရာလေး ဖြစ်နေတယ်


စွပ်ကျယ်နွမ်းနွမ်းလေး အောက်မှာ ပိန်လှီနေတဲ့မောင်လေး ကို ကျမမြင်ရတာ စိတ်ချမ်းသာမနေပါဘူး ဒါပေမယ့် ဘယ်သူ့ကိုအပြစ်တင်လို့ ဘာကို မကျနပ်ဖြစ်နေရမလဲဆိုတာ ကျမမသိပါဘူး ဒါပေမယ့် ရင်ထဲမှာတော့ နာကျင်နေသလိုပဲ ကျမခံစားရပါတယ်


ကျက်သွားတဲ့ထမင်းနဲ့ဟင်းကို ခူးခပ်ပြီးမောင်နှစ်မနှစ်ယောက် မျှစားတယ် မောင်လေး က သိပ်မစားနိုင်ဘူး ဘာလို့လည်းမသိဘူး ဖြစ်နိုင်ရင် ကျမထည့်ပေးထားတဲ့ ပန်းကန်ထဲက ထမင်းတွေကို အရင်ကလို ” မဝသေးဘူး ” လို့ ပြောပြီးထပ်တောင်းစေချင်တာ


ခုတော့ ထည့်ပေးတဲ့ထမင်း သုံးလုပ်လောက်ပဲစားတယ် စားပြီးရင် သူအိပ်သွားတယ် ဒီဲလိုလုပ်နေတာရက် နဲနဲတော့ကြာနေပြီလို့ ကျမထင်တယ်


” မောင်လေး နင် ထမင်းမစားတော့ဘူးလား ”


” ဟင့်အင်း ဗိုက်ထဲမှာနာနေတယ် ”


မောင်လေးကပြောတယ် ဗိုက်ထဲမှာနာနေတယ်တဲ့

လေသံကတော့ သိပ်ပြီး မမာတော့ဘူး မောင်လေး စကားသိပ်မပြောနိုင်ရှာတော့ဘူး ထင်ပါတယ်


”မနက်ဖြန်ကျရင် မမထမင်းချက်ထားခဲ့မယ် ကိုယ့်ဖာသာကိုယ် ဆားနဲ့ နယ်ပြီးစားထားနော် မမအလုပ်လိုက်စပ်မှဖြစ်မယ် ပိုက်ဆံမရှိတော့ဘူး ”


ကျမပြောသမျှကိုမောင်လေး ကြားရဲ့လားမသိဘူး

ခဏကြာတော့ သူအိပ်ပျော်သွားတယ်


ညဘက် တစ်အိမ်ဝင်တစ်အိမ်ထွက်အလုပ်လိုက်စပ်တယ် ဒါပေမယ့်မရဘူး ဒါကြောင့်ပဲ ချောင်းအစပ်က ကညွှတ်တွေဆီကို ကျမရောက်သွားတယ်


မိုးကရွာနေတယ် လူက ဗွက်တွေထဲမှာထင်သလောက်မရုန်းနိုင်ဘူး အားမရှိသလိုဖြစ်နေတယ်

ဒါပေမယ့် အာတင်းရင်း ဗွက်တွေကို ရုန်းကန်နေရတယ်


မနက်ရောက်တော့ ညကခူးပြီးစည်းထားတဲ့ကညွှတ်တွေကို ဗန်းထဲထည့်ပြီးလိုက်ရောင်းတယ် ဆန်တစ်ဗူးဖိုးရရင်ပဲ ဝမ်းသာလှပြီဆိုတဲ့စိတ်နဲ့အားတင်းရင်းရောင်းခဲ့တယ် ကံကောင်းတော့ ဗန်းထဲက ကညွှတ်တွေကုန်သလောက်နီးပါးရောင်းကုန်သွားပါတယ်

ဒီနေ့တော့မောင်လေးကို ကြက်ဥ နဲ့ ကျွေးဖို့စိတ်ကူးထားတယ်


အိမ်ကိုရောက်တော့ မောင်လေးကိုခါတိုင်းလို အိမ်ရှေ့မှာ ကျမကိုထွက်စောင့်နေတာမမြင်ရပဲ အိပ်ယာထဲမှာ အိပ်ပျော်နေတာကိုပဲ ကျမမြင်လိုက်ရတယ်


မီးဖိုထဲဝင်ကြည့်တော့ လည်း ထမင်းအိုးက ခြေရာလက်ရာမပျက်


”မောင်လေးရေ နင်မနက်ကတည်းကမထတာလား ဘာမှလည်းစားမထားဘူး နော် ငါဒီနေ့နင့်ကို ကြက်ဥနဲ့ကျွေးမှာ ငါကြက်ဥဝယ်လာတယ် ထပါဦးဟ ”


ကျမဘယ်လိုပဲနှိုးနှိုးမောင်လေးက မနိုးဘူး


ကျမမောင်လေးကို သွားလှုပ်နှိုးတော့ မောင်လေးရဲ့အသားတွေက အေးစက်နေတယ်


ကျမအရမ်းလန့်သွားတယ် အမေတုန်းက အဲဒီလိုအသားတွေအေးစက်ပြီးသေသွားတယ် ကျမစိတ်ထဲထူပူသွားတယ် ကျမအကျယ်ကြီးအော်ငိုမိတယ်


”မောင်လေးအသားတွေအေးစက်နေပြီ မောင်လေး သေပြီလားမသိဘူး လာကြပါဦး ကျမမောင်လေး အသားတွေအေးစက်နေပြီ ”


ကျမ ရှိရှိသမျှ အသံကုန်ဟစ်အော်မိတယ် ခဏကြာတော့


အိမ်နဲ့ခပ်လှမ်းလှမ်းကကျူးကျော်တဲမှာနေတဲ့အဒေါ်ကြီး အေးမေ နဲ့ တစ်ခြားအိမ်နီးနားချင်းတွေ

ရောက်လာတယ်


“ကလေးမဘာဖြစ်လို့လည်းနင်ငိုတာအကျယ်ကြီးပဲ”


”မောင်လေးဘာဖြစ်မှန်းမသိလို့ပါ ”’


ဒေါ်ကြီးအေးမေက အိမ်ပေါ်တက်လာပြီးမောင်လေးကို သေချာကြည့်တယ် ခန္ဓာကိုယ်ကိုကိုင်ကြည့်တယ် ပြီးတော့ ပြောတယ် နင့်မောင်လေး သေသွားတာတဲ့


ကျမဘယ်လိုတောင်ဖြေရမယ်မသိပဲ မျက်ရည်တွေဒလဟောစီးကျလာတယ်


မောင်လေးက သေသွားပြီတဲ့ ကျမမောင်လေးက အမေ့လိုပဲ သေသွားတာတဲ့ ကျမ မောင်လေးက ထမင်းမဝလို့ သေသွားတာလား “ကျမ မောင်လေးကို ကျမ ထမင်းဝအောင်မလုပ်ကျွေးခဲ့လို့ သေသွားတာပေါ့နော် ဟုတ်လား ဒေါ်ကြီး အေးမေ”


အားလုံးက ဝိုင်းပြောကြတယ် နင့်မောင်လေး အဟာရပျက်ပြီး သေရတာတဲ့


” ငါ့မောင်လေး သနားလိုက်တာ ငါ့မောင်လေးရယ် ရင် သည်လိုမှန်းသိရင် မောင်လေးကို နေ့တိုင်းကြက်ဥပြုတ်နဲ့ပဲကျွေးခဲ့မှာပါ”


နေ့တိုင်း အလုပ်သွားမှာပါ တစ်ယောက်တစ်ဝက်စားရမယ့်အစား မောင်လေးကိုပဲ ဝအောင်အကုန်ကျွေးမိမှာပါ မမအပြစ်တွေပါ အမလေး ငါ့မောင်လေး ငါ့မောင်လေးရဲ့ ”


နှုတ်ကတစ်တွတ်တွတ်ရွတ်အော်ငိုရင်း မောင်လေးရဲ့အသက်မဲ့နေတဲ့အလောင်းကို ပွေ့ဖက်လိုက်တော့ ခေါင်းအုံးလေးကနေရာရွှေ့သွားတယ် အဲဒီခေါင်းအုံးလေးအောက်မှာ စာရွက်ခေါက်ခပ်ကြီးကြီးလေး တစ်ခု ကျမတွေ့လိုက်တယ် မောင်လေးဘာများရေးထားတာလည်းလို့ကျမ သိချင်သွားတယ် စာရွက်လေးကိုဖြန့်ကြည့်လိုက်တော့


သူ့ရဲ့ မကိုင်ရတာကြာပီဖြစ်တဲ့ ကျောင်းစာအုပ်လေးထဲက စာရွက်လေး ကို ဖြဲပြီး ခဲတံနဲ့ သူရေးထားတာ ဖတ်မိလိုက်တော့ ကျမစိတ်တွေဆောက်တည်ရာမရပဲ လူတစ်ကိုယ်လုံး ထုံကျဉ်သွားတယ် မျက်ရည်တွေက ဆည်ကရေလွှတ်သလို ကျလာတယ် မောင်လေး မှာပြင်းပြတဲ့ဆန္ဒကြီးတစ်ခု ရှိနေခဲ့တာ ပဲ အဲဒါကိုစာထဲမှာ ချရေးထားတာ


”ထမင်းဝဝ စားချင်တယ် မမရယ် ” တဲ့


ကျမရူးမတက်ပါပဲခံစားရပါတယ်

နောက်ဘဝများရှိခဲ့ရင် အခုလို ငတ်မွတ်ခေါင်းပါးပြီး သေရတဲ့ အဖြစ်ဆိုးမျိုး ငါ့မောင်လေး ကင်းဝေပါစေ လို့ မောင်လေးကို ပြန်မရမယ့်အတူတူဆုတောင်းမိပါတယ်.. .


ဒီလိုနဲ့ မောင်လေးမရှိတော့တာ တစ်လကြာသွားပါတယ်


ကျမတစ်ယောက်တည်း ဖြစ်သလိုရှာဖွေစားသောက်ရင်း် တဲလေးထဲမှာအထီးကျန်စွာနေခဲ့ရတယ်


တစ်နေ့ ကျမ ချောင်းအစပ်ကို ကညွှတ်ခူးဖို့ သွားခဲ့တယ် ချောင်းထဲမှာ မောင်လေးက ကျမကိုလက်ယက်ခေါ်နေသလိုမျိုး လိုလို ရေနစ်နေသလိုမျိုး လိုလို ကျမမြင်နေရတယ် ရုတ်တရတ်မိုးကလဲ ရွာချလာတယ် ရွှံတွေနွံတွေနဲ့ မောင်လေးကိုစိတ်ပူပြီး ကျမပြေးသွားမိတယ် အဲဒီမှာပဲ ရေစပ်နားကရွှံပျော့ပျော့တစ်ခုက ပဲ့ကျသွားပြီး ကျမလည်းချောင်းထဲကျသွားတယ် ကျမရေနစ်နေပါပြီ ကျမ ပတ်ဝန်းကျင်ကြားအောင်အော်ခေါ်မိတယ် ဒါပေမယ့် ဘယ်သူမှရောက်မလာကြပါဘူး


ဘယ်သူမှမသိလိုက်ဘူး ကျမထမင်းမဝတာ ငါးရက်ကျော်နေပြီ ဘယ်သူမှ မသိလိုက်ဘူး ကျမ ကိုယ်တစ်ခုလုံး နုံးချိပြီး အားနည်းနေခဲ့တာကို ဘယ်သူမှမသိဘူး ကျမနေမကောင်းဖြစ်နေတာကိုလည်းဘယ်သူမှမသိကြပါဘူး ကျမရေနစ်နေတာကိုလည်း ဘယ်သူမှမသိကြတော့ ကျမသေရတော့မှာအသေချာပါပဲ


“လောကကြီးထဲမှာ တစ်ချို့လူတွေက ပြည့်စုံကြတယ် တစ့်ချို့လူတွေကျတော့ မပြည့်စုံကြဘူး ဒါပေမယ့် တစ်ချို့လူတွေမှာတော့ မပြည့်စုံခြင်းဆိုတာထက်ကိုကျော်လွန်နေပါတယ် ကျမတို့ဘဝတွေက မပြည့်စုံခြင်းလောက်အထိတော့တောင့်ခံနိုင်ခဲ့ပေမယ့် အဲဒီထက်ကျော်လွန်တဲ့အခါမှာ ခံနိုင်ရည်မရှိစွာသေဆုံးကြရတာပါ


ကျမရဲ့လောကကြီးအမှောင်အတိကျသွားပါပြီ ဒါက ကျမရဲ့ ဘဝဇာတ်သိမ်းတဲ့လေ ….


မိုးကတစ်ဖြောက်ဖြောက်ရွာနေတယ် ချောင်းထဲကရေထဲကိုကျလာတဲ့မိုးစက်လေးတွေ က ရုတ်တရတ်ကြည့်လိုက်ရင်တော့ သာမာန်ပါပဲ ဖြစ်ရိုးဖြစ်စဥ်ပဲပေါ့ ဒါပေမယ့် ဘယ်သူမှမသိလိုက်ဘူး ဟောဒီချောင်းထဲမှာ ကျမ သေဆုံးနေတာကိုလေ …။ ။


Pann Ei Phyu ( ၈ ရက် ၁၁လ ၂၀၁၇)

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား