ရွေးပိုင်ခွင့်သာရှိခဲ့ပါလျှင်(စ/ဆုံး)

 ရွေးပိုင်ခွင့်သာရှိခဲ့ပါလျှင်(စ/ဆုံး)


———————

လုပ်ချလိုက်ပြီဗျာ အမေတို့ကတော့၊၊

အိမ်ထောင်မပြုချင်သေးတဲ့သားကို မိန်းမပေးစားတော့မယ်တဲ့။

မောင်ဦးက သားဦးဖြစ်နေလေတော့လည်း။

သူတိုသဘောကျတဲ့ ချွေးမလောင်းက ဘာတွေများမက်စရာရှိလို့ အိမ်ထောင်စောစောချပေးချင်ရတာလဲ။

ငယ်ငယ်က ငယ်ပါသေးတယ်ကိုယ်ရင်မဝတ်ချင်သေးဖူးပြောတော့လည်း အတင်းဝတ်ပေးခဲ့တယ်။

အဲထာကပြသ၁နာမဟုတ် ကုသိုလ်မရချင်သာနေမယ်၊အပြစ်မလုပ်ရင် ငရဲတော့မကျနိုင်ဖူး၊၊

ခွန်နှစ်ရက်ဘဲ ဝတ်ရတာဆိုတော့၊

ခွန်နှစ်ရက်ကျော်လျှင် စိတ်ကြီုက်နေထိုင်ခွင့် ရှိသွားပြီ။

မောင်ဦးသဘောက သီလထိမ်း

နိုင်မယ့်အရွယ်ရောက်မှဝတ်ရင်

မိဘများပိုပြီးကုသိုလ်ရလိမ့်မည်လို့ထင်ပါသည်။

ပဉာတ်ချက်က သရဏဂုံ

ပီအောင်ရွတ်နိုင်တဲ့အရွယ်ရောက်မှဝတ်သင့်တယ်လို့ဆိုထားပါတယ်။

ဘုရားစကားနားမထောင်ဘဲ

အလှူပေးချင်စိတ်ကရှေ့ရောက်နေပါကလား။


သည်လိုပါဘဲလေ။

ငယ်ပါသေးတယ်လို့ပြောလဲမရ။မိန်းမပေးစားတော့မယ်တဲ့။

ဘာကြောင့်များအရေးကြီးနေရပါသလဲ။

အခုဟာက ခွန်နှစ်ရက်လည်းမဟုတ်၊ခွန်နှစ်လလည်းမဟုတ်။ကောင်းကောင်းမကောင်းမကောင်း၊

တသက်လုံးပေါင်းရမယ်ဆိုတော့၊

မောင်ဦးစဥ်းစားရပါပြီ။

နိုင်ငံခြားသားတွေဆိုရင်တော့အဟုတ်သား။

သားသမီးဘယ်နှစ်ယောက်ရရ အဆင်မပြေရင်တော့ ဂျောင်းပါဘဲ။


ဗမာဆိုတော့ မြန်မာအကျင့်ကိုလေးစားလိုက်နာရပါတယ်။

မိန်းမယူပြီးကြာပါမှ၊မိန်းမမျက်နှာပေါ်မှာ၊

သနတ်ခါးနှင့်ဖုံးထားတဲ့အမာရွတ်တွေကိုတွေ့လျင်လည်း မကျေနပ်ပေမဲ့ ဆက်ပြီးပေါင်းရတာဘဲ။


ယောက်ကျ်ားရပြီးသုံးနှစ်လောက်ကြာမှ အရက်သမား

သရုပ်ပေါ်လာရင်လည်းဆက်ပြီးပေါင်းရတာဘဲ။

အော်…သံယောဇဥ်၊သံယောဇဥ်ကိုယ်မွေးထားတဲ့သားသမီးတွေမျက်နှာမငယ်စေချင်ကြဖူး

မဟုတ်လား။မိဘဆိုတော့လည်းသားသမီးမျက်နှာငယ်မည်ကိုကြည့်ရသည်ပေါ့။

သည်အဖေသည်အမေနှင့်နေရတော့ ကောင်းတာပေါ့လေ။


မောင်ဦးကအခုမှအသက်နှစ်ဆယ်သာရှိသေးသည်။လွတ်လွတ်ကြွတ်ကြွတ်အိမ်ထောင်ထိမ်းဖို့မလွယ်။

ခက်ထာကမောင်ဦးက သားဦးဆိုတော့ ကိုယ့်အိမ်မှာကပ်ပြီးမနေရ။အငယ်တွေကိုညှာရမည်

….တဲ့။အစဥ်အလာမဟုတ်ပေမဲ့ငယ်သူတွေအပြင်မှာထွက်ပြီးအလုပ်မလုပ်ရအောင် ရှောင်ပေးသင့်တယ်….တဲ့။ရှင်းထုတ်ချင်တဲ့သဘောမဟုတ်ပေမဲ့၊အခြားတစ်ဖက်က တိုက်တွန်းမှုတွေပါနေသလိုပါဘဲ။

ဤသည်ကကြီးသူတို့၏

ဝတ္တရားသာ။


ထားပါတော့ အမေသဘောကျတဲ့ ကလေးမ” မခင်နှင်းမြ” အကြောင်း လေ့လာရအောင်။

အသက်က ၁၈နှစ်၊ကိုယ်နေဟန်လှပါတယ်။ မောင်နှမက ငါးယောက်မှာအငယ်ဆုံးမို့ စကားပြောလျင် ချွဲပြီးနွဲ့နွဲ့ နှောင်းနှောင်းပြေတတ်ပါတယ်။ဤပုံစံကိုအချို့ယောက်ျားများကသဘောကျတတ်ပါတယ်။

အကြီးဆုံးကအမကြီးဖြစ်ပြီးအမကြီးယောကျာ်းက ငမူးပါ။

အိမ်ခွဲနေသော်လည်းမိဘများ၏အပေးအကမ်းမလွတ်ပါ။

နောက်အကိုနှစ်ယောက်ကအိမ်ထောင်ခွဲတွေပါ။တစ်ယောက်ကအလုပ်ကြိုးစားသူဖြစ်ပြီး နောက်တစ်ယောက်ကငပျင်းပါ။ယောက္ခမအမကြီးကဦးဆောင်ပြီးလုပ်ကျွေးနေပါတယ်။ နို့ညှာကောင်ကမိုက်ရူးရဲပါ။သူများကိုရိုက်လို့

အချုပ်ထဲက ခနခနအာမခံလိုက်ရပါတယ်။ မောင်ဦးနှင့်သူငယ်ချင်းမို့ခင်ပါတယ်။

အလုပ်ကောင်းကောင်းလုပ်ပြီးမိဘနှင့်အတူနေပါတယ်။စိတ်ဆတ်ထာလေးဘဲဆိုးပါတယ်။အဖိုးကြီးကအထိုက်အလျောက်လယ်ထဲသို့ဆင်းကြည့်ဖော်ရပါသေးတယ်။အစစအရာအိမ်တော်ထိမ်းအဖွားကြီးက ကွတ်ကဲနေပါတယ်။

အမေနှင့်အဖွားကြီးကငယ်သူငယ်ချင်း၊မောင်ဦးတို့က

သူတို့လောက်မပြည့်စုံပေမဲ့

မောင်ဦးကအလုပ်ကြိုးစားတယ်။အသောက်အစားမရှိ။အပျော်အပါးနည်းသည်။

သူတို့သမီးက ငယ်ငယ်ချောချောလေးမို့ မတော်တရော်နောက်ပါသွားရင်ဒုက္ခ။

ဒါကြောင့်စောစောအိမ်ထောင်ချပေးချင်သည်။

ဇာတ်လမ်းကသည်ကစပါသည်။

အကြီးမကြီးကမိဘများအားသခ်န်းစာပေးထားပြီမဟုတ်ပေလား။

မောင်ဦးစဥ်းစားသည်။

ငါးယောက်ရှိပြီးငါးယောက်လုံးကောင်းနေရင် တော်ပါ၏။

ငါးယောက်လုံးဆိုးခဲ့ရင်တော့ပြသ၁နာတွေရှင်းလို့ကုန်မယ်မထင်ပေဖူး။ပြီးတော့အမေချင်းသာခင်ကြတာ ကျွန်တော်တို့ချင်းကဘာမျှမဟုတ်။


သည်ကြားထဲ မိန်းကလေးကကြာမျက်လုံးရှိနေလေတော့၊

ပူရိသများအားဖမ်းစားနိုင်သည်။

အမြဲတမ်းအိမ်မှာရှိမနေတဲ့ကျွန်တော်၊ဘယ်သိနိုင်မလဲ။

စဥ်းစားရပြီပေါ့။ မကြုံတတ်သေးပေမဲ့ ကြုံလာခဲ့သည်ရှိသော် ကြိုတင်စဥ်းစားရပေမည်။


သို့ပေမဲ့လူကြီး၏၊ဆွေးနွေးမှုကအတော်ပင်ခရီးရောက်လို့နေပါပြီ။ ကျွန်တော်အိမ်မှာ မိဘများပိုင်ဆိုင်ထားသည့် မရှိမဲ့ရှိမဲ့ပစ္စည်းများထဲမှလယ်သုံးဧက၊

နွားတစ်ယှဥ်း၊လက်ဝတ်လက်စား၊ခန်းဝင်ပစ္စည်းအစုံအလင်နှင့်မဂ်လာဆောင်လက်ဖွဲ့အဖြစ်

ပေးရမည်။ခန့်ခန့်နားနားမဂ်လာဆောင်ပေးရမည်။


မောင်ဦးကိုယ့်အိမ်အကြောင်းကိုယ်သိသည်။သည်လောက်မရှိပါ။အကြွေးတင်မည်။ မိဘများမောင်ဦးကြောင့်ဒုက္ခရောက်မည်။အငယ်များကသည်အကြောင်းအား

ဘာမျှမသိကြပါ။

မလိုချင်ပါဖူး။မောင်ဦးမလိုချင်ပါဖူး။

သူတို့လက်မလွန်ခင်မောင်ဦးမိန်းမခိုးပြီးပြေးခဲ့သည်။

မဟုတ်ရင်မောင်ဦးသူတို့အိမ်လိုက်သွားပြီး သူတို့စေလိုရာသရုပ်ဆောင်နေရတဲ့ မင်းသားရုပ်ကလေးဖြစ်နေမည်။ ဤကိစ္စဘယ်နှစ်နှစ်ကြာနေမည်လဲ၊မသိပါ။


ဟုတ်ပါပြီမောင်ဦးမိန်းမခိုးသွားပြီ၊မင်းယူတဲ့မိန်းမကဘယ်လောက်များသာလို့လည်းမေးကြမည်။

အဖေနှင့်သမီးသားအဖနှစ်ယောင်သာရှိသည်။မိန်းခလေးမှာမွေးချင်းမရှိ။

အဖေကြီးကအိုပါပြီ။

ယာသုံးဧကအား၊နိုင်သလောက်စိုက်ပျိုးစားသည်။မိန်းခလေးက မောင်ဦးထက်နည်းနည်းသာငယ်သည်။ ရွက်ကြမ်းရေချိုအလှသာရှိသည်။တည်ငြိမ်သည်။မိမိတို့ဘဝအားမိမိတို့ကိုယ်တိုင်လမ်းဖောက်၍

လမ်းလျှောက်နိုင်သောသတ္တိရှိ

သည့်ရုပ်ရည်မျိုးဖြစ်သည်။

ကိုယ်အားကိုယ်ကိုး၍ကြိုးစားချင်သောစိတ်ရှိသည့်မောင်ဦးနှင့်အဆင်ပြေသည်။ မောင်ဦးကအသွားအပြန်လိုအပ်ချက်များအားဖြည့်ဆည်းပေးခြင်းသာဖြစ်သည်။

တစ်ယောက်၏စိတ်သဘောအားတစ်ယောက်ကသိ၍ တွယ်တာမြတ်နိုးမှုရှိသည်။


မိဘများကစိတ်ဆိုးသဖြင့်မောင်ဦးမဂ်လာဆွမ်းကျွေးသည်ကိုမလာကြပါ။

မောင်ဦး၏ကျောင်းနေဘက်သူငယ်ချင်းခြောက်ယောက်ဖြင့်ပွဲတစ်ပွဲပြီးသွားသည်။


မိဘများအခြေပျက်အောင်ဘာလက်ဖွဲ့ပါ။ညာလက်ဖွဲ့ပါလို့၊ဘယ်သူမျှမတောင်း။အေးအေးဆေးဆေးရောက်သည့်နေရာတွင်ရပ်၍၊ဘဝလမ်းအားရှေ့ဆက်ပြီးလျှောက်ရန်သာကြံစီရသည်။

မောင်ဦးတို့နှင့်အပြိုင်

မခင်နှင်းမြလည်းသူကြိုက်သောသူချစ်သူနောက်လိုက်သွားသည်။ဟိုဟာသည်ဟာလက်ဖွဲ့ပစ္စည်းများမပါပေမဲ့သူ စိတ်ချမ်းသာမည်ဖြစ်ပါသည်။ သူတသက်လုံးပေါင်းရမည့်လင်ကိုသူရွေးချယ်ပိုင်ခွင့်ရှိလို့သွားသည်။

ဒါပေမဲ့သူယူထားသောယောက်ျားကလူပျော့မို့ သူ့မိဘများနှင့်အဆင်မပြေဖြစ်သည်။

ယောက္ခမတို့၏ဒါဏ်မခံနိုင်သောသားမက်မို့အိမ်ထောင်

ရေးပျိုကွဲခဲ့ပါသည်။ထို့နောက်နောက်တစ်ယောက်နောက်တစ်ယောက်တွေများလာပြီး၊နောက်ဆုံး လူမိုက်နှင်ရပြီးမြဲနေသည်။


မောင်ဦးတို့မှာ၊ယောက္ခပိုင်သောမြေသုံးဧကအားကြိုးစား

စိုက်ပျိုးရင်း ကိုယ်ပိုင်နည်းလမ်းများရှာ၍ကြိုးစားလုပ်ကိုင်သည်။နွေမိုးဆောင်းသီးထပ်သီးညှပ်များစိုက်၍၊

ယာခင်းထဲတွင်နေ့စဥ်ဝင်ငွေမပြတ်အောင်ကြိုးစားလုပ်ကိုင်သည်။

မောငဦး၏၊

မိဘများလည်းအခြေမပျက်ပါ။

မောင်ဦးမှာလည်းဘဝရှိသွားပါသည်။

အိမ်ထောင်တစ်ခုတည်ဆောက်ရန်၊လူတိုင်းတွင်ရွေးပိုင်ခွင့်ရှိပါသည်။ ဖြစ်သင့်သည်ကို ကိုယ်တိုင်စဥ်းစားရွေးချယ်၍

မိမိတိုဘဝတက်လမ်းကိုဖန်တည်းရယူနိုင်ကြပါစေ။


မိမိတို့အိမ်ထောင်ပြုစဥ်၊

မိဘများအားမနိုင်ဝန် မထမ်းခိုင်းမိစေဖို့ သည်ဝတ္ထုတိုလေးအားရေးသားရပါသည်။

ဆရာမောင်သာလိ

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား