ကျွန်တော်နှင့်သေရွာပြန်ဂူကြီး
ကျွန်တော်နှင့်သေရွာပြန်ဂူကြီး **📖📖📖
======================
******************
".....ဝေ့...မောင်စောဟိန်းရေ...."
အိမ်ရှေ့မှ ခေါ်သံကြားတော့ နွားစာစဥ်းနေရင်းက
ကျွန်တော် လှမ်းကြည့်လိုက်တော့ ဦးသက္ကပါလား
ခေါင်းပေါင်းနှင့် လူကတော့ ထုံးစံအတိုင်း အပေါ်ပိုင်း
ဗလာကျင်းလျှက် မုဆိုးကြီးဦးသက္က အိမ်ကိုလာပုံ
ထောက်ရင် အကြောင်းတစ်ခုခုတော့ ရှိပေလိမ့်မည်
ဒီလူကြီးက တော်ရုံနှင့် လာတတ်သည်မဟုတ်ပေ။
"....ဦးသက္ကပါလား...လာလေဦးလေး..."
ကျွန်တော် အိမ်ခေါင်းရင်းက မကျည်းပင်အောက်
ကွပ်ပစ်ပေါ်၌ အကြမ်းရေတစ်အိုးနဲ့ လက်ဖက်လေးချ
ခါ ဧည့်ခံလိုက်၏။
"....ကဲ....ဆိုပါဦးဗျ....မလာစဖူးအလာထူးလို့ပါလား.."
ဦးသက္က အကြမ်းရေတစ်ခွက်ငှဲ့ရင်း။
"....အေးဟုတ်တယ်ကွ....ငါလဲတောမလည်ဖြစ်တာ....
....ကြာပြီဆိုတော့....အမဲလဲပစ်ရင်း....ဆေးပင်လေး
လဲ ရှာရင်းပေါ့ကွာ....အဲ့ဒါမင်းလိုက်မလားလို့....လာ
ခေါ်တာပဲကွ...."
ကျွန်တော်လဲ ဦးသက္ကနှင့် တောမလည်ဖြစ်တာ
ကြာပြီမို့ ကျွန်တော် ခေါင်းညိတ်လိုက်၏။
"...ဟုတ်ကဲ့....ကျွန်တော်လိုက်မယ်...ဦးလေး..."
"...အေး...ဒါဆိုရင်လဲ....မနက်အစောသွားရအောင်ကွာ
....မင်းငါ့အိမ်ကိုသာလာခဲ့....ငါပြင်ဆင်ပြီး...စောင့်နေ
မယ်...."
"...ဟုတ်ကဲ့ပါ....စိတ်ချဦးလေး...ကျွန်တော်လာခဲ့ပါ့
မယ်....."
ဦးသက္ကနှင့် အကြမ်းရေသောက် စကားကောင်းကြ
ရင်း နေလဲ အတော်မြင့်ပြီမို့ ကျွန်တော်အားနှုတ်ဆက်
ခါ ပြန်သွားလေတော့သည်။
===============
မနက်ခင်းသည် မြူနှင်းတို့ဖြင့် ထန်လှဲရွာလေးကို
ဖုံးအုပ်ထားလျှက် နွားခြူသံများ ဆူညံလျှက်
အရှေ့မှ သွားနေသော နွားလှည်းထံမှ ကြားရခြင်းပင်
ဖြစ်၏ ဦးသက္ကနှင့်ကျွန်တော် လှည်းလမ်းလေး
အတိုင်း လျှောက်လာခဲ့ကြတာ တောင်တတ်လမ်းဆီ
သို့ ရောက်လာခဲ့သည် လိုအပ်သည့် ပစ္စည်းများ
စစ်ပြီးတဲ့နောက် တောင်ပေါ် စတတ်ကြလေသည်
တောတောင်ထဲ ရောက်ပြီဆိုတာနဲ့ သာဘာဝရဲ့
တေးသံများဖြစ်တဲ့ ကျေးငှက်များ မျောက်အုပ်များရဲ့
အသံများဖြင့် ပတ်ဝန်းကျင်တစ်ခုလုံး အေးချမ်း
လျှက်ရှိလေသည် တစ်မနက်လုံး တတ်လာခဲ့ကြတာ
မည်သည့် သားကောင်မျှ မတွေ့ရသေးပေ ခါတိုင်း
ဒီအချိန်ဆို ဂျီ ဆတ် တောဝက် တစ်ကောင်ကောင်
တော့ ရနေလောက်ပြီဖြစ်သည် မွန်းတည့်ခါနီးပြီမို့
နှစ်ယောက်သား ထမင်းစားဖို့ နေရာရှာခါ ပုဆိုးကြမ်း
လေး ခင်းပြီး ထုံးစံအတိုင်း ပါလာသော အစားအစာ
များကို ဦးသက်က္က တင်မြှောက်ပြီး သကာလ
စားကြလေ၏ ။
ထမင်းစားလို့ ပြီးသွားသောအခါ ပိုနေသော ထမင်း
အနည်းငယ်ကို အင်ဖက်ပေါ်တင်ခါ ဦးသက္က ယူ
ဆောင်သွားပြီး နေရာလွတ်တစ်ခု၌ ငှက်စာအဖြစ်
ထားခဲ့သည်ကို ကြည့်ရင်း ကျွန်တော် လေးစားမိသည်
မုဆိုးဆိုပေမယ့် ကျွန်တော် တွေ့ဖူးသမျှ မုတ်ဆိုး
တွေထဲမှာတော့ အကြင်နာတရား အရှိဆုံး မုတ်ဆိုး
တစ်ယောက်ပင်ဖြစ်လေသည်။
စားသောက်ပြီးတဲ့နောက် ခေတ္တနားခါ အလုပ်ပြန်စရ
တော့၏။
"....ဖောင်း...ဖောင်း..."
အသံကြားရာဆီသို့ ဦးသက္ကနားစွင့်လိုက်ပြီး။
"....လူလေးရေ....အဲ့ဒါ...ဆင်ရိုင်းအုပ်ကွ...ဆယ်ကောင်
အထက်ရှိလိမ့်မယ်....ဒီကောင်ကြီးတွေ....ဝါးတောတိုး
ပြီး....မျှစ်တူးစားနေကြတဲ့အသံပဲ...ကဲလာလာ....
...တို့တွေ....အနောက်က...လျှိုထဲဘက်ကိုဆင်းရ
အောင်....အဲ့ဒီဘက်က...လေအောက်ဆိုတော့...ငါတို့
အတွက်....အန္တရယ်ကင်းလိမ့်မယ်...ဒီကောင်ကြီး
တွေက....သိပ်ပါးတဲ့ကောင်တွေကွ....ပက်ပင်းတိုးရင်
မချောင်ဘူးဟေ့....."
ဦးသက္ကရဲ့ မုတ်ဆိုးအတွေ့အကြုံကိုတော့ ကျွန်တော်
အကြွင်းမဲ့ယုံကြည်သည်မို့ သူ့ရဲ့ကျွမ်းကျင်မှု့ကို
အထူးအဆန်းမဖြစ်တော့ပါ။
"....ဟုတ်ကဲ့ပါ....ဦးလေး...."
ဦးသက္ကသွားရာအနောက်မှ ကျွန်တော်ကပ်လိုက်
လာရင်း လျှိုထဲရောက်တော့ ကျွန်တော်တို့နှစ်ယောက်
ကံဆိုးစွာနဲ့ ဆင်ရိုင်းများ ဝါးတောကုန်းမြင့်ကနေ မြင်
သွားပြီး အရှေ့ဆုံးအကောင်ကြီး တစ်ကောင်ကစပြီး
ဖင်ထိုင်ချလျှက် ကုန်းမြင့်ပေါ်မှ ကျွန်တော်တို့ရှိရာ
လျှိုထဲသို့ လျှောဆင်းလာလေတော့သည်။
"....ကျီး....ကျီး....ကျီး...."
ကျန်ဆင်ကြီးများပါ လျှောဆင်းလာတာကြောင့်
"....မောင်စောဟိန်း....ပြေး....ပြေးတော့...."
ကျွန်တော်နားထဲ ဦးသက္က၏ သတိပေးသံကြားမှ
သတိဝင်ခါ ခြေကုန်အောင် ပြေးရတော့သည်
နှစ်ယောက်သား လူစုကွဲသွားပြီး အသက်လုပြေးနေရ
တာကြောင့် ဘယ်ဆီသို့ ပြေးနေမိမှန်း မသိတော့ပါ
ဦးသက္က သင်ပေးထားသည့်အတိုင်း ဆင်ရိုင်း
လိုက်လို့ ပြေးရတဲ့အခါ တည့်တည့် မပြေးပဲ
ကွေ့ပတ် ပြေးတာကြောင့် ကျွန်တော် အနောက်မှ
လိုက်လာတဲ့ ဆင်ရိုင်းကြီး ပို၍ ဒေါသထွက်နေလေ၏
ခြေကုန်လက်ပန်းကြအောင် ပြေးနေရင်း တောင်စွန်း
တစ်ခုထိပ်သို့ ရောက်သွားလေတော့သည် အနောက်
မှ ထပ်ကြပ်မခွာ လိုက်လာသော ဆင်ရိုင်းကြီးကလဲ
ကျွန်တော်ဆီသို့ မာန်ဟုန်အပြည့်ဖြင့် ပြေးလာနေလေ
သည် ကျွန်တော် ဘာလုပ်ရမလဲ မသိတော့ပါ အောက်
ကိုကြည့်တော့ ပေနှစ်ဆယ်ခန့့်လောက် နိမ့်နေသည့့်
ချောက်က ကျွန်တော်အား ဆီးကြိုနေသည်မို့ မထူး
တော့ပြီ ချောက်ထဲခုန်ချခြင်းက ကျိုးပဲ့ရုံဖြင့် အသက်
ရှင်နိုင်ခြေရှိလိမ့်မည် ဆင်ရိုင်းနှင့်တိုးလျှင်တော့
ကျွန်တော် တစ်စဆီဖြစ်သွားမှာ အသေအခြာပင်ဖြစ်
သည် မျက်လုံးကိုစုံမှိတ်လျှက် ကျွန်တော်ခြေအစုံ
သည် လေဟာနယ်သို့ မြောက်တတ်သွားခါ ခုန်ချ
လိုက်ပါတော့သည်။
"...ဘုတ်...."
"....အား....."
အပေါ်ကကြည့်ရင်သာ သိပ်မမြင့်ဘူးထင်ရတာ
တစ်ကယ်ခုန်ချလိုက်တော့ မြေပြင်နှင် ရိုတ်မိသော
ကျွန်တော်မှာ နာကျင်မှု့ကြောင့် အသက်တောင်ရှူမရ
ပေ နားတွေအူနေပြီး အမြင်တွေပါ မှုန်းဝါးလျှက်
အသိစိတ်က ဝင်တစ်ချက် မဝင်တစ်ချက် ဖြစ်နေစဥ်
မှာပဲ ကျွန်တော်ရဲ့ ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက်က
ဒရွတ်တိုက် ဆွဲနေခြင်းကို ခံစားရပြီးနောက် ဘာကိုမှ
မသိတော့ချေ။
==============
နာခေါင်းထဲ၌ ထူးခြားသော အမွှေးရနံ့တစ်မျိုးကို
ရနေ၏ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်နေပြီး တစ်ပွက်
ပွက်နှင့် ရေစက်ရေပေါက်ကျသံကိုလဲ ကြားနေရသည်
မျက်လုံးကို အသာဖွင့်ကြည့်သောအခါ။
"....ဟင်...."
ကြီးမားတဲ့ကျောက်ဂူကြီးထဲ ကျွန်တော် ရောက်နေ
သည်ကို တွေ့မြင်လိုက်ရခြင်းကြောင့် အံ့သြထိတ်လန့်
မိခြင်းဖြစ်သည် ကျောက်ဂူကြီးရဲ့ အပေါ်ပိုင်းမှ
ကျောက်ပန်းဆွဲများဆီက စိမ့်၍ကျလာသော ရေစက်
များသည် အောက်ခြေကျောက်ကြမ်းပြင်တွင့် ချိုင့်
ခွက်တောင်ဖြစ်နေပြီး ရေစက်လေးများ ထိုချိုင့်ခွက်
ထဲသို့ တစ်ပွက်တစ်ပွက်ကျသံသည် ဂူအတွင်း၌
တေးသွားတစ်ပုဒ်လား ကြားနေရခြင်းပင်ဖြစ်သည်
ကျွန်တော် အားယူပြီး ထလိုက်သောအခါ။
"...အား...."
တစ်ကိုယ်လုံး နာကျင်မှု့ကြောင့် ကျွန်တော် ပြန်လဲကြ
သွားပြန်သည် လဲနေလို့တော့ မဖြစ်ပေ ရအောင်ပြန်
ထဖို့ ကြိုးစားရတော့သည် အားယူပြီး ပြန်ထလိုက်
ပြန်သည် ဒီတစ်ခါတော့ ခြေထောက်များ နာကျင်နေ
သော်လဲ ထ၍ ရသွားွားပြီး ကျွန်တော် ပတ်ဝန်းကျင်အား အကဲခတ်ရင်း လိုက်ကြည့်တဲ့အခါ ဂူထဲသို့ ဝင်သွားတဲ့လမ်းက မဆုံးသေးပေ ထူးခြားသည်က ဂူနံရံ၌ရှိသောကျောက်တစ်မျိုးသည် ပိုးစုန်းကြူးများကဲ့သို့ အလင်းရောင်တွေ ထွက်နေခြင်းပင်ဖြစ်လေသည် ထိုကျောက်များကြောင့် ဂူထဲကို ကောင်းစွာမြင်နေရ၏ ကျွန်တော်လဲ အထဲသို့ ဝင်သွားသည့်လမ်းတိုင်း တစ်ဖြေးဖြေးခြင်း လျှောက်ဝင်သွားလိုက်သည် အထဲသို့ရောက်တဲ့ အခါ ပို၍အေးလာပြီး ပိုမှောင်လာခဲ့သည် ရုတ်တရက် ကျွန်တော်အနောက် တစ်စုံတစ်ယောက်၏ ခြေသံကို သဲ့သဲ့ ကြားနေရလေသည် အနောက်ကိုလှည့်ကြည့်တော့လဲ ဘာမှမတွေ့ရပေ ကျွန်တော် ဆက်ပြီးလျှောက်လာခဲ့ရင်း ထူးခြားသည့်အရာတစ်ခုကို တွေ့လိုက်ရလေ၏ ထိုအရာသည်ကား ကျောက်ဖျာကြီး အပေါ်မှ အခေါင်းတလား တစ်လုံးပင်ဖြစ်လေ၏ ဘေးပတ်လည်မှာ မီးလင်းသော ကျောက်တွေကြောင့် မြင်ကွင်းက ရှင်းလှသည် ကျွန်တော် အနားသို့တိုးကပ်သွားရင်း အခေါင်းဆီမှ မွေးပြန့်သော ရနံတစ်မျိုးကိုရနေသည်မို့ ပို၍ စိတ်ဝင်စားသွားပြီး အခေါင်းအံဖုံးအား အသာဖွင့်ကြည့်လိုက်သောအခါ။
"....ဟာ....ဘယ်....ဘယ်လိုဖြစ်ရတာလဲ...."
အခေါင်းထဲ၌ နန်းဝတ်နန်းစားတွေနှင့် အိပ်ပျော်နေ
သည့်အလား လှဲလျောင်းနေသူက ကျွန်တော်နှင့်
တစ်ပုံစံထဲပင် ဖြစ်နေသောကြောင့် ထိတ်လန့်သွား
ပြီး နောက်သို့ဆုတ်လိုက်၏ အတွေးထဲမှာ အံ့သြဆန်း
ကြယ်ခြင်းတွေ အပြည့် ကိုယ်မျက်နှာကို ပြန်စမ်းရင်း
"....ငါ....ငါ....သေပြီလား...မဟုတ်...မဟုတ်သေးပါဘူး"
ရင်ထဲမှာ ဘာရယ်မှန်းမသိ ဆို့နင့်ကြေကွဲနေသည်။
"....ဝေါင်း...."
"....အမလေး....ကျား....ကျားကြီး...."
ကြီးမားတောင့်တင်းလှသော ကျားကြီးတစ်ကောင်
အရောင်အသွေး တောက်ပြောင်လျှက် ကျွန်တော့်
အနောက်သို့ ဘယ်အချိန်ထဲက ရောက်နေမှန်းမသိ
ဂူနံရံကို ကျောမှီခါ ဒဏ်ရာတွေနှင့် မပြေးနိုင်သူအဖို့
လည်ဆင်းပေးလိုက်ရုံသာ ရှိတော့သည်
ကျားကြီး အရှေ့သို့ တစ်လှမ်းခြင်း တိုးကပ်လာ၏
".....ဝေါင်း....."
"....ဟိတ်...ရူပ....နောက်ဆုတ်စမ်း...."
"...ဟင်...."
အဖိုးကြီးတစ်ယောက် ဆံပင်နှင့်မုတ်ဆိတ်များ ဖြူ
ဖွေးလျှက် တောင်ဝှေ့တစ်ချောင်းကို ထောက်လျှက်
လှမ်းခေါ်လိုက်တော့ ကျားကြီး အနောက်သို့ဆုတ်ခါ
ခွေခွေလေး ထိုင်ချလိုက်လေသည်။
"...လူလေး....အဖိုး....မင်းကိုစောင့်နေတာ....
....နှစ်ပေါင်းနှစ်ရာပြည့်ပြီကွ....ဒီနေ့ဟာ...နှစ်...နှစ်ရာ
ပြည့်တဲ့နေ့ပဲ...."
"....ဗျာ...."
ကျွန်တော် နားမလည်နိုင်သေးပါ။
"....အံ့သြသွားတာလား....မအံ့သြပါနဲ့.....သံသရာဆို
တာ....အင်မတန်ဆန်းကြယ်ပါတယ်....မင်းတို့တွေ့ခဲ့
ရတဲ့.....ဆင်းရိုင်းအုပ်ဆိုတာ....တစ်ကယ်မရှိပါဘူး..."
"....ဟင်....ဒါ....ဒါဆို...."
ကျွန်တော် ထိန်လန့်နေတာကိုကြည့်ပြီး။
"...မလန့်ပါနဲ့လူလေး...သူတို့မင်းတို့ကို....ဒုက္ခမပေးပါ
ဘူး....အဖိုးလဲ....မတတ်သာလို့....ဖန်တီးလိုက်တာပါ.."
ကျွန်တော် အခုမှ အခြေအနေကို အနည်းငယ်
နားလည်လာ၏။
"....ဟို....ဟိုအခေါင်းထဲက......လူကရော..."
အဖိုးကြီးက အခေါင်းတလားဆီသို့ ရီဝေသော
အကြည့်များဖြင့် လှမ်းကြည့်နေရင်းက။
"လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ရာက...လူလေးရဲ့..
...ရုပ်အလောင်းပေါ့ကွယ်.."
"...ဗျာ..."
"....ဟုတ်တယ်လူလေး....လူလေးရဲ့....ညီတော်ဖြစ်တဲ့..
...ဥက္ကပါလဟာ....ထီးနန်းကိုလိုချင်တဲ့အတွက်....
....အကိုဖြစ်သူကို....သူ့ရဲ့ကြင်ရာတော်...သုကု္ဒြာ
နဲ့အတူ....ဒီကျောက်ဂူကြီးထဲမှာ....အလုံပိတ်သတ်ခဲ့
ကြတယ်....လူလေး....အဲ့ဒီဘဝမှာမင်းရဲ့....အမည်
နာမက...နန္ဒပါလတဲ့....ခုဏကတွေ့ရတဲ့....အခေါင်း
တလားထဲက....နန္ဒပါလပေါ့ကွယ်...."
"...ဗျာ..."
မမှတ်မိနိုင်သော အတိတ်ကအကြောင်းအရာများ
ကို နားထောင်ရင်း ရင်ထဲဝယ် ဆို့ရင့်ကြေကွယ်လျှက်
ရင်နာစရာ အဖြစ်အပျက်များပင်။
"....ဒါနဲ့အဖိုး....ကျွန်တော်ကအခု....ဒီမှာဘာလုပ်ရမှာ
လဲ....အိမ်ပြန်ချင်တယ်ဗျာ..."
အဖိုးကြီး သဘောကြဟန်ဖြင့် ပြုံးလိုက်ပြီး။
"....ပြန်ရမှာပါ....လူလေး...တစ်ကယ်ဆိုရင်...ဒီနေ့ဟာ
...အဖိုးမင်းကို....အပြီးတိုင်ပြန်ခေါ်ရမယ့်နေ့ကွဲ့........
....သို့ပေမယ့်....လူလေးရဲ့....အတိတ်ဘဝက...
...ကြင်ယာတော်..သုကု္ဒြာက...လူလေးရဲ့ဆန္ဒ
အတိုင်း....ဆောင်ရွက်ပေးဖို့....တောင်းဆိုလာတာ...
ကြောင့်....လူလေးအခု....အိမ်ပြန်ချင်ရင်....ပြန်ပို့ပေး
ပါ့မယ်...."
ကျွန်တော်လဲ အတိတ်ဘဝက ကြင်ယာတော်ဆိုသူကို
မမြင်ဘူးချေ ထို့ကြောင့်။
"..ကျွန်တော်ရဲ့....ကြင်ယာတော်ဆိုတာ....ဘယ်မှာလဲ
ဗျ..."
ထိုသို့ပြောတော့ အဖိုးကြီးက တောင်ဝှေ့ကို တစ်ချက်
ဆောင့်လိုက်တဲ့အခါ။
"..ဟာ....."
ရုပ်ရည်ချောမောလှပသော အမျိုးသမီးတစ်ဦး
နန်းဝတ်နန်စားများနှင့် ပေါ်လာခြင်းပင်ဖြစ်လေသည်။
"....ကဲ....ဒါကတော့....အတိတ်ဘဝက..နန္ဒပါလရဲ့....
....ကြင်ယာတော်....သုကု္ဒြာပဲ....လူလေးရဲ့.....
....ကြင်ယာတော်ပေါ့ကွယ်...."
ကျွန်တော် ကြည့်နေစဥ်မှာပဲ အဖိုးကြီးက တောင်ဝှေ့
ကို နောက်တစ်ချက် ပြန်ဆောင့်လိုက်တဲ့အခါ
သူမ ပျောက်ကွယ်သွားလေသည်။
"...ကဲ....လူလေး....မင်းရဲ့ကြင်ယာတော်...သုကု္ဒြာ
ကတော့...အတိတ်ဘဝက...သူတို့ကို...ဂူထဲထည့်ပြီး
...အလုံပိတ်သတ်ခဲ့တဲ့....ဥက္ကပါလကို....မပြေနိုင်
တဲ့....ရန်ငြိုးတွေနဲ့အတူ...မကျွတ်လွတ်နိုင်သေးတဲ့....
.....ဘဝမှာ....ကျင်လည်နေတုန်းကွဲ့....ဒါကြောင့်.....
..လူလေး...အိမ်ပြန်တဲ့အခါ....သူ့နာမည်ကိုခေါ်ပြီး...
...အလှူဒါနတွေ....များများပြုပေးပေါ့ကွယ်...။
ဒီလိုကြားရပြန်တော့လဲ ကျွန်တော် သုကု္ဒြာအတွက်
စိတ်မကောင်းဖြစ်ရလေသည်။
".....ဟုတ်....ဟုတ်ကဲ့ပါအဖိုး.....ကျွန်တော်ပြုပေးပါ့
မယ်...."
"...ကဲ....လူလေး....အဖိုးကခေါ်ထားချင်ပေမယ့်..
...လူလေးရဲ့....ဆန္ဒအရ....အဖိုးပြန်ပို့ပေးရတော့မယ်
....အဖိုးက...လူလေးတို့ကို...ငယ်စဥ်ထဲက...ထိန်း
ကျောင်းပေးရတဲ့....အထိန်းတော်ဦးရီး....ဖြစ်ခဲ့တာ
ကြောင့်...အဖိုးအမြဲတမ်း....စောင့်ရှောက်မှာပါ....
....ကဲ..လူလေးရဲ့အိမ်ကို...အာရုံပြုထားပေတော့..."
ကျွန်တော် ဂူကြီးနဲ့ အခေါင်းတလားထဲမှ ကျွန်တော်
ဆိုသော သို့မဟုတ် နန္ဒပါလရဲ့ ခန္ဓာကိုယ်အား
နှုတ်ဆက်ကြည့်ရင်း မျက်လုံးများမှိတ်ခါ အိမ်ကို
အာရုံဏ်ပြုထားလိုက်ပါတော့သည်။
".....ရေ....ရေပေးပါ...."
"...အမေလေး....လုပ်ကြပါဦး....သ...သရဲ...."
"....ပြေးကြဟေ့.....ပြေးကြ...."
ကျွန်တော်အနားမှ လူတွေ အော်ဟစ်ရုန်းကန်ရင်း
အသီးသီး ဆင်းပြေးကြတာကို မြင်လိုက်ရသည်ည်
ရင်ထဲဝယ် ခြောက်ကပ်လျှက် ရေကိုသာ အငမ်းမရ
တောင်းနေမိ၏။
"...ရေ....ရေပေးပါဗျာ....ရေပေးကြပါ...."
"....ဟဲ့....မိလှတင်....ရေသွားခပ်စမ်း...နင်သားမသေ
ဘူးဟ....သွား....မြန်မြန်ခပ်လာခဲ့...."
ဦးသက္ကရဲ့ သတိပေးစကားကြောင့် ကျွန်တော်
အမေ မျက်ရည်များနဲ့ ရေတစ်ခွက်ပြေးခပ်တော့သည်
ရေရောက်လာတော့ ကျွန်တော်လက်မနှစ်ခုအား
ကြိုးချည်ထားသည်မို့ ဦးသက္ကအား ဖြည်ခိုင်းရ၏
ရေကို အငမ်းမရသောက်ရင်း ဖလားအကြီးနှင့်
သုံးခွက်လောက်ပင် ကုန်သွားခဲ့သည် ဝါးကြမ်းပြင်
သို့မဟုတ်(သန်းခေါင်စင်)အပေါ်မှထလိုက်ပြီးနောက်
ပက်လက် ကုလားထိုင်ပေါ် ကျောမှီထိုင်ရင်း
ဦးသက္က ဘေးနားမှာ ဝင်ထိုင်လိုက်ပြီး။
"....မောင်ဖိုးချစ်...မင်းဘာတွေဖြစ်ခဲ့တာလဲ....ပြောပြ
ပါဦး...."
ခုဏဆင်းပြေးသော လူအုပ်ကြီးမှာလဲ ပြန်တတ်လာ
ကြပြီး ကျွန်တော် ပြောမည့် အကြောင့်အရာ များကို
နားစွင့်နေကြတာ အပ်ကျသံမျှပင်မကြားအောင်
တိတ်ဆိတ်နေသည်။
"...ဖြစ်ပုံကတော့...ဒီလိုပါဗျာ..."
ဖြစ်ကြောင်းကုန်စင်ကို မခြွင်းမချန် ပြောပြလိုက်မှ
အားလုံးလဲ စိတ်မကောင်းဖြစ်ကြ မျက်ရည်ကြသူက
ကြ အားလုံး အမြင်ရှင်းသွားတော့လေသည်။
"....ငါမင်းကို...ဆင်သေရေတံခွန်အနားက...
.....ကျောက်ဖျာပေါ်မှာ...ပြန်တွေ့တာကွ....ငါစမ်း
ကြည့်တဲ့အချိန်မှာ.....မင်းက...အသက်မရှူတော့ဘူး...
...အေးစက်တောင့်တင်းနေပြီလေ..ငါလဲဘာလုပ်ရမှန်း
မသိတာနဲ့ ရွာကို... ပြန်ထမ်းလာခဲ့တာ... တောထဲမှာ
ရွာက... သစ်ခုတ်တဲ့လူတွေနဲ့တွေ့တော့...ပိုအဆင်
ပြေသွားတာပေါ့ကွာ....ဒီရောက်တော့...ရွာက...
ဆေးဆရာတွေနဲ့....ပြတဲ့အခါ....မင်းအသက်မရှိတော့
ဘူးဆိုလို့....ငါတို့...မနက်ဖြန်ဆိုရင်...သင်္ဂြိုလ်ကြ
တော့မှာကွ...."
ဖြစ်ပျက်ခဲ့သမျှတွေကို ပြန်တွေးရင်း ရင်ထဲမှာ
လုံးဝမကောင်းခဲ့ပါ ထို့ကြောင့် အမေဆီကခွင့်တောင်း
ခါ ကျွန်တော် ရွာဘုန်းကြီးကျောင်းမှာ ခေတ္တ ဘုန်းကြီး
ဝတ်ခဲ့ပြီး ပြုသမျှ ကုသိုလ်အဖို့ပါကကို အတိတ်
ဘဝမှ တော်စပ်ခဲ့ဘူးသော ကြင်ယာတော် သုကု္ဒြာ
အား အမျှကုသိုလ် ပေးဝေလိုက်ပါတော့သည်။
.ပြီးပါပြီ။
.
စာရေးသူ လေလွင့်လူ (တွံတေး)အားလေးစားလျက်
Like&shareလေးနဲ့အားပေးကြပါအုံး
.
.စာဖတ်သူ ညီအကိုမောင်နှမအပေါင်းကို အထူးပဲ ကျေးဇူးတင်ပါတယ် 😊😊😊