** ဦးခေါင်းကြီးဘဲ ပါလာတယ် **(စ/ဆုံး)
—————————————-******* ဖြစ်ရပ်မှန်*******ငါးမျှားတံလေးကိုစွဲကိုင်ပြီး ရွာပြင်ဘက်သွားနေသော တင်မျိုးကအောင်အောင်နဲ့ အထွန်း အား လှမ်းမေးလိုက်သည်။~ ဟေ့ကောင်တွေ ငါးမျှားသွားကြမယ်လေ…~တင်မျိုးအမေးစကားကြောင့် ဘောလုံးကန်နေသော အောင်အောင်အထွန်း တို့က တင်မျိုးကိုလှည့်ကြည့်လိုက်ပြီးနောက်။~ တို့မလိုက်တော့ဘူးကွ ဘောလုံးကန်မလို့မင်းလည်း မှောင်တော့မယ် မနက်မှတူတူသွားရအောင်ခုဘောလုံးကန်ကြမယ်လာ…~~ဟာ မင်းတို့မလိုက်ချင်နေကွာ မနက်က ကိုမင်းဇော်ရွာထိပ်က အုတ်ကန်မှာမျှားတာ ငါးတွေရတာ အများကြီးပဲ…~~ အေးကွာ ငါတို့မနက်မှလိုက်တော့မယ် ခုတော့ဘောလုံးကန်ရတာ မဝသေးဘူး…~ထိုသို့ ဖြင့်ပင်တင်မျိုးတယောက် ငါးမျှားတံလေးကို ထမ်းပြီးတော့ရွာအပြင်ထွက်သွား ခဲ့ပြီဖြစ်ပါလေတော့သည်။အောင်အောင်နှင့် အထွန်းလဲ ဘောလုံးကန်ပြီးပြီဖြစ်တာကြောင့်ရေမိုးချိုးကာ တင်မျိုးပြန်အလာကိုစောင့်နေကြတော့သည် သူတို့က14 15 နှစ်အရွယ် ကလေးငယ်များပင်ဖြစ်လေတော့သည်။နေဝင်ရီတရော အချိန်လေးမှာပင် ရွာအပြင်ဆီမှ တင်မျိုးတယောက်ခပ်သွက်သွက် ရွာအတွင်းပြေးဝင်လာတာကို မြင်လိုက်ရသောအခါအထွန်းက အောင်အောင်ကိုပြောလိုက်သည်။~ ဟိုမှာ တင်မျိုးပြန်လာပြီ အောင်အောင်လာသူငါးဘယ်လောက်ရလဲ သွားကြည့်ရအောင်…~တင်မျိုးဆီသို့ အောင်အောင်နှင့် အထွန်း သွားလိုက်ကြတော့သည်။÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷တင်မျိုးသေပြီဟု အိပ်ယာမှနိူးနိူးခြင်းကြားလိုက်ရသော အောင်အောင်လုံးဝ မယုံကြည်နိူင်ပါခြေ ထို့ကြောင့် မျက်နှာကိုဖြစ်သလိုသစ်ကာတဘက်အိမ်မှ အထွန်းဆီပြေးထွက်ခဲ့တော့ အထွန်းက အိမ်ပေါ်မှဆင်းလာသည်နှင့် ဆုံသည်။~ အထွန်း . .အထွန်း တင်မျိုးသေပြီဆို ဟုတ်လား…~~ ဟုတ်တယ်အောင်အောင် ငါ့ကိုလည်းအမေပြောတယ်အဲဒါ မင်းကိုခေါ်ပြီး သူ့အိမ်သွားမလို့…~~ ဒါ…ဒါဆို မနေ့ကသူပြောတာ တကယ်ပေါ့…~~ မသိဘူး သွားမယ်လာတင်မျိုးတို့အိမ်ကို…~ပြောလိုက်ကြပြီး တင်မျိုးအိမ်ဆီသို့ နှစ်ယောက်သားအတူတူပြေးသွားကြလေတော့သည် သူတို့နှစ်ယောက်ကိုမြင်တော့မှတင်မျိုးမိခင်မှာ သူ့ရင်ကိုသူထုကာ ငိုလေတော့သည်။~ သား . .သားလေး သားသူငယ်ချင်းတွေလာနေပြီလေထကြည့်ပါဦး အောင်အောင်အိမ်မှာ စာအတူတူသွားကျက်မယ်လို့ပြောလိုက်ပါဦးသားရဲ့…~ထိုသို့ငိုနေရင်းမှပင် အောင်အောင်နှင့်အထွန်းကိုကြည့်လိုက်ပြီး~ သားတို့ရယ် သားတို့သူငယ်ချင်းလေ ညကကြောက်တယ် ကြောက်တယ်ဆိုပြီး တညလုံးကယောင်ကတမ်းတွေပြောတယ် ဒီမနက်စောစောအသက်ထွက်သွားတာပဲကွယ်…~အောင်အောင်ရော အထွန်းပါ မျက်ရည်များကျလာလေတော့သည်အောင်အောင်က တင်ထွန်းကိုအုပ်ထားသော စောင်ကိုအသာလေးမကြည့်လိုက်ပြီး။~ တင်ထွန်း တို့တွေ မနေ့က မင်းပြောတာကိုမယုံခဲ့တာလှောင်ရယ် ရယ်ခဲ့တာ မင်းခွင့်လွတ်ပါကွာ…~အောင်အောင်စကားကို ကြားရသောအခါ တင်မျိုး အမေ အဖေ တို့ကအောင်အောင်နှင့်အထွန်းအား အတင်းမေးကြလေတော့သည် ထိုအခါမှသူတို့က မနေ့ကတင်ထွန်းပြောသည်များကို ပြန်ပြောပြလေတော့သည်±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±±အောင်အောင်နဲ့အထွန်းကို မြင်တော့ တင်မျိုးပြေးလာကာ သူတို့ကို~ အောင်အောင် အထွန်း ငါ့ ငါးမျှားတံလေးသွားယူပေးပါလားကွာ…~~ ဟေ ဘယ်မှာထားခဲ့လို့လဲ…~~ အုတ်ကန်မှာ ထားပြစ်ခဲ့တာ ငါ့ပလိုင်းရော ရထားတဲ့ငါးတွေရော…~ မင်းကဘာလို့ ပြန်ယူမလာတာလဲပြော…~~ငါပြောပြမယ် …~တင်မျိုးတယောက် အောင်အောင်နှင့်အထွန်းက မလိုက်ဘူးဆို၍တယောက်ထဲ ရွာအပြင်ထွက်ခဲ့တော့ မနဲလေးပင်နေစောင်းနေပြီသူအုတ်ကန်ဆီ ခပ်သွက်သွက်သွားလိုက်ပြီး ငါးစာတတ်ကာငါးမျှားကြိုးကိုရေထဲပစ်ချလိုက်တော့သည်။~ ပလုတ်…ပလုတ်…ပလုတ်…~ခဲသီးလေးက ရေပေါ်မြောက်လာလိုက်ပြန်နှစ်သွားလိုက်နှင့်တင်မျိုးစိတ်အလိုကြအတိုင်းဖြစ်နေရသည်မဟုတ်ပါလား တင်မျိုးခဏသာမျှားရသေးသည် ငါးကတော်တော်ရနေပြီဖြစ်လေတော့သည် ထိုချိန်တင်မျိုး ငါးမျှားကြိုးက တင်းကနဲဖြစ်သွားတာကြောင့် မျှားတံကို ဆွဲတင်လိုက်သောအခါတွင်တော့ လူတကိုယ်လုံးတုန်ယင်သွားလေတော့သည်ငါးမျှားချိပ်တွင် ငါးပါမလာပဲ လူဦးခေါင်းကြီးတလုံးသာ ပါလာပြီးနောက်ထိုဦးခေါင်းကြီးက တင်မျိုးကိုကြည့်ကာ ပြုံးနေလေသည်။~ အား …~အံ့သြောမင်သက်မိနေရာမှ တင်မျိုး အသံကုန်အော်ဟစ်လိုက်ခြင်းဖြစ်သော်လည်း အသံက အပြင်ထွက်မလာပဲ လည်ချောင်းဝတွင်သာတစ်ဆို့ပျောက်ကွယ်သွားရလေတော့သည်။~ ကောင် လေး မ နက် ဖြန် က စ ပြီးမင်း ငါ နဲ့ လာ နေ ရ မယ်…~တလုံးခြင်း ပီပီသသ ပြောလိုက်သော အသံသြကြီး ပေါ်ထွက်လာသည်ထိုအခါမှ တင်မျိုးလည်း ထိတ်လန့်တကြား ငါးမျှားတံကို လွတ်ချလိုက်လေတော့သည်။~ ဗွမ်း…~အုတ်ကန်လေးမှာ လိူင်းစိပ်လေးများပင် ထသွားရလေတော့သည်ထိုအချိန်မှ တင်မျိုးလွန်စွာကြောက်လွန်းပြီး ရွာအတွင်း ပြေးဝင်ခဲ့သည်ဖြစ်လေတော့သည်။~ တင်မျိုး မင်းတကယ်လား လာခုပြန်သွားကြည့်မယ်…~အထွန်းကပြောလိုက်သောအခါ တင်မျိုး အထွန်းအောင်တို့ကို~ မင်းတို့ ယူမပေးချင်လဲနေတော့…~ပြောကာ ထွက်ပြေးသွားသော တင်မျိုးကို ကြည့်ကာ သူတို့ရယ်မိကြသည်မှာ နောက်ဆုံးဖြစ်ခဲ့သည်ဆိုတာကိုသာ သိခဲ့ပါလျှင်။~ အောင်အောင်နှင့်ကိုထွန်း တို့ပြောပြအပြီးနားထောင်နေသူများထဲမှ လူကြီးတဦးက…~ဒါဆိုရင်တော့ ဒီကလေးက သရဲအစားခံရတာပါပဲ မိဘတွေကငယ်ရွယ်နုနယ်တဲ့ ကလေးတွေကို ဘယ်ကိုသွားသွား စိတ်ချလက်ချတဦးထဲ မလွတ်သင့်ဘူးဆိုတာ သတိတရားရကြသင့်ပါတယ်ဟုပြောလိုက်သောအခါ တွင်တော့ လူအားလုံးမှာ တင်မျိုးအလောင်းကိုကြည့်ရင်း သနားဂရုဏာ သက်စွာဖြင့်။ရေးခဲ့ဘူးတဲ့ ဖြစ်ရပ်မှန်လေးပါ
Tags
About bookstory
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.