#သူများနဲ့-ဖောက်-ပြန်-တဲ့ငါ့မယား
-----------------------------------------------
မြို့ပြ၏ ညချမ်းသည် အေးစက်လွန်းလှသော်လည်း သုတ ၏ ရင်ထဲတွင်မူ မီးတောင်တစ်ခု ပေါက်ကွဲလုနီးပါး ဆူပွက်နေသည်။ သူသည် ဂုဏ်သရေရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သကဲ့သို့၊ သူ၏ဇနီး ဇနီး ကြည်ဖြူ ကတော့ လူမှုကွန်ရက်ပေါ်မှာ စံပြဇနီးမယားအဖြစ် လူသိများတဲ့ "Lifestyle Influencer" တစ်ဦးပေါ့။
သူတို့၏ အိမ်ထောင်ရေးသည် အပြင်ပန်းကြည့်လျှင် စွဲမက်ဖွယ် ပန်းချီကားတစ်ချပ်ပမာ လှပလွန်းသော်လည်း၊ ယနေ့ည သုတ၏ လက်ထဲသို့ ရောက်ရှိလာသော ဗီဒီယိုဖိုင်တစ်ခု ကြောင့် သုတရင်ကို ရက်ရက်စက်စက် ဆွဲဖြဲလိုက်သကဲ့သို့ ဖြစ်သွားစေခဲ့သည်။
---------------------------------
ကြည်ဖြူသည် သုတ၏ လုပ်ငန်းဖော်သာမက ညီအစ်ကိုအရင်းသဖွယ် ယုံကြည်အားကိုးခဲ့သော ကောင်းထက် နှင့် ဖောက်ပြန်နေခဲ့ခြင်းဖြစ်သည်။ ကြည်ဖြူသည် "ဂရုစိုက်မှုကင်းမဲ့သော လင်ယောက်ျားကြောင့် နာကျင်နေရသည့် ဇနီးသည်" ဟူသော မျက်နှာဖုံးကို တပ်ဆင်ကာ သုတ အလုပ်များနေချိန်တိုင်း ကောင်းထက်၏ ရမ္မက်မီးတောက်များထဲတွင် ပျော်မွေ့နေခဲ့သည်။
တစ်ရက်ညစာစားရင်း သုတက တည်ငြိမ်အေးစက်သော လေသံဖြင့် ကြည်ဖြူ့ ကို မေးလိုက်သည်။
"ကြည်... ကိုယ်တို့နှစ်ယောက်ကြားမှာ ခုနောက်ပိုင်းဆက်ဆံရေးက တဖြည်းဖြည်းနဲ့အေးဆက်လာတာကို အကိုခံစားနေရတယ်။ မင်းရဲ့ စိတ်တွေက အကို့အပါ်ကော ရှိသေးလား အကို့ကိုအမှန်တိုင်းဖြေပေးလို့ရမလား။"
ကြည်ဖြူသည် သူမရဲ့ မာယာများသော သရုပ်ဆောင်ကွက်ကို စတင်ထုတ်သုံးပါတော့သည်။ မျက်ရည်စများကို ဟန်ဆောင်ကာ ကျဆင်းစေရင်း သနားစရာ ဇာတ်ကောင်အဖြစ် အသွင်ပြောင်းလိုက်ပီး—
"ကိုကြီးက အလုပ်တွေထဲမှာပဲ နစ်မွန်းနေတာလေ။ကြည်ကအကို့ဇနီးမယားဆိုတာမေ့နေပီမလား၊ ကြည်လိုချင်တာက ကြည့်ကို လူသားတစ်ယောက်လို နားလည်ပေးမယ့်သူ၊ ဂရုစိုက်ပေးမယ့်သူပဲ ကြည် တမ်းတမိခဲ့တာပါ။"
သူမ၏ စကားလုံးများသည် သုတ၏ ရင်ကို ဓားနှင့်မွှန်း၍ဆားနဲ့သိပ်နေသကဲ့သို့ ရှိသော်လည်း၊ တကယ်တမ်းတွင် သူမသည် ကောင်းထက်နှင့် ဖောက်ပြန်ရုံသာမက သုတ၏ ကုမ္ပဏီရှယ်ယာများကို ခိုးယူရန် ကြံစည်နေသည်ကို သုတသိရှိထားပီးဖြစ်နေသည်ကို ကြည်ဖြူအခုထိရိပ်မိဟန်မရှိပေ။ ကောင်းထက်သည်လည်း သုတ၏ နောက်ကျောကို အချိန်မရွေး ဓားနှင့်ထိုးရန် ချောင်းနေသော မြေခွေးတစ်ကောင်ထက် မပိုခဲ့ပေ။
---------------------------------------
အမှန်တရားသည် အချိန်တန်လျှင် ဖုံးကွယ်ထား၍ မရနိုင်ပါ။ သုတသည် ၎င်းတို့နှစ်ဦး၏ လှည့်ကွက်များကို ကြိုတင်ရိပ်မိပြီးသား ဖြစ်သဖြင့် ဥပဒေကြောင်းအရ ခိုင်မာသော ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သည်။
ကြည်ဖြူနှင့် ကောင်းထက်တို့ ပျော်ပါးနေသော ဟိုတယ်ခန်းအတွင်းသို့ သုတက သက်သေအထောက်အထားများနှင့်အတူ ဝင်ရောက်လာသည့်အခါ... ကြည်ဖြူနှင့်ကောင်းထက်အဖို့သူခိုးလူမိသလိုပြာပြာသလဲလဲဖစ်ပီးရှက်ရမ်း ရမ်းကာ သုတကိုရှင်းပြဖို့လုပ်ပါတော့သည် သို့သော်အရာအားလုံးကနောက်ကျခဲ့ပီ သုတအတွက် ဒီမြင်ကွင်းဟာဆက်ပီးခွင့်လွတ်နိုင်စွမ်းမရှိတော့ပေ ပညာရှိပီပီဒေါသကို ပင် တဆုံးမထွက်အောင်မနဲထိန်းနေခဲ့ရသည်။
"ကိုကြီး... ကြည် မှားသွားတာပါ။ ကြည့်ကို ခွင့်လွှတ်ပေးပါဦး" ဟု ကြည်ဖြူက ဒူးထောက်တောင်းပန်နေသော်လည်း သုတ၏ အကြည့်ကမူ အေးစက်မာကျောနေခဲ့သည်။
"မင်းရဲ့ မျက်ရည်တွေကို မလိုအပ်ပဲငါ့အတွက် မဖြုန်းပါနဲ့ ကြည်။ မင်းဟာ ငါ့ရဲ့ ချစ်ခြင်းမေတ္တာကိုတင်မကဘဲ ငါ့ရဲ့ ယုံကြည်မှုကိုပါ ဈေးကွက်တင် ရောင်းစားခဲ့တဲ့သူပဲ။ သစ္စာဆိုတာ ပစ္စည်းတစ်ခုလို လဲလှယ်လို့ရတဲ့အရာ မဟုတ်ဘူးဆိုတာ မင်း နားမလည်ခဲ့ဘူး။"
သုတသည် သူတို့နှစ်ဦးလုံးကို သက်သေနှင့်တကွတရားစွဲဆိုခဲ့သည်။ ကြည်ဖြူသည် သူမ အမြတ်တနိုး တည်ဆောက်ခဲ့သော "Lifestyle Influencer" ဘဝမှ နာမည်ပျက်ခဲ့ပီး လူမှုပတ်ဝန်းကျင်၏ ကဲ့ရဲ့ရှုတ်ချမှုကို တစိမ့်စိမ့် ခံစားရတော့သည်။ ကောင်းထက်လည်း အရှက်တကွဲဖြစ်ပီး မယာခိုးမှုနှင့်ထောင်နန်းစံခဲ့ရသည်။
သုတသည် သူကိုယ်တိုင် တည်ဆောက်ခဲ့သော အိမ်ကြီးထဲတွင် တစ်ဦးတည်း ကျန်ရစ်ခဲ့သော်လည်း၊ လိမ်ညာမှုများနှင့် တည်ဆောက်ထားသော အတုအယောင် အိမ်ထောင်ရေးထက်စာလျှင် ဤ "အထီးကျန် တိတ်ဆိတ်ခြင်း" က ပို၍ပင် အေးချမ်းပြီး သိက္ခာရှိနေပါတော့သည်။
စာရေးသူ- လူချော ⁽ᴴᵃⁿᵈˢᵒᵐᵉ⁾