“သတ်ပုံမမှန်သော အက္ခရာ”(စ/ဆုံး)

 “သတ်ပုံမမှန်သော အက္ခရာ”(စ/ဆုံး)

———————————–

“အရီး မြသန်းရေ..အရီးမြသန်း…..”

“အေး လာပြီ ဘယ်သူတုန်းလာပြီ လာပြီ…..”
တစ်ဖက်က အော် ခေါ်သံကြောင့် ဒေါ်မြသန်းတစ်ယောက်ကပျာကယာထွက်လာခဲ့လိုက်သည်။

“ကျွန်တော် အောင်နိုင်ပါ ဟိုလေ..ဟို..
အရီးသား ကျော်သူရ ရန်ဖြစ်လို့…”
“ဘာ..ရန်ဖြစ်လို့ဟုတ်လား…ဒီကောင်ကတော့လေမအေဘယ်လိုပဲပြောပြော ပြောစကားကိုနားမထောင်ဘူး..

ကဲကဲ ဘယ်ရပ်ကွက်မှာလဲ လာလာ သွားကြမယ်…”
“ဟုတ်အရီးမြသန်း…”

“ကျော်သူရ ငါမအေအနေနဲ့မင်းကိုဘယ်နှစ်ခါပြောပြီးပြီလဲရန်မဖြစ်ပါနဲ့ရန်မဖြစ်ပါနဲ့လို့..
ညဉ်းမအေစကားကိုနားမထောင်တော့ဘူးလား..ဟမ်…”

“ဟာ..အမေကလည်းသူတို့က သားကိုရန်လာစတာကိုး”
“ရန်စတိုင်းမင်းက လက်ပါစရာလား အခုကြည့်စမ်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတက်ရပြီ..ငါဘယ်လောက်အရှက်ရလဲသိလား…
ငါမင်းကိုပြောလည်းမပြောချင်တော့ဘူး…”
“အမေကလည်း မပြောချင်ရင်မပြောနဲ့ ကျွန်တော်နားငြီးတယ်..”
“အော်..နားတောင်ငြီးတတ်နေပြီပေါ့..ရန်ဖြစ်တုန်းကတော့ဖြစ်တတ်ပြီးတော့ နားငြီးတယ်တဲ့..
လာခဲ့အိမ်ရောက်မှနင်သေပြီသာမှတ်…”

ဟင်..ငါဒီသားတစ်ယောက်ကိုဘယ်လိုဆုံးမမှရပါတော့မလဲ..
အဖေကမြှောက်ပေး သားကရောင့်တက်..

“ကိုတင့်လွင် ရှင်ကတော့အိမ်မှာအေးအေးဆေးဆေးနဲ့ရွာရိုးကိုးပေါက်လျှောက်လည်ပြီးနေနိုင်တယ်ပေါ့…”
“ရှင့်သားလုပ်ထားတဲ့ကိစ္စရှင်မသိဘူးလား ”
“သိတယ် ငါ အဲ့လိုမှငါ့သားပေါ့ကွ ခံလာရတယ်လို့ငါမကြားချင်ဘူး
ကိုယ်ကသာအသာစီးရမယ်..
ပြီးတော့ငိုရတာတွေကိုငါမကြိုက်ဘူး ဒီမယ်ငါ့သား
မှတ်ထား သူများစီးက ဘယ်တေယ့မှလက်ဉီးတာကိုမခံရစေနဲ့ကိုယ်သာလက်ဉီးပါစေ
ကြားလား…”
“ဟုတ်အဖေ..”
“အေး ဒါမှငါ့သား..”
“အေး ရှင်က ဒီလိုဆုံးမတော့ရှင့်သားက ဘယ်ကျွန်မစကားနားထောင်တော့မလဲ အခုလဲကြည့်…
အုပ်ချုပ်ရေးမှူးအိမ်ရောက်ပြီးပြီ..ရှင်တို့မရှက်ပေမယ့်ကျွန်မရှက်တယ်..”
“အဲ့တော့ဘာဖြစ်လဲ..”
“အေးရှင်ဒီလိုတွေပြောရင် ရှင့်သားတစ်နေ့ဒုက္ခမယ်…”
“ဘာမှမဖြစ်ဘူး…”

ဒီလိုနဲ့ ကျော်သူရတစ်ယောက်ဆိုးဆိုးမိုက်မိုက်နဲ့ ကြီးပြင်းလို့လာခဲ့လေပြီ…
မိဘစကားလည်းနားမထောင် မအေစကားဆိုပိုဆိုး
ရပ်ကွက်ထဲမှာလည်း နာမည်ဆိုးနဲ့ နာမည်တွင်နေလေပြီ…

“ကျော်သူရ ထစမ်း မင်းကိုဒီနေရာအိပ်ရမယ်လို့ဘယ်သူပြောထားလဲ
ကိုယ့်အိပ်ယာကိုယ်မသိဘူးလား..”
မူးမူးရူးရူးနဲ့ လှေကားထစ်စင်ပေါ်မှာရုပ်ပျက်ဆင်းပျက်အိပ်နေရှာသည်။
“ကျော်သူရ ရယ် ငါမင်းကိုဘယ်လိုတွေတောင်ပြောရပါတော့မလဲ..
ဟမ် ..ငါ့ကိုအမေတစ်ယောက်အနေနဲ့မြင်ရောမြင်သေးရဲ့လား..
ငါလေနင်တစ်ယောက်နဲ့ သေတာသေလိုက်ချင်တယ်…

အဖေစကားတစ်ခုကိုပဲနားထောင်ပြီး မိုက်ရူးဆန်နေတာဘယ်တော့
ရပ်တော့မလဲ..
အခုမင်းအဖေလဲအသက်တွေကြီးနေပြီ မင်းဒီလိုပဲနေတော့မှာလား..

“ကိုတင့်လွင် အခုကြည့်စမ်း မင်းသား ဘယ်လိုပုံစံတွေဖြစ်နေပြီလဲဆိုတာ အခုရှင်ကိုယ်တိုင်ကြည့်လိုက်စမ်း
မိဘစကားနားမထောင်တဲ့လူမိုက်တစ်ယောက်ဖြစ်နေပြီ..
ရှင်အခု သားလေးကိုပြောလို့ရသေးလား..
ရှင့်စကားတွေကြောင့် ကျွန်မသားလေးအခုလိုပျက်စီးရတာ..
အဲ့ဒါရှင့်ကြောင့် ရှင့်ကြောင့်သိလား…”

ဒေါ်မြသန်းတစ်ယောက်ယောကျာ်းကိုဆူလိုက် သားကိုဆူလိုက်နဲ့
ငိုယိုကာ အိမ်ထဲဝင်သွားရှာလေသည်..
အဖေဖြစ်သူတင့်လွင်ကလည်း ဘာမှမပြောနိုင်တော့ဘဲ
ဒီတိုင်းဘဲထိုင်ကြည့်နေရတော့သည်။

ငယ်ငယ်ကလိုတုတ်တစ်ချောင်းကိုကိုင်ပြီးရိုက်ပုတ်လို့ရမဲ့အရွယ်မဟုတ်တော့ အခုအရွယ်တုတ်နဲ့ဆုံးမလို့ရတဲ့အရွယ်မဟုတ်လေတော့
ကြည့်နေရုံမှတစ်ပါး အခြားဘာမှမတတ်နိုင်ရှာတော့ပါ…

မနက်လည်းမူးညလည်းမူးကျော်သူရတစ်ယောက်ပျက်စီးသထက်ပျက်စီးနေလေသည်။

“ဟျောင့်တွေ မင်းတို့ကဘာလဲ လူမိုက်လား..
ငါ့ကိုဘာမှတ်လို့လဲ မင်းတို့သေချင်နေတာလားဟမ်..”

“ဟျောင့် ကျော်သူရမင်းဘာကောင်ပဲ ဖြစ်ဖြစ်ငါတို့စိတ်မဝင်စားဘူး
မင်းကများငါတို့ကိုသေချင်တာလားဘာလားနဲ့..
မင်းကဘယ်လောက်မိုက်လို့လဲ..”

ဒီလိုနဲ့တစ်ယောက်နဲ့တစ်ယောက်ထိုးကြိတ်ပြီးရန်ဖြစ်နေကြသည်။
အများနဲ့တစ်ယောက်ဆိုတော့ ကျော်သူရတစ်ယောက်တစ်ဖက်လူတွေရဲ့
ထိုးကြိတ်တာခံနေရသည်။

“အရီးမြသန်းရေ အရီးမြသန်း…
အရီးသားဟိုမှာရန်ဖြစ်နေလို့ဗျ..”
“ဟမ် ငါ့သားလေးရန်ဖြစ်နေတယ်တဲ့ ကိုတင့်လွင့်ရှင့်သားရန်ဖြစ်နေတာတဲ့ လာသွားကြမယ်…
ရှင့်ရဲ့ဆုံးမသြဝါဒတွေကြောင့်ရှင့်သား လူမိုက်ကို ရှင်ကိုယ်တိုင်လာပြီး ကြည့်…”

တစ်ဖက်လူကလူအင် အားလည်းများ ကျော်သူရကို ဓားနဲ့ထိုးပြီး
ထွက်ပြေးကြလေပြီ…

“အမလေး..ကျွန်မသားကိုကယ်ကြပါအူံး…ကျွန်မသားကိုကယ်ပေးကြပါအူံး…အဟင်း အဟင်း…..
သားလေး..သားလေး…အမေကိုကြည့်ပါအူံး..သား….
ကိုတင့်လွင်ရှင့်သားကိုကြည့်ပါအူံးကိုတင့်လွင့်ရဲ့…”

သွေးအိုင်ထဲမှာဘာမှမပြောနိုင်ရှာတော့ပါ…
လက်အုပ်လေးချီပြီးမပီကလာပီကလာနဲ့”ခွင့်လွှတ်ပါအမေ သားလူမိုက်ကို ခွင့်လွှတ်ပါ”

မျက်ရည်ပေါက်ကလေးတစ်စစနဲ့သွေးရဲရဲတွေကြားမိခင်ကြီးရူးမတတ်ပေါ့..
“အမယ်လေး..ငါ့သားလေး..အဖြစ်ဆိုးလှချည်းလား အဖြစ်ဆိုးလှချည်လား.. ကျွန်မသားလေးကိုကယ်ပေးကြပါအူံး..”

ပတ်ဝန်းကျင်လူသူအများမှာလည်းဝိုင်းကြည့်နေရုံမျှတစ်ပါးဘာမှမကူမကယ်ပေးနိုင်ခဲ့ရှာတော့ပါ..
ကျော်သူရမှာ ဆုံးပါးနေခဲ့ပါပြီ……

အခုတော့မြှောက်ပင့်ပြောဆိုမှု အက္ခရာအမှားတွေကြောင့်လူတစ်ယောက်ပျက်စီးခဲ့ရလေပြီ…
မိဘတွေအနေနဲ့ သားသမီးတွေပေါ်မှာ လက်ခံသင့်တဲ့စကားကိုပဲ
ဆိုဆုံးမကြပါ ။
စကားကြောင့် လူတစ်ယောက်ပြန်ကောင်းလာနိုင်သလို
စကားကြောင့် လူတစ်ယောက်ပျက်စီးဖို့လည်းလွယ်ကူပါတယ်
ဒါကြောင့် မိဘတွေအနေနဲ့လည်းဆင်ခြင်ပါသုံးသပ်ပါ
တစ်ခါတစ်ခါမမှားထိုက်သောသတ်ပုံအမှားတွေကြောင့် အခုလိုပဲ
ပျက်စီးနိုင်ပါတယ်ဗျ။

ပြီးပါပြီ။

#ကိုဇော်
အမှားများပါခဲ့သည်ရှိရင်ခွင့်လွှတ်ပေးကြပါလို့မေတ္တာရပ်ခံပါတယ်ခဗျ။