ခွေးအလူသား(စ/ဆုံး)
============ကျွန်ပ်နာမည်မှာဖိုးတေဟုအမည်ရပြီးရခိုင်ရိုးမတောအတွင်းလှည့်လည်၍အမဲပစ်အလုပ်ဖြင့်ဝမ်းရေးပြသာနာဖြေရှင်းနေသောမုဆိုးတစ်ယောက်ဖြစ်၏။တစ်ခါတရံ၊ အကြောင်းအရာကိစ္စတစ်စုံတစ်ခုကြောင့်ကျွန်ပ်ကျင်လည်ကျက်စားရာတောအတွင်းလမ်းပြအဖြစ်ငှါးရမ်းကြသလို ၊ တစ်ခါတရံတစ်ခြားအရပ်ကျွန်ပ်မရောက်ဖူးရာနေရာဒေသများသို့လည်း သွားရောက်၍ ထူးဆန်းအံ့သြဖွယ်ဇတ်လမ်းများ၊အန္တရယ်များသေပြီဟုပင်မှတ်ယူမိသောအခက်အခဲများမရေမတွက်နိူင်အောင်ပင်ကြုံဖူးတွေ့ဖူးသောကြောင့်တော်ရုံတန်ရုံကိစ္စရပ်များမှာတခြားတပါးသူအတွက်ထူးဆန်းကောင်းထူးဆန်းနေနိူင်သော်လည်း ကျွန်ပ်အတွက်ထူးခြားမူမရှိလှပဲ သာမာန်အဖြစ်အပျက်တစ်ခုကိုကြုံတွေ့ရသူလိုသဘောထားနိူင်ခြင်းမှာအတွေ့အကြုံ၊အကြောင်းအရာစုံလင်သောကြောင့်ပင်ဖြစ်ပါတော့၏။သို့ရာတွင်လည်း မကြာသေးမှီက ကျွန်ပ်ပါဝင်ဖြေရှင်းခဲ့ရသော အဖြစ်အပျက်တစ်ခုကမူကျွန်ပ်ဘဝတွင်တစ်ကြိမ်မှမတွေ့ကြုံဖူးသေးသောကိစ္စရပ်ဖြစ်သောကြောင့် အံ့သြမိခြင်းနဲ့အတူလောကကြီး၏ဆန်းပြားနက်နဲသောသဘောတရားများကိုလည်း နားမလည်နိူင်ဖြစ်ရပါတော့၏ ။တစ်နေ့ကျွန်ပ်နေထိုင်ရာရွာသို့ကျွန်ပ်သူငယ်ချင်း ချင်းလူမျိုးအောင်ပွေထူးထူးဆန်းဆန်းရောက်လာ၏ ။အောင်ပွေမှာအမ်းရိုးမတောတွင်ကျင်လည်ကျက်စားသောမုဆိုးတစ်ယောက်ဖြစ်ပြီး ကျွန်ပ်နေထိုင်ရာရခိုင်ရိုးမနဲ့သိပ်မဝေးဟုပြော၍ရသလိုသိပ်မနီးသောအရပ်ဟုလည်းပြော၍ရ၏ ။ခရီးရောက်မဆိုက်ပင်သူတို့ရွာတွင်ပြသာနာတစ်ခုကြုံနေရကြောင်းသူတယောက်တည်း အကြံအိုက်နေ၍ အမြန်လိုက်ခဲ့ကာ ကူညီဖြေရှင်းပေးစေလိုကြောင်းပြောပြသောကြောင့် သူငယ်ချင်းများကိုခင်မင်တတ်သောကျွန်ပ်မှာပြသာနာကိုပင်မမေးမြန်းနေတော့ပဲဇနီးဖြစ်သူကိုကျွန်ပ်မိဘအိမ်ပို့ခဲ့ပြီးနောက်တနေ့မှာပင်အောင်ပွေနဲ့အတူလိုက်ပါလာခဲ့တော့၏ ။အောင်ပွေတို့ရွာကိုရောက်ရန်အမ်းရိုးမလမ်းတစ်နေရာတွင်ကားရပ်စေ၍ တောလမ်းအတိုင်း ရွာသို့သုံးနာရီခရီးခန့်ခြေကျင်လျောက်ရ၏ ။တောင်ကြီးများပတ်ချာလည်ဝိုင်းနေသောအိမ်ခြေခြောက်ဆယ်နီးပါးရှိ ဆေးရိုးကြီးကျေးရွာမှာအောင်ပွေနေထိုင်ရာရွာပင်ဖြစ်သည်။ရွာဘေးခပ်လှမ်းလှမ်းတောင်ပေါ်မှရေတံခွန်ကြီးတစ်ခုမှာရေများတရှိန်ထိုးကျဆင်းနေပြီးရေစီးကျရာအောက်တွင်ရေအိုင်ကြီးတစ်ခုဖြစ်ထွန်းနေကာထိုအိုင်မှရေများမှာမြစ်ရာမှနိမ့်ရာသို့စီးဆင်းသွားရာ ကျောက်တုံးကျောက်ဆောင်များကိုရစ်ပတ်ခွေစီးဆင်းနေသောချောင်းငယ်လေးတစ်ခုကအောင်ပွေတို့ရွာဘေးတွင်ရှိနေ၏ ။”…ကဲ…အောင်ပွေ… ရွာကိုတော့ရောက်လာပြီ…ရွာရောက်မှပြောမယ်ဆိုတဲ့မင်းအရေးကြီးကိစ္စဆိုတာ ဘာများလဲဆိုစမ်းပါအုံး…””…ခနတဖြုတ်.. အနားယူပါအုံးကွာ…ပြီးမှပြောတာပေါ့…..””…ဟေ့ကောင်… ပြောစရာရှိတာအရင်ပြောကွာ..သိချင်နေပြီ…”ရွာအတွင်းဝင်လာပြီး အောင်ပွေအိမ်ရောက်လာသောအခါ အောင်ပွေမိန်းမအားလက်ဆောင်အဖြစ်ယူလာသောကျွန်ပ်တို့ဒေသထွက်သီးနှံများကို ပေးအပ်၍နူတ်ဆက်စကားဆိုခြင်းနဲ့အတူ၊အောင်ပွေသားတော်မောင်နှစ်ယောက်အတွက်လမ်းမှဝယ်လာသော ချိုချည်နဲ့ မုန့်များပေးအပ်ပြီးသောအခါရွာရောက်မှအရေးကြီးကိစ္စပြောမည်ဆိုသောအောင်ပွေကိုခရီးရောက်မဆိုက်မေးမြန်းနေခြင်းဖြစ်၏ ။”…ပြောပြပါ့မယ်ကွာ ခုတလော ငါတို့ရွာမှာလွန်ခဲ့တဲ့တစ်လကစ ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုကနေခုဇတ်လမ်းစတယ်ပြောရမလားပဲ…””…စာဆိုတော်အောင်ပွေ လုပ်မလို့လား ရိုးရိုးရှင်းရှင်းနဲ့ပြောစရာရှိတာ ဒဲ့ပြော…..””…မင်းကလည်း နဂိုလို စိတ်မြန်တုန်းပဲ..နည်းနည်းမှမပြောင်းလဲသေးဘူး ဖိုးတေ…ဒီလိုကွာ…”ဇတ်လမ်းအစချီနေသောအောင်ပွေကြောင့်စိတ်မရှည်စွာပြောလိုက်ရာ အကြောင်းသိမို့ စိတ်မဆိုးပဲရယ်မောရင်းသူ့ဇတ်လမ်းကိုပြောပြလာ၏ ။ဆေးရိုးကြီးရွာသား တစ်ယောက်မှာအဖော်များနဲ့အတူတောင်ပေါ်တက်ဝါးခုတ်ရာမှပိုးထိလာ၏ ။အဖော်များကပိုးထိသူကိုသယ်လာကြစဉ်ရွာမရောက်မှီမှာပင် ပိုးထိလာသောရွာသားဆုံးပါးသွားတော့၏ ။ရပ်ရွာဓလေ့အရ ရွာပြင်တွင်သေဆုံးသောသူများကိုရွာထဲသို့သွင်းခွင့်မရှိသောဓလေ့အရ ရွာပြင်တွင်အလောင်းစင်ပြင်၍ထား၏။တချို့ဆိုပါကတနေ့တည်းအပြီးသဂြိုလ်လေ့ရှိသော်လည်းပိုးထိသေဆုံးသူမှာဆေးရိုးကြီးရွာသူနဲ့အိမ်ထောင်ကျ၍ဆေးရိုးကြီးရွာတွင်နေထိုင်သူဖြစ်၏။ထို့ကြောင့် ရွာသူကြီးမှာ မိဘဆွေမျိုးသားချင်းများထံလူလွတ်အကြောင်းကြား၍မိဘဆွေမျိုးများရောက်လာမှအသုဘချရန်စီစဉ်ထား၏ ။တောတောင်များဖြင့်နီးသောအရပ်ဖြစ်သောကြောင့်ရွာလူကြီးမှ တောကောင်များအန္တရယ်မှကာကွယ်ရန်နဲ့၊အလောင်းကိုစောင့်ရန်ကာလသားများကိုတာဝန်ပေးထား၏ ။ညရောက်သောအခါ အလောင်းစင်အနီးပတ်လည်တွင်ဆီမီးတုတ်များထွန်းညှိ၍ကာလသားများမှာအလောင်းစင်အနီးတွင်လက်ဆွဲမီးအိမ်များဖြင့်အရက်သောက်သူသောက်ဖဲရိုက်သူကရိုက်ဖြင့်ဝိုင်းကိုယ်စီဖွဲ့လျက် ရှိနေကြတော့၏ ။တစ်ခြားအချိန်များတွင်အရက်သောက်ခြင်း၊ဖဲရိုက်ခြင်းများကိုတွေ့ပါက ရွာလူကြီးမှပြင်းပြင်းထန်ထန်အပြစ်ပေးလေ့ရှိသော်လည်းယခုကဲ့သို့အသုဘများတွင်ခွင့်ပြုပေးတတ်သောကြောင့်ရွာမှအရက်ကြိုက်သော၊ဖဲရိုက်ဝါသနာပါသောကာလသားများအပြင် အိမ်ထောင်ရှင်များလည်းရောက်ရှိနေ၏ ။ညရှစ်နာရီလောက်မှစသောဖဲဝိုင်းမှာညနက်လာလေဝိုင်းကပိုစည်လာလေလေဖြစ်၏ ။တစ်ချို့ဖဲဝါသနာမပါသူတစ်ချို့မှာ ခင်းထားသောဖျာကြမ်းပေါ်တွင် ဝတ်လာသောပုဆိုးကိုခြုံလျက်အရက်ရှိန်လေးဖြင့်အိပ်စက်လျက်ရှိနေကြ၏ ။အစပထမအပျော်တမ်းငွေကြေးအနည်းငယ်ဖြင့်ဆော့နေသောဖဲဝိုင်းမှာညနက်လာချိန်တွင်ကြေးကြီးဝိုင်းတစ်ဝိုင်းအဖြစ်ကူးပြောင်းလျက်အားလုံးအာရုံမှာလည်းဖဲဝိုင်းသို့ရောက်လျက်ဝိုင်းအုံကြည့်ရူလျက်ရှိနေကြစဉ်။သူတို့နဲ့ခပ်လှမ်းလှမ်းတွင်ရှိသောတောင်ခြေတောစပ်ဆီမှဆွဲဆွဲငင်ငင်အူလိုက်သောခွေးအ အူသံများ ဟိုမှဒီမှနားကြားမြင်ကပ်စရာအသံပြုလျက်အော်ဟစ်နေကြတော့၏ ။သို့ရာတွင်ဖဲဝိုင်းမှလူများမှာခွေးအ အူသံများကိုမည်သူမျအရေးတယူဂရုစိုက်နေခြင်းမရှိပေ။သူတို့အရပ်ဒေသတွင်ခွေးအများမှာအလွန်ပေါပြီး ခွေးအအူသံများညစဉ်ကြားနေရသောကြောင့်ဖြစ်၏ ။ခွေးအများမှာတောနေသတ္တဝါများထဲတွင်ထူးခြားသောအကောင်တစ်မျိုးဟုဆိုရမည်ဖြစ်၏ ။အသားစားသတ္တဝါများမှာအသီးအရွက်စားလေ့မရှိကြသော်လည်း ခွေးအများမှာထိုသို့မဟုတ်။အသားမှန်သမျ အစိမ်း၊ အပုတ်မရွေးအကုန်စားသလို လူစားသော သစ်သီး၊သစ်ဥမှန်သမျလည်းလိုက်စားတတ်၏ ။သစ်ဥ၊သစ်ဖုများကိုကိုယ်တိုင်တူးဖော်၍စားခြင်းဖြစ်၏။နောက်ဆုံးကြံပင်ကိုပင်အရည်စုတ်သောက်သောအကောင်မျိုးဖြစ်၏။နောက်ဆုံးစားစရာလုံးဝရှာမရချိန်မျိုးတွင်ဇတ်တူဖြစ်သော ခွေးအ သားပေါက်လေးများကိုပင်စားတတ်ကြ၏ ။မိခင်ခွေးအမကြီးမှာသားပေါက်လေးများကိုတစ်ခြားသောခွေးအများရန်မှအကာအကွယ်ပြုပေးတတ်သော်လည်းအစာလုံးဝရှာမရသောအခါသူကိုယ်တိုင်ပင်သူ့သားသမီးများကိုသတ်စားတတ်၏ ။ခွေးအသဘာဝဆန်းပြားမူများထိုမျနဲ့မပြီးသေးပေ။ခွေးအများကိုကျားဝက်ဝံဆင်ကဲ့သို့အကောင်မျိုးပင်အန္တရယ်မပြုဟုဆိုကြ၏ ။ခွေးအ၏မျက်လုံးသူငယ်အိမ်တွင် ပုဏ္ဏကမျက်ရှင်(နဂါးမျက်စောင်း)ပါသည်အဆိုရှိကြပြီး တိရိစ္ဆာန်ချင်းညိူ့နိူင်စွမ်းရှိသောကြောင့် ကျား၊ဝက်ဝံ၊ဆင်ကဲ့သို့အကောင်မျိုးနဲ့ဆုံချိန် ညိူ့ဓတ်လွတ်၍ အန္တရယ်မပေးနိူင်အောင်ပြုလုပ်တတ်သည်ဟုလူကြီးသူမများအပြောရှိသည်။ထိုကဲ့သို့တောသတ္တဝါကြီးများကိုညိူ့နိူင်သည်မညိူ့နိူင်သည်ကဟုတ်မဟုတ်မသိနိူင်သော်လည်း၊တောရွာနေလူများမှာ ဧည့်သည်များလာပါကစားသောက်ရန်မွေးမြူထားသောကြက်များကိုလွတ်မွေးထားလေ့ရှိရာကြက်များမှာအိမ်အနီးသစ်ပင်များပေါ်တွင်အိပ်တန်းတက်ကြရာတွင်ကြက်အိပ်သောအပင်ကိုခွေးအသာသိသွားပါက ငြိမ်သက်တိတ်ဆိတ်စွာအသံတချက်မပြုပဲ ကြက်ထံသို့အကြည့်ပို့လွတ်နေရာ ကြက်မှာလန့်ဖျတ်၍အောက်သို့ ပြုတ်ကျသောအခါမှကြက်ကိုကိုက်ချီပြေးသောအခါမှကြက်အော်သံကြောင့်အိမ်ရှင်များသိရတော့၏ ။အုပ်စုဖွဲ့လူပ်ရှားတတ်သောအကောင်မျိုးဖြစ်သောကြောင့်အိမ်မွေးခွေးများကိုကြောက်လန့်မူမရှိပေ။နေ့ခင်းဖက်တွင်ခွေးအများမှာ သူတို့ကျင်းများတွင်တနေကုန်အောင်းနေတတ်ပြီး ညရောက်သောအခါမှအစာရှာထွက်တတ်ကြရာ ညဆိုလျင်ခွေးအအူသံများရွာပတ်လည်မှညစဉ်ကြားနေရသောကြောင့်ရွာသားများမှာ ခွေးအ အူသံကြားရသော်လည်းနားကြားဝနေပြီမို့မည်သူမျအရေးမစိုက်ခြင်းဖြစ်၏။ခွေးအများမှာပါးနပ်သောအကောင်များဖြစ်သောကြောင့်ယနေ့မှထူးထူးဆန်းဆန်းရွာပြင်တွင်မီးရောင်ထိန်ထိန်လူစုစုရှိနေရာသူတို့အတွက်တစ်ခြားနေရာသို့မသွားသေးပဲအန္တရယ်ရှိမရှိအမှောင်အတွင်းမှလေ့လာအကဲခတ်လျက် ရှိနေကြ၏ ။ထိုအချိန်မှာပင်အလောင်းကိုပတ်ထားသောဖျာနှီးကြိုးတစ်ချောင်းမှာထောက်ခနဲပြတ်တောက်သွားရာ နှီးတချောင်းပြတ်မူကြောင့်ဖျာမှာဟ၍ကျယ်သွားရာ တခြားသောနှီးများမှာဟန်ချက်မညီတော့ပဲတစ်ချောင်းပြီးတစ်ချောင်းပြတ်တောက်ကုန်တော့၏ ။အလောင်းကိုပတ်ထားသောဖျာမှာဘေးတဖက်တချက်သို့ပြန့်ကျသွားခြင်းနဲ့အတူ လူသေအလောင်းမှာလည်းအကာအကွယ်မဲ့ပေါ်ထွက်သွားတော့၏ ။လူသေအလောင်းပေါ်ထွက်သွားချိန်ခွေးအများမှာဂနာမငြိမ်လူပ်လူပ်ရွရွဖြစ်ကုန်ကြတော့၏ ။လူသေအလောင်းများကိုမကြာခနဖော်စားနေကျဖြစ်သောခွေးအများမှာလူသေအနံ့ကိုအာရုံခံတတ်နေသည်မှာဆန်းတော့မဆန်းပေ။လူသေအလောင်းအနီးတွင်ထွန်းထားသောလောင်စာဆီမှာလည်းညနက်လာပြီမို့တဖြည်းဖြည်းမှိန်သထက်မှိန်လာရာတွင်အစာဆာနေသောခွေးအအုပ်ကြီးမှာအလောင်းစင်အနီးသို့တရွေရွေ့ချည်းကပ်လာကြတော့၏ ။တဖြည်းဖြည်းဖြင့်အလောင်းစင်အနီးရောက်လာချိန်တွင်အလောင်းနဲ့ဝါးတပြန်ခန့်အကွာတွင်ရပ်၍အလောင်းကောင်ကိုမမှိတ်မသုန်စိုက်ကြည့်လျက်ရှိချိန်ခွေးအတကောင်မှာအရဲကိုးစွာရှေ့သို့တိုးသွားပြီးအလောင်းစင်မှလူသေကောင်၏ စင်ဘေးဖက်ကျနေသောလက်ကိုနူတ်သီးဖြင့်ထိုး၍ရုတ်တရက်နောက်သို့ပြန်ဆုတ်ကာအခြေအနေကြည့်နေ၏ ။လူသေမှန်းပို၍သေချာစေရန်စမ်းသပ်နေခြင်းဖြစ်၏။လူသေမှန်းသေချာသွားချိန်တွင်တစ်ခြားသောခွေးအများမှာလည်း အနီးသို့ရောက်လာပြီးစင်ပေါ်ခုန်တက်လျက်လူသေကောင်အသားများကို ကြုံရာကိုက်ဆွဲစားသောက်နေကြတော့၏ ။အလောင်းစင်နဲ့ခပ်လှမ်းလှမ်းတွင်ရှိသောအလောင်းစောင့်သမားများမှာဖဲဝိုင်းသို့အာရုံရောက်နေသောကြောင့်ထိုအဖြစ်အပျက်ကိုသတိမပြုမိကြသေးပေ။ဖဲဝိုင်းတွင်ဘေးမှကြည့်နေသောကာလသားတစ်ယောက်မှာအပေါ့သွားလိုသောကြောင့်ဝိုင်းမှထွက်လာ၍ခပ်လှမ်းလှမ်းတွင်အပေါ့သွားနေရင်းမျက်လုံးကဘေးဘီဝဲယာကြည့်မိရာမှအလောင်းစင်ဖက်သို့အကြည့်ရောက်သွားတော့၏ ။….ဟင်…ဘာတွေလဲ….ဘေးတဖက်တချက်မှဆီမီးတုတ်များမှာမီးစာနည်းနေရာမီးရောင်ဖျော့ဖျော့အလင်းကအလောင်းစင်ပေါ်ကျလျက်ရှိနေရာထိုအလောင်းစင်ပေါ်မှလူပ်လူပ်ရွရွအရာများတွေ့လိုက်ရသောကြောင့် စိတ်အတွင်းထိတ်ခနဲဖြစ်သွားခြင်းနဲ့ဖဲဝိုင်းသို့ကမန်းကတမ်းပြေးသွားရင်းပါးစပ်မှလည်း…...အလောင်း…အလောင်းပေါ်မှာ အကောင်တွေ……ဟေ့ကောင် သာစိန် ဖဲရူံးရတဲ့ကြားထဲမင်းကလည်းတမှောင့် ဘာတွေအော်နေတာလဲ …သာစိန်အော်သံကြောင့်ဖဲရူံးနေသူတစ်ယောက်ကငေါက်လိုက်ရာသာစိန်မှာ ဝိုင်းအတွင်းချထားသောလက်နှိပ်ဓတ်မီးကိုယူလျက်အလောင်းစင်ရှိရာမီးထိုးကြည့်လိုက်ရာ….…ဟာ…ခွေးအတွေ…အတော်သောင်းကျန်းပါလား.…အလောင်းတောင် တစ်စစီဖြစ်ကုန်ပြီ အတော်ဆိုးတဲ့ ခွေးအတွေ……ဟာ…ဟေ့…ဟေ့…ကောင်တွေ အဲတစ်ကောင်ကခွေးအမဟုတ်ဘူး…..ဟင်…...ဟာ ဘာကောင်လဲ..…သရဲ…သရဲ…ထင်တယ်…..အမလေးဗျ…သရဲမှသရဲအစစ်….သာဝ လက်နှိပ်မီးအလင်းဖြင့်အလောင်းစင်ရှိရာသို့တခြားသူတစ်ချို့လည်းလိုက်ကြည့်မိကြရာမြင်လိုက်ရသောမြင်ကွင်းမှာ တစ်ယောက်တည်းဆိုပါကသွေးပျက်သွားနိူင်သောမြင်ကွင်းမျိုးဖြစ်၏ ။ခွေးအ အုပ်ကြီးမှာအလောင်းကိုဝိုင်းဖွဲ့စားသောက်လျက်ရှိကာအသားများပင်ကုန်သလောက်ရှိနေတော့၏။လက်နှိပ်ဓတ်မီးရောင်ကြောင့် တချို့သောခွေးအများအလောင်းစင်ပေါ်မှခုန်ချလျက်အမှောင်အတွင်းသို့ဝင်ပြေးသွားကြသော်လည်းတစ်ချို့သောခွေးအများမှာ မီးရောင်လာရာသို့ပြန်ကြည့်လျက်ရှိနေကြ၏ ။ခွေးအအုပ်အတွင်းမှအားလုံးစိတ်ကိုဇဝေဇဝါဖြစ်ကုန်ကြောက်လန့်စေသော အရာတစ်ခုရှိနေ၏ ။အသက်ကိုးနှစ်ဆယ်နှစ်အရွယ်ခန့်ရှိပိန်ပိန်မဲမဲဆံပင်စုတ်ဖွားဖြင့်ကလေးတစ်ယောက်ရှိနေခြင်းပင်ဖြစ်၏။ထိုခလေးမှာခွေးအအရေခွံတစ်ခုကိုခါးအောက်ပိုင်းတွင်အရှက်လုံရုံဝတ်ဆင်ထားပြီးခွေးအများနည်းတူလေးဖက်ထောက်လျက်လူသေကောင်အသားများကိုပါးစပ်ဖြင့်ကိုက်ဖဲ့စားသောက်နေရာမီးရောင်လာရာကြည့်နေသောကြောင့်အားလုံးထိုကလေးကိုပီပြင်စွာမြင်တွေ့လိုက်ကြရာအံ့သြစွာတစ်ယောက်တစ်ပေါက်ဖြင့်ပြောဆိုနေစဉ်မှာပင်ထိုကောင်လေးမှာခွေးအများလူပ်ရှားမူအတိုင်းအလောင်းစင်ပေါ်မှလေးဖက်ထောင်ခုန်ချလိုက်၏ ။ခြေလက်များကိုအသုံးပြု၍လေးဖက်ထောက်ပြေးထွက်သွားသည်မှာအလွန်လျင်မြန်လှ၏ ။လှမ်းကြည့်နေကြသူများမှာယခုထိကြောင်ငေးစွာရှိနေကြပါတော့၏ ။အတန်ကြာမှတစ်ယောက်တစ်ပေါက်ဖြင့် စိတ်တွင်းထင်မြင်ရာပြောဆိုကြကုန်၏ ။ခွေးအများကြားလူသားပုံစံရှိသော်လည်းခွေးအများလူပ်ရှားပုံအတိုင်းလူပ်ရှား၍လူသားစားနေသည်ကိုမျက်ဝါးထင်ထင်မြင်လိုက်ရခြင်းကြောင့် တချို့ကမကောင်းဆိုးဝါးများမှာခွေးအနဲ့အတူရောလိုက်ပါလာ၍လူသားစားခြင်းဖြစ်ကြောင်းပြောဆိုကြသလို၊တချို့က နှစ်ချို့ခွေးအကြီးတစ်ကောင်ကလူယောင်ဖန်ဆင်းထားကြောင့်စိတ်ထင်ရာကောက်ချက်များချနေကြတော့၏။တချို့လူများမှာရွာလူကြီးသွားခေါ်ကြရာရွာသူကြီးမှာအရိုးကျနေသောအလောင်းကိုကြည့်၍ခွေးအများလက်ချက်မှန်းသိရာအလောင်းစောင့်သူများကိုပေါ့လျော့ရကောင်းလားဟူ၍ဆဲဆိုကြိမ်းမောင်းတော့၏ ။ခွေးအ အုပ်တွင်လူသားတစ်ယောက်တွေ့သည်ဟုပြောရာ ပိုဆဲပါတော့၏ ။အမှားအယွင်းတခုခုပြုမိသောကြောင့်မျက်စိမှောက်၍မရှိကိုအရှိမြင်ကြခြင်းဟုသာကြိမ်းမောင်းပြစ်တင်လျက်အလောင်းမှာအရိုးသာကျန်လျက်မြင်မကောင်းကြည့်မကောင်းဖြစ်နေပြီမို့ ညတွင်းချင်းမီးသဂြိုလ်ရန်ကာလသားများကိုမာန်မဲ၍လိုအပ်သည်များခိုင်းနေတော့၏။တောတောင်ကြီးများကြားတွင်နေထိုင်ကြသူများဖြစ်သောကြောင့်တစ်ခါတရံ၊အပြောအဆိုအပြုအမူတစ်စုံတခုမှားယွင်းပါက တောခြောက်တောမှောက်ကိုအရွယ်ရောက်ပြီးသူမှန်သမျတကြိမ်မဟုတ်တကြိမ်ကြုံတွေ့ဖူးသောကြောင့် ယခုလိုရွာပြင်ဖက်တွင်ဖဲရိုက်ရာမှရူံးသူများဆဲဆိုခြင်းကိုမကြိုက်မနှစ်သက်သောအစောင့်အရှောက်များကသတိပေးခြောက်လှန့်ခြင်းဖြစ်မည်ဟုသာအားလုံးတွေးလိုက်ကြပါတော့၏ ။ထိုအဖြစ်အပျက်များအပြီးတပတ်ခန့်အကြာ။ညကောင်းကင်မှာမဟူရာဝတ်ရုံလွာကြီးလွမ်းခြုံထားသည်အလားမည်းမည်းမှောင်လျက်ရှိနေပါ၏။ဆေးရိုးကြီးရွာလေးမှာညအမှောင်ထုအောက်တွင်ငြိမ်သက်တိတ်ဆိတ်စွာအိပ်မောကျလျက်ရှိနေပါတော့သည်။တောင်အောက်မြေကျင်းများတွင်အခေါင်းဖောက်နေထိုင်ကြသော ခွေးအများမှာ နေလည်နေ့ခင်းအနားယူပုန်းခိုရာတောင်ကြားမှအလျိုလျိုထွက်လာရင်းအုပ်စုကိုယ်စီခွဲ၍ အစာရှာထွက်ခဲ့ကြတော့၏ ။တချို့ခွေးအများကတောတောင်အနှံ့ပတ်၍သားကောင်၊အသေအပုတ်များလိုက်ရှာနေကြသလိုတချို့ခွေးအများမှာလူတို့စိုက်ပျိုးထားသောကန်ဇွန်ခင်းများ၊ ပီလောပီနံခင်းများဝင်၍ ဥများတူးဖော်စားသောက်နေကြသလိုတချို့ခွေးအများမှာရဲတင်းစွာဖြင့်ရွာအတွင်းဝင်၍ အလွယ်ရမည့်သားကောင်များရှာဖွေနေကြ၏ ။အိမ်ခွေးများမှာခွေးအများကိုမြင်လျင်အဝေးမှထိုးဟောင်ကြသော်လည်းအနီးသို့ကပ်လာခြင်းမရှိခြေ။ရွာထဲဝင်လာသောခွေးအများတွင်ထူးထူးခြားခြားဟုဆိုရမည်ဖြစ်သလို အလွန်အံ့သြစရာကောင်းသောအဖြစ်က အကောင်ခပ်ကြီးကြီးအမွေးရှည်ရှည်ခွေးအမကြီးတစ်ကောင်နဲ့ ထိုခွေးအမထက်အကောင်အနည်းငယ်သေးသောခွေးအထီးတစ်ကောင်နဲ့အတူ ကိုးနှစ်ဆယ်နှစ်အရွယ်ကောင်လေးတစ်ယောက်ပါလာ၏။ထိုကောင်လေးမှာခွေးအများနည်းတူ လေးဖက်ထောက်လမ်းလျောက်လျက် ခွေးအများ လူပ်ရှားပုံနဲ့တထပ်တည်း ထပ်တူကျ လူပ်ရှားနေ၏။ပုန်းလျိုးကွယ်လျိုးခြေသံလုံလုံလျောက်နေကြရာမှတစ်ခါတစ်ရံ လူပ်ရှားသံတစ်ခုခုကြားရချိန်တွင်ရောက်ရာနေရာတွင်ရပ်၍ အသံကြားရာအရပ်သို့ခေါင်းထောင်၍ အန္တရယ်ရှိမရှိနားစွင့်နေသောခွေးအများနည်းတူထိုကောင်လေးမှာတသွေမတိမ်းလိုက်လုပ်နေသည်။အိမ်ကြိုအိမ်ကြားဘေးမှ လျောက်ကြ တဂူးဂူးအော်သံကျယ်ကြီးတစ်ခုနဲ့အတူအသံငယ်များကြားလိုက်ရသောကြောင့် ခွေးအမကြီးမှာထိုနေရာသို့ပြေးလွားသွားချိန်ခွေးအထီးနဲ့ကောင်လေးတို့ကလည်းနောက်မှလိုက်ပါလာကြ၏ ။တောတောင်များနဲ့နီးသောအရပ်မို့အိမ်ကိုတောတိရိစ္ဆာန်များရန်မှကင်းလွတ်ရန်အိမ်ကိုခပ်မြင့်မြင့်ဆောက်တတ်ကြ၏ ။အိမ်အောက်တွင် ဝက်မကြီးတစ်ကောင်သားပေါက်နေ၏ ။ဝက်မကြီးမှာခွေးအများရုတ်တရက်ရောက်လာရာသားသမီးများကိုသူ့ဗိုက်အောက်သို့သွင်းလျက် တဂူးဂူးမာန်ဖီနေစဉ် ခွေးအနှစ်ကောင်မှာဘယ်ညာခွဲ၍ဝက်မကြီးအာရုံများစေရန်ပြုနေစဉ် ခွေးအများနဲ့ပါလာသောကောင်လေးမှာဝက်ပေါက်လေးတစ်ကောင်ကိုဆတ်ခနဲဖမ်းပြီးပြေးလေတော့၏ ။ဝက်မကြီးမှာ ဝက်ပေါက်လေးအော်မြည်သံကြောင့်ဗျာများနေစဉ် ခွေးအအထီးမှ နောက်ထပ်ဝက်ပေါက်လေးတစ်ကောင်ဂုတ်ကိုကိုက်ဆွဲလိုက်ရာမထင်မှတ်ပဲသားဇောကပ်နေသော ဝက်မကြီးကနူတ်သီးဖြင့်ဆတ်ပင့်ထိုးရာဘေးသို့လျင်မြန်စွာရှောင်လိုက်ရာ အိမ်တိုင်တွင်ထိ၍ခွေးအထီးမှာမြေပေါ်သို့ ခွေးကျကျသွားတော့၏ ။ခွေးအမကြီးမှာခွေးအ အထီးအားဝက်မကြီးပြန်ခုံနေစဉ်မှာပင်ကြောက်လန့်နေသောဝက်ကလေးတစ်ကောင်ကိုကိုက်၍ ကောင်လေးနောက်သို့ပြေးလိုက်သွားတော့၏ ။ခွေးအများဝက်ကိုဝင်ဆွဲသောအဖြစ်အပျက်မှာမိနစ်အနည်းငယ်အချိန်အတွင်းဖြစ်ပျက်သွားသောကိစ္စဖြစ်၏ ။အိမ်ပိုင်ရှင်မှာဝက်ကလေးအော်သံများဝက်မကြီးအော်သံများကြားရချိန်တွင်ပါးစပ်မှအော်ဟစ်ခြောက်လှန့်သံပေးပြီး လက်နှိပ်ဓတ်မီးလက်တစ်ဖက်မှကိုင်လှံကိုလက်တစ်ဖက်မှကိုင်၍အိမ်ပေါ်မှဆင်းပြေးလာရာရုန်းရင်းဆန်ခတ်ဖြစ်နေသော ဝက်မကြီးနဲ့ ဝက်ပေါက်ကလေးများတွေ့ရသလိုပြေးလွားရန်ဟန်ပြင်နေသောခွေးအတစ်ကောင်ကိုတွေ့လိုက်ရသောကြောင့်သူ့လှံကိုင်လက်ကိုလွဲမြောက်၍ ထိလိုရာထိ ဒေါသဖြင့်လှံကိုပစ်လွတ်လိုက်၏။တိုင်နဲ့ကိုယ်လုံးထိမိရာမှထလာသောခွေးအထီးမှာအိမ်ပေါ်မှလူသံကြားလိုက်ရခြင်းကြောင့်အခြေအနေမဟန်မှန်းသိ၍သုတ်ခြေတင်ပြေးရန်ဟန်ပြင်နေစဉ် လည်ပင်းပေါ်စူးခနဲ နာကျင်မူကိုခံစားလိုက်ရမူကြောင့်နာကျင်စွာအော်ဟစ်လိုက်တော့၏ ။လှံသွားမှာခွေးအလည်ပင်းကိုဟိုဖက်ဒီဖက်ထုတ်ချင်းပေါက်စိုက်လျက် အနည်းငယ်ရှေ့သို့ပြေးပြီးပစ်လဲသွားပြီးတဆတ်ဆတ်တုန်ယင်လျက်အသက်ပျောက်သွားတော့၏ ။ဝက်ပေါက်လေးကိုလက်မှကိုင်လျက်ပြေးသွားသောကောင်လေးမှာပြေးလွားရင်းမှဝက်ပေါက်လေးအားမြေပြင်ကြီးတွင်ရိုက်သတ်၍ပါးစပ်တွင်ကိုင်ချီ၍ပြေးနေစဉ်သူ့နောက်မှခွေးအမကြီးလိုက်မှီလာ၏ ။ထိုစဉ်မှာပင် သူတို့နောက်ဖက်ဆီမှခွေးအထီးကြီး၏ နာကျင်စွာအော်ဟစ်သံကြောင့် ကောင်လေးမှာပြေးလွားနေရာမှတုန့်ခနဲရပ်လိုက်၏ ။ခွေးအထီး အသံကြားရာပြန်ပြေးလွားသွားရန်ကောင်လေးပြန်သွားရန်ဟန်ပြုစဉ်..ခွေးအမကြီးမှာကောင်လေးရှေ့ပိတ်ရပ်၍ ရှေ့ဆက်မသွားစေလိုကြောင်းပြသလိုက်၏။ဝက်ပေါက်လေးခွေးအဆွဲခံရခြင်းနဲ့ခွေးအတစ်ကောင်ဖမ်းမိထားကြောင်းအိမ်ရှင်ယောက်ကျားအော်သံကြောင့်ဘေးအိမ်မှလူများနိူး၍ထိုနေရာသို့ရောက်လာပြီးခွေးအသေကိုကြည့်၍ ပစ်ပစ်နှစ်နှစ်ဝိုင်းဝန်းကြိမ်ဆဲလျက်ရှိနေကြ၏ ။ကောင်လေးမှာမျက်ရည်ဝေ့နေသောမျက်လုံးများဖြင့်ခွေးအထီးကြီးရှိရာသို့ကြည့်ရင်းရှိနေသလို ခွေးအမကြီးမှာလည်း ဆွဲဆွငင်ငင်အော်နေတော့၏ ။ခွေးအမကြီးအော်သံကြောင့် ကောင်လေးမှာလည်းခေါင်းမော့၍အော်သံပြုလိုက်ရာခွေးအနဲ့တထပ်တည်းတူညီသောအော်သံထွက်ပေါ်လာ၏ ။ခွေးအမနဲ့ ကောင်လေးတို့မှာခွေးအထီးရှိရာသို့နူတ်ဆက်အကြည့်ဖြင့်တချက်ကြည့်၍ ခွေးအထီးကြီးအသက်ပေးဆပ်၍ယူခဲ့ရသော ဝက်ပေါက်လေးနှစ်ကောင်ကိုချန်ထားရစ်၍အမှောင်ထုအတွင်းတိုးဝင်ပျောက်ကွယ်ကြပါတော့သည်။ခွေးအမှာ အပုတ်အစပ်များကိုတွေ့မရှောင်အစုံစားသောကြောင့်ရွာသားများမှာလှံဖြင့်ထိုး၍ရသောခွေးအကြီးကိုစားမည့်သူမရှိသောကြောင့်မြေမြုတ်လိုက်ကြတော့၏ ။ခွေးအသားမှာပုတ်အက်နံစော်သောကြောင့်လူမဆိုထားနဲ့ တစ်ခြားသောအသားစားတောသတ္တဝါများပင်ခွေးအအသားကိုစားသောက်လေ့မရှိကြပေ။ခွေးအထီးကြီးသေပြီးနောက်ညမှစ၍ညမှောင်သည်နဲ့ရွာကိုပတ်လည်ဝိုင်း၍ ခွေးအ အော်သံများကြားရတော့၏ ။ခွေးအများခါတိုင်းလည်းအူနေကျမို့ရွာသားများအထူးတလည်အရေးမထားသော်လည်း ရွာသားများသတိမထားမိသောအချက်ကား ယခုခွေးအများမှာ တစ်ကွဲတပြားကိုယ့်အုပ်စုအဖွဲ့နဲ့ကိုယ်မဟုတ်တော့ပဲတပေါင်းတစည်းစုပေါင်း၍ ရွာကိုချောင်းမြောင်း၍ရှိနေကြခြင်းမျိုးဖြစ်၏ ။ခွေးအများမှာရွာကိုပတ်ချာလည်ဝိုင်းလျက်မမှိတ်မသုန်စိုက်ကြည့်လျက်ရှိနေကြ၏ ။…အာ…ဝါ….အာ….ဝါ…..အာဝါ…..ညည့်နက်သန်းခေါင်ရောက်ချိန်တွင် ခွေးအမကြီးတစ်ကောင်နဲ့ လူငယ်ကောင်လေးတို့မှာဘေးခြင်းယှဉ်တွဲရောက်လာ၍ကောင်လေးမှာခေါင်းကိုမော့၍ခွေးအအော်သံပြုလိုက်၏။လူကောင်လေးအော်လိုက်သောအသံမှာအချက်ပြသံဖြစ်ပုံရ၏ ။အကြောင်းမှာကောင်လေးအော်သံအဆုံးတွင်ရွာပတ်လည်မှခွေးအများမှာ ရွာဆီတရွေ့ရွေ့တို့ကပ်လာကြတော့၏ ။ဦးစွာသူတို့ပစ်မှတ်မှာ ရွာသားများစိုက်ပျိုးထားသောစိုက်ခင်းဆီသို့ဦးတည်လိုက်တော့၏ ။ရွာဘေးကွင်းပြင်များတွင် အတာလွတ်ခင်း၊ကန်စွန်း၊မြေပဲခင်းများစိုက်ပျိုး၍ု ဝါးကပ်မြင့်ယက်လုပ်၍ကာထားသလိုဆူးပင်မှဆူးခက်များကိုလည်းခြံပတ်လည်တွင်ကာထားသောကြောင့်ခွေးအများအလွယ်တကူဝင်၍မရနိူင်ပဲရှိနေကြစဉ်။ခွေးအအုပ်နဲ့အတူပါလာသောကောင်လေးမှာဆူးခြုံများကိုလက်ဖြင့်ဘေးသို့ဖယ်၍ဝါးကပ်ကိုသွားဖြင့်ကိုက်နေရာတစ်ခြားသောခွေးအများကပါဝိုင်းကိုက်ဖြတ်၍ ဝင်ပေါက်ရသွားသောအခါ အတွင်းသို့ဝင်၍လူတို့စိုက်ပျိုးထားသမျ တူးဖော်၍စားသောက်နေကြတော့၏ ။များပြားလှသောခွေးအအုပ်ကြီးကြောင့်စိုက်ခင်းမှာခနအတွင်းပျက်စီးသွားချိန်တွင် နောက်တစ်ခင်းသို့ဝင်၍ ဖျက်စီးကြပြန်၏ ။ခွေးအများမှာ ယခုလုပ်နေပုံက စားသောက်ရန်ထက် စိုက်ခင်းကိုဖျက်စီးနေကြခြင်းဖြစ်၏ ။စိုက်ခင်းအတော်များများ ဖျက်စီးပြီးချိန်ခွေးအအုပ်မှလူသားကောင်လေးကအော်သံတစ်ချက်ပြုလိုက်ရာ ခွေးအများမှာစိုက်ခင်းကိုစွန့်ခွာ၍ရွာတွင်းသို့လေးဖက်လေးတန်အရပ်မှဝင်လာကြတော့၏ ။ရွာတွင်မွေးထားသောအိမ်မွေးခွေးများမှာခွေးအအုပ်ကြီးကိုတွေ့ရချိန် အဝေးမှသာထိုးဟောင်ပြီး အနီးသို့မကပ်ဝံ့ကြပေ ။ခွေးအအုပ်ကြီးမှာ အပင်ပေါ်အိပ်နေသောကြက်များကိုအောက်မှခြောက်လှန့်မူဖြင့်လန့်ဖျတ်ပြုတ်အောင် စွမ်းဆောင်နိူင်ကြရာကြက်အတော်များများခွေးအများလက်ချက်မိကုန်ကြသလို အတော်တန်ကြီးနေသောဝက်များ၊ ခွေးပေါက်များကိုလည်းဖမ်းဆီးနေကြရာကြက်သံ၊ဝက်သံ၊ခွေးသံများဖြင့်တစ်ရွာလုံးဆူညံ့ကုန်တော့၏ ။ရွာသားများမှာအစပထမထိုအသံများကြောင့်ရွာအတွင်းသားကောင်ကြီးများဖြစ်သော ကျား၊ဆင်၊ တောဝက်များ လမ်းမှားဝင်ရောက်လာခြင်းလားဟုထင်ကြသေးသော်လည်းနောက်မှခွေးအများဖြစ်ကြောင်းသိသောအခါ အံ့သြကုန်ကြတော့၏ ။ရွာသားများမှာ တုံးခေါက်၊သံပုံးတီးခြင်းတို့နဲ့အတူ တူမီးသေနတ်ရှိသူများကသေနတ်ဖြင့်ပစ်ကြသလို၊ လေးမြှားဖြင့်လည်းဝိုင်းပစ်ကြ၏ ။လျင်မြန်စွာပြေးလွားလူပ်ရှားနေသည့်အပြင်၊ရွာအတွင်းလည်းဖြစ်သောကြောင့်လူများကို ထိမှန်မည်စိုး၍ စိတ်လွတ်လက်လွတ်မပစ်ခတ်ရသောတချို့သောခွေးအများကိုထိမှန်သော်လည်းလွဲချော်သည်ကများနေ၏ ။ရွားသားများတုန်လူပ်ထိတ်လန့်စရာမြင်ကွင်းမှာကားခွေးအများကြားတွင် ခွေးအများနည်းတူလေးဖက်ထောက်ပြေးလွားနေသောကောင်လေးတစ်ယောက်က ရွာသားများစိတ်အာရုံကိုအထူးတလည်တုန်လူပ်ချောက်ခြားစေ၏ ။ခွေးအများမှာတစ်ရွာလုံးပွက်လောရိုက်မျဆူညံ့အောင်မွေနှောက်ပြီး ခွေးအများကြားတွင်ပါလာသော လူသားကောင်လေးကအချက်ပြ အော်သံပြုလိုက်ချိန်တွင်ရွာမှ အလျိုလျိုထွက်ခွာသွားကြတော့၏ ။—————————————–” ငါတို့ရွာသားတွေ သွေးပျက်နေကြပြီ ဖိုးတေကြာရင်ရွာပျက်ကိန်းရှိတယ် ခွေးအတွေကြားထဲလူသားကောင်လေးတစ်ယောက်ကခွေးအလိုအော်သံ၊ခွေးအလူပ်ရှားသွားလာမူတွေနဲနောက်ပြီးခွေးအတွေအားလုံးက သူပြောတဲ့အတိုင်းလိုက်လုပ်နေကြပုံပဲ…။ရွာသားတွေကတော့ စိတ်ထင်ရာပြောနေကြပြီအဲကောင်လေးဟာ လူယောင်ဖန်ဆင်းထားတဲ့ခွေးအ ဘုရင်တဲ့….ငါလည်းကြံရာမရတာနဲ့ အတွေ့ကြုံစုံတဲ့မင်းကိုလာခေါ်တာပဲ မင်းဆီမှာများအကြံအညဏ်ရှိမလားလို့…”အောင်ပွေပြောပြလာသောသူတို့ရွာအကြောင်းသိရချိန်တွင်ကျွန်ပ်ကိုယ်တိုင်ပင်အံ့သြရတော့၏ ။ခွေးအဆိုသော ခွေးအရွယ်အစားခွေးပုံစံ နူတ်ချွန်ချွန်အကောင်မျိုးမှာ ရန်လိုတတ်သောအကောင်မျိုးမဟုတ်အစားသောင်းကျန်း၍လစ်လျင်လစ်သလို ခိုးတတ်သောအကောင်မျိုးဖြစ်၏ ။ကြက်၊ဝက်များကို ခိုးဖမ်းတတ်သည်မက ထမင်းချက်ထားသောအိုးများကိုအလွယ်တွေ့လျင်ပင်စားသောက်တတ်ကြ၏ ။ယခုကခွေးအ အုပ်တွင်းလူသားကောင်လေးတစ်ယောက်ရှိနေခြင်းကအတွေးရကြပ်နေ၏ ။လူသားကောင်လေးမှာခွေးအအုပ်ဖြင့်ရောနှော၍လိုက်ပါလာသော သရဲတစ္ဆေများလား ဒါမှမဟုတ်ရွာသားများထင်ထားသလို လူယောင်ဖန်ဆင်းထားသောခွေးအဘုရင်များလားဟူ၍အတွေးရပွားစေ၏ ။”…မင်းပြောတဲ့စကားအရဆိုရင် ခွေးအတွေရွာကိုဝင်ဖျက်တာက ခွေးအတစ်ကောင်ကိုသတ်လိုက်ပြီးနောက်နေ့စတာနော်..အရင်ကရောခုလိုမျိုးဖြစ်ဖူးလား…ခွေးအတွေရွာကိုဝင်မွေသွားတာဘယ်နေ့ကလဲ..”..”..ကုန်ခဲ့တဲ့တပတ်လောက်ကဖြစ်သွားတာကွအရင်ကခုလိုမျိုးမဖြစ်ဖူးပါဘူး မင်းလည်းခွေးအတွေအကြောင်းသိတာပဲ လူကိုအသေရှောင်တဲ့ကောင်တွေ…”” ငါထင်တာပြောရရင်ကွာ စိုက်ခင်းတွေကိုစားရုံမကတမင်ဖျက်ဆီးတယ် နောက်ရွာထဲအုပ်စုလိုက်ဝင်တယ်ဆိုကတည်းက သူတို့ကရည်ရွယ်ချက်ရှိရှိလုပ်တာပဲ…အဓိကသေသွားတဲ့ခွေးအနဲ့ဆက်စပ်နေလောက်တယ်ငါထင်တာမှန်ရင်ထပ်လာပြီးဒုက္ခပေးအုံးမှာပဲ.အောင်ပွေ…””…ဘာလုပ်ရမှန်းမသိတော့ပါဘူးကွာ မင်းသိတဲ့အတိုင်းဒီကောင်တွေကထောင်ချောက်သုတ်ကိုင်းတွေဆင်ဖမ်းလို့မရဘူး အတော်လည်တာကွ….နောက်ဟိုခွေးအ အုပ်ကကောင်လေးကိုမင်းဘယ်လိုမြင်လဲ….””…ငါတတ်နိူင်သလောက်စီစဉ်ပါ့မယ်ကွာခွေးအအုပ်ကကောင်လေးတစ်ယောက်ပါနေတာငါကမမြင်ဖူးတော့ပြောရခက်တယ်လေ..ငါမှတ်ချက်မပေးချင်သေးဘူး…””..ရှေ့ဆက်ခုလိုမျိုးသွားနေရင် အစာပြတ်ရေပြတ်နဲ့ ဒုက္ခရောက်ပြီး ရွာပါပျက်သွားနိူင်တာမို့ မင်းကိုလာအကူညီတောင်းရတာပါပဲ…”ကျွန်ပ်မှာနောက်တစ်နေ့နံနက်တွင်ကောင်းညှင်းပေါင်းပူပူကိုဆားဖြင့်ရောထောင်းထားသောနှမ်းဖြင့်တွဲဖက်စားသောက်၍ပတ်ဝန်းကျင်အခြေအနေကိုစနည်းနာရန်အောင်ပွေကိုခေါ်၍ထွက်လာကြ၏။”..အောင်ပွေရေ ဒီကောင်တွေက သင်ချိုင်းနဲ့နီးတဲ့ နေရာမျိုးတွေမှာ ကျင်းဖောက်ပြီးနေ့လေ့ရှိတတ်ကြတယ် ဒီတော့ သင်ချိုင်းအနီးပတ်လည်တောင်တွေကိုလိုက်ကြည့်ရအောင်လမ်းပြကွာ….””…အေး..ဒါနဲ့.. သွားရင်းလာရင်းမေးရအုံးမယ်ခွေးအတွေလိူဏ်ခေါင်းမှာ ဂမ္ဘီရပစ္စည်းမျိုးရှိတတ်တယ်ဆိုကြ….”” အတိအကျတော့မဟုတ်ပေမယ့်သက်ကြီးစကားသက်ငယ်ကြားရသလောက်ငါပြောမယ်ကွာ.. ဟုတ်မဟုတ်တော့မသိဘူး….အဂ္ဂရိတ်သမားတွေအပြောအရ ခွေးအတွေကျင်းထဲမှာခဲကိုတို့လိုက်ရုံနဲ့ဝါပြီးရွေဖြစ်သွားတဲ့အရိုးတစ်ချောင်းရှိတတ်တယ်တဲ့…””..ဟာ..ဒီလိုဆိုရင်တော့ ချမ်းသာပြီပေါ့..ခွေးအ ကျင်းကိုတူးပြီးအဲဒီအရိုးရှာမယ်ကွာ…”” ဟားဟား.. အောင်ပွေရာ အဲလောက်လွယ်မလားကွ ခွေးအက ကျင်းကိုတကျင်းတည်းဖောက်တာမျိုးမဟုတ်ဘူးကွတောင်အောက်တွေမှာ ဝင်္ကဘာလိုဖောက်နေတာဘယ်နေရာမှာအဲအရိုးရှိနေမှန်းလည်းမသိဘူးလေ…””ရုတ်တရက်မို့လောဘတက်ပြီးပြောမိတာပါကွာအဲဒီအရိုးကလည်းတကယ်မရှိလောက်ပါဘူး..””…မရှိဘူးလို့လည်းပြောလို့မရပြန်ဘူးကွာ…””..ဟာ..ဖိုးတေ မင်းငါ့စကားကိုဆန့်ကျင်ဖက်လိုက်ပြောနေတာလား….””..မဟုတ်ပါဘူးအောင်ပွေရာ ငါတို့နယ်မှာခွေးအတွေကိုရှေးကတည်းက ခဲဝါလို့ခေါ်ကြတာကိုထောက်ရူရင် အဲဒီအရိုးမရှိဘူးလို့ပြောလို့မရပြန်ဘူး…””…ဟာ…ရူတ်နေတာပဲ….”ကျွန်ပ်စကားကိုအောင်ပွေကခေါင်းတဗျင်းဗျင်းကုတ်လျက်ရှိသောကြောင့်ကျွန်ပ်သဘောကျစွာပြုံးလိုက်မိ၏ ။ရွာ၏အနောက်ဖက်အရပ်တွင်သင်ချိုင်းရှိနေပြီးချုံနွယ်တောအုပ်များနဲ့ဖိတ်ဖုံးလျက်ရှိနေပါ၏ ။လူအသေအပျောက်ရှိမှသင်ချိုင်းသို့ရောက်လာပြီးလူသေမြုတ်နှံမည့်နေရာကိုခုတ်ထွင်၍မြုတ်ကြသောသင်ချိုင်းမြေဟုသတ်မှတ်ထားရာတောပင်ဖြစ်၏ ။ကျွန်ပ်မှာသင်ချိုင်းနဲ့ကပ်လျက်ရှိသောတောင်ခြေရင်းသို့သွားရောက်၍ လေ့လာကြည့်ရူရာတောင်ခြေတစ်ဝိုက်ခြုံနွယ်များကိုတိုးဝှေ့၍သွားလာလူပ်ရှားသောခွေးအလမ်းကြောင်းများခြေရာများနဲ့အတူတောင်ခြေတစ်လျောက်တွင်းပေါက်များဟိုနေရာတပေါက်ဒီနေရာတပေါက်တွေ့နေရ၏ ။ကျွန်ပ်မှာ ထိုကျင်းပေါက်များရှေ့တွင်ခြေရာလက်ရာများသေချာလေ့လာကြည့်မိရာ ခွေးခြေရာနဲ့အနည်းငယ်ဆင်တူသောခွေးအခြေရာများတွေ့လိုက်ရ၏ ။….ဟင်….အောင်ပွေ…လာကြည့်အုံးကွ……ဘာတွေ့လို့လဲ..ဖိုးတေ…...ဒီမှာတွေ့လားခလေးတစ်ယောက်ခြေဖဝါး၊လက်ဖဝါးရာတွေမြေကြီးပေါ်ထင်နေတာ…..ဒါ..ငါတို့ရွာကိုခွေးအတွေနဲ့ပါလာတဲ့ကောင်လေးခြေရာတွေပဲ..သေချာတယ်…ခွေးအခြေရာများနဲ့အတူတွေ့ရသော ခလေးတစ်ယောက်လက်ဖဝါးခြေဖဝါးရာလေးက ကျွန်ပ်ခေါင်းအတွင်းအတွေးများပလုံစီနေတော့၏။သရဲတစ္ဆေဆိုပါကခြေရာလက်ရာတွေ့ရမည်မဟုတ်သော်လည်းယခုခြေဖဝါးရာလက်ဖဝါးရာကိုထင်ရှားစွာတွေ့ရသောကြောင့် လူသားခလေးတစ်ယောက်၏ခြေရာလက်ရာမှန်းကျွန်ပ်သေချာစွာသိနေ၏ ။လူသားကောင်လေးတစ်ယောက်က ခွေးအ အုပ်တွင်မည်သို့ရောက်ရှိနေသည်ကိုတွေးမရနိူင်အောင်ရှိနေပါတော့၏ ။ရွာသို့ပြန်လာရာလမ်းတစ်လျောက်တွင်လည်းထိုအတွေးများကပ်ငြိပါလာခဲ့တော့၏ ။အိမ်ပြန်ရောက်ချိန်တွင်နေ့လည်စားပြီးချိန်တွင်ကျွန်ပ်နဲ့အောင်ပွေမှာရေနွေးကြမ်းသောက်ရင်းဖြင့်ရှေ့ဘာဆက်လုပ်ကြမည်ကိုတိုင်ပင်နေကြတော့၏။”…ခွေးအတွေကတအားလည်းများတယ်တစ်ကောင်ချင်းပစ်သတ်ဖို့ဆိုရင်တောင် အတော်အချိန်ပေးရမယ် ဒီကြားထဲသီးနှံခင်းတွေညဖက်လစ်ရင်လစ်သလိုဖျက်နေကြတာ ညတိုင်းမအိပ်ပဲစောင့်ဖို့ကမဖြစ်နိူင်ဘူးဒီတော့ကြာရင်အနှေးနဲ့အမြန်ရွာပျက်မှာပါပဲဘာအကြံများရှိလဲ… ဖိုးတေရာ….””…ဟူး…မင်းတို့ရွာပြသာနာအတွက်ငါ့မှာအဖြေရှိပါတယ် အောင်ပွေရာ …ငါလုပ်ရမှာဝန်လေးနေလို့တွေးနေတာ.။..””…ဟာ..အကြံရှိရင်အစောကပြောရောပေါ့ဘာအကြံများရှိလို့လဲ ပြောလေကွာ…”” အဆိပ်… ငါ့တသက်မုဆိုးသက်တမ်းမှာအဆိပ်ကိုတခါမှမသုံးခဲ့ဖူးဘူး…ဒါပေမယ့်… မင်းတို့ရွာခုလိုကြုံနေရတော့ ဘယ်တတ်နိူင်ပါ့မလဲ သုံးရတော့မှာပေါ့။….””…အဆိပ်ခတ်တဲ့အစာဒီကောင်တွေစားပါ့မလားအဲလောက်ပါးနပ်တာ…နောက်အဲလောက်အဆိပ်တွေအများကြီးကရောဘယ်ကရမှာလဲကွ….”” ဖန်တီးရမှာပေါ့ကွာ ဒီအဆိပ်ဖော်နည်းကို ငါကချင်ပြည်နယ်မြောက်ပိုင်းကို အမဲလိုက်ထွက်တုန်းကကချင်မုဆိုးတစ်ယောက်ဆီကရလာခဲ့တာပဲသူတို့ဆီမှာခွေးအတွေတအားပေါလာရင်အဲနည်းသုံးပြီးသတ်တတ်ကြတယ်….””..ဟာ ဒီလိုဆိုနေရာကျတာပေါ့ ခုညကစပြီးစမ်းကြည့်ရအောင် ဒီကောင်တွေရွာထဲဝင်ပြီးကတည်းကပေါ်မလာတာဆိုတော့ခုလောက်ဆို အစာအသည်းအသန်ဆာနေရောပေါ့….””…ပထမဆုံးဆေးခါးသီးရသလောက်ရှာကွာနောက်ပီလောပီနံဥရှာ အဲနှစ်မျိုးကိုထမင်းနဲ့ဆတူရောထောင်းပြီးရလာတာကအဆိပ်ပဲသူ့အနံအသက်ကခွေးအတွေကိုဆွဲဆောင်နိူင်တယ် အဲ..စားမိရင်တော့ ဖြေဆေးမရှိဘူးနော်အဆိပ်ကဘယ်လောက်ပြင်းလဲဆိုရင်သေသွားတဲ့အကောင်ကိုတခြားအကောင်ကိုတစ်ခြားအကောင်တွေကစားမိရင်တောင်တခြားအကောင်တွေပါ သေတာပါပဲခွေးအမျိုးပါပြုတ်သွားလိမ့်မယ် အောင်ပွေ.အဆိပ်ကစားမိရင်သုံးလေးရက်လောက်မှအစွမ်းပြတယ်…””..အစောကြီးကတည်းကပြောရောပေါ့ ဖိုးတေရယ်ငါအခုပဲ သူကြီးဆီသွားမယ် မင်းပြောတာတွေသူကြီးကိုပြောပြီး စီမံခိုင်းရမယ်…..”ကျွန်ပ်ပြောလိုက်သောအဆိပ်သတ်နည်းမှာ မျိုးပြုတ်နိူင်သည့်အရေးမို့ ကျွန်ပ်စိတ်မသက်မသာဖြစ်မိရသည်မှာအမှန်ပင်ဖြစ်ကြောင်းဝန်ခံရမည်ဖြစ်၏။နောက်တစ်နာရီခန့်အကြာတွင် အောင်ပွေပြန်ရောက်လာ၏ ။ ကျွန်ပ်ပြောပြသောအစီအစဉ်ကိုရွာလူကြီးအားပြောပြရာ ရွာလူကြီးမှာသဘောကျလက်ခံ၍ရွာမှကာလသားများကိုဆေးခါးသီးပီလောပီနံဥများရှာဖွေရန်အဖွဲ့ခွဲစေလွတ်ထားကြောင်းသိရ၏ ။ရွာမှတခြားသူများကိုလည်း ထမင်းတစ်အိမ်တအိုးချက်ပြုတ်ခိုင်းထားကြောင်းကြားသိရ၏ ။ညနေပိုင်းရောက်သောအခါ လက်ထောင်းဆန်ဖွတ်ဆုံများခြေဖြင့်နင်းရသောမောင်းဆုံများကိုအသုံးပြု၍ ဆေးခါးသီး၊ပီလောပီနံဥများကိုအရင်အမူန့်ကြေစေရန်ထုထောင်းစေ၍အမူန့်ရလာသောအခါထမင်းနဲ့ရော၍နောက်တကြိမ်ရောထောင်းခိုင်းရပြန်၏ ။အားလုံးပြီးစီးချိန်တွင်ညမှောင်ရီဖျိုးဖျအချိန်သို့ရောက်ရှိနေခဲ့ပြီဖြစ်၏ ။အဆိပ်ဖော်စပ်ခြင်းကိုကျွန်ပ်ကဘေးမှလမ်းညွန်၍အားလုံးအဆင်သင့်ဖြစ်သွားချိန်တွင် ကျွန်ပ်တာဝန်ပြီးသွားသောအခါ ကျွန်ပ်တာဝန်ပြီးဆုံးသွားပြီဖြစ်ရာရွာအရပ်လေးမျက်နှာအနှံ့အဆိပ်လိုက်ချခြင်းကိုအောင်.ပွေမှဦးစီးဦးဆောင်ပြုလုပ်လျက်ရှိနေ၏ ။ကျွန်ပ်မှာ လူသားများကိုကယ်တင်သလိုဖြစ်သော်လည်းတခြားသောမျိုးနွယ်စုတစ်ခုကိုအဆိပ်ခတ်သတ်ရန်နည်းပေးလမ်းညွန်လုပ်မိရခြင်းကြောင့်စိတ်မကောင်းဖြစ်မိရခြင်းဖြစ်၏ ။ညရောက်ချိန်တွင်အောင်ပွေအိမ်တွင်လူစု၍အခြေအနေကိုနားစွင့်နေမိကြ၏ ။ညအနည်းငယ်နက်သောအခါ ရွာပတ်ချာလည်မှခွေးအအူသံများစတင်ကြားရတော့၏။အစပထမတစ်ကောင်စနှစ်ကောင်စအော်ဟစ်သံနဲ့အတူနောက်ပိုင်းအုပ်စုလိုက်အော်ဟစ်သံများရွာပတ်ချာလည်မှကြားနေကြရတော့သည်။ကျွန်ပ်မှာ ထိုအဆိပ်အကြောင်းကောင်းစွာသိသူဖြစ်၏ ။မြန်မာပြည်မြောက်ပိုင်းအရပ်တွင်လက်တွေ့မြင်ခဲ့ကြုံခဲ့ရပြီမို့ ခွေးအများကြိမ်းသေစားမည်မှန်းကြိုသိနေ၏ ။တစ်ခြားသောတိရိစ္ဆာန်များမည်မျပါးနပ်ကောက်ကျစ်စေကာမူလူသားများလောက်မကောက်ကျစ်မရက်စက်နိူင်ကြောင်းတွေးနေမိပြန်သည်။ခွေးအများမှာ ရွာပတ်လည်တွင်ချထားသောအဆိပ်ထမင်းများကိုစားကောင်းကောင်းနဲ့စားနေကြဟန်ရှိ၏ ။ရွာအတွင်းဝင်မလာကြပဲရှိနေသည်။တစ်ညလုံးအော်နေသံများရွာပတ်လည်မှသာကြားနေရ၏။အားလုံးရင်တမမဖြင့် မအိပ်စက်ပဲ အောင်ပွေအိမ်ရှေ့ မြေပြင်ပေါ်တွင် မီးဖို၍ရေနွေးကြမ်းတစ်အိုးပြီးတစ်အိုးကျိုလိုက်သောက်လိုက်ဖြင့်ရှိနေကြ၏။အဓိကစကားပြောနေရသူမှာကျွန်ပ်ဖြစ်ပြီးမြန်မာပြည်အနှံံ့ကြုံတွေ့ခဲ့ရသောသည်းထိတ်ရင်ဖိုအကြောင်းအရာဇတ်လမ်းများကို ပြောပြခိုင်း၍ ပြောပြနေရခြင်းဖြစ်၏ ။တစတစဖြင့်ခွေးအအော်သံများမှာဝေး၍ဝေး၍သွားလျက်နောက်ဆုံးတွင်လုံးပျောက်ကွယ်သွားပါတော့၏ ။ကျွန်ပ်မှာ မြိတ်ကျွန်းစုဖက်သို့ရောင်စဉ်ကကြုံခဲ့ရသော ပင်လယ်ရေသူရဲဇတ်လမ်းကိုနားထောင်နေစဉ် ခွေးအအော်သံတစ်ခုကိုကြားလိုက်ရသောကြောင့်ပြောလက်စ စကားကိုရပ်၍ ခနရပ်လိုက်ရင်းထိုအသံကိုနားစွင့်ကြည့်ရာခွေးအအော်သံမှာအော်သံနဲ့မတူပဲငိုကြွေးနေသံနဲ့တူနေသလိုစိတ်အတွင်း ထင်နေမိ၏။အော်သံမှာပျောက်မသွားပဲဆက်တိုက်ထွက်ပေါ်နေခြင်းကြောင့်ကျွန်ပ်စိတ်အတွင်းဖော်ပြရန်ခက်သောခံစားမူနဲ့အတူလူကအလိုလိုမတ်တတ်ရပ်ပြီးသားဖြစ်သွားတော့၏။ကျွန်ပ်ရုတ်တရက်ထရပ်လိုက်ခြင်းကြောင့်ကျန်သူများကနားမလည်နိူင်စွာကြည့်နေသလို အောင်ပွေမှ”..ဘာဖြစ်လို့လဲ…ဖိုးတေ….””…ဒီခွေးအအော်သံက တစ်ခုခုအကြောင်းရှိနေသလိုပဲ ငါသွားကြည့်မလို့…””…မင်းတစ်ယောက်တည်း ညဖက်ကြီးအန္တရယ်များလွန်းပါတယ် ငါတို့ပါလိုက်ခဲ့မယ်…”ကျွန်ပ်စိတ်အတွင်းတခါတရံနားလည်ရခက်သောမသိစိတ်စေ့ဆော်မူကြောင့် အသက်ဘေးမှ လက်မတင်လွတ်ဖူးသော သာဓကများမကြာခနကြုံရခြင်းကြောင့် ယခုလည်းကျွန်ပ်မသိစိတ်ကတစ်ခုခုဖြစ်နေပြီဆိုသောအတွေးဝင်လာချိန်ထိုနေရာသို့သွားရန်ဆုံးဖြတ်မိခြင်းဖြစ်၏ ။ကျွန်ပ်မှာလက်စွဲတော်သေနတ်ကိုစွဲကိုင်၍တစ်ခြားသူများမှာလည်းဒူးလေး၊တုတ်၊ဓားကိုယ်စီကိုင်၍ လက်နှိပ်ဓတ်မီးတဝင်းဝင်းဖြင့် ခွေးအအော်သံကြားရာသို့ထွက်လာခဲ့ကြ၏ ။…ဟို…ဟို..မှာ..ခွေးအတစ်ကောင်..…ဘေးမှာလူတစ်ယောက်လဲနေတယ်ထင်တယ်……အတော်အတင့်ရဲတဲ့ ခွေးအ..ကဲကွာ….…ဝှစ်….ဝှစ်…..ဝှစ်…ဝှစ်……အိန်…အိန်…….ရွာပြင်တောစပ်ဆီမှခွေးအအော်သံကပေါ်လာလိုက်ပျောက်သွားလိုက်ဖြင့်ရှိနေရာအသံကြားရာသို့ကျွန်ပ်တို့အဖွဲ့နားစွင့်၍ရောက်သွားကြသောအခါတောင်ခြေတောစပ်နားတွင်ခွေးအတစ်ကောင်ကိုတွေ့ရမီးရောင်အောက်တွင်တွေ့လိုက်ရတော့၏ ။ထို့အတူ ခွေးအ နံဘေးတွင်မြေပြင်ပေါ်လဲကျနေသောလူတစ်ယောက်ကိုမသဲမကွဲလှမ်းတွေ့လိုက်ရ၏ ။ကျွန်ပ်တို့ရောက်သွားချိန်တွင် ခွေးအမှာလဲကျနေသူကိုလှည့်ပတ်၍ ဂနာမငြိမ်ဖြစ်နေ၏။ခွေးအများမှာလူကို မျက်နှာခြင်းဆိုင်အတွေ့မခံပဲရှောင်တိမ်းတတ်ကြသော်လည်း ယခုခွေးအမှာလူအုပ်စုလိုက်သူ့ထံလာနေသော်လည်း ရှောင်ပြေးသွားခြင်းမရှိသောကြောင့် အနည်းငယ်ထူးဆန်း၍တခုခုလွဲမှားနေသလို ကျွန်ပ်စိတ်အတွင်းခံစားနေရစဉ် ၊ရွာသားများမှာလဲနေလူအတွက် စိတ်ပူနေကြသလို ရဲတင်းသောခွေးအကိုကြည့်၍ဒေါသဖြစ်သွားဟန်ဖြင့် ဒူးလေးများဖြင့်ချိန်၍ပစ်ခတ်လိုက်ကြတော့၏ ။ကျွန်ပ်မှာ ပုံမှန်မဟုတ်သောမှားယွင်းသောအခြေအနေကိုခံစားမိသောကြောင့်မပစ်ခတ်ရန်တားမြစ်မည်ကြံလိုက်စဉ်ကျွန်ပ်နောက်ကျသွားရတော့၏။ခွေးအမှာသူ့ကိုချိန်၍ပစ်ခတ်သောမြှားချက်များကိုရှောင်ပြေးရမည့်အစားငြိမ်သက်စွာရပ်ကြည့်နေရာ မြှားတံများများက ကိုယ်ခန္ဓာကိုယ်ထိမှန်သွားခြင်းကြောင့်လဲကျသွားတော့၏။မြှားတွင်အဆိပ်သုတ်ထားခြင်းကြောင့်မြေပေါ်တွင်ငြီးနေရင်းခနအကြာငြိမ်သက်သွားတော့၏ ။”…ဟာ..ဒါ…ခွေးအတွေနဲ့ ပါလာတဲ့ကောင်လေး မဟုတ်လား…””…ခွေးအတွေအတွက်ချထားတဲ့အဆိပ်ကိုစားမိပုံပဲ..အသက်မရှိတော့ဘူး…””..သရဲတစ္ဆေမှတ်နေတာ လူအစစ်ပါလား ဘယ်လိုကြောင့်များခွေးအတွေကြားရောက်နေတာပါလိမ့်….”လဲကျနေသူအနီးရောက်သောအခါ ထိုသူမှာရှစ်နှစ်ကိုးနှစ်အရွယ်ခလေးတစ်ယောက်ဖြစ်နေပြီးအဆိပ်ကိုစားမိဟန် ပါးစပ်ရင်ဘတ်တဝိုက်တွင်ကျွန်ပ်တို့ချထားသော ထမင်းများကပ်လျက် ပါးစပ်မှလည်း အမြုတ်တစီစီထွက်လျက်ရှိနေပါ၏ ။အဆိပ်မှာခွေးအစားမိပါကနှစ်ရက်သုံးရက်ကြာမှအဆိပ်တန်ခိုးပြ၏။အကယ်၍လူသားတစ်ယောက်သာစားမိပါကအဆိပ်မှာနာရီပိုင်းအတွင်းအဆိပ်များတက်၍သေဆုံးနိူင်၏ ။ကျွန်ပ်အဆိပ်ကြောင့်လူသားတစ်ယောက်သေဆုံးရလေခြင်းဟူသောအတွေးက ကျွန်ပ်စိတ်နှလုံးကို ပြင်းထန်စွာထိခိုက်လျက်ရှိနေပါ၏ ။ခွေးအများအတွက်ရည်ရွယ်ထားသောအဆိပ်ကလူသားများဘေးဒုက္ခမကြုံစေရန်ရည်ရွယ်ထားခဲ့သော်လည်းယခုကျွန်ပ်အဆိပ်ကလူသားတစ်ယောက်သေဆုံးရသည်ဟူသော ခံစားမူက ခံစားရခက်လွန်းလှ၏။..နောင်…ဝေ…ဝေ..ခွေးအကြားမှလူသားတစ်ယောက်ရောက်နေရခြင်းအကြောင်းကို အမျိုးမျိုးသောထင်ကြေးပေးမူများဖြင့်ရှိနေကြစဉ်..သာယာသောကြေးစည်သံလေးက ပျံ့လွင့်လာ၏ ။ခပ်ဝေးဝေးမှကြေးစည်သံမှာတဖြည်းဖြည်းနီးကပ်လာခြင်းနဲ့အတူရသေ့တစ်ပါးမှာကြေးစည်လေးကိုတစ်ချက်ချင်းထု၍ကျွန်ပ်တို့လူစုထံလျောက်လာနေ၏ ။(နောက်မှသိရသည်က ထိုရသေ့မှာ တောင်ပေါ်တွင်နေထိုင်၍ တစ်လတစ်ခါခန့်ရွာသို့အလှူခံဆင်းလာလေ့ရှိကြောင်း အောင်ပွေပြောပြချက်အရသိရ၏ ။ )”…အရာအားလုံးကံစီမံရာအတိုင်းပါပဲလား …သံယောဇဉ် မေတ္တာတရားဟာ မျိုးနွယ်မတူပေမယ့်မေတ္တတရားက ဒီအတားအဆီးတွေကိုကျော်ဖြတ်ပြလိုက်တာ ဒီခွေးအနဲ့ ဒီလူသားကသက်သေပါလား…..”ရသေ့ကြီးမှာလဲကျနေသေဆုံးနေသောခွေးအနဲ့ကောင်လေးကိုကြည့်၍ လူသားကောင်လေးကိုသိနေဟန်ကြောင့် ကျွန်ပ်နဲ့တခြားလူများမှ ထိုကောင်လေးအကြောင်းသိပါကပြောပြရန်ဝိုင်းဝန်းလျောက်ထားကြရာ ရသေ့ကြီးထံမှကျွန်ပ်တသက်လုံးမမေ့နိူင်မည့်ဇတ်လမ်းတပုဒ်ကိုကြားသိခဲ့ရပါတော့၏ ။——————-××—————-လွန်ခဲ့သောဆယ်နှစ်ခန့်အချိန်ကတစ်နှစ်ခန့်အရွယ်သားငယ်လေးကိုသစ်ပင်အောက်တွင်သိပ်၍လင်မယားနှစ်ယောက်မှာ တောင်ယာလုပ်ငန်းခွင်ဝင်နေကြစဉ်ဝက်ဝံကြီးတစ်ကောင်ရုတ်တရက်ရောက်လာပြီးလင်မယားနှစ်ယောက်ကိုတိုက်ခိုက်ရာလင်မယားနှစ်ယောက်လုံးပြေးချိန်မရလိုက်ပဲ ဝက်ဝံကုတ်ရာများဖြင့် သွေးအိုင်ထဲလဲကျအသက်ပျောက်ကုန်ကြတော့၏ ။ထိုအချိန်အိပ်ပျော်နေသောခလေးမှာလန့်နိူး၍ငိုယိုနေရာ ခလေးအားရန်ပြုရန်လျောက်လာစဉ်မမျော်လင့်သောအခြေအနေတစ်ခုဖြစ်ပေါ်လာတော့၏ ။ရုတ်တရက်ခလေးရှေ့သို့ခွေးအလင်မယားရောက်လာပြီးခွေးအကို မာန်ဖီ၍စူးရှစွာကြည့်နေကြရာ ဝက်ဝံမှာခွေးအလင်မယားကိုရင်မဆိုင်ဝံ့ဟန်ဖြင့်ထွက်ခွာသွားတော့၏ ။အစပထမခွေးအလင်မယားမှ အိပ်နေသောခလေးကို စားသောက်ရန်ခြုံပုတ်အတွင်းမှချောင်းမြောင်းနေကြခြင်းဖြစ်သည်။သို့ရာတွင် သူတို့ထက်အရင်ဝက်ဝံရောက်လာသောအခါ စိတ်ပြောင်းသွားဟန်ဖြင့်ခလေးကို အကာအကွယ်ပေးနေကြတော့၏ ။ခွေးအမကြီးမှာလွန်ခဲ့သောသုံးလေးရက်ကအစာရှာထွက်နေစဉ်တစ်ခြားခွေးအများကသူ့သားပေါက်များကိုစားသောက်သွားသောကြောင့်လောလောလတ်လတ်သားသမီးဆုံးရူံးထားရသူဖြစ်၏ ။ခလေးမှာ ခွေးအများကိုကြောက်လန့်ဟန်မတူပဲတခိုးခိုးတခစ်ခစ်ရယ်မောနေရာ ခွေးအမကြီးမှာ လူသားခလေးကိုသူ့သားအဖြစ်မွေးစားရန်ဆုံးဖြတ်လိုက်ဟန်ဖြင့် ခလေးအင်ကျီကို ကုတ်မှဖွဖွကိုက်၍မွေးစားရန်ခေါ်သွားတော့၏ ။ခွေးအမကြီးမှာတစ်ခြားသောခွေးအများကြားတွင်နေထိုင်လျင်ခလေးအသက်အန္တရယ်စိုးရိမ်ရသောကြောင့်တစ်ခြားခွေးအများနဲ့ဝေးရာတွင်နေထိုင်၍သူ နို့တိုက်၍ခလေးကိုမွေးမြူတော့၏ ။အစာရှာရန်မထွက်တော့ပဲ သူ့ချစ်လင်ခွေးအထီးရှာပေးသမျကိုသာစားသောက်၍ခလေးကိုမျက်စိအောက်မှအပျောက်မခံစောင့်ရှောက်တော့၏ ။ထိုသို့ဖြင့်ခလေးအနည်းငယ်သွားလာနိူင်သောအရွယ်ရောက်သောအခါလူသားများချက်ပြုတ်ထားသော ထမင်းများခိုး၍သော်လည်းကောင်း၊အသီးအနှံများကိုရှာဖွေ၍တဖုံကျွေးမွေးပြန်သည်။လူငယ်လေးမှာခွေးအလင်မယားကိုအဖေအမေဟုမှတ်ထင်၍သူအမေအဖေလူပ်ရှားသွားလာမူများကိုအတုယူလျက်ခွေးအအူသံကိုခွေးအသံနဲ့တထပ်တည်းတူအောင်ပြုလုပ်တတ်လာ၏ ။လူသားများကိုမြင်တွေ့သော်လည်းသူနဲ့မျိုးနွယ်တူဟုမထင်မှတ်ပဲသူ့ကိုယ်သူခွေးအတစ်ကောင်အဖြစ်စိတ်အတွင်းထင်မှတ်နေတော့၏။ထိုသို့ဖြင့်ကောင်ငယ်လေးမှာကိုးနှစ်ဆယ်နှစ်အရွယ်ရောက်လာချိန်ခွေးအများအမဲလိုက်နည်းများလူပ်ရှားမူများနဲ့တသားတည်းကျ၍တခြားခွေးအများနဲ့ရောနှော၍အမဲလိုက်နိူင်လာတော့၏ ။လွန်ခဲ့သောတပတ်က ရွာအတွင်းဝင်၍ဝက်သားပေါက်ကိုမိသားစုသုံးယောက်ဝင်ရောက်ဖမ်းယူကြစဉ်အသက်အရွယ်ရလာသော ခွေးအကြီးမှာလူသားများကြောင့်အသက်ပေးလိုက်ရတော့၏ ။ကောင်လေးမှာခွေးအမကြီးကိုသူ့အမေ၊ခွေးအထီးကြီးကိုသူ့အဖေဟုထင်မှတ်ထားရာ ခွေးအထီးကြီးသေဆုံးသွားချိန်များစွာဝမ်းနည်းကြေကွဲသွားရ၏ ။ထို့အတူ လူသားများကိုလည်းမုန်းတီးနာကျည်းစိတ်ဝင်သွားတော့၏ ။ထို့ကြောင့်တစ်ခြားခွေးအများကိုစုရုန်း၍ရွာကိုဝင်ရောက်ဒုက္ခပေးခြင်းပင်ဖြစ်၏ ။သို့ရာတွင် အရက်စက်အကောက်ကျစ်ဆုံးလူသားတို့၏ လှည့်ကွက်ဆင်အဆိပ်ကိုစားမိသောကြောင့်သေဆုံးရခြင်းဖြစ်ပါတော့၏ ။ကောင်ငယ်လေးသေဆုံးသွားချိန်တွင်ခွေးအမကြီးမှာသားဖြစ်သူသေဆုံးသွားသော ပူဆွေးမူကြောင့် ကောင်လေးအလောင်းဘေးတွင်ပူဆွေးသောကဖြင့်အော်ဟစ်နေစဉ်လူသားများလက်ချက်ဖြင့်သေဆုံးရခြင်းဖြစ်ကြောင်း ရသေ့ကြီးမှကောင်လေးဇတ်ကြောင်းပြောပြလာရာ နားထောင်နေသူအားလုံးငြိမ်ကျသွားကြပါတော့၏ ။ရသေ့ကြီးမှာထူးဆန်း၏။ကောင်လေးခွေးအများအကြောင်းပြောပြရာတွင်ဘေးမှထိုင်ကြည့်နေသည်အလားပြောပြနေခြင်းဖြစ်၏ ။ခွေးအစုံတွဲနဲ့ကောင်လေးဆုံချိန်မှစ၍ယခုသေဆုံးချိန်ထိသူကြည့်ပြီးသားဇတ်လမ်းတပုဒ်ကိုပြောပြနေသလိုပြောပြနေခြင်းဖြစ်၏။.မည်သို့မည်ပုံသိသည်ကိုမေးမြန်းရန်ကျွန်ပ်စိတ်ကူးနေစဉ်မှာပင် ရသေ့ကြီးမှာကြေးစည်လေးကိုတနောင်နောင်ထု၍ ကျွန်ပ်တို့အနီးမှထွက်ခွာသွားပြီဖြစ်၏ ။.ယခုအချိန်တွင်ကျွန်ပ်တို့မှာ ခွေးအနဲ့လူသားတို့ကြားမှထူးခြားစွာဖြစ်တည်လာသောသံယောဇဉ်ကိုအံ့သြစိတ်ဖြစ်ရခြင်းနဲ့အတူ စိတ်မကောင်းကြီးစွာဖြစ်နေရပါတော့သည်။ထိုအထဲတွင်မှစိတ်မကောင်းအဖြစ်ရဆုံးလူမှာကျွန်ပ်ပင်ဖြစ်ပါတော့၏ ။ယခုဝမ်းနည်းစရာဇတ်လမ်း၏ အဓိကတရားခံမှာကျွန်ပ်သာအဓိကဟု ကို့ဘာသာအပြစ်တင်နေမိပါတော့၏ ။မနက်အလင်းရောင်လာသောအခါ ကျွန်ပ်မှာ ပထမခွေးအထီးကြီးမြုတ်နှံရာနေရာကိုမေးမြန်း၍ ထိုခွေးအထီးကြီးမြုတ်နှံရာဘေးတွင်မြေကျင်းနှစ်ကျင်းတူးကာ ခွေးအမနှင့်ကောင်လေးကိုမြုတ်နှံပေးလိုက်၏။အလောင်းများကိုတစ်ခြားသောတောတိရိစ္ဆာန်များမဖျက်စီးစေနိူင်ရန်ကျောက်တုံးကျောက်ခဲများမြေစာပုံများပေါ်တင်ခြင်းကိုအားလုံးဝိုင်းဝန်း၍လုပ်ဆောင်ကြ၏ ။ကျွန်ပ်ကိုခွင့်လွတ်ပေးရန်နဲ့နောက်ဘဝတစ်ခုတွင်မိသားစုအဖြစ်ပြန်ဆုံကြပြီးပျော်ပျော်ရွင်ရွင်ဖြင့်ယခုလိုအဖြစ်ဆိုးမျိုးမကြုံတွေ့စေရန်ကျွန်ပ်မှာစိတ်တွင်းဆုတောင်းပေးနေမိ၏ ။ကျွန်ပ်တသက်တွင်ယခုကြုံတွေ့ခဲ့ရသောထူးဆန်း၍ဝမ်းနည်းဖွယ်ဇတ်လမ်းကိုမည်သို့မျမေ့ပျောက်နိူင်တော့မည်မဟုတ်ပေ။ဝမ်းရေးအတွက် အကုသိုလ်အလုပ်ဖြစ်သောမုဆိုးအလုပ်ကိုမစွန့်နိူင်သေးသော်လည်း နောက်နောင်ကျွန်ပ်တသက်လုံးအဆိပ်ကိုမည်သည့်အကြောင်းနဲ့မျမသုံးရန်ကိုမူကားစိတ်တွင်သံဓိဋ္ဌန်ချထားလိုက်ပါတော့သတည်း…။==========××==========ပြီးပါပြီpageကိုlike&followလေးလုပ်ပေးကြပါအုံးနော်မြူခိုးအလင်္ကာ
Tags
About bookstory
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.