နှစ်ပတ်လည်(စ-ဆုံး)
သော်တာလမင်းစန္ဒာခုရက်ပိုင်း ထူးပိုင် ရင်ထဲနေလို့မကောင်းေချ။ ရင်ဘတ်တစ်ခုလုံးမီးမြိုက်ထားသလို ပူလောင်နေသည်။ စိတ်နှင့်ကိုယ်လည်းကပ်မရခဲ့။မတင်မကျဖြစ်နေသောစိတ်ကကြီးစိုးနေပြီး အကြောင်းအရင်းမသိသောတစုံတရာကိုလည်း စိတ်ပူမိသည်။ ထို့ကြောင့် အလုပ်ဆင်းသည့်အခါ အိမ်တန်းမပြန်ဖြစ်ဘဲတိုက်ခန်းတစ်ခုဆီသို့ ကားကိုဦးတည်မောင်းနှင်လာခဲ့မိတော့သည်။ယနေ့အဖို့ ထိုတိုက်ခန်းသို့ရောက်ခဲ့သည်မှာ ( ၃ )ကြိမ်ရှိနေပြီ။ တွေ့ဆုံလိုသော သူကို အရိပ်အယောင်မျှမတွေ့ ရပေ။ကားမောင်းနေရင်း ဖုန်းကိုလက်ထဲမှမချနိုင်ဘဲ ဖြစ်နေပြန်၏။ သူခေါ်ဆိုနေသောဖုန်းနံပါတ်ပိုင်ရှင်နှင့်အဆက်အသွယ်မရသည်မှာ ( ၂ ) ရက်ခန့်ရှိခဲ့ပြီ။” ဟူး … ဘယ်သွားမယ်… ဘယ်လာမယ်လည်းမပြောသွား … စိတ်ကောက်ပြန်ပြီလား မသိဘူး “တကိုယ်တည်းငြီးရင်း စိတ်မောလူမော ဖြစ်နေလေတော့သည်။ မကြာခင်မှာပင် သူအမြဲတစေရောက်ဖြစ်နေကြတိုက်ခန်းဆီသို့ ဆိုက်ရောက်လာလေသည်။ ထိုတိုက်ခန်းသို့ လာလာရှာကြည့်သည်မှာလည်း ( ၂ )ရက်ဆက်တိုက်ရှိနေပြီ။ရောက်လာတိုင်း သော့ခတ်ထားသော တိုက်ခန်းကသာဆီးကြိုနေခဲ့သည်။ သော့အပိုနှင့် ဖွင့်ဝင်ပြီး အခန်းထဲဝင်ရှာသော်လည်းပရိဘောဂများနှင့် အသုံးအဆောင်ပစ္စည်းများက အရာမယွင်းသလို လူလည်းမတွေ့ခဲ့ရ။ဆိုဖာပေါ်မှီထိုင်လိုက်ပြီး ဖုန်းထပ်ခေါ်ကြည့်သည်။ ဖုန်းပိတ်ထားသည်က ( ၂ ) ရက်၊ ခုထိပြန်မဖွင့်သေး။ စားပွဲပေါ်မှ လက်တော့ပ်ကိုယူပြီးဖွင့်လိုက်သည့်အခါ သူတို့နှစ်ယောက်တွဲရိုက်ထားသည့်ပုံက screen ပေါ်မှ ခပ်ပြုံးပြုံးပြန်ကြည့်နေသလိုလို ခံစားလိုက်ရသည်။ထိုချိန်မှာပင် ဖုန်းဝင်လာသဖြင့် ဝမ်းသာအားရကြည့်လိုက်သည့်အခါ သူ၏ဇနီး ယုယသွင် ဖြစ်နေ၍ စိတ်ပျက်မိသွားတော့၏။” အင်း “ထူးပိုင်မှာ စိတ်မပါသလိုပြန်ဖြေလိုက်သည်။” ယောကျာ်းရေ … ဒီနေ့စောစောပြန်လာမယ်မလားဟင် “တစ်ဖက်မှ ဇနီးသည်၏အသံမှာ မျှော်လင့်တကြီး ပြောနေသည့်အသံမှန်းသူသိသည်။” ခဏနေပြန်လာမယ် “” ဒါဆို ညစာချက်ထားတော့မယ်နော် “” အင်း “တစ်လုံးတည်းပြန်ဖြေလိုက်ပြီး ဖုန်းချလိုက်ေလသည်။အမှန်အတိုင်းဆိုလျှင် မိန်းမဖြစ်သူကို စိတ်ကုန်နေသည်မှာကြာခဲ့ပြီ။ အဆီအခေါက်များစုဝေးနေသော ဗိုက်ခေါက်ကြီး တလှုပ်လှုပ်နှင့် သူ့ရှေ့ဖြတ်သွားတိုင်း ထိုပုံရိပ်ကို ထပ်မကြည့်ချင်သည့်အတွေးက မကြာမကြာပေါ်လာတတ်သည်။ကိုရီးယားကားကြည့်ပြီး တဟားဟားအော်ရယ်နေသောအသံကိုလည်းသူမုန်းမိသည်။ ထမင်းလက်ဆုံစားသည့်အခါတိုင်း သူမပါးစပ်ထဲသို့ ထမင်းလုတ်သွတ်သွင်းနေဟန်ကိုလည်း ဆက်မကြည့်ချင်တော့ချေ။ညအိပ်သည့်အခါ၌လည်း သူ့ကိုယ်ပေါ် ခြေသလုံးကြီးတင်ပြီး တခေါခေါဟောက်နေသံကိုလည်း မခံစားနိုင်ခဲ့။ ရသမျှပိုက်ဆံ အကုန်သိမ်းပြီး ပြန်ထွက်မလာသည်ကိုလည်း ဒေါသထွက်သည်။အနှီမိန်းမ၏ဒဏ်ကို ကြာရှည်မခံနိုင်လာတော့ေချ။အိမ်ထောင်သက်ကြာလာသဖြင့်လည်း ထိုသို့ဖြစ်ပေါ်လာသည်လား ထူးပိုင်မဆိုတတ်။ ထိုသို့ ငြီးငွေ့လာသည့်အချိန်တွင် ” အိမ့် ” ဟူသော မိန်းကလေးနှင့် တွေ့ဆုံခဲ့ရသည်။အိမ့် ကလှသည်။ sexy ကျသည်။ ချိုသာသည့်အသံရှိသည်။ ယုယတတ်သည်။ ထူးပိုင်အဖို့ အိမ့် ၏လှုပ်ရှားမှုတိုင်းက စိတ်လှုပ်ရှားစရာ ကောင်းခဲ့သည်။အိမ့်နှင့် ချစ်ကြိုက်ခဲ့ပြီး ယခုတိုက်ခန်းကို ငှားကာအတူနေထိုင်ခဲ့သည်က ( ၁ ) နှစ်ပြည့်တော့မည်။ ထိုကာလအတွင်း ကတောက်ကဆ တစ်ကြိမ်၊ နှစ်ကြိမ်ဖြစ်ဖူးသည်မှ လွဲ၍ ကြီးကြီးမားမား ရန်မဖြစ်ဖူးခဲ့ပေ။ယခုအခါတွင်မူ အိမ့်က မပြောမဆိုနှင့် အဆက်အသွယ်ဖြတ်ထားသည်မှာ ( ၂ ) ရက်ရှိသွားပြီဖြစ်၏။ မည်သည့်အကြောင်းအရင်းမှန်းလဲ ထူးပိုင် မတွေးတတ်တော့ချေ။စိတ်ပင်ပန်းစွာဖြင့် ဆိုဖာပေါ်မှီရင်း မှေးခနဲ အိပ်ပျော်သွားခဲ့သည်။သူ၏နားထဲ ရေသံကြားလိုက်ရသဖြင့် နားစွင့်ကြည့်မိသည်။ ဟုတ်သည်။ ရေချိုးခန်းထဲ ရေချိုးနေသံအစစ်။အိမ့် ပြန်ရောက်နေပြီဟု တွေးမိသည့်အခါ ဝမ်းသာမိသွားသဖြင့် ရေချိုးခန်းဆီသို့ အပြေးသွားကြည့်လိုက်တော့သည်။တံခါးဖွင့်လိုက်သည့်အခါ ရေပန်းမှ ရေပွင့်ကျ နေခြင်းသာဖြစ်ပြီး အိမ့် မဟုတ်နေပေ။ ရေပန်းပြန်ပိတ်ပြီး သက်ပြင်းချကာ လှည့်ထွက်လာခဲ့ရသည်။ ထိုအခါမှ ဇနီးသည်ဖုန်းဆက်ထားသည်ကို သတိရမိကာအိမ်သို့ပြန်လာခဲ့လေသည်။အိမ်တံခါးဖွင့်လိုက်သည်နှင့် ဟင်းချက်ကောင်းသောယုယသွင်၏ လက်ရာဟင်းရနံ့မှာ မွှေးပျံ့ကာ ထွက်ပေါ်လာခဲ့သည်။ ထိုတစ်ချက်ကိုတော့ ထူးပိုင် ချီးမွှမ်းမိသည်။ယုယသွင်အား မနှစ်သက်လှသော်လည်း သူမချက်ကျွေးသည့် ထမင်းဝိုင်းလေးက အမြဲစိုပြေသည် ကတော့ အမှန်ပင်။” ယောကျာ်း … ဖုန်းဆက်ထားတာကို ဘာလို့နောက်ကျရတာလဲ “ယုယသွင် မှာ အနီရောင်ဂါဝန်ဝတ်ထားပြီး နှုတ်ခမ်းနီအနီရဲရဲကို ဆိုးထားလေသည်။ မပြင်မဆင်ဘဲနေတတ်သည့် ဇနီးသည်မှာ ယခုလို မိတ်ကပ်မခြယ်တတ်ဘဲ ပြင်ဆင်ထားသဖြင့် လိုက်ဖက်မှု မရှိလှပေ။ လူကသပ်သပ်၊ မိတ်ကပ်ကသပ်သပ် ကဲ့သို့ဖြစ်နေသည်။” ခုရောက်ပြီပဲကွာ … ဒါနဲ့ … ဒီအဆင်က ဘာဖြစ်တာတုန်း … “ထူးပိုင်က အဆီများပြည့်ဖုံးနေသော ယုယသွင်၏ ခန္ဓာကိုယ်ပေါ်မှ အနီရောင်ဂါဝန်အား ညွှန်ပြကာမေးလိုက်သည်။” ယောကျာ်းမေ့နေပြီမလား … ဒီနေ့က ယုနဲ့ ယောကျာ်းနဲ့ အိမ်ထောင်သက် ဆယ်နှစ်ပြည့်တဲ့ နေ့… မှတ်မိလား”ယုယသွင် ပြောမှ ဟုတ်နိုးနိုး ပြန်တွေးနေမိသည်။ မင်္ဂလာနှစ်ပတ်လည် မဆိုထားဘိ ပြက္ခဒိန်ရက်စွဲကိုတောင် ထူးပိုင်ဂရုမစိုက်မိသည်မှာ ကြာလှပြီ။” ရေချိုးပြီး အဝတ်လဲလိုက်ဦး … ဒင်နာစားရအောင်…နော်ယောကျာ်း “ထူးပိုင်ကစိတ်မပါလှဘဲ ခေါင်းသာညိမ့်ပြလိုက်တော့၏။စားပွဲပေါ်တွင် အသားပြားကြီးကို ဆလပ်ရွက်၊ မုန်လာဥနီတို့ဖြင့် အလှဆင်ထားသည်။ ယုယသွင် အနည်းငယ်မူပြောင်းနေသည်ကို ထူးပိုင် သတိထားမိသည်မှာသိပ်မကြာသေးချေ။အနောက်တိုင်းအစားအစာဆိုလျှင် မကြိုက်တတ်သည့်သူမက ယခုအခါတွင်မူ အနောက်တိုင်းပုံစံပြင်ဆင်ကာဒင်နာ ဟူ၍ပင် သုံးနှုန်းသွားသေးသည်။ယုယသွင်မှာ ယခုအတောအတွင်း သူမအပေါ် အေးစက်လာမှန်း ခံစားမိ၍ အိမ်ထောင်ရေးအပေါ် ပျားရည်လောင်းဖို့ ကြိုးစားနေလေပြီဟု ထူးပိုင် သိနေ၏။ယုယသွင်၏ ပြောင်းလဲမှုကို တဒင်္ဂသာ စိတ်ဝင်တစားကြည့်မိပြီး မူရင်းစိတ်က အိမ့် ဆီသို့ ရောက်သွားပြန်သည်။ဇနီးသည်နှင့် ကွာရှင်းဖို့ နှောင့်နှေးနေခြင်းကြောင့် စိတ်ဆိုးကာ အဆက်အသွယ်ဖြတ်သွားသည်လားဟု ရုတ်တရက်သတိရမိသည့်အခါ ရင်ထဲပူလာပြန်၏။ တို့ကနန်းဆိတ်ကနန်း သာစားရင်း မည်သို့လုပ်ရမည်ကိုသာတွေးနေမိတော့သည်။” စားမကောင်းဘူးလားယောကျာ်းရဲ့ … စားစမ်းပါ “” ကောင်းပါတယ် … ညနေက အလုပ်ထဲမုန့်စားလာလို့သိပ်မဆာဘူးဖြစ်နေတာ “” ဒါဆိုလည်း ဖြည်းဖြည်းစား … ရော့ … အသားတွေရှယ်နော် … စားကြည့်ဦး “ယုယသွင်က အသားပြားချပ်ကြီးနောက်တစ်ချပ်ကိုပန်းကန်ထဲ ထပ်ထည့်ပေးပြန်သည်။” ရပြီ … အများကြီးစားလို့မရဘူး … ဗိုက်ပြည့်နေတယ် “” အဲ့ဒါကြောင့် ဖြည်းဖြည်းစားလို့ “ယုယသွင်မှာတော့ စကားတွေဖောင်ဖွဲ့ပြောရင်း အသားပြားများကို ဓါးဖြင့် လှီးလိုက် ပါးစပ်ထဲသွတ်သွင်းလိုက်ဖြင့် အလုပ်ရှုပ်နေရှာလေသည်။အနီရဲရဲ ဆိုးထားသည့် နှုတ်ခမ်းများ ဟကာ အားရပါးရစားနေဟန်က ထူးပိုင်အတွက် စိတ်ပျက်စရာသာကောင်းနေခဲ့သည်။ စားလက်စ ရပ်လိုက်ပြီး ဝိုင်ကိုမော့သောက်လိုက်တော့၏။” ဟင် … တော်ပြီလား … နည်းလိုက်တာရော “” တော်ပြီ … ပင်ပန်းလာလို့ ခဏနားလိုက်ဦးမယ် “ထူးပိုင်မှာ ထိုနေရာ၌ ဆက်မနေချင်တော့ပေ။ အကြောင်းပြကာ ထွက်လာပြီး အိမ်အပေါ်ထပ်သို့ တက်သွားတော့သည်။ ယုယသွင်မှာတော့ ထူးပိုင်၏ကျောပြင်ကို ငေးမောရင်းကျန်ရစ်ခဲ့ရှာလေသည်။Toilet ထဲဝင်ကာ အိမ့်ထံဖုန်းခေါ်ကြည့်ပြန်သည်။ ထူးပိုင်အတွက် toilet က လုံခြုံစိတ်ချရသည့်နေရာဟုထင်မိ၏။ ဆက်သွယ်မရတော့သည့် ဖုန်းကို ထပ်ခါထပ်ခါခေါ်ဆိုရင်း ခေါင်းထဲမူးနောက်နောက်ဖြစ်လာသဖြင့်အန်ချပစ်မိလေသည်။တဝေါ့ဝေါ့ အန်ထုတ်ပစ်မှ သက်သာသွားသလိုရှိသည်။Toilet အပြင်ဘက်မှ တဒုန်းဒုန်း ထုနေသံကို ကြားသော်လည်း ပြန်မဖြေနိုင်ခဲ့။” ယောကျာ်း … ဘာဖြစ်တာလဲ … တံခါးဖွင့်ပါဦး “ခေတ္တအမောဖြေလိုက်ပြီးမှ တံခါးဖွင့်ကာ ထွက်လာလိုက်၏။” အစာမကြေလို့ထင်တယ် … နေလို့မကောင်းဘူး “” ဘယ်လိုဖြစ်ရတာလဲယောကျာ်းရယ် … ဆေးခန်းသွားမလား … ဟင် “” နေတော့ … မသွားတော့ဘူး … ခဏနားလိုက်ဦးမယ် “ယုယသွင်ဘက် ကျောပေးကာ တစ်ဖက်သို့လှဲချလိုက်တော့သည်။ ယုယသွင်ကလည်း ထူးပိုင်ကို စောင်ပါးလေးခြုံပေးကာ ပြန်ထွက်သွား၏။ ထို့နောက်သိပ်မကြာ၊ပြန်ဝင်လာသည်။” ဖြေဆေးလေးနဲ့ ရေနွေးပူပူလေးသောက်လိုက် …ပထမဆုံးဆိုတော့ ဒီလိုပဲ … နောက်တော့ ပြန်ကောင်းသွားလိမ့်မယ် “ယုယသွင် ဘာပြောသည်ကို ထူးပိုင်နားမလည်။ သို့သော် ဖြေဆေးတော့သောက်လိုက်လေသည်။” အိပ်တော့မယ် … “ထူးပိုင်က စောင်ခြုံပြီး ပြန်လှဲလိုက်၏။ ယုယသွင်လည်းပြန်ထွက်လာခဲ့လိုက်တော့သည်။ စားပွဲပေါ်ရှိပန်းကန်တချို့ကို ဆေးကြောသန့်စင်ရင်း သူမ၏မျက်ဝန်းထဲ မျက်ရည်များ ဝဲတက်လာခဲ့၏။ယခုကဲ့သို့ အေးစက်နေသော အိမ်ထောင်ရေးမျိုးမဖြစ်ေစချင်တော့ပေ။ ခင်ပွန်းဖြစ်သူ အချိုးပြောင်းနေမှန်းသိနေသည်မှာ ကြာခဲ့ပြီဖြစ်သည်။ယုယသွင်က ရင်ထဲခံစားရသမျှ ထုတ်ဖော်ပြောပြတတ်သူမဟုတ်။ သိုဝှက်ကာသိမ်းထားတတ်သည်။ ထို့ကြောင့်လည်း သူမတစ်ယောက်တည်း ရှိချိန်မျိုးတွင် ကြိတ်ငိုခဲ့သည်က အခါခါပင်။မြိုသိပ်ရင်း ကာလကြာလာသောအခါ သူမ၏ စိတ်ကိုသူမကိုယ်၌ကပင် နားမလည်လာတော့ပေ။ ထို့ကြောင့်လည်း ယခုကဲ့သို့ မပြုလုပ်ဖူးသော မင်္ဂလာနှစ်ပတ်လည်ဒင်နာကို ပြုလုပ်ခဲ့မိသည်။အိမ်ထောင်သက် ဆယ်နှစ်အတွင်း သမီးတစ်ယောက်ရခဲ့သော်လည်း လသားအရွယ်မှာပင် ဆုံးပါးသွားခဲ့လေသည်။ သားဦးသမီးကို ဆုံးရှုံးခဲ့ရပြီး အရူးတစ်ပိုင်းဖြစ်ခဲ့ရသည်။မပြင်မဆင်တော့ဘဲ စိတ်ချမ်းသာသလိုသာနေဖြစ်ခဲ့သည်။ ခန္ဓာကိုယ်အလေးချိန်တိုးလာသည့်အတွက်ကြောင့်လား၊ တခြားအကြောင်းကြောင့်လား သေချာမသိသော်လည်း ၎င်းတို့ဇနီးမောင်နှံတွင် သားသမီးထပ်မရလာတော့။ဆုံးရှုံးခဲ့ရသည့် သမီးဦးကိုသာ အချိန်တိုင်း တမ်းတရင်းမိမိကိုယ်ကိုယ် ဂရုမစိုက်ဖြစ်သည်မှာ ကြာခဲ့လေပြီ။ယုယသွင်ဘဝတွင် မိဘနှစ်ပါးကိုလည်း ဆုံးရှုံးခဲ့ရပြီးပြီ၊သားသမီးလည်းဆုံးရှုံးပြီးပြီ၊ ယခုတွင်မူ အချိုးပြောင်းလာသော ခင်ပွန်းသည်ကို ထပ်မံ ဆုံးရှုံးရမည်ကို တွေးကြောက်လာခဲ့တော့သည်။ထို့ကြောင့် ခင်ပွန်းသည်စိတ်ပြန်လည်လာစေရန် မပြင်ဆင်တတ်သည့်မိတ်ကပ်များလိမ်းခြယ်ခဲ့သည်။ ဝတ်လေ့မရှိသည့် ဂါဝန်များ၊ စကပ်များ ဝတ်ဆင်မိသည်။သူမမည်သို့ပင်ကြိုးစားစေကာမူ ထူးပိုင်၏ စိတ်ကပြန်လှည့်မလာခဲ့။ ဤသည်ကိုသူမသိသည်။ထို့ကြောင့်လည်း သူမအတွက်စွန့်စားမှုကြီးတစ်ရပ်ကိုပြုလုပ်ဖို့အကြောင်းဖန်လာရခြင်းပင်ဖြစ်လေသည်။ပါးပြင်ထက်မှမျက်ရည်များကို သုတ်ပြီး အခန်းထဲပြန်လာကာ အဝတ်လဲလိုက်သည်။ ထူးပိုင်မှာတော့ မည်မျှစိတ်ပင်ပန်းခဲ့သည်မသိ၊ အိပ်မောကျနေပြီ။ ခင်ပွန်းသည်ကို တစ်ချက်ကြည့်ပြီး ကားသော့ယူလာကာ အပြင်သို့မောင်းထွက်သွားလေတော့၏။သူမသွားနေကြနေရာ၊ ထိုနေရာသို့ရောက်လျှင် သူမစိတ်အေးချမ်းသွားစမြဲ။ ထိုနေရာကား သူမ၏ မိဘနှစ်ပါးနှင့် သမီးဦး တို့၏အရိုးပြာများကို မြုပ်နှံထားသည့်နေရာ၊ သူမပိုင်ဆိုင်သော ခြံဖြစ်သည်။ခြံထဲမောင်းဝင်ပြီး သစ်ပင်ကြီးအောက် ပြေးသွားလိုက်သည်။ ထိုသစ်ပင်ဘေးပတ်ပတ်လည်တွင် အရိုးပြာများမြုပ်နှံထား၏။ သစ်ပင်အိုကြီး၏ သစ်မြစ်ကြီးတစ်ခုပေါ်မှီရင်း အားရပါးရ ငိုရှိုက်ပစ်လိုက်လေတော့သည်။သူမရင်ထဲဆို့နစ်လွန်းသဖြင့် ရင်ဘတ်တစ်ခုလုံး နွမ်းလျနေသည်။ သူမဆုံးဖြတ်ချက်တစ်ခုချခဲ့ပြီဖြစ်သည်။” ဒါကျွန်မရဲ့ ကလဲ့စားပဲ … ရှင်တစ်သက်လုံး ရင်ကွဲပြီး နေပေတော့ … ဟား … ဟား … ဟား “ယုယသွင်မှာ မျက်ရည်များကြားမှ တဟားဟားအော်ရယ်ပစ် လိုက်၏။ သူမ၏ အသံမှာ အေးစက်စက်နိုင်လွန်းလှသည်။” ဝုန်းခနဲ ” အသံကျယ်ကြီးကြောင့် ထူးပိုင်လန့်နိုးသွားခဲ့သည်။ အိပ်ခန်ထဲမှထွက်ထွက်ချင်း သူ့ကို တစ်ယောက်ယောက်က ချုပ်လိုက်သည်ကိုခံလိုက်ရသည်။သူ့မျက်လုံးများပြာဝေသွားရပြီ။ သူအိမ်ထဲတွင် ရဲများနှင့် ရပ်ကွက်လူကြီး၊ လူတော်တော်များများရောက်နေကွ၏။အိမ်အောက်ထပ်ဆင်းလိုက်သည်နှင့် ခေါင်းကို မိုးကြိုးပစ်လိုက်သကဲ့သို့ ဖြစ်ပေါ်သွားရလေသည်။ ယုယသွင်နှင့် ညစာအတူစားခဲ့သော စားပွဲပေါ်တွင် အိမ့်၏ခေါင်းပြတ်ကို ပန်းကန်ပြားပေါ်တင်ထားသောကြောင့်ပင်။” အိမ့် “ထူးပိုင် ထိတ်လန့်တကြားအော်ဟစ်ပစ်လိုက်သည်။” မလှုပ်နဲ့ … ငြိမ်ငြိမ်နေ “သူ၏လက်နှစ်ကို အနောက်သို့ဆွဲယူသွားပြီး လက်ထိပ်ခတ်ခံလိုက်ရပြီ။စားပွဲပေါ်သေချာကြည့်လိုက်သည့်အခါမှ ညကသူစားခဲ့ေသာ ပန်းကန်၊ ခရင်း၊ ဓါး ၊ ဝိုင်ခွက် အားလုံးကလက်ရာခြေရာမပျက် ရှိနေသည်။ ယုယသွင်၏ ပန်းကန်နေရာတွင်မူ အိမ့်၏ခေါင်းပြတ်တင်ထားသော ပန်းကန်သာရှိသည်။” ကျွန်တော် သတ်တာမဟုတ်ဘူး … ကျွန်တော်မသတ်ဘူး “ထူးပိုင် အားကုန်အော်ကာ ငြင်းဆန်နေရင်း သူ့ကိုယ်သူပြန်ငုံ့ကြည့်မိလိုက်သည့်အခါ အလွန် ထိတ်လန့်သွားမိတော့၏။ သူ၏ ရင်ဘတ်တစ်ခုလုံး သွေးများ ပေကျံနေသောကြောင့်ဖြစ်သည်။” သူ့ကုတင်ဘေးမှာ … သက်သေခံဓါးတွေ့တယ်ဆရာ “ထူးပိုင်လည်း အတင်းရုန်းကာ အော်ဟစ်ငြင်းဆန်သော်လည်း ကံကြမ္မာကသူ့အား မျက်နှာသာပေးဖို့ရန် ခဲယဉ်းပေလိမ့်မည်။ယုယသွင်၏ အစီအစဉ်တကျ စီစဉ်ခဲ့သော ကလဲ့စားချေမှုကို ထူးပိုင် ငြင်းဆန်ဖို့ သက်သေမရှိတော့ပေ။အိမ်ထဲမှ ထွက်ထွက်လာခြင်း သူကြားလိုက်သည်မှာ” လူသတ်ပြီး …စားတာဟုတ်လား …ဟယ် … ရက်စက်လိုက်တာ “” စိတ်ရောဂါနေမှာပေါ့ဗျာ “ထိုစကားကို နားစွန်နားဖျားကြားလိုက်သည်နှင့် ထူးပိုင်ခေါင်းထဲ ချာချာလည်အောင်မူးသွားပြီး မေ့မျောသွားခဲ့တော့လေတည်း။သော်တာလမင်းစန္ဒာ