** ငါမသေသေးဘူး ** (စ/ဆုံး)
————————-အချိန်ကား…..ညဆယ်နာရီရှိနေပြီ။တိုယိုတာဂျစ်ကားတစ်စီးဟိုင်းဝေးလမ်း၌် အရှိန်ပုံမှန်ဖြင့် တရိပ်ရိပ်သွားနေလေသည်။ယင်းကားပေါ်၌လူနှစ်စီးပါလာတာတွေ့ရ၏။“ဟေ့ရောင်တင်မောင် ငါတို့တော့ ထောပြီကွ….ကြည့်စမ်း….ရွှေလက်ကောက်တွေ ငွေတွေနည်းတာမဟုတ်ဘူး”လှထူး မှာအဖိုးတန် ရွှေတွေငွေတွေ ရေတွက်ရင်းကားမောင်းနေသူမိမိသူငယ်ချင်း တင်မောင်အားလှမ်းပြောလိုက်လေသည်။လှထူးမှာ ကားနောက်ခန်း၌ထိုင်နေသောကြောင့် တင်မောင်လဲနောက်ကြည့် ဘက်မှန်ပေါ်ကတစ်ဆင့်တစ်ချက်လှမ်းကြည့်ကာ….“အေးဟေ့….တို့တော့ချမ်းသာပြီ။ငါဒီတစ်သက်ဒီလိုရမယ်လို့တစ်ခါမှ မတွေးခဲ့ဖူးဘူး။နတ်တွေက,မစတာနေမှာ”“အေးကွာ တို့တော့ ရွှေပေါ်ငွေခင်းသလိုပဲ ရွှေမှုန်တွေစားတဲ့မင်းသားလိုဖြစ်ရတော့မယ်”နှစ်ယောက်သားပြောဆိုကာကျေနပ်နေကြလေသည်။သူတို့ အဖိုတန်းတဲ့ရွှေလက်ကောက်တွေ လက်စွပ်တွေ ငွေတွေ ရလာတာကဤသို့ပင် ဖြစ်လေသည်…….တင်မှောင်နဲ့လှထူးသည် သူတို့၏သူငယ်ချင်းကသူ၏မင်္ဂလာဆောင်လာဖို့သောကြောင့် မြို့ကနေနယ်သို့သွားရောက်ခြင်းဖြစ်ချေသည်။ ထိုပွဲ၌ မိမိသူငယ်ချင်းတွေဆုံတုန်းအစားအသောက် တွေပါခဲ့သောကြောင့် ပြန်ဖို့သတိမရခဲ့ကျချေ။ ည၉နာရီထိုးတော့မှ မိမိတို့ရဲ့သူငယ်ချင်းသတိုးသားကိုနှုတ်ဆက်ကာ ဟိုင်းဝေးအပြန်လမ်းကနေ မိမိတို့မြို့လေးကိုပြန်လာကြခဲ့သည်။ဟိုင်းဝေးလမ်းကနေ…ကားကတရိတ်ရိတ်သွားနေခဲ့လေသည်။ လမ်းခုလတ်တစ်နေရာ၌…ကားတစ်စီး ချောက်ထဲထိုးကျနေသည်ကို သူတို့မလှမ်းမကမ်းကနေ မြင်ရလေတော့သည်။ကားမောင်းသူတင်မောင်ကချက်ခြင်းကား ဘရိတ်ကိုနင်းကာ ရပ်လိုက်လေသည်။“ဘာဖြစ်တာလဲ တင်မောင်….”“ကားနောက်၌ထိုင်နေသောလှထူးက မေးလိုက်လေသည်။”“ဟိုမှာ ကားတစ်စီးချောက်ထဲမှောက်နေတယ်”“ဟင်….ဟုတ်လို့လား”“ဟုတ်တယ် ကြည့်ရတာ အက်စီတက်ဖြစ်သွားတာ သိပ်မကြာခဲ့ဘူးထင်တယ်…လာငါတို့သွားကြည့်ရအောင် မသေသေးရင်လဲငါတို့ကူညီလို့ရတာပေါ့”“ငါတော့ကြောက်တယ်နော်….”“လာစမ်းပါ…ငါတို့ကနှစ်ယောက်တောင်”သူတို့နှစ်ယောက်ကားပေါ်မှဆင်းကာ ချောက်ထဲသို့ကျနေသောကားထံသို့ ဆင်းကြည့်လေသည်။တွေ့လိုက်ရသည် ထိုကား၌မိန်းမလေး တစ်ဦးသာပါနေသည်ကိုတွေ့ရခဲ့သည်။မိန်းကလေးရဲ့ လက်တွေမှာရွှေလက်ကောက်တွေ လက်စွပ်တွေပြည့်နပ်နေအောင်ဝတ်ထားတာလဲတွေ့ရလေ၏ မိန်းကလေးမှာကားအက်စ်စီတက် ဖြစ်တာပြင်းထန်သောကြောင့် ပွဲခြင်းသေသွားသည်ဟုပြင်ယူဆရသည်။“ဟေ့ရောင် တွေ့လား ရွှေတွေ….”“ုဖြစ်ပါ့မလား မယူကောင်းဘူးထင်တယ်”“ဟာမင်း ကလဲ ခုဆိုဘယ်သူမှမရှိဘူး ငါတို့ယူသွားပြီးငါတို့ဘဝတွေပြောင်းလဲသွားနိုင်တယ်ကွ”လောဘစောတွေတတ်နေသော တင်မောင်က ယူဖို့သာတိုက်တွန်းနေတော့သည်။ နောက်ဆုံးနှစ်ယောက်သားသဘော တူကာယူဖို့ဆုံး ဖြတ်ချက်ချခဲ့ကြသည်။ငွေအိတ်တွေလဲပါတာကိုတွေ့ရလေသည်။“တင်မောင်….ဒီစိန်လက်စွပ်ကဖြုတ်မရဘူးဟ ကြပ်နေတာပဲ”“နေနေ ငါဆွဲကြည့်မယ်….”“အား….အား…..ဟူး တော်တော်မာလိုက်တာ အတည်ဝတ်ထားတာလားမသိဘူး ဟာသိပြီ”တင်မောင်မှာမိမိဘောင်းဘီအိတ်ထဲက ခလုတ်နှိပ် ဓားကိုယူထုတ်လိုက်လေသည်။“ဟင် ဘာလုပ်မလို့တုန်း….”“ခုတ်ယူမလို့လဲ…”လှထူးမှာ စိတ်ထဲဘုရားဘုရားတက ကြောက်မိလေတော့သည်။လောဘစောတွေတတ်နေသော တင်မောင်က ထိုမိန်းကလေးလက်ကိုဓားဖြင့်ခုတ်လှီးကာ စိန်လက်စွပ်ကိုယူလိုက်လေသည်။သို့ဖြင့် သူတို့နှစ်ယောက်လဲ ကားလမ်းပေါ်သို့တက်လာခဲ့သည်။မိမိတို့ယူခဲ့သောပစ္စည်းတွေကို ကားပေါ်တင်ကာဟိုင်းဝိုင်းလမ်းအတိုင်းမောင်းလာခဲ့ကြသည်။ယခု သူတို့မှာ……သာသာယာယာဖြင့်ကားကို မောင်းလာကာ ကိ်ုယ့်စိတ်ကူးကိုယ်စီဖြင့်တွေးနေကြလေသည်။ထိုသို့ဖြစ်ရခြင်းမှာ သူတို့တွက်ကံကောင်းမှုလား ကံကောင်းဆိုးမှုလား ဝေခွဲမရတော့ချေ။ထိုသို့လုပ်ခြင်းမှာ အလွန်ပင်မှားလေသည်ဟု ယူဆလေသည်။သို့ဖြင်တိုယိုတာကား ဟိုင်းဝေးလမ်း၌် တရိပ်ရိပ်သွားနေသည်။“ဟေ့ရောင် ရှေ့မှာ လူတစ်ယောက် ကားတားနေတယ်”“ဘယ်မှာလဲ……မတွေ့ဘူးကွ”တင်မောင်မှာ မတွေ့သဖြင့် ဟိုကြည့်သည်ကြည့်ဖြစ်နေလေသည်။“မင်း အမြင်မှာတာနေမှာပါကွာ…..”“မဟုတ်ဘူး ငါသေချာမြင်လိုက်တာ ““မဟုတ်မလွဲရော ငါတို့ တွေ့ခဲ့တဲ့ ကားအက်စ်စီတက်ထဲကကောင်မလေးလားမသိ”“ဟေ့ရောင် မနောက်နဲ့နော် ငါကြောက်တယ်”“အေး….မင်းကြောက်နေလို့ မင်းစိတ်ကမင်းကိုပြန်ခြောက်နေတာလဲ ခုဏကမင်းမြင်တဲ့ဟာဆိုမင်းအမြင်မှားတယ်ဆို သေချာတယ်…မင်းစိတ်ကမင်းကိုပြန်ခြောက်နေတာ”“ဟုတ်တယ် ငါအမြင်မှားတာပဲဖြစ်”တကယ်တော့ လှထူးမြင်ခဲ့သည့် ကားတားနေတဲ့လူတစ်ယောက်ဆိုတာအမှန်ပင်ရပ်နေခဲ့သည်။တင်မောင်က မမြင်တော့ ကားမရပ်ပေးခဲ့ဘူးလေ…..။ယခု ကံကြမ္မာဆိုးမှာ သူတို့ပေါ်သို့ကျရောက်လာဖို့အစပြုလေပြီ ဟုယူဆရလေတော့သည်။သိပ်မကြာခင်မှာပဲ လှထူးမှာ ကားတားနေတဲ့လူတစ်ယောက်ကိုထပ်တွေ့လိုက်လေတော့သည်။ထိုလူမှာ…….ဂါဝန်အဖြူကိုဝတ်ထားလေသည်။မိန်းကလေးဖြစ်လေသည်။သူမ ဘယ်ပခုံး၌ ပိုက်ဆံအိတ်လွယ်ထားတာကိုတွေ့ရလေသည်။သူမ ပိုက်ဆံအိတ်မှာ အပန်းရောင်ဖြစ်ချေသည်။သူမမှာလမ်းဘေး၌ဘေးတစောင်းရပ်နေ၍ ညာလက်ကိုမြှောက်ကာ ကားတားနေလေသည်။လှထူးမှာမြင်တော့ ချက်ချင်းလက်ညိုးလှမ်းထိုးကာတင်မောင်အားပြောလေသည်။ဒီတစ်ခါတော့ တင်မောင်လဲ ကားတားနေသည့်သူမကိုမြင်ရတော့သည်။ထို့ကြောင့်အနားရောက်လာသောအခါကားအရှိန်ကိုလျော့ကာ ဘရိတ်နင်းလိုက်လေ သည်။“ညီမလေး….ဘယ်သွားမလို့လဲ”“ကျွန်မ လမ်းကြုံလိုက်ချင်လို့ပါရှင့်”“ရပါတယ်။ဒါပယ်မဲ့ အချိန်မတော် ညီမဒီမှာဘာလုပ်နေတာလဲ”“အိုအဲ့တာ ရှင်တို့ကိစ္စမဟုတ်ပါဘူး ကျွန်မကိစ္စပါကျွန်မကို(…..)မြို့သို့ပို့ပေးပါ”“ဟုတ်ကဲ့ ရပါတယ်၊ မေးမိတဲ့အတွက် ဆောရီးပါ”ထို့နောက် ကောင်မလေးမှာ ကားရှေ့ခန်း၌တက်ထိုင်လိုက်လေသည်။ကြည့်ရတာကောင်မလေးက တော်တော်ဒေါသဖြစ်နေတဲ့ပုံစံဖြစ်နေသည်။သို့ဖြင့် ကားသည် ဟိုင်းဝေးလမ်း၌ဆက်သွားနေလေသည်။ခဏကြာတော့ နောက်ခန်း၌ထိုင်နေသော လှထူးမှာ ထိုသို့စဉ်စားလေမိသည်။“အချိန်မတော်ကြီး….ဒီမိန်းကလေး ကားလမ်းပေါ်မှာဘာလုပ်နေခဲ့တာလဲ မဟုတ်မှလွဲ လူရော ဟုတ်ရဲ့လား”လှထူးထိုသို့စဉ်စားနေစဉ်ပဲ သူ့နှာခေါင်းထဲသို့ အနံ့ဆိုးချက်ချင်းရလေတော့သည်။ အနံမှာ တော်တော်ဆိုး၏။လူသေပုပ်ဇော်နံကဲ့သို့ဖြစ်နေသည်။“ဟာ….နံလိုက်တာ ဝေါ့…. တင်မောင်မင်းဘာအနံမရဘူးလား”“မရဘူးဟ….ငါကမွေးတဲ့ရနံ့လိုတော့ရနေတယ်…”“မင်းကလဲ ဒီလောက်နံနေတာ မွေးတယ်တဲ့”“မဟုတ်ဘူး ငါရနေတာက မွေးတဲ့အနံကွ”“အနံကလဲဘယ်ကလာမှန်း မသိဘူး….ဝေါ့…”“ညီမလေးကော ဘာနံမှမရဘူးလား”မိန်းကလေးမှာ သူတို့မေးတာကိုဘာမှမဖြေခပ်တည်တည်သာထိုင်နေ၍ ဂရုမစိုက်သလိုသာနေ နေသည်။တင်မောင်လဲ ဘာမှထပ်မပြောတော့ကားကိုသာဆက်မောင်းနေတော့သည်။မကြာမီပင် မွေးတဲ့အနံရော နံတဲ့အနံရော ဘာမှမရတော့ချေ။ချက်ချင်းဆိုသလိုပျောက်ကွယ်သွားလေသည်။ခဏကြာတော့ တင်မောက်မှာကားမောင်းနေရင်း နဘေး၌ထိုင်နေသော မိန်းကလလေးကို တစ်ချက်မျက်စောင်းထိုးကြည့်လိုက်သည်။ဒီတစ်ခါတင်မောင် ကြောက်လန့်သွားလေတော့သည်။သူတွေ့လိုက်ရသည်က မိန်းကလေးရဲ့မျက်နှာ၌ လောက်တွေတက်နေတာကိုတွေ့ရလေသည်။မျက်နှာကလည်း ဖော့ရောင် နေသလိုဖြစ်နေသည်။တင်မောင်ချက်ခြင်းလှန့်သွားကာ မိမိမျက်လုံးကိုလက်ဖြင့်ပွတ်သတ်ကာ ထပ်မှန်ကြည့်လိုက်တော့သူမပါးပေါ်၌ဘာလောက်မှမတွေ့ရတော့ချေ။သူမပါး၌်သနပ်းကွက်ကြားကွက်ကြားလေးတွေကပ်နေသည်ကိုသွားတွေ့ရလေသည်။တင်မောင်လဲ မမြင်မှားတာပဲဆိုပြီး ကားကိုဆက်မောင်းချေတော့သည်။ဟိုင်းဝေးလမ်း၌ တင်မောင်တို့ကားတစ်စီးသာ တရိတ်ရိတ်သွားနေသည်။ပတ်ဝန်းကျင်က မှောင်မည်း ပြီးတိတ်ဆိတ်လှသည်။တခြားကားများသွားလာခြင်းလဲမတွေ့ရချေ။ထို့ချိန် ကားပေါ်၌ပါလာသော် မိန်းကလေးမှာ ရုပ်တရပ်ထငိုလေတော့သည်။“အီ….အ…..ဟင့်….ဟင့်”“ညီမလေး ဘာမှဖြစ်တာလဲ”“မပြောချင်တော့ပါဘူး၊စိတ်နာလွန်းလို့”“ပြောပါ….ညီမပြောမှကိုတို့ကကူညီလို့ရမှာပေါ့”“ဒီလိုပါ….အကိုရယ်….”ညီမမှာသိပ်ချစ်ရတဲ့ချစ်သူတစ်ယောက်ရှိတယ်။ညီမသူ့ကိုဘဝထက်မက ချစ်ခဲ့ရတယ်။ဒါပယ်မဲ့ ကံကြံမ္မာကညီမကိုမျက်နှသာမပေးခဲ့ဘူးလေ။တစ်နေ့တော့………ညီမတို့နှစ်ယောက်ချစ်နေပါရဲ့နဲ့ သူမင်္ဂလာဆောင်သွားတဲ့သတင်းကိုကြားလိုက်ရတယ်။ညီမ အရမ်းကြေကွဲခဲ့ရတယ်ဒါကြောင့် ထင်ရာဆိုင်းလိုက်တော့တာပေါ့။သွားချင်တဲ့မြို့ကိုလျှောက်သွားပြီး ဘီယာတွေ ဝိုင်တွေ လျှောက်သောက်တော့တယ်။တညလုံး မူးရူးခဲ့တာပေါ့။ဒီလိုနဲ့မူးမူးနဲ့ ထိုည ကားကိုမောင်းလာခဲ့တယ်…..တနေရာ၌…ညီမ မှာရှိတဲ့အဖိုတန်းပစ္စည်းတွေလိုချင်တဲ့သူတွေနဲ့တွေ့ခဲ့တယ်…မိန်းကလေးမှာထိုသို့သာပြော၍ ဆက်မပြောချေတော့ချေ။“ပြီးတော့ ဘာဆက်ဖြစ်လဲ…..ညီမလေး”“မပြောချင်တော့ပါဘူး……”မိန်းကလေး…ထိုသို့သာပြော၍ မိမိမျက်နှာကိုလက်ဖြင့်အုပ်လိုက်လေသည်။တင်မောင်မှာမိန်းကလေးကိုကြည့်လိုက်တော့ သူမ၏လက်တကြွယ် ပြတ်နေသည်ကိုတွေ့ရလေသည်။“ဟင်….ညီမ လက်ကဘာဖြစ်တာလဲ”“ဒါလား….”မိန်းကလေးမှာ မျက်နှာထားချက်ခြင်းတင်းကာပြောလိုက်တော့သည်။“ဒါလား….ဟားဟား…..နင်လုပ်တာလဲ”ဆိုပြီးထိတ်လန့်စွာထအော်ကာ တင်မောင်၏လည်ပင်းကိုထညစ်လေတော့သည်။မိန်းကလေး၏မျက်နှာမှာ…ခေါင်းတခုလုံးသွေးတွေနဲ့ မျက်လုံးကနီရဲလို့……..“နင်….နင်….ဟို…..ဟို….အက်စီတတ် က ကောင်မလေး”“ဟုတ်တယ် နင်တို့တွေကိုမကျေနပ်ဘူးဟေ့….”“မလုပ်နဲ့…..လှထူးငါ့ကိုကယ်ဦး”“ငါလဲ ခန္ဓာကိုယ် လှုပ်မရဘူးဖြစ်နေတယ်….အား…..”တင်မောင်မှာ လည်ပင်းညစ်တဲ့ဒဏ်ကိုခံရင် ကားကိုထိန်းမောင်း ရလေတော့သည်။နောက်ဆုံး ကားစီယာတိုင်ကိုထိန်းမနိုင်တော့သဖြင့်ချောက်ထဲ သို့ထိုးကျသွားလေတော့သည်……………။နာရီဝက်ခန့်အကြာ……….မီးခိုးငွေ့တွေထွက် စုတ်ပြတ်သတ်နေတဲ့ ကားပေါ်ကနေသတိရလာသူက…….တင်မောင်။မူးနှောက်နေတဲ့မိမိ နထင် နှစ်ဖက်ကို လက်ဖြင့်ပွတ်သတ်ကာ“အား…..ကျွတ်…..ကျွတ်…….ငါဘာဖြစ်ခဲ့တာပါလိမ့်…..”.“ဟာဟို…..သရဲမ….”တင်မောင်ထိတ်လန့်ကာ မိမိနဘေး၌ပါလာသော မိန်းကလေးကိုလှမ်းရှာလိုက်သည်။သို့သော်မတွေ့ရတွေ့ရတော့ချေ။နောက်ခန်းကိုကြည့်လိုက်တော့ ဒဏ်ရာတွေနဲ့သေနဲ့မိမိသူငယ်ချင်းလှထူးကိုတွေ့လေတော့သည်။ သို့သော် တင်မောင်မှာလောဘစိတ်ကတတ်နေသေးချေသည်။ထို့ကြောင့် လှထူးကိုင်ထားသော ရွှေအိတ်ကို လှမ်းယူကာ ကားပေါ်မှထွက်လာခဲ့သည်။တင်မောင်…….မိမိနဖူး၌ရခဲ့သည့်ဒဏ်ရာကိုပွတ်သတ်ရင်းလက်တစ်ဖက်က ရွှေအိတ်ကိုကိုင်ကာ ကားလမ်းပေါ်သို့ချီတက်လာခဲ့လေသည်။ထိုချိန်ကားလမ်းပေါ်၌ သူတို့ကားပေါ်သို့ပါလာသောမိန်းကလေးနဲ့လှထူး ရပ်နေသည်ကို တွေ့လိုက်လေသည်။တင်မောင်ချက်ချင်းလန့်ကာ……..“နင့်တို့…….သ…..သ…..ရဲ…..”သူတို့နှစ်ယောက်မှာ ဘာမှမပြောချေ တဖြည်းဖြည်း တင်မောင်နားသို့သာ တိုးလာခဲ့လေသည်။“နင်……တို့…..မလာကြနဲ့……သွား…..ကြောက်တယ်”တင်မောင်မှာ အနောက်ဆုတ်ရင်း လမ်းမခလယ်၌ရောက်နေခဲ့သည်ကိုသတိမထားမိချေ။ထို့ချိန် ကားတစ်စီးက အရှိန်ပြင်းစွာလာကာ တင်မောင်ကိုဝင်တိုက်လိုက်လေသည်။သို့သောတင်မောင်မှာ ဘာမှမဖြစ်ခဲ့ချေ။ဥပမာပြောရမည်ဆိုရင် ကားတစ်စီးကမြူတွေကိုသာတိုက်လိုက်သလိုမျိုးပေါ့။“ဟာ…..ငါဘာမှမဖြစ်ဘူး….”“တင်မောင် မင်းရော ငါရောက ကားမှောက်သွားကတည်းကသေသွားကြပြီလေ…..”“မဟုတ်ဘူး ငါမသေသေးဘူး…..ငါမသေသေးဘူးနော်…..ငါချမ်းသာရဦးမှာ….ဟုတ်တယ်ဒီရွှေတွေနဲ့ငါလုပ်ချင်တာလုပ်ရဦးမယ် ငါမသေသေးဘူးငါသေလို့ဖြစ်ဘူး……”တင်မောင်မှာမိမိ မသေကြောင်းကိုပဲ မျက်နှာစိမ်းနဲ့သာပြောနေတော့သည်။တကယ်တော့ ကားမှောက်ကတည်းကသူတို့နှစ်ရောက်လုံးသေသွားခဲ့ပြီးပြီ။ထိုချိန်၌ပင် သေမင်းတမန်လိုလိုမည်းမည်းကြီးအရိပ်က…..တင်မောင်ကိုဆွဲခေါ်သွားလေတော့သည်။တင်မောင်မှာ မိမိမသေကြောင်းပဲပြောကာ ဆွဲခေါ်တဲ့နောက်သို့တကောက်ကောက်ပါသွားလေတော့သည်။စာရေးသူ=အောင်(ရှမ်းမြောက်)စာရေးဆရာ/ဆရာမများ စုပေါင်းထုတ် လိပ်ပြာခေါ်သံ
Tags
About Computer Hardware & Software Sharing
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.