** ဘဝခြားသံယောဇဉ်ကြိုး **(စ/ဆုံး)
————————————မိုးဦးကာလရောက်ပြီဆိုလျင်လယ်သမားများမှာလယ်ယာလုပ်ငန်းခွင်ဝင်ရန်ပြင်ဆင်ကြပြီဖြစ်ပါတယ်။ရန်ပယ်ရွာသားများမှာလည်းမိုးလေမှန်သည်နဲ့တချို့မှာစတင်ထွန်ယက်နေကြပြီဖြစ်ပါတယ် ။ရွာနဲ့လယ်နီးသောလယ်သမားများမှာ လယ်ထွန်ချိန်ရွာမှသွားထွန်ပြီး ထွန်ဖြုတ်ချိန်ရွာသို့ပြန်လာကာ အိုးမကွာ၊အိမ်မကွာအိမ်မှလယ်ယာလုပ်ငန်းလုပ်ကိုင်နိူင်ပေမယ့် ရွာနဲ့လယ်ဝေးသူများမှာတော့ လိုအပ်သောအသုံးအဆောင်ပစ္စည်း၊ရိက္ခာယူဆောင်ပြီးလယ်အနီးတဲထိုးကာလယ်တဲဝင်ပြီးလယ်ယာလုပ်ငန်းပြီးစီးချိန်ရောက်မှအိမ်ပြန်လာလေ့ရှိကြပါတယ် ။ထွန်းသိမ်းမှာလည်းရွာနဲ့လယ်ကအတော်ဝေးသောအရပ်တွင်ရှိသောကြောင့် လယ်တဲဝင်ရန်ဇနီးဖြစ်သူမခင်ထားနဲ့လယ်တဲဝင်ရန်အတွက် အိမ်မှာစီစဉ်စရာရှိတာစီစဉ်နေကြပါတယ် ။အဓိကစီစဉ်ရတာကတော့သားဖြစ်သူရှစ်တန်းကျောင်းသားမောင်မောင်ကိုကျောင်းအပ်ပေးခြင်း၊ကျောင်းနဲ့ပတ်သက်သောအသုံးအဆောင်များဝယ်ပေးနေရပါတယ် ။သူတို့လင်မယားနှစ်ယောက်လယ်တဲဝင်သောအခါအိမ်တွင်သားဖြစ်သူနဲ့အတူ ခင်ထားအမေ ဒေါ်ပွင့်စိန်ကျန်နေရစ်ခဲ့ပါတယ်…။ဒေါ်ပွင့်စိန်မှာအသက်ခုနှစ်ဆယ်အရွယ်ရှိပေမယ့်ကျန်းမာရေးကောင်းသူတစ်ယောက်ဖြစ်ပါတယ်။ယခုအချိန်အထိထမင်းဟင်းချက်ပြုတ်နိူင်ဆဲမို့မောင်မောင်စားရေးသောက်ရေးအတွက်စိတ်ပူရန်မလိုပေ ။ယခုနေထိုင်သောအိမ်မှာ ဒေါ်ပွင့်စိန်ပိုင်ဆိုင်သောအိမ်ဖြစ်ပြီးသားသမီးများသဘောတူညီချက်အရ၊ ဒေါ်ပွင့်စိန်ကိုကျွေးမွေးပြုစုသူမှာ အိမ်ကိုအမွေစားအမွေခံရမည်ဟုသဘောတူညီချက်ဖြင့်ခင်ထားကကျွေးမွေးပြုစုစောင့်ရှောက်ထားခြင်းဖြစ်ပါတယ် ။မောင်မောင်မှာမိဘများလယ်တဲဝင်သွားသော်လည်းနှစ်စဉ်ခွဲခွာနေကျမို့အထူးတလည်ဝမ်းနည်းမူမဖြစ်ချေ။အရွယ်ငယ်စဉ်က မိဘများနဲ့ခွဲရသောကြောင့်အသည်းအသန်ငိုကြွေးဖူးသော်လည်းနောက်ပိုင်း အသက်အရွယ်လည်းတဖြည်းဖြည်းကြီးလာပြီမို့နေသားကျလာပါတယ်…။ဒီလိုနဲ့ပဲဒေါ်ပွင့်စိန်ချက်ပြုတ်ကျွေးမွေးတာစားသောက်ရင်းမောင်မောင်ကျောင်းတက်တာလဝက်ခန့်ရှိလာပါတယ်။ဒီရက်ပိုင်းအတွင်းမိုးအတော်သည်းတယ်ပြောရမယ်။မိုးကသုံးလေးရက်မနားတမ်းနေ့ရောညရော အငြိုးတကြီးဆက်တိုက်ရွာသွန်းနေပါတယ်။အိမ် အောက်ထပ်မှာ ဒေါ်ပွင့်စိန်တယောက်အိပ်ယာထဲမှာစောင်ခြုံပြီးကွေးနေရင်းသူ့ကိုယ်ကတဆတ်ဆတ်တုန်ယင်နေပါတယ် ။ဒေါ်စိန်ပွင့်တစ်ယောက်ညနေကတည်းကချမ်းစိမ့်စိမ့်ဖြစ်နေတာမို့အခိုးပွင့်ဆေးသောက်ထားပြီးကွေးနေတာဖြစ်ပါတယ်…။မောင်မောင်ကတော့အပေါ်ထပ်သူ့အခန်းထဲမှာကြောင်ကလေးမဲလုံးနဲ့ဆော့နေပါတယ်… ။မဲလုံးဆိုတဲ့ကြောင်ကလေးဟာမောင်မောင်အချစ်တော်ကြောင်လေးဖြစ်တယ်။မဲလုံးကဝဖီးထွားကြိုင်းပြီး တစ်ကိုယ်လုံးမဲနက်နေတဲ့ကြောင်ထီးတစ်ကောင်ဖြစ်ပါတယ် ။ကုန်ခဲ့တဲ့တစ်နှစ်ကျော်က ဘယ်ကမှန်းမသိတဲ့ကြောင်ပေါက်လေးတစ်ကောင်အိမ်ကိုရောက်လာတော့ လူကြီးတွေက ကြောင်နက်လေးမို့နှင်ထုတ်ဖို့လုပ်ကြပေမယ့် ၊မောင်မောင်ကကြောင်ကလေးကိုပွေ့ပြီးလုံးဝ မောင်းထုတ်မခံတာကြောင့် လူကြီးတွေလက်လျော့လိုက်ရတယ်… ။မဲလုံးကလည်းကြောင်ပါး၊သူ့ကိုအိမ်မှာတခြားသူတွေမကြည်ဖြူမှန်းသိတော့ ၊မောင်မောင်အနားကလွဲပြီးဘယ်သူ့အနားမှမကပ်ဘူး..။ညနက်တော့ မောင်မောင်အိပ်ပျော်သွားချိန်မဲလုံးဟာမောင်မောင်ဘေး ခွေအိပ်နေပါတယ်… ။ခွေအိပ်နေတဲ့မဲလုံးခေါင်းကိုဆတ်ခနဲထောင်လိုက်တယ်။ တစ်ခုခုကြားလိုက်ရဟန်နားစွင့်ရင်းအောက်ထပ်ကိုမဲလုံးဆင်းလာပါတော့တယ်… ။အောက်ထပ်မှာတော့ ဒေါ်ပွင့်စိန်တစ်ယောက် ငြီးတွားရင်းအဖျားတက်နေရာကနေ ရုတ်တရက်ငြီးတွားသံရပ်သွားတယ်….။..ဝုန်း…မိုးနဲ့အတူပါလာတဲ့လေရဲ့တိုက်ခတ်မူကြောင့်ဒေါ်ပွင့်စိန်ခေါင်းရင်းကစေ့ရုံသာစေ့ထားတဲ့ပြတင်းပေါက်ကဝုန်းဆိုပွင့်သွားတယ်… ။အပေါ်ထပ်ကဆင်းလာတဲ့မဲလုံးဟာဒေါ်ပွင့်စိန်အနီးရောက်လာပါတယ် ။….ဝေါ…ဝရော…ဂျိမ်း…..ဒလိန်း……….ညောင်….မိုးသက်လေပြင်းနဲ့အတူ လျပ်စီးတစ်ချက်မိုးချိမ်းသံကကြောက်ခမန်းလိလိထွက်ပေါ်လာပါတယ်…။လျှပ်စီးတစ်ချက်အလက်မှာကြောက်မက်ဖွယ်ရာရုပ်သွင်တစ်ခုပြတင်းပေါက်အပြင်ဖက်မှာရပ်နေတာမဲလုံးတွေ့လိုက်ရတာကြောင့် အမွေးများထောင်ထပြီးအသံကျယ်တစ်ချက်ပြုလိုက်ပါတော့တယ် ။ကြောက်မက်ဖွယ်ရာရုပ်သွင်မကောင်းဆ်ုးဝါးမျက်လုံးနဲ့ကြောင်မဲလုံးမျက်လုံးချင်းဆုံမိချိန်မှာတော့ မဲလုံးရဲ့မျက်လုံးတွေဟာ အနီရောင်အဖြစ်ပြောင်းလဲသွားပါတော့တယ် ။မဲလုံးဟာ ငြိမ်သက်စွာရှိနေတဲ့ဒေါ်ပွင့်စိန်ကိုယ်ပေါ်လွားခနဲခုန်တက်လိုက်ပြီး ရင်ဘတ်ပေါ်ရပ်ကာ မျက်နှာကိုသေချာစိုက်ကြည့်လျက်ရှိနေပါတော့တယ်။ဒေါ်ပွင့်စိန်ဟာ လူကြီးရောဂါကြောင့် အသက်ပျောက်နေပြီဖြစ်ပါတယ်..။မျက်လုံးပွင့်ပါးစပ်ဟအနေအထားနဲ့ အသက်ပျောက်နေခြင်းမျိုးပါ…။အသက်ပျောက်နေတဲ့ဒေါ်ပွင့်စိန်မျက်လုံးတွေဟာမဲလုံးရဲ့အနီရောင်မျက်လုံးတွေနဲ့ဆုံမိတဲ့ခနမှာတော့ ရုတ်တရက်မျက်တောင်တဖျတ်ဖျတ်ခတ်လာပြီး ခနအကြာကိုယ်ခန္ဓာကပါလူပ်ရှားလာတာကြောင့် မဲလုံးမှာဒေါ်ပွင့်စိန်ကိုယ်ပေါ်မှတဖက်သို့ခုန်ဆင်းလိုက်ပါတော့တယ် ။…ညောင်….ရုတ်တရက်ဆိုသလို ဒေါ်ပွင့်စိန်ဟာ ငေါက်ခနဲထထိုင်လိုက်တာကြောင့် ကြောက်လန့်တကြားအော်ဟစ်ရင်းအပေါ်ထပ်ကိုတက်ပြေးသွားပြီးမောင်မောင်အိပ်နေရာအနီးတိုးကပ်ပြီးခွေအိပ်နေပါတယ်… ။ဒေါ်ပွင့်စိန်ဟာ အိပ်ရာပေါ်ကထပြီး မတ်တတ်ထရပ်လိုက်ပါတယ်။အံ့သြစရာကအသက်၆၀နောက်ပိုင်းကုန်းနေတဲ့ခါးက တဖျစ်ဖျစ်မြည်ရင်းဆန့်သွားခြင်းပါပဲ။ဒေါ်ပွင့်စိန်ဟာ အိမ်တခါးရှိရာ လူငယ်တစ်ယောက်ရဲ့ခြေလှမ်းမျိုးနဲ့ပေါ့ပါးသွက်လက်စွာလျောက်သွားရင်း အိမ်တခါးကိုတွန်းဖွင့်လိုက်ပါတယ်….။တခါးဖွင့်လိုက်ချိန်မှာလေနဲ့အတူမိုးသီးမိုးပေါက်တွေအိမ်ထဲဝင်လာပါတယ် ။ဒေါ်ပွင့်စိန်အိမ်အောက်ဆင်းပြီး အိမ်နောက်ဖေးကြက်ခြံဆီသို့ဦးတည်သွားနေပါတယ်…။ကြက်ခြံအတွင်းမိုးကြောင့်ကုပ်အိပ်နေကြသောကြက်များထဲမှကြက်တစ်ကောင်ကိုဖမ်းဆွဲလိုက်ပါတော့တယ်။ လည်ပင်းမှကိုင်ပြီးဖမ်းဆွဲထားတာကြောင့်ကြက်ဟာဒေါ်ပွင့်စိန်လက်အတွင်းတောင်ပံတဖျတ်ဖျတ်ခတ်ပြီးရုန်းကန်နေပါတယ်…။ဒေါ်ပွင့်စိန်ဟာ နောက်လက်တစ်ဖက်နဲ့ ကြက်ခြေထောက်ကိုကိုင်ပြီး ကြက်ဇက်ကိုလိမ်ချိုးကြက်လည်ပင်းကိုကိုက်ကာ၊ကြက်သွေးကို အငမ်းမရသောက်နေပါတော့တယ် ။သွေးကုန်သွားသောအခါကြက်ကိုပစ်ချလိုက်ပြီးနောက်ထပ်ကြက်သုံးလေးကောင်ခန့်သွေးစုတိပြီးမှအားရသွားဟန်ဖြင့်အိမ်ပေါ်ပြန်တက်ရင်း ရေစိုဝတ်ဖြင့်အိမ်ပေါ်လျောက်သွားလျက် အပေါ်ထပ်သို့တက်လာခဲ့ပါတော့တယ် ။မောင်မောင်အခန်းတွင်းသို့ဒေါ်ပွင့်စိန်ဝင်လာရင်းမောင်မောင်ကို စူးစူးစိုက်စိုက်စားမတတ်ဝါးမတတ်စိုက်ကြည့်နေပါတယ်…။..ညောင်…ခွီး…..မောင်မောင်ဘေးတွင်အိပ်နေသော မဲလုံးမှာ ဒေါ်ပွင့်စိန်ကိုမြင်လိုက်သောအခါ မာန်ဖီအော်ဟစ်ပြေးလွားရင်းအခန်းထောင့်သို့ပြေးလွားသွားပါတယ်… ။…ဟာ…မဲလုံးကတော့ကွာ အိပ်ကောင်းနေပါတယ်ဆိုမှ…အော်သံနဲ့အတူ မောင်မောင်ကိုတွန်းတိုက်ထွက်ပြေးသွားသောမဲလုံးကြောင့်အအိပ်ဆတ်သောမောင်မောင်တစ်ယောက်လန့်နိူးသွားပြီး ။အိပ်ယာဘေးခုံမှမီးခြစ်ကိုစမ်းပြီးဖယောင်းတိုင်မီးထွန်းညှိလိုက်ပါတယ်…. ။”..ဟင်…ဘွားဘွား..ဘာဖြစ်တာလဲ…တစ်ကိုယ်လုံးရေတွေရွဲနေပါလား….. ”ဖယောင်းတိုင်မီးရောင်အောက်မှာတစ်ကိုယ်လုံးရေတွေရွဲရွဲစိုလျက်ကြောင်စီစီမျက်လုံးတွေ နဲ့ရပ်နေတဲ့ အဘွားဖြစ်သူကိုတွေ့လိုက်ရတာကြောင့်မောင်မောင်မှာစိုးရိမ်သွားမိတယ်…။..လာ ဘွားဘွားအောက်ကိုသွားရအောင်နော်..လာ..လာ..မောင်မောင်မှာဆီမီးတိုင်ကိုလက်တဖက်မှကိုင်၍အဖွားဖြစ်သူကိုလက်ကို သူ့လက်တစ်ဖက်ဖြင့်ဆွဲ၍အောက်ထပ်သို့ခေါ်ဆောင်သွားပါတယ်….။…ရော့..အဝတ်ခြောက်တွေလဲလိုက်နော်ဘွားဘွားနေမကောင်းဖြစ်နေမယ်…ဒေါ်ပွင့်စိန်မှာ မောင်မောင်ကိုကြောင်တောင်ကြည့်လျက်မောင်မောင်စကားကိုငြင်းဆန်ခြင်းမရှိပဲ အဝတ်လဲနေချိန် မောင်မောင်ကကျောခိုင်းနေပေး၍အဝတ်အစားလဲပြီးသောအခါ တဘက်တထည်ဖြင့်ခေါင်းပေါ်မှရေများကိုသုတ်ပေးနေပါတော့တယ် ။အဘွားဖြစ်သူခေါင်းမှရေများခြောက်အောင်သုတ်ပြီးသောအခါ အဘွားဖြစ်သူကိုအိပ်ယာတွင်လှဲစေ၍စောင်ခြုံပေးပြီးအဘွားဖြစ်သူမျက်လုံးမှိတ်တော့မှ မောင်မောင်အပေါ်ထပ်တက်ခဲ့ပါတော့တယ်… ။မောင်မောင်ဟာလိမ်မာရေးခြားရှိပြီး၊စာတော်သောခလေးတစ်ယောက်ဖြစ်ပါတယ်…။သူ့အတွေးအခေါ်အပြုအမူတွေက တခါတလေလူကြီးတစ်ယောက်အလားရှိနေတတ်သူဖြစ်ပါတယ်..။နောက်တနေ့မနက်တွင်စွေရွာနေသောမိုးကအနည်းငယ်စဲသွားပြီဖြစ်ပါတယ်။မောင်မောင်မှာ စနေနေ့ကျောင်းပိတ်ရက်မို့နောက်ကျမှအိပ်ယာထလာပါတယ်။အောက်ထပ်ဆင်းလာပြီးမျက်နှာသစ်သွားတိုက်ပြီးချိန်မီးဖိုခန်းအတွင်းဝင်လာရာအဘွားဖြစ်သူကိုမတွေ့ရတာကြောင့်စိတ်ပူသွားမိပါတယ်။အဘွားဖြစ်သူမှာခါတိုင်းဆိုလျင်မနက်အစောကြီးကတည်းမီးဖိုချောင်အတွင်းချက်ပြုတ်ပြင်ဆင်နေတတ်သော်လည်းယခုနေ့တွင်အဘွားဖြစ်သူကိုမတွေ့ရပေ။မောင်မောင်အဘွားဖြစ်သူအခန်းသို့သွားကြည့်ရာအိပ်ယာပေါ်ခွေလှဲနေတဲ့အဘွားဖြစ်သူကိုတွေ့လိုက်ရတယ် ။”…အဘွားနေမကောင်းဘူးလား သားဆေးဆရာသွားခေါ်လိုက်ရမလား…””…မခေါ်နဲ့ ရတယ်..သက်သာပါတယ်…”အဘွားဖြစ်သူကတဖက်ကိုကျောတစောင်းလှဲပြီးအက်ကွဲတဲ့လေသံနဲ့ပြန်ဖြေလာတယ် ။”..သားအဘွားစားဖို့ဆန်ပြုတ်သွားပြုတ်ပေးမယ်နော်ခနစောင့်…”အဘွားဖြစ်သူကမောင်မောင်အပြောကိုနောက်ထပ်ဘာမှမတုန့်ပြန်လာပါဘူး။မောင်မောင်လည်း အခန်းထဲမှထွက်လာပြီး ဆန်ကွဲများယူပြီးသူ့ကြက်များကိုကြက်စာကျွေးရန်အသံပြုလိုက်ပါတယ် ။”…ဟင်…ကြက်သုံးလေးကောင်ပျောက်နေပါလား…”သူကျွေးသောအစာလာစားသောကြက်များတွင်ကြက်ကောင်ကြီးသုံးလေးကောင်ပျောက်နေတာကြောင့်အသံပြုအော်ရင်း အိမ်ပတ်လည်လိုက်ရှာနေရာသေဆုံးနေသောကြက်သုံးလေးကောင်ကို ကြက်ခြံဘေးပတ်လည်တွင်တွေ့လိုက်ရတာကြောင့်နှမြောစိတ်ဝင်သွားတယ် ။ဒီကြက်ကလေးတွေကမောင်မောင်မွေးထားတာဖြစ်ပြီးကြက်များကြီးလာပါကရောင်းချပြီး သူ့ကျောင်းစာအုပ်ပုဆိုး၊အင်ကျီလေးများဝယ်ဝတ်လေ့ရှိတာကြောင့်ကြက်သုံးလေးကောင်သေဆုံးသွားတာက မောင်မောင်စိတ်ကိုဝမ်းနည်းစိတ်ထိခိုက်စေပါတယ် ။မောင်မောင်လည်းကြက်အသေများကိုကောက်ကြည့်ရာ ကိုယ်လုံးနဲ့လည်ပင်းစပ်ကြားတွင်ဒဏ်ရာများတွေ့ရတာကြောင့်စဉ်းစားရခက်သွားမိတယ် ။ကြက်မွေးများမှာရေစို၍ကပ်နေသောကြောင့်ညကတည်းကသေဆုံးနေတာဖြစ်မှန်းသိလိုက်တယ် ။ကြက်သေများကိုခပ်ဝေးဝေးတွင်စွန့်ပစ်လိုက်ပြီးအိမ်ပေါ်တက်ကာအဘွားဖြစ်သူအတွက်ဆန်ပြုတ်ပြီးကျက်သောအခါပန်းကန်တစ်လုံးတွင်ထည့်၍အဘွားဖြစ်သူထံယူသွားလိုက်ပါတယ်…။”…အဘွား…ဆန်ပြုတ်သောက်လိုက်နော်…””…ငါမသောက်ချင်သေးဘူး….””..ဟုတ် အဘွား သောက်ချင်တဲ့အချိန်သောက်နော်..ဒါနဲ့အဘွားရေ သားကြက်လေးသုံးလေးကောင်ဘာကောင်ကိုက်သွားမှန်းမသိဘူး သေနေကြတယ်…အရမ်းနှမြောတာပဲဗျာအဲဒီအရွယ်ရောက်ဖို့မွေးရတာမလွယ်ဘူး…သားမှာမုန့်ဖိုးတွေ လိုအပ်တာလေးတွေ ကြက်ရောင်းပြီးဝယ်နေရတာ သားအရမ်း နှမြောတယ် အဘွားရယ်…”မောင်မောင်စကားကြောင့်တဖက်သို့စောင်းလှဲနေသောဒေါ်ပွင့်စိန်ကိုယ်ဆတ်ခနဲတချက်မျတုန်သွားတာကိုဝမ်းနည်းစိတ်နဲ့ပြောနေတဲ့မောင်မောင်မရိပ်မိဘူး….။မောင်မောင်မှာကျောင်းပိတ်ရက်မို့သူငယ်ချင်းများနဲ့ဘောလုံးကန်ချိန်းထားရာ အဘွားဖြစ်သူကိုခွင့်တောင်းပြီးထွက်လာခဲ့တယ်…..။မောင်မောင်ပြန်ရောက်ချိန်ဒေါ်ပွင့်စိန်တစ်ယောက်မီးဖိုခန်းအတွင်းချက်ပြုတ်ရန်ပြင်ဆင်နေပါတယ် ။အဖွားဖြစ်သူကျန်းမာနေကြောင်းတွေ့ရတာကြောင့်မောင်မောင်ပျော်သွားမိတယ် ။ဒေါ်ပွင့်စိန်တစ်ယောက်ထမင်းဟင်းများချက်ပြုတ်သော်လည်းသူကိုယ်တိုင်ကမူ ထမင်းကိုဟုတ်တိပတ်တိမစားပေ ။ထိုညလူခြေတိတ်ချိန်တွင် ဒေါ်ပွင့်စိန်တစ်ယောက် အိမ်ထဲမှထွက်၍ ရွာထဲအိမ်တစ်အိမ်ကြက်ခြံမှကြက်များကို သတ်ဖြတ်သွေးစုတ်၍ အိမ်သို့ပြန်လာကာအိပ်ယာပေါ်တက်အိပ်နေပါတော့တယ် ။တပတ်ဆိုသောအချိန်အတွင်းမောင်မောင်မှာသူ့အဘွားဒေါ်ပွင့်စိန်ပြောင်းလဲနေသောအခြေအနေကိုလုံးဝမရိပ်ပေ။ဒေါ်ပွင့်စိန်မှာဟင်းချက်စရာများဝယ်ယူရန်မောင်မောင်ကိုခိုင်းပြီးချက်ပြုတ်ပေးသော်လည်းသူကိုယ်တိုင်ကတို့ကနန်းဆိတ်ကနန်းမျသာစားကာ အိပ်ယာပေါ်တွင်အချိန်ပြည့်ခွေလှဲနေပါတယ်။နေခင်းပိုင်းလူမမာအသွင်ရှိနေပေမယ့်ညရောက်ချိန်သွက်လက်ဖျတ်လတ်စွာဖြင့်ရွာတွင်းဝင်ပြီးကြက်ငှက်များသွေးသောက်လေ့ရှိပါတယ်။မောင်မောင်မွေးထားတဲ့ကြက်တွေကိုတော့ဘာမှမလုပ်တော့ပါဘူး။ဒီလိုနဲ့စနေတနင်္ဂနွေကျောင်းပိတ်ရက်ရောက်ရှိလာပြန်ပါတယ်..။မောင်မောင်ဟာအပတ်စဉ်သူငယ်ချင်းများနဲ့ဘောလုံးချိန်းကန်လေ့ရှိပါတယ်။ယခုတပတ်ကျောင်းပိတ်ရက်ရွာဘောလုံးကွင်းမှာသူတို့ရှစ်တန်းကျောင်းသားနဲ့ ကိုးတန်းကျောင်းသားများချိန်းပွဲကအကြိတ်အနယ်ကန်နေကြပါတယ်..။မောင်မောင်တို့ရှစ်တန်းကျောင်းသားတွေကအပတ်စဉ်ဘောလုံးကန်နေကြဖြစ်တဲ့အပြင်၊တစ်ယောက်နဲ့တစ်ယောက်နားလည်မူရှိတာကြောင့်သူတို့ထက်လူကောင်ပိုကြီးနေတဲ့ ကိုးတန်းကျောင်းသားတွေကိုပထမပိုင်းမှတင်နှစ်ဂိုးသွင်းလိုက်ကြပါတော့တယ် ။ကိုးတန်းကျောင်းသားတွေကတော့သူတို့ထက်အငယ်တွေဆီမှာရူံးရတာမို့ရူံးမဲမဲပြီးလူချကစားပါတော့တယ်…။ခနခနလူချရာကစပြီးစကားများကြရာမှတစ်ဆင့်ပွဲမပီးခင်မှာပဲဘောလုံးပွဲက ရန်ပွဲအသွင်ပြောင်းလဲသွားပါတော့တယ် ။လူကြီးတွေရောက်လာပြီးလာဖြန်ဖြေမှရန်ပွဲကပြီးသွားပါတော့တယ်… ။မောင်မောင်တစ်ယောက်မျက်နှာတစ်ခုလုံးယောင်ကိုင်းပြီးအိမ်ပြန်လာခဲ့ပါတယ် ။သူနဲ့ထိုးကြိတ်သူမှာသူထက်လူကောင်ကြီးဗလကြီးတာမို့မောင်မောင်တစ်ယောက်ဖိထိုးခံလာရခြင်းဖြစ်တယ်။တစ်ကိုယ်လုံးရွံဗွက်တွေနဲ့မို့ရေမိုးချိုးအိမ်ပေါ်တက်လာချိန်မှာတော့ ခါးကိုလက်ထောက်ပြီး မျက်ထောင့်နီကြီးတွေနဲ့သူ့ကိုကြည့်နေတဲ့ အဘွားဖြစ်သူဒေါ်ပွင့်စိန်ကိုတွေ့လိုက်ရတယ်.. ။”..နင်..မျက်နှာက ဒဏ်ရာတွေဘယ်လိုရလာတာလဲဘယ်ကောင်လုပ်လိုက်တာလဲပြောစမ်း…””..ဟို…ဟို.. ဘောလုံးကန်ရင်းရလာတာပါ အဘွား…..””…နင့်ကို ဒီဒဏ်ရာတွေရအောင်ဘယ်သူလုပ်လိုက်တာလဲငါမေးနေတယ်လေ…”အဘွားဖြစ်သူရဲ့ မာကြောခက်ထန်ပြီးဒေါသကြီးနေတဲ့အမူအယာကိုကြည့်ပြီးမောင်မောင်တုန်တက်သွားတယ်…။သူ့အဘွားဟာအရင်က စကားကိုအေးဆေးပြောတတ်ပြီးဒေါသထွက်ရန်လိုတာသူမတွေ့ဖူးတာကြောင့်လည်းဖြစ်ပါတယ်…။”….နိူင်လင်း လုပ်လိုက်တာပါအဘွား…ဘောလုံးကန်ရင်း သူတို့ကအရင်စလုပ်တာပါ…””…သူတို့အိမ်က ဘယ်အနားမှာလဲ ပြောစမ်း….””ရွာလယ်ကဆန်စက်ပိုင်ရှင်သားပါ အဘွား….”..တောက်…ငါ့မြေးကိုလာထိတဲ့ကောင်တွေငါ့အကြောင်းသိရမယ်….အဘွားဖြစ်သူရှေ့မှမောင်မောင်တစ်ယောက်အသာလေးလစ်ထွက်ခဲ့ပေမယ့် ဒေါ်ပွင့်စိန်မကျေမချမ်းရေရွတ်သံတွေမောင်မောင်ကြားနေရပါတယ်…. ။ညကပိန်းပိတ်အောင်မှောင်နေပြီး မိုးကတစိမ့်စိမ့်ရွာသွန်းနေပါတယ်… ။ညနက်လာချိန်မှာတော့ ရန်ပယ်ရွာလေးဟာညအမှောင်ထုအောက်အိပ်မောကျနေပါတယ်… ။ခါတိုင်းမိုးမရွာချိန်တွေရွာထဲလှည့်ပတ်ဟောင်နေတတ်တဲ့ခွေးတွေဟာ ခုချိန်မှာတော့ မိုးလွတ်ရာအိမ်အောက်တစ်နေရာမှာကွေးအိပ်လျက်ရှိနေကြပါတော့တယ်… ။ညသန်းခေါင်အချိန်နိူင်လင်းတစ်ယောက် လန့်နိူးလာပါတယ် ။ဝမ်းဗိုက်ကတရစ်ရစ်ကိုက်ပြီး အိမ်သာသွားချင်သောကြောင့်နိူးလာခြင်းဖြစ်ပါတယ်… ။ဒါကြောင့်လက်နှိပ်ဓတ်မီးလေးကိုလက်တဖက်ကကိုင်ခမောက်လေးဆောင်းပြီးနောက်ဖေးအိမ်သာရှိရာမိုးရေထဲခပ်သွက်သွက်ပြေးပြီး ကိစ္စဝိစ္စရှင်းပြီးချိန် အိမ်သာမှထွက်ကာအိမ်ဖက်သို့ပြန်လာဖို့လုပ်နေပါတယ်…။”…ဟင်…အောင်မလေးဗျ……”လက်နှိပ်ဓတ်မီးကိုဟိုသည်ထိုးကြည့်မိတဲ့နိူင်လင်းတစ်ယောက် မိုးရေထဲမှာရပ်နေတဲ့ရေစိုဆံပင်တွေမျက်နှာဖုန်းနေတဲ့အဘွားကြီးတစ်ယောက်ကိုတွေ့လိုက်ရတာကြောင့်ရုတ်တရက်ကြောက်လန့်တကြားအော်လိုက်မိပါတယ်။…နိူင်လင်းဆိုတာ နင်လား နောက်တခါနင်မောင်မောင့်အသားကိုထိရဲရင်ထိကြည့်နင့်ကိုအရိုးအသားတခြားစီ လုပ်ပလိုက်မယ်ကြားလားငါပြောတာ…..ထိုအဘွားကြီးမှာကြောက်လန့်ပြီးကြက်သေသေနေတဲ့နိူင်လင်းအနားရောက်လာကာအံ့ကြိတ်ပြီးမာကျောခက်ထန်တဲ့လေသံနဲ့ပြောနေသံကြောင့် နိူင်လင်းတစ်ယောက်အူအသည်းများပြောင်းပြန်လန်နေသလိုခံစားရလိုက်မိတယ်….. ။…ဟေ့ နိူင်လင်း သားမိုးရေထဲမှာ ဘာရပ်လုပ်လုပ်နေတာလဲ…...အေမ…အီး….ဟီး….ဟီး…..အဘွားကြီးမှာနိူင်လင်းကိုကြိမ်းဝါးပြီးဘယ်အချိန်ကတည်းကထွက်သွားပြီမှန်းမသိ၊ နိူင်လင်းတစ်ယောက်ကြောက်လန့်ကာငုတ်တုတ်ကြီးသတိလစ်နေသူလိုတောင့်တောင့်ကြီးလက်နှိပ်ဓတ်မီးကိုင်ပြီးရပ်နေတာကိုတရေးနိူးတပေါ့တပါးအတွက်အောက်ဆင်းလာတဲ့သူ့အမေတွေ့သွားပြီး ပခုံးကိုင်လူပ်ကာ မေးချိန်ကျမှငိုသံထွက်လာပါတော့တယ်…။နိူင်လင်းမှာသူကြုံရသောအဘွားအိုတစ်ယောက်သူ့ကိုပြောသောစကားများကိုမိဘများကိုပြန်ပြောပြသော်လည်း မိဘများမှာနိူင်လင်းစကားကိုယုံကြည်ကြခြင်းမရှိပေ။သားဖြစ်သူနိူင်လင်းမှာ သူ့ထက်အငယ်များကိုမကြာခနအနိူင်ကျင့်တတ်သောကြောင့် ကြောက်လန့်စိတ်များကိန်းအောင်းပြီး သူ့ကိုသတိလာပေးသည်စိတ်အတွင်းထင်မြင်ခြင်းဟာသာဟုအလွယ်ယူဆကြပါတယ် ။နိူင်လင်းတစ်ယောက်သူကြုံရတဲ့အဖြစ်အပျက်ကြောင့်လန့်ဖျားဖျားပြီးနောက် မောင်မောင်နဲ့လမ်းတွင်ဆုံပါက မျက်လုံးခြင်းမဆိုင်ဝံ့ပဲ ဝေးဝေးကရှောင်သွားတတ်ပါတယ်… ။ဒေါ်ပွင့်စိန်ဟာမောင်မောင်အပေါ်တစတစသံယောဇဉ်တွယ်လာဟန်ရှိပါတယ်။မောင်မောင်စားသောက်ရေး၊အိမ်သန့်ရှင်းရေးတွေကိုလစ်ဟာမူမရှိတဲ့အပြင်မောင်မောင်နဲ့ပါစကားစမြည်ပြောဆိုလာပါတယ်…။လိမ်မ္မာရေးခြားရှိပြီးသိတတ်တဲ့မောင်မောင်ကြောင့်ဆိုရင်လည်းမမှားလောက်ပါဘူး..။မောင်မောင်ဟာဟိုးအချိန်ကတည်းက ဒေါ်ပွင့်စိန်ကိုညစဉ်နှင်းနှိပ်နေကျမို့နင်းနှိပ်ပေးပါတယ်။ဒါပေမယ့် ဒေါ်ပွင့်စိန်ကိုနင်းနှိပ်ပြီးချိန်တိုင်းသူ့တစ်ကိုယ်လုံးအားအင်ကုန်ခန်းသွားသူလိုဖြစ်သွားတယ်..။ဒီလိုမျိုးဖြစ်တာကဒေါ်ပွင့်စိန်ကိုနင်းနှိပ်ပြီးချိန်တိုင်းလိုလိုဖြစ်လာတာမျိုးပါ..။နောက်ပိုင်းဒေါ်ပွင့်စိန်ဟာမောင်မောင်ကိုနားလည်ရခက်တဲ့အကြည့်မျိုးနဲ့အတန်ကြာကြည့်နေပြီးနင်းနှိပ်ခိုင်းတာမျိုးမပြုလုပ်ခိုင်းတော့ပါဘူး…။မောင်မောင်အတွက်ကတော့ ဒေါ်ပွင့်စိန်ပြောင်းလဲမူကိုအားလုံးမသိပေမယ့်သိသာတဲ့အချက်တချို့ကိုတော့ ဂရုပြုမိပါတယ် ။အဲတာကဒေါ်ပွင့်စိန်ဟာအရင်ကဘုရားခန်းမှာပုတီးစိတ်တရားထိုင်လုပ်လေ့ရှိပြီး၊ဘုရားကျောင်းကိုလည်းသန့်ပြန့်အောင်ရှင်းလင်းကာမနက်ဆွမ်း၊ညရေချမ်းဆီမီးမပြတ်လပ်စေရသူဖြစ်ပါတယ်။မောင်မောင်ကိုလည်းသူနဲ့အတူဘုရားရှိခိုးဖို့မကြာခနခေါ်တတ်ပါတယ်။ခုဒေါ်ပွင့်စိန်ကအဲဒီလိုမျိုးလုပ်ဖို့ဝေးလို့၊ဘုရားကျောင်းဖက်ခြေဦးတောင်မလှည့်တော့ပါဘူး…။တခါတလေမောင်မောင်တစ်ယောက်စိတ်လိုလက်ရဘုရားရှိခိုးနေချိန်ဘုရားစာကိုအသံကျယ်ကျယ်ရွတ်မိရင်အခန်းထဲကနေ နားငြီးလို့အသံအကျယ်ကြီးဘုရားစာမရွတ်ဖို့ဒေါသတကြီးလှမ်းအော်တတ်တာမျိုးပါ။မောင်မောင်အတွက်နောက်ထပ်ထူးခြားတိုက်ဆိုင်မူကတော့ ဒေါ်ပွင့်စိန်နေကောင်းပြီးနောက်ပိုင်းသူ့ကြောင်ကလေးမဲလုံးကိုနောက်ထပ်မတွေ့ရတော့တာပဲဖြစ်ပါတယ်…။သူ့အဘွားပြောင်းလဲမူကိုမောင်မောင်အနေနဲ့ခနတဖြုတ်သာတွေးပြီး ခလေးပီပီမကြာခင်မေ့လျောသွားပါတော့တယ်….။ညနေခင်းကျောင်းလွတ်၍မောင်မောင်ကျောင်းမှအိမ်သို့သူငယ်ချင်းများနဲ့ပြန်လာပါတယ်…။တခြားသူများမှာအိမ်ကရွာထဲမှာပင်ရှိတာမို့အသီးသီး ကျန်နေရစ်ခဲ့ကြပါတယ် ။မောင်မောင်တို့နေတဲ့အိမ်ဟာရွာအနောက်ပိုင်းအရပ်မှာတည်ရှိပြီး ရွာနဲ့နည်းနည်းလှမ်းပါတယ်…။…ဝေါင်း..ဝေါင်း….ဝေါင်း….…ဟင်……အား….အမေရေ…..…ဟဲ့ခွေး… .. ဟဲ့ခွေး…..…ကိန်…ဂိန်…ဂိန်…ဂိန်…..…ခလေးအတော်နာသွားပုံပဲ ဆေးခန်းအမြန်ပို့ဖို့လုပ်ကြ……အင်း…ဟင်း…ဟင်း…..ဟင်း….မောင်မောင်တစ်ယောက်အိမ်သို့ပြန်လာရာရွာလမ်းတွင်ခြံဝင်းတစ်ခုအတွင်းမှကိုက်တတ်၍ကြိုးချည်ထားသောခွေးဆိုးကြီးတစ်ကောင်မှာစူးဝါးစွာထိုးဟောင်သံနဲ့အတူရုတ်တရက်ပြေးဝင်လာပြီးမောင်မောင်ကိုခုန်အုပ်လိုက်ပါတယ်…။ကြောက်လန့်၍ရပ်နေတဲ့မောင်မောင်ဟာ ရုတ်တရက်လဲကျသွားတာကြောင့်ခွေးကြီးဟာမောင်မောင်ကိုဖိကိုက်နေပါတော့တယ်….။မောင်မောင်တစ်ယောက်နာကျင်စွာအော်ဟစ်သံကြောင့်ဘေးအိမ်မှလူများရောက်လာပြီးခွေးဆိုးကြီးကိုရိုက်ပုတ်လိုက်တော့မှ ခွေးဆိုးကြီးပြေးသွားပါတော့တယ်…။မောင်မောင်ကတော့ခွေးကိုက်ဒဏ်ရာတွေနဲ့သွေးအိုင်ထဲနာကျင်စွာငြီးသံသဲ့သဲ့သာပြုနိူင်ရှာပါတော့တယ်… ။ပတ်တီးအဖွေးသားနဲ့လူတစ်ယောက်ချီပိုးပြီးမောင်မောင်ကိုအိမ်လာပို့ချိန် ဒေါ်ပွင့်စိန်မျက်နှာအထူးတလည်တင်းမာသွားပါတယ်….။”..ငါ့မြေးကို ဘယ်သူဘာလုပ်လိုက်တာလဲ…ပြောစမ်း….””…ဒီလိုပါအဘွား စောမောင်တို့အိမ်ကခွေးက အဘွားမြေးကို ကိုက်လိုက်လို့ပါ…ကျွန်တော်ကလာလိုက္ပို့တာပါ…”…ဘာ….ဒေါ်ပွင့်စိန်အော်သံကြောင့်မောင်မောင်ကိုလိုက်ပို့သူရွာသားပင်တုန်တက်သွားပါတယ်… ။”…သူတို့ခွေးကိုက်လိုက်တာ သူတို့ကဘာလို့လာမတောင်းပန်တာလဲ…ဘာသဘောလဲ….”မျက်ထောင့်ကြီးနီလျက်စားမတတ်ဝါးမတတ်အံ့ကြိတ်ကြိမ်းဝါးနေသောဒေါ်ပွင့်စိန်ဒေါသကိုမြင်ရသောအခါလိုက်ပို့သူမှာကြာကြာမနေရဲတော့ပဲအမြန်ပြန်ပါတော့တယ်….။ပတ်အတီးအဖွေးသားနဲ့အိပ်ယာပေါ်ပက်လက်ကလေးအနာရှိန်ဆေးရှိန်နဲ့မောင်မောင်ကိုကြည့်ပြီးဒေါ်ပွင့်စိန်မျက်ဝန်းများကနူံးညံ့ညင်သာစွာရှိနေရာကနေရုတ်ချည်းတင်းမာခက်ထန်သွားပြန်တယ်.။စောမောင်ကရွာမှာမိုက်တိမိုက်ကန်းမို့သူနဲ့ဖက်ပြီးဘယ်သူမှမပြောချင်ကြဘူး။ ဒါကိုပဲစောမောင်ကသူ့ကိုရွာသားတွေကြောက်နေတာလို့အထင်ရောက်နေတတ်သူ။ညနေတိုင်းအရက်မူးလာပြီဆိုရင် ဘယ်သူကိုခေါင်းစဉ်တတ်ထားမှန်းမသိတဲ့ဆဲနည်းနဲ့ ရပ်ကွက်မှာပတ်ဆဲတတ်သူ တစ်ယောက်၊ခုလည်းသူ့ခွေးက ခလေးတစ်ယောက်ကိုကိုက်လိုက်တာသနားရကောင်းမှန်းမသိ၊တောင်းပန်ရမှန်းမသိ။။တိရိစ္ဆာန်ပဲဘာသိမှာလဲတဲ့ သူပြောပုံက၊တကယ်ကတိရိစ္ဆာန်လိုပိုင်ရှင်ကပါ အသိစိတ်မျိုးဖြစ်နေတာ ။ညဆယ်နာရီခန့်အချိန်တွင်စောမောင်တစ်ယောက်မူးနေပြီဖြစ်တယ်။ရွာအရက်ဆိုင်ကလည်းပိတ်ပြီမို့ အိမ်ပြန်လာရင်းသူ့လမ်းထိပ်ရောက်ပြီဆိုတာနဲ့ပါးစပ်က အယုတ္တအနတ္တစတင်ဆဲဆိုပါတော့တယ်…။မီးစက်နိူးပြီးအခကြေးငွေနဲ့ပေးတဲ့လျပ်စစ်မီးကလည်းညခြောက်နာရီကစပြီးဆယ်နာရီပိတ်တာမို့ ရွာလမ်းတစ်လျောက်မှောင်မဲလျက်ရှိနေပါတယ်….။”…စောမောင်ဆိုတာ နင်လား….””…ဘယ်သူလဲ သေချင်လို့လား ငါ့ကိုခေါ်တာ….”..အေး…သေရမှာငါမဟုတ်ဘူး…နင်ဟဲ့…နင်……………………….ဖတ်….….အား………ကဲဟာ…ကဲဟာ…..ဖုန်း…ဖုန်း….စောမောင်ရှေ့အမှောင်ထဲတွင်ရပ်နေသူတစ်ယောက်ကလေသံခပ်မာမာဖြင့်မေးလိုက်ရာ စောမောင်မှာသူ့ကိုရန်စသည်ဟုစိတ်အတွင်းတွေးကာဘုကလန့်တောလိုက်ရာအမှောင်အတွင်းမှလူမှာပြောလည်းပြောရှေ့သို့လည်းတိုးလာသောကြောင့် စောမောင်မှာ သူရှေ့မှလူကို လက်ယမ်းရိုက်လိုက်ရာ ထိုလူကသူ့လက်ကိုဖမ်း၍ကိုက်လိုက်သောကြောင့်စောမောင်တစ်ယောက်လွတ်ခနဲအော်ရင်းရုန်းကန်ရာသွားဖြင့်မလွတ်တမ်းကိုက်ထားသောကြောင့်နာကျင်လွန်း၍သူအားကိုက်ထားခေါင်းကိုတခြားလက်တစ်ဖက်ဖြင့်ထိုးကြိတ်ရင်းဆဲဆိုနေပါတော့တယ်။သို့ရာတွင်စောမောင်လက်ကိုကိုက်ထားသူမှာစောမောင်ထိုးကြိတ်မူကိုဂရုမစိုက်ဟန်ဖြင့် လက်ဖျံသားကို အားကုန်ကိုက်ဆွဲလိုက်ရာ စောမောင်လက်ဖျံသား ပဲ့ထွက်သွားတာကြောင့်နာကျင်စွာအော်ဟစ်လိုက်ပါတော့တယ်…။…..အား……ကျွတ်…ကျွတ်….…ကိုစောမောင်.. ဘာဖြစ်နေတာလဲ….….ဘယ်ခွေးသားလဲမသိဘူး ငါ့လက်ကိုကိုက်ပြီးထွက်ပြေးသွားတယ် သိလို့ကတော့ တောက်…...ဟင် သွေးတွေနဲ့ အသားပါပဲ့ပါသွားတာပဲလာလာ ဆေးထည့်ရအောင်…စောမောင်မိန်းမဖြစ်သူမှာယောက်ကျားဖြစ်သူအော်သံကြောင့်စိတ်မချစွာလက်နှိပ်ဓတ်မီးဖြင့်လိုက်လာပြီးမီးထိုးလိုက်ချိန်မှာ စောမောင်ဘေးက မိန်းမရိပ်တစ်ခုလှစ်ခနဲအမှောင်အတွင်းဝင်ပြေးသွားတာတွေ့လိုက်ရပါတယ် ။စောမောင်မှာဆဲသံပင်မပီပြင်တော့ပဲ နာကျင်မူကြောင့်ငြီးတွားနေပါတော့တယ်… ။ဆေးဆရာကိုသွားနိူးပြီးစောမောင်ဒဏ်ရာကိုကုသပါတယ် ။ဆရာဝန်ပြန်သွားချိန်စောမောင်တစ်ယောက်အိပ်ဆေးအရှိန်နဲ့အိပ်ပျော်သွားပါတယ်…။စောမောင်အိပ်မက်အတွင်းမှာ သရဲမကြီးတစ်ကောင်သူ့နောက်လိုက်နေတာကြောင့်လန့်နိူးကာအသံကုန်အော်ဟစ်နေပါတော့တယ်…။နောက်ရက်ဆရာဝန်ခေါ်ပြပေမယ့် စောမောင်ဒဏ်ရာသက်သာမလာပဲပိုဆိုးလာပါတယ် အကိုက်ခံရတဲ့ဒဏ်ရာက ပုတ်လာပြီးလောက်တွေထွက်ကျနေကြပါတယ် ။ဆရာဝန်ကိုယ်တိုင်တောင်စောမောင်ဒဏ်ရာကိုနားမလည်နိူင်စွာလက်လျော့လိုက်ပါတယ်..။ဇနီးဖြစ်သူမှာတိုင်းရင်းဆေးဆရာတွေကိုခေါ်ပြကြည့်ပေမယ့်အားလုံးစောမောင်ဒဏ်ရာလက်လျော့ကုန်ကြပါတယ်… ။ညဆိုရင်အိပ်မက်ဆိုးမက်၊ အစားအသောက်မစားနိူင်စတဲ့အချက်တွေကြောင့်စောမောင်တစ်ယောက်တပိန်ပိန်တလိန်လိန်ဖြစ်လာသလို လက်ကအပုတ်နံ့ကလည်းမခံမရပ်နိူင်အောင်နံ့တာကြောင့်သူ့အနားကိုအိမ်သားတွေမကပ်ချင်ကြတော့ပါဘူး။လူဆိုးလူမိုက်ကြီးစောမောင်တစ်ယောက် အပုတ်ရည်တွေထွက်၊လောက်တွေကျ၊ယင်မည်းတဝီဝီလက်ဒဏ်ရာနဲ့အိပ်ယာပေါ်တစ်ယောက်တည်းသေမယ့်အချိန်စောင့်နေရသူဘဝရောက်နေပါတယ်။လူတွေကတော့စောမောင်မိသားစုစိတ်မကောင်းသလိုလုပ်ပြကြပေမယ့် ကွယ်ရာမှာတော့ကြိတ်ဝမ်းသာနေကြပါတယ် ။စောမောင်ဒီလိုဖြစ်နေချိန်အတောအတွင်းစောမောင်ရဲ့ခွေးဆိုးကြီးဟာညဖက်အချိန်နာကျင်စွာအော်ဟစ်သံကြားရပြီး။နောက်တနေ့မနက်ရောက်တော့ အူအသည်းတွေဖောက်စားခံထားရပြီးသေနေပါတယ်။လူတွေကတော့ ခွေးကြီးအဖြစ်ကိုကြည့်ပြီးသနားသူရှိသလို၊ သခင်ဆိုးရဲ့ မကောင်းတဲ့သင်ပြမူကြောင့် လူတကာကိုလိုက်ကိုက်နေတဲ့ခွေးကြီးသေတာကောင်းတယ်လို့ပြောနေကြပြန်ပါတယ်… ။တစ်နေ့စောမောင်အိမ်ကို အသက်ငါးဆယ်အရွယ်လူတစ်ယောက်ရောက်လာပြီးစောမောင်ကိုသူခနကြည့်ပါရစေခွင့်တောင်းလာပါတယ်..။သူကိုယ်သူမိတ်ဆက်တာကတော့သူဟာဒီရွာကျောင်းထိုင်ဆရာတော်ရဲ့တရွာတည်းသား ငယ်သူငယ်ချင်းတွေဖြစ်ကြောင်းသူ့အလုပ်ကဆေးကုတာဖြစ်ကြောင်း ယခုအလည်လာချိန်မှာလူနာသတင်းကြားတာကြောင့်ဆရာတော်စကားအရရောက်လာကြောင်းဆိုလာပါတယ် ။ကျောင်းထိုင်ဆရာတော်ဟာဒီရွာသားမဟုတ်ပဲအညာဖက်ဇာတိဖြစ်ပါတယ်..။ဆေးဆရာနာမည်က ဦးအောင်ချိမ့်လို့သူနာမည်သူပြောပြလာပါတယ် ။စောမောင်ဒဏ်ရာကိုကြည့်ပြီး ဦးအောင်ချိမ့် မယုံကြည်နိုင်ဟန်ဖြင့်အဖန်ဖန်အထပ်ထပ်လေ့လာစစ်ဆေးရင်း….ဒဏ်ရာဘယ်လိုရတာလဲဆိုတာမေးမြန်းလာပါတယ်။စောမောင်က အိပ်ယာပေါ်အသက်ယဲ့ယဲ့သာရူနေတာကြောင့်စောမောင်မိန်းမက သူ့ယောက်ကျားကို မိန်းမတစ်ယောက်ကိုက်သွားကြောင်းပြန်ပြောပြနေပါတယ်…။ဦးအောင်ချိမ့်မှာ စောမောင်နဲ့မည်သူရန်ငြိုးရန်စရှိသလဲဆိုတာမေးနေပြန်တယ်…။စောမောင်မိန်းမစိတ်အတွင်းဒီဆေးဆရာသူနဲ့မဆိုင်တာလျောက်မေးနေတယ်တွေးနေပေမယ့်၊ဆရာတော်မျက်နှာကြောင့်စိတ်ရှည်လက်ရှည်ပြောပြရှာပါတယ်…။အဲဒီတော့မှစောမောင်လူချစ်လူခင်များမှန်းဦးအောင်ချိမ့်သိလိုက်ရပါတယ်။တစ်ရွာလုံးနီးပါးစောမောင်နဲ့စကားမများဖူးသူမရှိသလောက်ဖြစ်နေတာကြောင့်ပါ။ဦးအောင်ချိမ့်လည်း လတ်တလော ခုလအတွင်း.ဖြစ်သွားတဲ့ပြသာနာကိုမေးမြန်းလိုက်ပါတယ်… ။ဒီတော့မှ လတ်တလောမကြာခင်က မောင်မောင်ဆိုသောကောင်လေးကိုသူတို့မွေးထားသောခွေးကိုက်သွားကြောင်း ၊ကိုက်သွားသောခွေးမှာလည်းအူအသည်းများမရှိပဲသေဆုံးနေကြောင်းသိလိုက်ရပါတော့တယ်….။စောမောင်ကိုခနတဖြုတ်စစ်ဆေးကြည့်ပြီး အားပေးစကားပြောရင်း ဦးအောင်ချိမ့်ပြန်ဆင်းလာပါတယ်။စောမောင်ဒဏ်ရာကိုဘယ်ဆေးဆရာမှကုလို့မရတာဘာကြောင့်လဲဆိုတဲ့အဖြေကိုသူသိလိုက်ပြီဖြစ်ပါတယ်…။မကောင်းဆိုးဝါးကိုက်တဲ့ဒဏ်ရာကိုသာမာန်ဆရာတွေကုသလို့မရတာဆေးဆရာအပြစ်မဟုတ်မှန်းသူလိုပယောဂဆရာတစ်ယောက်ကသိနေပါတယ် ။မောင်မောင်အိမ်ကိုမေးမြန်းပြီးဦးအောင်ချိမ့်ရောက်လာခဲ့ပါတယ်….။…မောင်မောင်ရေ…မောင်မောင်…..ခြံတခါးပွင့်နေတာကြောင့်ခြံအတွင်းဝင်လိုက်ပြီးအိမ်အောက်ကနေလှမ်းခေါ်လိုက်ချိန် ခြေလက်တွေကိုပတ်တီးစည်းထားတဲ့ကောင်လေးတစ်ယောက်ထွက်လာတာဦးအောင်ချိမ့်တွေ့လိုက်ရပါတယ်…။..ဦးကြီးက မင်းအဖေမိတ်ဆွေပါ ဒီရွာရောက်တုန်းရောက်ခိုက်မင်းအဖေနဲ့တွေ့ရအောင်လာခဲ့တာပါ….…အဖေ လယ်တဲဝင်သွားပြီဦးကြီး အိမ်မှာမရှိဘူး….…အေးကွယ်…ဘယ်တတ်နိူင်ပါ့မလဲ ဒါနဲ့ ဦးကြီးရေတခွက်လောက်သောက်လို့ရမလား…..…သောက်လို့ရပါတယ် ဦးကြီး ကျွန်တော်ခပ်ပေးပါ့မယ်..…ရပါတယ် ဦးကြီးဘာသာတက်သောက်လိုက်မယ်ရေအိုးစင်သာပြပါ…ဦးအောင်ချိမ့်မှာသူသိလိုသောအချက်များသိရစေရန်အနည်းငယ်လိမ်ညာပြီးမောင်မောင်ကိုမိတ်ဖွဲ့ရင်းရေသောက်ရန်အိမ်ပေါ်တက်ဖို့လုပ်နေပါတယ်…။..ဒုန်း…မတက်နဲ့…အိမ်ပေါ်လုံးဝတက်မလာနဲ့…တောက်…မောင်မောင်အဲအကောင်ကိုအိမ်ပေါ်လုံးဝမတက်စေနဲ့အလိမ်အညာကောင်….တောက်……အဘွားနေမကောင်းလို့ ဒေါသကြီးနေတာအားနာလိုက်တာဦးကြီးရေ…..ရပါတယ်ကွယ် ဦးကြီးစိတ်မဆိုးပါဘူး ဦးကြီးပြန်အုံးမယ်နော်….ဦးအောင်ချိမ့်အိမ်ပေါ်တက်ရန်အလုပ်တွင်အိမ်ကိုခြေဖနောင့်ဆောင့်သံအကျယ်ကြီးကြားလိုက်ရပြီးတဆက်တည်းဒေါ်ပွင့်စိန်မှာဒေါသတကြီးဖြင့်ဦးအောင်ချိမ့်ကိုအိမ်ပေါ်မတက်စေရန်ကြိမ်းဝါးနေပါတော့တာကြောင့်မောင်မောင်ကဦးအောင်ချိမ့်ကိုတောင်းပန်နေခြင်းဖြစ်ပါတယ်။ဦးအောင်ချိမ့်မှာသူတွေးထင်ထားသောကိစ္စများသေချာနေပြီမို့ ရွာဦးကျောင်းသို့ခပ်သုတ်သုတ်သွားရင်းကျောင်းထိုင်ဆရာတော်ကို အကျိုးအကြောင်းတင်လျောက်နေပါတော့တယ်… ။ဦးအောင်ချိမ့်စကားကြောင့်ဆရာတော်မှာမျက်လုံးပြူးသွားရင်….၊”…အောင်ချိမ့် နင်ဟာကသေရောသေချာရဲ့လား….””သေချာပါတယ် ဘုရား အကိုက်ခံရတဲ့ဒဏ်ရာကိုတပည့်တော်သေချာစစ်ကြည့်တော့ ပရလောကသားတစ်ယောက်ကိုက်တဲ့ဒဏ်ရာဖြစ်နေပါတယ်…””…ဒကာအောင်ချိမ့်က ပရလောကသားပူးကပ်နေတယ်လို့ ဒေါ်ပွင့်စိန်ကိုထင်နေတယ်နော်ဒါဆိုတစ်အိမ်တည်းနေတဲ့ဟိုခလေးကိုကျ ဘာလို့ဒုက္ခမပေးတာလဲ..”” ဒါကတော့ဘုရား တချို့နှစ်ချို့ပရလောကသားတွေဟာ လူသားကိုယ်ခန္ဓာအမှီအတွယ်ရချိန်မှာ လူသားလိုပဲနေချင်ကြတယ်၊နောက်ပြီးသူတို့ဟာလည်း သံယောဇဉ်တွယ်တာတတ်ကြပါတယ်…..””…အော်..အဲတာကြောင့် သူ့မြေးမောင်မောင်ကိုကိုက်တဲ့ခွေးနဲ့ ခွေးပိုင်ရှင်ကိုဒုက္ခပေးတာကိုး…”” မှန်ပါဘုရား ဒီပရလောကသားက ရေရှည်မှာအန္တရယ်ရှိလာနိူင်တာမို့တပည့်တော်ရောက်တုန်းရောက်ခိုက် ခုပြသာနာကို ကူညီပေးခဲ့ပါရစေ…””…ကောင်းပြီ ဒီကိစ္စကိုဒကာကြီးဆီဘုန်းကြီးအပ်ပါတယ်လိုအပ်တဲ့အကူအညီပြောပါ.ဒါနဲ့အဲဒီပရလောကသားကိုဘယ်နေ့နှင်ဖို့တွေးထားလဲ…”” အချိန်ဆိုင်းနေလို့မဖြစ်တော့ပါဘူးဘုရားခုညပဲနှင်ဖို့တွေးထားပါတယ်….”ယခုညမှာမိုးလေကင်းစင်လျက်ကြယ်ရောင်မှိတ်တုတ်မှိတ်တုတ်များနဲ့အတူ တခြမ်းပဲ့လရောင်အလင်းကြောင့် မြင်ကွင်းတချို့ကိုဝိုးတဝါးတွေ့မြင်နေရပါတယ်…. ။ဦးအောင်ချိမ့်နဲ့ဆရာတော်ထည့်ပေးလိုက်တဲ့အဖော်ကာလလသားနှစ်ယောက်ဟာ မောင်မောင်တို့အိမ်မလှမ်းမကမ်းမှာပုန်းအောင်းပြီးညဦးပိုင်းကတည်းကနေရာယူနေကြပါတယ်..။ဦးအောင်ချိမ့်က အသံမထွက်ရန်မလူပ်ရှားရန်မှာကြားထားတာကြောင့်လူငယ်နှစ်ယောက်မှာ ဖြုတ်၊ခြင်များအုံလိုက်ကျင်းလိုက်ကိုက်ခဲမူကိုလက်နဲ့ပွတ်ချပြီးကြိတ်မှိတ်သည်းခံနေရပါတယ် ။ခနအကြာ အိမ်ခြံဝမှလူရိပ်တစ်ခုခြံပြင်ထွက်လာတာကြောင့် ဦးအောင်ချိမ့်ကအသံမထွက်ရန်လေသံဖြင့်သတိပေးစကားဆိုလိုက်ပါတယ် ။ဆံပင်ဖားလျားချထားတဲ့မိန်းမတစ်ယောက်ရွာထဲဝင်သွားပြီးခနအကြာမှာ ခွေးအူသံတွေဟောင်သံတွေဆက်တိုက်ထွက်ပေါ်လာပါတော့တယ် ။” ဟေ့…ငါမှာထားတဲ့အတိုင်းတစ်ခုမှမလွဲစေနဲ့နော်…””…စိတ်ချဆရာကြီးမလွဲစေရပါဘူး…””ကြောက်လန့်စရာကြုံလာရင် ကြောင်မသွားဖို့အရေးကြီးတယ်… အဲတော့.. ငါစဆိုတာနဲ့လက်မနှေးကြစေနဲ့….”ကာလသားနှစ်ယောက်မှာသတ္တိကောင်းသူများဖြစ်သော်လည်းသူတို့ရင်ဆိုင်ရမည့်သူမှာလူမဟုတ်ပဲပရလောကသားဖြစ်နေသောကြောင့် ရဲဆေးတင်သည့်အနေနဲ့အနည်းငယ်သောက်စားထားကြပါတယ်…။မကြာမှီရွာဖက်ဆီမှလူရိပ်တစ်ခုက အိမ်ရှိရာဦးတည်လာနေရာ ဦးအောင်ချိမ့်ကလူငယ်နှစ်ယောက်ကိုတီးတိုးသတိပေးလိုက်ပါတယ်…။….ယား…ယား….…ဘုန်း…..….အီး…လွတ်စမ်း…လွတ်စမ်းသေချင်လို့လား ငါလွတ်လို့ပြောနေတယ်နော်….…မကြောက်ကြနဲ့. ဘာမှမကြောက်ကြနဲ့ ကြိုးကိုသာမြဲမြဲကိုင်ထားကြ…ဦးအောင်ချိမ့်သတိပေးချိန်တွင်လူငယ်နှစ်ယောက်မှာချည်မန်းကြိုးစတစ်ယောက်တစ်ဖက်ကိုင်၍ ဒေါ်ပွင့်စိန်ခါးလည်ကိုဆွဲလိုက်ကြရာ ဒေါ်ပွင့်စိန်တစ်ယောက် ချည်မန်းကြိုးနဲ့ထိမိချိန်မြေကြီးပေါ်လဲကျသွားပါတယ်…။ဒေါ်ပွင့်စိန်မှာခြေလက်များလူပ်ရှားရုန်းကန်ရင်းလည်ချောင်းသံကြီးဖြင့် ကြိမ်းဝါးနေသောကြောင့် ဦးအောင်ချိမ့်ကမြေပြင်ပေါ်ကြိုးစကပ်ကာဒေါ်ပွင့်စိန်ထမရအောင်ကြိုးဖိထားသောလူငယ်နှစ်ယောက်ကိုအော်ဟစ်သတိပေးရင်းရောက်လာပါတယ်…။”..မကောင်းဆိုးဝါး ဒါနင်ဒီခန္ဓာကိုယ်ကဖယ်စမ်းလူတွေနင့်ကြောင့် ဒုက္ခရောက်နေကြပြီ…””…ငါလူတွေကို ဒုက္ခမပေးဘူး ငါ့မြေးကိုဒုက္ခပေးတဲ့သူတွေကိုပဲ ငါလက်တုန့်ပြန်တာ ငါမမှားဘူး…””..ဒီခန္ဓာကိုယ်ကနင့်အပိုင်မဟုတ်ဘူး ခလေးကလည်းနင့်မြေးမဟုတ်ဘူး…””…ဒီခန္ဓာကိုယ်ပိုင်ရှင်မရှိလို့ ငါဝင်ယူထားတာခလေးကိုလည်းငါချစ်တယ် ငါ့မြေးပဲ……””…နင်တို့ပရလောကသားတွေလူသားတွေကြားနေလို့မရတာနင်မသိဘူးလား… ဒီတော့ နင့်နေရာမှန်ပြန်ပို့ရတော့မှာပေါ့…”ဦးအောင်ချိမ့်စကားကို ဒေါ်ပွင့်စိန်ကလည်ချောင်းအက်သံခပ်မာမာဖြင့်ပြန်ဖြေနေခြင်းဖြစ်ပါတယ်။ဒေါ်ပွင့်စိန်သေဆုံးပြီးသူ့ခန္ဓာကိုယ်ဝင်ယူထားသောပရလောကသားမှာမောင်မောင်ကိုချစ်ပုံရပြီးမောင်မောင်အားဒုက္ခပေးသူကိုသာပြန်လက်တုံ့ပြန်မှန်းဦးအောင်ချိမ့်သိလိုက်ရပါတယ်…။ဒါပေမယ့် လူသားကြားမှာပရလောကသားထားလို့မရတာမို့သူတာဝန်သူလုပ်ရန် ဦးအောင်ချိမ့် သူ့လက်ထဲမှဓားကိုဓားအိမ်မှဆွဲချွတ်လိုက်ရာ ဒေါ်ပွင့်စိန်မှာဓားကိုကြည့်ပြီး ဂနာမငြိမ်ဖြစ်ကာကြောက်လန့်တကြားဖြစ်သွားပါတော့တော့တယ်။ဓားမှာရိုးရိုးဓားမဟုတ်ပဲရွာထိပ်နတ်ကွမ်းတွင်နတ်ဆက်ထားသောဓားဖြစ်ပါတယ်…။ဓားကိုမြင်ချိန်ဒေါ်ပွင့်စိန်တစ်ယောက်အသံတုန်တုန်ယင်ယင်ဖြစ်သွားပါတယ်…။..ဆရာကြီးရယ် ကျွန်မလူတွေကိုဒုက္ခမပေးပါဘူးဒီအတိုင်းနေသွားပါရစေ…..လူသားတွေကြားပရလောကသားနေလို့မရတာနင်လည်းအသိခုနင်ကဒီစည်းကမ်းကိုချိုးဖောက်ထားတယ် နင်တောင်းဆိုတာ ဘယ်လိုမှငါလိုက်လျောမပေးနိူင်ဘူး…ဒေါ်ပွင့်စိန်တစ်ယောက်အကြိမ်ကြိမ်အဖန်ဖန်ဦးအောင်ချိမ့်ကိုတောင်းပန်နေပေမယ့်ဦးအောင်ချိမ့်ကခေါင်းယမ်းငြင်းဆန်နေပါတယ်….။”…ဒီလိုဆိုရင် ကျွန်မမြေးကိုနောက်ဆုံးအနေနဲ့နူတ်ဆက်ခွင့်ပေးပါပြီးရင်ဆရာကြီးသဘောကျကြိုက်ရာလုပ်ပါ ဒါလေးတော့ ခွင့်ပြုပေးပါဆရာကြီးရယ်…”ဒေါ်ပွင့်စိန်စကားကြောင့်ဦးအောင်ချိမ့်အနည်းငယ်ငြိမ်သွားပါတော့တယ်။ပရလောကသားတွေဟာ သူတို့အမှီအခိုရထားတဲ့ခန္ဓာကိုယ်ကမထွက်ရဖို့ မူယာမာယာသုံးတာခနခနကြုံဖူးနေကျ ဦးအောင်ချိမ့်သိနေပါတယ်။ဒါပေမယ့်ဒေါ်ပွင့်စိန်ပုံစံက စိတ်လျော့ထားဟန်ရှိနေတာမို့လက်ခံရန်ဆုံးဖြတ်လိုက်ပါတယ်…။…အဲတာဆို သွားတွေ့ ထွက်ပြေးမယ်တော့မကြံနဲ့နော်နင်ငါ့လက်ကမလွတ်ဘူး ကြိုးဖြုတ်ပေးလိုက်ကြဟေ့…ဦးအောင်ချိမ့်မှာ ဒေါ်ပွင့်စိန်ကိုခြိမ်းခြောက်သတိပေးရင်း ကာလသားနှစ်ယောက်ကိုကြိုးဖြုတ်ခိုင်းလိုက်ပါတော့တယ်။ဒေါ်ပွင့်စိန်အိမ်ပေါ်တက်သွားချိန်အိမ်အောက်မှသုံးယောက်က်သားအခြေအနေစောင့်ကြည့်နေကြပါတယ်။ပြတင်းပေါက်ကတဆင့်ဝင်နေတဲ့လရောင်အလင်းကမောင်မောင်အိပ်ယာပေါ်ကျနေပါတယ်။မောင်မောင်တစ်ယောက် အပူအပင်းကင်းတဲ့မျက်နှာနဲ့အိပ်မောကျလျက်ရှိနေပါတယ်..။ဒေါ်ပွင့်စိန်ဟာမောင်မော့အိပ်ယာဘေးဒူးထောက်ထိုင်ပြီးမောင်မောင်ပါးလေးကိုသူ့လက်နဲ့ ခပ်ဖွဖွပွတ်ကာဆံပင်လေးတွေကိုသပ်တင်ပေးနေရင်းမျက်ရည်တွေကျနေပါတယ်…။..ဟင် အဖွား ရောက်နေတယ် အိပ်မပျော်ဘူးလား……မြေးလေးကိုအဖွါးပြောစရာရှိလို့လာတာပါ…မောင်မောင်မှာဆတ်ခနဲလန့်နိူးလာချိန်သူ့အဖွားကိုတွေ့လိုက်ရတာမို့ အံ့သြသွားပါကာမေးလိုက်ရာဒေါ်ပွင့်စိန်တစ်ယောက်မောင်မောင်နိူးသွားပြီမို့သူပြောလိုရာပြောရန်ဆုံးဖြတ်လိုက်ဟန်ဖြင့်စကားစလာပါတယ်။..အဖွားကဘယ်သွားမလို့ အခုအချိန်ကြီးလာပြောတာလဲ…..စိတ်ကူးရတုန်းလာပြောတာပါကွယ် အဖွားပြောတာသေချာနားထောင်နော်မြေးလေး…..ဟုတ်.အဖွား……ပညာတွေကြိုးစားသင်ပြီးပညာတတ်ကြီးဖြစ်အောင်လုပ်နော် မိဘတွေကိုလည်းတလှည့်ပြန်လုပ်ကျွေးပြီးကျေးဇူးဆပ်တဲ့သားလိမ္မာလေးဖြစ်အောင်လုပ်ပါ။ဘာသာတရားကိုမမေ့ပါနဲ့ လူဘဝရတုန်းခနမှာကောင်းမူကုသိုလ်တွေလုပ်ပါ ။ကောင်းမူကုသိုလ်မရှိရင်သေလို့ငရဲမရောက်ခင်စပ်ကြား အသူရကယ်ဘုံသားဘဝနဲ့ နှစ်ပေါင်းများစွာဒုက္ခဆင်းရဲခံပြီး နေရတတ်တယ် ကုသိုလ်ကောင်းမူကိုသာဓုမခေါ်နိူင်တဲ့ဘဝမျိုးပေါ့ အဖွားမှာတာတွေမမေ့ပါနဲ့မြေးလေး…...စိတ်ချပါအဖွားရဲ့ သားပညာတတ်ကြီးဖြစ်လာတဲ့တနေ့အဖွားကိုပါလုပ်ကျွေးမှာပါ အဖွားသာအဲဒီအချိန်ထိအသက်ရှည်ရှည်နေနော်…..အော်..မြေးလေးရယ်.အိပ်…အိပ်တော့နော်…မောင်မောင်နားလည်မည်လားနားမလည်မည်လားမသိသော၊သူပြောလိုရာစကားမျိုးမောင်မောင်ကိုပြောနေမိပါတယ်။မောင်မောင်ပြန်ပြောလာတဲ့စကားကြားရချိန်မျဒေါ်ပွင့်စိန်မျက်ဝန်းမှမျက်ရည်များကတာကျိုးရေအလားအတားအဆီးမဲ့စွာကျလာပါတယ် ။မောင်မောင်ကိုအိပ်စက်ရန်ကြိုးစားပြီးအနိူင်နိူင်ပြောရင်းအိမ်အောက်ပြန်ဆင်းလာပါတယ်။အိမ်ကိုနောက်ဆုံးနူတ်ဆက်အကြည့်နဲ့ဒေါ်ပွင့်စိန်တဝကြီးကြည့်လိုက်ရင်း ခြံပြင်ထွက်ချိန်သူ့နောက်မှဦးအောင်ချိမ့်တို့ကထပ်ချပ်မကွာလိုက်လာကြပါတယ်…။အိမ်နဲ့ခပ်ဝေးဝေးရောက်ချိန်မှာတော့.ဒေါ်ပွင့်စိန်ရပ်လိုက်ပါတယ်…။..ဆရာကြီးတကယ်လို့မောင်မောင်မနက်နိူးလာလို့သူ့ဖွားကိုမေးရင် ရိုးရိုးသေသွားတယ်ပြောပေးပါ။ဒီနေ့ညအကြောင်းအရာတွေကိုလျို့ဝှက်ပေးဖို့တောင်းပန်ချင်ပါတယ်..””..ကောင်းပါပြီ ဒီနှစ်ယောက်ကိုလည်းမပြောဖို့ကျုပ်ကတိပေးခိုင်းလိုက်ပါ့မယ်..စိတ်ချပါ…..”..ကျွန်မကျေနပ်ပါပြီဆရာကြီးလုပ်စရာရှိတာလုပ်ပါတော့….…စွတ်……အီး….ဒေါ်ပွင့်စိန် စကားအဆုံးတွင်ဦးအောင်ချိမ့်တစ်ယောက်ဓားကိုပင့်၍ဒေါ်ပွင့်စိန်နှလုံးနေရာသို့ထိုးစိုက်လိုက်ပါတယ်..။ဒေါ်ပွင့်စိန် တစ်ယောက်ငြီးတွားသံတိုးတိုးထွက်ပြီးလဲကျသွားပါတော့တယ်..။ဒေါ်ပွင့်စိန်လဲကျမပြီးမရှေးမနှောင်းမှာပဲ ဒေါ်ပွင့်စိန်ရုပ်အလောင်းဟာချက်ခြင်းပိန်ချုံးကျပြီးအပုတ်နံ့များထွက်လာပါတော့တယ်…။ဦးအောင်ချိမ့်မှာဆရာတော်ကိုအခေါ်ခိုင်းပြီးအကျိုးအကြောင်းရှင်းပြကာ အလောင်းကိုညတွင်းချင်းသင်္ဂြ် ိုလ်ရန်စီစဉ်ကြပါတော့တယ်..။သူနဲ့အတူကူညီပေးသောလူငယ်နှစ်ယောက်ကိုဒေါ်ပွင့်စိန်အကြောင်းမည်သူ့ကိုမှလျောက်မပြောရန်ဆရာတော့်ရှေ့မှာကတိပြုခိုင်းပါတယ် ။မနက်မိုးသောက်အလင်းရောက်ချိန်မှာ ဦးအောင်ချိမ့်မှာတစ်ညလုံးအိပ်ပျက်ပေမယ့်မအိပ်နိူင်သေးပဲ မောင်မောင်တို့အိမ်ရှေ့ရောက်နေပါတယ် ။မနက်မိုးလင်းချိန်အဖွားကိုမတွေ့လို့ရှာဖွေနေမယ့်မောင်မောင်ကိုရှင်းပြမယ့်စကားလုံးကိုရွေးချယ်ကာဇောချွေးပြန်လျက်ဖြင့်ရှိနေပါတော့သတည်း။======================ပြီးပါပြီမြူခိုးအလင်္ကာ