မေတ္တာဖြင့်ဖြည်သောကြိုး(စ/ဆုံး)

 မေတ္တာဖြင့်ဖြည်သောကြိုး(စ/ဆုံး)


———————————


ကလင် ကလင် ကလင်းးးးးးး

အိပ်ခန်းထဲမှ ဖုန်းမည်သံကြောင့်

ဇင်မာတစ်ယောက် ဆား၊ဆနွင်း ရသာမှုန့်တို့နှင့် နယ်လက်စ ကြက်သား ဇလုံကို ချလက်ကာ လက်ဆေးဆပ်ပြာဆီနှင့် လက်အမြန်ဆေးပြ ီး မီးဖိုခန်းထဲမှအိပ်ခန်းထဲသို့ အပြေးကလေးဝင်လာလိုက်သည်။

ဖုန်းကလေးကောက်ကိုက်လိုက်ချိန်မှာတော့ miss call ဖြစ်သွားလေပြီ။ screen ပေါ်ကြည့်လိုက်တော့ ဇင်မာအမျိုးသား ကိုမင်းဖုန်းဖြစ်လို့နေသည်။ ဇင်မာကပြုံးလိုက်ပြီးဖုန်းပြန်ခေါ်လိုက်ပါသည်။

ကိုမင်းသည် ရုံးကိစ္စ ဖြင့် နယ်သွားနေသည်မှာ ၃လခန့်ကြာမြင့်ပါပြီ။ ဇင်မာနှင့် သားသားထံသို့ ဖုန်းဆက်ရန် တစ်ရက်မှ ပျက်ကွက်ခြင်း မရှိအောင်ပင် ဇနီးနှင့်သားသမီးအပေါ် ချစ်တတ် ဂရုစိုက်လွန်းသူပါ။

ခုလည်းသူမေးမည့်မေးခွန်းတွေဇင်မာကြိုတင်သိပါ၏။

ဒီနေ့ဘာချက်လဲ သားသားစာလိုက်နိုင်ရဲ့လား မင်းတို့သားအမိနေကောင်းကြရဲ့လား အခန်းတံခါးသေသေချာချာ ပိတ်နော်

မသိတဲ့တစိမ်းကိုတံခါးဖွင့်မပေးနဲ့နော်

စသဖြင့် စိတ်ပူပန်စွာ မှာတမ်းခြွေမှာ အသေချာ။

“ဟယ်လို မလေး နေကောင်းလား ”

ဇင်မာကိုသူကမလေး၊ စသဖြင့်ခေါ်တတ်၏

ဇင်မာပြောသလိုပင် နေတိုင်းဆက်နေပါလျက် နေကောင်းလားနှင့်စ၏ ဇင်မာက ကိုမင်းမမြင်ရမှာသိရက်နှင့် ကြည်ကြည်နူးနူးလေးပြုံးပြီး

“ဟုတ်ကဲ့ ကိုမင်း ကိုမင်းကော နေကောင်းရဲ့လား သားသားကိုကော ခေါ်လိုက်ဦးမယ် ခဏနော်”

နေနေ မလေးသားသားကိုမခေါ်နဲ့ ကိုမလေးပြောစရာရှိလို့”

“ဟုတ်ပြောလေ”

“မလေးသားသားကို မေမေတို့အိမ်ခဏထားပြီး

နေပြည်တော်ကိုလိုက်လာပေးပါလားဟင်”

“ရှင် ကိုမင်းဘာဖြစ်လို့လဲ စိတ်ပူစရာကိစ္စလား

မလေးရင်တွေပူလိုက်တာ”

“ဖုန်းထဲမှာပြောမပြချင်လို့ပါ မလေးအမြန်လိုက်လာပေးနော်”

တူ တူ တူ

ဖုန်းသံက ပြတ်တောက်သွားလေသည်။

ဇင်မာသည် ကတုန်ကရင်ဖြင့် ရုတ်တရက်ပြာဝေသွားသည်။

ဘုရား ဘုရား ဆိုးဆိုးရွားရွားမဖြစ်ပါစေနဲ့

ကိုမင်း အသက်အန္တရာယ် မထိခိုက်ပါစေနဲ့

တပည့်တော်မ ကိုမင်းအန္တရာယ်ကင်းဖို့ဆိုရင် ဘာမဆိုလုပ်ပါမယ်ဘုရား

ဇင်မာသည် ဆုတောင်းရင်ပင်မီးဖိုထဲမှ ကြက်သားနယ်များယူကာပလတ်စတစ်ဘူးထဲထည့်သည်။

ပြီးလျှင် အဝတ်၂စုံထည့်ပြီး သားသားကိုခေါ်ကာမေမေတို့အိမ်သို့ပို့ခဲ့ပြီး အကျိုးအကြောင်းပြောပြကာ ကြက်သားဗူးလည်းပေးခဲ့သည်။

ဇင်မာ့မမကတော့သူလိုအပ်လျှင်လိုက်ပေးပါမည်တဲ့။

ဒါပေမဲ့ ဇင်မာကမခေါ်ချင်၍ ထားခဲ့လိုက်သည်။

လမ်းခရီးတွင် ဇင်မာတချိန်လုံးတောင်းသည့်ဆုက ကိုမင်းအန္တရာယ်ကင်းဖို့တခုထည်းသာ။

ဇင်မာကအမျိုးမျိုးစဉ်းစားကာနေ၏ ကိုမင်းသည်ဘာကြောင့် ပြောမပြနိုင်ရသနည်း။

အလုပ်ထဲတွင် ငွေကွာလေသလား

ဒါဆိုရင်လည်းငွေလိုသည်ဟု ကိုမင်းပြောလျှင်ဇင်မာကပေးမည်သာ။

ဇင်မာသည် တွေးရင်းတွေးရင်းပင်ရင်ပူလာလေ၏။

ကိုမင်းနှင့်ဇင်မာသည် ငယ်ပေါင်းအပြင် ငယ်ချစ်ပင်ဖြစ်သေးသည်။

ကိုမင်းတို့မြို့တွင်ဇင်မာ့ဖေဖေတာဝန်ကျစဉ် ဇင်မာနှင့်မေမေက ဖေဖေနှင့်အတူပါပြီး ဇင်မာကကိုမင်းတို့ကျောင်းတွင် ၉တန်းတက်ရ၍ ကိုမင်းက၁၀တန်း။

ထိုစဉ် ကပင် ရင်းနှီးခဲ့ကြပြီးတစ်ယောက်အကြောင်းတစ်ယောက် အတွင်းသိအစင်းသိ ငယ်ချစ်များဖြစ်ကြလေသည်။

နေပြည်တော် ကာကြီးကွင်းသို့ရောက်လျှင် ကိုမင်းတိုရုံးမှာ ကောင်လေးတစ်ယောက် ကြိုသည်။

“အကိုကကြိုခိုင်းလိုက်လို့ပါမမ”

“နင်တို့ အကိုကောမောင်လေးသူ

ဘာလို့လာမကြိုတာလဲဟင်”

“ကျွန်တော် မပြောချင်ဘူးမမ ”

ဇင်မာ့အဖို့တော့ အားလုံးသည်ပဟေဋ္ဌိ။

“အမဟိုရောက်တော့သိလေ့မယ်နော်”

“အေးပါအေးပါ”

ကိုမင်းသည် အလုပ်က ပေးထားသော အခန်းတွင်နေသည်

ဇင်မာရောက်သွားသော် ကိုမင်းကိုအရံသင့်တွေ့သည်။

ကိုမင်းမျက်နှာကမကောင်းလွန်းလှပါ။

“ကို့ကိုခွင့်လွှတ်ပါ မလေး”

“ကိုမင်းဘာဖြစ်လို့လဲဟင်”

“ကိုမှားခဲ့တယ် ပေးချင်တဲ့အပစ်ပေးပါ

ကိုဘယ်လိုဖွင့်ပြောရမလဲမသိဘူး ကိုကြာကြာ လိမ်မထားနိုင်တော့လို့ပါ”

“ရှင်”

“ကို မိန်းကလေးတစ်ယောက်နဲ့ပတ်သက်မိနေတယ်”

ဇင်မာ့အဖို့ ရွှေတောင်ကြီးပြိုလေသတည်း။


ဇင်မာသည် ကျောက်ရုပ်လိုမှင်သက်သွားလေသည်။

အသားတွေတဆတ်ဆတ်တုန်လာပြီး ရင်၀ တွင် ဆို့တက်လာ၏။မငိုမိအောင်နှုတ်ခမ်းကိုကိုက်လိုက်သည်။

ဇင်မာမကြားချင် မကြုံချင်ဆုံးအရာသည်

ဖြစ်ပျက်ခဲ့လေပြီ။

ဦးနှောက်သည် တဒင်္ဂ သွေးမရောက်သလို မှင်တက်မိသွားသည်။


နှစ်ဦးစလုံးမည့်သည့်စကားမျှမဆိုပဲ အတန်ကြာတိတ်ဆိတ်လျက်။

ဇင်မာသည် တစုံတခုဆုံးဖြတ်ပြီးသကဲ့သို့ အသံ ထွက်လာသည်။

“ဇင်မာ အခု ဘာလုပ်ပေးရမှာလဲ”

“ကိုဘာလုပ်ရမှန်းမသိတော့လို့ မလေးကို ခေါ်လိုက်တာပါ။”

“ဒါဆို ဘာဖြစ်ချင်တာလဲ ကျမကခွင့်လွတ်ပေးရ မှာလား

ကွာရှင်းပေးရမှာလား ရှင်ကဘာဖြစ်ချင်တာလည်း”


သူသည်တိတ်ဆိတ်သွားပြန်၏


“ကိုကနှစ်ခုစလုံးလိုချင်တယ်ဆိုရင်ကော”

ဇင်မာ့ ရင်ဝကို ထပ်ပြီး အကန်ခံရပြန်ပြီ ။သူပြောတာမှ ဟုတ်ပါလေစ။

သူပြောထွက်ရက်ပေမယ့် ကိုယ့်နားကိုယ် မယုံနိုင်။

ဇင်မာ သူ့မျက်နှာအားတွေတွေကြီးစိုက်ကြည့်

နေမိပါတော့၏။

ချက်ခြင်း ပင် တစိမ်းတရံစာတစ်ယောက်ကဲ့သို့ လွန်စွာဝေးကွာသွားလေသည်။


“ကျမစဉ်းစားအုံးမယ်”


“ပြီးတော့ဟိုကလေးမလေးကိုလည်းမလေးနဲ့တွေ့စေချင်တယ်”


“ရှင်ကမ်းကုန်အောင်ရက်စက်နေပြီနော်

ကျမက မယားငယ်ကိုတွေ့ရမှာလား”


“သူကရှင့်မှာမိန်းမရှိတာသိသိကြီးနဲ့ကြိုက်တာပေါ့

ဒါဆိုရင် ရှင့်ကို တကယ်ချစ်တာမဟုတ်ဘူး အဲဒါငွေမက်တာပါ”


“သူက ကို့ကိုတကယ်ချစ်တာပါ အဝတ်တထည် ကိုယ်တခုနဲ့ပဲဆင်းလာခဲ့ပါပြောနေတာ”


“ရှင့် ရဲ့ကားတွေရှင်ရဲ့လစာတွေမပါပဲနဲ့ပေါ့”


“ဟုတ်တယ်သူကအရမ်းရိုးသားပြီး ကို့ကိုအရမ်းချစ်နေတာ”


“ကျမအဲဒါကြားဖို့သိဖို့လိုသလား ရှင်တဆိတ် ရက်စက်လွန်းနေပြီ”


ဇင်မာသည်အံ့သြလွန်းလှစွာဖြင့် နှစ်ပေါင်းများစွာလက်တွဲလာခဲ့သောခင်ပွန်းဖြစ်သူအား တစိမ်းတရံစာတစ်ယောက်ပမာ ကြည့်နေလေ၏။

မည့်သို့မျှနားလည်နိုင်ခြင်းမရှိစွာ မယုံကြည်နိုင်ခြင်း

များသည်မျက်နှာတွင်လည်းပေါ်လွင်နေလေသည်။


“ကျမစဉ်းစားမယ်

ခုတော့ကျမပြန်မယ် ကျမအချိန်တခုလိုတယ်

ရှင်ပြန်လာတဲ့အခါ အဖြေရစေရပါမယ်”

ဇင်မာသည် ငိုရန်ပင်မေ့လျော့နေပါ၏ ။

ဇင်မာသည်တစက္ကန့်ပင်နေချင်သည့်ဆန္ဒမရှိတော့

သောကြောင့်ပင် မီရာကားနှင့်ပြန်ခဲ့ပါ၏။

သူသည်လည်းမတားဆီးခဲ့။

အပြန်လမ်းသည် လေဟာနယ်သာဖြစ်လို့နေသည်။

ဘာဆုံးဖြတ်ရမည်ကို စဉ်းစားမတတ်နိုင်အောင်ပင်ရှိလေ၏

ဘဝတွင် တကြိမ်တခါမျှ မစဉ်းစားမိသောအကြောင်းအရာသည် မမျှော်လင့်ပဲရောက်ရှိလာလေသည့်အခါ တွေဝေခြင်း၊

တွန့်ဆုတ်ခြင်း၊ယူကျူံးမရခြင်းများ၊ဆောက်တည်ရာမရခြင်းများဖြင့် နှလုံးအိမ်ဝယ် ပြည့်နှက်နေလေသည်။

အချစ်ဆိုသည်မှာအဘယ်နည်း ဇင်မာသည် အိမ်ထောင်စကျပါပြီဆိုကတည်းက ယောက်ျားကို ဘုရားတဆူ ဂူတလုံးသွင် ကိုးကွယ်ခဲ့၏။

သူ မကြိုက်တတ်တာဘာမှာမလုပ်ခဲ့။

သူ၏် စိတ်တိုင်းကျ ထားရာနေ စေရာသွားခဲ့၏။

ဇင်မာ၏ ပျိုမြစ်ခြင်းများသည် ဤမိသားစုကလေး တွင်ပင်ကုန်ဆုံးခဲ့ပါပြီ။

ဇင်မာအတွက် ကိုယ်ပိုင်အချိန်ဆိုတာမရှိခဲ့ သားသားနှင့်ခင်ပွန်းသည်သာဘဝ ဇင်မာ့အသက်။

ကိုမင်းသည် ၄၂ နှစ်ရှိပြီ ဇင်မာက၄၀ ။

ဒါပေမဲ့ ဇင်မာသည်လှ၏။ ခေတ်မီ၏။

ကိုယ်တိုင်က ဖက်ရှင်ဆိုင်ကလေး တနိုင်တပိုင်ဖွင့်ထား

သူမို့ အဝတ် အစားလည်းခေတ်မီပါ၏။

အမြဲ ကိုယ့်ကိုကိုယ် လှပအောင်နေသူသာတည်း။

လူပုံက သေးသေးသွယ်သွယ်ကလေးမို့လည်း

ဇင်မာ့အားမသိတဲ့သူတယောက်က တွေ့လျှင် အသက်၄၀ ဟုမထင်ကြပါ။ ခေတ်ပေါ် အဝတ်အစား ဝယ်နိုင်သူဝတ်နိုင်သူ။ ဝတ်လည်းဝတ်ပါ၏။


x x x

မေမေသည် သမီးငယ်အား သနားဂရုနာသက်လွန်းစွာ သူကိုယ်တိုင်ခံစားရသည့်နှယ် ပြိုတော့မည့်မိုးကဲ့သို့သော မျက်နှာဖြင့် ထွေးပွေ့ပါ၏။

“သမီးဘာလုပ်ရမလဲ အမေရယ် သမီးက စွန့်လွှတ်ရမှာလားခွင့်လွတ်ရမှာလားမသိတော့ဘူး”

“သမီးခေါင်းအေးအေးထားပြီးစဉ်းစာပါ အမေကသမီးဘက်က သမီးဆုံးဖြတ်တာကို မှန်တယ်လို့အမြဲယူဆမှာ”

“သမီးစွန့်လွှတ် ပေးလိုက်ရင် သားသားအဖေမဲ့သွားမှာ

လောကအလယ် အဖေမရှိပဲရပ်တည်ရတော့မှာ အရာရာ သူကိုယ်တိုင်ဆုံးဖြတ်ဖို့ သားသားကမရဲရင့်သေးဘူးအမေရယ်”

ဒါပေမဲ့ အဲဒါကြောင့် ခွင့်လွှတ်ပေးလိုက်ရင်လည်း သမီးနောင်တတွေ သောကတွေနဲ့ တဘဝလုံးနေသွားရတော့မှာ

ကိုယ့်အပေါ် မချစ်မနှစ်သက် သစ္စာ မရှိတဲ့သူကို သမီးကဝတ်ကြီးဝတ်ငယ်ပြုစုပြီး နေသွားဖို့ကဘယ်လိုမှာမဖြစ်နိုင်ဘူးအမေ

သမီးကလေ ဘဝကို ရိုးရိုးလေးပဲဖြတ်သန်းပြီး

သားသား အရွယ်ရောက်လာတာ စောင့်ကြည့်ပြီး လိုအပ်တာလေးတွေဖြည့်ဆည်းပေးပြီး အိုမင်းသွားချင်တာပါ။ သမီးဆုတောင်းတွေမပြည့်ခဲ့ဘူး။

သမီးဘာများမှားလို့လဲဟင်။ သမီးသူအပေါ် ဘာတခုမှ မပျက်ကွက်ခဲ့ပါဘူး

သမီးကျမှ ဘာလို့ဒီအဖြစ်ဆိုးကဖြစ်ရတာလဲဟင်”

ဇင်မာသည် ပြောရင်းဆို့နင့်လာကာ မျက်လုံအိမ်တွင် လျှံတက်လာသောမျက်ရည်များက ပါးပြင်ပေါ်တွင်တလိမ့်လိမ့်ပြိုဆင်းလာတော့၏။


“မေမေမငိုပါနဲ့နော်

သားသား မေမေကိုအားရှိအောင်လုပ်ပေးမှာပါ

သားသားက မေမေ့ကိုကူမှာပါ သားသားနောက်တစ်နှစ်နှစ်နှစ်ဆိုရင်အလုပ်လုပ်ပြီးမေမေ့ကိုကူမှာပါ။သားတို့ အဆင်ပြေမှာပါမေမေရဲ့။မေမေငိုရင် သားသားပါငိုချင်တယ်မေမေရဲ့”


သားသားသည် တုန်တုန်ခိုက်ခိုက်လေးဖြင့်ဆိုသည်။

ဇင်မာသည် သားရှိနေသည်ကို သတိပြုမိသွားသဖြင့် အငိုရပ်လိုက်သည် ။ “နောက်ကိုမေမေမငိုဘူးသားသား၊

သားသားကို မေမေစောင့်ရှောက်မယ် သားသားမငိုနဲ့ မေမေလည်း မငိုဘူး”

ဇင်မာသည် နောင်တွင်သားသားရှေ့မှာမငိုတော့ရန် ကြံ့ခိုင်သူအဖြစ်သာ သားသားမြင်စေရန်ကြိုးစားမည်ဟု တိတ်တဆိတ်တွေးလိုက်သည်။

မမကတော့ တခွန်းဝင်ပြောသည်”ညီမရေခုခေတ်ကြီးမှာ ဖောက်ပြန်ရင် နှစ်ယောက်လုံးကို တရားစွဲလို့ရနေပြီ တိုင်လိုက်တာမကောင်းဘူးလား”

အို ကိုမင်းကို ဒုက္ခ ရောက်အောင် ဇင်မာကလုပ်ရမည်လား

ဘယ်သောအခါမှ မဖြစ်နိင်ပါ။

“ဟင့်အင်မမ ညီမလေးကြောင့်ကိုမင်းဒုက္ခ မရောက်စေရဘူး တခြားနည်းနဲ့ပဲဖြေရှင်းပါရစေနော်

သားသားကိုလည်းအဖေ ကဒီလိုကိစ္စ မျိုးကြောင့်

ထောင်ကျတဲ့သူရဲ့သား အခေါ်မခံနိုင်ပါဘူး မမရယ်”

မမကတော့ဇင်မာ့ကို အံ့သြသလိုကြည့်ပါပြီ။

“လောလောဆယ်သူကညီမလေးကိုအရင်ဒုက္ခရောက်အောင်လုပ်တာနော်”

” ဒါပေမဲ့မမရယ် ညီမ အဲလို မလုပ်ရက်ဘူးမမ”

“ဒါဆိုလည်း အဲဒီ ဟာမကိုသွားရှာပြီး

ပါးသွားရိုက်ရအောင်”

မမသည် လွန်စွာဒေါသထွက်နေလေသည်။


xxx


နောက်၂ရက်အကြာတွင် ကိုမင်းသည် အမျိုးသမီတဦးကို ခေါ်လျှက် အိမ်သို့ပြန်လည်ရောက်ရှိလာလေသည်။

ကိုတို့ ဆုံရှင်းသင့်တယ်ထင်လို့ဟုသူကပြော၏

ဇင်မာ့သည်မြင်လည်းမမြင်လိုကြားလည်းမကြားလိုပါပဲ

ရှောင်လွှဲမရဖြစ်နေလေသည်။

အဆုံးတွင် ဇာမာသိပ်ချစ်ရလွန်းသူ ဇင်မာကိုးကွယ်ခဲ့သူသည် သားသားမျက်နှာပင်မထောက်ပဲသားသားရှေ့မှောက်သို့ပင်

မယားငယ်ကို အိမ်ပေါ်အထိပင်ခေါ်တင်လာခဲ့ပါပြီ။


ကောင်မလေးသည် ဇင်မာထက်၁၀နှစ်ခန့်ငယ်မည်။

ရှိလှ ၃၀ ခန့်သာ ။ ရုပ်ရည်ကရွက်ကြမ်းရေချိုအဆင့်သာရှိ၏။

ပြည့်စုံသော မိသားစုမှာပေါက်ဖွားကြီးပြင်းလာသော ရုပ်ရည်မဟုတ်။အဝတ်အစားမှလည်းခေတ်မီ

ခေတ်ဆန်နေသောငြား တောက်ပမှုမရှိပါ။ ထို့အပြင်ဇင်မာ၏အိမ်နေရင်းအဝတ်အစားလောက်ပင်

တောက်ပြောင်မှုမရှိသောအဝတ်အစားများသာ။

ဒါလားဘာမှ မပါပဲလူ ချည်းဆင်းလာခဲ့လို့ပြောရဲတာ။

ရှင်ပဲယုံနေလိုက်။

ဇင်မာ့ထက်သာတာဆိုလို့ အသက်ငယ်တာပဲရှိသည်။

ကြာရင်ရှင်ရိုးသွားမှာပါ။

“ကိုကြီးကမမနဲ့တွေ့ကြည့်ပါပြောလို့လိုက်လာခဲ့တာပါ။

မမပါးရိုက်မှာလည်းကြောက်ပါတယ်။


“သမီးကကိုကြီးကို တကယ်ချစ်တာပါမမရယ်

ကိုကြီးနဲ့ခွဲရမှာလည်းတကယ်ကြောက်ပါတယ်

ဒါပေမဲ့ မမဆုံးဖြတ်တာကိုနာခံမှာပါ။

မမတို့ပြန်ပေါင်းကြမယ်ဆို သမီးကရှောင်ပေးမှာပါ။

သမီးရဲ့ကံပေါ့။ ကောင်မလေးသည်မျက်နှာငယ်လေးနှင့်သနားစဖွယ်

ဆိုလေသည်။


ဇင်မာသည် ကောင်မလေးကိုသနားပဲသနားရတော့မလိုလို နှင့်ပင်။ငါကအမေလားသူတို့ဒီလိုတွေလာပြောရအောင်

ငါကအမလားဟုပင်တွေးနေမိပြီ။ မသိရင်ပဲ အမေနဲ့တွေ့ဖို့ ရည်းစားကို ခေါ်လာပြသလိုဖြစ်နေသည်။ ဇင်မာသည် ထိုမိန်းကလေးကို စေ့စေ့ပင်မကြည့်။

သူ၏ ပုံရိပ်တွေ မျက်စိထဲမှာ စွဲထင်ကျန်နေမှာ ကြောက်လွန်းလှ၏။


ဇင်မာက “ဒါဆိုရင် မင်းကကင်းကင်းရှင်းရှင်းနေနိုင်လား

နေနိုင်ရင်မမက မနစ်နာအောင်လုပ်ပေးပါမယ် ရင်းနှီးစားလို့ရအောင် လုပ်ပေးမယ် ကိုမင်းနဲ့ထပ်မပတ်သက်ဖို့ အာမခံရင်ပေါ့” ဟုဇင်မာကဆို၏။

“ကိုကြီးကကင်းနိုင်ရင် သမီးကကင်းအောင်နေပါ့မယ်မမ”


“ဒါဆိုရင်ရှင့်ဖက်ကကော ဘယ်လိုလဲ”

“ကိုစဉ်းစားပါရစေဦး”

“ဒါဆို ဒီလိုလုပ်ရအောင် ရှင်စဉ်းစားနေတုံး တစ်ယောက်နဲ့တစ်ယောက်နဲ့မတွေနဲ့ ညီမကလည်းကိုယ့်အိမ်မှာနေ ကိုမင်းကလည်းတခြားမှာနေ

အိမ်ကိုမလာနဲ့ တပတ်လောက်ပေါ့

phone တွေလဲမဆက်ကြနဲ့

စဉ်းစားပြီရင် စဉ်းစားတဲ့အတိုင်းလုပ်ရအောင်”

“ဟုတ်ကဲ့မမ အဲဒီအတိုင်းလုပ်ပါ့မယ်

သမီးကအရင်စဉ်းစားလာတာက မမကသာမိုက်မိုက် ရိုင်းရိုင်းပြောရင် သမီးကကိုကြီးကိုတရားစွဲမှာ

ခုတော့မမကသမီးဖက်ကိုလည်းစဉ်းစားပေးလို့

တိုင်တာ တောတာလည်း မလုပ်တော့ပါဘူး

မမ ဆုံးဖြတ်ပေးတာပဲလိုက်နာမှာပါ

ပြီးတော့မမကိုပဲတိုင်ပင်မှာပါ”

ဇင်မာသည် ရုတ်တရက် ပေါ်လာသောအတွေးအတိုင်းသာ သီးခြားနေရန်ပြောမိလျှက်သားဖြစ်ပါသည် ။ သူစကားကို ဇင်မာနားလည် လိုက်သည်မှာ ဇင်မာ ကပိုက်ဆံပေးရင် ကျေနပ်ပါတယ် မပတ်သက်တော့ပါဘူး လို့ပဲ နားလည် သည် ။ သို့သော် ကိုမင်းကစဉ်းစားပါမည်တဲ့။ သူကကင်းအောင်မနေနိုင်တဲ့သဘောပေါ့။

မတိုင်ပင်ပါနဲ့မကြားမမြင်ရပါစေနဲ့ ဆိုတာကတော့ ဇင်မာ့ရင်ထဲက အသံများသာ။

“အဲဒါဆို ကိုကြီးမလေးကိုပြန် လိုက်ပို့ ဦးမယ်နော်”

မြတ်စွာဘုရား ထိုသူသည် ဇင်မာ့ကိုရော ဟိုမိန်းကလေးကိုပါ မလေးဟုခေါ်လေ၏

“ဟင့်အင်ကိုကြီးလိုက်မပို့နဲ့တော့

သမီးကို သာကေတပြန်ဖို့ taxi ခပဲပေးလိုက်တော့ မမပြောသလို သီးခြားနေမယ်လေ”

ကိုမင်းသည် ဇင်မာအားလှမ်းကြည့်လေ၏ ဇင်မာကနှစ်ပေါင်းများစွာ ပေါင်းလာခဲ့ယောယောကျ်ား၏ အကြည့်ကိုဖတ်တတ်ပါ၏။

ဇင်မာသည် လက်ရှိအဖြစ်အပျက်ကြီးကိုမယုံနိုင်စွာ

ဖြစ်နေသည့်ကြားကပင်ကိုယ့်ယောကျ်ား၏ နောက် မိန်းမကို Taxi စီးရန် နှစ်သောင်းထုတ်ပေးလိုက်ရလေ

တော့သည်။

“အဲဒါဆိုရှင်လည်း အိမ်မှာမနေနဲ့ တော်ကြာ ကောင်မလေးက အထင်လွဲ တာတို့ဘာတို့ ဖြစ်ရင်ကျမမကောင်းဘူး”

“ဒါဆို ကိုကဘယ်မှာနေရမလဲ မလေးရဲ့

ကိုမှာပိုက်ဆံလဲမရှိတော့ဘူး”

ရှင့်အလုပ်ထဲ သွားနေပါလား

“အလုပ်က နားခိုင်းလိုက်လို့ကိုပြန်လာတာပါ”

“အော်ဖြစ်မှဖြစ်ရလေ၊ဒါဆိုနေစရာစားစရာမရှိတော့မှ ကျမဆီပြန်လာ တဲ့သဘောပေါ့”

ဇင်မာသည် ထူးပြီးအံ့သြမနေတော့ပါ။

“မလေးရယ်စကားနာမထိုးပါနဲ့တော့ ကိုလည်းအမြန်စဉ်းစားပြီး အဖြေ ပေးမှာပါ

သူကကို့ကို အရမ်းချစ်နေတာ မလေးလည်းအမြင်ပဲလေ

ကိုကထိုင်ဆိုထိုင်ကိုကထဆိုထနဲ့ ကို့စကားဆိုအကုန်နားထောင်ပြီး

သူကအဲလောက်ချစ်နေတော့ စွန့်ပစ်ရမှာကိုသနားနေတာ

ဒါကြောင့်ဘာလုပ်ရမှန်းမသိလို့

ဒါကြောင့်ခေါ်လာပြတာပါ ပြီးတော့ကိုကလည်းချစ်တယ်”

“အော်!”

သူသည် ဇင်မာမကြားသင့်သည်များကိုပါ ပြောထွက်နေလေသည်။

ဇင်ာမာ သည်မိမိရှေ့မှာရှိသောသူ၏ရှေ့မှ အမှုန်အဖြစ်ပင်ပျောက်ကွယ်လို၏

သူအသံကိုထပ်ကြားရမှာကိုပင်ကြောက်နေလေပြီ

သို့နှင်ပင် ပိုက်ဆံ ၅သောင်းပေးကာ အသိအိမ်တွင် ခေတ္တ နေရန် ပြောဆိုပေးလိုက်၏

သားသားသည်အရာအားလုံးကိုမြင်လျှက်သိလျှက်ပင်

ထောင့်လေးတွင် ငုံ့ငုံ့လေးထိုင်နေလေသည်။

“သားသား အဖေကြီးကိုချစ်လား”

“မချစ်ဘူး ကျွန်တော့မှာအဖေမရှိဘူး”

အဖေသည်ငိုလေ၏။


xxx


ဖုန်းတစ် call ဝင်လာ၏။


“မမရေသမီးဆီကို ကိုကြီးကဖုန်းဆက် တယ်မမ သမီးကလုံးဝစဆက်တာမဟုတ်ဘူးနော် မမပြောတဲ့အတိုင်းနေတာအဲဒါမမ သိအောင်လှမ်း ပြောတာကိုကြီးကညီမကိုပဲ လက်ထပ်ယူချင်တာတဲ့ မမရယ်သမီးကတော့ ကိုကြီးကိုအရမ်းချစ်တော့ မမတို့ပြန်ပေါင်းကြမယ်ဆိုလည်း ကျေနပ်ပါတယ် ။

ဒါပေမဲ့လည်း ကိုကြီးကသမီးမှသမီးဖြစ်နေတာ မမရယ်”


ဒုတိယဖုန်း call


“ကို့ကိုခွင့်လွတ်ပါ ကိုသူ့ကိုသံယောဇဉ် မပြတ်နိုင်ဘူး သူကအရမ်းသနားစရာကောင်းတယ်မင်းစီစဉ်တာခံ

ပါ့မယ်ပဲပြောနေတာ ။ကို့ကို ကွာရှင်းပေးပါ ။ ကိုဘာပစ္စည်းမှမယူပဲဆင်းမှာပါ

သူကလည်းလူချည်းပဲလာခဲ့ပါတဲ့”


ဇင်မာသည် ထိုအနိဋ္ဌာရုံ များအားကြားချင်တွေ့ချင်စိတ်ကုန်ပါပြီ ။

တစက္ကန့်မျှ ထပ်မကြားလို မမြင်လို တော့သောကြောင့်

ချက်ချင်းပင်ဆုံးဖြတ်ချက်ချလိုက်သည်။


xxx

တရားရုံးတွင်မူ ဇင်မာသည် မိမိမှာ အရမ်းချစ်ကြသည့် ချစ်သူနှစ်ဦးကြားတွင် ဗီလိန် ကြီးအဖြစ်မှ လွတ်ကင်းခွင့် ရလေပြီဟု အတွေးရောက်လေသည်။

ဇင်မာသည် မျက်ရည်မကျအောင် ထိမ်းထားသည့်ကြားမှ

သူ၏ရှေ့မှောက်တွင်မျက်ရည်ဖြိုင်ဖြိုင်ကျလေ၏။

သားသားသည်လည်း ငိုလေပြီ။


သို့သော်ရက်စက်သူကြီးကား ချစ်သူလက်ကိုဆွဲကာ လှည့်၍ပင်မကြည့်ပဲ ရှေ့မှထွက်သွားလေသည်။ ကမ်းကုန်အောင်ရက်စက်သူသည် တရားရုံးရှေ့ မှာစောင့်နေပြီး သူတို့နှစ်ဦးအားလိုက်ပို့ပါရန်ဆိုသည်။

ဇင်မာသည် နောက်ဆုံးအနေဖြင့် သူ၏ဆန္ဒ ဖြည့်ဆီးရန် အတွက် လိုက်ပို့ပေးလိုက်၏။

ကားပင်ကောင်းကောင်းဝင်မရသောလမ်းကျဉ်းကလေးတခုအတွင်းတွင် ထိုအိမ်သည်တည်ရှိလေသည်။

လမ်းပေါ်တွင်ကလေးများဆော့ကစားနေခြင်းများ အိမ်ရှေ့တွင် ကပ်ရပ်ထားသောဆိုက်ကားများ၊

အဝတ်လှမ်းတန်းများ ၊ရေစည်များကို ရှောင်ရှားရင်းဖြင့် ထိုအိမ်ရှေ့သို့ရောက်လေ၏ ။

အိမ်ဟုဆိုသောငြား ၁၀ ပေ ခန့်ရှိသော အခန်းကျဉ်းသာဖြစ်သည်။ခေါင်းရင်း ဖက်တွင် တခန်း ခြေရင်းဖက်တွင် ၃ခန်းဖြင့်တန်းလျား လိုအခန်းမျိုးသာ ဖြစ်လေသည်။အိမ်အောက်တွင် ရေများလည်းဝပ်လျှက်။

ကျန်အခန်းလေးခန်းမှာလူများသည်လည်း ကားရပ်လိုက်သောအခါ ထွက်ကြည့်ကြလေသည်။

ထိုမိန်းကလေး၏ အခန်းရှေ့တွင် အသက်၆၀ကျော်အရွယ် အရက်ဖော ဖောနေသော မျက်နှာနှင့်

အမျိုးသားကြီးတစ်ဦး ၊

၃နှစ်အရွယ် ကလေးမလေးတစ်ဦးကိုချီထားသော အသက်၂ရ /၂၈ နှစ်အရွယ် မိန်းကလေးတစ်ဦး တို့ကိုပါတွေရသည်။


ဇင်မာသည် မိမိမှားပြီလား သူလောက်အကောင်းကြိုက် တတ်လွန်းသူသည် ဒီလိုနေရာမျိုးမှာ တကယ်နေနိုင် ပါ့ မလား ငါကွာရှင်းပေးလိုက်တာ သူကိုဒုက္ခတွင်းထဲတွန်း

ပို့ သလိုဖြစ်သွား ပြီလားဟုပင်တွေးမိနေပါသည်။


အမှန်တကယ် သူစိတ်ချမ်းသာဖို့စွန့်လွတ်လိုက်ခြင်း ဖြစ်

သည်မို့ သူတကယ်စိတ်ချမ်းသာပါ့မလားဟုလည်း တွေး

ပူမိပြန်၏ ။

အပြန်လမ်းတွင် စိတ်တို့အနည်းငယ်

ပေါ့ပါးသွက်လက်နေပါပြီ။


ငယ်စဉ်ဘဝကပင် သူငယ်ချင်း ကျောင်းနေဖက် တမြို့ထဲ အကြောင်းသိ အတွင်းသိအစင်းသိ သူငယ်ချင်းလိုမောင် နှမလို ပေါင်းလာခဲ့ရာမှ အချစ်၊သံယာဇဉ်၊မေတ္တာ တို့ဖြင့် လက်ထပ်လာခဲ့ကြသူတွေ ဖြစ်ခြင်းကြောင့်ပင် ထွက်ခွာ သွားလိုသူကို ထပ်မံပြီး မည်သည့်ကြိုးနှင့်မျှ မချည်နှောင် လိုတော့ပါ။

ချည်ပြီးသားဖြစ်ခဲ့သောကြိုးများကိုလည်း မေတ္တာဖြင့်သာ ပြန်လည် ဖြည်ချင်ခဲ့ပါ၏။

ထို့ကြောင့်လည်းမေတ္တာဖြင့်သာ ဖြည်ခဲ့ပါလေသည်။


ပြီးပါပြီ။

မေတ္တာဖြင့်


#မစ်ကီ

MILKY

17.12.2022

လွန်တာရှိဝန္တာမိပါရှင်။

စာကြွင်း။ ။စာရေးသူကိုယ်တိုင်ဆက်လက်ရေးလို စိတ်မရှိတော့ပါသောကြောင့် ဤနေရာတွင်ပင် အဆုံးသတ် ခွင့်ပြုပါ။ အမှန်တကယ် ကနောက်ဆက်တွဲ ကိစ္စများသည် ဒီထက်ပိုဆိုးပါသည်။သည်ထက် ရင်နင့်စရာ ပို ကောင်းလှပါသည်။စာရေးသူဆက်လက် မရေးနိုင်တော့ပါ။ ဆက်လက် မရေးချင်တော့ပါ။ စာဖတ်သူများ ကိုလည်း ဒီထက်မခံစားစေလို၍ ဤနေရာတွင်ပင်အဆုံးသတ်လိုက်ပါသည်။

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား