ဘဝမေ့ပြီးဘဝင်မမြင့်စေနဲ့(စ/ဆုံး)

 ဘဝမေ့ပြီးဘဝင်မမြင့်စေနဲ့(စ/ဆုံး)


——————————-


“အဖေ့စာအုပ်ဆိုင်” ဆိုသည့်စာအုပ်အဟောင်းများရောင်းချနေသောဆိုင်းဘုတ်‌ သေးသေးလေးတစ်ခုသည်ရန်ကုန်မြို့ကြီး၏နံပါတ်တပ်လမ်းသွယ်လေးတစ်နေရာမှာတည်ရှိလျက်ရှိသည်။ မိုးသည်းထန်စွာရွာသွန်းနေတဲ့ တစ်နေ့မှာတော့ဆိုင်ထဲကမီး ရောင်မှိန်ဖျော့ဖျော့နဲ့စာအုပ်ဟောင်းတွေကြားထဲ၌အသက်ငါးဆယ်ကျော်ရှိနေပြီဖြစ်တဲ့ဦးသိန်းမောင်ဟာ မျက်မှန်ကိုချွတ်ကာမျက်ဝန်းထဲမှမျက်ရည်စတွေကိုသုတ်နေသည်။

” .. ဒီစာအုပ်ဆိုင်လေးဆက်ဖွင့်ထားနိုင်ခွင့်အချိန်ကဘယ်လောက်ထိရှိနေမှာပါ လိမ့်၊ငါ့ရဲ့ဝါသနာအမွေအနှစ်ကြီးမို့စွန့်ပစ်ဖို့ကအရမ်းခက်ခဲလှတယ်”

သူကိုယ်သူပြောနေဟန်ရှိသည်။ထိုအခိုက်မိုးရေကြားထဲမှပြေးလာဟန်ရှိသည့်လူငယ်တစ်ယောက်ကဆိုင်ထဲသို့ဝင်လာသည်။

“.. စာအုပ်ဟောင်းလေးတွေ ကြည့်ချင်လို့ပါ”

လူငယ်ကချမ်းတုန်နေသည့်အသံဖြင့်ပြောလိုက်သည်။

ဦးသိန်းမောင်ကသူ့ကိုကြည့်လိုက်သည်။ငယ်ရွယ်နုနယ်သေးသော်လည်းမျက်လုံးထဲ၌ဘဝ၏ရိုက်ပုတ်ခံထားရသည့်ဒဏ်ရာများပြည့်နှက်နေသလိုရှိနေသည်ကိုအကဲခတ်မိလိုက်သည်။

“ဘာစာအုပ်မျိုးရှာနေတာလဲကွယ်”

“ဟို လေစာအုပ်နံမည်တော့မသိပါဘူးဘဝနဲ့သက်ဆိုင်တဲ့… အင်း…ဘဝကို ပြန်လည်တည်ဆောက်နည်း… ဒါမှမဟုတ်… အောင်မြင်ရေးစာအုပ်မျိုးလိုဖတ်ချင်တာပါ”

ဦးသိန်းမောင်ကသူ့အား စာအုပ်စင်၏ထောင့်တစ်နေရာသို့ခေါ်သွားသည်။ထိုနေရာရှိစာအုပ်ဟောင်းလေးတစ်အုပ်ကိုစာအုပ်ပုံကြားထဲမှအသာထုတ်ယူပေးလိုက်သည်။

“ဒီစာအုပ်လေး… ဖတ်ကြည့်ပါလား”

လူငယ်ကစာအုပ်ကိုယူကာခေါင်းစဉ်ကိုဖတ်ကြည့်လိုက်သည်- “ဘဝနာပြီးဘဝကိုမြှင့်တင်ခြင်း”

“ဒီစာအုပ်ကဘာများကောင်းပါသလဲခင်ဗျာ”

ဦးသိန်းမောင်က ပြုံးလိုက်သည်-

“ဒီစာအုပ်ထဲမှာ ဇာတ်လမ်းနှစ်ပုဒ်ပါတယ် ပထမဇာတ်လမ်းကဘဝနာပြီးမှဘဝမြင့်တက်လာတဲ့လူတစ်ယောက်အကြောင်း၊ ဒုတိယဇာတ်လမ်းကဘဝကိုမေ့လျော့ပြီးဘဝင်မြင့်သွားတဲ့လူတစ်ယောက်အကြောင်းပါ”

လူငယ်က စာအုပ်ကိုလက်ထဲမှာတင်းရင်းစွာဆုပ်ကိုင်လိုက်သည်။မျက်လုံးအစုံကရွှန်းလက်တောက်ပလာသည်။

“ကျေးဇူးတင်ပါတယ်… ဒါပေမယ့်… ကျွန်တော့်မှာစာအုပ်ဖိုး‌ပေးရမဲ့ပိုက်ဆံကမလောက်ပဲအရမ်းနည်းနေလို့မဝယ်နိုင်ဘူးဦးလေးရယ်…”

“ရပါတယ်ငါ့တူရယ်… မင်းဆိုင်ထဲဝင်လာကတည်းကမင်းစိတ်ဓါတ်တွေအရမ်းကျနေတာဦးလေးရိပ်စားမိပါတယ် ဦးလေးကူညီနိုင်တာကိုကူညီလိုက်ပါမယ် ဒီစာအုပ်ကို ဝယ်ဖို့ ပိုက်ဆံမလိုပါဘူး… ဘဝအတွေ့အကြုံတွေပဲ လိုအပ်ပါတယ်”

“ကျေးဇူးအများကြီးတင်ပါတယ်ဦးလေးရယ်”

လူငယ်က စာအုပ်ကိုရင်နှင့်ကပ်ကာမိုးရေထဲသို့ ပြေးထွက်သွားသည်။ ဦးသိန်းမောင်က သူ့နောက်ကျောကိုကြည့်ရင်း မသိမသာပြုံးနေမိသည်။

နှစ်အနည်းငယ်ကြာပြီးနောက်…

အဆင့်မြင့်ရုံးခန်းတစ်ခုထဲတွင်လူငယ်တစ်ဦး (ယခုအခါ အောင်မြင်သောလုပ်ငန်းရှင်တစ်ဦး) ကလက်ထဲတွင်ကိုင်ထားသော”ဘဝနာပြီးဘဝကိုမြှင့်တင်ခြင်း” စာအုပ်ကို ကြည့်ရင်း ပြုံးနေမိသည်။

သူ့လက်ထောက်တစ်ဦးက ဝင်လာပြီး

“ဆရာ..ဆရာ့ရဲ့အောင်မြင်မှုဇာတ်လမ်းကိုမဂ္ဂဇင်းတစ်စောင်ကဆရာနဲ့အင်တာဗျူးပြီးရေးသားချင်တယ်လို့ ဆက်သွယ်လာပါတယ်ခင်ဗျာဘယ်လိုပြန်အကြောင်းပြန်လိုက်ရမလဲဆရာ”

သူက ခေါင်းခါလိုက်သည်- “မလိုအပ်သေးပါဘူး… ကျွန်တော့်ရဲ့အောင်မြင်မှုဟာ ဘဝဒဏ်ရာတွေကို သိမ်းဆည်းထားပြီးဘဝင်မမြင့်အောင်နေတတ်ဖို့ပါပဲသူတို့ကိုယဉ်ကျေးစွာပဲငြင်းပယ်လိုက်ပါနော်”

ထိုညနေခင်းတွင်သူ့ကိုစာအုပ် အလကားပေးလိုက်သည့် “အဖေ့စာအုပ်ဆိုင်” ဆီသို့ ပြန်လည်ရောက်ရှိလာသည်။ ဦးသိန်း‌မောင်ကဆိုင်ကိုမပိတ်ရသေးပဲရှိနေသေးသည်။

” ဦးလေး.. ဒီစာအုပ်လေးကို ပြန်ပေးချင်လို့ပါ”

အသံကြားရာဆီသို့ဦးသိန်း မောင်ကစောင်းကြည့်လိုက်သည်-

” အိုး!ငါ့တူကြီးပါလား!မတွေ့ရတာတောင်နှစ်တွေအတော်ကြာသွားပြီမှတ်တယ်..ဘယ်လိုနေလဲကွယ်”

“ကျေးဇူးတင်ပါတယ်… ဒီစာအုပ်ကြောင့်ကျွန်တော် ဘဝကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်”

“ဒါဆိုဒီစာအုပ်ကိုဆက် သိမ်းထားဖို့မလိုအပ်တော့လို့လာပြန်ပေးတာလား”

” ဟုတ်ကဲ့မလိုအပ်တော့လို့ပါ… ဒီစာအုပ်ရဲ့အကြောင်းအရာအားလုံးကို ကျွန်တော် နှလုံးသားထဲမှာ သိမ်းဆည်းထားပြီးပါပြီ”

ဦးသိန်းမောင်ကပြုံးလိုက်သည်- ။

“ဒါဆိုဒီစာအုပ်ကိုနောက်လူငယ်တစ်ယောက်ဆီလက်ဆင့်ကမ်းသင့်ပြီဆိုတဲ့အဓိပ္ပါယ်ပေါ့”

လူငယ်က ခေါင်းညိတ်လိုက်သည်။ဦးသိန်းမောင်အားစာအိတ်လေးတစ်အိတ်ထဲတွင်ငွေတချို့ထည့်ကာကန်တော့ပြီးကျေးဇူးဆပ်ခဲ့သည်။ပြီးမှဆိုင်ထဲမှထွက်ခွာ သွားတော့သည်။ ဦးသိန်း မောင်ကစာအုပ်ကို ပြန်လည်သိမ်းဆည်းရင်း ရေရွတ်လိုက်သည်-

“ဘဝနာပြီး ဘဝမြင့်သွားသူတစ်ယောက်တော့ဖြစ်သွားရှာပြီ”

အချိန် တွေကကုန်လွန်ပြန်သည်…တစ်နေ့တွင် လမ်းပေါ်တစ်‌နေရာ၌လူငယ်တစ်ယောက်က‌ နောက်ဆုံးပေါ် Iphoneအသစ်ကြီးကိုကြွားကြွားဝါဝါကိုင်ရင်းဟန် တွေလုပ်နေသည်။သူ့ဘေးနားရှိသူငယ်ချင်းများကိုကြွားပြနေသည်။သူငယ်ချင်းအချို့၏မြှောက်ပင့်ပြောဆိုနေမှုကိုကျေနပ်နေဟန်ရှိနေသည်။

ထိုအချိန်တွင်လူငယ်ဟောင်းကကားထဲမှဆင်းလာပြီးသူတို့ဘေးကဖြတ်သွားသည်။ သူက လူငယ်ကို ကြည့်ပြီး ပြုံးလိုက်သည်-

“ဘဝကို မေ့ပြီး ဘဝင်မြင့်နေတာ… ရှက်ဖို့ကောင်းလိုက်တာ”

I phoneအသစ်ကိုင်ကြွား‌ နေ သောလူငယ်ကသူ့ကို ကြည့်ပြီး

“ဘာပြောတာလဲ.. ငါ့ဘဝနဲ့ငါချမ်းသာလို့ကိုင်နိုင်သုံးနိုင်တာဘာလာပြီးမနာလိုတိုရှည်တွေဖြစ်ပြီးပေါက်ပေါက်တွေလာဖေါက်နေတာလဲ.. အသလွတ်ကြီး ဆော်ထည့်လိုက်မှဟုတ်ပေ့ဖြစ်သွားမှာ”

” မနာလိုလို့ ပြောတာမဟုတ်ပါဘူးအကို့ရဲ့အရင်ဘဝကနာကျင်ခက်ခဲခဲ့တာကိုစာနာမိလို့ညီကို‌ပြောမိတာပါ စိတ်မဆိုးပါနဲ့ အကိုတောင်းပန်ပါတယ်… ဘဝဆိုတာ နာကျင်မှုတွေကို သိမ်းဆည်းပြီး မိမိကိုယ်ကို မြင့်မြတ်အောင်လုပ်ရတာပါ…ဘဝကိုမြင့်အောင်လုပ်ပါနော်ဘဝ‌မေ့ပြီးဘဝင် တွေမမြင့်ဖို့က အရေးကြီးဆုံးပါငါ့ညီ”

သူကပြောပြီးထွက်သွားသည်။လူငယ်ကငေးစိုက်ကြည့်နေရင်းသူ့ဘဝအကြောင်းကိုစဉ်းစားလိုက်သည်။ သူ့မျက်နှာတွင်ရှက်ရွံ့ခြင်းအရိပ်အယောင်ဖြတ်သန်းသွားသည်။ တစ်နေ့ သောညနေခင်းတွင်လူငယ် လေးသည် “အဖေ့စာအုပ်ဆိုင်” ဆီသို့ ရောက်ရှိလာပြန်သည်။ ဦးသိန်းမောင်က သူ့ကို ကြည့်ပြီး

“စာအုပ်လား… စာအုပ်လာရှာတာလား”

ဟု မေးလိုက်သည်။

လူငယ်က ခေါင်းခါလိုက်သည်-

“မဟုတ်ပါဘူး… ကျွန်တော်… ကျွန်တော် ဘဝအကြောင်း နည်းနည်းလေး မေးချင်လို့ပါ”

ဦးသိန်းမောင်ကသူ့ဘေး နားကခုံပေါ်ထိုင်ဖို့ညွှန်ပြလိုက်သည်-

“ထိုင်ပါ… ဘဝဆိုတာ ရှည်လျားတဲ့ ခရီးတစ်ခုပါ… ဒါပေမယ့် အဓိကကျတာက ဘဝနာပြီးဘဝကိုမြှင့်ဖို့ပါ… ဘဝကိုမေ့ပြီးဘဝင်မြင့်တာမျိုးကတော့ ရှက်ဖို့ကောင်းတယ်”

လူငယ်က ခေါင်းညိတ်လိုက်သည်။ သူ့မျက်လုံးထဲတွင် နားလည်သဘောပေါက်မှုအလင်းရောင်ဖြာထွက်လာသည်။

“ကျေးဇူးတင်ပါတယ်…အဘ”

“မင်းသိလား… ဒီစာအုပ်ဆိုင်လေးဟာ ဆယ်စုနှစ်ပေါင်းများစွာ ရပ်တည်နေခဲ့တယ်… ဒါပေမယ့် ငါဘယ်တော့မှ ဘဝင်မမြင့်ခဲ့ဘူး… ဘာကြောင့်လဲသိလား… ဘဝနာကျင်မှုတွေကို သိမ်းဆည်းထားလို့… ဘဝကိုချစ်မြတ်နိုးလို့ပါ”

ဟု ဦးသိန်းမောင်ကဆက်ပြောသည်။လူငယ်ကထလိုက်သည်။သူ့မျက်နှာတွင် ဆုံးဖြတ်ချက်တွေပြည့်နှက်နေသည်။

“ကျေးဇူးတင်ပါတယ်… အဘ… ကျွန်တော် နားလည်သွားပါပြီ”

သူသည် ဆိုင်မှ ထွက်ခွာသွားသည်။ ဦးသိန်းမောင်ကသူ့နောက်မှကြည့်ရင်းပြုံးနေမိပြန်သည်။ သူစိတ်ထဲအလိုလိုသိ နေခဲ့သည်… ဘဝနာပြီး ဘဝကိုမြှင့်မည့်သူတစ်ယောက် ပေါ်ထွန်းပြန်ပြီဟု။ ဆိုင်ကို ပိတ်ရန် ပြင်ဆင်လိုက်သည်။ သူ့လက်ထဲတွင် “ဘဝနာပြီးဘဝကိုမြှင့်တင်ခြင်း” စာအုပ်ကို ကိုင်ထားမိသည်။စာအုပ်ကို ကြည့်ရင်းပြုံးနေမိသည်။ ဒီစာအုပ်လေးဟာ ဘဝဒဏ်ရာတွေကို ခံစားသိရှိပြီး မိမိကိုယ်ကို မြင့်မြတ်အောင် လုပ်ကိုင်တတ်သူများအတွက် လမ်းပြမီးရူးတန်‌ ဆောင်ပင်။

မီးခလုတ်ကိုပိတ်လိုက်သည်။ ဆိုင်ထဲမှောင်ကျသွားသည်။ ဒါပေမယ့်… စာအုပ်ထဲက စကားလုံးတွေရဲ့ အလင်းတန်းတွေကတော့… ထာဝရ တောက်ပြောင်နေဦးမည်ဖြစ်သည်။

“ဘဝနာပြီး ဘဝကိုမြှင့်ဖို့သာ ကြိုးစားပါ ။

ဘဝမေ့ပြီးဘဝင်မြင့်တာမျိုးတော့ မဖြစ်စေနဲ့ ရှက်ဖို့ကောင်းတယ်။”


မောင်ဇော်ဘကျော်

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

မယားပါသမီးနှင့် မှားမိသော အမှား