Posts

သိုက်တူးသူ

 သိုက်တူးသူ   ပီမိုးနင်း      ည(၁၀)နာရီ ရထားသည် ရန်ကုန်ဘူတာကြီးမှ ထွက် လေ၏။ ပထမတန်းတွဲတစ်တွဲ၌ အသက်နှစ်ဆယ်ခန့်ရှိသူ မိန်းမပျို တစ်ယောက်၊ အသက်ငါးဆယ်ခန့်ရှိသော မိန်းမကြီးတစ်ယောက် ၄င်းမိန်းမကြီးနှင့် တွဲ၏ တစ်ဖက်ရှိ ထောင့်တစ်ခုမှာထိုင်သော အသက်သုံးဆယ်ခန့်ရှိ ယောက်ျားတစ်ယောက်ပေါင်းသုံးယောက် သည် တစ်ယောက်ကိုတစ်ယောက် စကားမပြောဘဲ အတန်ကြာစွာ သွားကြလေ၏။  ထိုနောက် မိန်းမကြီးက ဆိတ်ငြိမ်ခြင်းကို စ၍ ဖြိုဖျက်သောအနေဖြင့် စကားကို စလေ၏။  “မောင်ရင်က ဘယ်ကို လိုက်မလို့လဲ”  “ကျွန်တော် ပုသိမ်ကို အဒေါ်တို့ကော  “အဒေါ်တို့က ဟင်္သာတတင်ပါ”  “အပြန်လား၊ အသွားလား”  “အဒေါ်တို့ အပြန်ပါ၊ မောင်ရင်ကကော”  “ကျွန်တော်ကတော့ အသွားပါ”  ”မေးလွန်းတယ်လည်း မအောက်မေ့ပါနဲ့ မောင်ရယ်၊ ဘယ်လိုကိစ္စနဲ့လဲ”  “မေးပါ အဒေါ်၊ ကျွန်တော်တို့ သွားရမယ့်ခရီးက အဝေးသားမို့ တစ်တွဲထဲမှာ တွေ့ကြရခြင်းဟာ အသိမိတ်ဆွေဖြစ်လို့ အကြောင်းဆိုက်လာခြင်း တစ်မျိုးပါပဲ၊ အခုလို အသိမိတ်ဆွေ ဖြစ်ဖို့ရန် လမ်းအခွင့်ကြုံပါလျက်မှ တိတ်ဆိတ်နေကြမယ်ဆိုရင် ကြုံလာတဲ့ လမ်းအခွင့်ကို လက်သင့်မခံရာ ရောက်သည်သာ မက...

အိမ်(စ/ဆုံး)

 အိမ်(စ/ဆုံး) —– နာရီကို ကြည့်လိုက်တော့ ၉နာရီ ခွဲပြီ။ အပြင်မှာ လည်း မိုးက ကျနေသည်။ “ခင်မူရေ မင်းသား နောက်ကျ လှချည်လားကွ” “ဟုတ်တယ် ဖုန်းဆက်တော့လည်း မကိုင်ဘူး” “တယ် ခက်တဲ့ ကောင်ပဲ ၊ ဘယ်သွားမယ် ပြောလဲ” “ဘာမှ ပြောမသွားဘူး ” သားဖြစ်သူ ပြန်အလာကို စောင့် ရင်း ပုတီးကို စိပ်နေမိသည်။ သို့ သော် ပုတီးထဲ စိတ်က မရောက် ။ ” ထမင်းစားနှင့်ကြ မလား” “မဆာ သေးပါဘူးကွာ မင်းဆာရင် စားနှင့် လေ ” ကျွန်တော် သည် ကုလားထိုင်ပေါ် ထိုင်းရင်း “အော် ငါငယ်ငယ်က အိမ်ပြန် နောက် ကျရင် ငါ့အဖေနဲ့ အမေ စိတ်ပူခဲ့မှာပဲ” ဟု တွေး မိလေသည်။ ကျွန်တော် တို့ငယ်ငယ် က ညနေတိုင် ရောက်ပြီ ဆိုရင် ဖီးလိမ်းပြင်ဆင်ပြီး ဆိုင်ကယ် နဲ့ ထွက်ကဲကြသည်။ ကျွန်တော်တို့ အုပ်စုက ဆိုင်ကယ်၅ စီး လူ ၁၀ ယောက် ရှိသည်။ ညနေတိုင်ဆိုရင် မြို့ ထဲ က လှ တဲ့ ကောင်မလေး တွေ့ ရင် အုပ်စုလိုက်ဆိုင်ကယ်နဲ့ ဝိုင်းပြီး စကားလိုက်ပြောကြသည်။ တစ်ခါ တစ်ရံ မြို့ထဲက ကျောင်းသူ တွေ အဆောင် ပေါက် ရှောက် သွားကြသည်။ တစ်ခါတစ်ရံ ထန်း ရည် ခေါင်ရည် အုပ်စု လိုက် သွား သောက် ကြသည်။ တစ်ချို့ကောင် တွေ က အရက် သောက်ကြသည်။ မူးပြီး ဆိုင်ကယ် ကို တစ်လမ်းလုံး အပြည့် မောင်းကြသည်။ ဂျိုကြည့် ကြည့်တဲ့သူ တွေကိ...

စုန်းမကြီးဒေါ်အိုစာ (စ/ဆုံး)

  စုန်းမကြီးဒေါ်အိုစာ (စ/ဆုံး) ————————- သူမနာမည် ဒေါ်အိုဇာတဲ့။ အသက်(၅၀) ကျော် ၊ မုဆိုးမတစ်ဦးဖြစ်ပြီး သားသမီးတစ်ယောက်မှမထွန်းကားချေ။ ယောက်ျားဖြစ်သူ ဦးဘကျော်က အောက်လမ်းဆရာ။ ယောက်ျားဖြစ်သူရဲ့ ပညာ အမွေကို ရထားသူ။ ဦးဘကျော် မြွေကိုက်ခံရလို့ သေဆုံးသွားပြီးတဲ့နောက် ယောက်ျားဘက်က အမွေတွေကို ဒေါ်အိုဇာ ရလိုက်၏ ။ တစ်နေ့ … ။ လူငယ်လေး ၄ ယောက် စကားလက်ဆုံကျနေကြသည်။ ” ကိုခွေး…ဒေါ်အိုဇာတို့အိမ်မှာမွေးထားတဲ့ ကြက်မကြီးက အကောင်ကြီးပြီး ဆူဖြိုးနေတာပဲ…စားလိုက်ရရင်တော့ ဟင်း…ဟင်း ” ဖိုးတုတ်က အားရပါးရပြောလိုက်သည်။ ” ဟုတ်တယ်ကွ ၊ ဒေါ်အိုဇာရဲ့ကြက်ကို စားလိုက်ရင် တော်တော်လေးကို အရသာရှိမှာကွ ၊ သူ့ကြက်က သူများကြက်တွေလို မဟုတ်ဘူး ၊ အကောင်ကြီးမျိုးကွ ” ခွေးပုက ကွမ်းစားရင်း ထောက်ခံလိုက်၏ ။ ” ကဲ…ဒါဆို မင်းတို့ ဒေါ်အိုဇာရဲ့ကြက် စားမလား ” ” အေး…စားမယ် ” အားလုံးက တစ်ပြိုင်တည်း ပြောလိုက်ကြသည်။ ” ဒါဆိုရင် ဒီည ဒေါ်အိုဇာရဲ့ကြက်ကို သွား ခိုးကြမယ် ” မဲလုံးက ပြောလိုက်တော့… ” အေး…သွားမယ် ” အောင်ပုက ရယ်ပြီးပြောသည်။ ညအချိန် အမှောင်ထုက ဖုံးလွှမ်းကာ ပတ်ဝန်းကျင်တစ်ခုလုံး အိပ်မောကျလျက်ရှိသည်။ ဖိုးတုတ်က လက်နှိပ်ဓာတ်မီးထိုးလျက် သူတို့အ...

မောင်ငယ်နှင့်ခွေး (ဝတ္ထုတို)

Image
  မောင်ငယ်နှင့်ခွေး (ဝတ္ထုတို) သိပ္ပံမောင်ဝ မောင်ငယ်သည် မောင်လူအေး၏ နဝမမြောက်ဖြစ်သော မော်တော်ကားမောင်းသမား ဖြစ်လေသည်။ မောင်ငယ်၏နောင်တော်ဖြစ်ကြကုန်သော မော်တော်ကားမောင်းသမား ရှစ်ယောက်တို့ကား အမျိုးမျိုးအစားစား ဖြစ်ကြကုန်၏။ အချို့မှာ အ လွန်းသည်။ အချို့မှာ လည်လွန်းသည်။ အချို့မှာ ပျင်းလွန်းသည်။ အချို့မှာ ညစ်ပတ်သည်။ အချို့မှာ ကြွေးထူသည်။ အချို့မှာ စပေါ်တောင်းလွန်းသည်။ အချို့မှာ မော်တော်ကားစက်ကို ကလိလွန်းသည်။ အချို့မှာ မော် တော်ကားကို အပြင်းမောင်းတတ်သည်။ အချို့မှာ တတ်ယောင်ကားလုပ်တတ်သည်။ အချို့မှာ မောက်မာလွန်းသည်။ အချို့မှာ မော်တော်ကားမောင်းယင်း ဆေးလိပ်သောက်တတ်သည်။ အချို့မှာ အရက်မူးတတ်သည်။ အချို့မှာ ဓာတ်ဆီကို သောက်တတ်သည်။ ဤသို့သောအကြောင်းကြောင်းတို့ကြောင့် မောင်ငယ်၏ နောင်တော်များမှာ တယောက်ပြီးလျှင်တယောက် အသီးသီး အလုပ်ပြုတ်ကြရရှာလေသည်။ မောင်ငယ်ကား မောင်လူအေးထံတွင် မော်တော်ကားမောင်းနေသည်မှာ သုံးနှစ်နီးပါး ရှိလေပြီ။ ဤကို ထောက်ခြင်းအားဖြင့် မောင်ငယ်တွင် အထက်ဖော်ပြရာပါအပြစ်များ မရှိကြောင်း ထင်ရှား၏။ သို့သော် သူ့၌လည်း အပြစ်လုံးလုံး မကင်းပေ။ မောင်ငယ်တွင် ခွေးများကို မော်တော်ကားဖြင့် ဝင်၍တိုက်လို...