အချိန်မလွန်ခင်လေး

 *အချိန်မလွန်ခင်လေး*📖📖(အစ/ အဆုံး)

—————————


“ကို ဒီနေ့အိမ်ပြန်လာတာ နောက်ကျတယ်နော်။ ”


“အဲ့ဒါဘာဖြစ်လို့လဲ? မင်းကအိမ်ကထိုင်ပြီး ပြောနေတာ။ ငါက

အပြင်မှာ လှုပ်ရှားသွားလာနေရတာ။ မင်းဘာသိလို့လဲ? လမ်းက

ပိတ်၊ကားကကြပ်နဲ့ တနေ့ တနေ့ သေချင်စော်နံနေပြီ နားလည်လား?”


ကျမ စကားစလိုက်တာနဲ့ ကို့ရဲ့အကြောင်းပြချက်ပေါင်း သောင်း

ခြောက်ထောင်က တရစပ်ထွက်ကြလာပါသည်။ ကျမ လဲဘာမှဆက်မပြောဖြစ်တော့ဘူး။ အိမ်ထောင်ကျလာတဲ့ သက်တမ်း

တစ်လျှောက် ကို့ကိုအားကိုးပြီးနေလာခဲ့တယ်။ မိဘလက်ထက်

ထဲကလဲ ကျမကို ဘာမှခိုင်းချိန်မရလိုက်။ ကျောင်းပြီးလို့ ဘွဲ့

တောင်မယူရသေး ကျမ အိမ်ထောင်ကျခဲ့တယ်။ အိမ်မှုကိစ္စ

တွေကြားထဲမှာ နပမ်းလုံးရင်း သားနဲ့သမီးတောင် အရွယ်လေး

ရောက်လာခဲ့ပြီ။ သားက ရှစ်တန်း၊ သမီးက ခြောက်တန်းအရွယ်။

ကိုက အလုပ်ကပြန်လာတာနဲ့ ရေချိုးပြီးအခန်းထဲဝင်သွားလိုက်

တာ ပြန်ထွက်မလာ။ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေခဲ့တယ်။

သားသမီးကိစ္စ၊ စီးပွားရေးကိစ္စ၊ လူမှုရေးကိစ္စ ဘာမှပြောချိန်မရခဲ့။

အလုပ်က ညနေငါးနာရီဆင်းပေမဲ့ အိမ်ပြန်ရောက်တာက ည

ရှစ်နာရီက အစောဆုံး။ ထမင်းကလဲ စားတစ်ရက်၊ မစားတစ်ရက်

နေ့ပေါင်းများစွာ။ လင်ရယ်၊ မယားရယ်လို့ လက်ဆုံမစားခဲ့ရတာ

ကြာခဲ့ပါပြီ။ ရတဲ့လစာဘယ်လောက်မှန်း ဒီနေ့ထိ နွဲ့ရီ မသိခဲ့ပါဘူး။

နွဲ့ရီ နုံအ မှုကအစထဲက ယဥ်သကိုးလို့ ဆိုရမှာပေါ့။ ပေးသလောက်

နဲ့ လောက်ဌအောင်သုံးတယ်။ ကို့ အတွက်ဆိုပြီး အမြဲအကောင်း

ချက်ပေးခဲ့တယ်။ ဦးဖယ်ထားတယ်။ နွဲ့ရီ ချွေတာမှုတွေက ကလေး

ရလာတော့ အသုံးဝင်ခဲ့တယ်။ စုထားတာလေးတွေကို ထုတ်သုံး

ရင်း အခုတော့ နွဲ့ရီ မှာ လက်မဲ့ဖြစ်ခဲ့ရပြီ။ လက်ဝတ်လက်စား

တွေကအစ ဘာမှမရှိတော့တဲ့ထိပါပဲ။ အိမ်မှာအတူနေနေတာပဲ

ရှိတယ်။ ပြသနာတက်မှာစိုးလို့ နေနေရတဲ့ သဘောလား အမြဲ

တွေးခဲ့မိတယ်။ နွဲ့ရီက ကို့အပေါ် ရိုးသားသလောက် ကိုကတော့

နွဲ့ရီ အပေါ် တဖြေးဖြေးစိမ်းကားလာခဲ့တယ်။


သားလေးကလဲ ဂိမ်းဆိုင်ကို အလီလီသွား။ အမေပြောရင်တော့

ဟုတ်ကဲ့ပဲ။ ပြီးတော့ သွားတာပဲ။ အခု နောက်မှာ ဖုန်းတွေ ပေါ်

လာတော့ ဖုန်းတစ်လုံးနဲ့ ဂိမ်းဆော့တာ မနေမနား။ အရွယ်လေးက

ကိုးလို့ကန့်လန့်အရွယ် ဆိုတော့ ပြန်လဲမပြော နားလဲမထောင်ဖြစ်

နေပြီ။ သမီးက မိနိးကလေးမို့ တော်ပါသေးတယ်။ ပြောရတာ

သိပ်မဆိုးဘူး။ ဒါပေမဲ့ ဖုန်းတစ်လုံးပေးထားတော့ မျက်စိနဲ့ ဖုန်း

မခွာဘူး။ အခုခေတ်စနစ်တွေကို ကျမလိုက်မမှီ။ ကလေးတွေက

ကျောင်းစာဘက်မှာအားနည်းလာကြတယ်။ မိဘနှစ်ပါးကလဲ

သွေးအေးနေသလို သားသမီးတွေကလဲ ခပ်တန်းတန်းဖြစ်နေကြ

တော့တယ်။ နွဲ့ရီ ကအစထဲက အနေအေးတာမို့ ကိုနဲ့ ဆန့်ကျင့်

ဘက်တွေလဲ မလုပ်ခဲ့။ အရာရာ ကို့ ကို အားကိုး ကို ပြောသမျှ

နာခံပြီး နေလာခဲ့တာ ကို့ ကိုသိပ်ချစ်ခဲ့လို့ပါ။ ကျမအချစ်တွေက

အတူနေရင့်း တိုးပွားလာတဲ့သဲယောဇဥ်တွေများလာပေမဲ့ ကိုက

တော့ အပြောင်းလဲကြီး ပြောင်းလဲလာခဲ့တာ နွဲ့ရီနားမလည်နိုင်

တော့ပါဘူး။ လွန်ခဲ့တဲ့ ငါးနှစ်လောင်ထိ ကျမတို့မိသားစုလေး

သိပ်ကို ပျော်ခဲ့ရပါတယ်။ ပျော်ခဲ့ဖူးပါတယ်လေ။


🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊🍊


ဒီအခြေနေတိုင်းဆို နွဲ့ရီတို့အခြေနေက သိပ်မလွယ်တော့ပါဘူး။

ကို့ ကိုလဲ စည်းရုံးကြည့်တယ်။ ပါမလာဘူး။ ဒီဖုန်းတစ်လုံးနဲ့

အာရုံတွေများနေပုံထောက်ရင် အွန်လိုင်းကနေ ဖောက်ပြန်နေ

တာလား? အတိကျမသိသေးပဲ သွားစွတ်စွဲလို့လဲ မဖြစ်။ အခြေ

နေပိုဆိုးသွားနိုင်တယ်။ သူ့ဖုန်းကိုလဲ ကျမဘယ်တော့မှ ယူမကြည့်

ခဲ့ဘူး။ ကိုယ့်လင်သားအပေါ် သံသယနဲ့ မယုဲသက်ာမဖြစ်ချင်ခဲ့

တာပါ။ အရင်ထဲက ယုံကြည်ထားခဲ့တာမို့ သူ့အပေါ်ဘယ်တုန်း

ကမှ အပြစ်မမြင်ခဲ့ဘူး။ အခုတော့ ကျမရင်ထဲ တစ်မျိုးပဲ။

သူစိမ်းဆန်လာမှုတွေက သိပ်ကိုသိသာလွန်းနေတယ်လေ။

သိပ်ချစ်ပြီး ပျော်စရာကောင်းခဲ့တဲ့ မိသားစုလေးက ဘာကြောင့်

ဒီလိုတွေဖြစ်ခဲ့ရတာလဲ?


ခုရက်ပိုင်း ကျမ ကို့ကို သေချာဂရုစိုက်ပြီး လေ့လာတယ်။ အဝတ်

စားကို ကိုယ်တိုင်ဝယ်ဝတ်လာတယ်။ အိမ်အတွက် ကလေးတွေဖို့

ဘာမှ ဝယ်လာတာမရှိတော့ဘူး။ အသုံးစရိတ်ကို တဖြေးဖြေး

လျော့ပေးလာတော့တယ်။ အရင်ဆို မလောက်ဘူးမလား ဆိုပြီး

ထပ်ထုတ်ပေးပေမဲ့ အခုတော့ မိသားစုအပေါ် တစ်စက်လေးမှ

ဂရုမစိုက်တော့တာ သိသာလာခဲ့ပြီ။ သူ့ဖုန်း password ကို

သိရအောင် အမှတ်တရနေ့တွေ မွေးနေ့ရက်တွေ အကုန်ချရေးထားတယ်။ ဒီည ပြန်လာတာလို့ အိပ်တဲ့ချိန် ကျမ ဖွင့်ကြည့်ရမယ်။

စည်းကမ်းမရှိဘူးပဲပြောပြော၊ သူတစ်ပါးကိုယ်ရေးကိုယ်တာ

လို့ပဲဆိုဆို ကျမ မိသားစုလေးအတွက် လုပ်သင့်လုပ်ထိုက်

တာ လုပ်ရတော့မှာပေါ့လေ။


ညပြန်ရောက်တော့ အရက်သောက်လာတယ် ထင်တယ်။ ချဥ်စူးစူး

အနံက နှာခေါင်းထဲ တိုးဝင်လာတယ်။ ထမင်းခူးပေးလိုက်တော့

နည်းနည်းစားတယ်။ ကျမနဲ့ ကို ဘာစကားမှ မပြောဖြစ်ကြဘူး။

မျက်နှာက အနည်းငယ်တင်းမာနေတယ်။ အလုပ်မှာအဆင်မပြေတာလေးတွေ ရှိနေတာလား? တခြား လူမှုရေးကိစ္စလားတော့

မပြောတတ်တော့။ စားပြီး အခန်းထဲတန်းဝင်သွားတယ်။သားနဲ့

သမီးကို ခေါ်ပြီး သားမိတွေထမင်းအတူ စားလိုက်ကြတယ်။

ကလေးတွေကို ချော့မော့ပြီးနားချရတယ်။ ကျမမှာ လင်စိတ်

မွန်နေလို့လား မပြောတတ်။ တခါလေ ကလေးတွေက်ု အော်

ငေါက်ပြီး ဆုံးမမိတယ်။ လင်သားအပေါ် အလိုမကျမှုတွေက်ု

ကလေးတွေအပေါ် ပုံချမိသလို ့ဖြစ်သွားတော့ ပြန်စဥ်းစား

မိတိုင်း ကျမ စိတ်မကောင်းဖြစ်ရတယ်။ စားသောက် သိမ်းစည်း

ပြီးတော့ အိပ်ခန်းထဲ ဝင်လာခဲ့တယ်။ ကို ကတော့ အိပ်မောကြ

နေပြီ။ ကို့ ဖုန်းကို ယူပြီး password ကို နှိပ်ကြည့်မိတယ်။

ကံကောင်းထောက်မစွာနဲ့ လေးကြိမ်မြောက်မှာ ပွင့်သွားတယ်။

ဖေ့ဘုတ်ကို မကြည့်ပဲ massagerထဲကို တန်းဝင်လိုက်တယ်။

သုံးလေးခု ဝင်ကြည့်မိတယ် ဘာမှမထူးခြား။ နောက်တစ်ခု

ဝင်ကြည့်မိချိန်မှာတော့ ကျမ ခေါင်းကစကောလောက်ကြီးလာ

သလားထင်ရတယ်။


“မောင် ဘယ်တော့ ကွာရှင်းမှာလဲကွာ။ မောင်နဲ့ အတူနေချင်လှပြီ။

မောင်နော် စားပြီးနားမလည်မလုပ်နဲ့ ဒီတိုင်း နေနေရတာ မနေ

ချင်တော့ဘူး မောင်။ မောင်မြန်မြန်စီစဥ်တော့နော်။”


“အင်းပါ။ မောင် စီစဥ်နေပါတယ်။ အခုထိ အဆင်မပြေသေး

လို့ပေါ့။'”


“အကြာကြီး မစောင့်နိုင်တော့ဘူးနော်။ မောင်နဲ့ အတူအိပ်ပြီး

အတူ နိုးထချင်တာ အခုကျတော့ အတူနေပြီးတာနဲ့ ပြန်သွား

တာ ဒီမှာ အဆင်ပြေမနေဘူးကွာ။ ဟာတာတာနဲ့ ကျန်နေခဲ့တာ။”


“မောင့် ညနေဝင်ခဲ့ကွာ မောင့်ကို လွမ်းတယ်။ ”


“မောင် သဲ ကို မလွမ်းဘူးလား? သဲတော့ မောင့် အပြုစု အယုယ

တွေကို လွမ်းတယ် မောင်ရယ်။ မောင်မလာတော့ ရင်ထဲမှာ

တစ်မျိးကြီးပဲ။ ”


ကျမ ဖတ်နေရင်းနဲ့ မျက်လုံးကို စုံမှိတ်ချလိုက်တယ်။ ပို့ထားတဲ့

ပုံတွေက အဝတ်မပါတဲ့ ပုံတွေ။ အပေါ်ပိုင်း အောက်ပိုင်းရိုက်

ပြထားတာတွေ။ ခြေလက်တွေ တုန်ပြီး ဆက်လဲ မကြည့်ရဲတော့။

ကျမ အိမ်ထောင်သည်ပေမဲ့ အဲ့လို ပုံတွေ တကယ်ကို မကြည့်ရဲ

ခဲ့ပါဘူး။ အိမ်ထောင်ရှိမှန်းလဲ သိရဲ့သားနဲ့ လုပ်ရက်လိုက်တာ။

ကျမကို ကွာရှင်းပြီး သူကယူမယ်တဲ့လား? ဒီကလဲ စီစဥ်နေပါ

တယ်ဆိုတော့ ကျမက သေပေးရမှာလား? ကျမမှာတော့ တနေ့

တနေ့ ကျမ ယောကျ်ားဆိုပြီး အရေးပေးပြီး ချစ်လိုက်ရတာ

ဘယ်ပြောကောင်းပါ့မလဲ? ခေါင်းအစခြေအဆုံး အရိပ်တသ်ကြည့်ကြည့်နဲ့ ချစ်ပေးခဲ့တာ အရူးလုံးလုံးဖြစ်နေမှန်း အခုမှ သိခဲ့ရတဲ့

ဘဝ။ အတူနေတဲ့ အခြေနေထိတောင် ရောက်နေခဲ့ပြီပေါ့လေ။

သားမယားရှိတာ သိသိကြီးနဲ့ အတူနေရဲတဲ့ မိန်းမနဲ့ အိမ်ကသား

မယားကို အကြင်နာတရားမဲ့ပြီး အပြင်မှာ သာယာနေတဲ့ ယော

ကျ်ား လိုက်လဲ လိုက်ပါတယ်။

မျက်ရည်ကြားထဲက ဒေါသကြောင့် တစ်ချက်ပြုံးလိုက်မိတယ်။

ဖုန်းကို ပြန်ဖွင့်ပြီး screenshots အားလုံးယူထားလိုက်

တယ်။ အပေါ်ကစာတွေပါ ရသလောက်အကုန်ဝင်ဖတ်လိုက်တယ်။

အွန်လိုင်းပေါ်ကပဲ စတွေ့ကြပြီးအပြင်မှာတွေ့ဆုံကြရုံတင်မက

အတူနေတဲ့ အဆင့်ထိပါ ရောက်လာခဲ့ကြတာ။ အစက ကိုယ်

တော်ချောက ရှောင်ရှာပါတယ်။ သူ့မှာ မိန်းမနဲ့ ကလေးတွေနဲ့မို့

ဒီမှာတင် ဇာတ်လမ်းရပ်ကြဖို့ ပြောပေမဲ့ မရတော့။ ဘာပြသနာ

မှ မရှာပါဘူး မောင့်ကို ချစ်နေရရင် ကျေနပ်ပါတယ်နဲ့ အတင်း

ကပ်နေတာတွေ သိသိကြီးနဲ့ ဒီအခြေနေထိရောက်ကုန်ကြတာတော့

လွန်တယ်လို့ မထင်ကြဘူးလား?

တစ်ဖက်ကလဲ တစ်ခုလပ်မိန်းကလေး။ အပျိုမဟုတ်လို့ တော်ပါသေးရဲ့။ ကိုယ့်မှာလဲ သမီးမွေးထားပြီးတော့ အဲ့လောက် အသိ

တရားမဲ့တာတော့ လွန်လွန်းပါတယ်။


🍏🍏🍏🍏🍏🍏🍏🍏🍏🍏🍏🍏🍏🍏🍏🍏


အလုပ်ပိတ်ရက်ပေမဲ့ အပြင်သွားဖို့ လုပ်နေတဲ့ သူ့ကိုကျမထိုင်

ကြည့်နေလိုက်တယ်။ ကလေးနှစ်ယောက်ကို အမေတို့အိမ်ကြို

ပို့ထားပြီးသား။ သူနဲ့ကျမသတ်ကြရင် ကလေးတွေ စိတ်ဆင်းရဲ

နေမှာစိုးလို့ပါ။


“ဘယ်သွားမှာလဲ ကို”


“အပြင်ခဏပါ။ ”


“ကျမလိုက်ခဲ့မယ်။ ကို ဘယ်သွားမှာလဲ ဆိုတာကျမသိနေတယ်။”


“ဘာလဲကွာ သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ပါ။ ဘယ်တုန်းကမှ

လိုက်ခဲ့တာ မဟုတ်ပဲ အခုမှ။'”


“အခုက လိုက်ရတော့မှာပေါ့။ ကျမယောကျ်ားအမျိုးကောင်းသား

က နောက်မယားရနေတာကို ကျမကလက်ပိုက်ကြည့်နေစရာလား?”


“မင်းဘာတွေပြောနေတာလဲ နွဲ့ရီရယ်။”


“ဘာတွေပြောနေရမှာလဲ?ရှင်နဲ့ ကေသွယ်လင်း အကြောင်းပြော

နေတာလေ။ ဘာလဲ အစကနေအဆုံး ပြန်ပြောပြရမှာလား?

စမိတ်ဆက်ရာကနေ နှစ်ယောက်သားခွေးဇာတ်ခင်းတဲ့အထိ။

ကျမ ရှင့်ကိုချစ်လို့ အိမ်ထောင်သက်တမ်းတစ်လျှောက် စိတ်

ဆင်းရဲအောင် တစ်ခါမှမလုပ်ခဲ့ဘူး။ ပေးတာယူ ကျွေးတာစား

နေနေတာ ကျမ သုံးစားမရတဲ့ ငတုံးငအ ထင်နေတာလား?

ချစ်လို့ အလိုလိုက်အကြိုက်ဆောင်ပြီး စိတ်ချမ်းသာမှုပေးခဲ့တာပါ။

ဒီနေ့တော့ ရှင်နဲ့ကျမ ကိစ္စတုံးမဲ့နေပဲ။ ရှင် အခုသွားမဲ့ နေရာ

ပြော ကျမလိုက်မယ်။ ကေသွယ်လင်းနဲ့ ကျမ စကားတွေအများ

ကြီးပြောရမယ်။”


“မရဘူးလေ မိန်းမရာ အခု အဲ့ကောင်မ”


“တော်ပါ သူများသားသမီးကို အပြစ်ဖို့မယ်မစဥ်းစားနဲ့။ အရင်လိုပဲ

သဲ လို့ ခေါ်လိုက်စမ်းပါ။”


“သူကလွယ်လွယ် နောက်ဆုပိပေးမယ် မထင်ဘူး။ ကိုယ် အမျိုးမျိုး

ကြိုးစားကြည့်ပြီးပြီ။ လက်မခံလို ခက်နေတာ။ အဲ့တာဆို ယူ

လိုက်လေ ကျမကွာရှင်းပေးမယ်။

ရှင် သဘောကျနေတာပဲမလား?”


“မဟုတ်ပါဘူး မိန်းမရယ်။ ကိုယ်မှားနေမှန်းသိပါတယ်။ ဒါပေမဲ့

ရုန်းထွက်ဖို့ခက်နေတာ။ သူက ကို့ကို ချိန်းခြောက်နေတာ။ မိ

သားစုအရှက်ကွဲမှာ စိုးလို့ ကိုယ်ဘာလုပ်ရမှန်းမသိဖြစ်နေတာ။”


“သူ့ကို ကျမနဲ့ ပေးတွေ့ပါ။ ကျမဖြေရှင်းမယ်။ ရှင် နဲ့ကိစ္စပြီးမှ

ရှင်းမယ်။ ”


သူနဲ့အတူကျမလိုက်လာခဲ့တယ်။ ချိန်းထားတဲ့နေရာက တည်းခို

ခန်း။ အံရောပဲ။ မောင်ဝမ်းကွဲတစ်ယောက်ကို လှမ်းခေါ်လိုက်

တယ်။ ကျမ မဝတ်တာကြာပြီဖြစ်တဲ့ ဂျင်းဘောင်းဘီနဲ့ ရှပ်

အကျီ်ကိုဝတ်လိုက်တယ်။ လျှာထိုးဦးထုပ်ကိုဆောင်းလိုက်

တယ်။ တည်ခိုခန်းရောက်တော့ သူ့ကိုအရင်ဝင်ခိုင်းလိုက်တယ်။

ဆယ့်ငါးမိနစ်လောက်ကြာမှ ကျမနဲ့ မောင်လေးတည်းခိုခန်းက

မန်နေဂျာနဲ့အတူ တံခါးခေါက်ပြီးဝင်လိုက်တယ်။ မောင်လေး

ကို မှာထားပြီးသား။ ကောင်မလေးပုံတွေ အမိအရရိုက်ဖို့။

ကြည့်ရတာ အရှက်တရားတော်တော်နည်းပုံရပါတယ်။ အဝတ်စား

မပါ။ သဘက်ကိုရင်​ဘက်ကနေ ပတ်ထားတယ်။ သကောင့်

သားကတော့ ကြိုသိနေတာမို့ အဝတ်စားမချွတ်ရဲတာနေမှာ။

ကောင်မလေးက သူ့မျက်နှာကို အတင်းကွယ်နေတယ်။ သူ့အပြစ်

နဲ့သူမို့ ကောင်မလေးကိုလဲ ကွယ်မပေးရဲဘူး။ ကွယ်ပေးလို့ကတော့

ပါးတွေ လိမ့်ရိုက်မှာ ပြောထားပြီးသား။


ကောင်မလေးကို အဝတ်စားဝတ်ခိုင်းလိုက်ပြီး အပြင်ကို ခေါ်ထုတ်

လာခဲ့တယ်။ ရဲစခန်းမှာ အမှုဖွင့်မယ်ပြောတော့ တောင်းပန်ရှာတယ်။

အဆုံးထိ တွေးထားပြီးသား ။ အခြေတင်ဖြစ်လာခဲ့ရင် နှစ်ယောက်

လုံးအမှုဖွင့်ဖို့ထိ။ အခုတော့ ညှိနှိုင်းမှု အောင်မြင်ခဲ့ပါတယ်။

သူကများ မယားရှိမှန်းသိသိနဲ့ တိုးဝင်ခဲ့တာကို ကျမက သနား

စရာလား? သူကချိန်းခြောက်အကြပ်ကိုင်နေတာကို ငြိမ်ခံနေ

စရာလဲ မလိုဘူး။ မကျေနပ်ရင် နှစ်ယောက်လုံးထောင်ထဲထည့်

ပစ်လိုက်ရုံပဲ။ အညှာတာတရားမရှိ ခြံခုန်တဲ့ အကောင်ကိုလဲ

သနားမနေနိုင်ဘူး။ တစ်သက်လုံးစာအတွက် သင်ခန်းစာပဲ။

ကိုင်ထားတဲ့ ဝှက်ဖဲတစ်ချပ်ကြောင့် တစ်သက်လုံးရှင်ငြိမ်နေ

တော့။ ကလေးတွေ အကြောင်းပြပြီးပေါင်းနေတာ မဟုတ်ဘူး။

ကွာပေးလိုက်ရင် လုပ်ချင်တာတွေ လွတ်လွတ်လပ်လပ် လုပ်

ခွင့်ရသွားမှာ စိုးလို့။ ယောကျ်ားကိုကျမ ချစ်တာ လွန်သွားခဲ့

တာ။ တူညီတဲ့ ချစ်ခြင်းမရတဲ့အခါ ရင်နာရတာမပြောပါနဲ့တော့။

မေတ္တာစစ်ကြလို့ အိမ်ယာထူထောင်ကြပေမဲ့လဲ ပြောင်းလဲလာ

တတ်တဲ့စိတ်ကို သတိထားသင့်တယ်။ ကျမ အချစ်ကသူ့အတွက်

ကြည်စားစရာဖြစ်နေခဲ့တာလား? အိမ်ကမိန်းမတွေက သူတို့

ပြောသမျှ လုပ်သမျှငြိမ်နေတာ သီးခံနေတာတွေဟာ ချစ်တာ

တသ်ခုထဲ ကြောင့်ဆိုတာ ဒင်းတို့သိစေချင်တယ်။ တကယ်

ကြုံလာပြီဆိုရင်လဲ သတ္တိရှိရှိရင်ဆိုင်မယ်။ တစ်ဖက်က တိုးလာ

တာ သိသိကြီးနဲ့ မထိန်းနိုင်တဲ့ ဒင်းတို့ကိုလဲ ဘယ်တော့မှ ခွင့်

လွှတ်မယ် မထင်နဲ့။ နောက်ဆုံးတော့ မဏ္ဍပ်တိုင်မတက်ချင်လဲ

တက်ပြရတယ်။ ကျမသာရင် မယားကြီး တရားဝင်ရှိပါသေး

တယ်ဆိုတာကို မိန်းမချင်းမပြောချင်ဆုံးပါပဲ။

ပြောင်းလဲတိုးတက်လာတဲ့ ခေတ်ကိုပဲ အပြစ်မြင်ရမလား?

လင်ကို ချစ်ဖို့ပဲတတ်ပြီး အိမ်မှုကိစ္စနဲ့နပမ်းသတ် ပြုစုယုယ

ကြင်နာမှု ချွဲနွဲ့မှုမတတ်တာပဲ အပြစ်လား?

တော်ပါသေးရဲ့ ကျမမှ ကြည့်မိပေလို့ပေါ့။ မိန်းမတွေများလဲ

အိမ်ထောင်သည်ယောကျ်ားမှန်းသိပါလျှက်နဲ့ ဘယ်လိုစိတ်နဲ့

အတူနေကြသလဲ စဥ်းစားလို့မရဘူး။ ကျမတို့ မိန်းမသားတွေ

ကြတော့ အိမ်ထောင်ကျပြီဆိုတာနဲ့ အိမ်ရဲ့လိုအပ်ချက်အားလုံး

ကို လိုက်ကြည့်ဖြည့်စည်းပေးဖို့ ရုန်းကန်နေရတာနဲ့ အရာအားလုံး

ကိုမေ့နေခဲ့တာ။ သူတို့တွေများကျတော့ နောက်မယားနဲ့ သွား

အိပ်ဖို့တောင် အချိန်ရနေတော့တာ။

ကောင်မလေးကလဲ သူ့အပြစ်နဲ့သူ သက်သေတွေအကုန်ရထား

တော့ မလှုပ်ရဲတော့ဘူး။ ကျမလဲ တကယ်ငြိမ်ခံနေမှာ မဟုတ်

တာ သူတို့သိနေတယ်။ နှစ်ယောက်လုံး ထောင်ချပြစ်ချင်တဲ့စိတ်

တွေ တစ်ဖွားဖွားပေါ်နေပေမဲ့ ဖခင်ရဲ့အရိပ်မဲက ကလေးတွေ

အပေါ်လွှမ်းမိုးလာမှာစိုးလို့ ငြိမ်ခံနေလိုက်ရတယ်။

ကျမတို့မှာ သူတို့ကို စောင့်ကြည့်ဖို့ တာဝန်တစ်ခုရှိနေသေးတာ

မေ့မနေသင့်ဘူး။ အချိန်မှီလေး ပြန်အုပ်နိုင်လို့ တော်ပါသေးရဲ့။

မိသားစုအပျော်လေးတွေကို ပြန်ပြီးရဖို့ကို ခွင့်လွှတ်ချင်ယောင်

ဆောင်ပြီး နေရတာလဲမလွယ်တဲ့ဘဝပါလေ။ မိန်းမသားတွေ

ဥာဏ်က သူတို့ကို ပြန်စည်းရုံးပြီးကိုယ့်မိသားစုပြေလည်ဖို့ တချို့

သူတွေကို ချနင်းလိုက်ရတာတွေရှိနေတယ်။

အမိအရ ပြန်ပြီးထိန်းချုပ်လိုက်နိုင်လို့သာ နို့မို့သာဆိူ ကျော်မကောင်း

ကြားမကောင်းတဲ့ ဇာတ်လမ်းတွေ ပေါ်လာနေအုန်းမှာ မြင်ယောင်

မိပါသေးတယ်။ သာရာကိုနားတတ်တဲ့ ယောကျ်ားတွေယုံပြီး

ဘဝပုံနေကြတဲ့ မိန်းကလေးတွေကိုလဲ တကယ်အံသြနေမိတယ်။

အွန်းလိုင်းပေါ်ကနေ အရှက်ကြောက်တရားကင်းမဲ့စွာနဲ့ ပို့နေကြ

တာတွေ ဘယ်လောက်အန္တရာယ်များလဲဆိုတာ ခုချိန်ထိ မသိကြ

သေးတဲ့သူတွေ အများကြီးရှိနေသေးတယ်။

နွဲ့ရီ အတွက်သင်ခန်းစာရတာပေါ့ ဖုန်းလေးပွတ်နေတာပဲ ဘယ်မှ

သွားနေတာလဲ မဟုတ်ပါဘူးဆိုပြီး ကြည့်နေရာက လက်တစ်ဝါး

စာ ဖုန်းလေးနဲ့ မဟုတ်တာတွေ လုပ်နေတာအချိန်မှီလေး သိလိုက်

ရပြီ။ သားတွေ သမီးတွေကအစ ဂရုစိုက်ပြီးစောင့်ကြည့်ဖို့ အသိ

ရလိုက်တာပါပဲလေ။


စာချစ်သူများအား ချစ်ခင်လျှက်


ကြယ်စင်(Lso)

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

"တစ်ပတ်လည်လာသော ဝဋ်နာ"