ကြေကွဲကမ်းပါး

 *ကြေကွဲကမ်းပါး*📖📖📖(စ/ဆုံး)


———————-

“””ဟာ့•••ဒီကောင်လေးအမြည်းဒီဘက်ဝိုင်းချဆိုတာ”””

“”ဟုတ်••ဟုတ်ကဲ့လာပါပြီဗျာ”””

ဖိုးတူးလေးသည်••သူ့လုံချည်စကိုဆွဲကာ••

တအဲအဲဖြင့်ငိုနေသော•••

ညီလေးသုခ၏လက်ကိုဖြုတ်ချလိုက်သည်။

ထိုအခါညီလေးက•••

သဲပုံပေါ်ထိုင်ချပစ်လိုက်ကာ•••

တအဲအဲငိုလေတော့သည်။

ငိုက်လိုက်ဦးညီလေးရေ•••

ညနေစာအလျင်မီဖို့ကအရေးပိုကြီးသည်မဟုတ်ပါလား။

ဆိုင်ရှင်ကြည်လျှင်ညနေစာထမင်းကျန်

ဟင်းကျန်လေးတွေရနိုင်သည်။•••

ခုတောင်ဆိုင်ရှင်ကအော်နေပြီမို့ငိုနေသော

ညီလေးကိုလျစ်လှူရှုကာ••••

အပြေးအလွှားလုပ်ရှားလိုက်သည်။

တကယ်ဆို•••ဖိုးထူးလို••

ဆယ်နှစ်အရွယ်ကလေးအတွက်အရက်ဆိုင်ဆိုတာ

လားလားမျှမအပ်စပ်ပါ။

ဒီလိုအရွယ်လေးတွေဆို••

အဖြူအစိမ်းဝတ်စုံနှင်စာသင်နေရမည်ဖြစ်သော်လည်း

ဖိုးတူးမှာတော့အရက်နံ့တွေအကြား

ဟိုလူကခေါင်းပုပ်၊ဒီလူကခေါင်းပုတ်လိုက်ဖြင့်

ဘဝကိုခက်ခက်ခဲခဲဖြတ်သန်းနေရသည်။

နေလုံးကြီးက•••

အနောက်မိုးကုပ်စက်ဝိုင်းအတိုင်းငုပ်လျှိုးပျောက်ကွယ်လေပြီ။

ဖိုးတူးသည်ညီလေးကို•••

ကျောတွင်ပိုးကာ•••

လက်တွင်ကျွတ်ကျွတ်အိတ်ဖြင့်ထုတ်ထားသော

ထမင်းနှင့်ဟင်းရောပြွမ်းနေသည့်

ထမင်းထုပ်လေးကိုင်လျက်••••

သဲမြေတွေကြားဖိနပ်မပါခြေဗလာဖြင့်

ညီလေးမေးသမျှဖြေရင်းလျှောက်လှမ်းနေလေသည်။

တစ်နေကုန်••ဦးဘေကြီးတို့အရက်ဆိုင်တွင်

စားပွဲထိုးတောက်တိုမယ်ရတွေလုပ်ကာ••

တစ်ရက်••ငွေလေးနှစ်ထောင်အပြင်နေ့လည်စာ

ထမင်းကျွေးကာ•••

ညနေကျထမင်းကျန်ဟင်းကျန်လည်းပေးသေးသည်။

ဒီငွေနှစ်ထောင်က•^•

ဖိုးတူးတို့မိသားစုအတွက်•••

အသက်တမျှအရေးပါသည်။••••

မိသားစုဟုဆိုရာ၌••

မေမေရယ်••လသားအရွယ်ညီမလေးရယ်•••

သူရယ်••ညီလေးသုခရယ်ဖြစ်သည်။

မေမေ့မှာညီမလေးအားမီးဖွားရင်း•••

မီးဖွားခန်းထဲ••• ထရံထောင့်၌ခွေနေသော

မြွေကိုရုတ်တရက်တွေ့လိုက်ရာ

သွေးလန့်ပြီးစိတ်မနှံ့ရှာ။

မေမေနှင့်ညီလေးနှစ်ယောက်ထဲစိတ်မချပေမယ့်

ဖိုးတူးသာအလုပ်မသွားလျှင်

စားစရာဘယ်ကလာရမှာလဲ။

အဖေ•••••

အဖေဆိုတာ•••ဖိုးတူးတို့နှုတ်ဖျားနဲ့ဝေးနေတာ

ကြာပြီဖြစ်သောနာမ်စားမျှသာဖြစ်သည်။

သုခလေးနှစ်နှစ်သားအရွယ်က•••သူငယ်ချင်းများနှင့်စုကာ

လှေတစ်စီးနှင့်စွန့်စားမည်ဟုဆိုကာ••••

အပြောကျယ်သောပင်လယ်သို့ ထွက်သွားတာ

ခုသုခလေးပင်သုံးနှစ်ရှိပေပြီ။ထွက်သွားခဲ့သည်မှာ

သေသည်လားရှင်သည်လားမသိရပေ။

မေမေ့မှာ••ကိုယ်ဝန်ကျန်နေခဲ့ကာ

ခြူခြာလှသောမေမေ့အတွက်•••ဖေဖေရှိစဉ်က

အခက်အခဲမရှိပေမယ့်ခုတော့••••

တာဝန်အားလုံးသားကြီးဖြစ်သော•••

ဖိုးတူး ထံရောက်လာခဲ့သည်။

ကံဆိုးမသွားလေရာမိုးလိုက်လို့ရွာဆိုသလိုပင်

မြွေကြောက်လှသောအမေ့မှာကလေးမီးဖွားရင်း

မြွေကိုတွေ့လိုက်ရ၍

သွေးနုနုသားနုနုနှင့်သွေးလန့်ကာ•••

စိတ်သည်မူမမှန်တော့ပေ။

ဖိုးတူးသည်

မီးရောင်မစို့မပို့နှင့်

တဲသာသာအိမ်ကလေးရှေ့ရောက်သောအခါ

“”အမေ•အမေ”

အမေရှိမှန်းသိသော်လည်းသူအသံပြုလိုက်မိသည်။

“”သားပြန်လာပြီ”””

“””အူဝဲ•••အူဝဲ”””

ဖိုးတူးကဝါးလှေကားကလေးမှတက်ကာ

သုခလေးကို••ကုန်းပိုးထားရာမှအောက်ချပေးလိုက်သည်။

“”ညီမလေးငိုလှချည်လားမေမေရယ်”””

“”ငိုပါစေတော်•••ငိုဖို့ပဲတတ်တာ

သားဘာပါလဲ•••ငါဗိုက်ဆာတယ်””””

“”မေမေညီမလေးကိုနို့အရင်တိုက်ပါနော်•••

သူကဆူညံနေရင်ထမင်းစားလို့မကောင်းဘူးမေမေရဲ့””

“”ပြီးရင်စားရမှာနော်•••

နင်တကယ်ပြောတာနော်””

“”တကယ်••ပေါ့မေမေရဲ့ထမင်းအများကြီးပါလာတာ”””

မေမေကကလေးတစ်ယောက်လို•••

စားရမည်ဆိုသဖြင့်ဝမ်းသာအားရဖြင့်

ညီမလေးအားကောက်ချီလိုက်ကာ

နို့တိုက်လေသည်။

“”အို•••အေး•••အို••••

စို့စို့ဝအောင်စို့နော်ညည်းငိုနေရင် ဆူနေလို့

ထမင်းမစားရဘူးတဲ့ငါ့သားပြောတာ”””

ကလေးကနို့ဝတော့အမေ့လက်ထဲအိပ်ပျော်သွားလေသည်။

ဖိုးတူးကစို့လာစောမျက်ရည်ကိုသုတ်လိုက်ကာ

“”မေမေပေးညီမလေးအိပ်ပြီ••သားပုခက်ထဲသိပ်လိုက်မယ်”””

မေမေကကလေးအားသူ့လက်ထဲပေးလိုက်ကာ

“”ထမင်းစားမယ်လေ••ငါဆာပြီ”””

“””ဟိုမှာပန်းကန်ထဲထည့်ထားတယ်မေမေ

သုခလေးနဲ့စားနော်”””

ဒီလိုဆိုလည်းမေမေကသိသည်။

သူ့ခလေးအတွက်တစ်ပန်းကန်၊သူ့အတွက်တစ်ပန်းကန်

ပြီးတော့အမေကဇလုံကြီးထဲထည့်ကာ

အားရပါးရစားနေတာကြည့်

ပြီးညီမလေးကိုသိပ်နေရင်း

ဖိုးတူးမျက်ရည်ကျရသည်။

ထမင်းစားပြီးတော့••သုခလေးကကလေးပီပီအိပ်လေပြီ။

အမေကတစ်စခန်းထလာပြန်သည်။

အိမ်က••ပင်လယ်ကမ်းခြေဘက်နီးနီးမို့

လေတွေတဟူးဟူးတိုက်ကာ

နဂိုလေမလုံမိုးမလုံအိမ်က••တခါးကြီးဖွင့်ထားတော့ပိုချမ်းသည်။

အမေကတခါးဝတွင်ထိုင်နေတာမို့

“”အမေအိပ်တော့နော်”””

“”သားတို့အဖေမလာသေးဘူးလေ•••

မေမေစောင့်ဦးမယ်သားအိပ်နှင့်””

“”အမေနေမကောင်းဖြစ်မယ်သားစောင့်ပေးမယ်

အမေအိပ်နော်”””

“””ဝါးးးးအမေလည်းအိပ်ချင်နေပြီ

သားစောင့်နော်••အမေအိပ်တော့မယ်”””

အမေအိပ်သည်အထိစောင့်ပြီးးး

ဖိုးတူးလည်းသုခလေးဘေးဝင်အိပ်လိုက်သည်။

တစ်နေကုန်မထိုင်ရတာမို့ကျောခင်းလိုက်သည်နှင့်

မျက်လုံးကစင်းလာလေတော့သည်။

အိပ်မက်လည်းမရှိမှာသေချာသည်။

~~~~~~~~~~~~~~~~~~~

{၂}

“”သားး•••ထ••ထ•••

အလုပ်သွားရမယ်မဟုတ်လား”””

ဖိုးတူးမှာလှုပ်နိုးခံလိုက်ရတာမို့

နိုးလာလေသည်။

“”ဟာ••အမေအစောကြီးနိုးတာလား”””

“”ဒါပေါ့သားရဲ့•••

အမေထမင်းချက်ထားတယ်••

ထမင်းစားသွားနော်သား”””

ဒီနေ့တော့••အမေစိတ်ပုံမှန်ဖြစ်နေပုံရသည်။

ထမင်းထချက်ကာ•••ညီမလေးကိုလည်းနို့တိုက်ကာ

သိပ်နေလေသည်။

ဒီနေ့လဆန်း၁၃ရက်နေ့မို့ရေက•••

အိမ်အထိရောက်နေလေသည်။

“”သား•••ရေတက်နေတယ်•••

သုခလေးကိုထားခဲ့နော်”””

“”ဟုတ်ကဲ့အမေ”””

သုခလေးက••တအဲအဲငိုလိုက်နေသေးသည်။

ရေကမနက်ဘူးဆိုပေမယ့်ဒူးဆစ်လောက်ရောက်နေတော့

ရေထဲလမ်းလျှောက်ရတာပင်ပန်းသည်။

အမေလည်းပုံမှန်ဖြစ်နေတာမို့

ထားခဲ့သည်။

ဦးဘေကြီးတို့အရက်ဆိုင်ရောက်တော့

“”ဒီနေ့အရှုပ်လေးမပါတော့ပါလားကွ”””

“”အမေနဲ့ထားခဲ့တယ်ဗျ”””

“”မင်းအမေအရူးမကဖြစ်ရဲ့လားကွာ”””

“”အမေမရူးပါဘူးဗျတစ်ခါတစ်လေစိတ်ဖောက်တာပါ”””

“””အေးပါကွာ•••

ဟိုမှာအမြည်းပန်ကန်တွေဆေးရမယ်”””

ဖိုးတူးကအလုပ်ကို အာရုံစိုက်လိုက်သည်။

အမေကပုံမှန်ဖြစ်နေပေမယ့်•••

စိတ်ကပူတာကပူတာပဲ့ဖြစ်သည်။

မနက်အစောကြီးပေမယ့်လည်း••

ယစ်ထုပ်များကတဖွဲဖွဲရောက်လာကြသည်။

ဖိုးတူးနေ့လည်ထမင်းစားနေ့နေ့လည်တစ်နာရီ

ရှိပြီဖြစ်သည်။•••••

ထိုစဉ္•••••

ဖိုးတူးတို့အိမ်ဘက်မှ•••

ကိုဘစီနှင့်မတင့်ပြေးလာကြသည်။

“”ဟောဟဲ•••ဖိုးတူး•••နင့်•••တို့အိမ်•••

နင်တို့အိမ်•••မီးလောင်လို့”””

“”ဗျာ••••”””

“”အမေ••••ညီမလေး•••••ညီလေး”””

ဖိုးတူးထမင်းပန်းကန်လွတ်ချကာ

အိမ်ဘက်ပြေးလေသည်။

စိတ်ထဲတွင်လည်းမဟုတ်ပါစေနဲ့ဟု

ဆုတောင်းနေမိသည်။

သို့ပေမယ့်••••

သူ့ဆုတောင်းမပြည့်ပါ။

တဲအိမ်ငယ်လေးက•••

မီးခိုးများအူထွက်ကာ••••မီးတောက်ရဲရဲ

ကြီးများကဖိုးတူးရင်ဝကိုဆောင့်ကန်လိုက်သည့်နှယ်။

ဖိုးတူးအိမ်ဆီအတင်းပြေးရာ•••

ဝိုင်းချုပ်တာခံလိုက်ရသည်။

“”လွတ်••ကျုပ်ကိုလွတ်••^ညီမလေး•••

ကျုပ်ညီကျ,ပ်အမေကိုကယ်ရမယ်ဗျ••”””

မီးကအိမ်ကိုဝါးနေလေပြီ။

တကယ်အိမ်ထဲမှာဆိုလျှင်အသက်ရှင်နိုင်ဖွယ်ရာမရှိ။

ထိုစဉ်••••

အားလုံးကဖိုးတူးကိုသာအာရုံစိုက်၍

တုပ်နှောင်ထားကြစဉ်မိန်းမကြီးတစ်ဦးသည်

မီးစွဲနေသောအိမ်ထဲပြေးဝင်လေသည်။

“””အမေ•••ကယ်ပါဦးဗျ•••ကျုပ်အမေကို””””

ယောကျာ်းကြီးများကအချိန်မီဆွဲရန်ပြေးကြသော်လည်း

သားသမီးဇောဖြင့်မိခင်ကိုဘယ်လိုမှမမီပေ။

ဖိုးတူးမျက်စိရှေ့မှာပင်အမေ့မှာမီးထဲရောက်သွားလေသည်။

ရွာသူရွာသားများကဝိုင်းဝန်းငြိမ်းသတ်ကြပေမယ့်

မနက်ကတက်နေသေးသေးရေများကခု

ရေကျနေချိန်မို့•••ရေရရှိမှုအားနည်းတာကြောင့်•••

မီးလည်းငြိမ်းအိမ်လဲပြာကျလေတော့သည်။

ပြာကျသွားပြီဖြစ်သောအိမ်နေရာတွင်•••

မီးစွဲလောင်ထား၍•••

မဲနေပြီဖြစ်သော•••လူသုံးဦးအား•••

ရင်နင့်ဖွယ်ရာတွေ့လိုက်ကြသည်။

ထိုမြင်ကွင်းကြောင့်ဖိုးတူးမှာ

အားးးးဟုတစ်ချက်အော်ကာသတိလစ်သွားလေတော့သည်။

ဖိုးတူးကိုဘစီအိမ်ဆောင်ယူ၍•••

ထားခဲ့လိုက်ကာဖိုးတူးသတိမရမီအလောင်းများကို••

သဂြိုလ်လိုက်ကြသည်။

ဖိုးတူးမှာတစ်နေကုန်သတိရမလာဘဲ•••

ညအထိသတိလစ်နေတာမို့ဘစီတို့လည်းခဏစောင့်

ပေးကာ•••ညနက်လာသည်နှင့်အိပ်လိုက်ကြသည်။

မနက်လင်းတော့•••ဖိုးတူးမှာမရှိတော့။

တစ်ရွာလုံးအနှံ့မြစ်ကမ်းနားအနှံ့ရှာဖွေပါသော်လည်း

ဖိုးတူးမှာပျောက်ကွယ်သွားလေသည်။


~~~~~~~.~……..

{၃}


ဇာတ်သိမ်း

တစ်လခန့်ကြာသောအခါ•••^^

“””ပြင်းလိုက်တဲ့လေကွာ””””

ယောကျာ်းကြီးတစ်ယောက်ကညည်းညူလိုက်ကာ

ဆေးလိပ်မီးငြိရန်•••မီးခြစ်ခြစ်လိုက်ရာ

လေပြင်းကြောင့်ဘယ်လိုမှမရ။

လူကလည်းချမ်းလှပြီဖြစ်သည်။

“”ဟေ့•••ဒီအတိုင်းတော့မနေနိုင်ဘူး••

လှေကမ်းကပ်””

“”ဟုတ်ကဲ့အဘတင့်”””

ထွန်းလှက•••လှေကိုကမ်းဘက်ကပ်လိုက်သည်။

လှေက••သစ်အပြည့်နှင့်လေကလည်းကြမ်း

ကိုယ်မကျွမ်းကျင်သည့်အရပ်မို့တော်ရုံကမ်းကပ်၍မရပေ။

“””ခွေးပုကျောက်ချလိုက်တော့”””

ခွေးပုကအဘတင့်ပြောသည့်အတိုင်း

လှေကိုကျောက်ချလိုက်သည်။

“””ဟိုမှာ••မီးရောင်ပြပြမြင်တာအိမ်ထင်တယ်

အကူအညီတောင်းရအောင် ဒီမိုးဒီလေနဲ့

အေးခဲပြီးသေသွားလိမ့်မယ်”””

လှေကိုကျောက်ချကာ•••

ထိုးဝါးနှင့်လှေကြိုးကပ်ချည်၍•••

ထားခဲ့သည်။

မီးရောင်ပြပြမြင်နေရသော••အိမ်ကတဲသာသာအိမ်

ကလေးဖြစ်နေတာမို့••••

အကူညီတောင်းသင့်မတောင်းသင့်စဉ်းစားရသေးသည်။

“”အိမ်ရှင်တို့•••အိမ်ရှင်တို့”””

မိန်းမတစ်ယောက်ကလေးတစ်ဖက်ချီလျက်ထွက်လာလေသည်။

“”ဘာကိစ္စလဲရှင့်”””

“””ကျုပ်တို့ကခရီးသွားတွေပါဗျာ•••

လေပြင်းတိုက်လို့ကမ်းဝင်ကပ်တာ”””

“”အိမ်ပေါ်တက်ကြပါရှင်”””

“”အမျိုးသားမရှိဘူးလား'””

“”ကျွန်မယောကျာ်းလည်းခရီးသွားတယ်'””

“”ဒါဆိုသင့်တော်ပါ့မလားဗျာ”””

“””ရပါတယ်••ကျွန်မသားလေးရှိပါတယ်””

သားလေးရှိပါတယ်သာပြော၍••မည်သူမျှမတွေ့ရပေ။

အမျိုးသမီးကသဘောကောင်းဟန်ရှိကာ•••

အိမ်တွင်ရှိသမျှ••ထမင်းဟင်းများနှင်ဧည့်ခံလေသည်။

“”ရှင်တို့ဆယ်နှစ်အရွယ်ကလေးတစ်ယောက်

တွေ့မိကြလား•••

ဖိုးတူးလို့ခေါ်ပါတယ်””

“”မတွေ့မိပါဘူးဗျာ””

“”ဟုတ်ကဲ့••အားမနာပါနဲ့ရှင်တို့ဒီရှေ့မှာအိပ်ပေါ့••

ကျွန်မတို့••နောက်ခန်းမှာအိပ်မယ်””””

ထိုညက••••

နွေးနွေးထွေးထွေးဖြင့်မည်မျှအိပ်ပျော်သွားသည်မသိ။

အားလုံးလှုပ်နိုးခံရမှနိုးတော့သည်။

နိုးသူမှာဆယ်နှစ်အရွယ်ကလေးတစ်ယောက်။

‘”ဦးလေးတို့”””

“”ဟင်••မင်းဘယ်သူလဲ”””

“”ကျွန်တောဖိုးတူးပါ””

“”ဟင်•••ဟာ•••ငါတို့က••ဘယ်လိုကဘယ်လို”””

ဟုတ်သည်••^ညကအိမ်ပေါ်မှာအိပ်တာဖြစ်ပေမယ့်

ခုတော့သုံးယောက်လုံးမီးလောပြင်တွင်ဖြစ်နေလေသည်။

“”မင်း••မင်း•••ကဖိုးတူးလား”””

“”ဟုတ်ပါတယ်ဗျာ••””

“”ပြောစမ်းမင်းဘယ်သူလဲ•••ညကတို့ကိုက်ညီတဲ့

အမျိုးသမီးကဘယ်သူလဲ”””

“”ကျုပ်အမေ”””

“”ဒါဆိုဒီမီးလောင်ပြင်က””

“”ဟုတ်တယ်•••ဒီနေရာမှာပဲကျုပ်အမေညီလေးနဲ့ညီမလေးမီးလောင်

ပြီးသေသွားကြပြီ”””

“”ဟာ•••ငါတို့ငါတို့သရဲခြောက်ခံရတာ••

မင်းကရော”””

“”ကျုပ်သေချင်ပေမယ့်မသေဘူးဗျာ•••

ဒီရွာကထွက်သွားပြီးခြေဦးတည့်ရာသွားတာတစ်လရှိပြီ•••

အမေတို့ကိုသတိရလို့ပြန်လာတာ”””

အဘတင့်ကဖိုးတူးအားသနားဂရုဏာသက်စွာကြည့်ပြီး

“”အိမ်း•••လူဖြစ်ဖြစ်နာနာဘာဝဖြစ်ဖြစ်တစ်ညတာ

နားခိုဖူးပြီဆိုတော့ကျေးဇူးဆပ်ရမယ်••

မင်းအဘနဲ့လိုက်ခဲ့မလား”””

“”လိုက်ခဲ့ချင်ပါတယ်••ကျုပ်တစ်ယောက်ထဲဆိုသေမိမယ်”””

“””ဒါဆိုလိုက်ခဲ့ပေတော့••••

အဘကတစ်ကောင်ကြွက်••ခုတော့မင်းကအဘမြေးပေါ့

ကဲမောင်ဖိုးတူးလေးအမေရေ•••

စိတ်ချပြီးနေပါတော့ခင်ဗျားသားကိုကျုပ်စောင့်ရှောက်လိုက်ပါ့မယ်””

အဘတင့်သည်•••ထိုသို့ပြောကာ

ဖိုးတူးလက်ကိုဆွဲ၍မီးလောင်ပြင်ကို

ကျောခိုင်းလိုက်လေသည်။

ထို့နောက်လှေသည်ကမ်းမှခွာလိုက်လေသည်။

ဖိုးတူးသည်မီးလောင်ပြင်ဘက်ကြည့်လိုက်ကာ

“”သားသွားပြီမေမေ•••

ဝဋ်ကြွေးဆိုရင်သားတို့ဘဝဒီမျှနဲ့ကြေပါ့စေဗျာ””

အဘတင့်မှာဖိုးတူးအားပွေ့ဖက်ကာအားပေး

လိုက်လေတော့သည်။

လေးကလေးသည်•••

ကမ်းမှဝေး၍••••ဝေး၍••••••


The end.

8:30Pm

M.M.K


Writer’ Mon Mon Khaing

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

"တစ်ပတ်လည်လာသော ဝဋ်နာ"