ကိုယ်ပြုသောကံ(စ/ဆုံး)

 ကိုယ်ပြုသောကံ(စ/ဆုံး)

————————-


မိတ္ထီလာမြိုနယ်အတွင်းရှိကျောက်ဖူးရွာထိပ်ဇရပ်ပျက်ကြီးတခုတွင် အသက်၃၅ဝန်းကျင်အရွယ်ကောင်မလေးဘယ်ကနေလေလွင့်လာသည်မသိ ရွားထိပ်ကဇရပ်ထဲမှာသူပါလာတဲ့ဝန်စည်စလွယ်တွေဘေးမှာချလို့ ဆံပင်တွေကနေလောင်ဒဏ်ကြောင့်နီကျင့်ကျင် ရှုတ်ပွနေသည်။

မျက်ဝန်းတွင် မျက်သားတွေကဝါဖန်ဖန့် ၊သွားတွေကလည်းညစ်ထေးထေး၊ အင်္ကျီတွေကလည်းဂျီးဗလပွ၊ အနံအသက်ကမကောင်းပါးစပ်မှလည်းတောင်စဥ်ရေမရသီချင်းတွေအော်ဆိုနေသည်။ကလေးများကသူကို အထူးအဆန်းဝိုင်းကြည့်နေကြသည်။

“ဟီဟိကလေးတွေငါကိုဘာလို့ကြည့်သိပြီသိပြီငါကလှလိုကြည်အဟိ”

“ဟာအရူးမကြီးအရူးမကြီး”

ကလေးတွေကပါးစပ်ကလည်းအော်လက်မှလည်းခဲတွေနဲ့ထုနေကြသည်။

သူကလက်နှစ်ဖက်နဲ့ကာရင်း

“မလုပ်နဲ့နော် ငါကို နာတယ်နော်”

ကလေးတွေက ပြောမရတော့

သူလက်ထဲမှရှိသောတုတ်ကိုရွယ်ရင်းပါးစပ်မှ အဆဲမျိုးစုံဆဲလေတော့သည်။

ထိုအခါမှခလေးများထွက်ပြေးကုန်ကြလေသည်။

ဂျစ်တူးကမိခင်ဖြစ်သူအား

“အမေ လမ်းထိပ်ကဇရပ်ထဲမှာအရူးမကြီးတယောက်ဘယ်ကရောက်နေမှန်းမသိဘူး”

“သားသူငယ်ချင်းတွေကသွားစကြခဲနဲ့ပေါက်ကျနဲ့ အရူးမကြီးသနားပါတယ်”

“သူလည်းမခံနိုင်တဲ့အဆုံး မှာအော်ဆဲပြီးတုတ်နဲ့လိုက်ရိုက်မှထွက်ပြေးကုန်ကြတာအမေ”

“ဟုတ်လားသား”

“သားရောအဲဒီအထဲမှာ ပါသေးလား”

“မပါပါဘူး၊သားကကြည့်ရုံကြည့်တာပါအမေရဲ့

မေမေပြောထားဆုံးမထားလို့”

“သားကသူတို့ကိုမလုပ်ဖို့တားပါသေးတယ်

သူတို့ကပြောမရလိုပါအမေ”

“အင်းပေါ့သားရယ်”

“သူခင်မျာ စိတ်မနှံရှာလို့ ဒီလိုနေပူမိုးရွာလျောက်သွားနေတာပေါ့”

“သူရဲ့အတိတ်ကံမကောင်းရှာလိုပေါ့သားရယ်”

“အမေရူးတယ်ဆိုတာအရင်ဘဝက ဘာတွေလုပ်ခဲ့လိုများဒီဘဝမှာရူးရတာလဲအမေ”

“ဒီဘဝမှာအရက်တို့မူးယစ်သေတတ်တဲ့ စိတ်ကိုထွေပြားစေတတ်တဲ့အရာတွေ၊ အရက်၊ဘိန်း၊ဆေးခြောက်၊ကဇော် အစရှိတဲ့အရာတွေကိုသုံးစွဲရင်နောင်ဘဝမှာအရူးဖြစ်တတ်တယ်လို့၊ဘုရားဟောထားခဲ့တယ်သားရဲ”

“ဒါကြောင့်မေမေတို့ဗုဒ္ဓဘာသာမှာ ၅ပါးသီလထဲမှာ

အရက်ကိုရှောင်ရမယ်ဆိုတာပါတယ်လေသားရဲ့”

“မူးယစ်တဲ့အရာတွေကိုရှောင်ရမယ်လို့ ဘုရားဟောခဲ့တာပေါ့”

“ဟုတ်ကဲ့မေမေ”

“ဒါကိုဘာလို့ လူကြီးတွေကသောက်နေကြတာလဲမေမေ”

“သူတို့ကဘုရားစကားနားမထောင်ကြဘူးနော်”

“သားကြီးလာရင်ဘုရားမကြိုက်တဲ့အရက်ကိုမသောက်ဘူးမေမေ”

“အင်းပေါ့သားရယ့ဘုရားစကားကိုလိုက်နာနိုင်တဲ့သူတွေကတော့ သေရင်ကောင်းရာဘဝတွေရောက်မယ်၊ ဘုရားစကားမလိုက်နာတဲ့သူတွေကတော့ ၊ လူဖြစ်ရင်လူရူး၊ခွေးဘဝဖြစ်ရင်တောင်ခွေးရူးဖြစ်ရတယ်သားလေးရဲ”

“ကြောက်စရာ နော်မေမေ”

ဒေါ်ကြေးမှုံတယောက်သားလေးဂျစ်တူးကို ကြည့်ရင်း

“သားကြီးလာရင်၊လူလိမ္မာလုပ်မလားလူမိုက်လုပ်မလား”

” လူလိမ္မာပဲဖြစ်ချင်ပါတယ်မေမေ”

“လိမ္မာလိုက်တာသားလေးရယ်”

“ငါးပါးသီလ ဆိုတာလူတိုင်းစောင့်ထိန်းဘိုအတွက်ဘုရား ထားခဲ့တဲ့ သိက္ခာပုဒ်တွေပေါ့သားရယ်”


နောက်တနေ့ ဂျစ်တူးလေးကျောင်းရောက်တော့

ငါတို့အရူးမကြီးကိုသွားစရအောင်

ဖိုးတေက သူသူ့ငယ်ချင်းတွေကို ရွားဦးဇရပ်တွင်နေသော စိတ်မနှံသော အမျိုးသမီးကိုသွားစရန် အတွက်အဖော်စုနေခြင်းဖြစ်သည်။

” ဟေ့ကောင်ဂျစ်တူးမင်းရောလိုက်မလား

မလိုက်တော့ပါဘူးဖိုးတေ”

” ငါအမေကပြောတယ်ဝဋ်လိုက်တတ်တယ်တဲ့ သူများကိုမစရဘူးတဲ့ ”

“မင်းကလည်းကွာငါတို့ကအပျော်စတာပါကွ”

“ငါတော့သနားလို့အမေစီကိုပြောပြီး ထမင်းနဲ့ဟင်းပိုထည့်လာတယ်ကွ

“ငါ့အမေအရွယ်ဆိုတော့ ငါတို့တွေသူကိုလေးလေးစားစားဆက်ဆံရအောင်သူငယ်ချင်းတို့ရာ”

“အေးပါကွာလာငါတို့သွားရအောင်”

ဂျစ်တူးခေါင်းဆောင်ပြီး

သူငယ်ချင်းတွေ မုန့်ဝယ်လာသူကဝယ်

ထမင်းထုတ်ပါသူတွေက ဟင်းတွေထမင်းတွေကို သန့်သန့်ဖယ်ထားပြီးဇရပ်ဖက်သို့ထွက်လာခဲ့ကြသည်။

ဂျစ်တူးက

“ငါတို့သူကိုအရူးမကြီးလိုမခေါ်ပဲတခြားနာမည်ပေးရအောင်”

“ကောင်းသားပဲ”

“သူကိုငါတို့ သူဘဝလေးစပယ်လေးလိုဖြူစင်အောင်ဒေါ်စပါယ်လိုခေါ်ရအောင်အေးကောင်းသားပဲ”

သူငယ်ချင်းတွေကတပြိုင်တည်း

” ဒေါ်စပါယ်ဒေါ်စပါယ်”

“ဟိုမှာဒေါ်စပါယ်”

“ငါအရင်သူကိုစကားသွားပြောမယ်မင်းတို့က ဒီနားကစောင့်နေနော်၊ အခြေနေကောင်းရင်ငါလှမ်းခေါ်လိုက်မယ်”

ဂျစ်တူးကသူငယ်ချင်းတွေကိုနေခဲ့ရန်ပြောပြီးထမင်းထုတ်လေးကိုင်ကာ

“အဒေါ်”

“ဟဲ့ငါခေါ်တာလား”

“ဟုတ်တယ်အဒေါ်ကိုခေါ်တာ”

“ဘာပြောမလိုလဲကောင်လေး”

“ပြောပြောပြောမပြောပြော”

“အဒေါ်စပါယ်ထမင်းစားပြီးပြီလား”

“ဘယ်ကစပယ်လည်း”

“အဒေါ်နံမည်ကိုသားတိုပေးထားတာ”

“အမယ်နံမည်လေးကလှသားဟဲ့”

“အဒေါ်သားတို့ပေးတဲ့နံမည်ကြိကြိုက်လား”

“အင်းကြိုက်တယ်ကြိုက်တယ်”

“စပါယ်စပါယ်စပါယ်ငါ့နံမည်”

“အဒေါ်ဘိုက်ဆာနေလား”

ဒေါ်စပါယ်သူဘိုက်လေးပွတ်ရင်း

“ဆာသလိုလိုမဆာသလိုလို”

“ပေး ပေးစားမယ်”

“ခဏနေပါအုန်းအဒေါ်စပါယ်ရယ်”

“သားသူငယ်ချင်းတွေစီမှာလည်းထမင်းတွေဟင်းတွေမုန့်တွေပါသေးတယ်”

“ခေါ်လိုက်မယ်နော်”

“အေးအေးမြန်မြန်ခေါ်မြန်မြန်ခေါ် ဘာဆိုက်ဘာဆိုက်

“ဘာဆိုက်ဆိုတာဘာလဲဒေါ်စပါယ်”

“ဘာဆိုက်တော့ဘိုက်ဆာ”

“ဟားဟားဟား”

သိလဲသိဘူး အလိုက်တာ”

“လာကြသူငယ်ချင်းတို့”

ဖိုးတေ၊ မောင်အေး၊သံချောင်းနဲ့ ဗွေးတုတ်မ၊မိဂျမ်းတို့ဒေါ်စပါယ်အနီးကပ်လာသည်။

ပါလာသောထမင်းဟင်းမုန့်များကို ပေးလိုက်ကြသည်။

ဒေါ်စပါယ်ပလုပ်ပလောင်းစားရင်း

“စားကြအုန်းလေ”

“ကျွန်တော်/ကျွန်မတို့စားပြီးခဲ့ပါပြီ”

ဟင်းဘိုက်ကိုတင်းသွားတာပဲ

ဖိုးတေနှင့်ဂျစ်တူးကရေဘူးလေးပေးလိုက်တော့

ရေမော့သောက်ရင်း

“ဘိုက်ဝပြီဘိုက်ဝပြီပြန်ကြတော့”

“ငါတရေးတမောစက်တော်ခေါ်အုန်းမယ်”

“ဟုတ်ကဲ့ဒေါ်စပါယ်နောက်နေ့လည်းကျွန်တော်တို့လာပြီးကျွေးမယ်နော်”

“အိုကေစိုပြေ ဘိုင်”

“ကဲ ပြန်ကြရအောင်ကျောင်တက်သွားလိမ့်မယ်”

“မိဂျမ်းကသနားပါတယ်နော်”

“ဟုတ်တယ်မိဂျမ်းရဲ့သနားစရာကောင်းတယ်”

“ငါတို့ ကုသိုလ်တွေဒီနေ့အများကြီးရခဲ့ပြီ”

“နောက်နေ့ငါတို့အိမ်ကငှက်ပျောသီးယူခဲ့မယ်”

ဖိုးတေကလည်း

“ငါလည်းအိမ်ကကြ က်ဥ တွေပြုတ်ယူခဲမယ်”

ဂျစ်တူးက

“ငါကအိမ်ကထမင်းနဲ့ဟင်းယူခဲ့မယ်”

ဗွေးတုတ်မက

“ငါ့အမေအကြော်ဆိုင်ကအကြော်ယူခဲ့မယ်”

“ကောင်းတယ်သူငယ်ချင်းတို့

သူများကို ရေတမှုတ်၊ထမင်းတလုပ် ကျွေးရတာ သူဘိုက်ဝသွားတာငါတို့ပီတိဖြစ်လိုက်တာ”

“ငါတို့ကုသိုလ်တွေအများကြီးရမှာပေါ့နော်”

“အေးပေါ့ ဗွေးတုတ်ရ”

“ဟီးပျော်လိုက်တာ”

ဂျစ်တူးကမေမေ

သားတို့သူငယ်ချင်းတွေလေ

ဒေါ်စပါယ်ကို ထမင်းတွေဟင်းတွေမုန့်တွေသွားကျွေးတာ

စားလိုက်တာမေမေရယ်

“ဒေါ်စပါယ်ဆိုတာ”

ဟိုးတခါစိတ်မနှံတဲ့အဒေါ်ကြီးကိုသားတို့နံမည်ပေးထားတာ”

“သားရေ ဆာနေတဲ့သူကိုရေတမှုတ်ထမင်းတစုတ်ကျွေးရတဲ့ကုသိုလ်ကအရမ်းကုသိုလ်ရတယ်သားရဲ့

ကိုယ်လဲ သူများကိုပေးကမ်းတဲ့ကုသိုလ်က ကိုလ်လိုအပ်တဲ့အချိန်မှာလည်းပေးကမ်းမဲ့သူတွေပေါတယ်သားရဲ့”

“ကိုယ်လည်းအစားအသောက်တွေပေါများမယ် ၊ မရှားပါဘူးပေါ့သားရယ်”

“လှူလိုက်တယ်ပေးလိုက်တယ်ဆိုတာကုန်သွားတာမဟုတ်ဖူးသားရဲ့၊ ဘယ်ကတဆုပ်ကြဲရင်ညာကတလှည်းဝင်ဆိုတာ”

“လှူလိုက်တဲ့ပစ္စည်းက တန်ဘိုးနည်းပေမဲ့ ကိုယ်ရဲ့လှူချင်တဲ့စေတနာတွေကအရမ်းကိုထက်သန်နေမယ်ဆိုရင်ရရှိမဲ့အကျိုးက စေတနာထက်သန်သလောက်ခံစားရတယ်သားရဲ့”

“တချိုတွေကြတော့ညောင်ပင်ကြီးလောက် အများကြီးလှူတယ်၊ ရလာတဲ့ကုသိုလ်ကညောင်စေ့လေးလောက်ရတယ်”

“မေမေဘာလိုအများကြီးလှူပြီးကုသိုလ်ကျနည်းနည်းလေးရတာလဲဟင်”

“စေတနာကွာလိုပေါ့သားရယ်”

“ဂုဏ်လိုချင်လို့၊နံမည်ကြီးချင်လို့ သာလှူရတယ်စေတနာကနည်းလိုလေသားရဲ့”

“မေမေဒါဆိုစိတ်ကအရမ်းအရေးကြီးတာပေါ့နော်မေမေ”

“အေးပေါ့သားရဲ့”

ဂျစ်တူးတို့နေ့စဥ်ဒေါ်စပါယ်ကိုအမြဲကျွေးမွေးနေပြီး

သူတိုနှင့်ဒေါ်စပါယ်ပင်အတော်ရင်းနှီးနေကြပြီဖြစ်သည်။

ဒေါ်စပါယ်စီသွားရာလမ့းတွင်သူကြီးနှင့်တွေပြီး

ရွာသူကြီးက

“ခလေးတွေဘာလို့အရူးမကိုသွားပြီးကျွေးမွေးနေကြတာလဲ”

“မင်းတို့သွားရမဲ့နေရာမဟုတ်ဘူး”

“မင်းတို့ကိုရန်ပြုရင်ဘယ်လိုလုပ်မလဲ”

ရွာသူကြီး ဦးဒေါနက ခလေးတသိုက် ရွာထိပ်ကဇရပ်ရှိအရူးမရှိရာကိုသွားနေသည်ကိုတွေ့၍ ခလေးများကိုဆူနေခြင်းဖြစ်သည်။

“ဒေါ်စပါယ်ကသားတိုကိုရန်မလုပ်ပါဘူးဘကြီးရဲ့သူခင်မျာဘိုက်ဆာနေလို့သားတို့က ကျွေးနေတာပါဘကြီးခုဆိုသားတိုနဲ့ခင်နေပါပြီ”

“မေမေခွင့်ပြုချက်ရလိုသားတို့ကျွေးတာပါ”

“ငါသူကြီးပြောနေတာနောင်ကို ဒီဇရပ်ပျက်ဖက်ကိုမလာနဲ့ဒါပဲသိလား”

ဟုတ် ဟုတ်ကဲ့ဘကြီး

ဂျစ်တူးတို့တသိုက် မျက်နှာငယ်လေးများဖြင့်တယောက်မျက်နှာတယောက်ကြည့်ရင်းထမင်းထုတ်လေးများရေသန့်၊မုန့်လေးတွေကိုကြည့်ရင်းစိတ်မကောင်းစွာအိမ်သို့ပြန်လာကြသည်။

“မေမေ”

“သား ဒေါ်စပါယ်က မစားလို့ပြန်ယူလာတာလား

မဟုတ်ဘူး မေမေ”သူကြီးကသားတို့ကို အဲဒီဘက်မသွားရဘူးတဲ့”

“ဘာလိုလဲသနားပါတယ်သားတို့ကိုမျှော်နေတော့မှာပဲ”

“ဟုတ်တယ်မေမေသားတိုလည်းစိတ်မကောင်းဘူး”

ဂျစ်တူး တို့အဖွဲ့လည်းဇရပ်ပျက်ဖက်မရောက်ဖြစ်သည်မှာလအတန်ငယ်ကြာခဲ့လေပြီ

ကျောင်းရောက်တော့ဗွေးတုတ်မက အမောတကောပြေးလာသည်။

“ဂျစ်တူး၊ သံချောင်း၊ဖိုးတေ၊မိဂျမ်းရေ ငါလေဒေါ်စပါယ်ကိုစျေးထဲမှာတွေ့လိုက်တယ် ဘိုက်ဆာလို့လိုက်တောင်းစားနေတာ၊ ထူးဆန်တာက ဒေါ်စပါယ် ကဘိုက်နဲနဲပူနေသလိုပ”

“ဟင်၊ဟယ်၊ ဟုတ်လာ၊ ဟော့တော့ ဒုက္ခပါပဲ”

“ဟုတ်ရဲလားဟာ”

“သိဘူကွာဘိုက်ပူနေတာတောသေချာတယ်”

“ဘယ်သူနဲ့ရတာလဲသိဘူးနော်”

“ဟယ်သနားပါတယ်၊ လူတွေကယုတ်မာလိုက်ကြတာ”

သူငယ်ချင်းတသိုက် စိတ်မကောင်းကြဂျစ်တူးကျောင်းကပြန်လာတော့

“မေမေ မေမေ”

“သား အမောတကောနဲ့ဘာဖြစ်လာတာလဲ”

“ဒေါ်စပါယ်လေကိုဝန်ကြီးနဲ့တဲ့”

“ဘုရားဘုရား”

“လူတွေလူစိတ်ပျောက်နေပြီ”

“သူကိုယ်သူတောင်စိတ်မမှန်ရှာတာ သူ့ခလေးကိုဘယ်လိုစောင့်ရှောက်မလဲ”

“လူတွေကလဲအရူးတောင် ချမ်းသာမပေးကြဘူးနော်

ဘယ်တဏှာရူးကများစော်ကားလိုက်တာလဲမသိဘူးယုတ်မာလိုက်ကြတာ”

ဒေါ်ကြေးမှုံ စိတ်မကောင်းစွာပြောရင်း

“ကဲသားအင်္ကျီလဲလေသား”

“မေမေတို့ဘုန်းကြီးကျောင်းအတွက် လယ်ထွက်ပစ္စည်းလေးတွေသွားလှူကြရအောင်”

“သားအဖေ လယ်ထဲကပြန်လာရင်သွားကြရအောင်

ဟုတ်ကဲ့မေမေ”

တနေ့ ဂျစ်တူးတို့သူငယ်ချင်းတွေကျောင်းပိတ်သဖြင့်ကလေးတွေ ရွားထိပ်ကဇရပ်ပျက်နားတွင်တူတူပုန်းတမ်းကစားကြသည်။ထိုစဥ် ဇရပ်ပျက်အတွင်းမှခပ်သုတ်သုတ်ထွက်သွားသော သူကြီးအား ဂျစ်တူးတို့အဖွဲ့တွေ့လိုက်ကြရသည်။

ဂျစ်တူးက

“ငါတို့ကျ ဒီနားမလာရဘူးတဲ့ သူကကြဘာလာလုပ်တာလဲ”

အိမ်ပြန်ရောက်တော့

“အမေ”

“သားဂျစ်တူးပြန်လာပြီလား”

“ဟုတ်အမေသားတို့လေ”ဇရပ်ပျက်နားသွားကစားကြတာ ဇရပ်ပျက်ထဲကသူကြီးထွက်လာတာမြင်လိုက်တယ်”

“သူကြီးကအဲဒီဇရပ်ပျက်ထဲဘာသွားလုပ်တာလဲ

ညနေမှောင်စပြိုးနေပြီကို”

“သားတို့ကြအဲဒီနားမကစားရဘူးမလာရဘူး၊ဒေါ်စပါယ်စီလဲမလာရဘူးတဲ့”

ဦးမြင့်ကျော်က

“သားတို့ ဘာတွေပြောနေကြတာလဲသားအမိနှစ်ယောက်”

“သူကြီးဦးဒေါနအကြောင်းပြောနေတာ ဟိုဇရပ်ပျက်ထဲ ကခပ်သုတ်သုတ်ထွက်လာတာသားတို့မြင်လို့တဲ့”

“ဟာ ဟုတ်ရဲ့လားကွာ”

“ဟုတ်တယ်အဖေရဲ့ သားပဲတွေ့တာမဟုတ်ဘူးဟိုနေ့ကဖိုးတေရော၊မိဂျမ်းရောတွေ့တာခဏခဏကိုတွေ့တာ”

“တရက်တင်မဟုတ်ဘူး

ခဏခဏတွေ့နေတာအဖေ

ညနေစောင်းမှောင်ပြီဆို “ဦးမြင့်ကျော်က

” ငါထင်တာဖြစ်မလာပါစေနဲ့တော့ဆုတောင်းရမှာပဲ”

နောက်တနေ့မြင်ကျော်နှင့်အတူ မိဂျမ်းဖခင်၊သံချောင်းအဖေ၊ရပ်ကွက်ထဲမှ ယောင်္ကျားလေးများစုပြီး ဇရပ်ပျက်ပတ်ဝန်းကျင်သစ်ပင်ခြုံပင်များကြားလူစုခွဲကာစောင့်နေကြသည်။

ဒေါ်စပါယ်ကသီးချင်းလေးအော်ဆိုနေသည်။

ထိုစဥ် မျက်နှာကိုတဘက်ခြုံထားသောလူတဦးခပ်သုတ်သုတ်ဖြင့်တောင်ကြည့်မြောက်ကြည့်ပြီးလူလစ်သည်နှင့်ဇရပ်ပျက်တွင်းဝင်သွားလေသည်။

ဦးမြင့်ကျော်နှင့်အဖွဲ့က ဇရပ်နားသို့တဖြေးဖြေးကပ်လာသည်။

ဇရပ်ထဲမှာတော့ သူကြီးကဒေါ်စပါယ်ကို လက်ထဲမှအထုတ်လေးပေးလိုက်သည်။ဒေါ်စပါယ်ကယူလိုက်ပြီး အထုပ်ဖွင့်စားနေသည်။နောက်မှ သူကြီးကဒေါ်စပါယ်ကိုနောက်မှ

သိမ်းကြုံးဖက်လိုက်ပြီး

ဒေါ်စပါယ်အပေါ်ဝတ်ထားသောအင်္ကျီးကိုဆွဲချွတ်လိုက်သည်။

လူငယ်တွေအားလုံးဇရပ်အတွင်းတပြိုင်ထဲဝင်လာကာသူကြီးကိုဖမ်းချုပ်ထားလိုက်သည်။

ဒေါ်စပယ်ကတော့သီးချင်းဆက်ဆိုနေသည်။

ဒေါ်စပါယ်ကိုလည်းလက်ဆွဲခေါ်လာသည်။

စပါယ်ကတော့ပြုးတူးကြောင်တောင်နှင့်လိုက်ပါလာသည်။

ကဲသူကြီးဒီကိစ္စဘယ်လိုရှင်းမှာလဲ

သူကြီးကတော်ဒေါ်သိန်းတင်ကတော့ ချုံးပွဲချငိုနေသည်။

ရှက်လိုက်တာ၊ ရှင်ဟာလူစိတ်မရှိတဲ့လူ၊ သမီးပိုးဥလေးကတော့ရှက်လွန်း၍ အခန်းတံခါးပိတ်ကာအတွင်းမှာငိုရှိုက်နေသည်။

ငါ ငါမှားပါတယ်

ရှင်မှားတယ်ပြောရုံနဲ့ကိစ္စကမပြီးဘူးလေ

ကျွန်မမျက်နှာဘယ်နားသွားထားရမှာလဲ

ခင်ဗျားကိုလည်းသူကြီးရာထူးကထုတ်ပယ်လိုက်ပြီ

ခင်ဗျားဒီကိစ္စဘယ်လိုရှင်းမှာလဲ

ငါဒီခလေးမလေးမီးဖွားတဲ့အထိတာဝန်ယူပါတယ်

ဘာရှင့်

ဒေါ်သိန်းတင် ကမီးဝင်းဝင်းတောက်သောမျက်လုံးတစုံဖြင့်ရှင့်ကိုလည်းကျွန်မမပေါင်းနိုင်ဘူး

ရှင်လည်းဒီအိမ်ကထွက်သွား

ငါမှားပါတယ်အသိန်းရယ်

ရှင့်မျက်နှာကျွန်မမမြင်ချင်ဘူး

ပိုးဥ အမေတို့ဒီရွာကထွက်သွားကြစို

ပိုးဥ ပိုးဥ

ဟာခေါ်လိုလည်းမရဘူး

တံခါးကိုဖျက်ပေးကြပါအုန်း

ရွာထဲမှလူငယ်များတံခါးကိုရိုက်ဖွင့်တဲ့အချိန်မှာမြင်လိုက်ရတာကတော့ ပိုးသတ်ဆေးပုလင်း ထဲမှာပိုးသတ်ဆေးတွေမရှိတော့

ပိုးဥ ပါးစပ်ထဲမှာအမြှုတ်တွေထွက်မျက်လုံးပြူး၍သေဆုံးနေသောပိုးဥကိုမြင်လိုက်ကြရသည်။

သမီးသမီးဒေါ်သိန်းတင် တယောက်သမီးကိုမြင်ရင်းသတိလစ်သွားလေသည်။

အသိန်း အသိန်း

ဦးဒေါနတယောက်အရူးမီးဝိုင်းခံစားရလေသည်။

ဦးဒေါန တယောက်ခဏတာ သာယာမိသော တဏှာကြောင့်

မိသားစုလည်းပြိုကွဲသမီးလည်းဆုံး၊ထောင်လည်းကျတဘဝလုံးဆုံးရှုံးမူတွေနောင်တတွေများစွာဖြင့်ကျန်ရှိသောသက်တမ်းကထောင်ထဲမှာပင်ကုန်ဆုံးရပေတော့မည်။

ဒေါ်သိန်းတင်ကတော့သမီးလည်းဆုံးယောင်္ကျားဖြစ်သူလည်းထောင်ကျ၊ သူကျန်ဘဝကိုအေးချမ်းမူကို ရရှိစေရန် သီလရှင်ဘဝဖြင့် တသက်တာအေးချမ်းသွားပြီဖြစ်သည်။များမကြာမီဒေါ်စပါယ် လည်းသားလေးမွေးသည်။

ဦးဒေါနအိမ်မှာပင် သူတို့သားအမိကိုနေစေသည်။

ရွာမှ ရွာသူရွာသားများကသူကိုဝိုင်းဝန်းစောင့်ရှောက်ထားကြသည်။

ဒေါ်စပါယ်ကသူသားလေးကိုအရမ်းချစ်သည်။

နှစ်တွေကြာညောင်းခဲ့လေပြီ

သားလေးလည်းလူပျိုအရွယ်ရောက်ခဲ့ပြီ

ဒေါ်စပါယ်ကတော့ ယဥ်ယဥ်လေးရူးမြဲ၊ ကံကောင်းတာကတော့သားလေးကသူအမေကိုပြုစု ပေးနိုင်ခဲ့သည်။


ပြီးပါပြီ

ချိုချိုဝင်း(UMM)

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

"တစ်ပတ်လည်လာသော ဝဋ်နာ"