အကုသိုလ် အကျိူးဆက်

 အကုသိုလ် အကျိူးဆက် (စ/ဆုံး)

ကိုလှမောင် ဟင်းစားအနေနှင့် ဖမ်းလာသည့်

ငါးများကို မခင်သစ် အရှင်လတ်လတ် ခုတ်ထစ်နေလေသည်။

သူတို့၏ သားဖြစ်သူ ငါးတန်းအရွယ် ဖိုးသားလေးသည်

မိခင်ကြောင့် သေဆုံးသွားသည့် ငါးများကို ရီဝေစွာ

ကြည့်နေရင်း ဆရာမ၏ ဆုံးမစကားများကို ပြန်လည်

ကြားယောင်နေသည်။ ငါးပါးသီလထဲက တစ်ပါးကို

ကျိူ းဖောက်နေသည့်အမေတော့ ငရဲကို ရောက်ရတော့မည့် ဟု

စဉ်းစားမိတော့ ဖိုးသား မျက်ဝန်းတွင် မျက်ရည်ဝဲလာသည်။

သည်ဖြစ်ရပ်တွင် ငါးများကို ဖမ်းလာသည့် အဖေနှင့်

သတ်ဖြတ်လိုက်သော အမေရယ် မည်သူက အပြစ်ပိုကြီး

မလည်း ဟု တွေးရင်း ဉာဏ်မမှီသဖြင့် ဖိုးသားသည်

အရွယ်နှင့်မလိုက် သက်ပြင်းကို အခါခါချနေရှာသည်။


” ဘယ်ခွေးမှ လူမထင်ဘူးကွ… မိုက်ရင်ထွက်ခဲ့ကြ”


အရက်သောက်လာပြီး တစ်လမ်းလုံးမအော်ဟစ်ဘဲ အိမ်ဝိုင်းထဲရောက်မှ ကိုလှမောင် အော်ဟစ်နေသည်။


” ဟွန်း အရက် သောက်လာပြန်ပြီ … အာချောင်မနေစမ်းနဲ့”


မခင်သစ်စကားကို အဖက်မလုပ်ဘဲ အိမ်ရှေ့ကွပ်ပျစ်တွင်

ကိုလှမောင် လှဲအိပ်လိုက်၏ ။ လက်ထဲ ပါလာသော

နှင်းဆီပန်းကို အိမ်ထဲလှမ်းပစ်သေးသည်။ မြေကြီးပေါ်ကျ

သွားသည့် နှင်းဆီပန်းလေးကို ဖိုးသားပြေးကောက်သဖြင့်

ကိုလှမောင် မကောက်ရန် ကြိမ်းမောင်းလေသည်။ ငိုမဲ့မဲ့နှင့်

ဖိုးသားလေးမှာ စာအုပ်ဖွင့်၍ စာကျက်နေတော့သည်။

ညနေစာမိသားစု ထမင်းဝိုင်းလေးတွင် မိဘနှစ်ပါးက

ငါးဟင်းနှင့်ထမင်းကို အားရပါးရစားနေသော်လည်း

ဖိုးသားလေးကတော့ ထမင်းကို ငပိရည်နှင့်ပဲ နယ်ဖက်၍

စားလေသည်။ ညဘက်သို့ရောက်လာသည့်အခါ

မိဘနှစ်ပါးမှာ ဖိုးသားထက်အရင် အိပ်ယာ

ဝင်သွားကြ၏ ။ ဖိုးသားခမျာ သည်နေ့ညမှ အိပ်မရသဖြင့်

ခြင်ထောင်ထဲ ဟိုတွေးသည်တွေးနှင့်သာ။

” ဟင်း ဟင်း ဟင်း ဗိုက်ဆာတယ်… ဗိုက်ဆာတယ်”


အိပ်မပျော်သေးသည့် ဖိုးသားမှာ နားထဲတိုးဝင်လာသော

အေးစက်စက်အသံကြီးကြောင့် စောင်ကိုဖယ်ပြီး ခြင်ထောင်

ထဲက ထွက်မည့်ဟန်ပြုလိုက်တုန်း အပုပ်နံ့ဆိုးကြီးကြောင့်

လည်ချောင်းထဲက ပျိူ့တက်လာ၏ ။

” အဖေနဲ့အမေ မကြားကြဘူးလား… ငါကြားလိုက်ရတဲ့

အသံကို… အိမ်ထဲသူခိုးဝင်တာဖြစ်မယ်… ငါ အပြင်

ထွက်ချင်ပေမယ့် ခြင်ထောင်ဟလိုက်တာနဲ့ အပုပ်နံ့က

မွှန်လာတယ်… အဖေနဲ့အမေ မြန်မြန်နိုးပါတော့”


အသံတိုးတိုးလေးနှင့် ဖိုးသားအားငယ်စွာ ပြောနေတုန်း

ရှိသေး၊ အကောင်အထည်ကြီးမားလှသော သဘက်ကြီးသည်

ဖိုးသားခြင်ထောင်နား ရောက်လာတော့သည်။

ထိုသဘက်ကြီးကို ဖိုးသားမြင်လိုက်တာနှင့်…


” အမေရေ… ဟီး ဟီး ဘာကြီးလည်းမသိဘူး

သားကို ကယ်ပါဦး… ဟီး ကြောက်တယ်”


ငယ်သံပါအောင် ဖိုးသား အော်ဟစ်နေသော်လည်း

မိဘနှစ်ပါးမှာ လာကူညီဖို့မပြောနှင့် အသံတောင်မကြားရချေ ။

ခြင်ထောင်ထဲတွင် အားကိုးရာ ရှာနေရင်း ကပ္ပိယကြီး

ပေးထားသော ပုတီးကိုလည်ပင်းဆွဲကာ သရဏဂုံ

သုံးပါးကို မျက်စိမှိတ်ပြီး အဆက်မပြတ်ရွတ်ဆိုနေသည်။

သဘက်ကြီးသည် ခြင်ထောင်နားက ထွက်ခွာ

သွားသောအခါ အိပ်ငွေ့ချထားခံရသကဲ့သို့

ဖိုးသားမှာလည်း နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။

” ဟား ဟား သေဖို့သာပြင်ထားတော့”


ကိုလှမောင်တို့ ခြင်ထောင်နားကို သဘက်ကြီး

ရောက်လာပြန်သည်။ အဆမတန်ကြီးမားလှသော

သဘက်ကြီး၏ လက်များသည် မခင်သစ်ကို ခြင်ထောင်

ထဲကနေ အရင်ဆွဲယူပြီး ဂုက်ကိုချိူ းဖို့ပြင်တော့သည်။


” အောင်မယ်လေး ယောက်ကျားရေ”


” မိန်းမ သေတော့မယ် ….. သရဲကြီး လာကြပါဦး”

” အား” ဟု အသံနှင့်အတူ သဘက်ကြီးက မခင်သစ်

ဂုက်ကို ချိူ းလိုက်သည်။ နာကျင်စွာအော်ဟစ်သံကြီးက

ဆူညံသော်လည်း ရွာထဲကလူများ ကြားဖို့မပြောနှင့်

အိပ်မောကျနေသော ဖိုးသားတောင် မကြားရချေ။

နောက်ထပ်အလှည့်ကြသော ကိုလှမောင်ကိုကြတော့

လက်ကြီးကို ဆန့်ထွက်လိုက်ကာ ရင်ဘတ်နေရာကို

ထိုးဖောက်လေသည်။ လက်ထဲပါလာသော နှလုံးကို

သဘက်ကြီးမှာ အားရပါးရစားတော့သည်။ တစ်ချက်တောင်

မအော်ဟစ်နိုင်တော့ဘဲ ကိုလှမောင် သေဆုံးရှာသည်။

သဘက်ကြီးလည်း သူတွယ်ကပ်လာသော နှင်းဆီပန်းဆီ

ပြန်ပူးကပ်ကာ ညသည် ပြန်လည် တိတ်ဆိတ်သွားသည်။

ကြမ်းပြင်ပေါ်မှာတော့ မျက်လုံးပြူ းကြီးနှင့် အသက်ကင်းမဲ့နေ

္ဒသော လင်မယားနှစ်ယောက်လုံး၏ ခန္ဓာကိုယ်ကြီးသည်

အသည်းငယ်သူအဖို့ လိပ်ပြာတောင်လွင့်လောက်သည်။


နောက်တစ်နေ့မနက်ခင်းတွင်…


” သေတဲ့ပုံစံကြည့်ရတာ မကောင်းဆိုးဝါးက

သတ်သွားတာဖြစ်မယ်”


” ထင်ရာမပြောစမ်းနဲ့… ဖိုးသားလေးကိုသာ

ချော့ကြစမ်းပါ… သနားပါတယ်”


ရွာထဲက လူများသည် လင်မယားနှစ်ယောက်

အလောင်းကို ကြည့်ပြီး အမျိူ းမျိူ းဝေဖန်သူကဝေဖန်၊

ဖိုးသားလေးကို နှစ်သိမ့်သူက နှစ်သိမ့်ကြနှင့်

မကြာမှီတွင် ရွာဦးကျောင်းက ဘုန်းဘုန်းပါ ကြွလာ၏။


” အင်း ဒကာကြီးနဲ့ဒကာမတို့ ကံအကြွေးပေးဆပ်ရတာ

ပေါ့… ကပ္ပိယကြီး မြေကြီးပေါ်က နှင်းဆီပန်းကို

ကောက်ပြီး သချိူ င်းကိုသွားလွှတ်ပစ်လိုက်… ရိုးရိုးပန်း

မဟုတ်ဘူး… မမြင်ရတဲ့ ပရလောကသား ကပ်နေတာ”


ဘုန်းဘုန်းစကားကြားတာနှင့် အားလုံးထိတ်လန့်

ကုန်သည်။ တစ်ချိူ့ဆို ထတောင် ပြန်သွားကြ၏။

နှင်းဆီပန်းကို လက်ကကိုင်ပြီး ကပ္ပိယကြီး လမ်းလျှောက်လာရင်း ပေါ့ပါးသည့် နှင်းဆီပန်းပွင့်မှာ

သချိူ င်းနားနီးလာလေ ခဲကို မလာရသလို လေးလံလာသည်။

သချိူ င်းရောက်သည့်အခါ တော်ရာနေရာတွင်

နှင်းဆီပန်းကို ချလိုက်သည်။ သချိူ င်းစောင့်ကြီးကနေ…


” မနေ့က လှမောင်ယူသွားတဲ့ ပန်းလားဟ…

ဒီကောင် မူးမူးရူးရူးနဲ့ ဆဲဆိုပြီး အုတ်ဂူပေါ်က

နှင်းဆီပန်းကို ကောက်ပြီး ဒီသချိူ င်းထဲက အင်အား

အကြီးဆုံး သရဲ ငါနဲ့လိုက်ခဲ့စမ်းလို့ ကြိမ်းဝါးရင်း နှင်းဆီပန်း

လက်ကကိုင်ပြီး သချိူ င်းထဲက ထွက်သွားတာ”

” ဟုတ်ပဗျာ… အဲ့နှင်းဆီပန်းကြောင့်ပဲ လှမောင်အပြင်

သူ့မိန်းမပါ သေသွားရှာတယ်… ကလေးခမျာသနားပါတယ်”


” အကုသိုလ်ကို ထမင်းစားရေသောက် ကျူ းလွန်တော့

ဒီလိုပဲသေဆုံးရတာပေါ့ … ကပ္ပိယကြီးရယ်”


သချိူ င်းစောင့်ကြီး ပြောသလိုပင် အကုသိုလ်အကျိူ း

ပေးတာဆိုလျှင် ထိုအကုသိုလ်ကြောင့် လင်မယား

နှစ်ယောက်လုံး ငရဲတွင် ပေးဆပ်ရပေဦးမည်။

နေ့ချင်းပင် လင်မယားနှစ်ယောက် အလောင်းကို

သဂြိုလ် လိုက်သည်။ ရွာထဲက ချမ်းသာသည့် လူပျိူ ကြီး

ဦးဘချစ်က ဖိုးသားလေးကို အမွေစား အမွေခံ

မွေးစားလေသည်။ သုံးနှစ်လောက်ကြာပြီးနောက်

ှုဦးဘချစ်က ဖိုးသားကို လှုပေးသည်။ သင်္ကန်းဝတ်နှင့်

ဖိုးသားသည် မျက်ရည်များကျကာ မိဘနှစ်ပါးကို

လွမ်းဆွတ်နေရှာသည်။ မွေးစားဖခင်က

တားသော်လည်း ဖိုးသားမှာ တရားအရိပ်ကနေ

ထွက်ခွာဖို့ စိတ်ကူးမရှိသဖြင့် ရာသက်ပန်

သင်္ကန်းစီးဖို့ဆုံးဖြတ်လိုက်၏ ။


ကြိုးစားလျက်,

ဇူးဇူးငယ်(ဇင်ငြိမ်းမွန်)

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

အပျိုဘဝ၏ နောက်ဆုံးည

"တစ်ပတ်လည်လာသော ဝဋ်နာ"