"သူစိမ်းဖြစ်သွားတဲ့မယား"

 

အခန်း (၁) 

"ကျွန်တော်က အောင်မြင်မှုနောက်ကိုပဲ အရူးအမူး လိုက်ခဲ့တဲ့လူပါ... အဲ့ဒါပဲ ကျွန်တော့်ဘဝကို အစကနေ အဆုံးထိ ပြာကျစေခဲ့တာ"

ကျွန်တော့်နာမည် မင်းခန့်။ လူတွေက ကျွန်တော့်ကို ငွေရှာစက်လို့ ခေါ်ကြတယ်။ အသက် ၃၀ ကျော်အရွယ်မှာ ကုမ္ပဏီတစ်ခုရဲ့ အကြီးတန်းမန်နေဂျာ ဖြစ်ခဲ့သလို၊ လှပပြီး စိတ်သဘောထားပြည့်ဝတဲ့ ဇနီးသည် "နွယ်" နဲ့ လက်ထပ်ခွင့်ရခဲ့တယ်။ ကျွန်တော့်ဘဝက ပြည့်စုံလွန်းလို့ အားလုံးက အားကျကြတာပေါ့။

ကျွန်တော့်အတွက် အိမ်ဆိုတာ ညဘက် ခဏတာ နားခိုရာ နေရာတစ်ခုထက် မပိုခဲ့ဘူး။ မနက် ၆ နာရီမှာ အိမ်ကထွက်၊ ည ၁၁ နာရီမှ အိမ်ပြန်ရောက်တယ်။ နွယ်ကတော့ အမြဲတမ်း ဧည့်ခန်းထဲမှာ စောင့်နေတတ်မြဲ။

"ကို... ထမင်းစားဦးမလား၊ နွယ် နွေးပေးမယ်လေ"

"မစားတော့ဘူး... ပင်ပန်းနေပြီ" လို့ ပြောပြီး ကျွန်တော် အပေါ်ထပ်ကို တက်သွားတတ်တယ်။ သူမရဲ့ မျက်ဝန်းထဲက မျှော်လင့်ချက်အရိပ်အယောင်တွေကို ကျွန်တော် တစ်ခါမှ သေချာ မကြည့်ခဲ့ဘူး။ ကျွန်တော်က အလုပ်မှာ Project အသစ်တွေရဖို့၊ ရာထူးတိုးဖို့နဲ့ ဘဏ်စာရင်းထဲက ဂဏန်းတွေ တိုးဖို့ကိုပဲ အသက်သွင်းထားတဲ့ လူစားမျိုးလေ။


အခန်း (၂)

နွယ်က ကျွန်တော့်ဘဝရဲ့ အုတ်မြစ်ပါ။ သူမက အေးဆေးတည်ငြိမ်တယ်၊ ကျွန်တော့်ရဲ့ ဒေါသတွေကို သည်းခံတယ်၊ ကျွန်တော့်ရဲ့ ဂရုမစိုက်မှုတွေကို နားလည်မှုနဲ့ တုံ့ပြန်ခဲ့တယ်။

တစ်ခါက ကျွန်တော်တို့ မင်္ဂလာသက်တမ်း ၃ နှစ်ပြည့်တဲ့နေ့။ သူမက ဖုန်းဆက်ပြီး အိမ်မှာ ညစာ အတူစားဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ အဲဒီနေ့က ကျွန်တော့်အတွက် အရမ်းအရေးကြီးတဲ့ Client တစ်ယောက်နဲ့ ချိန်းထားတာ ရှိနေတယ်။

"ကို... ဒီနေ့ တစ်ရက်လေးပဲလေ၊ ည ၇ နာရီလောက်တော့ ပြန်လာပါနော်"

"နွယ်... မင်း နားလည်စမ်းပါ။ ငါက ကစားနေတာ မဟုတ်ဘူး၊ အလုပ်လုပ်နေတာ။ ပိုက်ဆံရှိမှ အိမ်ထောင်ရေးက မြဲမှာပေါ့"

ကျွန်တော် ဖုန်းချလိုက်တယ်။ အဲဒီညက ကျွန်တော် မူးပြီး ပြန်လာခဲ့တယ်။ အိမ်ရောက်တော့ နွယ်က ထမင်းစားပွဲမှာ မှောက်ရက်လေး အိပ်ပျော်နေတယ်။ စားပွဲပေါ်မှာတော့ သူမ ကိုယ်တိုင်ချက်ထားတဲ့ ဟင်းတွေက အေးစက်လို့။ ကျွန်တော် သူမကို နှိုးမနေတော့ဘဲ အခန်းထဲဝင် အိပ်လိုက်တယ်။ နွယ်ဟာ ကျွန်တော့်ဘဝမှာ အမြဲတမ်း ရှိနေမယ့် "ပရိဘောဂ" တစ်ခုလို ကျွန်တော် မှားယွင်းစွာ တွေးခဲ့မိတာပေါ့။


အခန်း (၃)

ပြိုလဲခြင်းရဲ့ အစက ရုတ်တရက်ကြီး ရောက်လာခဲ့တယ်။

ကျွန်တော် အားကိုးခဲ့တဲ့ ကုမ္ပဏီက ရှယ်ယာရှင်တွေကြား ပြဿနာတက်ပြီး လုပ်ငန်းတွေ ရပ်ဆိုင်းကုန်တယ်။ အဲဒီကြားထဲ ကျွန်တော် တာဝန်ယူထားတဲ့ Project တစ်ခုမှာ ငွေစာရင်းအလွဲအချော်တွေ ဖြစ်ခဲ့တယ်ဆိုပြီး ကျွန်တော့်ကို အပြစ်ပုံချကြတယ်။ တစ်ညတည်းနဲ့ ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာ၊ ရာထူးနဲ့ ဝင်ငွေလမ်းကြောင်းတွေ အကုန်ပိတ်သွားခဲ့တယ်။

ကျွန်တော် အိမ်ကို သတင်းဆိုးနဲ့ ပြန်လာခဲ့တယ်။ နွယ်က ကျွန်တော့်ကို အပြစ်မတင်ဘူး။

"ရပါတယ် ကိုရယ်... အစကနေ ပြန်စလို့ ရတာပဲ။ နွယ်တို့ ချွေတာပြီး နေကြတာပေါ့"

ဒါပေမဲ့ ကျွန်တော့်ရဲ့ အတ္တက နွယ်ရဲ့ အားပေးမှုကို လက်မခံနိုင်ခဲ့ဘူး။ ကျွန်တော် အရက်တွေ စသောက်လာတယ်။ အလုပ်ရှာဖို့ ကြိုးစားပေမဲ့ နာမည်ပျက်သွားတဲ့ ကျွန်တော့်ကို ဘယ်သူမှ အလုပ်မခန့်ကြဘူး။ ကျွန်တော် ဒေါသတွေကို နွယ်ပေါ်မှာ ပုံချခဲ့တယ်။


အခန်း (၄)

"မင်း ဘာသိလို့လဲ! အိမ်ထဲမှာပဲ နေတဲ့ မိန်းမက ငါ့ရဲ့ အရှက်ရမှုကို ဘယလို နားလည်မှာလဲ" လို့ ကျွန်တော် အော်ဟစ်ခဲ့ဖူးတယ်။

နွယ်ကတော့ တိတ်တိတ်လေး ရှိုက်ကြီးတငင် ငိုရှာတယ်။ နောက်ပိုင်း ကျွန်တော်က အိမ်ပြန်မလာတော့ဘဲ သူငယ်ချင်းတွေနဲ့ အရက်ဝိုင်းမှာပဲ အချိန်ဖြုန်းတော့တယ်။ အိမ်မှာ ရှိသမျှ ရွှေတွေ၊ ငွေတွေကိုလည်း ကျွန်တော် ယူထုတ်သွားခဲ့တယ်။

တစ်ရက်မှာ နွယ်က ကျွန်တော့်လက်ကို ဆွဲပြီး တားခဲ့တယ်။ "ကို... တော်ပါတော့။ ရှိတာလေးနဲ့ ရောင့်ရဲပြီး အလုပ်တစ်ခုခု ပြန်လုပ်ပါတော့။ နွယ် တောင်းပန်ပါတယ်"

"လွှတ်စမ်း! မင်းက ငါ့ကို လူညံ့လို့ ထင်နေတာလား" လို့ ပြောပြီး ကျွန်တော် သူမကို တွန်းထုတ်လိုက်တယ်။ သူမ ခုတင်စောင်းနဲ့ တိုက်ပြီး လဲကျသွားတယ်။ သူမ ကျွန်တော့်ကို ကြည့်တဲ့ အကြည့်တွေဟာ အရင်လို ဂရုဏာတွေ မရှိတော့ဘူး။ အဲဒါဟာ "အဆုံးစွန်သော စိတ်ပျက်မှု" မျက်ဝန်းတွေပဲ။


အခန်း (၅) 

ကျွန်တော် အိမ်ပြန်မလာတာ တစ်ပတ်လောက် ရှိသွားပြီ။ ပိုက်ဆံကုန်လို့ အိမ်ကို ပြန်လာခဲ့တဲ့အခါ အိမ်ကြီးက မှောင်မည်းလို့။

"နွယ်... နွယ်!"

ဘယ်သူ့ဆီကမှ တုံ့ပြန်သံ မကြားရဘူး။ မီးဖိုချောင်ထဲမှာ ဖုန်တွေ တက်နေပြီ။ အိပ်ခန်းထဲကို ဝင်လိုက်တော့ မှန်တင်ခုံပေါ်မှာ စာအိတ်တစ်အိတ်နဲ့ ကျွန်တော် ပေးခဲ့တဲ့ မင်္ဂလာလက်စွပ်လေး ရှိနေတယ်။

စာထဲမှာ တစ်ကြောင်းတည်း ရေးထားတယ်။ “နွယ် စောင့်နေခဲ့တာ ကို့ရဲ့ အောင်မြင်မှုတွေကို မဟုတ်ဘူး... ကို့ရဲ့ နွေးထွေးမှုကိုပါ။ ကိုကတော့ နွယ် ရှိနေတာကိုတောင် မေ့နေခဲ့ပုံရတယ်”

အဲဒီညက ကျွန်တော် တစ်ယောက်တည်း အရူးတစ်ယောက်လို အော်ငိုခဲ့တယ်။ ဒါပေမဲ့ နွယ်က ပြန်မလာတော့ဘူး။ သူမရဲ့ ဖုန်းကို ဆက်တော့လည်း စက်ပိတ်ထားတယ်။ သူမ မိဘအိမ်ကို သွားမေးတော့လည်း ဘယ်သူမှ အတွေ့မခံကြဘူး။ ကျွန်တော့်ဘဝရဲ့ နောက်ဆုံးကျန်ရှိတဲ့ "အလင်းရောင်" ငြိမ်းသွားခဲ့ပြီ။


အခန်း (၆) 

၃ လ ကြာပြီးနောက်...

ကျွန်တော် အလုပ်ကြမ်းတစ်ခုမှာ ဝင်လုပ်ရင်း ဘဝကို အနိုင်နိုင် ရုန်းကန်နေရတယ်။ တစ်နေ့ လမ်းဘေးက ကော်ဖီဆိုင်လေးတစ်ခုမှာ နွယ်ကို တွေ့လိုက်ရတယ်။ သူမက အရင်ကထက် ပိုပြီး လှပနေတယ်၊ ပိုပြီး တည်ငြိမ်နေတယ်။ သူမဘေးမှာတော့ သူမကို ဂရုတစိုက်နဲ့ ကိတ်မုန့် ခွံ့ကျွေးနေတဲ့ အမျိုးသားတစ်ယောက်။

ကျွန်တော် သူမအနားကို သွားဖို့ ခြေလှမ်းပြင်ပေမဲ့ ခြေထောက်တွေက တုံ့ခနဲ ရပ်သွားတယ်။ ကျွန်တော့်ရဲ့ ဝတ်စားဆင်ယင်မှု၊ ကျွန်တော့်ရဲ့ အခြေအနေက သူမရှေ့မှာ ပေါ်လာဖို့ အရှက်ရလွန်းနေပြီ။

နွယ်က ကျွန်တော့်ကို လှမ်းမြင်သွားတယ်။ ဒါပေမဲ့ သူမ မျက်ဝန်းထဲမှာ နာကျင်မှုလည်း မရှိဘူး၊ ဒေါသလည်း မရှိဘူး။ "သူစိမ်းတစ်ယောက်" ကို ကြည့်တဲ့ အေးစက်စက် အကြည့်မျိုးပဲ။ သူမက ထိုအမျိုးသားကို ပြုံးပြပြီး ဆိုင်ထဲကနေ ထွက်သွားတယ်။ ကျွန်တော်ဟာ သူမအတွက် "မရှိတော့တဲ့ လူတစ်ယောက်" ဖြစ်သွားပြီဆိုတာ အဲဒီအချိန်မှာ အသဲခိုက်အောင် သိလိုက်ရတယ်။


အခန်း (၇)

အခုတော့ ကျွန်တော် ညဘက် အိမ်ပြန်လာတိုင်း အမှောင်ထုကပဲ ဆီးကြိုနေတော့တယ်။ ကျွန်တော် ပိုက်ဆံတွေ အများကြီး ရှာနိုင်ခဲ့တုန်းက အိမ်ပြန်လမ်းဟာ တောက်ပခဲ့ပေမဲ့၊ အခုတော့ အရာအားလုံး ပျက်စီးသွားပြီ။ အလုပ်လည်း မရှိ၊ ငွေလည်း မရှိ၊ အနားမှာ ရှိပေးမယ့် လူလည်း မရှိတော့ဘူး။

ကျွန်တော် ကုတင်ပေါ်မှာ လဲလျောင်းရင်း နွယ်ရဲ့ အသံလေးကို ကြားယောင်နေမိတယ်။ "ကို... ထမင်းစားဦးမလား" တဲ့။

ဒါပေမဲ့ ဘယ်လောက်ပဲ နားစွင့်နားစွင့် အခန်းထဲမှာတော့ လေတိုးသံကလွဲလို့ ဘာမှ မရှိတော့ဘူး။ ဘဝမှာ အောင်မြင်မှုဆိုတာ ငွေကြေးနဲ့တင် တိုင်းတာတာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိချိန်မှာ အရမ်းနောက်ကျသွားခဲ့ပါပြီ။

သင်ခန်းစာ။ ။ "တချို့လူတွေကို ချစ်တာနဲ့တင် မလုံလောက်ဘူး… သူတို့ကို မနာကျင်စေဖို့ သိတတ်ဖို့လိုတယ်။ ကိုယ့်အနားမှာ ရှိနေတုန်း တန်ဖိုးမထားခဲ့ရင်၊ မရှိတော့တဲ့အခါ နောင်တက ကိုယ့်ကို တစ်သက်လုံး ဝါးမြိုသွားလိမ့်မယ်။"

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

မယားပါသမီးနှင့် မှားမိသော အမှား

အပျိုဘဝ၏ နောက်ဆုံးည