ခိုနားရာ(စ/ဆုံး)
———
မောင်သာလိ၏မိဘများသည်၊ဝမ်းထမ်းများဖြစ်ကြပါသည်။ဖခင်ကနယ်စုံနေရာစုံ၊ဟိုပြည်နယ်ပြောင်းဒီတိုင်းပြောင်းနေရာစုံပြောင်းနေခဲ့ရသော၊ပြည်ထောင်စုသားတို့၏၊အထက်တန်းပြကျောင်းဆရာကြီး၊မိခင်မှာမောင်ခေါ်ရာလိုက်ခဲ့ရသော၊မှတ်ပုံတင်စကားနှင့်ပြောရလျှင်မှီခိုဖြစ်ပါ၏။
မွေးရပ်မြေရှိခဲ့လို့သာ၊အခြေချနေထိုင်နိုင်ပေမဲ့၊စီးပွားဥစ္စာ
အဖတ်မတင်ပါ။
ပြောလိုသည်မှာ၊သားသမီးသုံးယောက်တော့မွေး၏။
ဥစ္စာမစုမိပါ။သို့သော်လည်း၊အမအလတ်ကိုဘွဲ့ရသည်အထိ၊ကျောင်းထားနိုင်ခဲ့ပြီး၊အကိုကြီးကိုဘတုတ်နှင့်
အငယ်ဆုံးမောင်သာလိကိုတော့၊ဆယ်တန်းအောင်သည်အထိကျောင်းထားပေးနိုင်ခဲ့ပါသည်။
မောင်သာလိက၊ကိုယ်အားကိုယ်ကိုးပြီး၊ပြင်ပဝိဇ္ဇာ
ဖြေခဲ့လို့ ဘွဲ့ရခဲ့ပါသည်။သို့သော်ဝန်ထမ်းတော့မဖြစ်ခဲ့ပါ။
ဘဝအခြေခံအစက၊ပန်းခင်းသောလမ်းမဟုတ်သည်တော့သေချာပါသည်။အရင်းအနှိးမရှိကိုယ်လက်ကိုယ်ခြေကိုသာအားကိုးပြီး ဘဝအခြေစခဲ့ရသည်။
သို့သော်အကိုကြီးက ကံကောင်းပါသည်။
လုပ်ငန်းရှင်၏၊သမီးကညာနှင်အိမ်ထောင်ကျပြီး၊
အခုဆိုရင်လုပ်ငန်းရှင်ဖြစ်၍၊တောင်ငူမြို့တွင်၊
မုန့်ဟင်းခါးအခြောက်လုပ်ငန်းလုပ်ကိုင်၊အောင်မြင်နေသူဖြစ်၍၊သူဌေးကိုဘတုတ် ဆိုလျင်မသိသူမရှိပါ။
အမလတ်၏အမျိုးသားက၊ရဲမှူးဖြစ်၍၊ဘွဲ့ရပညာတတ်ဖြစ်သောအမလတ်ပင်လျှင်၊မှီခိုဖြစ်၍၊ရဲမှူးသွားရာ
တမြို့ပြီးတမြို့ပြောင်းရွှေ့နေထိုင်ရသဖြင့်အခြေမကျ၊
အိုးအိမ်အတည်တကျမရှိသေးပါ။
သားငယ်မောင်သာလိ၊ကျွန်တောကတော့
ပြင်ဦးလွင်မြို့တွင်ပန်းစိုက်ရင်း၊ရှမ်းမလေး
နန်းထွေးခမ်းနှင့်အိမ်ထောင်ကျပြီး၊အခုဆိုလျှင်အငယ်ဆုံးသမီးလေးမှတပါး၊အကြီးနှစ်ယောက်တောင်အိမ်ထောင်ကျသွားပါပြီ။
ရွာပေါင်းတရာကျော်ဖြင့်ဖွဲ့စည်းထားသော
ပြင်ဦးလွင်မြို့ကား၊ရွာတိုင်းလိုလို၊ယာနှင့်အိမ်တစပ်ထည်းရှိနေကြသည်။ဆိုလိုသည်မှာယာခင်းထဲတွင်
အိမ်များဆောက်ထားကြပါသည်။
မောင်သာလိတို့အိမ်သည်လည်း၊ပြင်ဦးလွင်စတိုင်၊
အုတ်ပွဖြင့်တည်ဆောက်ထားသောခေါင်ပြန့်ပြန့်၊
တထပ်အိမ်ကလေးသာဖြစ်ပါသည်။သို့သော်
ခန်းဝင်ကျယ်၍၊ဘုရားခန်း၊အိပ်ခန်း၊ဧည့်ခန်း၊မီးဖိုခန်း
များဖြင့်သေသေသတ်သတ်နေရာတကျဖွဲ့စည်းထားပါသည်။
အကိုကြီးအမကြီးတို့လောက်စည်းပွားဥစ္စာမချမ်း
သာသော်လည်း၊နေနိုင်ရုံမျှတော့ပြည့်စုံပါပေသည်။
ဖေဖေနှင့်မေမေတို့က၊ဖေဖေပင်စင်ယူပြီးကတဲက၊
သားသမီးများနှင့်ခွဲ၍နေထိုင်ပါသည်။
မည်သူအားမျှအပူမပေး၊စုဆောင်းထားသမျှပိုလျှံငွေနှင့်၊ပင်စင်ကိုအားပြုခါနေထိုင်ကြသည်။
သားသမီးများကအလျှင်းသင့်လို့ကန်တော့လျှင်တောင်
များတယ်ဆိုပြီးပြန်ပေးတတ်သည်။
သည်နေ့သူအဖိုးအဖွားတွေနယ်မှာရောက်လာမည်ဟု
ကြားသဖြင့်၊မိုးအေးလျှင်၊ဆောင်းဝင်လျှင်အလွန်ပင်ချမ်းတတ်သောပြင်ဦးလွင်တွင်၊သမီးအငယ်မကအဖိုးအဖွားတို့အတွက်၊နွေးထွေးသောအိပ်ယာများအားအမေနှင့်အတူဝိုင်းပြီးကြိုတင်စီစဉ်ပေးနေပါသည်။
ချမ်းလွန်းလျှင်မီးလှုံနိုင်ဖို့၊နံသာဖြူအကာ၊
ထင်းရုးအနှစ်တိုကိုလည်း၊သားအငယ်က၊အလုပ်မအားသည့်ကြားမှ လာရောက်ပို့သွားခဲ့ပါပြီ။
သားအကြီးက၊မိုးကုတ်လိုင်းတွင်ပြေးဆွဲနေသောသူ၏၊ကားဖြင့်အဖိုးအဖွားများအားသွားရောက်ကြိုနေပါပြီ။
ဟောပြောရင်းဆိုရင်းရောက်လာကြပါပြီ။
ဖေဖေနှင့်မေမေအား၊အပြေးအလွှားအိမ်သားတွေ
ထွက်ကြိုကြသည်မှာသမီးငယ်ကထိပ်ဆုံး။
မတွေ့တာကြာပြီဖြစ်တဲ့သူအဖွားကိုအတင်းဖက်ထားသည်။
ညနေစောင်းလာပြီဖြစ်သဖြင့်၊ထွေးခမ်းက၊ရေနွေးပူဖြင့်စပ်ထားသောရေဖြင့်၊ဖေဖေနှင့်မေမေတို့အား၊
ရေလောင်းပြီးချိုးပေးသည်။ပြီးမှအနွေးထည်များကိုဝတ်စေပြီး၊နံသာဖြူနံ့သင်းသင်းမွေးသည့်၊မီးနွေးဖိုနှင့်
မနီးမဝေးတွင်ထိုင်စေသည်။
သားအလတ်ကောင်ကလည်းအကြော်စုံအထုပ်များကိုလက်တွင်ဆွဲပြီး၊အဖိုးအဖွားများအားတွေ့ဆုံရန်
အပြေးတပိုင်းရောက်လာသည်။
ဆွေစုံမျိုးစုံထမင်းတဝိုင်းတည်းစားရသဖြင့်၊
အဖိုးအဖွားတို့မျက်နှာများတွင်၊ပီတိတွေဖုံးလျက်ပြုံးနေသည်။ဟန်ဆောင်ပြုံးမဟုတ်သဖြင့်၊အပြုံးမျက်နှာ
များအား၊ပြန်လည်ယုတ်သိမ်းလို့မရနိုင်ခဲ့ပါ။
အကောင်းကြီးမဟုတ်လှသော်လည်း၊အသားဟင်းတခွက်
ဖြင့်ဟင်းသီးဟင်းရွက်စုံအောင်ချက်ကြွေးသဖြင့်စားလို့မိန်ပုံရပါသည်။ရှမ်းပဲပုတ်အစပ်ထောင်းကလေးကလည်း၊စားလို့အရသာတွေ့မည်ဖြစ်ပါသည်။
စားသောက်လို့အပြီး၊နွေးထွေးစွာမီးလှုံကြရင်း၊
အကိုအမတို့အိမ်မှ၊ပြန်ရောက်လာသော၊ဖေဖေ,မေမေ
တို့အား၊အကိုအမတို့အကြောင်း၊မာကြောင်းသာကြောင်းကိုဝီုင်းပြီးမေးမိသည်။
အကိုကြီးစီးပွားရေးက၊သောက်သောက်လဲအောင်
ကောင်းပါသတဲ့။အလုပ်ကတကယ်များတော့မိသားစုကိုထိမ်းသိမ်းဖို့၊လစ်ဟာပါသတဲ့။
အကိုကြီးဇနီးအမကြီးကလည်း၊ချမ်းသာတော့
အဆီအအိမ့်တွေစားလွန်းတော့၊ကိုယ့်ကိုယ်ကို
မသယ်ချင်အောင်ဝပါသတဲ့၊ရောက်သည်မှပြန်လာတဲ့အထိ၊ချွေးမရဲ့လက်ရာ၊ချိုသလားခါးသလားမသိ၊
ဆိုင်ဟင်းဆိုင်ထမင်းကိုနေ့တိုင်းစားပြီး၊ပြန်ခဲ့ရပါသတဲ့။
သားသမီးနှစ်ယောက်ရှိပြီး၊သမီးအကြီးက၊လင်နှင့်ကွဲ
ပြီး၊မိဘအိမ်ပြန်ရောက်နေပါသတဲ့။
အငယ်ကောင်ကလည်း၊ဘာမှန်းမသိ၊အိမ်ပြန်မလာလို့၊
သူ့အဖေလိုက်ရှာနေရတာ၊ဖေဖေ,မေမေတို့တောင်ကားဂိတ်လိုက်မပို့နိုင်ဖူးတဲ့၊ကိုယ့်အထုပ်ကိုယ်ဆွဲပြီး၊
ကားဂိတ်အရောက်ဆင်းခဲ့ရပါသတဲ့။
အဖိုးဖြေးဖြေးပြောပြလေ,ဟု သူအဖွားရင်ခွင်ထဲက
အဖွားနွေးအောင်ဖက်ထားသော၊အငယ်မကပြောသောအခါ၊အကြီးကောင်ကရေနွေးကြမ်းတခွက်ကိုငှဲ့ပြီး
သူအဖိုးလက်ထဲသို့ထည့်ပေးသည်။
အလတ်ကောင်က၊မီးဖိုထဲသို့ ထင်းခြောက်အနှစ်တုံး
အတိုလေးများကိုထည့်ပေးနေသည်။
မောင်သာလိနှင့်နန်းထွေးခမ်းတို့က၊အကိုကြီးရဲ့
ချမ်းသာခြင်းအကြောင်းကို၊တအံတဩနားထောင်နေမိပါသည်။
ရေနွေးတခွက်သောက်ပြီးနောက်၊အမကြီးတို့မိသားစုအ
ကြောင်းကို၊ဆက်ပြောပြပါသည်။
အမကြီးယောက်ျားကမြို့နယ်အဆင့်ရဲမှူး။
အစိုးရဝန်ထမ်းအိမ်ဆိုတော့၊အဖိုးအဖွားတို့တည်းခိုဖို့လွတ်လွတ်လပ်လပ်မရှိ။ဒါကြောင့်ပိုင်ဆိုင်ရာတည်းခိုရိပ်သာတွင်၊အဖိုးအဖွားတို့အားထားပေးသည်။
မှတ်မှတ်ရရအိမ်မှာထမင်းဖိတ်ကြွေးသောနေ့၊
ထမင်းစားဆဲရဲမှူးကိုစိုးငြိမ်း၊
ထမင်းမဝမှီအရေးပေါ်တာဝန်ထမ်းဆောင်ရသည်။ညအထိပြန်မရောက်လို့၊
တညလုံးဘုရားစာရွတ်ပြီး၊မိဘများထိုင်ပြီး
စောင့်နေခဲ့ရပါတယ်။မနက်လင်းလို့ပြန်ရောက်မှဘဲ၊
သက်မချပြီးတည်းခိုတဲ့ရိပ်သာသို့ပြန်ပြီးအနားယူခဲ့ရပါတယ်။
တရက်ကလည်း၊သမက်ဖြစ်သူတို့အလုပ်ခန်းဖက်မယောင်မလယ်နှင့်သွားရောက်အကဲခတ်မိပါတယ်၊
လက်ပြတ်ခေါင်းကွဲ၊သွေးအလိမ်းလိမ်းနှင့်အချုပ်သားတွေက်ိုတွေ့မြင်ခဲ့ရတော့၊တရက်နှစ်ရက်၊
ထမင်းမစားချင်အောင်ဖြစ်ခဲ့ရပါတယ်။
မြေးလေတွေကလည်းငယ်လွန်းတော့၊ဘာမျှမသိရှာကြပါ။
သူတို့အလုပ်နှင့်သူတို့ပျော်မွေ့နေကြပေမဲ့၊
ဖေဖေမေမေတို့တော့တပတ်မပြည့်ခင်သူတိုနေရာပြည်နယ်မြို့ကလေးမှပြန်လာခဲ့ကြပါတယ်။
မြေးကလေးများနှင့်မိသားစုနွေးနွေးထွေးထွေး
မနေခဲ့ရဘဲ၊တပတ်မပြည့်ခင်ပြန်လာခဲ့ရသည်ကို
ဝမ်းနည်းနေခဲ့ဟန်ရှိပါတယ်။
ပြင်ဦးလွင်မြို့ကား၊ညခွန်နှစ်နာရီကိုပင်၊ဥာဉ်နက်လာသလိုခံစားရသည်။အကြီးကောင်နှင့်အလတ်ကောင်
သူတို့အိမ်အသီးသီးသို့ပြန်သွားကြပြီ။
အဖွားငတ်နေတဲ့တက္ကသိုလ်ကျောင်းသူ၊သမီးအငယ်က
အဖွားနှင့်အတူအဖွားပြောပြတဲ့ငယ်ငယ်က
မောင်သာလိတို့အကြောင်းကိုနားထောင်ရင်း၊အိပ်ပျော်သွားကြပါပြီ။
ပြင်ဦးလွင်မြို့ကား၊နံနက်၈.၀၀ကျော်မှအိပ်ယာမှ
ထဖို့ကောင်းသည်။သို့သော်သမီးဖူးဖူးတို့မြေး
အဖိုးအဖွားသုံးယောက်က၊ထွက်ပြူစနေရောင်ခြည်အောက်တွင်စောစောထ၍လမ်းလျှောက်ကြသည်။
ပန်းခင်းထဲတွင်နှင်းမှုံမှုံကလေးများကျနေသည်။
တဖြူးဖြူးတိုက်ခတ်နေသောလေအဝှေ့တွင်၊
နေရောင်ခြည်အောက်တွင်၊နှင်းမှုံကလေးများက၊
ရောင်စုံပွင့်နေသောပန်းပွင့်ကလေးများသို့ထင်ရသည်။
ဆွတ်ပျံကြည်နူးဖွယ်ကောင်းလှပါ၏။
သမီးဖူးဖူးက ပန်းတခက်ကိုခူးပြီးအဖွားအားပြသည်။
အော…ဒီပန်းကလေးကလှလိုက်ထာ၊
ဘာပန်းလို့ခေါ်သလဲလို့အဖွားကမေးတော့၊
ဖူးဖူးကရှင်းပြပါတယ်၊
လီလီပန်းလို့ခေါ်တယ်ဖွားဖွားရဲ့၊အမျိုးပေါင်းတရာကျော်ရှိပါတယ်တဲ့။အနီ၊အဝါရွှေရောင်၊ပန်းရောင်၊
အနက်၊အဖြူရှိကြပါတယ်။
တချို့လည်းအပြောက်အစက်အမျိုးမျိုးပါတတ်ပြီး၊
အချို့လည်းအပွင့်အထပ်ထပ်အလွှာလွှာပါရှိပါတယ်။
သမီးတို့ပြင်ဦးလွင်မြို့က၊အဖြူရောင်နှစ်မျိုးသာ၊
မျိုးပွားပြီးရောင်းချနိုင်ပါတယ်။
ပန်းဥမှမျိုးပွားယူသလို၊ဥဖတ်အရင့်များမှလည်းအပင်ပွားယူလို့ရပါတယ်။
မျိုးထားပြီးမျိုးစေ့ကိုအပင်ဖောက်ပြီးမျိုးပွားယူလို့လာ်းရပါတယ်။
ဖေဖေကလီလီပန်းတို့ရဲ့သခင်ဖြစ်ပြီး၊
မေမေကဂန္ဓမာပန်းတို့ရဲ့သခင်ဖြစ်ပါတယ်လို့
ဖူးဖူးက ရှင်းပြတော့၊
ဥာဉ်းနှယ်အေ ကပ်သိကပ်သတ်ဟုပြောပြီး၊
မြေးအဖိုးအဖွားသုံးယောက်ရယ်မောခါ၊အိမ်ထဲသို့
ပြန်ပြီးဝင်လာကြသည်။
မြေးအဖိုးအဖွားသုံးယောက်အိမ်ထဲသို့မရောက်လာ
မှီကပင်၊ထွေးခမ်းကနံနက်စာပြင်ဆင်ထားပြီးသည်၊
တဟားဟားဖြင့်၊မေးသူနှင့်ရှင်းသူ။ ရှင်းသူနှင့်မေးသူ။
ထပ်တူကျပါဘိ။စကားတွေပြောရင်းစအားပါးတရစားကြသည်မှာ၊
ကြော်ထားတဲ့ခေါပုတ်တခွက်နှင့်နွားနို့တအိုးတော့ပြောင်သွားပါပြီ။
အကြီးကောင်က၊အဖိုးအဖွားများအား၊ပြင်ဦးလွင်က
ဘုရားစုံလိုက်ပို့ဖူးစေသည်။
အလတ်ကောင်ကရောက်တဲ့အရပ်ကသွားရေစာ
သစ်သီးစုံပို့ပေးသည်။
အငယ်မကအဖိုးအဖွားတွေအတွက်အနီးကပ်
ကိုက်လုပ်သည်။
အဖိုးအဖွားတို့ကလည်းမြေးကိုကျော်၍မြစ်တွေပါ
ခေါ်ပြီးကန်တော်ကြီးဥယျာဉ်ထိသွားလယ်ကြသည်။
ပန်းခူးပန်းစိုက်အလုပ်များနေလို့၊မမောနိုင်အား၊
မြင်ရသူမောင်သာလိတို့ပါပျော်နေပါ၏။
သို့သော်ပျော်နေသူကိုကုန်လွယ်စေတဲ့အချိန်ကြောင့်၊
၇ရက်တာလာပြီးလယ်တဲ့အဖိုးနှင်အဖွား၁၀ရက်ကြာတာတောင်ကုန်မှန်းမသိခဲ့။
အချိန်တန်တော့နေရပ်ပြန်ကြမည်။အားလုံးရှိခိုးကန်တော့ကြသည်။
မြေးမြစ်တို့ငိုကြ၏။အဖွားလည်းမျက်ရည်စို့၏။မပြန်ဖို့တားမရ။
အကြီးကောင်ကားဖြင့် အငယ်အမဖူးဖူးပါ၊
အဖိုးအဖွားတို့နေရာမြို့အထိလိုက်ပို့ကြသည်။
ကားပေါ်တွင်အသီးအနှံဟင်းသီးဟင်းရွက်အပြည့်။
ဘုရားပန်းအစုံတင်ပေးလိုက်သည်။
ကိုင်း၊
ဖိုးဖွားတို့မွေးထားတဲ့သားသမီးသုံးယောက်။
တစ်ယောက်ကသူဌေး။
အရာရှိဝန်ထမ်းလေးကတစ်ယောက်။
လူဆင်းရဲပေမဲ့၊ပန်းခြံထဲမှာပျော်နေတဲ့တစ်စု။
ဘယ်လိုဂရုမှာ၊သင်နေဖို့စိတ်သန်ပါသလဲဆိုရင်၊
စဉ်းစားပေးကြပါဗျာ။
မိတ်ဆွေအားလုံးလည်းတနေ့နေ့တချိန်ချိန်၊အသက်ကြီး
လာကြမည်။ အိုမင်းလာကြမည်။
သားသမီးအမျိုးမျိုးနှင့်ဘဝအမျိုးမျိုးရှိနိုင်ပါသည်။
ထိုသူတို့အထဲတွင်၊မိမိတို့နှင့်လိုက်လျှောညီထွေဖြစ်မည့်
ခိုနားရာ နေရာများအားကြိုတင်ပြင်ဆင်ထားသင့်သည်။
ကြိုတင်ရှာဖွေထားသင့်သည်။
မိမိတို့၏ခိုနားရာသည်၊မိမိတို့၏စရိုက်နှင့်ကိုက်ညီသောနေရာတော့ဖြစ်သင့်ပါသည်။
ဘယ်လိုလည်း၊
မိတ်ဆွေများ၊ရှာဖွေပြင်ဆင်ထားပြီးပြီလား။
မီးဆာကုန် ဆီးခမ်းတဲ့အချိန်များမှာ၊မချမ်းသာချင်နေပါ
စိတ်အေးချမ်းစွာနေနိုင်ကြဖို့၊ကြိုတင်ပြင်ဆင်ထားဖို့တော့ လိုပါပြီ။နောက်မကျပါစေနဲ့ နှော်။
မောင်သာလိ
၁၁.၁၂.၂၁