ဒေါ်စုတ်ပဲ့(စ/ဆုံး)

ဒေါ်စုတ်ပဲ့(စ/ဆုံး)

————
သည်နာမည်က ၊လူ့အသိုင်းအဝိုင်းမှာ၊ကြားဖူးသလိုလိုရှိနေပေမဲ့၊လူသာမာန်တို့မှည့်လေ့မှည့်ထမရှိသောအမည်ပါ။ပေါ်ပေါ်တင်တင်ခေါ်လေ့ခေါ်ထမရှိပေမဲ့၊အသိုင်းအဝိုင်းတစ်ခုထဲတွင်စီးမျှောနေသောအမည်နာမပါ။
ကာယကံရှင်ကိုယ်တိုင်ကသည်အမည်အား တစ်ခါလောက်တောင် အခေါ်ခံဖူးချင်မှခံဖူးမည်ဖြစ်သော်လည်း၊အချင်းချင်းတိုးတိုးလေး စီးမျောနေသောစကားဖြစ်သဖြင့်ဆက်သွယ်သူအချင်းချင်းတော့ ဘယ်သူ၏အမည်ဆိုသည်ကို သိရှိလို့နေပါသည်။
ထိုအမည်အားအမည်ပေးခံရသူက တကယ်ထင်ပေါ်စွာ ညစ်ပတ် စုတ်ပြတ်စွာနေခြင်းမျိုးလည်းမရှိပါလေဘဲ၊ဘယ်သူကစလို့ဘာကြောင့်ထိုအမည်တွင်နေသလဲလို့မေးပါလျှင် အဖြေမှန်ပေးမည့်သူလည်းမရှိပါ။ဒါပေမဲ့တိတ်တိတ်ကလေးအမည်တစ်ခုတော့ တွင်နေသည်မှာအမှန်ပါ။သူမတွင် အများသိသောအများခေါ်တွင်သောအမည်မရှိလို့မဟုတ်။တကယ်ရှိပါသည်။
သို့သော် အများမခေါ်ရဲသောအမည်က ပိုပြီးကျော်ကြားလူသိများလို့နေပါသည်။သူမ၏
အမည်မှန်က မကျေးနီ ခေါ်
ဒေါ်ကျေးနီဖြစ်ပါသည်။
အောင်မေ့လေး၊မိုးကရွာမည်မကြံသေးဖူး၊ကျလာတဲ့တောင်ကျချောင်းရေတွေက၊ချောင်းအပြည့်။သည်ကြားထဲ တောင်ကျရေနှင့်အတူတောင်ပေါ်ကအကောင်ဘလောင်တွေကမျောပါလာသေး။တောင်ကျချောင်းရေနှင့်အတူ တစ်ခြားအကောင်တွေပါလာရင် သည်ရွာကလူတွေအတွက် ဟင်းစားရတတ်ပေမဲ့၊ဟင်း…မြွေဆိုးတွေများပါလာခဲ့ရင်တော့ သည်ရွာက ကလေးများအတွက်အန္တရာယ်ရှိပါပေတယ်။ ဒါကြောင့် ရွာခေါင်းကြီးက အမိန့်ချထားပေးတယ်။ချောင်းကိုဖြတ်ပြီးဘယ်သူမျှမကူးရ။ကူးချင်သူရွာလယ်တံတားကသာကူးရမည်။သူပြောသလို သူ့စကားသည် အမိန့်ကဲ့သို့အာဏာတည်ရသည့်ရပ်ရွာဖြစ်လေတော့၊သူခိုင်းသလိုလိုက်နာကြရသည်။
သူတို့အပြောတော့ တံတားပေါ့လေ။
အဖြစ်မှန်ကတော့၊တုံးအရွယ်တော်နှစ်တုံးအား ဆန့်ပြီးခင်းထားသည်။ဟုတ်ဟုတ်ဟပ်ဟပ်လက်ကိုင်လည်းလုပ်ပေးမထားပါဖူး။ ဆိတ်တွေ၊ခွေတွေကူးရင်တောင်အရဲစွန့်ပြီးကူးနေရတယ်။ရေထဲကျမှာကိုစိုးရိန်လို့နေရပါသည်။
သည်လိုလုပ်ထားခြင်းက၊ရွာ၏စရိုက်ပေဘဲလား။ပြောရရင် sပျင်းထူလို့လားမပြောတတ်တော့ပါ။ ဘာဘဲဖြစ်ဖြစ်ရွာခေါင်းကြီးအမိန့်မို့၊ကြောက်တတ်တဲ့ကလေးများနှင့်အမျိုးသမီးများတစ်ခြားသူ၏လက်အားကိုင်ပြီးဖြတ်ကူးကြရသည်။မဖြတ်လို့လည်းမဖြစ်ဖူးလေ။
ဟိုမှာဘက်ကမ်း သည်မှာဘက်ကမ်းတွေမှာ စာသင်ကျောင်းနှင့် ဝတ်ပြုကျောင်းများ သီးခြားစီ ရှိနေကြလို့ပါ။
နေ့တဓူဝအလုပ်ရှိနေတော့လည်း၊နေ့စဥ်နေ့တိုင်းသည်ချောင်းနှင့်သည်တံတားထိပ်တွင်တံတားဖြတ် ကူးသူများ၏
ပူညံပူညံအသံများအားကြားနေရသည်။ မိုးအခါမဟုတ်ရင်တော့ တောင်ချချောင်းရေနည်းသဖြင့်၊တော်ပါသေးသည်ဆိုသော်လည်း၊ရေကလူတစ်ရပ်နစ်မြုပ်လောက်အောင်တေ့ာနက်ပါသေးသည်။တံတားဖြတ်ကူးသူတိုင်း၊ဒေါ်ကျေးနီ၏ခြံရှေ့မှဖြတ်ပြီးသွားရသည်။သူမ၏ခြံက ရေစီးချောင်းနှင့်ဘေးချင်းကပ်အနေအထားတွင်ရှိသည်။သူ့မ ၏ခြံရှေ့ပေနှစ်ရာလောက်လျှောက်သွားပြီးမှ တံတားပေါ်သို့ရောက်သည်။
သူမခြံထဲမှသစ်ပင်ကြီးများက
၊ခြံရှေ့တွင်လွှမ်းမိုးထားသည်။နေပူလျှင်အရိပ်ရတတ်သည်။သူမ၏ခြံအတွင်းတွင်သစ်ပင်မျိုးစုံအုပ်အုပ်ဆိုင်းဆိုင်းရှိနေသဖြင့်မိုးရွာသည့်အခါအမှောင်ရိပ်ဖုံးနေသဖြင့်ထိုနေရာအားဖြတ်သွားးရန် စိတ်ခြောက်ခြားစရာ ထိတ်လန့်ဖွယ်နေရာလေးဖြစ်လို့နေပါသည်။ကလေးများကျောင်းသို့ သွားရောက်ချိန် ဆူဆူညံညံအသံများအားကြားရလျှင် ထိုအဖွားကြီးဒေါ်ကျေးနီက ဟဲ့ကလေးတွေ ဆော့ပြီးမသွားကြနဲ့၊တိုးတိုးတိတ်တိတ်သွားကြလို့
ထွက်ပြီးအော်တတ်သဖြင့် အရွယ်ရောက်နေပြီးလူငယ်များကပင် သူမအားမြင်လျှင်နှတ်ဆိတ်ပြီးသွားတတ်ကြသည်။သူ့ရှေ့တွင်ဟုတ်ကဲ့ပါလို့ပြောကြပေမဲ့ ကွယ်ရာမှာတော့
အလကားအဖွားကြီး “စိတ်ပုတ်မ.”.ဟူ၍ပြောကြသည်။ စိတ်ပုတ်ကနေ ကြာလာတော့” ဒေါ်စုတ်ပဲ့” ဟူ၍ တီးတိုး ခေါ်ကြသည်။
သည်ကြားထဲ လူပြောများသောသတင်းစကားများက လျှို့ဝှက်စွာ စီးဆင်းလို့နေပြန်သည်။ ဒေါ်စုတ်ပဲ့ ကစုန်းမကြီး…တဲ့။ဟိုတစ်ခါ ရွာမှာရေးကြီးတုံးက၊တံတားဖြတ်ကူးတဲ့
ဆိတ်တစ်ကောင်နှင့် လူတစ်ယောက်ကို သူတံတားပေါ်ကနေတွန်းချပြီး စားပစ်လိုက်ထာအစအနတောင်ရှာမတွေ့တော့ဖူးလို့၊ကျောင်းသွားစဥ်ကျောင်းသားကြီး “ရေခဲ” က
ပြောသည်။မှားသည်မှန်သည်ကိုမသိ၊ကြောက်ရန်သာသိသောအရွယ်မို့၊သည်သတင်းအားစပြီ ကြားထဲက ကျောင်းသားအားလုံး တံတားပေါ်ဖြတ်သွားချိန်တိုင်း”ဒေါ်စုတ်ပဲ့” ကြီး မမြင်ခင် တိတ်ဆိတ်စွာဖြတ်သွားတတ်ကြသည်။ များသောအားဖြင့်ရွာထဲက လူများက သူမ၏ကျယ်လောင်သောအသံပြဲကြီးအော်သံအားကြောက်ကြသည်။တခါတရံအချင်းချင်းစကားကျယ်ကျယ်ပြောပြီးလမ်းလျှောက်ပြီးသွားနေသည်ကိုပင်၊သူမက ဘာမဆိုင်ညာမဆိုင် အဝေးမှလှမ်းပြီးအော်တတ်သေးသည်။”ဟေ့… ကလေးတွေ တံတားပေါ်မှာ
ကောင်းကောင်း သွားကြ.”..တဲ့။
ထိုအကြောင်းများကြောင့်ဒေါစုတ်ပဲ့ကြီးအား ကလေးများကကြောက်လည်းကြောက်မုန်းလည်းမုန်းကြသည်။သူမ၏ အိမ်နံရံတွင်၊ထုံးဖြူဖြင့်ရေးထားသော စာတမ်းတစ်ခုအား၊ကလေးများက အဝေး မှလှမ်းကြည့်ပြီး မသဲမကွဲဖြင့်ဖတ်သွားကြသည်။
“ခွေးကိုက်ခံချင် ခြံထဲဝင်…တဲ့”သူရေးထားတဲ့စာက
တိုတိုတုတ်တုတ်မို့ ဘာပြောချင်သည်ကိုနားမလယ်ပေမဲ့၊သူ့စာကိုဖတ်ပြီးသူ့ခြံထဲသို့ဝင်ရန်လူအများတို့ကြောက်ကြသည်။အစောထဲကစုန်းအရိုးခံထားပြီးဖြစ်လေတော့ပိုမို၍ကြောက်ကြသည်။
သို့သော် တဖက်ကမ်းမှာနေသည့် အရုပ်ဆိုးသောဟင်းရွက်သည်အဒေါ်ကြီးနှင့် လမ်းထိပ်တွင် အလှူခံပြီးတောင်းစားနေသော ခြေတစ်ဖက်မရှိသောအဖိုးကြီးတို့က သူမ၏
အပေါင်းအသင်းများဖြစ်ကြသည်။သူတို့နှစ်ယောက်နှင့်တွေ့လျှင်ဒေါ်စုတ်ပဲ့ ကြီးက
တစ်ဟားဟားဖြင့် ကျယ်လောင်စွာရယ်၍ စကားပြောနေတတ်ပြီး၊သူတို့ပြောနေကြတဲ့ စကားထဲတွင်၊ဂျပန့်ခေတ်က ကျွဲညီနောင်လို့ခေါ်တဲ့ လေယာဥ်နှစ်စီးနှင့်လာရောက်ဗုံးတွေကျဲချလို့ လူအများကြီး သေကြတဲ့အကြောင်းလည်းပါရဲ့။ ရွာသင်းချိုင်းနားမှာ တဲထိုးပြီးနေတဲ့ မိသားစုထဲက အပျိုပေါက်မလေးကို လူပြုစားခံထားရတယ်၊ဆိုတဲ့အကြောင်းလည်းပါရဲ့။ ကြောက်စရာစကားတွေကြားနေရသည်မို့ ၊နားမလယ်သော်လည်းကြားနေရပါသည်။
ဘာဘဲဖြစ်စေ၊သူတို့လူစုခွဲကြတော့ ခြံထဲက ကဿ်တစ်ကောင်နှင့်ဗူးစင်ကဘူးသီးတစ်လုံးတော့လျှော့သွားပါသည်။
ဘယ်လိုများပဏာသင့်ကြ၍ အပေးအယူဖြစ်နေကြသည်ကိုမည်သူမျှမသိကြပါ။

တစ်နေ့သောနွေခေါင်ခေါင်တွင်ထင်မှတ်မထားဘဲ ၊အခါမဟုတ်မိုးကြီးစွာရွာချပါသည်။ရွာနဘေးကချောင်းကလေးလည်း မိုးရေတို့ကြောင့်လျှံလို့ကျ၏။ကျောင်းသားများကျောင်းပြန်ချိန် ရေနှင့်ထိနေသော တံတားလေးသည်၊ရမ်းခါလို့နေပါ၏။

မိဘများလည်းလုပ်ငန်းခွင်သို့အသီးသီးရောက်နေကြသဖြင့်အဆင်သင့်မဖြစ်ကြ။ကျောင်းဆင်းချိန်ဖြစ်သော်လည်း၊သားသမီးများအားလာရောက်ပြီးမကြိုဆိုနိုင်ကြပါ။ ရေကြီး၍လှုပ်ခါနေသောတံတားပေါ်သို့ကလေးများဖြတ်ခါ ချောင်းတစ်ဖက်သို့ တံတားပေါ်မှကူးပြီးလာကြ၏။
အချို့တစ်ဖက်ကမ်းသို့ရောက်သွားကြသော်လည်း၊အချို့မကူးရဲသဖြင့်အခြားတစ်ဖက်ကမ်းတွင် သောင်တင်လို့နေကြပါသည်။
ငိုသူငို။အော်သူအော်ဖြင့်၊ဆူညံခါအတော်ပင်ယုတ်ယုတ်သဲသဲဖြစ်နေကြ၏။ထိုအချိန် ဒေါ်စုတ်ပဲ့ မကြီးတစ်ယောက်
သာအဝေးမှပြေးထွက်လာပြီး တံတားပေါ်ဖြတ်မသွားရန်က​းေများအားအော်ပြီးတားမြစ်၏။
သူ့မ၏စကားအားမနာခံသောကလေးနှစ်ယောက် တံတားပေါ်မှပြုတ်ကျခါ၊ချောင်းရေနှင့်အတူမျောပြီးပါသွား၏။ ဒေါ်စုတ်ပဲ့ကြီး ချောင်းအောက်ပိုင်းသို့ အလျှင်အမြန် ပြေးသွားပြီး ရေနှစ်သောကလေးအား ဆယ်ယူ၏။
ကလေးတစ်ယောက်အားအလွယ်တစ်ကူဆယ်ယူနိုင်ခဲ့သော်လည်း အခြားတစ်ယောက်အားမတွေ့ ရေထဲသို့ကူးပြီးအတော်ပင်ခက်ခက်ခဲခဲရှာလို့နေရ၏။ထိုအချိန်အခြားသူများရောက်လာကြပြီး ချောင်းကမ်းပေါ်မှဝိုင်းပြီးကူညီပေမဲ့ တော်ယုံဖြင့်ရှာလို့မတွေ့ပါ။အတန်ကြာမှပျောက်ဆုံးနေသောကလေးအား ဒေါ်စုတ်ပဲ့ကြီးက အသက်မသေဘဲရှာလို့ပေးနိုင်ငသာ်လည်း၊သူမကိုယ်တိုင်မှာမူ လက်ပမ်းကျ​ပြီးရေးနစ်၍ရေအောက်သို့မျောပါပြီးသွားခဲ့သည်။
ချောင်းကမ်းပေါ်မှလူအများက ဒေါ်ကျေးနီ၊ဒေါ်ကျေနီ…နာမည်အားခေါ်ပြီး အသံကုန်အော်နေကြသော်လည်း၊တော်ယုံနှင့်သူအားဆယ်လို့မရပါ။ ကျောင်းသူကျောင်းသားကလေးများကလည်း၊
အဖွား…အဖွား…ဖွားကျေးနီဟူ၍ သံကုန်အော်ပြီးခေါ်နေကြသော်လည်း၊ဒေါ်ကျေးနီအားမတွေ့ရတော့ပါ။
ထို့နေ့တစ်ညလုံးရွာသားအားလုံး ဘယ်သူမျှမပျော်ရွှင်ကြတော့ပါ။ကလေးများသည်ပင် တစ်ညလုံးအိပ်လို့မပျော်ခဲ့ကြပါ။ မနက်လင်းလို့ကျောင်းသွားမည်အချိန်ရောက်တော့၊မျက်လုံးများနီလျက်အိပ်ယာမှ
ထခဲ့ရသည်။သို့သော် စိတ်ထဲမှာ၊မျက်စိထဲမှာဖွားကျေးနီကိုသာမြင်ရောင်လို့နေပါသည်။
အသံကျယ်ကြီးဖြင့်၊”ဟေ့…ကလေးတွေ တံတားကနင်တို့အဖေ မဟုတ်ဖူး”၊တံတားပေါ်မှာ သတိထားပြီး ကူးကြနော်”။
ဆိုသောအသံကြီးကိုသာကြားလို့နေပါတော့သည်။
လူကြီးတစ်ချို့ကတော့ပြောနေကြသည်။ဖွားကျေးနီကို ပြန်ပြီးဆယ်ယူလို့ရပါတယ်တဲ့၊သေသလားရှင်သလားမသိဖူး၊ဆေးခန်းပို့ရန်ထမ်းသွားကြသည်ကိုတွေ့လိုက်ပါသတဲ့ ။

ထိုသတင်းအားကြားရသော၊ကျောင်းသားကျောင်းသူလေးများက ဖွားကျေးနီ မသေပါစေနဲ့…ဟုဝိုင်းဝန်းပြီးဆုတောင်းနေကြသော်လည်း၊သည်လောက်အကြာကြီးရေနစ်ခဲ့ပြီဆိုတော့၊ကလေးများဆုတောင်းပြည့်ရန်မသေချာ လွန်းသောကိစ္စတစ်
ခုသာဖြစ်သည်။
ဘာဘဲဖြစ်ဖြစ် ဖွားကျေးနီ၏အိမ်ရှေ့သို့ဖြတ်သွား
စဥ်၊အချို့က လက်ကလေးများကွယ်လျက်၊အချို့ကခံမောက်ကလေးများကာလျက်၊မသိမသာဖွားကျေးနီ၏အိမ်ဖက်သို့ခိုးပြီးကြည့်ကြသည်။

သူအိမ်ထဲတွင်ဖွားကျေးနီအားမမြင်ရတော့၊မငိုပေမဲ့ ခေါင်းကလေးများအားငုံ့ပြီးအတော်ပင်စိတ်မကောင်းဖြစ်နေကြသည်။
ယနေ့ ရွာလူထုများဝိုင်းဝန်းပြီး
တံတားပြင်နေကြသည်။တစ်ဖက်ကမ်းသို့ကူးလို့မရသေး။တံတားထိပ်တွင်လူအများစုပြုံလို့နေကြ၏။အများစုကကျောင်းလွယ်အိပ်များအားကိုယ်စီလွယ်ထားသောကလေးများဖြစ်ကြပါသည်။အမျိုးသားများနှင့်အတူ မိခင်များပါ ဝိုင်းဝန်းပြီးပြင်နေကြသည်။
ယ္ခင်ကလို တုံးနှစ်တုံးသာရှိသောတံတားမဟုတ်တော့။လမ်းလျှောက်လို့ကောင်းသောတံတားကျယ်ကြီးဖြစ်ပါသည်။
တဖက်ကမ်းသို့ဖြတ်ကူးနိုင်ရန်
တံတားပြင်လို့ပြီးပါပြီ။
ထိုအချိန်ရွာခေါင်းကြီး၏ ကျယ်လောင်စွာအော်ပြီးပြောသောအသံအား အားလုံးကြားရ၏။ဤ တံတားသစ်၏
အလှူရှင်မှာ ဒေါ်ကျေးနီဖြစ်ပါသတဲ့။ ကလေးများအံအားသင့်လို့နေကြသည်။
အဝတ်သစ်သစ်လွင်လွင်ဝတ်လျက် တံတားပေါ်သို့အရင်ဆုံးဖြတ်ပြီးလာသူကိုကြည့်လိုက်သောအခါ ဒေါ်ကျေးနီ ဖြစ်နေသည်ကိုတွေ့ရသည်။
ကောင်းသူကျောင်းသားအားလုံး၏နှတ်မှအမှတ်မထင်သံပြိုင်အော်ကြသည်။ဖွားကျေးနီ…အဖွားကျေးနီ…အဖွားကျေးနီကျန်းမာပါစေ ..ပါတဲ့ခင်ဗျား။
ကံကောင်းကြပါစေ။
ဆရာမောင်သာလိ
၀၇.၀၃.၂၀၂၆.