ရေအေးတစ်ခွက်(စ/ဆုံး)

 ရေအေးတစ်ခွက်(စ/ဆုံး)


—————–


နွေရာသီရောက်ပြီဆိုပါလျှင်ရပ်ကွက်ထဲ

တွင်ကြားနေသောအသံများထဲက

အောက်ပါအော်သံတစ်မျိုးအားနေ့စဉ်လိုလိုကြားရတတ်သည်။မဆန်းသော်လည်း

မရိုးခဲ့ပါ။အော်ဆင်ခြေပုံးရပ်ကွက်ဆို

တော့လည်း။


ဝါးလုံး…ဝါးလုံး။

ဝါးလုံး…ဝါးလုံး ….

ဝါးလုံး…ဝါးလုံး…ဝါးလုံး

သုံးလေးခွန်းဆက်ပြီးအော်သွားပါသည်။

လူနှစ်ယောက်၊သုံးယောက်၊အလှည့်ကျ

အော်သွားကြပါသည်။အမှန်တော့

အဝတ်လှမ်းရန်၊

ထီးရိုးဝါးအရှည်ဆယ်လုံးမက၊ထမ်းပြီး

ရောင်းနေကြသည်။

တစ်ယောက်ထည်းတော့မဟုတ်။နှစ်ထမ်း၊သုံးထမ်း။


တစ်ခါတရံအမျိုးသမီးများကပါ၊ဝါးများ

အားရွက်လျက်ပါလာတတ်သေးသည်။

ဝယ်ယူသူမတွေ့မချင်းအိမ်ရှေ့တွင်

အခေါက်ခေါက်အခါခါဖြတ်လျှောက်ပြီး

အော်ပြီးရောင်းနေကြသည်။


ထိုအခါ သည်မျှဝေးသောခရီးအား၊

အလေးအပင်ကြီးသယ်ယူပြီးရောင်းချ

နေသောဝါးသည်များအားကြည့်ပြီး၊

ဦးသာလိ နှုတ်မှအသံထွက်ပြီးရွတ်နေကျ

စကားကေတာ့၊


အတော် မိုက်တဲ့လူတွေဘဲ၊

စရိတ်တောင်ကျေနိုင်ပါမလားမသိဖူး၊

အဝေးကြီးသယ်လာရတာ၊ပင်ပန်းလှပါတယ်။

ဟူ၍မြည်တမ်းမိသည်။


ကိုယ့်ကိစ္စမဟုတ်သော၊သူတပါးအလုပ်

အားဝင်ခါစဉ်းစားပြီး ပင်ပန်းနေမိသည်။

အော်…မိုင်ပေါင်းမြောက်များစွာဝေး

သောဒေသသို့အစာရှာရန်ရောက်လာသောငှက်တွေလိုပါလား။


ဟုတ်ပါရဲ့၊တညင်မြို့က သယ်လာပြီး

ရန်ကုန်မြို့သို့ထမ်းပြီးရောင်းနေသောဝါး၊ဝါးတစ်လုံးစီတန်ဖိုးကလည်းဈေးမများလှ။

တန်ဖိုးနည်းသောဝါးအားထမ်းပြီးရောင်းနေကြတော့၊ပင်ပန်းသလောက်ပါးစပ်

ပေါက်မပြည့်နိုင်ပါကလား။အမြတ်ငွေဘယ်လောက်ရမှာလဲ။


တွေးမိ၏။စိတ်ထဲတွင်ဘဝင်မကျလှပါ။


ဟော…လာပြန်ပြီဗျာ..တစ်ဖွဲ့ ။

သင်ဖြူးဖျာတွေ၊အလိပ်လိုက်ရွက်လို့။

ပန်းတနော်ကလာပါသတဲ့။ဟိုတုံးကဆို၊

ရေတစ်တန်၊ကုန်းတစ်တန်။သယ်ပြီး

လာရသည်။

မနီးပါလားဗျာ။ချွေးသန် တစ်ရှွဲရှွဲဖြင့်

တစ်မြို့လုံးပတ်ပြီးလျှောက်ရောင်းနေ

ကြရသည်။

ထမင်းဝဖို့ဆိုရင်တော့မသိပါဖူး။

ချမ်းသာဖို့ဆိုရင်တော့၊ဦးသာလိဆိုရင်

သည်အလုပ်တော့မလုပ်စေချင်ဖူးဗျာ။

ခေတ်မှီအိပ်ယာခင်းတွေပေါတဲ့ခေတ်မှာ

သင်ဖြူးဖျာ ဝယ်သူရှိပါမလား။

ဒါကဦးသာလိအထင်။


လမ်းထိပ်ကအသက်ခွန်နှစ်ဆယ်ကျော်၊

အပျိုကြီးညီအမက၊သင်ဖြူးဖျာကို၊

ဈေးဆစ်ပြီးဝယ်နေသဗျ…အံပါရဲ.။

သူတို့ကတော့ သင်ဖြူးဖျာမှသင်ဖြူးဖျာ ပါတဲ့ဗ်ာ။

အမြတ်ငွေအထိုက်အလျှောက်ရနိုင်သော်လည်း၊ဖျာတစ်ချပ်ရောင်းနိုင်ဖို့အူထွက်

အောင် အော်ပြီးရောင်းနေရသည်။

ပေါ့ပေါ့ပါးပါးအခြားကုန်တွေရောင်းကြပါလားဗျာ။


တစ်ခါသစ်သားဘီဒိုကြီးများအား၊

ထမ်းပြီးရောင်းချနေသူတွေက၊

ပိုပြီးဆိုးမှာပေါ့။ငွေကြေးပိုက်ဆံရှာမှရှား

တဲ့ခေတ်၊တစ်ဆောင်တစ်ယောင်

ဘီဒိုထဲထည့်ပြီးအဝတ်အစားတွေဝယ်သိမ်းတဲ့အထိ၊

ဘယ်သူတွေကများအဝတ်တွေဝယ်လို့ထားမှာလဲ။

မြို့တော်ကြီးတစ်မြို့ဆိုပြီး၊ခေတ်အခါကမကောင်းတော့ရွာပြန်ရောက်နေသ

လားထင်ရတယ်။အဝတ်အဟောင်း

အနွမ်းတွေသာဝတ်ပြီးဖြစ်သလိုနေနေ

ကြရတယ်။အော်…မလှချင်သူဘယ်သူရှိပါ့မလဲ…လေ။

မပြောချင်သော်လည်း၊မြင်ဖူးခဲ့တယ်

ဆိုတော့ပြောရပေအုံးမယ်၊

မောင်သာလိရောက်ဖူးတဲ့၊

တရုတ်၊ထိုင်း၊ဂျပန်နိုင်ငံများမှာတော့၊

ဝတ်စားဆင်ယဉ်မှုက၊အားလုံးသေသပ်

လှပပါပေတယ်။အော်…သူတို့ကတော့

သူတို့ပါဘဲ…လေ။

အေးပေါ့လေ…ရာသီဥတုကလည်း

ပူလွန်းတယ်မဟုတ်လား။ဟောင်း

ဟောင်းနွမ်းနွမ်းပါးပါးလျှားလျှား

တွေဝတ်ကြမှာပေါ့။သည်လိုမှအေးမယ်ထင်ပါတယ်။

သည်လိုဘဲဖြေသိမ့်ရပါပေတယ်။


အော…ဘီဒိုထမ်းပြီးရောင်းတဲ့သူကို၊ မေးတဲ့လူတော့ရှိသဗျ၊

ဈေးဆစ်တဲ့လူလည်းရှိသဗျ…မတန္တစ္ဆ..ဈေးလျှော့ပြီးဈေးဆစ်နေပြန်ပြီ။

တကယ်လဲမဝယ်ကြဘဲနဲ့။

အရင်းတောင်မပေးဘဲ၊ဘယ်လိုရောင်း

မလဲ။

ဘီဒိုကြီးထမ်းပြီး၊တစ်မြို့လုံးပတ်၊

အိမ်ပြန်ရောက်တော့၊မိန်းမကငရုတ်သီး

ထောင်းတဲ့ကျည်ပွေ့နှင်အထုခံရတာ၊

သည်လိုလူမျိုးဖြစ်မှာပါဘဲ။


အလုပ်ရှားတော့လည်းရှိတဲ့အလုပ်ရှာရှာ

ဖွေဖွေလုပ်ရတာပေါ့လေ။


ဟော…လာပါပြီဗျာ၊

အိုးမှုတ်စိန်တို့၊ညီဝင်းစိန်တို့၊

စိမ့်အိုး၊သဲအိုး၊သောက်ရေအိုးတွေ

ရောင်းပါသတဲ့ဗျာ၊

ထမ်းပြီးသယ်လာကြတာ၊အိုးကြီးအိုး

ငယ်အထပ်ထပ်ဆင့်လို့၊တစ်ပုံတစ်ပင်ကြီး။

နှစ်ထမ်း၊သုံးထမ်း၊လေးလိုက်ထာ၊ခါး

တွေပါကိုင်းညွှတ်လို့။

ကြည့်မိသူတောင် ခါးနာချင်သလို

ဖြစ်လာပါသည်။


တစ်လမ်းဝင်တစ်လမ်းထွက်၊တစ်ရပ်ကွက်ပြီးတစ်ရပ်ကွက်၊တစ်မြို့လုံးလျှောက်လို့။ တွံတေးကလာရသတဲ့၊မနီးပါကလား။

အိုးရောင်းနေတဲ့သူတွေကိုအားမနာတမ်း

ပြောလိုက်ချင်ပါသည်။


ဟေ့… တိုကေတာ့…တို့ကတော့…

မြို့ပြမှာနေနေရတဲ့ဒို့အချေ။

ဝင်ဒါမီယာအသာထား၊အင်းယားကန်

နားနီးတဲ့အရပ်တွေ။


#ရေခဲရေသောက်မလား၊

ရေခဲသေတ္တာထဲမှာအပြည့်၊

အအေးမျိုးစုံရှိတယ်၊


#အဲယားကွန်း နဲ့ပန်ကာ၊ဘာလိုသလဲဗျာ။

သည်ခေတ်ကြီးမှာ၊

မင်းတို့ရဲ့စိမ့်အိုး၊ဘာစိမ့်အိုးလဲ။

မင်းတို့ဘဲအလေးခံပြီး၊တကြော်ကြော်

အော်ပြီးရောင်းနေကြတယ်၊

သွားစမ်းပါ၊နားထားလိုက်။

တို့ကတော့ပြည့်စုံပါပေတယ်။


ဦးသာလိအဲသည်လိုဘဲပြောလိုက်ချင်ပါတယ်။

ဦးသာလိကသာသည်လိုပြောပေမဲ့၊

မက္ဒမ္သာလိကေတာ့၊

ဈေးရောင်းတဲ့သူတွေကိုသနားလို့တဲ့၊

မကြာမကြာဝယ်ထားတဲ့၊အိုးတွေ၊ဝါးတွေ၊အိမ်နားမှာပုံလို့ဗျာ။

သူဘဲအလုပ်မရှိအလုပ်ရှာ။


ဒါပေမဲ့…မနေ့ညကအိုက်လွန်းလို့၊ရပ်တောင်လေးခတ်ပြီးဦးသာလိအိပ်ယာထဲဝင်လို့အိပ်မပျော်၊

မနက်လင်းခါနီးမှ၊အကျၤ ီဗလာနဲ့အိပ်ပြီး အိပ်လို့ပျော်သွားခဲ့တယ်၊ကံကောင်းပါ

တယ်၊လေကလေးတဖြူးဖြူးတိုက်လာလို့။


အိပ်မက်မက်နေတာက၊ငယ်ငယ်တုံးက

အကြောင်း။

မဆလခေတ်ဦး

အလယ်တန်းကျောင်းသားဘဝ၊

မြေနီလမ်းပေါ်သုံးမိုင်လောက်လမ်း

လျှောက်ပြီးကျောင်းတက်ခဲ့ရတယ်။

အဲသည်ခေတ်က၊အစစအရာရာ

ရှားပါးလေတော့၊ထမင်းဗူးလေးတစ်ခု၊

ရေဗူးလေးတစ်ဗူးတောင်ပိုင်ဆိုင်ဖို့မလွယ်ဖူး။ယနေ့ခေတ်လိုပလပ်စတစ်နှင့်

လုပ်တဲ့ပစ္စည်းတွေကလည်းမပေါ်သေး။


အဲသည်ခေတ်က၊မောင်သာလိလည်း၊

သူငယ်ချင်းများဖြစ်တဲ့၊မောင်စီ၊လှထွန်းလေး၊ဂွတိုတို့၊အေးဗုံတို့၊စာဥတို့အဖော်ပြုပြီး၊ကျောင်းသွားခဲ့ရတယ်။ကျောင်းသွားကျောင်းပြန်၊ရေဆာတာပေါ့။


မြေနီလမ်းနဘေးမှာ၊ရေးတွင်

အိုကြီးတစ်တွင်းရှိခဲ့တယ်။ဘေးနားမှာ

သရက်ပင်ကြီးနှစ်ပင်က၊အုပ်အုပ်ဆိုင်း

ဆိုင်း။ နို့ဆီဗူးခွက်ဟောင်းလေးအား၊

လျှော်ကြိုးတတ်ပြီး၊တွင်းကြီးထဲက၊

ရေကိုခပ်ပြီးသောက်ခဲ့ရတာ၊အေးမှအေးပါဘဲ။အရိပ်ကောင်းဆိုတော့၊ပူနေတဲ့ရင်ထဲစိမ့်လို့သွားခဲ့ရပါတယ်။ယနေ့တိုင်မေ့လို့မရခဲ့ပါဖူးဗျာ။

မရောက်သည်မှာကြာပြီဖြစ်လို့၊မြေနီလမ်းနဘေးက၊ရေတွင်းဟောင်းကြီးလည်း၊

ရှိမှရှိသေးရဲ့လား၊မသိတော့ပါ။


အိပ်လို့ကောင်းတိုင်း၊အိမ်မက်တွေက၊

ခွန်နှစ်စဉ်အမြှင်တန်းအောင်မက်လို့

နေပြန်တယ်။

မောင်သာလိတို့ရွာက၊မကြီးလှသော်လည်း၊အိမ်ဝိုင်းကြီးများကကျယ်ပါပေတယ်။ ရွာရိုးတစ်လျှောက်သရက်ပင်ကြီးများ၊

ကုက္ကိုပင်ကြီးများ၊မကျည်းပင်ကြီးများ

အုပ်အုပ်ဆိုင်းဆိုင်းရှိကြပါပေတယ်။


သည်အပင်ကြီးများအောက်တွင်၊စင်က

လေးများဆောက်လို့၊သောက်ရေအိုးစင်

ကလေးများ၊တန်းစီလို့နေပါတယ်။

ပူလို်က်စမ်းဟ…နေ၊၊

ပူချင်သလောက်ပူပါ

စေ။ သဲအိုများထဲမှ။စိမ့်ရေအား

သောက်မိရင်တော့၊အေးမြ ကြည် လင်

လန်းဆန်းလို့သွားပါတယ်။


ကောင်းလိုက်တဲ့၊

ဘော်လီဘောဝိုင်း၊ကုက္ကိုပင်များဝိုင်း

အုံးနေတဲ့အရိပ်မှာ၊လူငယ်တွေစည်မှ

စည်ပါဘဲဗျာ။

ကစားနေလိုက်ကြတာ။

နေပူဒဏ်ကိုမမှု၊ချွေးတလုံးလုံးဖြင့်။

မောလာတော့၊သောက်လိုက်ကြတဲ့

ရေတွေ။အိုးကပ်တောင်မကျန်အောင်ပါဘဲ။သည်လောက်များတဲ့ရေအိုးတွေကိုကုန်စင်အောင်သောက်ပစ်လိုက်ကြတယ်။

မောင်သာလိတို့သောက်ရေငတ်ကြပါပြီ။

အလိုက်သိတဲ့သူငယ်ချင်း “အေးဘုံမ.”

ရေတစ်အိုးရွက်လို့လာပါကလား။

အိုးကကြီးသမို့ခေါင်းကလေးလှုပ်တုတ်လှုပ်တုတ်ဖြင့်၊

ခေါင်းပေါ်ကအို့ကူပြီးချပေးမဲ့သူမျှော်ရှာ

နေတုံး။


သူ့ချစ်ဦးသူ “ဘိုထိန်” ကလည်းပေါ်မလာ။

ဘော်လီဘော့ဝိုင်းက၊ပုတ်လို့ကောင်းနေ

ဆဲ။

စိတ်ကောက်တတ်တဲ့” အေးဘုံမ” သောက်ရေအိုးအား လွှတ်ချလိုက်လေတော့၊

ရေဆာနေတဲ့ မောင်သာလိ၊အော်မိပါပြီ၊

ရေ…ရေရေ…ရေ …။

အိပ်မက်ထဲကအသံ၊အပြင်လျှံလို့ထွက်လာပါတယ်။

အိပ်မက်ကနေလန့်ပြီးနိုးတော့၊

မနက်လင်းနေပါပြီ။မောင်သာလိ

တစ်ကိုယ်လုံး၊ချွေးတွေရှွဲရှွဲစိုလို့။


အနီးကပန္ကာ လှည့်လို့ကြည့်လိုက်တော့၊သူလည်းအိပ်ပျော်လို့ကောင်းနေဆဲ။အိပ်ပါစေလေ

တစ်သက်လုံး။


ကပ်ာကသီ ရေခဲသေတ္တာ အား

ဖွင့်ပြီး၊အထဲကရေပုလင်းအားဆွဲယူပြီး

မော့ပြီးသောက်လိုက်တော့။


အော…ကြံကြံဖန်ဖန်ကွာ၊

ဘယ်သူများရေနွေးကျိုပြီးရေခဲသေတ္တာ

ထဲလာပြီးထည့်ထားလေသလဲ။


ပူလိုက်ထာကွာ၊လျှာတောင်အဖုပေါက်

လေမလား ထင်ရတယ်။


အိပ်မှုန်စုန်ပွားဖြင့်တွေးမိပါသည်။


အလိုက္သိတဲ့ မက္ဒန္သာလိက၊

အုန်းရေမှုတ်ကလေးဖြင့်၊သောက်ရေ

တစ်ခွက်အားကမ်းပေးပါသည်။

ရေဆာဆာဖြင့်အရိုးလေးကကိုင်ပြီး မော့ပြီးသောက်ချလိုက် တော့….

။ ဂွတ်…ဂွတ်…ဂွတ်…

အလာ လား

ရင်ထဲအေးလိုသွားပါလေရဲ့ဗျာ။


အော်…မက်ဒန်သာလိ၊အလိုက်တသိဖြင့်

သောက်ရေ သဲစိမ့်အိုးလေးဝယ်ထား

မိပေလို့ဗျာ။

သည်လိုမှမဟုတ်ရင်တော့၊


အမြတ်တနိုးဖြင့်ဈေးကြီးပေးပြီး၊ဝယ်ယူ

ထားသော၊ရေခဲသေတ္တာထဲက သောက်ရေကိုသာမျှော်နေရမယ်ဆိုရင်

တော့၊

ရေအေးအေးတစ်ခွက်ကို၊

မောင်သာလိအချိန်မှန်စွာဘယ်တော့များသောက်ရမှာပါလိမ့်။

အတွေးလွန်လို့သွားမိပါပြီ။


ဆရာမောင်သာလိ

၀၇.၀၅.၂၀၂၅