နင်ငါ့ကိုသတ်ခဲ့တယ်(စ/ဆုံး)
————————————အချိန်ကားညနေစောင်း နေဝင်မိုးချုပ်သည့်အချိန် တရွက်ငယ်ရွာလေးမှ နေ့ပြန်တိုးပေးသူမတင်ဌေး တစ်ယောက် တစ်ဖက်ရွာမှ ရစရာရှိသည့် ငွေများအားတောင်းယူကာအိမ်သို့ ပြန်လာခဲ့လေသည်။ရွာနှစ်ရွာအကြား တောလမ်းခရီးလေးတွင်လူခြေပြတ်နေပြီဖြစ်သည်။မတင်ဌေးတစ်ယောက်သာ ခပ်သွက်သွက်လျှောက်လှမ်းလာနေသည်။ထိုစဉ်နောက်မှ ခြေသံကြားသဖြင့်လှည့်ကြည့်လိုက်ရာဖဲသမားဖြစ်သူ ကိုသက်ဖေဖြစ်နေသည်။“ဟာ မတင်ဌေးပါလား တစ်ယောက်တည်းလားဘယ်သူမှမပါဘူးလား အေ့ ဂေ့ကျုပ်တောင် ဒီရွာကအိမ်မှာဖဲရိုက်နေတာအခုပါသမျှအကုန်ပြောင်သွားလို့ ပြန်လာခဲ့တာပဲ”“နင်မျက်လုံးမပါဘူးလား သက်ဖေငါတစ်ယောက်တည်းမလာလို့ဘယ်သူပါလာလို့လဲ ဟင် အရက်စော်ကလည်းနံဟောင်နေတာပဲ ”မတင်ဌေးက ဖဲသမားကိုသက်အောင်အားနှာခေါင်းရှုံကာပြောလိုက်လေသည်။“မျက်လုံးတော့ပါတာပေါ့ဗျဒါနဲ့လက်ထဲမှာလည်း ပိုက်ဆံအိတ်ကြီးနဲ့အကြွေးတောင်းပြီးပြန်လာတာထင်တယ်မတင်ဌေး ကျွန်တော့်ကို ပိုက်ဆံချေးပါလားကျွန်တော်ဖဲရိုက်ဖို့ ငွေလိုနေလို့”“နင့်လိုကောင်မျိုးကို ငါကပိုက်ဆံချေးလိုက်ရင်ပြန်ရပါ့မလား သွား သွား နင်နင့်လမ်းနင်သွားစမ်းပါ သက်ဖေရယ်ငါ့ကိုမနှောင့်ယှက်စမ်းပါနဲ့ ”မတင်ဌေးလည်းခပ်ပြတ်ပြတ်ပြောလိုက်မိလေသည်။“မတင်ဌေး ခင်ဗျား အသာတကြည်ပြောလို့မရရင် ကျုပ်အကြောင်းသိတယ်မလားဒီမယ် ကြည့်”ဖဲသမား သက်ဖေက ခါးကြား၌ဖွက်ထားသောဓါးမြှောင်အားထုတ်ပြလိုက်သည်။“ဟင်…သက်ဖေ နင်ငါ့ကိုမတရားမလုပ်နဲ့နော်ငါငြိမ်ခံနေမှာမဟုတ်ဘူး သိထား”“ဟား ဟား မတင်ဌေး ခင်ဗျားကစွာလှချေလား ဟမ်သူများဆီကနေအမြတ်ကြီးစားထားတဲ့ပိုက်ဆံတွေ ဘယ်မလဲ အခုထုတ်ပေးကြာတယ်ကွာ”ပြောရင်းဆိုရင်း မတင်ဌေးလက်ထဲမှငွေအိတ်အား လုယူတော့သည်။“နင်လွှတ်နော် သက်ဖေ ကဲဟယ်”“အား…”မတင်ဌေးလည်း သက်ဖေ၏လက်အားကိုက်ဆွဲပစ်လိုက်သည့်အတွက် သက်ဖေအလွန်ဒေါသဖြစ်သွားပြီး“တောက်”“ခွေးမ နင်သေစမ်း”“စွပ် စွပ် ”“အင့်…”“အောင်မယ်လေး အ အား”“ကဲ မှတ်ပြီလား နင်လိုကောင်မဆီကငွေကိုဟောဒီလို ယူပစ်လိုက်လို့ရတယ်ဆိုတာသိထား”မတင်ဌေးလက်ထဲမှလွတ်ကျသွားသောပိုက်ဆံအိတ်အား သက်ဖေကခြေထောက်ဖြင့်ညှပ်ကာယူလိုက်ပြီး ထိုနေရာမှထွက်သွားတော့သည်။တောလမ်းနံဘေး၌ မတင်ဌေး၏ ခန္ဓာကိုယ်မှာသွေးအလိမ်းလိမ်းထွက်ကာ အသက်မဲ့စွာကျန်နေခဲ့တော့သည်။================နောက်တစ်နေ့ မိုးလင်သည်နှင့်တရွက်ငယ်ရွာလေး၌ လှုပ်လှုပ်ရှားရှားဖြစ်သွားလေသည်။“ဟဲ့ မြင့်မေ မနေ့က နေ့ပြန်တိုးပေးတဲ့မိတင်ဌေး အသတ်ခံရလို့တဲ့ ”“ဟင်…ဟုတ်လား မစိုးရဲ့ ဘယ်သူကသတ်သွားတာတုန်းတော့”“ဒါတော့ ငါလည်းမသိဘူးအေ့ရွာထဲကလူတွေ မနက်အစောပိုင်းကအလောင်းကိုသွားကြည့်ကြတာလူတွေမှမနည်းကြဘူး သွားကြည့်ကြတာ”“ဟုတ်လားဘယ်နားမှာအသတ်ခံရတာလဲမစိုးရဲ့”“တို့ရွာ ကနေဟိုဘက်ရွာကို သွားတဲ့တောလမ်းလေးလေ အဲ့အနားမှာအသတ်ခံရတာအေ့”“အင်း စိတ်မကောင်းစရာပါ မစိုးရယ်သူ့အမေ ဒေါ်တင်မေ တော့ရင်ကွဲနေရှာမှာပဲ”“အေးဟဲ့ ငါသွားဦးမယ် နင်လည်းသွားကြည့်မနေနဲ့ ဦး”“စိတ်ချပါ မစိုးရယ် ကျွန်မမကြည့်ရဲပါဘူး”မစိုးလည်း မြင့်မေအားနှုတ်ဆက်ပြီးထွက်သွားလေသည်။==============“အောင်မယ်လေး သမီးရဲ့အဖြစ်ဆိုးလိုက်တာ ငါ့သမီးလေးရယ်ငါ့သမီးကိုဘယ်လိုလူကများ ရက်ရက်စက်စက် အခုလို လုပ်ရက်ကြတာလဲ သမီးလေးရဲ့အီး ဟီး ဟီး”“စိတ်ကိုလျှော့ဦးမှပေါ့ ဒေါ်တင်မေရယ်သေတဲ့သူကသေပြီပဲ မလား”“ကျွန်မဝမ်းနည်းလွန်းလို့ပါတော်ကျွန်မတို့မှာ ဒီသားအမိ၂ယောက်ပဲရှိကြတာမလား အခုတော့ သမီးလေးကကျွန်မကိုတစ်ယောက်တည်းထားခဲ့ပြီလေသမီးလေးရေ ထကြည့်ပါဦး သမီးလေးရဲ့”“ဒေါ်တင်မေ စိတ်ထိန်းပါဗျာခင်ဗျားသမီးကိုသတ်တဲ့သူကိုကျုပ်ကိုယ်တိုင်ဖမ်းပေးပါ့မယ်စိတ်ချ ”“သူကြီးရယ် ကျွန်မသမီးကိုသ_တ်သွားတဲ့သူကိုကျွန်မလုံးဝမကျေနပ်ဘူး ဒင်းကိုမိလို့ကတော့ကျွန်မကိုယ်တိုင် သ_တ်ရမှကျေနပ်မယ်တော့်အီး ဟီး ဟီး”================မတင်ဌေး ၏နာရေးအားအဆင်ပြေစွာဖြင့်ချနိုင်ခဲ့လေသည်။သူကြီးဖြစ်သူလည်း ရွာထဲမှ ဆိုးပေ့မိုက်ပေ့ဆိုသော လူမိုက်များအား ခေါ်ယူစစ်ဆေးလေသည်။“ဟေ့ကောင် သက်ဖေ မင်းမနေ့ကဘယ်တွေသွားသေးလဲ ”“ကျုပ် ဟိုဘက်ရွာကဖဲဝိုင်းသွားပြီးဖဲရိုက်တယ်ဖဲဝိုင်းကတိုက်တဲ့အရက်ကိုသောက်တယ်ပြီးတော့အိမ်ကို ပြန်လာတယ် ဒါပဲဒါနဲ့သူကြီးကဘာလို့ ကျုပ်ကိုဒီလိုတွေမေးနေတာလဲဗျကျုပ်နားမရှင်းဘူး”“အေး မင်းနားရှင်းအောင်ပြောရရင်မနေ့က မတင်ဌေးအသ-တ်ခံရတာ မင်းလည်းသိမှာပါမင်းမနေ့က ဟိုဘက်ရွာကို ဖဲသွားရိုက်တယ်ပြီးတော့ မတင်ဌေးလည်း ဟိုဘက်ရွာကိုအကြွေးသွားတောင်းသေးတယ်ဆိုတော့ငါမင်းကို မတင်ဌေးအသ-တ်ခံရတဲ့ ကိစ္စနဲ့မင်းကိုသံသယဖြစ်နေမိတယ် သက်ဖေ”“ဒီမယ် သူကြီး သူကြီးကကျုပ်ကိုလူသ-တ်တရားခံလို့ စွပ်စွဲနေတာလားဘယ်မလဲ သက်သေ သက်သေမရှိပဲလာစွပ်စွဲလို့ ဘယ်ရမလဲ မဟုတ်ဘူးလားသူကြီး”“ဟုတ်ပါတယ် ဒါပေမယ့် ငါကဒီရွာကိုအုပ်ချုပ်နေတဲ့ သူကြီးဒီရွာရဲ့ လူဆိုးလူမိုက်တွေကိုတာဝန်အရစစ်ဆေးမေးမြန်းရမှာငါ့တာဝန်ပဲ မင်းပြောသလိုသက်သေမရှိသေးတော့ မင်းလို့ငါ အတတ်မပြောနိုင်သေးဘူးဒါပေမယ့် ငါစောင့်ကြည့်နေမယ်မင်းသွားလို့ရပြီ”“ကောင်းပါပြီ သူကြီး”သက်ဖေလည်း စားပွဲခုံးအား လက်ထောက်လိုက်ပြီး ထလိုက်လေသည်။ထိုစဉ် သက်ဖေ လက်မှ အကိုက်ခံရသည့်သွားရာအား အမှတ်မထင် သူကြီးမြင်လိုက်လေသည်။“ဒါနဲ့ သက်ဖေ မင်းလက်က ဒဏ်ရာကဘယ်လိုဖြစ်တာလဲ”သူကြီးကမေးလိုက်သဖြင့် သက်ဖေတစ်ယောက်အနည်းငယ်တုန်လှုပ်သွားလေသည်။ထိုအမူအရာကို သူကြီးကောင်းစွာမြင်လိုက်ပါသည်။“သြော် ဒါလား ဒီဒဏ်ရာက ကျုပ်အစ်ကိုကမွေးတဲ့ ကျုပ်တူမက ကိုက်တာ သူ့ကိုမုန့်ဝယ်မကျွေးလို့တဲ့ဗျာ ”“သြော် ဒီလိုလား အေးပါ ကောင်းပါပြီ”သူကြီးလည်း အံ့သြသည့်အမူအရာဖြင့်နေလိုက်လေသည်။===============“မိတုတ်ရေ မိတုတ်”“ရှင် သူကြီးပါလား မိတုတ်ကိုခေါ်တာဘာပြောမလို့လဲဟင် ”“သြော် ဒီလိုပါ မိတုတ်ကို ဦးဦးကမုန့်ကျွေးမလို့လေ ဟောဒီမှာ”“ဟာ ဒါမိတုတ်စားချင်နေတဲ့ မုန့်ပဲကျေးဇူးပါနော် မိတုတ်ကိုကျွေးလို့”“ဒါနဲ့ မိတုတ်ကိုမေးရဦးမယ်မိတုတ်အမှန်အတိုင်းပြောမှာလား”“မိတုတ် အမှန်အတိုင်းပြောမှာပေါ့လိမ်ရင် ငရဲကြီးတတ်တယ်တဲ့ အမေကသင်ထားတယ်”“ဒါဆို ဦးဦး မေးမယ် မိတုတ် မနေ့ကသမီး ဦးဦး ဦးသက်ဖေကို သွားနဲ့ကိုက်လိုက်သေးလား ”“ဟင့်အင်း…မိတုတ်မကိုက်ပါဘူးဦးဦးသက်ဖေနဲ့ တွေ့တောင်မတွေ့ဘူး”“အေးအေး ဘာရယ်မဟုတ်ပါဘူးဦးကဒီအတိုင်းသိချင်လို့မေးတာဒီအကြောင်းကို မိတုတ်ဘယ်သူ့ကိုမှမပြောရဘူးနော် လိမ္မာတယ် နောက်လည်းမုန့်ကျွေးဦးမယ် ဦးက”“မိတုတ် ဘယ်သူ့ကိုမှမပြောပါဘူး ”သူကြီးလည်း သက်ဖေ၏ တူမမိတုတ်အား သိလိုသမျှမေးပြီး ပြန်လာခဲ့တော့သည်။==============“အူ ဝူး ဝူး ဝူး”“အူ ဝူ ဝူး”“ဒီနေ့ညမှပဲ ခွေးတွေကအူလိုက်တာ လှမြိုင်ရာ”“ခွေးတွေရဲ့ သဘာဝကိုက အူမယ် ဟောင်မယ်မလား အထူးအဆန်းလုပ်လို့ ဖိုးတွတ်ရာ”“ထူးဆန်းတာပေါ့ကွ မင်းနဲ့ငါ ရွာကင်းတဲစောင့်လာတာကြာပေါ့ ဒီနေ့ ညလောက်ခွေးအူတာမင်းကြားဖူးလို့လားကွ”“အေး အဲ့ဒါတော့ ဟုတ်တယ်ကွဟူး ချမ်းလိုက်တာ ဖိုးတွတ်ရာအရက်လေးဘာလေး မပါဘူးလား”“ဟ ကင်းစောင့်ပါတယ်ဆိုမှ ဘယ်ကအရက်ပါပါ့မလဲ လှမြိုင်ရ”“ဒါဆို မင်းရွာထဲပြန်ပြီး အရက်တစ်ပုလင်းလောက်သွားဝယ်ချေကွာဒီပုံအတိုင်းဆို အတော်အေးမှာကွနည်းနည်းပါးပါး သောက်လိုက်မှနွေးသွားမှာ ဖိုးတွတ်ရ ”“ဖြစ်ပါ့မလား သူကြီးသိရင် မင်းရောငါရောမလွယ်ဘူး ”“မင်းကလည်း လုပ်စမ်းပါကွာ ရှည်ကိုရှည်တယ်”“ဒါဆို ခဏစောင့် ငါရွာထဲပြန်ပြီးသွားဝယ်လိုက်ဦးမယ် ”“အေးအေး မြန်မြန်သွား မြန်မြန်ပြန်လာခဲ့”“အေးပါ ငါသိပါတယ်”ဖိုးတွတ်လည်း ကင်းတဲပေါ်မှဆင်းကာရွာထဲထွက်သွားလေတော့သည်။လှမြိုင်လည်း ကင်းတဲပေါ်၌ တစ်ယောက်တည်းစောင့်ကာကျန်ခဲ့တော့လေသည်။“အူ ဝူး ဝူး ဝူ ဝူး”“တောက် ဘယ်ကသောက်ခွေးတွေကထထအူနေသလည်း မသိဘူးအောင်မယ်လေး ကြက်သီးတောင်ထတယ်”ထိုစဉ် ခပ်လှမ်းလှမ်းအမှောင်ရိပ်ဆီမှတရွေ့ရွေ့ လာနေသော လူတစ်ဦးအားကင်းတဲ့ပေါ်မှ လှမ်းမြင်လိုက်လေသည်။“ဟင် ဒီအချိန်ကြီး ဘယ်သူများပါလိမ့်တို့ရွာက လူတော့ဟုတ်ပါ့မလား ”လှမြိုင်လည်း ဓာတ်မီးကို လက်တစ်ဖက်ကိုင်ပြီးကျန်လက်တစ်ဖက်မှ တုတ်ကိုကိုင်ထားပြီးကင်းတဲပေါ်မှကြည့်နေလိုက်သည်။ထိုလူက တဖြည်းဖြည်းနှင့် ကင်းတဲ့အနီးသို့ရောက်လာမှ အမျိုးသမီးဖြစ်မှန်း သိလိုက်ရလေသည်။ထိုအမျိုးသမီး၏ သွားလာသောပုံစံမှာတစ်ခုခုကို အသည်းအသန်လိုက်လံရှာဖွေနေသည့်ပုံစံဖြစ်သည်။ကင်းတဲ့ပေါ်၌ ထိုင်နေသော လှမြိုင်ကိုလည်းအာရုံမထားပဲ သွားလာလှုပ်ရှားနေပေသည်။ထို့ကြောင့် လှမြိုင်လည်း မနေသာတော့ပဲကင်းတဲပေါ်မှဆင်းလာပြီး“ဟေ့ မင်းဘယ်သူလဲ ဘယ်ကလဲဘာကြောင့်ဒီကင်းတဲအနားမှာ တဝဲလည်လည်လုပ်နေရတာလဲ”လှမြိုင်၏ ပြောစကားကို ဂရုမစိုက်လှမြိုင်ကိုလှည့်မကြည့်ပါပဲရွာဘက်ကိုသာ မျက်နှာမူပြီး ရပ်ကြည့်နေလေသည်။လှမြိုင်လည်း ကျွဲမြှီးတိုသွာကာ“ဟေ့ ငါပြောနေတာမကြားဘူးလားမင်းဘယ်သူလဲ”လှမြိုင် စိတ်တိုကာ အော်ပြီးမေးလိုက်တော့သည်။ထိုအခါမှ အမျိုးသမီးက လှမြိုင်ဘက်သို့တဖြည်းဖြည်းလှည့်လာပြီး“ငါ့နာမည် တင်ဌေး ငါ့ကိုသတ်သွားတဲ့ကောင်ကိုငါလာရှာတာဟဲ့”“ဟင်…”“တင် တင် တင်ဌေး သ သ သရဲ ”“အား သရဲ သရဲ ”သွေးအလိမ်းလိမ်းထွက်ကျနေသောကိုယ်ခန္ဓာ ရဲရဲတောက်နေသော မျက်လုံးတစ်စုံ၏အကြည့်ကြောင့် လှမြိုင် အကြောက်လွန်ပြီး ထိုနေရာမှ ထွက်ပြေးကာရွာထဲသို့ပြေးလာခဲ့လေသည်။=============“သရဲ သရဲ”“ဟဲ့ လှမြိုင် ဘာဖြစ်လို့ အတင်းပြေးလာတာလဲဘာဖြစ်လို့လဲ ”ရွာထဲမှ လူများလှမြိုင်၏အော်သံကြောင့်အိမ်အပြင်ထွက်လာကြပြီးမေးကြလေသည်။“ဘာဖြစ်တာလည်း ဘယ်ကသရဲလဲ”“ကျုပ် ကျုပ်ကို တင် တင်ဌေးခြောက်လို့ဗျ”“ဟင်…တင်ဌေးဟုတ်လား ဘယ်မှာအခြောက်ခံရတာလဲ လှမြိုင်”“ကျုပ်ရွာထိပ်မှာ ကင်းစောင့်နေတုန်းကင်းတဲနားမှာ ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်နေတဲ့ မိန်းကလေးကိုမြင်တော့ကျုပ်က ဘယ်သူလဲ ဘယ်ကလဲ မေးမိတယ်ပထမတော့ သူကဘာမှပြန်မပြောဘူးရွာထဲကိုပဲ စိုက်ကြည့်နေတယ်ဒါနဲ့ ကျုပ်လည်း စိတ်မရှည်တာနဲ့ ဒေါသနဲ့အော်ပြီးမေးလိုက်တော့သူ့မျက်နှာက ကျုပ်ဘက်ကို လှည့်လာပြီးပြောတယ်ဗျ ငါ့ကိုသတ်သွားတဲ့ကောင်ကိုငါလာရှာတာတဲ့ ငါ့နာမည် တင်ဌေး ဆိုပြီးပြောတယ်ဗျာ အသံကြီးကလည်း ဒေါသဖြစ်နေတဲ့အသံဗျ သူ့မျက်လုံးကြီးနှစ်လုံးကလည်း ရဲရဲတောက်နေတာပဲ ဒါနဲ့ ကျုပ်လည်း ကြောက်ပြီး ရွာထဲပြေးလာခဲ့တာပဲ”“မင်းပြောပုံအရဆို တင်ဌေးက ရွာထဲဝင်ချင်နေပုံပဲဝင်လို့မရလို့ ရွာပြင်မှာပဲ ခေါက်တုံ့ခေါက်ပြန်လျှောက်နေတာဖြစ်မယ်ပြီးတော့ သူ့ကိုသတ်သွားတဲ့ကောင်ကိုလာရှာတာဆိုတော့ တို့ရွာထဲကလူတစ်ယောက်ယောက်က သူ့ကိုသတ်သွားလို့မကျေမနပ်ဖြစ်ပြီး ရွာထဲဝင်ချင်ပုံပဲ”“ဘာတွေဖြစ်ကြတာလဲ”“ဟာ သူကြီးလာတယ်ဟေ့ ”“သူကြီး ရောက်လာပြီဟ”“လှမြိုင် မင်းဘာဖြစ်လာတာလဲ”“ဟို ဟို ”“ဘာလဲ တဟိုဟိုနဲ့ လိုရင်းကိုပြောစမ်း”“ဒီ ဒီလိုပါ သူကြီး”လှမြိုင်လည်း သူကြီးအားဖြစ်ကြောင်းကုန်စင်ပြောပြလိုက်လေသည်။“အေး မင်းပြောတဲ့ပုံအရဆိုတင်ဌေးကိုသတ်တာ တို့ရွာထဲကဆိုတာတော့သေချာသွားပြီ ပြီးတော့ တင်ဌေးကရွာထဲကိုဝင်ချင်နေတာ ဝင်မရဖြစ်နေပုံပဲတင်ဌေးကိုသတ်သွားတဲ့သူကိုတင်ဌေးသာအသိဆုံးဆိုတော့တင်ဌေးကို မေးရမယ် ဟုတ်ပြီ ဟုတ်ပြီ”“သူကြီးက တင်ဌေးကိုဘယ်လိုမေးမှာလဲသူကသေပြီးသွားပြီလေ ”“ငါ့မှာ နည်းလမ်းရှိပါတယ် မကြာခင်သိရမှာပါကွာ”ထိုသို့ပြောပြီး သူကြီးလည်းလှည့်ပြန်သွားလေသည်။===============နောက်တစ်နေ့ ရောက်တော့“စိုးမောင်ရေ စိုးမောင်”“ဗျာ သူကြီး ဘာခိုင်းချင်လို့လဲ သူကြီး”“အေး ဒီကနေ့ပဲ ငါခရီးသွားစရာရှိတယ်မင်းပါလိုက်ခဲ့ရမယ် ကြားလားသွားပြင်စရာရှိတာပြင်တော့”“ဟုတ်ကဲ့ သူကြီး”စိုးမောင်လည်း သူကြီးခိုင်း၍သာပြင်ဆင်လိုက်ရပေမယ့် ဘာမှနားမလည်ပဲရှိနေသည်။“သူကြီး အားလုံးအဆင်သင့်ဖြစ်ပါပြီ”“အေး ဒါဖြင့် သွားကြစို့ ရှင်မရေအိမ်ကိုသေချာကြည့်ဦး အပြင်တွေပဲထွက်မနေနဲ့ မင်းခိုင်းချင်ရင် လှမြိုင်တို့ကိုခေါ်ခိုင်းကြားလား”“ကျုပ်သိပါတယ်တော့ ရှင်သာဂရုစိုက်ပြီးသွား”“အေးပါ ကဲ ငါသွားပြီဟေ့”ဤသို့ဖြင့် သူကြီးလည်း စိုးမောင်နှင့်အတူ ရွာမှထွက်ခဲ့ကြလေသည်။============သူကြီးနှင့်ကိုစိုးမောင် တို့ရွာသို့၂ရက်ခန့်ကြာမှပြန်ရောက်လာကြလေသည်။“ဟာ သူကြီးပြန်လာပြီ ဧည့်သည်လည်းပါလာတယ်”လှမြိုင်မှ တအံ့တသြပြောလိုက်ခြင်းပင်။“လာဦး လှမြိုင် ပစ္စည်းတွေကူချပေးဦး”“ဟုတ်ကဲ့ လာပါပြီ သူကြီး”“ဆရာ လှည်းပေါ်ကဖြည်းဖြည်းဆင်း”ယောင်ထုံးအား ပုဝါ အဖြူလေးပေါင်းထားသည့်အသက်၆၀ခန့် လူကြီးအားသူကြီးမှ လှည်းပေါ်ကနေ ဆင်းရန်ကူပေးလိုက်ကြလေသည်။“ထိုင်ပါဦးရှင့် ဆရာလည်းပါလာတာပဲ”“ရှင်မရေ ဒါ ငါ့အသိဆရာကြီး ဦးမင်းခိုင်တဲ့စုန်း၊ကဝေ၊နာနာဘာဝ၊အောက်လမ်းဒါတွေကို ကုသပေးနေတဲ့ ဆရာကြီးလေ”“သြော် ဟုတ်ကဲ့ ဆရာကြီးမင်္ဂလာပါ”“မင်္ဂလာပါ ခင်ဗျာ”“ဒါနဲ့ သူကြီး သူကြီးကပယောဂဆရာကြီးကိုပင့်လာတယ်ဆိုတော့ ကိစ္စအထူးရှိလို့လားသူကြီး”“ဟ ရှိတာပေါ့ လှမြိုင်ရ ”“ဘာကိစ္စများတုံး သူကြီးရ”“နောက်တော့ မင်းသိမှာပါ လှမြိုင်ရာ”“ဟုတ်ကဲ့ သူကြီး”“ဒါနဲ့ သူကြီးပြောတဲ့ ကလေးမကအသတ်ခံရတာ ဘယ်နှရက်လောက်ရှိနေပြီလဲ”“ဒီကနေ့နဲ့ဆို ၄ရက်လောက်တော့ရှိပါပြီဆရာကြီး”“ဒါဆိုရင် ဒီကနေ့ညပဲ အစီအစဉ်ကိုအကောင်အထည်ဖော်ကြတာပေါ့သူကြီး”“ဟုတ်ကဲ့ ဆရာကြီး ဆရာကြီးလိုတာအကုန်ပြောပါကျွန်တော်အားလုံးစီစဉ်ပေးပါ့မယ်ခင်ဗျာ”“ဘာတွေလိုအပ်လည်းဆိုတော့ကန်တော့ပွဲအတွက်လိုအပ်တာအားလုံးစီစဉ်ပေးပါ ပြီးတော့ သတ္တိရှိတဲ့လူ သုံးလေးယောက်လောက်လိုချင်တယ်ပြီးတော့ နတ်ဝင်သည်တစ်ယောက်ကိုပါ ခေါ်ပေးနိုင်မလား သူကြီး”“သိပ်ဖြစ်တာပေါ့ ဆရာရယ် အားလုံးဖြစ်စေရပါ့မယ်စိုးမောင် မင်းက ကန်တော့ပွဲအတွက်လိုအပ်တာမှန်သမျှအားလုံးဝယ်ထား လှမြိုင် မင်းက ရွာတောင်ပိုင်းကနတ်ဝင်သည် မိမျိုးကို သူကြီးကညနေစောင်းရောက်အောင်လာခဲ့လို့ပြောကြားလား”“ဟုတ်ကဲ့ သူကြီး”စိုးမောင်နှင့်လှမြိုင်တို့၂ယောက်သားပြိုင်တူဖြေလိုက်ကြလေသည်။===============“သူကြီးရေ သူကြီး”“ဟာ လာဟေ့ မိမျိုး လာလာ”“ထိုင် မိမျိုး”“သူကြီးကျွန်မကိုခေါ်တယ်ဆိုလို့ ”“အေး ဟုတ်တယ်ဟ ငါနင့်ကိုအကူအညီတောင်းချင်လို့ဟ”“ဘာများတုန်း သူကြီးရဲ့ ကျွန်မကူညီနိုင်တာဆိုရင်ကူညီတာပေါ့ရှင်”“အေး ကျေးဇူးပါဟာ နင်ဘာလုပ်ရမလဲဆိုတာဟောဒီကဆရာကြီး ဦးမင်းခိုင်ကပြောပါလိမ့်မယ်”“အင်း ဒီလိုပါ တူမကြီးရဲ့ ညကြရင်အစီအရင်တစ်ခုအတွက် တူမကြီးကကြားခံအနေနဲ့ ဝင်ရောက်ပူးကပ်ခြင်းခံပေးရမှာပါ ဆရာတို့ကိုကူညီနိုင်မလားကွယ်”“သြော် ရပါတယ်ရှင် မိမျိုး ကူညီနိုင်ပါတယ်ဒါမျိုးတွေက မိမျိုး လုပ်နေကြပဲဟာကို”“ကျေးဇူးတင်ပါတယ် မိမျိုးရယ်”“ရပါတယ် သူကြီးရယ် မလိုပါဘူးဒါနဲ့ဘာအတွက်ကြောင့် ဒီလိုလုပ်တာလည်းသူကြီးရှင့်”“ဒါတွေညကြသိရမှာပါ မိမျိုး အဲ့အခါကြမှနင်အားလုံးနားလည်သွားပါလိမ့်မယ်”“သြော် ဟုတ်ကဲ့ သူကြီး ဒါဆိုကျွန်မပြန်ဦးမယ်အိမ်မှာလုပ်စရာလေးတွေရှိသေးလို့ညမှတစ်ခေါက်ပြန်လာခဲ့မယ်နော် သူကြီး”“အေးအေး နင်သာရောက်အောင်လာခဲ့”“စိတ်ချ သူကြီး စိတ်ချ”===============ည၇နာရီခန့်ရောက်တော့ သူကြီးဆရာကြီးဦးမင်းခိုင်။စိုးမောင်၊လှမြိုင်နှင့်နတ်ဝင်သည် မိမျိုးတို့ ရွာအပြင်သို့ထွက်လာခဲ့ကြလေသည်။“ကိုင်း ကန်တော့ပွဲကို ယူလာတဲ့စားပွဲခုံပေါ်ကိုတင်ထားလိုက်ဖယောင်းတိုင်နဲ့အမွှေးတိုင်းကိုထွန်းလိုက်ကြ”“ဟုတ်ကဲ့ ဆရာကြီး”စိုးမောင်နှင့်လှမြိုင်လည်း ဆရာကြီးဦးမင်းခိုင်ခိုင်းသည့်အတိုင်းလုပ်ပေးကြလေသည်။“ငါ့တူမကြီး စတော့မယ် အဆင်သင့်ပြင်ထားပါ”“ဟုတ်ကဲ့ ဆရာကြီး”မမိမျိုးလည်း ဆံပင်အားဖားလျားချထားလိုက်ပြီးစိတ်ကိုလျှော့ထားလိုက်လေသည်။ထို့နောက်တွင်ဆရာကြီးက အောင်မြင်သောလေသံဖြင့် ရွတ်ဆိုလိုက်လေသည်။“အထက်ဆရာကြီးများရဲ့ အမိန့်ငါဆရာ၏အမိန့်ဖြင့် ကွယ်လွန်သူ မတင်ဌေး၏ဝိညာဉ်အား ဆင့်ခေါ်တယ် မဆိုင်သူ တစ်ဦးတစ်ယောက်မှ မနှောင့်ယှက်စေရ အမိန့်ရွာတော်များလည်း တားဆီးခြင်းမပြုစေရငါဆရာ ၏စေခိုင်းချက်အရ မတင်ဌေး၏ဝိညာဉ်အားတားဆီးခြင်းမပြုရ ”သူကြီးနှင့်စိုးမောင်၊လှမြိုင်တို့ မျက်လုံးအဝိုင်းသားဖြင့် ဟိုကြည့်သည်ကြည့်လိုက်လံရှာဖွေကြည့်ရှုနေကြလေသည်။“ဝူး ဝူး ရွဲ ရွဲ ရွဲ”ရုတ်တရက် လေပြင်းခပ်သဲ့သဲ့တိုက်ခက်သွားပြီးနောက်နတ်ဝင်သည်မမိမျိုး ၏ကိုယ်ခန္ဓာတစ်ခုလုံးတုန်ရင်လာကာ“မကျေနပ်ဘူး မကျေနပ်ဘူးဟေ့”“ဟာ”“အလိုလေး”“ဗုဒ္ဓေါ”သူကြီးတို့၃ဦးသား ပါးစပ်အဟောင်းသားဖြင့်တအံ့တသြကြည့်နေမိသည်။“အခုဝင်ရောလာတာ ဘယ်သူလဲဟေ့မတင်ဌေးဟုတ်သလား”ဆရာကြီးဦးမင်းခိုင်က လေသံခပ်ပြတ်ပြတ်မေးလိုက်လေသည်။“အင်း…”ဆရာကြီး၏မေးခွန်းအား ဝင်ရောက်ပူးကပ်ခြင်းကိုခံနေရသော မိမျိုးက ခေါင်းညှိတ်ပြရင်း“အင်း” ဟုတစ်ခွန်းတည်းဖြေလိုက်လေသည်။“ဒါဆို ဆရာမေးမယ် မင်းကိုသတ်တာဘယ်သူလဲမင်းကိုသတ်တဲ့သူကို ဆရာတို့ကိုပြပေးနိုင်မလား”“အင်း ဟင်း ဟင်း”ဆရာကြီး၏အမေးအား “အင်း ဟင်းဟင်း”ဟုဖြေကာရွာထဲသို့ ကြောက်စရာကောင်းသောမျက်လုံးကြီးများဖြင့် စိုက်ကြည့်နေပေသည်။“ဒါဖြင့် ကောင်းပြီ မင်းကိုသတ်တဲ့သူကိုဆရာကြီးတို့ကို လိုက်ပြပါ”“ဟား ဟား ဟား ဟား ”“အီး ဟီး ဟီး”“ဘုတ် ဘုတ် ဘုတ်”“ဟာပြေးပြီ ဆရာကြီး ပြေးပြီ”မတင်ဌေးဝင်ရောက်ပူးကပ်ခြင်းအားခံနေရသော နတ်ဝင်သည်မမိမျိုးတစ်ယောက်ဒေါသတကြီးဖြစ်ကာ တရွက်ငယ်ရွာလေးထဲသို့သုတ်ခြေတင်ပြေးဝင်သွားလေတော့သည်။“လာ ဆရာကြီးတို့ သူ့နောက်ကိုလိုက်ရမယ်”“ဟုတ်ကဲ့ ဆရာကြီး”သူကြီးနှင့်လှမြိုင်၊စိုးမောင် တို့တပြိုင်နက်ဖြေလိုက်ကြပြီး ရွာထဲသို့ပြေးဝင်သွားသောနတ်ဝင်သည်မိမျိုးနောက် လိုက်လာကြလေသည်။မတင်ဌေးဝင်ပူးခြင်းအားခံနေရသောမိမျိုးတစ်ယောက် ရွာထဲဆီသို့ပြေးလာပြီးတစ်အိမ်ပြီးတစ်အိမ် ကျော်လာခဲ့ပြီးနောက်ကိုသက်ဖေ၏အိမ်ရှေ့ရောက်မှ ရပ်တန့်သွားလေတော့သည်။“သူကြီး သူသက်ဖေတို့အိမ်ရှေ့မှာရပ်နေတယ်”“အေး ဟုတ်တယ်ကွ လာလာခပ်မြန်မြန်”ရွာထဲမှ လူများလည်း သူကြီးနှင့်သူ၏တပည့်များဆရာကြီးဦးမင်းခိုင် နတ်ဝင်သည်မမိမျိုးတို့အား မြင်ပြီးစူးစမ်းလိုစိတ်များကြောင့်အိမ်ထဲမှ ကိုယ်စီကိုယ်စီအပြင်ထွက်ကြည့်နေကြလေသည်။…………………………“သက်ဖေ နင်ထွက်လာခဲ့စမ်း သက်ဖေ”“ဟေ့ဘယ်သူလဲ ငါ့အိမ်ရှေ့လာပြီးအော်ဟစ်နေတာ”ကိုသက်ဖေလည်း အိမ်ထဲမှထွက်လာပြီးသူ့အားရန်တွေ့နေသော သူအားသိရန်အိမ်အပြင်သို့ထွက်လာခဲ့သည်။“ဟင်…နတ်ကတော် မိမျိုးပါလားဘာကိစ္စ ငါ့အိမ်ရှေ့လာပြီး အော်နေတာလဲဒါနင့်လင်အိမ်မဟုတ်ဘူး နားလည်လား”“ဟား ဟား ဟား ငါမိမျိုးမဟုတ်ဘူးကောင်စုတ်ရဲ့ ငါဘယ်သူလည်း နင်သိလား”“နင်က မိမျိုးမဟုတ်လို့ ဘာလဲဘယ်သူလဲပြောလေ ”“ငါ့နာမည် တင်ဌေးဟေ့ တင်ဌေး”“ဟင်…”“နင်ငါ့ကိုသတ်ခဲ့တယ် နင်ငါ့ကိုသတ်ခဲ့တာလေနင်မေ့နေပြီလား”“မ မ မဟုတ်ဘူး နင့်ကိုဘယ်မှာငါသတ်လို့လဲ ငါ့ကိုမဟုတ်တာတွေလာမပြောနဲ့ ”နတ်ဝင်သည်မိမျိုးနှင့်ကိုသက်ဖေတို့ပြောဆိုနေသောစကားများအားရွာထဲမှလူများ သူကြီးနှင့်တပည့်များဆရာကြီးဦးမင်းခိုင်တို့ စိတ်ဝင်တစားကြည့်နေကြလေသည်။“နင်ငါ့ကိုရွာအစပ်တောရိုးနားမှာဓါးနဲ့_ထိုး_သ_တ်ခဲ့တာနင်မေ့နေပြီလား”“မ မဟုတ်ဘူးနော် မိမျိုး နင်လျှောက်မပြောနဲ့”“ဘာမိမျိုးလဲ ငါတင်ဌေးပဲ နင်ငါ့ဆီကငွေတွေလုနေတုန်း ငါနင့်လက်ကိုကိုက်ခဲ့တာနင်သိတယ်မလားနင့်လက်မှာ သွားကိုက်ရာအခုထိ ရှိနေတယ်မဟုတ်လား သက်ဖေ”“မောင်သက်ဖေ မင်းမလိမ်ချင်ပါနဲ့တော့မင်းလက်ကသွားကိုက်ရာက သက်သေပဲမင်းတူမ မိတုတ်ကိုလည်း ငါမေးပြီးပြီသူကိုက်တာမဟုတ်ပါဘူးတဲ့မင်းထပ်မလိမ်ပါနဲ့တော့ ဝန်ခံလိုက်တာမင်းအတွက်အပြစ်လျော့စေမှာပါမောင်သက်ဖေ မင်း မတင်ဌေးကိုသတ္ခဲ့တာမလား”“နင်ငါ့ကိုသ-တ်ခဲ့တယ် သက်ဖေ ငါ့ကိုနင်သ-တ်တာ”ထိုသို့ပြောပြီး နတ်ဝင်သည်မိမျိုးအားဝင်ရောက်ပူးကပ်နေသော မတင်ဌေးလည်းထွက်ခွာသွားတော့သည်။“သတိရအောင် လုပ်လိုက်ကြဦး လဲသွားပြီ”“မိမျိုး ဟဲ့မိမျိုး ”“ရော့ ရေမန်းလေးတောက်လိုက်”လူတစ်ယောက်မှရေမန်းခွက်အားပေးသဖြင့် မိမျိုး၏မျက်နှာအားတောက်လိုက်ကာမှ“အင်း ဟင်း ‘“သတိရလာပြီ သတိရလာပြီ”“ဘာဖြစ်နေကြတာလဲဟင်”မိမျိုးတစ်ယောက် လူတွေဝိုင်းအုံနေ၍ဘာဖြစ်မှန်းမသိ၍မေးလိုက်လေသည်။“နင့်ကို တင်ဌေးဝင်ပူးတာဟဲ့ ”“ဟုတ်တယ်ဟဲ့ နင့်ကိုတင်ဌေးဝင်ပူးသွားတာသက်ဖေက တင်ဌေးကိုသတ်လိုက်တာလို့ပြောသွားတယ်”“သြော် ဒီလိုလား”“ဝန်ခံလိုက်ပါ သက်ဖေ မင်းမသတ်ပဲမတင်ဌေးကဝင်ပူးပြီးပြောပါ့မလားကွ”“ဟုတ်တယ် ဟုတ်တယ် မင်းသ-တ်တာပဲမဟုတ်လား”“အခုကတည်းကဝန်ခံလိုက်တာအကောင်းဆုံးပဲ မောင်သက်ဖေ”ရွာထဲမှလူများက တစ်ယောက်တစ်ခွန်းဝိုင်းပြောနေကြလေသည်။ထိုအခါမှ ကိုသက်ဖေက“ဟုတ် ဟုတ်ပါတယ်သူကြီး ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော် မတင်ဌေးကိုသတ်ခဲ့မိပါတယ်ကျွန်တော့်ရဲ့အမှားတွေပါဖဲကြွေးတွေနစ်ပြီး ကြံရာမရတဲ့အဆုံးအခုလိုလုပ်ခဲ့မိတာပါ သူကြီး”“ဟင်”“ထင်တော့ထင်သားပဲ သူမသ-တ်လို့ဘယ်သူကသ-တ်မှာလဲအေ”ရွာထဲမှအမျိုးသမီးများ တစ်ယောက်တပေါက်ပြောဆိုနေကြလေသည်။“ကိုင်း မင်းလည်းမင်းအပြစ်ကိုဝန်ခံပြီးပြီဆိုတော့ ငါလည်းလုပ်စရာရှိတာလုပ်ရမှာပဲ သက်ဖေ လာငါ့အိမ်ကိုမင်းလိုက်ခဲ့ရမယ် ဟေ့ကောင်တွေသက်ဖေကိုခေါ်ခဲ့ကြ”“ဟုတ်ကဲ့ သူကြီး”ကိုသက်ဖေအား စိုးမောင်နှင့်လှမြိုင်တို့ကလက်မှချုပ်ကိုင်ပြီး သူကြီးအိမ်သို့ခေါ်လာခဲ့ကြလေသည်။…………………………“သူ့ကိုထိပ်တုံး ခက်လိုက်ကြ မနက်လင်းမှသူ့ကိုမြို့ ကစခန်းကိုပို့ပြီးအရေးယူ ထောင်ချခိုင်းမယ်”“ဟုတ်ကဲ့ သူကြီး လာသက်ဖေ”“အင်း သက်ဖေ သက်ဖေ ဖဲလောင်းကစားကြောင့်မင်းမလုပ်သင့်တာလုပ်ပြီးမဖြစ်သင့်တာတွေဖြစ်ရပြီမဟုတ်လား”“ဟုတ်တယ် သူကြီးရေ လူတွေကမလုပ်သင့်တာတွေလုပ် မကြံကောင်းတာတွေကြံပြီးအခုလိုမဖြစ်သင့်တာတွေဖြစ်ကုန်ကြတာပေါ့ဗျာ”“ဆရာကြီး ကူညီလို့ အခုလိုအဖြစ်မှန်ပေါ်ပေါက်သွားရတဲ့အတွက်ဆရာကြီးကိုကျေးဇူးတင်ပါတယ်ဗျာ”“မလိုပါဘူး သူကြီးရယ် ဒါတွေကအမှန်တရားတွေပဲလေ အမှန်တရားကိုဘယ်သူမှကြာကြာဖုံးဖိမထားနိုင်ကြပါဘူးလေ”“ဒါနဲ့ ဆရာကြီးရေ အခုအားလုံးလည်း့ပြီးသွားပြီဆိုတော့ ဆရာကြီး ဘယ်နေ့လောက်ပြန်ဖို့စဉ်းစားထားလည်းခင်ဗျ”“သူကြီးက ဆရာ့ကိုပြန်စေချင်နေပြီလား”“ဟား ဟား ဟား မဟုတ်ရပါဘူးဆရာကြီးရယ် ကျွန်တော်ကမေးကြည့်ရုံပါဆရာကြီးသာနေမယ်ဆိုရင် တစ်သက်လုံးလည်းနေလို့ရပါတယ်ဗျာ”“စတာပါဗျာ ဆရာလည်း သန်ဘက်ခါပြန်မယ်လို့စိတ်ကူးထားတယ်ဟိုမှာလည်း လုပ်စရာလေးတွေကရှိနေသေးတယ်မလား”“ဆရာကြီးပြန်ရင် လိုက်ပို့ပါရစေဗျာ”“ကောင်းပါပြီဗျာ ကောင်းပါပြီ”================နောက်တစ်နေ့ ရောက်သည်နှင့်တရွက်ငယ်ရွာသူကြီးနှင့်ရွာမှ လူများကမတင်ဌေးအားရက်ရက်စက်စက်သ_တ်ခဲ့သော ဖဲသမားကိုသက်ဖေအားမြို့ မှ စခန်းသို့ပို့ကာ လူသ-တ်မှုဖြင့်အရေးယူစေခဲ့ကြလေသည်။================“သာဓု သာဓု သာဓု စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေ”“ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ဆရာကြီးရှင်ဆရာကြီးကူညီလို့ ကျွန်မသမီးလေးကိုသ-တ်သွားတဲ့ သူကိုလည်း ဖမ်းမိခဲ့ပါပြီဆရာကြီးကိုကျေးဇူးအထူးတင်လို့ ဒီပစ္စည်းလေးတွေနဲ့လာကန်တော့ရတာပါဆရာကြီးရှင် ”“ရပါတယ်ဗျာ ရပါတယ်ဒီရွာရဲ့ နွေးထွေးတဲ့စေတနာမေတ္တာတွေနဲ့တင်လုံလောက်ပါပြီ”“လှမြိုင်ရေ ဆရာကြီးကိုလိုက်ပို့ဖို့ လှည်းအဆင်သင့်လုပ်ထားကွာ”“လုပ်ထားပြီးပါပြီ သူကြီး အားလုံးအဆင်သင့်ပါပဲ”“အေးအေး”“ကဲ ပြန်ဦးမယ် သူကြီးရေ ကံမကုန်ရင်ပြန်ဆုံကြဦးစို့ ”“ဆုံနိုင်ပါစေဗျာ ဆုံနိုင်ပါစေ”ဆရာကြီးဦးမင်းခိုင်လည်း တရွက်ငယ်ရွာမှနှုတ်ဆက်ကာပြန်သွားတော့လေသည်။သူကြီးလည်း ဆရာကြီး၏အကူအညီဖြင့်သူဖော်ထုတ်ချင်နေသော လူသတ်တရားခံကိုလည်းအမြန်ဆုံးဖော်ထုတ်နိုင်ခဲ့ပေပြီဖြစ်သည်။အသ-တ်ခံရသည့် မတင်ဌေးတစ်ယောက်လည်းဆရာကြီးအကူအညီကြောင့် အမှန်တရားကိုပြောပြနိုင်ခဲ့ကာ တမလွန်ဘဝ၌ အေးချမ်းစွာနေနိုင်ခဲ့ပြီဖြစ်လေသည်။ပြီးပါပြီ… #အောင်ဓူဝံလိုအပ်ချက်များစွာဖြင့်ဇာတ်လမ်းလေးဖတ်ပြီးရင် လက်မလေးနှိပ်ပြီးအားပေးခဲ့ကြနော်
Tags
About bookstory
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.