လိုက်ရသောအခါ မယုံ ကြည် နိုင် လောက်အောင် ဖြစ်ရသည်။ အံ့မောင် သည် သူ့စကာအရ ပြောသည့်အတိုင်းဖြစ်အောင်ကျော်စွာကိုသတ်လိုက်သည် မှာ အမှန်ဖြစ်သည်။ သူအသက်ရှင်စဉ် သတ်ခွင့်မရလိုက်၍ ဝိညာဉ်ဘဝရောက် မှ သတ်လိုက်ခြင်းပါတကာ။ ဂမ္ဘီရ လောကတွင် ဝိညာဉ်လူသတ်ကောင် အဖြစ် မှတ်တမ်းဝင်ခဲ့ပါတော့သည်။
” ဝိညာဉ်လူသတ်ကောင် “(စ/ဆုံး)————————————-ကျော်စွာ သေဆုံးရခြင်းမှာ လှသင်ခံရခြင်းဖြစ်သည်။ လူသတ်မှုဖြစ်ပါက သထုံ၊သူရှိသလို လူသတ်သမားလည်းရှိရမည်၊ ဉား၊ သသူကိုဘစ်ရွာ လုံးက သိကြသာ်လည်း လူသတ်တရားခံကို အပြစ်ပေးအရေးယူ၍ မရခြင်း အထွက်အားလုံးစိတ်မကောင်းဖြစ်ရသည်။ “မူသတ်တရားခံကို သိပ်လျက် ဖမ်းဆီ၊ ခြင်း၊ အရယူခြင်း၊ အပြစ်ပေးခြင်း၊လုပ်ခြင်းအတွက် တစ်ရွာလုံး စိတ်ပျက်ဒေါသ ထွက်နေကြရသည်။ ထိုလူသတ်မှုသည် သာမန်လူဒဏ်မူ။မဟုတ်ဘဲ ဂမ္ဘီရ လူသက်မှုဖြစ်နေကြောင်း အံ့ဩဖွယ်တွေ့ရှိရပါသည်။ကျော်စွာသည် ညောင်ပင်သာရွာသားစစ်စစ် ဖြစ်သည်။ မီရိုးရာလယ် သားမျိုးရိုးဖြစ်၍ ကျော်စွာ အရွယ်ရောက် လာသောအခါငယ်တစ်ဦး ဖြစ်လာခဲ့သည်။ ဓကျာ်စွာသည် ငယ်စဉ်ကပင် ကျန်းမာသန်စွမ်းသူ ဖြစ်၍ အခြားသူများသာ အပင်ပန်းခံနိုင်ကာ အလုပ်လုပ်နိုင်သူ ဖြစ်သည်။ တစ်နေ့ညောင်ပင်သာ ရွာဦးကျောင်းသို့ရှမ်းရာကြီးဦးစိုင်းဆိုသူရောက်လာသည်။ ဆရာတော်ကရွာထဲရှိလူငယ်လူရွယ်များကိုယ်ခံပညာတတ် စေရန် ဦးဝိုင်းအား သိုင်းပညာသင်ကြားပေးရန် တောင်းဆိုသည်၊ ဦးစိုင်းကလည်း သိုင်းပညာသင်ပေးရန် သဘောတူသဖြင့် ပညာသင်လိုသူများကိုစုဆောင်းပါသည်။ ကျော်စွာမှာ သိုင်းပညာကို လိုလိုလားလာ၊သင်ယူလိုသဖြင့် ဝင်ရောက်သင်ယူခဲ့သည်၊ကျန်းမာတောင့်တင်းပြီး ပညာကို လိုလား၍အထူးကြိုးစားသင်ယူသဖြင့် ကျော်စွာမှာအခြားသူများထက် ထူးချွန်ခဲ့သည်။ဆရာစိုင်းကိုယ်တိုင် ကျော်စွာကိုသဘောကျနေပါသည်။ကျော်စွာသည် ရုပ်ရည်သန့်ပြန့်ပြီး ခွန်အားဗလနှင့် ပြည့်စုံသည်သာမက ဆက်ဆံရေးကောင်၊သဖြင့် ရွာသာ၊ တိုင်းက လေးစားခြင်းခံရသူဖြစ်သည်။သူ၏ဇာတိရွာ ညောင်ပင်သာအပြင် ပိတောက်ကုန်၊ရွာနှင့်ကွေ့မရွာသားနှင့်လည်း ခင်မင်နေ၍ ကျော်စွာတွင် ရန်သူ မရှိဟု ပြောနိုင်သော်လည်း ကွေ့မရွာ သားအံ့မောင်ကမူ ကျော်စွာကို လုံးဝ ကြည့်မရဘဲ ထာဝရရန်သူအဖြစ် သတ်မှတ်ထားခဲ့သည်၊ ကျော်စွာကို တွေ့ရာသင်္ချိုင်းရာ၊မဆိုင်၊ဘဲတွေ့ရာနေရာတွင်ရန်စလေ့ရှိခဲ့သည်။အံ့မောင်မှာမြို့တက်ပြီ၊ မြန်မာ့လက်ဝှေ့ပညာကို သင်တန်၊တက်သူပီပီ ရွာသားတိုင်း လက်သီးနှင့်အနိုင်ယူခဲ့သူဖြစ်သည်။ ကျော်စွာကိုရန်စပြီးရန်ပွဲဖြစ်အောင် ဖန်တီးလေ့ရှိပါသည်။ ရန်ဖြစ်၍ ထိုးကြိတ်ပြီဆိုလျှင်အံ့မောင်ကအသာစီးရ၍ကျော်စွာရည်းခံရလေ့ ရှိပါသည်၊ညောင်ပင်သာ၏အနောက်တွင် နွေမိုးစီးဆင်းနေသည့် ယမားချောင်းကြီးရှိသည်။ထိုချောင်းဘေးတွင်ညောင်ပင်သာရွာ၊ ပိတ္တတောက်ကုန်းရွာနှင့် ကွေ့မ ရွာတို့ ရှိကြသည်။ ညောင်ပင်သာရွာမှ ပိတောက်ကုန်းရွာသို့ နှစ်ပိုင်၊ပိတောက် ကုန်းမှ ကွေ့မသို့ နှစ်မိုင် ဝေးပါသည်။ပိတောက်ကုန်းရွာသည်မြို့နယ်ခွဲအဆင့်ရှိသဖြင့် စည်ကားသောရွာဖြစ်ပါသည်။ညောင်ပင်သာနှင့် ကွေ့မရွာရှိ ရွာသူရွာသားတိုင်း ပိတောက်ကုန်းတွင် ရေးဝယ်ကြရသည်။ထိုပိတောက်ကုန်းရွာတွင်ကောမှာမွေးသော်လည်းတောနှင့်မတန်အောင် လှပသော ကွမ်းတောင်ကိုင်မဝိုင်းစိန်ဆိုသူ ရှိသည်။ ရွာသုံးရွာကလူပျိုတိုင်း မဝိုင်းစိန်အားရရန် နည်းမျိုးစုံဖြင့်ကြိုးစားခဲ့ကြသည်။ထိုကြိုးစားသူများအနက် ညောင်ပင်သာရွာသားကျော်စွာနှင့် ကွေ့မရွာသားအံ့မောင်တို့မှာအထင်ရှားဆုံးဖြစ်သည်။ မဝိုင်းစိန်က သူကိုယ်တိုင် ကျော်စွာကို ရွေးချယ်လိုက်ခဲ့သဖြင့် အံ့မောင်အတွက် ကျော် စွာသည် သူ၏ရန်သူနံပါတ်တစ်ဖြစ်လာရတော့သည်။ကျော်စွာနှင့်မဝိုင်၊စိန်အိမ်ထောင်ကျပြီ၊ သားတစ်ယောက်ရသည်အထိအံ့မောင်မှာအခဲမကျေနိုင်ပဲကျော်စွာကို ရန်ရှာတုန်းပင် ရှိခဲ့သည်။ထို့ကြောင့်ပင်ကျော်စွာကဆရာဝိုင်းထံတွင် ကိုယ်ခံပညာ သင်ယူခဲ့ခြင်းဖြစ်သည်။ အံ့မောင်သည်လက်ဝှေ့ပညာအာ၊ကိုးနှင့် မိုက်နေသူဖြစ်သည်။ အံ့မောင်ရမ်းကားမှန်းသိ၍ သူနှင့် မပတ်သက်အောင်ရှောင်နေကြရသည်၊အံ့မောင်၏အကျင့်ဆိုးတစ်ခုမှာ လက်စားရခြင်းဖြစ်သည်။သူ့အပေါ်အနိုင်ယူသွားသူကိုလက်စားချေရမှကျေနပ်သူဖြစ်သည်။သူနှင့် ရင်ဆိုင်ရသူက မှမေ့ပျောက်ပျောက်သဘောထားသော်လည်းသူကလက်စားချေရန်အပြင်းအထန်ကြိုးစားလေ့ရှိသည်။ တစ်ခါက ပိတောက်ကုန်းရွာသားတစ်ဦးကသူ့ကိုဆဲရေးတိုင်းထွာသဖြင့် ထိုလူကို သတိပေးစကား ပြောလိုက်သည်။“ဒီကောင် ငါ့ကိုစော်ကားသွား တယ်။ ဒီကောင့်ကို ငါပါးရိုက်ပြမယ်၊ သူ့ ပါးကိုရိုက်ရမှငါကျေနပ်မယ်၊ သတိသာထားပေတော့”အံ့မောင်မှာ ပြောသည့်အတိုင်း လုပ်တတ်သဖြင့် ထိုလူမှာလည်း အံ့မောင်ကိုမတွေ့အောင်ရှောင်နေခဲ့သည်။ရွာသုံးရွာသာရှိသဖြင့် သူ ကြာကြာရှောင်ခွင့်မရှိပါ။ တစ်နေ့ မင်္ဂလာဆောင်အခမ်းအနားတစ်ခုတွင် ရင်ဆိုင်တွေ့ကြသည်။“ဟေ့ကောင် – ငါအကြွေးရစရာရှိလို့ မင်းကို လိုက်ရှာနေခဲ့တာ မင်းအခုအကြွေးဆပ်ရမယ်၊ ဒီနေ့ ပင်းပါးကို ငါ မရိုက်လိုက်နိုင်ရင် ငါဟာ အပြောနဲ့မညီ တဲ့ကောင် ဖြစ်သွားမှာပေါ့။ ကဲကွာ….” ပြောပြောဆိုဆို အံ့မောင်က ထို လူကို လူပုံအလယ်တွင် ပါးရိုက်လိုက်သည်။ မင်္ဂလာဆောင်တွင် ရုတ်ရုတ်သဲသဲဖြစ်သွားသော်လည်းအံ့မောင်က ကျေနပ်စွာဖြင့်ခပ်တည်တည်ပြန်ထွက်သွားပါသည်။တစ်ခါကလည်းကြက်ပွဲတစ်ခုတွင် အံ့မောင်၏ညီကိုပိတောက်ကုန်းရွာသားဖြစ်သူ ရွှေခဲက စိတ်ဆိုးပြီး ဓားနှင့်ထိုးလိုက်သည်။ထိုအချိန်အံ့မောင်ရောက် လာသဖြင့် ရွှေခဲထိတ်ထိတ်ပျာပျာဖြစ်သွားပါသည်။ အံ့မောင်က ချက်ချင်းဘာမှမလုပ်ဘဲ ရွှေခဲကို ကြိမ်းဝါးသွားခဲ့သည်။“ဟေ့ကောင် – ရွှေခဲ၊ မင်း ငါ့ညီကို ဓားနဲ့ထိုးသလို မင်းကို တစ်နေ့ ငါဓားနဲ့ ပြန်ဘိုးမယ်ဆိုတာမင်းမြဲမြဲမှတ်သွားပါ။ အလှည့်ကျရင်မနွဲ့စတမ်းပေါ့ကွာ။ဝေးနဲ့ ပြန်ဆိုရမှငါကျေနပ်မယ်”အံ့မောင်၏ စကားမဆုံးမီ ရွှေခဲ ထွက်ပြေးခဲ့သည်၊ ထိုနေ့မှစ၍အံ့မောင် ကို မတွေ့အောင် ရှောင်နေခဲ့သည်၊ အံ့မောင်က မပြာသည့်အတိုင်း လုပ် တတ်သူဖြစ်၍ သူ့ကို တွေ့အောင်ရှာနေမည်ကိုသိသဖြင့်မတွေ့အောင်ရှောင်နေခဲ့သည်။ သုံးလခန့်သာ ရှောင်နိုင်သော်လည်း မမျှော်ဘဲ တစ်နေ့ တွေ့ခဲ့ကြရ သည်။ ပိတောက်ကုန်းရွာ ဘုန်းကြီး တရားပွဲတစ်ခုတွင် ဖြစ်သည်။ ဘုန်းကြီး တရားပွဲဖြစ်၍ ရွာလုံးကျွတ်ရောက်လာသဖြင့် အလွန်စည်ကားချိန်ဖြစ်သည်။ ဘုန်းကြီးတရားပွဲဖြစ်၍ ရွာလုံးကျွတ်ရောက်လာသဖြင့်အလွန်စည်ကားချိန်ဖြစ်သည်။ တရားဟောချိန်ရောက်မှဆရာတော်က ကားဖြင့် ကြွလာသည်။ဆရာတော် ကြွလာသည်နှင့် အားလုံးလှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။ အားလုံးက ဘုန်းကြီးကို အာရုံစိုက်၍ကြည့်နေကြသလိုအံ့မောင်ကတုန်းကြီးကိုကြည့်နေ့စဉ်ဘုန်းကြီးကို တွဲ၍ခေါ်လာသူမှာရွှေခဲဖြစ်ကြောင်း မြင်လိုက်ရသည်။ရွှေခဲသည် ဘုန်းကြီးကို ပလ္လင်ပေါ်အထိပို့ပြီးပြန်ထွက်ခဲ့သည်။ရွှေခဲထွက်လာစဉ်ရုတ်တရက်လည်ကုပ်အင်္ကျီစကိုဆွဲကိုင်ခြင်းခံလိုက်ရသဖြင့် ထိတ်လန့်ပြီးလွတ် အောင် ငန်းလိုက်သည်။“ငါအံ့မောင်ပါ- ရွှေခဲရ၊ မကြောက်ပါနဲ့၊ မင်းကို အသေမသတ်ပါဘူး၊ ငါ့ညီခံရသလောက်ပဲ မင်းခံရမှာပါ၊ အေးအေ၊ဆေးဆေးလိုက်ခဲ့ပါ၊ ထွက်ပြေးဖို့ ကြိုးစားရင်တော့ မင်း အသက်ကို ငါတာဝန်မယူဘူးနော်”ရွှေခဲမှာ ပိုမိုကြောက်ပြီ၊ အံ့မောင်ကိုတောင်းပန်နေပါသည်။“မလုပ်ပါနဲ့ -ကိုအံ့မောင်၊ ဘာမှမလုပ်နဲ့ဗျာ၊ တောင်းပန်ပါတယ်” “လာစမ်းပါ-အေးဆေးဆေးလိုက်ခဲ့ပါ မင်းကိုမသတ်ပါဘူး” အံ့မောင်အတင်၊ဆွဲခေါ်သွားသဖြင့် ရွှေခဲမှာ ရုန်းကန်ရင်၊ ပါသွားပါသည်။ အမှောင်ရိပ်သို့ ဆွဲခေါ်သွားပြီး အသင့်ပါ လာသော ဓားဖြင့် ရွှေခဲကို ထိုးလိုက်သည်။“ကယ်ကြပါဦ။ ကျွန်တော့်ကို – ကို အံ့မောင်ဓားနဲ့ထိုးပါတယ်”ရွှေခဲက အသံကုန်အော်လိုက် သဖြင့် လူများဝိုင်းလာပါသည်။အံ့မောင် သည် နေရာက ထွက်မပြေးဝင် ရွှေခဲကို ကျေနပ်အောင် ပြောလိုက်သည်။ “အံ့မောင်ဆိုတဲ့ကောင်က ဘယ်တော့မှ မတရားမလုပ်ဘူး၊ မင်းကိုအသေသတ်လို့ရပေမယ့်ငါမသတ်ဘူး။ငါ့ညီကို မင်းလုပ်သလောက် လက်စားရုံပါမင်းမှတ်ထား၊လက်စားချေတာတောင် အတိုင်းအတာ တိတိကျကျပဲအပိုမလုပ်ဘူး”လူများ ဝိုင်းအုံရောက်လာသောအခါအံ့မောင်မရှိတော့ပါ။ အံ့မောင်၏လက်ချက်ဆိုသည်ကိုအားလုံး နားလည်လိုက်ကြသည်။ ရွှေခဲ၏အမေနှင့်ညီများရောက်လာပြီးဆေးခန်းသို့သယ်ဆောင်သွားကြပါသည်။အံ့မောင်မှာ ထိုသို့ သောလူဖြစ် သည်။ အံ့မောင်ကို မည်သူမှ အဖက် လုပ်၍ မဆက်ဆံချင်ကြပါ၊ ဖြစ်နိုင်လျှင် အံ့မောင်နှင့် မတွေ့အောင်ရှောင်နေတတ်ကြသည်။ ပိတောက်ကုန်းရွာတပေါင်းလဘုရားပွဲသည် စည်ကားလှသည်။ အထူးသဖြင့် မြန်မာ့ရို၊ရာလက်ပွဲသည် အစည်ကားဆုံးဖြစ်သည်။အံ့မောင်မှာ ပထမအောင်လံကို သုံးနှစ်ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့သည်။နောက်ပိုင်းနှစ်များတွင် အံ့မောင်ကို ယှဉ်ဝံ့သူမရှိသဖြင့် အံ့မောင် လက်ဝှေ့မထို၊ဘဲအနားယူနေရသည်။ယခုနှစ်ဘုရားပွဲသည် ယခင်နှစ် များကထက် ပို၍စည်ကားတော့မည်ဟု စိန်ခေါ်သူ ပေါ်ထွက်လာခဲ့ သည် ။ အံ့ မောင်ကိုစိန်ခေါ်သူမှာ ကျော်စွာဖြစ်နေသဖြင့် လူများ ပိုမိုစိတ်ဝင်စားနေကြ ခြင်းဖြစ်သည်။အံ့မောင်ကိုယှဉ်ရဲသူကို အများက သိလိုနေကြပါသည်။ “အံ့မောင်ကိုယှဉ်မယ့်လူက ဘယ်သူများဖြစ်မလဲ”“ညောင်ပင်သာရွာကျော်စွာပါ”“ကျော်စွာတော့ သနားပါတယ်၊မင်းတို့က ကျော်စွာကို မတားကြဘူးလာ၊“တားပါတယ်ဗျာ-ကျော်စွာက သူ့ ကိုယ်သူ ယုံတယ်၊ အံ့မောင်ကို လက် စားချေချင်လို့ စနစ်တကျလေ့ကျင့်ထား လို့ သူအတွက် စိတ်မပူဖို့ ပြောပါတယ်” “ကြိုးဝိုင်းထဲမှာထိုးရမှာဆိုတော့ကျော်စွာ မလွယ်ဘူးထင်တယ်၊ မခံချင် စိတ်တစ်ခုအတွက်တော့မိုက်ရူးရဲမလုပ်သင့်ပါဘူးကွာ”“အငြိုးအတေးတွေနဲ့လက်စားချေ ကြမှာမို့ဒီပွဲက ကောင်းမှာပါ” “လက်ရည်တူဆိုရင် ဘာပြောရှိမလဲကွာ၊ အံ့မောင်က ပြိုင်ဘက်မရှိတဲ့ လူဆိုတော့ တစ်ဖက်သတ်ဖြစ်ပြီ။ ကျော်စွာအတွက်လို့ပါ”“တွေ့တဲ့လူတိုင်းက ကျော်စွာကိုအားပေးမယ့် လူချည်းပါပဲ”ကျော်စွာ၏အကျိုးကို လိုလာ၊သူ တိုင်းက ကျော်စွာအတွက် စိတ်ပူမနေကြ သည်။ ညောင်ပင်သာနှင့် ပိတောက် ကုန်းရွာသားများကကျော်စွာကိုရာနှုန်း ပြည့်အားပေးကြမည်ဖြစ်ပြီး ကွေ့မရွာ သားများထဲမှလည်း ကျော်စွာကို အားပေးမည့် လူများစွာရှိနေကြောင်း ကြားသိရသည်။ကျော်စွာကိုလိုလားသူတိုင်းကလက်ဝှေ့ပွဲတွင်မပြိုင်ရန်တားဆီးနေကြသော်လည်း ကျော်စွာ့ကို စိတ်ချယုံကြည်စွာ အားပေးနေသူမှာ သိုင်၊ ဆရာဆရာကြီးစိုင်းပင် ဖြစ်သည်။ “မင်းရဲ့ လေ့ကျင့်မှု၊ ကြိုးစားမှု၊ ဖွဲ့ လုံ့လကအကောင်းဆုံးအခြေအနေမှာ ရှိနေပြီဖြစ်လို့ မင်းမရှုံးစေရဘူ၊” ဆရာပိုင်းကကျော်စွာကိုအားပေးရုံသာမက ကိုယ်တိုင်လိုက်မည်ဆို၍ကျော်စွာ အားတက်လျက်ရှိပါသည်။တပေါင်းလပြည်နေ့တွင် အဖြေပေါ် တော့မည်ဖြစ်ပါသည်။တပေါင်းလပြည့်နေ့…။အများမျှော်လင့် နေကြသောတပေါင်းလပြည့်နေ့သို့ ရောက်ခဲ့ပြီ၊လက်ဝှေ့ပွဲများကို ညဘက်တွင်သာကျင်းပလေ့ရှိခဲ့သော်လည်း ယခုကဲ့သို့ထူးခြားသောစိန်ခေါ်ပွဲကြီးကိုလူများများကြည့်ခွင့်ရအောင် နံနက်ရှစ်နာရီတွင်ကျင်းပမည်ဖြစ်သည်။ ရပ်နီးရပ်ဝေးမှလက်ဝှေ့ပွဲသို့ လာရောက်သူများမှာအထူးစည်ကားနေပါသည်။ မြေပေါ်မှာကျောင်းဆောင်များပေါ်မှာ၊ဖရပ်ပေါ်မှာ၊လူများ ပြည့်လျှံနေသည်သာမက သစ် ပင်များပေါ်တွင်လည်း များစွာရှိနေပါသည်။လက်ဝှေ့ပွဲ စတင်သည်နှင့် မျိုး ဆက်သစ်လူငယ်လေးများသုံးတွဲဖြင့်ပွဲကို စလိုက်သည်။ ဆိုင်းဝိုင်းကလည်းဗိန်းမောင်းသံတီ၊ပေးသဖြင့် ပွဲကြည့်သူများပင် စိတ်တက်ကြွလျက် ရှိနေကြပါသည်၊ တွဲဆိုင်၊သုံးတွဲပြီးသည်နှင့် စိန်ခေါ်ပွဲကြီးစတင်ပါတော့သည်။လက်ဝှေ့သမားနှစ်ဦးလုံးစင်ပေါ်တွင်နေရာယူပြီးဖြစ်နေသည်။ ဒိုင်က အချက်ပေးလိုက်သည်နှင့် ပြိုင်ပွဲ စတင်ပါတော့သည်။ပွဲစလိုက်သည်နှင့် အံ့မောင်မှာပြိုင်ဘက်မရှိ ချန်ပီယံပီပီ ကျော်စွာကို စိစိညက်ညက်ကျေအောင် ထိုးသတ်တော့မည့်အသွင်နှင့် ကြမ်းတမ်းစွာ ပြိုင်ပွဲကိုစတင်လိုက်သည်။ အံ့မောင်က ဘီလူးကြိမ်းကြိမ်းပြီး အတင်းဝင် အတင်းထိုးနေသော်လည်း ကျော်စွာက ဘာမှပြန်မလုပ်ဘဲ အံ့မောင်၏ ခြေထောက်အစုံကို ငုံ့ကြည့်လျက် အံ့မောင် လှုပ်သည်နင့်ခြေတစ်လှမ်းဆုတ်ကာကပ်၍ရှောင်နေခဲ့သည်။ အံ့မောင်က ဘယ်ဝိုက်ညာဝိုက်လက်သိးအစုံ၊ ဘယ်ဒူးညာဒူ၊အစုံသုံး၍အတင်းတိုက်ခိုက်နေသော်လည်းကျော်စွာမှာခေါင်၊အေးအေနှင့် ပြန်ထိုးခြင်းမပြုဘဲရှောင်တိမ်းနေသည်ကိုသာမြင်ကြရသည်။ ယခုအချိန်အထိ ကျော်စွာကိုထိမိခြင်းမရှိသေးသဖြင့်အံ့မောင်မှာဒေါသကြီးလျက်ကျော်စွာကိုပူးကပ်ချုပ်ကိုင်ရန်ကြိုးစားသော်လည်း ကျော်စွာက အပူးမခံဘဲ ရှောင်နိုင်ခဲ့ပါသည်။ပထမအချီပြီးခါနီး စက္ကန့်ပိုင်းအလိုတွင်အံ့မောင်ညာလက်သီးဖြင့်ပွဲသိမ်အောင်အားကုန်ထိုးလိုက်ရာကျော်စွာကလွတ်ရုံသာကပ်၍ရှောင်လိုက်သည်။ အရှိန်လွန်ပြီး ထိလိုက်သဖြင့် အံ့မောင် ရုတ်တရက်လဲကျသွားပါသည်။ပြန်မထနိုင်သဖြင့် နိုင်ကအမှတ်စဉ်ရေတွက်ရာရှစ် သို့ရောက်မှလူးလဲထလိုက်နိုင်သည်။“ကျော်စွာကွဲ့၊ ကျော်စွာ- ဆက်ထိုးပါ”ပရိသတ်ကြီးက တစ်ခဲနက် အော် ဟစ်အာ၊ပေးကြသည်။ ပထမအချီ ပြီးသွားပြီဖြစ်၍လက်ဝှေ့သမားနှစ်ဦး သက် မှတ်နေရာပြန်၍ကုသမှုခံယူကြသည်။ဒုတိယအချီစတင်ပါသည်။ဒုတိယအချီ မှာ ပထမအချီနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ ပွဲစသည်နှင့်ကျော်စွာကအတင်းဝင်အတင်၊ထိုးသည်။အားပါသောလက်သီးများဖြင့်အဆက်မပြတ်ထို၊လိုက်ရာအံ့မောင်၏ကိုယ်ပေါ်တွင် နေရာအနှံ့လက်သီးရက်ပေါင်းများစွာကို ကာကွယ်နိုင်စွမ်းမရှိတော့ဘဲ အံ့မောင်၏မျက်နှာတစ်ခွင်လုံးမြင်မကောင်းအောင်ဖူးယောင်လျက်ရှိပြီ၊ မျက်စိနှင့် နှာခေါင်းမုသွေးများ ယိုစီးလျက်ရှိနေပါသည်။ပရိသတ်များ၏ အော်ဟစ်သံများ ဟိန်းပြီးထွက်လာသည်။“ကျော်စွာကွ – ကျော်စွာ – မရပ်နဲ့ဆက်ထိုး”အံ့မောင်လဲကျသွားစဉ်ဒိုင်လူကြီးက အံ့မောင်ကို ဆက်မထိုးဘဲအရှုံးပေးရန်ပြောသော်လည်းအံ့မောင်ကလက်မခံဘဲ ဆက်ထို၊မည်ဟု ကုန်းထလာသည်။“ဆက်ထိုးမယ်၊ ကျော်စွာကို နိုင်ရယ်”ပွဲပြန်စသည်နှင့် ကျော်စွာကသာအသာစီးဖြင့် ထိုးနိုင်သည်။အံ့မောင်မှာ ကျော်စွာနှင့် လက်သီးချင်းနိုင်ပုံမပေါ်သဖြင့်ပုံစံပြောင်းပြီးကျော်စွာ့ကိုချုပ်ရန်ပြင်ဆင်ပါတော့သည်။ အံ့မောင်သည်ပြိုင်ဘက်ကိုချုပ်ကိုင်ပြီးကိုင်ပေါက်ခြင်းဖြင့် အနိုင်ယူနေကျ ဖြစ်သည်။ ယခုလည်း သူ၏အပိုင်နိုင်ဆုံးတိုက်ကွက်ကိုကြိုးစားနေသည်။ ကိုင်ပေါက်၍ အကျမတော်ကပြိုင်ဘက်ဖက်ကျိုးနိုင်သည့်တိုက်ကွက်ဖြစ်သည်။ ပရိသတ်များကကျော်စွာကို အော်ဟစ်၍ သတိပေးကြသည်။“ကျော်စွာအပူးမခံနဲ့”သို့သော် ကျော်စွာသည် ရုန်းကန် ခြင်းမပြုဘဲ လျှော့ပေးလိုက်သဖြင့် အံ့ မောင်က ကျော်စွာကို ချုပ်ကိုင်လိုက်ပြီး လေထဲတွင် မြှောက်လိုက်သည် ။ ပရိသတ်မှာကျော်စွာအတွက်အထူးစိတ်ပူ လှုပ်ရှားနေကြသည်။ကျော်စွာကို အော်ဟစ်သတိပေးကြသည်။ “ကျော်စွာ သတိထားပါ”အံ့မောင်က ကျော်စွာကို ပိုင်နိုင်စွာ ချုပ်ကိုင်ကာလေထဲမြှောက်ပြီးအောက်သို့အရှိန်ပြင်းစွာပစ်ပေါက်ချလိုက်သည်။ပရိသတ်များမှာ ကျော်စွာဘဝအတွက်မတွေ၊ရဲလောက်အောင်ဖြစ်ပြီး ပြိုင်တူအော်လိုက်ကြသည်။ “ဟာ- ကျော်စွာတော့ သွားပြီအခြေအနေမှာ အများထင်သလို ဖြစ်မလာဘဲ ကျော်စွာက မတ်တတ်ရပ် ကျနေပြီးဟန်မပျက်လက်ပိုက်ကြည့်နေသည်ကို တွေ့ရပြီး အံ့မောင်မှာ စင်ပေါ် တွင် အခန့်သားသတိလစ်လျက်ရှိနေပါသည်။ကျော်စွာကို အောက်သို့ ပစ်ရလိုက်သည်နှင့် ကျော်စွာက တံတောင် နှစ်ဖက်ကအုံမောင် ခေါင်းကို ထုချ လိုက်ခြင်းဖြစ်သည်။“ကျော်စွာကွ – ကျော်စွာ” ပရိသတ်များတစ်ခဲနက်အော်ဟစ်အားပေးသံများ ဘဝဂ်အထိ ရောက်သွားသည်ထင်ရသည် ။ အံ့ မောင်ကိုဆေးအဖွဲ့က ကုသပေ။နေချိန် ဒိုင်ကကျော်စွာကို အနိုင်ပေးလိုက်သဖြင့်ကျော်စွာ လက်ဝှေ့ရေ၊ ပြလျက်ရှိပါသည်။အံ့မောင်သတိရချိန်ကျော်စွာကိုတံခွန်စိုက်ဆုပေးနေချိန် ဖြစ်သည်။အံ့မောင်မှာ အံကို တင်းတင်းကြိတ်၍ကျော်စွာကို ကြည့်နေသည်။ ကျော်စွာက လက်ဝှေ့ထုံးတမ်းအရ အံ့မောင်ကိုသွားရောက်နှုတ်ဆက်ရာတွင်အံ့မောင်က ဒေါသဖြင့် အော်ပြောလိုက်ပါသည်။ “ကျော်စွာ-မင်းကို ငါ ဒီနေ့သတ်မယ်၊ ဒီနေ့နော်- ဒီနေ့အံ့မောင်၏အသံကို ကျော်စွာသာမက ပတ်ဝန်းကျင်ရှိ လူအားလုံး ကြား လိုက်ရသည်၊ ကျော်စွာအနိုင်ရ၍ ဝပ်၊ သာမှုမဆုံးခင် ကျော်စွာအတွက် စိုးရိမ် စရာက ပေါ်လာသည်။အံ့မောင်အပြော ကို ကြားရတိုင်း ကြောက်ကြသည်။ အုံ မောင်သည် ပြောသည့်အတိုင်းလုပ် တတ်သည်ကို သိထားကြသဖြင့် ကျော်စွာအတွက် စိတ်မကောင်းဖြစ်ရ သည်။ ပြိုင်ပွဲပြီးသည်နှင့် အံ့မောင်မှာ လည်၊ ကွေ့မရွာသားများနှင့်အတူ ရွာသို့ ပြန်ခဲ့ကြသည်။ ကျော်စွာတို့အဖွဲ့၏ ကာလသားခေါင်းဆောင်က ကျော်စွာအတွက်အောင်ပွဲခံသည့်အနေနှင့်အားလုံးကို သူ့အိမ်တွင် နေ့လယ်စာစီစဉ်သဖြင့်အားလုံးကိုသာမောင်၏အိမ်တွင်စုဝေးလျက်ရှိကြသည်။“ကျော်စွာအတွက် တစ်ရွာလုံး ဂုဏ်ယူဝမ်းသာနေကြတယ်။ ဒါပေမဲ့ –အံ့မောင်ရဲ့ရန်စကရှိနေတော့ ကျော်စွာဒီည မင်း အိမ်မပြန်နဲ့၊ ငါ့အိမ်မှာပဲ အိပ်ရမယ်၊ အိမ်ပြန်ရင်လည်း ဝိုင်းစိန်ကပိတောက်ကုန်းမှာရှိနေတာပဲ။ ဘုရားပွဲ များမှပြန်လာတော့မှာ”“ရပါတယ် … ကိုသာမောင်ရယ်၊ ကျွန်တော့်အတွက် စိတ်ပူပေးလို့ ကျေးဇူးတင် ပါတယ် ၊ ကျွန် တော် မကြောက်တတ်ပါဘူ။ အိမ်မှာအိပ်ရဲပါတယ်”ကျော်စွာ၏ စကားကြောင့် တင်ဦး ကဝင်ပြောလိုက်သည်။“ဟုတ်တယ်- ကျော်စွာ၊ မင်းအိမ် ပြန် မအိပ်သင့်ဘူး၊ အံ့မောင်က ပြောတဲ့ အတိုင်းလုပ်တဲ့ကောင်၊ မင်းအတွက် ငါလည်း စိတ်မချဘူး၊ မင်း၊ ဒိမှာပဲအိပ်ပါ၊ ငါတို့အားလုံး မင်းကိုစောင့်ရှောက်ရင်း ဒီမှာပဲအိပ်ကြမယ်”“အေး- ကောင်းတယ်၊ ဘယ် သူမှ မပြန်နဲ့၊ ညစာပါ ငါကျွေးမယ်၊ တစ်ခါ တစ်ရံဆုံရတာ ပျော်စရာကောင်းပါတယ်၊ တစ်ဦးက အိမ်ပြန်ပြီး မယ်ဒလင် ယူခဲ့၊ ဒီည ပျော်ပျော်ပါးပါး အောင်ပွဲခံကြတာပေါ့”ကိုသာမောင်၏စကားကိုအားလုံးသဘောတူလိုက်ကြသည် ။ မကြာမီတင်ဦးကမယ်ဒလင်ယူလာသဖြင့်တစ်ယောက်တစ်ယောက် သီချင်းဆိုရင်းပျော်နေကြပါသည်။ ညနေစောင်းမှအိမ်ပြန်ရေချိုးအဝတ်အစားလဲရန် ပြန်ကြရင်း ခဏလူစုခွဲကြသည်။ ကျော်စွာပြန်ခါနီးတွင်ကိုသာမောင်က စိတ်မရ၍ ထပ်၍ မှာလိုက်ပါသည်။“ကျော်စွာ-ရေချိုးပြီးမြန်မြန်ပြန်ခဲ့နော်၊ မင်းအိမ်က အစွန်မှာဖြစ်နေလို့ ငါစိတ်ပူတယ်”“ဟုတ်ကဲ့ -အမြန်ဆုံးပြန်လာခဲ့ပါ့ကျော်စွာသည် ကိုသာမောင်ကိုရောက်သည်နှင့်မဝိုင်းစိန်မပို၍ ရှင်းလင်းမယ်”နှုတ်ဆက်၍ ပြန်ခဲ့သည်။ အိမ်သို့ပြန်သူမရှိဘဲတစ်အိမ်လုံး ရှုပ်ပွနေသဖြင့်သန့်ရှင်းရေးလုပ်ရသေးသည်။ သန့်ရှင်း၍ မပြီးနိုင်သဖြင့် နေဝင်စပြုနေပြီဖြစ်၍လုပ်လက်စအလုပ်ကိုရပ်ကာရေချိုးရန်ရေတွင်းဆီသို့ လာခဲ့သည်။ ရေတွင်း နှုတ်ခမ်းမှာ မြေပြင်နှင့်တညီတည်းရှိပြီးအောက်ခြေတွင် အုတ်စီထားသည်အုတ်ဂရတွင်း ဖြစ်သည်။ မောင်းတက် နှင့် ရေတွင်းထဲက ရေကိုငင်၍ ချိုးရ သည်။ ရေတစ်ပုံးကိုဝင်၍ လောင်းကာ ချိုးပြီးနောက်တစ်ပုံးရငင်နေစဉ်ကျော်စွာ ရုတ်တရက် ရေတွင်းထဲသို့ ကျသွားပါသည်။ ထိုအချိန် လယ်တောမှ ပြန်လာသောကိုသာအေးကရေတွင်းဆီမှ “ဝုန်း”ဟူသောအသံကြီးကိုကြားလိုက်ရ၍ ရေတွင်းကို ငုံ့ကြည့်လိုက်ရာ ကျော်စွာ ရေတွင်းထဲကျနေကြောင်း တွေ့ရ၍ရုတ်တရက်လန့်သွားပါသည်။ ကျော်စွာ၏ခေါင်းတွင် ဒဏ်ရာရပြီးခေါင်းမှထွက်သောသွေးများဖြင့် ရေတွင်။ထဲက ရေများနီရဲနေသည်ကို တွေ့ရသည်။ ကျော်စွာမှာရေမနစ်စေရန်ခေါင်းကိုဖော်ထားသဖြင့် ကိုသာအေးက ကျော်စွာကြားလောက်အောင်ပြောပြီးအားပေးလိုက်ရသည်။“ကျော်စွာ- ခဏလေးစောင့်နော်၊ တို့ -မင်းကို အပေါ်ရောက်အောင် ဆွဲတင်ပေးမယ်”ကိုသာအေးသည် ကိုသာမောင်၏အိမ်သို့ ပြေးခဲ့သည်။“ကျော်စွာရေချိုးရင်းရေတွင်းထဲကျနေတယ်။ ဝိုင်းကယ်မှဖြစ်မယ်”ကိုသာမောင်သည် အိမ်သို့ရောက်နှင့်နေသောလူငယ်များနှင့် ရေတွင်းဆီသို့ အမြန်ပြေးခဲ့ကြသည်။ ကျော်စွာမှာမနစ်စေရန် ခေါင်းကိုကြိုးစား၍ ဖော် ထားပုံရသည်။ ကိုသာမောင်က ကျော်ရွာကို အမြန်ဆုံးကယ်တင်ရန် သူငယ်ချင်းများကို ပြောရသည်။“ထန်းသမားအိမ်က ရင်းထောင် သွားယူခဲ့ကွာ၊ နောက်ပြီး ကြိုးကောင်း ကောင်းရှာခဲ့၊ငါကျော်စွာကိုစောင့်ကြည့်နေမယ်”လှေကားရှာမည့်လူများထွက်သွားသည်နှင့် ကိုသာမောင်က ရေတွင်းထဲ ငုံ့ကြည့်ပြီး ကျော်စွာကို အားပေးရသည်။“ကျော်စွာ အားတင်းထားနော်၊ လှေကားရောက်လာရင် မင်းကို ကယ်မယ်”“အားတင်းလို့မရတော့ဘူး” ကျော်စွာ၏လေသံမှာ ပျော့နေသည်။ တိုးတိုးလေသာ ပြောနိုင်တော့သည်။“မင်းမသေစေရဘူ၊ – ကျော်စွာ၊တို့မင်းကိုကယ်မယ်”ကျော်စွာက ကြိုးစားပြီးပြောပြန်သည်။ လေသံမှာတိုးလွန်းလှသည်။ “အံ့မောင်တွန်းရတာကျော်စွာသည် ထိုစကားငါးလုံးကို ပြောပြီး ဇက်ကျိသွားပါသည်။ တင်၊ထားသည့်အားများကို လျှောချလိုက် သည်နှင့် ကျော်စွာ ရေထဲသို့ မြုပ်သွားပါတော့သည်။“ကျော်စွာ သတိထားပါ”ကိုသာမောင်က အော်ပြောသော် လည်းကျော်စွာပြန်ပေါ်မလာတော့ပါ။မကြာမီ ထန်းတက်သည် ရင်းထောင်နစ်နံထမ်း၍ သူငယ်ချင်းများပြန်ရောက်လာခဲ့ကြသည်။ ရင်းထောင်ကိုရေတွင်းထဲသို့ချကာ လူငယ်သုံးဦးကရေထဲဆင်း၍ ကျော်စွာကို ခက်ခက်ခဲခဲအပေါ်သို့ရောက်အောင်တင်ခဲ့ကြသည်။အပေါ်သို့ရောက်သည့်အခါ ကျော်စွာအသက်ပါမလာတော့ပါ။ “ရေတွင်းအုတ်နဲ့ရိုက်မိပြီးဦးခေါင်းခွံကွဲတာ”“သူမသေခင် သူကို အံ့မောင်ရေ တွင်းထဲတွန်းချတဲ့အကြောင်း ပြောချင် လို့ အသက်မသေအောင် အားတင်၊ထားပုံရတယ်”ကိုသာမောင်က ကျော်စွာပြော သည့်စကားများကို ပြန်ပြောပြလိုက် သည်။“ဒါဆို ကျော်စွာကို အံ့မောင်ကရေတွင်းထဲ တွန်၊ရတာ သေချာတာပေါ့“သေချာပေမယ့် မျက်မြင်သက်သမရှိဘူး ဖြစ်နေတယ်” “မျက်မြင်သက်သေမရှိ ပေမဲ့ ရဲစခန်းမှာတိုင်ချက်ဖွင့်ရမယ်”“ဟုတ်တယ် – လက်ဝှေ့ပွဲမှာ အံ့ မောင်က ကျော်စွာကို ဒီနေ့သတ်မယ် လို့ ပြောလိုက်တာ အားလုံးကြားတာပဲ၊အံ့မောင်ကို ဖမ်းပြီးစစ်လိုက်ရင်အထောက်အထားတစ်ခုခုရမှာသေချာတယ်“လာပါ-အာလုံးရဲစခန်းကို သွာ။ကြမယ်”သူငယ်ချင်းများ တစ်ယောက်တစ် မျိုးပြောနေကြသော်လည်းရဲစခန်းသို့သွားကြရန် သဘောတူသဖြင့် ကိုသာ မောင်ခေါင်းဆောင်၍ ကာလသားတစ်သိုက် ပိတောက်ကုန်းရဲစခန်းကိုထွက်ခဲ့ကြသည်။ရဲစခန်းသို့ရောက်သည့်အခါစခန်း မှူးကို အသင့် တွေ့ရသဖြင့် ကျော်စွာသဆုံးမှုတွင် အံ့မောင်လူသတ်တရား ခံဖြစ်ကြောင်းပြောပြပြီးတိုင်ရက်ဖွင့်ရန်တင်ပြလိုက်သည်။ စခန်းမှူးကကိုသာမောင်ပြောပြသည်ကို အစအဆုံးနား ထောင်ပြီးမှ ပြန်လည်မေ၊မြန်းခဲ့ပါသည်။“ကိုကျော်စွာသေဆုံးတာ ဘယ်အချိန်ပါလဲ- ခင်ဗျား”“ညနေခြောက်နာရီခွဲခန့်မှာပါ”“အံ့မောင်က ဘယ်အချိန်လာပြီးတွန်းရတာလဲ”“အံ့မောင်တွန်၊ချတာနဲ့ ကျော်စွာ မကြာခင်သေတာဆိုတော့ခြောက်နာရီခန့်ပါပဲ”“ဒါဆိုအံ့မောင် လုံးဝမဖြစ်နိုင်ဘူး”“ဘာကြောင့် မဖြစ်နိုင်ရမှာလဲ၊မနက်က လက်ဝှေ့ပွဲမှာ အုံမောင်က သူကျော်စွာကို ဒီနေ့သတ်မယ်လို့ပြောလိုက်တာ၊ အားလုံးကြားလိုက်တာပဲ။ဧကျော်စွာကိုယ်တိုင်ကလည်း သေခါနီးဆဲဆဲ သူ့ကို အံ့မောင်က ရေတွင်းထဲတွန်းချတယ်လို့ပြောတာပဲ”“မနက်က အမောင်ပြောတာကို ကျုပ်ကိုယ်တိုင် ကြားခဲ့ပါတယ်” “ဒါဆိုအံ့မောင်သတ်တာ သေချာ နေပြီပဲ၊အံ့မောင်ကို ဖမ်းပေးပါ” “အံ့မောင်ကိုဖမ်းလို့မရဘူ။ဥပဒေ ကြောင်းအရအရေးယူလို့မရနိုင်ပါဘူး” “လူသတ်တရားခံကို သိနေတာပဲ။ ဘာကြောင့်အရေးယူလို့မရရမှာလဲ”“ဟုတ်ကဲ့ – အားလုံးရှင်းအောင် ပြောရရင် အံ့မောင်ဟာမနက်ကလက် ဝှေ့ပွဲကအပြန် က္ခမအရက်ဆိုင်ကို ဝင် တယ်။ အရက်အလွန်အကျွံသောက်ပီးဆိုင်ရှင်တရုတ်ကြီးကို ပုလင်းနဲ့ရိုက်လို့ အလုပ်သမားတစ်ဦးက အံ့မောင်ကိုဓားနဲ့ထိုးတာအံ့မောင်(၁၂)နာရီတိတိမှာ သေပါတယ်၊ ညနေခြောက်နာရီမှာကိုကျော်စွာကိုရေတွင်းထဲတွန်းချတယ်ဆိုတော့အသက်ရှင်တဲ့လူသားအံ့မောင်မဖြစ်နိုင်တော့ပါဘူ။ ကွယ်လွန်ပြီးဝိညာဉ်အံ့မောင်ပဲ ဖြစ်တော့မှာပါ။ ကျွန်တော်တို့စခန်းက လူသားစစ်စစ်ကိုသာအရေးယူခွင့်ရှိပါတယ်။ ဝိညာဉ်ကိုအရေးယူဖို့ ဥပဒေမှာ မရှိသေးလို့ ဝမ်းနည်းပါတယ်”စခန်းမှူး၏ စကားကြောင့် ကိုသာမောင်တို့အဖွဲ့အံ့ဩသွားကြပါသည်။ဂမ္ဘီရလောကသည် ဆန်းကြယ်သည်ဆိုသော်လည်း လက်တွေ့ ကြုံ