” ဘဝခြားခဲ့ပါသော်လည်း “(စ/ဆုံး)

 ” ဘဝခြားခဲ့ပါသော်လည်း “(စ/ဆုံး)

———————————–
အချိန်ကား ညနေ( ၆ ) နာရီခန့်ရှိ့ပြီ ။ မိုးကသည်းသည်းမည်းမည်း ရွာလျှက်ရှိ့ရာ ပတ်ဝန်းကျင်တစ်ခုလုံး ညို့မိူင်းအုံ့ဆိုင်းလျှက် ရှိ့နေသည် ။ တဝေါဝေါ တဝှီးဝှီး မြည်းဟီးတိုက်ခတ်နေသော လေပြင်းနှင့်အတူ ဝုန်းဝုန်းဒိုင်းဒိုင်း သွန်းချလျှက်ရှိ့သော မိုးကြီးမှာလည်း မတိတ်နိုင်အောင် သည်းသထက် သည်း၍လာလေသည်။ထိုအချိန်မျိုးတွင် အိမ်မဲမြို့နယ် အတွင်းရှိ့ ကန်ကြီးဒေါင့်ကုန်းရွာကလေးမှာ လမ်းသွားလမ်းလာ ဟူ၍ မရှိ့သလောက်ပင် ကင်းရှင်းနေပေသည် ။ ။သို့သော် ရွာစွန်ရှိ့ အိမ်တစ်အိမ်တွင်မူ လူအများစုရုံးစုရုံးနှင့် ရှိ့နေကြလေသည် ။

ထိုအချိန်တွင် လေသံမိုးသံများကြားမှ ထိုးခွင်း၍ ထွက်ပေါ်လာသော အော်ဟစ်ငြီးငြူသံကြီံးကား အနီးဝန်းကျင်သို့တိုင် ပျံ့လွင့်လာပြန်သည် ။

” အား…အမေ…အ…မေ …”

” အမလေး…သေပါပြီ……အမေရဲ့ …အမလေး…အား “

နာကျင်သည်းထန်စွာ အော်ဟစ်ငိုကြွေးနေသော အသံကြောင့် ကျွန်တော်တို့အားလုံးရော အိမ်နီးနားခြင်းများပါ စိတ်မကောင်းကြ။ အော်ဟစ်နေသော မိန်းကလေး၏ ဖခင် ဦးသန်းကား ချွေးသီးများကို သုတ်လိုက်…မီးနေခန်းမှ ဝင်လိုက်ထွက်လိုက် လုပ်နေသည့် ရွာသူများမျက်နှာကို အားကိုးတကြီး ကြည့်လိုက်နှင့် ဗျာများနေသည် ။

ဦးသန်းခမျာ ထိုင်လိုက်ထလိုက် အပြင်ထရံမှနားကပ်၍ထောင်လိုက် ထွက်လာသည့် ရွာသူများရဲ့ မျက်နှာကလည်း မကောင်းပေ ။
“မိ…ငြိမ်း…သမီး…ဘယ်လိုနေ…နေလဲ…ဟင်…ဟင်……

” ဟို…ဟို…”

” မြန်မြန်ပြောစမ်းပါ မိငြိမ်းရာ…နင်ကလည်း ချီးမှပဲ…”

” လက်သည် ဒေါ်အေးကြည်…လုပ်…လုပ်ပေးနေပါတယ်..…တော့် …”
“အား…အား…အ…အမေရေ…အမေရဲ့…ဘုရား…ဘုရား…အဖေ…အ.…ဖေ…”

” သမီး…အဖေရှိ့နေတယ်…အားမငယ်နဲ့…”

” အ…ဖေ…အမေ…အမယ်လေး…အား…

မီးနေခန်းမှ သမီးလုပ်သူ မချိမဆွံ့ဝေဒနာများ ခံစားနေရသည် အသံကိုကြားရတော့ ဦးသန်းစိတ်မထိန်းနိုင် မီးနေခန်းရှိ့ရာသို့ဇွတ်ပြေးဝင်ရန် လုပ်လိုက်စဉ် ရွာသူများ မီးနေကူများက ဝိုင်းတားကြသည် ။
“ကိုသန်း…ဒါ…မိန်းမကိစွတွေလေ…တော့်ဝင်ကြည့်လို့ ဘယ်ဖြစ်မှာလဲ…
“ငါ့…ငါ့…သမီးလေး…သိပ်…သိပ်…ခံစားနေ…

” ကိုသန်း…စိတ်ကိုထိန်းပါဗျာ ။ လက်သည် ဒေါ်အေးကြည်လည်း တို့ကန်ကြီးဒေါင့်ကုန်း တစ်ရပ်လုံး သာမကဘူး ရွားနီးချုပ်စပ်ပါ မီးဖွားပေးနေကြပါ ။သူလည်းနားလည်ပါတယ် ထိုင်ပါကွာ…”

” ငါ…ငါ…ငါ့သမီး အခွအေနကေို…”

“စိတ်ကိုထိန်းပါ ကိုသန်းရာ…စိတ်သိပ်ပူမနေပါနဲ့…မင်း…အရက်နည်းနည်း သောက်လိုက်ပါလား…”

” ဟင့်…အင်း…မသောက်ဘူး…ဟူး…”

သူ့သမီး…အေးနိုင်ထွေး၏ ဗိုက်က အပျိုဗိုက်ဖြစ်သည် ။ ဦးသန်းမှာ ပြောရလျှင် ဒီသမီးတစ်ယောက်ပဲ ရှိ့သည် ။ အေးနိုင်ထွေးက အမေမရှိ့တော့။ သူ၏မိခင် ဒေါ်မြင့်ကပြီးခဲ့သော ( ၃ ) လလောက်က ဆုံးသွားခဲ့သည် ။ အေးနိုင်ထွေးခမျာ သူမမီးဖွားခါနီးအချိန်မှ မိခင်ဖြစ်သူ…ဒေါ်မြင့်ဆုံးပါးသွားတာကြောင့် စိတ်ဓာတ်တွေကြဆင်းလျက် ရှိ့နေသည် ။ဒေါ်မြင့် မသေခင်က သူမလက်ကိုကိုင်၍ တိုးတိုးလေး မှာသွားခဲ့သည်။သမီး…အမေမရှိ့တော့တဲ့အချိန်မှာအားငယ်မနေပါနဲ့…အမေဘေးမှာရှိ့နေတယ်လို့ ယုံကြည်ပေးထားပါ ။ နေထိုင်မကောင်းဖြစ်တဲ့အခါ အန္တာရယ်တစ်ခုခုနဲ့ကြုံတဲ့အခါမျိုးတွေဆို အမေ့ကိုတလိုက် သမီး ။ အမေလာစောင့်ရှောက်မယ် သိလား “ုထိုသို့ကားများကို မသေခင် နေ့စဉ်မှာပြီး ဒေါ်မြင့်ဆုံးသွားခဲ့ရသည် ။

တော်ရုံ.အပျိုဗိုက်ဆို.လက်သည် ဒေါ်အေးကြည် မီးဖွားပေးပါက ကြာလှနာရီဝက်ဖြစ်၏။အခု တစ်နာရီကျော် နှစ်နာရီခန့်ရှိ့ပြီ ။ ဒီအချိန်မှာပဲ မီးနေခန်းထဲမှ လက်သည် ဒေါ်အေးကြည် ချွေးသံချွဲချွဲနှင့် မျက်စေ့မျက်နှာပျက်နှင့် ထွက်လာသည်။

” ဒေါ်အေးကြည် …ဒေါ်အေးကြည်…ကျုပ်သမီး…လေး…အခြေအနေ…ဘယ်…ဘယ်လိုရှိ့လဲ…ဟင်…ဟင်…’

ဦးသန်းက ဒေါ်အေးကြည်လက်ကို အာကိုးတကြီးဆုပ်၍လူပ်၍မေးလိုက်သည် ။ မီးနေ ဧသည်များကလည်း ဒေါ်အေးကြည်ရဲ့ ဆုံးဖြတ်ချက်စကားကို ငံ့လင့်နေကြသည် ။

” ကိုသန်း…”
“ဗျာ…ဗျာ…ဒေါ်အေးကြည်…ဘာ…ဘာလဲ.ဟင်…

” အခြေအနေ သိပ်မကောင်းဘူး…
“ဗျာ…ဘယ်…ဘယ်လိုဖြစ်နေလို့လဲ…ဗျာ.ဟင် “

” တော်တော် ခက်နေတယ်…မကြားဝံ့ မရိုသေ့ စကားပြောရရင် ကလေးက ခြေတစ်ချောင်းထွက်ပြီး…ကန့်လန့်ဖြစ်နေပြီ “

” ဘုရား…ဘုရား…”

” အလိုလေး.အို.…ကျွတ်…ကျွတ် “
“အဲ့…အဲ့ဒါ…ဘယ်လို…လုပ်ကြမလဲဟင်…ဒေါ်အေးကြည်…ပြောစမ်းပါ…

” လောလောဆယ် မဟာစည်သာသနာ့ရိပ်သာကျောင်းက ဘုန်းကြီးတစ်ပါးပါးသွားပင့်ချေ ။ ပရိတ်ရွက်ခိုင်း…ကျန်သူတွေ လှေအဆင်သင့်ပြင်ထား…မြို့ဆေးရုံကို အမြန်ဆုံးသွားမယ် ။အမြန်လုပ်ကြတော့”

ဒေါ်အေးကြည် စကားဆုံးသည်နှင့် ဘုန်းကြီးပင့်သူကပင့်…လှေပြင်သူကပြင်နှင့် ပျာယာခတ်ကုန်ကြလေသည် ။

အိမ်မဲမြို့ရှိ့ ဆေးရုံမှာ ချောင်းဝပိုင်းတွင် တည်ရှိ့ပေသည် ။ ကန်ကြီးဒေါင့်ကုန်းရွာနဲ့ဆို သိပ်မဝေးကွာလှသောခရီးဖြစ်သည် ။ ။မဝေးဘူးဆိုရသော်လည်း လှေနှင့် သွားပါက နာရီဝက် တစ်နာရီလောက်တော့ သွားရပေသည် ။ သို့ပေမယ့် ဒီမိုးဒီလေ နဲ့ဆို ဆေးရုံရောက်သည်အထိ ခံနိုင်ပါ့မလား ။ အားလုံးစိုးရိမ်ပူပန်မူ့နှင့် အတူ စိတ်မကောင်းမိကြ ။သို့ပေမယ့် အခြားတတ်နိုင်တာ ဘာမှမရှိ့တော့…

သေကံရှင်ကံ…မြို့ဆေးရုံ အရောက်ပို့ဖို့ပဲရှိ့တော့တယ်။ လိုအပ်သော ပစွည်းပစွများ ထုပ်ပိုး၍ အေးနိုင်ထွေးကို မီးနေခန်းမှ ထုတ်ရန်ပြင်ဆင်ကြသည် ။ အေးနိုင်ထွေးကား ချွေးမရှိ့သလို ဖြစ်နေပြီ ။ အသံလဲမထွက်တော့ မိန်းမောနေ၍ လက်သည်ကြီး ဒေါ်အေးကြည်က စမုန်နက်ထုပ်ကို နှာဝမှာတေ့ပေးရင်း…အေးနိုင်ထွေးအမညိကို မကြာခဏခေါ်၍ သတိပေးနေရ၏။

ထိုစဉ်မှာပင် ဘုန်းကြီးသွားပင့်သော လူတချို့ပြန်ရောက်လာလေသည် ။
“ကဲ.…ဟေ့.ဘယ်လိုလဲ.ဘုန်းကြီးပင့်ခဲ့ရဲ့လား…

” ဘုန်းကြီးက လိုက်မလာခဲ့ဘူး ။ ဒါပေမယ့် သူက အကျိုးအကြောင်းကို မေးမြန်းတယ် ။နောက်ပြီး စာရွက်အလွှတ်ပေါ်မှာ တွက်ချက်ပေးခဲ့တယ် ။ လုပ်ရမည့် အစီအစဉ်ကိုလည်းညွှန်းကြားပေးလိုက်တယ် ။ အစီအရင် သဘောမျိုးဆိုပါတော့။ယုံတာ မယုံတာ အပထား လုပ်ကြည့်လို့ အကျိုးမယုတ်ပါဘူး။ အခုအခြေအနေက အခြားရွေးစရာလဲ မရှိ့ဘူးလေ…”

အချိန်ကား ည( ၆ )နာရီခွဲခန့်ရှိ့ပြီး အငြိုးကြီးစွာ သွန်းချနေသော မိုးကြီးမှာ မတိတ်နိုင်သေးချေ ။ ထိုအချိန်တွင် ဦးသန်းမှာ ဘယ်ဘယ်လက်မှ ရေတစ်ခွက်ကို ကိုင်ပြီး ကျန်လက်တစ်ဖက်က ထီးကိုကိုင်ကာ အိမ်ခြံစည်းရိုးအပြင်ဘက်သို့ ထွက်လိုက်သည် ။

” ကဲ.မ…မမြင့်ရေ…နင်… သမီးကတော့ ခုချိန်မှာ ပြင်းထန်သော ဝေဒနာများကို ခံစားနေရတယ် ။ မွေးသမိခင် အမေကိုယ်တိုင် မေတ္တာသစွာ အနန္ထဂုဏ်ရည် ဓာတ်ဆေးများနဲ့ …ရောက်လေရာ ဘုံဋ္ဌာနကနေလာရောက်ကုသလျှက်ပေးပါရန် မေတ္တာရပ်ခံပါတယ် ။

ထိုနောက် ဦးသန်းမှာ ရေခွက်ကိုကိုင်ကာ သူ့မိန်းမဖြစ်သူ မမြင့်ကို ရုပ်လုံးပေါ်အောင် အာရုံပြုလိုက်သည် ။ ထိုစဉ် ဦးသန်းကျောကို,…တစ်စုံတစ်ဦးပုတ်လိုက်သကဲ့သို့ ခံစားလိုက်ရသည် ။ ကြက်သီးများ ဖျန်းခနဲထကာ ခေါင်းနပန်းကြီးသွားခဲ့သည် ။ မကြာခင် ကြောက်လှန့်ဖွယ်ကောင်းအောင် ခွေးများဝိုင်အူကြသည် ။ လေပြင်းများလဲ ကျလာသည် ။ ထိုနောက် ခဏကြာသော် အားလုံးငြိမ်ကျသွားသည် ။ ထိုသို့ဖြစ်ပွားပြီးနောက် ဦးသန်းလည်း ကြောက်ကြောက်ရွံ့ရွံ့နှင့် အိမ်ပေါ်သို့ ပြန်တတ်လာခဲ့သည် ။

” ကဲ…ဟေ့…မီးနေကူထဲက တစ်ယောက်ယောက် ဒီရေစင်နဲ့ အေးနိုင်ထွေးရဲ့ဆံပင်ကို သပ်ချပါ ။ ရင်ဘက်ကနေဝမ်းဗိုက်…ပြီးခြေဖျားထိသပ်ချပေးပါ ။ ပါးစပ်ထဲကို ဝင်အောင်တိုက်ပါ ။ ကိုင်း…မြန်မြန်လုပ်…

” အား…ကျွတ်…ကျွတ် …”

” အား…အ…အမေ… ကျွတ်.ကျွတ်…နာလိုက်တာ .…

” အမလေး…ကျွတ်…ကျွတ် ..,.

မီးနေခန်းမှ အေးနိုင်ထွေးရဲ့ ညည်းညူသံကား ထွက်ပေါ်လာပြန်သည် ။ မီးနေကူများနှင့် ရွာသူရွာသားများမှာစိုးရိမ်ပူပန်မှူု့နှင့်အတူ ရင်တထိတ်ထိတ်ဖြစ်နေကြလေသည် ။ အေးနိုင်ထွေး၏ ဖခင်ဦးသန်းမှာကား အဂုင်္လိမာလသုတ်ကို ခပ်တိုးတိုးရေရွတ်နေရင်း ဆောက်တည်ရာမရ ဖြစ်နေချေသည် ။

” ဘုရား…ဘုရား…ဘုရား ကယ်မတော်မူပါ…ဘုရား…”

“ဟယ်…ပြန်ဝင်သွားပြီဟဲ့…ခါးကိုမလိမ်နဲ့…ဟုတ်ပြီ…အသာလေး အသက်ကို ဝအောင်ရှုပြီး တစ်ချက်ထဲ ညှစ်ချ…သမီး…”

” အီး…အား…အင်း…အင်း…ဟင်း…

“ဟုတ်ပြီ…ညှစ်…ညှစ်…မွေးပြီဟ…မွေးပြီဟ …


မီးနေခန်းအတွင်းမှ ဝမ်းသာအားရ စကားပြောနေသံကို အပြင်ဘက်မှ နားထောင်နေသူများ ကြားရသောအခါ ဝမ်းသာသွားကြသည် ။

” အုငဲ.အုငဲ…ငဲ..…ငဲ…အုငဲ…”

” မွေးပြီလား ဗျို့…မွေးပြီလား ဒေါ်အေးကြည်…”
“မွေးပြီဟေ့…ကိုသန်းရ…ဟား…ဟား…မိန်းကလေးဟ…

ကိုသန်း အတိုင်းမသိ ဝမ်းသာသွားသည် ။ “ဒေါ်အေးကြည် …သမီး…ကျုပ်…သမီး အခြေအနေရော ဘယ်လိုလဲ…ဟင်…”

“ကောင်းတယ်…အားလုံးကောင်းတယ်။ လုပ်စရာရှိ့တာ လုပ်နေကြတယ် ။ ဘုရား သကြားနဲ့ သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များ မတာပဲဟေ့…ကိုသန်းရ…ပြောရရင် သေကောင်ပေါင်းလ ဲဖြစ်နေပြီ။ ဆေးရုံခေါ်သွားရင်လည်း ဒီမိုးဒီလေနဲ့ လမ်းမှာပန်းပြီးဆုံးရှုံးရမှာ တော်ပါသေးတယ်တော့ ဘုန်းကြီးရဲ့ အစီအရင်နဲ့ သူမိခင်ရဲ့မေတ္တာအစွမ်းလို့ ပြောရမှာပဲ ။ထွက်နေတဲ့ ခြေထောက်ပြန်ဝင်သွားပြီး တစ်ခါထဲ ရှောရှောရှုရှု မီးဖွားတာပဲဟဲ့…ကိုသန်းရ…”

အံ့ဖွယ် သရဲပါတကား…ရွာထဲရှိ့ သက်ကြီးဝါကြီးများကတော့ အဲ့ဒါ မိခင်ရဲ့ မေတ္တာစွမ်းအားပဲတဲ့ ။ထိုအဖြစ်အပျက်သည် မယုံကြည်နိုင်ဖွယ်ကောင်းအောင် ထူးခြားဆန်းကြယ်လို့ ကြားသိရသူတိုင်း၏ အသည်းနှလုံးကို ယူကျုံးဆွဲငင်လျက် ထိခိုက်ကြေကွဲဖွယ် ဖြစ်ရလေသည် ။ အမှန်အားဖြင့် ထိုအဖြစ်အပျက်သည် အချိန်ကာလ…နေရာဒေသ မရွေး တစ်စုံတစ်ရာ ပြောင်းလဲခြင်းမရှိ့သည့် မိခင်တစ်ယောက်၏ အနိူင်းမဲ့မေတ္တာသည်သာ ဖြစ်ပါေ လတော့သည် ။ မိဘရဲ့ မေတ္တာတရားသည် ကွယ်လွန်ပြီးသည့် နောက်ဘဝများသို့တိုင်……

ဆုံကြအုံးမယ်ကွယ်

ထွဋ်ခေါင် ( အိမ်မဲ )
လေးစားစွာဖြင့်