မက်ဆေ့တစ်စောင်(စ/ဆုံး)
———————
ဒီနေ့ အဖေ့ဖုန်းထဲက မက်ဆေ့တစ်စောင်
တွေ့တယ်။ဘယ်ကောင်မ ပို့လိုက်တယ်
မသိဘူး။
“ကိုကြီး
အရမ်းသတိရတာဘဲ။
ငယ်လေးအတွက်
ဖုန်းသစ်ဝယ်ဖို့
ငွေလွှဲပေးမယ်ဆို”တဲ့။
နောက်လည်းရှိသေးတယ်။
မကြားဝံမနာသာစကားတွေနဲ့
လင်ခန်းမယားခန်းအတွက်
ကုတင်ပေါ်ကအကြောင်းတွေတောင်
တချို့ပါသေး။
အဲဒီအကြောင်းကို
အမေ့ကိုပြောပြလိုက်ရမယ်လား။
ဒါမှ မဟုတ်
အဲဒီ ငယ်လေးဆိုတဲ့မိန်းမကို
မတွေ့တွေ့အောင်ရှာပြီး
ပွဲကြမ်းပစ်လိုက်ရမလား။
သမီး မဝေခွဲနိုင်သေးဘူး။
အစကတည်းကမှ ထစ်ကနဲဆိုရင်
တချိုးခံအရှိန်တွေနဲ့ ဆိုးလိုက်ပေလိုက် ဟစ်လိုက်အော်လိုက်ဖြစ်
နေတဲ့ သမီးတို့မိသားစုဘဝကြီးထဲကို
ပြသနာကမီးစပျိုးပြီး
ဝင်မွေတောမယ့်ပုံပါ။
တကယ်ဆိုရင် အဖေနဲ့သိပ်မပတ်ဖြစ်
ခဲ့တာကြာပါပီ။
သားအဖဆိုပေမယ့် တစိမ်းတွေလိုပါပဲ။
အဖေက သံယောဇဥ်သိပ်မရှိဘူး။
သူ့အလုပ်ကလေးသူလုပ်ပြီး
သူ့အပေါင်းအသင်းတွေနဲ့
သောက်လိုက်စားးလိုက် ပျော်လိုက်ပါးလိုက်နဲ့ ဘဝကိုဒေါင်ကျကျ
ပြားကျကျအဖြစ်နဲ့
ပျော်ပျော်ပါးပါးနေတတ်သူ။
တခါတလေ
အမေ့စျေးဖိုးထဲက အရက်ဖိုးယူသွားတယ်။တခါတလေကျ လုံးဝသောက်စရာ
မရှိတဲ့အခါမှ
သမီးဆီက ပိုက်ဆံနည်းနည်း တောင်းတယ်။အရက်သောက်တာ
မကြည်ဖြူပေမယ့် အဖေရဲ့ဆဲဆိုကျိမ်းမောင်းသံကို မလှန်နိင်လို့ သမီးကျစ်ကျစ်ပါအောင်စုထားတဲ့ စုဘူးထဲထည့်မယ့် ပိုက်ဆံလေးတွေက်ု အဖေ့ကို
ပေးလိုက်ရတာပါပဲ။
အပျိုဖြန်း
အရွယ်ရောက်နေတဲ့
သမီးဘဝမှာပတ်ဝန်းကျင်ရဲ့
မျက်လုံးစိမ်းစိမ်းတွေ
ကြားအရက်သမားသမီး
ဖြစ်ရတာဂုဏ်ငယ်လိုက်တာ
အဖေရယ်။
တခါတလေကျ အဖေနဲ့လိုက်လာတဲ့
အမူးသမားကြီးတွေက
ရီဝေနေတဲ့မျက်လုံးရဲရဲကြီးတွေ
ကနေ ရမ္မက်ခိုးအနံ့တွေနဲ့ သမီးကို
ကြည့်ကြည့်
သွားတဲအခါ သမီးရင်ထဲ
စိမ့်နေအောင်ေကြာက်အားပိုခဲ့ရတယ်။
တခါတလေ အဖေ
တို့အမေတို့မရှိတဲ့အချိန်
အဖေ့ဆီလာရင်း
ညီးအဖေ မရှိဘူးလားတွေ
ဘာတွေနဲ့
သမီးထွားလာတယ်လေ ဘာတွေနဲ့
အဲဒီလူကြီး
တွေက သမီးကို ရိသဲ့သဲပြောနေတယ်ဆိုတာသမီးသိတယ်။
သူတို့ ဘယ်စကားမျိုး
ေပြာပြီး ဘယ်ပုံချိုးနေတာကို
သမီးသိတာပေါ့နော်။
အဲဒါတွေကို အမေ့ကို
တိုးတိုးတိတ်တိတ်ပြောချင်
ပေမယ့်အမေသိရင် ရက်တကာကျော်လို့
ရွာတကာအော်မယ့်ကိနိးမို့ သမီး
မြိုသိပ်နေလိုက်တယ်။မပြောဖြစ်ခဲ့ပါဘူး။
ခုတခါကတော့အဖေပိုဆိုးရွားတယ်။
လူကြားလို့မှ မကောင်း
မိသားစုတစ်ခုလုံး ပျက်စီးမယ့်ကိန်းကို အဖေခြေလှမ်းစလာပြီ။
အာကြမ်းလျှာကြမ်းအမြဲပြောတတ်တဲ့
အမေ့ကို ဒီတခါတော့ ဘယ်လိုပဲဖြစ်ဖြစ်
ဖွင့်ပြောရမှာပဲ။ရိုက်ခံမှ ရိုက်ခံထိရော
အဖေ နောက်မိန်းထားမယ့်အဖြစ်ကို
သမီလည်းဒီအတိုင်းတော့ ထိုင်ကြည့်
မနေနိင်တော့ဘူး။
အဲမိန်းမကလည်း
အံပါရဲ့တော်။
အဖေ့ကိုဘာများကြည့်
ပြီး ကြိုက်ရတာတုန်း။
အမြဲတမ်းမူးပြီး
ပတ်ကြမ်းတိုက်စကားတွေကိုသာ
နုတ်ကအမြဲပြောတတ်တဲ့ အဖေလိုလူမျိုးကို သူမို့လို့ ကြိုက်ရတယ်ရှိသေး
။ရွံလိုက်တာတော်။
ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင်
သမီးဖုန်း
အားမရှိလို့ အဖေ့ဖုန်းအားသွင်းတဲ
အဒက်ပတာနဲ့ အားသွင်းဖို့အလုပ်မှ
ဒီဂျိုဆိုးမ မက်ဆေ့က ကျလာတယ်။
ဒီနေ့ ကံဆိုးတာပဲ။
အဖေ့ဖုန်းထဲက မက်ဆေ့အကြောင်းကို
သမီးက အမေ့ပြောရင်လည်း
အဖေကတော့ လုံးဝကြိုက်မယ်မထင်ဘူး။
အေဖနဲ့ သမီးပိုပြီးတစိမ်းဆန်သွား
ကြမှာ။
အဖေရယ်
ဒါမျိုးတွေ မလုပ်ပါနဲ့။
ဒီလမ်းတွေ မလျှောက်ပါနဲ့။
ဒီအရက်တွေ မသောက်ပါနဲ့။
သမီးကိုမကြည့်တောင်
မောင်လေးကို ကြည့်ပါဦး။
မိသားစုကို ညှာတာပါဦး။
အဖေ့လုပ်ရပ်တွေ
ရပ်တန်းက ရပ်ပါဦး ဆိုပြီး
ရှိကြီးခိုးကာ ေပြာလိုက်ချင်ပေမယ့်
အဖေကတော့ သံယောဇဥ်တို့
မေတ္တာတို့ သစ္စာတို့ဆိုတာ
တကူးတက ခံစား
လိမ့်မယ်မထင်ပါဘူး။
သမီးအရမ်းစိတ်ညစ်တယ်။
ဒီအကြောင်းတွေကို
သမီးဘယ်လို
ရင်ဖွင့်ပြောပြလိုက်ရမလဲ။
မိသားစု အရှက်ရစေမယ့်
အဖြစ်မို့
ရွာထဲကဗွေးတုတ်တို့ ရွေမိတို့ကိုလည်း
မပြောချင်ဘူး။
ဒီစာစုလေးကိုမြင်ပြီး
အဖေလမ်း မှန်ရောက်လို့
အမြင်မှန်တွေ ရပါစေလို့
သမီးဆုတောင်းနေပါတယ်။
သမီးရှိသော အဖေတိုင်း
ဆင်ခြင်တရားထားနိင်ကြပါစေ။
ဂျေရာ281224 2:31am