မယားငယ်

 မယားငယ်(စ/ဆုံး)

——————-

“မေမေ…နီ..နဲ့ကိုကို့..ရဲ့ချစ်ခြင်းကိုမခွဲပါနဲ့”

“သမီးရယ်…အောင်ကိုကိုက…မိန်းမရှိတာ.. သမီးသိရယ့်သားနဲ့.. လိမ္မာစမ်းပါသမီးရယ်”

သမီးဖြစ်သူ ပန်းနီနီ ကို..အမေလုပ်သူက..မိန်းမ ရှိသူ..အောင်ကိုကိုအား..လမ်းခွဲရန်…တိုက်တွန်းနေတယ်

“ခက်တော့တာ..ပဲသမီးရယ်…သမီး..အောင်ကိုကိုနဲ့..လက်ထပ်ရင်…ပတ်ဝန်းကျင်က ..ဝိုင်းပြီး.. မေးငေါ့မှာပေါ့…”

“မသိဘူး.. မသိဘူး. သူတို့ဘာသာ..မေးငေါ့ချင်ငေါ့..မငေါ့ချင်နေ..နီ.ဂရုမစိုက်ဘူး ”

ပန်းနီနီ က..ဆောင့်ကြီးအောင့်ကြီးနဲ့..သူ၏အခန်းတံခါးကို..ဆွဲပိတ်လိုက်သည်။

ခဏကြာတော့…သူမတို့အိမ်ရှေ့ကို..ကားအနက်ကြီး..တစီး..ရောက်လာပြီး….ကားထဲမှ…အသက်..၃၀..ကျော်အရွယ်…အမျိုးသမီး တစ်ယောက်ရယ်…အသက်၅၀.ကျော်အန်တီကြီး..တယောက် ရယ်ဆင်းလာတယ်

ဒေါ်ပြုံးဝေဝေ က…”အမ..တို့က..ဘယ်သူတွေလဲဟင်… ..အထဲကိုဝင်ပါဉီး.”

ထိုမိန်းမကြီးကအိမ်ထဲကိုဝင်လာရင်း

“ငါနာမည်က….အောင်သဇင်…အောင်ကိုကို..အမေ..ငါ့..သားရဲ့မိန်းမ..အလိမ္မာ….နင့်သမီး..ကိုခေါ်ပေး”

“ဟင်….​သမီးရေ….ပန်းနီနီ.. ခဏလာပါဉီးကွယ်”

ပန်းနီနီ က..ဆူဆူအောင့်အောင့်ဖြင့်အခန်းထဲက…ထွက်လာပြီး..

“ဘာလဲပြော”

“..အောင်ကိုကို..ရဲ့..အမေနဲ့..သူရဲ့.အမျိုးသမီး ရောက်နေတယ်”

ပန်းနီနီ.. အိမ်ရှေ့ဧည့်ခန်းကိုထွက်လာပြီး

“အော်….ကိုကို့..အမေနဲ့ကိုကို့မိန်းမပဲ..တွေ့ရတာ..ဝမ်းသာပါတယ် ”

အလိမ္မာက.

“တို့..စကားတွေ..အများကြီး မပြောချင်ဘူး.. မင်း…မောင်နဲ့လမ်းခွဲပေး…မင်းလိုချင်သလောက်..ပိုက်ဆံငါပေးမယ်”

“နီ့.ကိုကိုနဲ့….တွဲတာ…ပိုက်ဆံမက်လို့မဟုတ်ဘူး….အမှန်တကယ်ဆို…ကလေးမမွေးပေးနိုင်တယ့်…အမကကွာရှင်းပေးရမှာ..”

အလိမ္မာ…ဒေါသတကြီးနဲ့

“ဘာ…..နင်ဘာပြောလိုက်တယ်”

ပန်းနီနီ က..ခနဲ့သလိုပြုံးပြီး

ကြားတဲ့..အတိုင်းပဲ ပြောတာ..ဘယ်လိုပဲဖြစ်ဖြစ်.. ကျမက.ကိုကို့..ကို..သားသမီးရတနာမွေးပေးနိုင်သေးတယ်…ရှင့်လို..အမြုံမ.မဟုတ်ဘူး ”

“ဒေါ်ပြုံးဝေဝေက…

“သမီး.. အဲ့လို မပြောရဘူးလေ”

“အမေ..ဝင်မပါစမ်းပါနဲ့”

“ဒီမှာ…ရှင်းရှင်းပဲ ပြောမယ်…ကိုကိုနဲ့..ကျမရဲ့..ချစ်ခြင်းကို မခွဲပါနဲ့”

အလိမ္မာ..ပန်းနီနီ ရဲ့..ပါးကို..ရိုက်ဖို့.. ဟန်ပြင်လိုက်ပြီး….ရုတ်တရက်..
ဒေါ်အောင်သဇင်က…

“သမီး…..သူ့လို…မယားငယ် ကို..သမီးလက်နဲ့..မရိုက်နဲ့…သနတယ်..”

အလိမ္မာ..ဒေါသကို.ထိန်းချုပ်လိုက်ပြီး

“တို့..နောက်ဆုံးပြောမယ်… မင်း..မောင်နဲ့…ထပ်မပတ်သက်နဲ့…ငါ့စကားကို..နားမထောင်ရင်..အဟက်…နင့်ကို..လင်ခိုးမှု..နဲ့..ထောင်ချပြစ်မယ်..နားလည်လား.ေတာက်”

အလိမ္မာ…​တောစ်က်ခေါက်ကာ….ပန်းနီနီ ရဲ့အိမ်..ထဲကာနေထွက်လာရင်း..
ကားပေါ်ရောက်တော့..မျက်လုံးအိမ်ထဲက..မျက်ရေတွေကို…ဘယ်လိုမှထိန်းလို့…မရပဲ…သူမမသိပဲမျက်ရေတွေက..သူ့အလိုလို ကျလာတော့သည်

ကားပေါ်တက်လာသော..ဒေါ်အောင်သဇင်က

“သမီးရယ်..မငိုစမ်းပါနဲ့..သူ့လို..မယားငယ် အတွက်နဲ့.. သမီး..ငိုစရာမလိုဘူး..”

အလိမ္မာ..မျက်ရေတွေကိုသုတ်ရင်း

“သမီး…ပန်းနီနီ ကြောင့်ငို..တာမဟုတ်ပါဘူး…မောင့်အတွက်..သမီးရင်သွေးလေး..မမွေးပေးနိုင်လို့ပါ..”

“ဒီမှာ…သမီး…သမီး..ကိုယ်ဝန်မဆောင်နိုင်တာပဲ..ဖြစ်ဖြစ်..ဆောင်နိုင်တာပဲ..ဖြစ်ဖြစ်… သမီးက..မယားကြီးပဲ.အမေကသမီးကိုပဲ..ချွေးမအဖြစ်သတ်မှတ်မှာ……ပန်းနီနီ တို့လို..မယားငယ်တွေက..အဲ့ဒီအတိုင်းပဲ… သူများပိုင်ဆိုင်တဲ့..အရာကိုမှ..လုယူချင်တာ…သမီး ဘာမှ..စိတ်ထဲမထားနဲ့…မငိုနဲ့တော့နော်.. တိတ်”

“ဟုတ်…အမေ”

###################################

ကန်တော်ကြီး ပန်းခြံ

“ကိုကို…ဘယ်လိုလုပ်ကျမလဲ…ကိုကို့မိန်းမက…နီ..အိမ်ကိုလာပြီး…ချိန်းခြောက်သွားတယ်…”

“ဟုတ်လား…ဘယ်တုံးကလဲ”

ပန်းနီနီ က…အောင်ကိုကို့..ရင်ခွင်ထဲသို့တိုးဝင်ကာ

“မနေ့က..”

“ထားလိုက်စမ်းပါကွာ…ဒါနဲ့…နီကိုကို့.ဆန္ဒ ကိုဖြည့်စည်းပေးမယ်ဆို..”

“ဟာ..ကိုကို..ကလည်းကွာ”

“လုပ်ပါကွာ..နီကလည်း..”

“အင်း”

“နီက..အရမ်းလိမ္မာတာပဲ ”

###################################
ချယ်ရီ..ဟိုတယ်

ထိုဟိုတယ်..ထဲသို့…ပန်းနီနီ နဲ့အောင်ကိုကိုတို့..နှစ်ယောက်လက်တွဲကာ..ဝင်သွားနေတာကို..တွေ့လိုက်သော….အောင်ကိုကိုတို့..ရပ်ကွက်ထဲမှ..အဒေါ်ကြီး…ထိုအဒေါ်ကြီးက…တက်စီ ကို…အတင်းရပ်ခိုင်းကာ

“ဟယ့်…ခဏရပ်အုံး”

ထိုအဒေါ်ကြီးက သေချာကြည့်ကာ

“ဟုတ်ပါတယ်… အောင်ကိုကိုပဲ”

“ရပြီ ရပြီ မောင်းတော့”

#########################$#########

“ငါသေချာ..တွေ့ခဲ့တာ….အလိမ္မာရဲ့…”

“ဟုတ်ကော..ဟုတ်ရဲ့လား…မမတင်ရယ်”

အလိမ္မာက..ဘူး..ခံပြီးငြင်းရသည်

“ဟုတ်ပါတယ်..ဟယ်…ကျုပ်မျက်လုံးနဲ့..
သေချာတွေ့ခဲ့တာ….ဧကန္တ ညည်းယောက်ျားဖောက်ပြန်နေပြီ…ထင်တယ်”

“မဟုတ်လောက်ပါဘူး.. မမတင်ရယ်”

အလိမ္မာကတော့…မဟုတ်ဘူးတာ…အတင်းငြင်းနေသည်…ဒီကိစ္စက.. မိန်းမတွေအကြောက်ရဆုံးကိစ္စ..မဟုတ်လား

“ကဲ. မဟုတ်ရင်လဲ…ပြီးရော…ငါက..လာသတိပေးတာ…ငါပြန်တော့မယ် ”

“ကောင်းကောင်းပြန်နော်.”

“အေးအေး”

ဘုရားခန်းထဲမှ…ဒေါ် အောင်သဇင်က

“မတင်…ဘာတွေလာပြောသွားတာလဲ..သမီး”

“မောင့်ကို…ပန်းနီနီ နဲ့..ဟိုတယ်မှာတွေ့တယ့်….အကြောင်းလာပြောတာ”

“ဟူးခက်ရခြည်သေး….ဒီကိစ္စသာတရပ်ကွက်လုံး…သိသွားရင်..မကောင်းဘူး…… မတင်က..နဂိုထဲက ပါစပ်က အငြိမ်နေတာမဟုတ်ဘူး”

အလိမ္မာ..သက်ပြင်းမျှင်မျှင်လေးချကာ

“သမီးလည်း..အဲ့ဒါကို…စိတ်ပူနေတာ ”

###################################

မယားငယ် အပိုင်း၂

“ဝေါ့….”

ပန်းနီနီ အိမ်ရှေ့မှာ..နေရင်း.ရုတ်တရက်.. ပျို့အန်လာပြီး..အိမ်သာထဲ အတင်းပြေးက…ဘေဇင်ထဲ…ခေါင်းစိုက်ကာ ထိုးအန်တော့သည်

“ဟယ့်..သမီး..ပန်းနီနီ… ဘာတွေ..အစားမှားလို့…အန်နေတာလည်း”

ပန်းနီနီ က

“ဘာမှမဖြစ်ဘူးအမေ..ဘာမှမဖြစ်ဘူး”

ပန်းနီနီ စိတ်ထဲတွင်….”ဟိုဟာ..မလာတာ…နှစ်လ…ကျော်နေပြီ….ဘယ်လိုပဲဖြစ်ဖြစ်… စစ်ကြည့်လိုက်တာကောင်းမယ်”
#################################
ဒေါ်ပြုံးဝေဝေ..သမီးပန်းနီနီရဲ့..အခန်းကိုရှင်းပေးရင်း…ပန်းနီနီ ရဲ့..အင်္ကျီ တထည်ထဲမှ…ဆီးစစ်တံကို..တွေ့လိုက်ရာ

“ပန်းနီနီ… သမီး..ဒီကိုလာအုံး.”

“ဘာလဲပြော”

ဒေါ်ပြုံးဝေဝေ ဆီးစစ်တံကို ထောင်ပြပြီး

“ဒါဘာလဲ…”

ပန်းနီနီ ကြောက်လန့်စွာဖြင့်..ဆီးစစ်တံကို လှမ်းယူကာ…

“အမေ့ဘာလို့…သူများအခန်းကို..ဘာဝင်လုပ်တာလဲ…နီ့
.အခန်းကို..မဝင်ပါနဲ့….နီမကြိုက်ဘူး”

ပန်းနီနီ စကားလမ်းကြောင်း လွဲလိုက်ပြီး

“ငါ…မေးတာကိုသာ..ဖြေစမ်းပါ ….ပန်းနီနီ.. ဒါဘာလဲလို့”

“အဲ့တာ….ဟိုဟာမလာလို့..စစ်လိုက်တာ”

ဒေါ်ပြုံးဝေဝေ က..

“ဒါ…အောင်ကိုကို နဲ့..ရတဲ့..ကိုယ်ဝန် လား”

“ဟုတ်..တယ်…ဟုတ်တယ်…အဲ့တာ..ဘာဖြစ်လဲ ”

ဒေါ်ပြုံးဝေဝေ.. သမီးဖြစ်သူ…ပန်းနီနီ လက်ကိုကိုင်ကာ..”..လိမ်မာစမ်းပါသမီးရယ်”

“ဟိုတလောက.. ပဲ..အောင်ကိုကို့မိန်းမ..နဲ့အမေ…အောင်ကိုကို နဲ့…မပတ်သတ်.ဖို့လာပြောသွားတယ်လေ”

“မသိဘူးကွာ…မသိဘူး…အိမ်မှာနေရတာ…နားကိုငြီးတယ်..”

ထိုသို့ပြောကာ…အိမ်ထဲကနေ..ထွက်လာတော့ပြီး…ဖုန်းကိုကောက်ကိုင်ကာ…”.ဟလို…ကိုကို….နီပြောစရာ…ရှိတယ်..တွေ့နေကျ နေရာကိုလာခဲ့”

#############.####################
လမင်းသာ..စားသောက်ဆိုင်

ပန်းနီနီ.. လွတ်နေသည့်…စားပွဲ…တခုမှာ…ဝင်ထိုင်လိုက်သည်
ခဏကြာတော့.. အောင်ကိုကို နီ..ရှိတယ့်..စားပွဲခုံမှာ…ဝင်ထိုင်ရင်း

“ဘာလဲ..နီ..ပြောစရာရှိတယ်ဆို..ပြောလေ”

နီ.က

“အဲ့တာ…နောက်မှပြောရမယ်….တခုခု မှာ..ရအောင်…နီ.ဗိုက်ဆာနေပြီ”

အောင်ကိုကိုက…ပြုံးဖြီးဖြီနှင့်…

“ဟုတ်သားပဲ…..”

အောင်ကိုကို.. စားပွဲထိုးကို…လက်ပြကာ…လှမ်းခေါ်လိုက်ရင်း

“ညီလေးရေ…”

စားပွဲထိုးက…ဖော်ရွှေစွာဖြင့်

“ဘာများ…သုံးဆောင်မလဲ…ဗျ”

“အကို့ကို…ကိုလာ…တခွက်နဲ့…ကြက်ကြော်..တပွဲ….နီလည်း…..မှာလေ”

“နီကို…chicken bakar..တလုံး..အဲ့တာပဲ”

“ဟုတ်ကဲ့ပါဗျ”

စားပွဲထိုး…ထွက်သွား ချိန်တွင်..ပန်းနီနီက

“ကိုကို…ဟိုလေ…နီ့မှာ…ကိုကိုနဲ့ ရတယ့်…ကိုယ်ဝန် ရှိနေပြီ”

အောင်ကိုကို အံသြကာ

“ဘာ…ဘယ်လိုပြောလိုက်တယ်…. နီ့မှာ….ကိုယ်နဲ့…ရတယ့်..ကိုယ်ဝန်ရှိနေပြီ…ဟုတ်လား….ဝမ်းသာလိုက်တာ ”

“ဟုတ်တယ်…အဲ့တာ…ကိုကို့မိန်းမနဲ့…ဘယ်တော့ကွာရှင်းပေးမှာလဲ”

အောင်ကိုကို ခေါင်းကုတ်ကာ

“အဲ့တာက…ဟိုလေ”

ပန်းနီနီ.. ဒေါသတကြီးနဲ့. စားပွဲခုံကို…ထုပြီး

“ဘာလဲ….ကိုကိုက….မအလိမ္မာနဲ့…မကွာပေးနိုင်ဘူးလား”

“မဟုတ်ပါဘူး….နီရယ်….ကိုယ့်အမေရဲ့…ကုမ္မဏီက…. အလိမ္မာ အဖေရဲ့…ရှယ်ယာ တွေ…၃ပုံ၂ပုံ….တောင်ပိုင်တာ…ကိုက…အလိမ္မာ နဲ့…ချက်ချင်းကွာရှင်းလိုက်ရင်….ကိုတို့.ကုမ္ပဏီ.. ဆက်ပြီးတည်ထောင်လို့မရတော့…ဘူး….အဲ့တာကြောင့်မို့လို့.. နီ…ခဏလောက် တော့…သည်းခံ ပေးပါနော်”

“မသိဘူးကွာ…. မသိဘူး.. ကိုကို..မိန်းမနဲ့…မကွာပေးရင်…နီ့ကို…မချစ်လို့ပဲ”

အောင်ကိုကို.. ပန်းနီနီ ရဲ့လက်ကလေးကို….ဆွဲကိုင်ကာ….

“နီ. ..ကလည်း…ကိုယ်က..မကွာပေးဘူးလို့ပြောတာမှ…မဟုတ်တာ… နီ…ကိုခဏလေးပဲ..စောင့်ခိုင်းတာ”

သူတို့နှစ်ယောက် ပြောနေရင်းကပဲ…ဆိုင်ကစားပွဲထိုးရောက်လာပြီး….”ဒီမှာ….အကိုတို့မှာ…ထားတယ့်….ဟာတွေပါ…”ပြော…ပြီး…သူတို့ရှေ့ကို…မုန့်တွေ..လာချပေးပြီး…ထွက်ခွာသွားလေသည်

အောင်ကိုကို….ပန်းနီနီ ကိုချော့ပြီး

“ကဲ..နီ..စိတ်ကောက်မနေနဲ့တော့….ကိုကို….အလိမ္မာ နဲ့…ကွာရှင်းပေးမယ်…ဟုတ်ပြီလား…..နီမှာ..ထားတယ့်…မုန့်တွေ….အေးတော့မယ်…မြန်မြန်စား”

ထိုမှ…ပန်းနီနီ က…ပြုံးရယ်ကာ…

“ကိုကို…တကယ်ပြောတာနော်”

“တကယ်ပေါ့ကွ”

“ရေး…ဒါမှ..ဒို့ကိုကိုကွ”

###################################

မယားငယ် အပိုင်း၃

ဒေါ်ပြုံးဝေဝေ.. ဟင်းချက်ဖို့အတွက်..
ကြက်သွန်နီ ခြင်းကိုကြည့်လိုက်ရာ
“ဟောတော့..ကြက်သွန်တောင်…ကုန်နေပြီ”
ထိုသို့ရေရွတ်ရင်း..အိမ်ရှေ့မှာ…tvကြည့်နေသော…ပန်းနီနီ ကို…လှမ်းခေါ်လိုက်ကာ

“သမီး…ပန်းနီနီ.. အမေ့ကို…ဒေါ်ထွေး တို့အိမ်မှာ….ကြက်သွန်နီ.. ၁၀.သားလောက်…သွားဝယ်ပေးပါဉီး”

ပန်းနီနီ…. အိမ်နောက် ထေးသို့ထွက်လာကာ

“အင်းအင်း…သွားဝယ်ပေးမယ်….ပေးပိုက်ဆံ”

ဒေါ်ပြုံးဝေဝေ.. ခါးကြားထဲမှ.ပိုက်ဆံ..၁ထောင်ကို..ထုတ်ပေးပြီ

“သမီး
..မြန်မြန်သွားပြီး..မြန်မြန်ပြန်လာ နော်”

ပန်းနီနီ က
“အင်းပါ”

ထိုသို့ပြောကာ.. လမ်းထိပ်က… ဒေါ်ထွေး..ကုန်စုံဆိုင် ကို…ထွက်လာ…တော့တယ်

“အန်တီ ထွေး…နီ့..ကို..ကြက်သွန်နီ ၁ဝ..သားလောက်”

ဒေါ်ထွေး..လျှင်မျန်စွာ… ကြက်သွန်နီ…ကို…ချိန်ခွင်ထဲသို့..ထည့်လိုက်ပြီး

“အန်တီ ထွေး..ဘယ်လောက်လဲ ”
.
“၈ရာ…. သမီး”

ပန်းနီနီ.. လက်ထဲမှ..ပိုက်ဆံ၁ထောင်ဒေါ်ထွေးကိုပေးလိုက်ကာ..ဘေးမှ.နေကြာစေ့ ထုတ်ကိုဆွဲဖြုတ်…လိုက်ပြီး

“အန်တီ ထွေး…နေကြာစေ့..ဘယ်လောက်လဲ ”

ဒေါ်ထွေးက

“၂ရာ…သမီး”

ထိုစဉ်…နီ..တို့ရပ်ကွက်ထဲမှ…ဒေါ်ကြူ…မုန့်ဆိုင်ကိုရောက်လာကာ…

“မထွေးရေ…ကျမကို…ဆီ…တဆယ်သားပေး”

ဒေါ်ကြူ…ပန်းနီနီ ကို…မြင်သွားကာ…

“သမီး…ပန်းနီနီ.. စျေးလာဝယ်တာလား”
.
ပန်းနီနီ

“ဟုတ်…”.

ပန်းနီနီ ထိုသို့ပြောကာ… ဆိုင်ထဲမှ…ထွက်လာသည်…ပန်းနီနီ ထွင်သွားပြီးနောက်…ဒေါ်ကြူက

“အဲ့..ကလေးမပေါ့…သူများလင်ကို….သွားခိုးတာ”

ဒေါ်ထွေးက

“ဟုတ်ရဲ့လား… မကြူရယ်…”

“ဟယ်…ဟုတ်တာမှ….ဟုတ်ဟုတ်ဟုတ် တောင်မြည်သေးတယ်…..ဟိုတလောကပဲ… မယားကြီးတောင်သူ့အိမ်ကို…လာသွားသေးတယ်”

“ဟယ်….မထင်ရဘူးနော်…ရုပ်ရည်လေးသနားကမားနဲ့”

“မထင်နဲ့…မထွေးရေ….မယားငယ်တွေက….ရုပ်ကြည့်လိုက်ရင်…မခုတ်တက်တယ့်…ကြောင်လိုပဲ”

ဒေါ်ထွေး…လက်ထဲက..ဆီဘူးကို..လှမ်းပေးကာ

“ရော့….မကြူ”

###################################

ပန်းနီနီ ကုတင်ပေါ်တွင်…လဲကာ..စာအုပ်…ဖတ်နေရင်း…..ဘေးမှာ…ရှိတယ့်…ဟန်းဖုန်းကလေးက….ထမြည်လာသည်..ကြည့်လိုက်တော့…. အောင်ကိုကို့..ဖုန်းနံပါတ်

“ဟယ်လို….ကိုကို…”

တဖက်က…

“ဟယ်လို…နီ…ဘာလုပ်နေလဲ ”

ပန်းနီနီ.. အသံကို…ခြွဲပြစ်နေအောင်ပြောကာ

“ဘာမှမလုပ်ပါဘူး..ကိုကို..လာမခေါ်တော့ ..ပျင်းလွန်းလို့ သေတော့မယ် ”

အောင်ကိုကို…ရယ်ကာ

“နီ….. ကိုကို့ကို….ချစ်လား”

“ဘယ်လို”ပြောလိုက်တာလဲ…ချစ်တာပေါ့..”

အောက်ကိုကို

“တကယ်လို့…..နီ..ကိုပိုနဲ့…အတူတူနေရမယ်ဆိုရင်…ကော…ပျော်မှာလား”

“ပျော်မှာပေါ့ ”

…….

“အဲ့တာဆို.နီ..ကိုကို…ချိန်းထားတယ့်နေရာကိုလာ…..ကိုကို..မတ်ဆေ့ပို့…လိုက်မယ်”

######################$$#############

ပန်းနီနီ… အခန်းထဲမှ.. ထွက်လာကာ..

“အမေ..သမီး..အပြင်သွားဦးမယ် ”

စက်ချုပ်ခုံမှ…ဒေါ်ပြုံးဝေဝေ က…

“သမီး…မြန်မြန်သွားနော်….နောက်မကျစေနဲ့”

ပန်းနီနီက

“အင်းပါ”
###################################

.ခုံတန်းလေး…ပေါ်မှာ…ထိုက်နေသော…အောင်ကိုကို့ဆီ…နီ..တလှမ်းချင်းလှမ်းလာကာ….ခုံလေးပေါ်..ထိုက်လိုက်ရင်း”

“ဘာလဲ…ကိုကို…နီကို…ပြောစရာရှိတယ် ဆို”

အောင်ကိုကို သက်ပြင်းချကာ

“နီ…ကိုကိုခေါ်တဲ့…နောက်ကို…လိုက်ရဲလား ”

ပန်းနီနီ ပြုံးရယ်ကာ

“ကိုကို…ကလည်း…နီ..ဘဝကိုတောင်…ကိုကို့ကို…ပေးလိုက်ပြီပဲ…ကိုကို့..နောက်ကို…နီ..လိုက်ရဲ..တာပေါ့”

“အလိမ္မာက.. ကိုကိုနဲ့…ကွာမရှင်းပေးဘူး”

ပန်းနီနီ လန့်ဖြန့်သွားကာ

“ဘာ..”

အောင်ကိုကို…ပန်းနီနီ ပုခုံးလေးကိုကိုင်ကာ

“နီရယ်…..စိတ်မပျက်ပါနဲ့…. အလိမ္မာ ကို..ပ.ထုတ်လို့ရမယ်နည်း…ကိုကို့မှာ…ရှိတယ်..”

ပန်းနီနီ က

“ပြောပါဉီး”

“နီ…ကလေး..မွေးပြီးတဲ့…အထိ…မှော်ဘီမှာ…ရှိတယ့်…ကိုကို့အိမ်မှာ…နေ…နောက်မှ.ကိုတို့…ကလေးကိုအလိမ္မာကိုပြပြီး..အလိမ္မာ့ကို….ကလေးမမွေး..ပေးနိုင်လို့…ဆိုပြီး….အတင်းကွာရှင်းခိုင်းမယ်”

“ဝါး….ကိုကို..ကတော်လိုက်တာ”

#############################

မယားငယ်.အပိုင်း.၄

ရှယ်ကြမ်းမှာနော်😁😁😇😇

ဒေါ်ပြုံးဝေဝေ…. ထိုင်ခုံပေါ်မှာ…ထိုင်ရမလိုလို..ထရမလိုလို..ပြာယာခတ်နေသည်….
နာရီ.ကိုကြည့်တော့လည်း..၁၀နာရီ..ထိုးနေပြီ…သူမ၏..သမီး..ပန်းနီနီ… ဒီလောက်အိမ်ပြန်နောက်မကျ..တက်…အခုတော်တော်…ညနက်တဲ့ထိ ပြန်မလာသေး…ဒေါ်ပြုံး…သက်ပြင်း..အရှည်ကြီး ချလိုက်လေသည်

“ဟူးးးးးးး”….”မဖြစ်သေးပါဘူး လေ”
ဆိုပြီး…ဘုရာစင်ပေါ်က…ဖုန်းကို..ယူကာ
သူ၏ဖုန်း.contacas..ထဲက…သမီးလေး..ဆိုပြီး..မှတ်ထားတဲ့…ပန်းနီနီ. ၏..ဖုန်းကိုခေါ်လိုက်သည်..သူ.ဘယ်လောက်ခေါ်ခေါ်…
ဖုန်းက

“လူကြီးမင်းခေါ်..ဆိုသော..တယ်လီဖုန်းမှာ…စက်ပိတ်ထားပါသည်ရှင်..Sorry.The#####”

ဟုသာ..အသံထွက်နေသည်။

###################################
ပန်းနီနီ.. ကားမှန်ပေါ်ခေါင်းလေး.မှီနေရင်းအောင်ကိုကို…စကားသံကြောင့်.လန့်သွားသည်။

“နီ..ကြောက်နေလား”

ပန်းနီနီ ပြုံးပြီး…အောင်ကိုကို ကိုကြည့်ကာ

“မကြောက်ပါဘူး…..ကိုယ်ချစ်တဲ့သူနဲ့ အတူနေရတော့မှာ..ပျော်တာပေါ့”

အောင်ကိုကို..ပန်းနီနီ လက်ကလေးကို…ကိုင်ပြီး…

“ကိုလေ…နီ့.ကိုအရမ်းချစ်တာပဲ..သိလား..နီနဲ့.ကိုကို..သာဝေးရရင်လေ…ကိုယ်..သေများသေသွားမလာမသိဘူး”

ပန်းနီနီ အောင်ကိုကို…ပုခုံးကို..လက်ဖြင့်ဖွဖွလေးထုပြီး

“သွား…လူဆိုး”

ခဏလောက်နေတော့…သူတို့၏..ကားလေးက….တိတ်ဆိတ်ငြိမ်သက်နေသော…ခြံဝန်းအကျယ်ကြီး.တည်ရှိသော..အိမ်ဝန်းကြီး..ထဲသို့..တိုးဝင်လာသည်

အောင်ကိုကို..ပန်းနီနီ ၏…ခန္ဓာကိုယ် လေးကို.ကားပေါ်မှ..ဆွဲချီကာ…ထို..အိမ်ကြီးထဲသို့…ဝင်လာတော့သည်

###################################
၁ပတ်ခန့်ကြာသော်

ဒေါ်ပြုံး…စက်ချုပ်ခုံမှာ..စက်ချုပ်နေရင်း…သူ၏..ဖုန်းမြည်သံကြောင့်…ဖုန်းကိုကြည့်လိုက်ရာ…သူမ၏သမီး….ပန်းနီနီ.. ဖြစ်နေတယ်…သူ..ဝမ်းသာအားရ ဖြင့်..ဖုန်းကိုကိုင်လိုက်ပြီး

“ဟလို…..”

တဖက်က
တလ
“ဟလို..အမေ..သမီးပါ..ပန်းနီနီ.. ”

ဒေါ်ပြုံး..ရီလိုက်ကာ

“သမီး…အခု..ဘယ်မှာ.လဲ..အမေသမီးကို စိတ်ပူနေတာ…အမေ့စီပြန်လာနော်”

ဒေါ်ပြုံး..အသက်တောင် မရှူနိုင်ပဲ…စကားတွေ..ပြောနေတော့သည်

ပန်းနီနီက

“အမေ..သမီးကို..စိတ်မပူပါနဲ့… သမီး…ကိုကိုနဲ့…အတူနေနေတာ…အမေ့ဆီတော့…ကလေးမွေးပြီးမှပဲ..ပြန်လာဖြစ်တော့မယ်”

ဒေါ်ပြုံး….မျက်နှာတွင်…ပျော်ရွှင်မှုများပျောက်ကွယ်သွားပြီး

“မိုက်လှချည်လား ငါ့သမီး ရယ်”

###################################

“နီ…ဒါက….ဒေါ်စောဖြူ… တဲ့..နီတယောက်ထဲ…အိမ်မှာကြောက်မှဆိုးလို့….အဖော်ရအောင် ခေါ်လာတာ”

နီကြည့်လိုက်တော့…အသားဖြူဖြူ…နဲ့..ရုပ်ကကရင်ရုပ်ထွက်နေတဲ့..အမျိုးသမီး ကြီးတဉီး..သူကြည့်ရတာ…သဘောကောင်းတဲ့ပုံ

ထိုမိန်းမကြီးက

“ဒေါ်စော.လို့ပဲခေါ်ပါ”

“ဟုတ်ကဲ့ ”
.
###################################
ပန်းနီနီ ရဲ့ကိုယ်ဝန်က…၂လကေျာ်၃လ..ထဲသို့ရောက်လေပြီ…သူမကို…အောင်ကိုကိုက..လိုတာထက်ပိုဂရုစိုက်တယ်…အခုတောင်..ရုံးသွားခါနီး…သူမ၏…မထွက်သေးသော…ဗိုက်လေးကို..အာဘွားပေးပြီးမှရုံးသွားသည်။
အောင်ကိုကို ၏..တရွေ့ရွေ့ထွက်သွားသော…ကားလေးကို..နီ..ကြည့်နေချိန်ဒေါ်စောဖြူက…

“အဒေါ်စျေး..သွားမလို့…သမီးဘာမှဉီးမလဲ.”

“ရပါတယ်ဘာမှမမှာတော့ဘူး”

ဒေါ်စောဖြူထွက်သွားပြီး.နီလည်းအိမ်ပေါ်တက်ခဲ့တော့တယ်…ထိုအချိန်တွင် ကားတစီး..သူမတို့အိမ်ရှေ့ကို ရပ်လာပြီး..ကားပေါ်မှ…ပန်းနီနီ မမြင်ချငိဆုံးသောလူ..မ..အလိမ္မာနှင့်.ဒေါ်အောင်သဇင်
သူမရှိရာ..အိမ်ပေါ်ကိုတက်လာကာ.ဒေါ်အောင်သဇင်က .ပန်နီနီရဲ့ဆံပင်ကိုဆွဲကာ….အလိမ္မာကပါးရိုက်တော့တယ်… ..

“နင့်ကို
.မောင်နဲ့…မပတ်သတ် ဖို့ပြောတာတောင်…နင်က…စောက်ဂရုမစိုက် ဘူးလား…မယားငယ်မရဲ့.”

ဆိုပြီး. .ပန်းနီနီရဲ့…လည်ပင်းညစ်ကာ..ပန်းနီနီရဲ့…ပုခုံးကိုကိုင်ပြီး..အိမ်ပေါ်ထပ်ကနေ ..တွန်းချလိုက်သည်။
ပန်းနီနီ ရဲ့စိတ်ထဲတွင်.”ဘုရား.ဘုရား..ငါ့ကလေးလေး ဘာမှမဖြစ်ပါစေနဲ့”
ဟုတွေးရင်း..အိမ်ပေါ်ထပ်ကနေ လိမ့်ကျလာတော့တယ်

#############################

မယားငယ် အပိုင်း ၅

မှော်ဘီ.ဆေးရုံ

ပန်းနီနီ.. အရေးပေါ် ခန်းထဲမှာ…မေ့ဆေးပေးထား၍..သတိက..ရတချက်…မရတချက်..ဖြစ်နေသည်…ထိုအချိန်
.အခန်းအပြင်ဖက်က…ကိုကို့..အသံကြောင့်…နီ..အားတက်သွားသည်..အောင်ကိုကို က
အရေးပေါ် အခန်းထဲမှ..ထွက်လာသော…ဒေါက်တာကို

“ဒေါက်တာ..ကျွန့်တော့မိန်းမနဲ့..ကလေး..ဘာဖြစ်သွားသေးလဲ…ကျွန်တော့်..ကလေးကို…ကယ်ပါ..ဒေါက်တာ”

ဒေါက်တာက..သက်ပြင်းချပြီး

“ခင်ဗျား..ကလေးက..ပျက်ကျသွားပြီ..ခင်ဗျား.. မိန်းမကတော့…ဗိုက်ကိုဒဏ်ရာ..ပြင်းပြင်းထန်ထန်…ထိသွားလို့..တသက်လုံးကိုယ်ဝန်မဆောင်နိုင်တော့ဘူး”

အောင်ကိုကို..ဘေးနာမှ..ရှိသော..ထိုင်ခုံပေါ်မှာ ထိုင်လိုက်ပြီး…သူ၏ဆံပင်များကို..လက်ဖြင့်ထိုးဖွကာ

“ဟာကွာ….”

အထဲမှ…ပန်းနီနီ က…ဘာမှသိမသွားပေ

###################################
ပန်းနီနီ.. နိုးတော့…အောင်ကိုကို က…ဒေါ်စောဖြူကို…. ဆူနေသည်…

“အဒေါ်….အဒေါ်..အိမ်မှာ..မရှိလို့….ကျွန့်တော့မိန်းမနဲ့ ကလေး..ဒီလိုဖြစ်ရတာ..”

ဒေါ်စောဖြူ..ကြောက်ကြောက်လန့်လန့်ဖြင့်

“ငါ့တူရယ်..အဒေါ်ရှင်းပြပါရစေ..အဲ့တုန်းက…အဒေါ်စျေးသွားနေတာပါ…အိမ်ပြန်ရောက်တော့…မိန်းမနှစ်ယောက်.. အိမ်ထဲက..ထွက်လာတယ်…ပြီးတော့..လှေခါးရင်းမှာ…ပန်းနီနီ..လှဲကျနေတာတွေ့တာပဲ”

ထိုအချိန်မှာပဲ…ပန်းနီနီ.. သတိရလာပြီး

“ရေ….ရေ”

ဘေးနားက…ဒေါ်စောဖြူ က…ပြာပြာ..လဲလဲဖြင့်..ရေခပ်ကာ…ပန်းနီနီ ကိုပေးလေသည်
အောင်ကိုကိုက

“နီ..သတိရပြီလား….ကို..နီစားဖို့…တခုခုသွား ဝယ်လိုက်မယ်”
###################################
ညနေကျတော့..ဒေါ်စောဖြူ က….ပန်းနီနီ အတွက်…လိုအပ်သည်များကို…သွားဝယ်နေသည်…အောင်ကိုကိုက…ဖုန်းသွားဆက်နေသည်
ပန်းနီနီ ကတော့…ကလေးပျက်ကျတာကို..မသိသေး
ပန်းနီနီ.. အခန်းထဲမှာ…တယောက်ထဲရှိနေချိန်
တံခါးကို..ဖွင့်ကာ..ဝင်လာသော
အလိမ္မာနဲ့.ဒေါ်အောင်သဇင်
အလိမ္မာ က

“ဒီလောက် ဆို..နင်မှတ်လောက်ပြီပေါ့..နော်..မယားငယ် မ…အေးလေ..သူများလင်…ကြာခို.တော့လည်း…ဒီလောက်တော့ခံရမှာပေါ့..သနားစရာကောင်းလိုက်တာ.. သူ့ခမျာ…ကလေးပျက်ကျတဲ့..အပြင်..အမြုံပါ…ဖြစ်သွားတယ် ”

ပြောပြီး..ခနဲ့သလိုရယ်တော့သည်

“ရှင်..ဘာတွေလာပြောနေတာလဲ….ကျမ..ကျမက..ဘာလို့ကလေးပျက်ကျရမှာလဲ…ရှင်မဟုတ်တာတွေလာမပြောနဲ့”

ဒေါ်အောင်သဇင် က

“နင်.ငါ့ချွေးမကို…..အမြုံမလို..ပြောခဲ့တာ..မှတ်မိလား.အဲ့တာနင်.ဝဍ်လည်တာပဲ”

ပန်းနီနီ..ကိုယ့် ဆံပင်းကို..ဆွဲပြီး..အော်လိုက်သည်

“အား.းးးးးးးရှင်တို့…အခုချက်ချင်း ကျမရှေ့ကထွက်သွား….သွား.းးးးးး..”

အောင်ကိုကို..အခန်းထဲလာပြီး.

“ဟာ…မ.နဲ့.အမေ..ဒီကိုဘယ်လိုရောက်လာတာလဲ….”

အလိမ္မာ က

“နင့်အပူမပါဘူး…ခြံခုန် ကောင်”

အောင်ကိုကို..လက်အုပ်ချီပြီး

“မရယ်…ပြန်လိုက်ပါတော့”

“ပြန်မှာပါ..ပြန်မှာပါ…နင်တို့နားမှာ.၁စက္ကန့် တောင်မနေချင်ဘူး….မယားငယ်မ..ဝဍ်လည်တာ…မြင်ချင်လွန်းလို့လာကြည့်တာ”

ဟုပြောပြီး
..ချကနဲ..လှည့်ထွက်သွားသည်

“ကိုကို…သူတို့ပြောတာ…အမှန်ပဲလားဟင်…..နီ.နဲ့ကိုကို့..ကလေး..ပျက်ကျသွားပြီ ဟုတ်လား…ပြီးတော့..နီက..ကိုယ်ဝန် မဆောင်နိုင်တော့ဘူးဆို…..ဟင်….ကိုကို…နီမေးတာဖြေစမ်းပါ..ဖြေလေ”

အောင်ကိုကို မျက်နှာပျက်ကာ

“အင်းးးး”

###################################

၉လခန့်ကြာသော်

နီ..ဆေးရုံကဆင်းလာပြီး..နောက်ပိုင်းကိုကို…နီ့ကို..ဂရုမစိုက်တော့…

ထိုနေ့…နီ..အိမ်ထဲမှာနေရတာ…မွန်းကြပ်လာပြီး…အပြင်ထွက်လာကာ….ဒေါ်စောက…နီဆီကို..ပြေးလာပြီး..

“သမီး….သမီးနာမည်နဲ့..ပါဆယ်လာပို့သွားတယ်..ရော့”

ဆိုပြီး..နီ့လက်ထဲကို…ပါဆယ်ဘူးလေးထိုးထည့်လိုက်သည်

“ဘာတွေလဲမသိဘူး”

ဆိုကာ..အိမ်ထဲဝင်ပြီး
ဘူးကို…ဓားဖြင့်ဖွင့်လိုရာ
ဘူးထဲမှ…အောင်ကိုကို နဲ့.. ကောင်မလေးတယောက်…လက်ချင်းချိတ်ကာ…လမ်းလျောက် လာတဲ့..ပုံတွေနဲ့…ကောင်မလေးရဲ့..ပါးလေးကို..နမ်းနေတဲ့နေတဲ့ပုံတွေနဲ့…တခြားပုံတွေ…စောနက..နီ.ပါဆယ်ပုံးကို..သေချာမကြည့်ပဲ..ခီယွဲလိုက်ရာ…ပါဆယ်ပုံးပေါ်မှစာလေးကိုမတွေ့မိ…နီစာလေးကို..ဖတ်ကြည့်ရာ..ထိုစာလေးက

“ပန်းနီနီ.. မင်းတွေ့ပြီလား….ဖောက်ပြန်တက်တဲ့..ယောက်ကျား က..ဘယ်မိန်းမနဲ့..ယူယူ..ဖောက်ပြန် နေမှာပဲ..ငါဘယ်သူ..လဲမသိချင်ပါနဲ့…မင်းမုန်းတဲ့ထဲက..တယောက်ပေါ့”

ပန်းနီနီ တောက်ကို ပြင်းပြင်းထန်ထန် ခေါက်လိုက်ပြီး.

###################################

အောင်ကိုကို..အိမ်ပြန်ရောက်တော့.. ပန်းနီနီ က….ဓာတ်ပုံ များကို…အောင်ကိုကိုမြင်အောင်ပြလိုက်ပြီး

“ဒါဘာလဲ”

ေအာင်ကိုကို…ဓာတ်ပုံများကို..သေချာကြည့်ပြီး…

“ဟာ..ဒါတွေ..မင်းဘယ်လိုရတာလဲ…”

ပန်းနီနီ

“ရှင်သိစရာမလိုပါဘူး…..ဘာလဲ..ရှင်ကျမကို….မလိုချင်တော့ဘူး လား”

“အေးကွာ…မလိုချင်ဘူး.. မင်းကလေးမှမမွေးပေးနိုင်တာ…မွေးပေးနိုင်တဲ့သူ…ကိုရှာရတာပေါ့”

ပန်းနီနီ.. ဒေါသ..ငယ်ထိပ်ရောက်ပြီး…

“ရှင်ဆီမှာ…မနေဘူး…ကျမပြန်မယ်….ကျမအမေဆီပြန်မယ်”

ပန်းနီနီ အိမ်ပေါ်ထပ်ကိုတက်သွားပြီး….သူမ၏..အဝတ်များကို…အိတ်တခုထဲသို့ထည့်ကာ….အိမ်ပေါ်မှဆင်းသွားတော့သည်###################@@@@#####

ဒေါ်ပြုံး. အိမ်တံခါး..လာခေါက်သောကြောင့်..တံခါးထဖွင့်ပေးလိုက်ရာ

“ဟယ်…သမီး…အမေ့မြေးလေးရော…ဟင်သမီး…အောင်ကိုကို ရောမပါဘူးလား”

“အဲ့တာတွေ​ေနောက်မှ..ရှင်းပြမယ် ”

###################################
အိမ်တံခါးက..ထွက်ရန်ပြင်နေသော..ဒေါ်ပြုံးကို..ပန်းနီနီ က

“အမေ….စျေးသွားမလို့လား….”

ဒေါ်ပြုံးလှည့်ကြည့်ကာ

“အေး…သမီး”

“သမီးလည်းလိုက်မယ်.”.
###################################

နီတို့…စျေးထဲမရောက်ခင်..စျေးထိပ်မှာပင်….မိန်းမ..တချို့.. ပန်းနီနီ ကို..ကြည့်ပြီး..တိုးတိုးတိုးနဲ့..စကားပြော နေကြသည်.
သူတိုပြောနေတာက

“ဟဲ့..မခင်..ဟို..အင်္ကျီ အနီနဲ့..ကောင်မလေးတွေ့လား…အဲ့တာ..မယားငယ် ”

“ဟယ်ဟုတ်လား”

“ဟုတ်တာပေါ့…အခုတောင်
.မယားကြီးကရိုက်လိုက်တာ..သူ့ကိုယ်ဝန်ပျက်ကျတဲ့အပြင်..မြုံသွားတယ်…လေ…အဲ့တာကြောင့်မို့လို့ သူ့အမေဆီ ပြန်လာနေတာ..”

ပန်းနီနီ.. ထို့စကားကြောင့်..မျက်ရည်ဝဲလာကာ…အိမ်ကိုပြန်ပြေးတော့.တယ်

..အမေ..သမီးအိမ်ပြန်တော့မယ်

အိမ်ပြန်ရောက်တော့.. ထုတ်တန်းပေါ်ကို..ကြိုးချည်ပြီး…ခုံပေါ်တွင်မတ်တက်ရပ်ကာ….ကိုယ့်ကို.ကို.ကြိုးဆွဲချလိုက်တော့တယ်
###################################

ပြောချင်တာက… အစောကတည်းက… ရှောင်ကြပါ…မဟုတ်ရင်..ပန်းနီနီလိုဖြစ်လိမ့်မယ်

#Ei Thet Mon#

Credit