မိထားခင် လင်နှစ်ယောက်(စ/ဆုံး)

 မိထားခင် လင်နှစ်ယောက်(စ/ဆုံး)

———————————-

“အမည် “” မထားခင်”

“မွေးနေ့သက္ကရာဇ်ပြော ”

“၁၃၃၈ ဝါဆိုလဆနျး၁ရကျ စနေသမီး မနက်၈နာရီတိတိမှာ မွေးပါတယ်ရှင့် ”

“အင်း စနေသမီး အထွန်းဖွား ဘီလူးနက္ခတ် လဆန်း၁ရက်မွေး
စိတ်ကြီးမယ် ကြမ်းကျုတ်မယ် ထက်မြက်မယ် ထွန်းပေါက်အောင်မြင်မယ့် အမျိုးသမီးပဲ မနက်၈နာရီဆိုတော့ နေတက်ရေတက်ပဲ အင်း
အိမ်ထောင်က ဘယ်နှစ်ဆက်ရှိပြီလဲ အခုအိမ်ထောင်နဲ့ဆိုရင်”

“ရှင်……..”

“နှစ်ဆက် နှစ်ဆက်ပါရှင်”

“အရင်အိမ်ထောင်ရော အခု အိမ်ထောင်ရော စနေတွေချည်းပဲ မဟုတ်လား မထားခင်”

“ရှင် ဟုတ်ပါတယ်ရှင် ဆရာ ဘယ်လို ဘယ်လိုလုပ်သိလဲဟင်”

“သြော်….
ထားခင်ရယ် ဗေဒင်ဆရာပါဆိုမှ မသိပဲနေမလားဟဲ့ အခု ကိုယ်လာတဲ့ လိုရင်းပဲမေးစမ်းအေ”

ထားခင်နားက ဒေါ်ခင်စိန်က ထားခင်ကို လက်ကုတ်ပြီးပြောသည်။ ဗေဒင်ဆ ရာ ဒီလောက်မှန်နေမှ သူမအလှည့်ရောက်လျင်လည်း ဘာတွေဟောချတော့မည်လည်း ဒေါ်ခင်စိန်ရင်တုန်ပန်းတုန်ရှိလှပြီ ။ သူမအခုလက်ရှိအိမ်ထောင်မှာ အရင်အိမ်ထောင်ငုတ်တုတ်နှင့် တိတ်တိတ်ပုန်းဇာတ်လမ်းတွေဖြစ်ခဲ့ပြီးမှ ယူခဲ့ရတာကို ဒီဆရာဟောမှ လူသိရှင်ကြားသိရတော့မည်လား
ဒေါခြငစြိနမြေးရမညတြောငမြဝံ့မရဲဖှဈလာကာထပှနခြငွစြိတပြေါကလြာသညြ။ သို့သော်လည်း လူ့သဘာ၀က မှန်သည်ဆိုသောဆရာနှင့်တွေ့နေမှတော့ ကိုယ့်ရှေ့ရေးကိုဘာဆက်ဖြစ်မည်လည်းသိချင်စိတ်ကထိန်းမရဖြစ်နေလေသည်မို့ ထားခင်ကို လက်တို့ကာ “ညည်းပြီးပြီမဟုတ်လား ဖယ် ငါ့အလှည့်

ဒီမှာဆရာ ငွေ၂ထောင် လာဘ်တင်ပါတယ်တော်တွေ့တာမြင်တာသာဟောပေးစမ်းပါ အားမနာပါနဲ့ ယတြာလေးလည်းကောင်းကောင်းလေးပေးပါဆရာရယ် အကုန်လိုက်လုပ်ပေးပါ့မယ် ကျမက တနလ်ာသမီး ၁၃၃၀ ကဆုန်လဆန်း၅ရက်”

******************************

“ဟဲ့ မိထားခင် ငါပြန်လာပြီလေ မိန်းမရဲ့ လာကြိုစမ်း ဒီမှာ ငါ့သူငယ်ချင်း အပေါင်းအသင်းတွေပါ ပါလာတယ် ငါ့မိန်းမ ငါ့ကိုဘယ်လောက်ထိချစ်လည်း ငါ့သူငယ်ချင်းတွေသိအောင်ကြွားထားရတာ
လာပါမိန်းမရ ယောကျ်ားကို လာတွဲစမ်း”

“အိုးးး မလာနိုင်ပါဘူး တော့်မှာ ခြေထောက်ပါတယ် ကို့ယ်ခြေထောက်နဲ့ ကိုယ်ပြန်လာပေါ့ ဒီမှာ ကျုပ်ထမင်းအိုးတန်းလန်းနဲ့ ထမင်းရည်ငှဲ့နေတာမမြင်ဘူးလား”

ထမင်းအိုးကို ၀ကစြာအိုးထဲ ထမင်းရည်သွန်ငှဲ့ရင်း မိထားခင် ပြန်အော်လိုက်သည်။ သူမကျောပေါ်မှာလည်း၂နှစ်အရွယ်အငယ်ဆုံးသား ကိုထွေးလေးကပိုးလိုက်ရင်း မိခင်ကို ဂျီတိုက်လျက်ရှိနေလေသည်။

“ဟားဟား ထားလိုက်စမ်းပါ ထွန်းခိုင်ရာ မင်းမိန်းမ မင်းကိုဘယ်လောက်ချစ်တာ မချစ်တာအရေးမကြီးပါဘူး အရေးကြီးတာက အရက်ကွ အရက် မင်းပြောတော့ မင်းအိမ်မှာ အရက်ရှိတယ်ဆို ဘယ်မှာလဲ ချကွာ အရက်ပဲဆက်သောက်မယ် ငါတို့ကို အရက်မရောင်းချင်လို့မရှိဘူးပြောလွှတ်တဲ့ မိသန်းကိုလည်း ပြန်ပြီးရန်သွားလုပ်ရအုံးမယ် လုပ်ကွာ”

“ကိုထွန်းခိုင် …
တော် လုပ်လာပြန်ပြီလား သူများဆီက အရက်သွားသောက်ရုံမကဘူး အိမ်ကစီးပွားရေးကိုလည်း လာထိခိုက်ပြန်ပြီလား တော်မလွန်နဲ့နော် ကျုပ်ရောင်းနေတဲ့ အရက်အိုးထဲက အရက်ကို နဲနဲမှ ထိမယ်မကြံနဲ့”

တကယ်တော့ စီးပွားဖြစ်ရောင်းနေတဲ့ အရက်တော့မဟုတ်ပါ။ လိုင်စင်မရှိဘာမရှိ ကိုယ့်အနီးနား၀န်းကျင်က လူတွေနှင့်နားလည်မှုယူကာ လိုင်စင်ရှိသောအရက်ဆိုင်မှ အရက်ဆီတပုလင်းကို ၄၀၀နဲ့ ယူကာ ရေ၃ပုလင်းထပ်စပ် ။ တပုလင်းကို၂၀၀နဲ့တင်ရောင်းရင်း မိထားခင် အိမ်ကမိသားစုလေးစားဖို့လုပ်နေရတာပင်။ ဒါကိုအိမ်က အရက်သမားလင်ထွန်းခိုင်သိရက်နှင့် ငါ မင်းအရက်ရောင်းရင် ငါအရက်မသောက်တော့ဘူး ငါ့မိန်းမရောင်းသမျှ ငါသောက်နေရင် ငါ့မိန်းမအမြတ်မကျန်မှာစိုး၍ ဟူ၏။

သို့သော် အမှတ်မရှိသော မိထားခင်မှာ မိမိယောကျ်ားထွန်းခိုင်ပြောသမျှ အဟုတ်ထင်၍ လေးဆမကမြတ်သောအရက်ကိုယူတင်ရောင်းပြီး ဆယ်ရက်ပင်မကြာ ကိုထှနျးခိုငျဇာတျိပွ၏။

ကိုထွန်းခိုင်ဇာတိပြသော်လည်း ဒီလောက်မြတ်နေသော အရက်ကရသည့်ငွေကို မိထားခင် မစွန့်ပစ်ရက်။ သောက်လည်းသောက်ပါစေ ။ အမြတ်တွက်ထဲကသောက်တာ သူအလွန်ဆုံးသောက်နိုင်လှ နှစ်ပုလင်းပေါ့။ ဒါပေမယ့်လည်း သူတင်မက အခုလိုသူ့အပေါင်းအသင်းပါတိုက်ဖို့ခေါ်လာသည်မှာတော့ မိထားခင်ပေါက်ကွဲရပါလေပြီ။

အစမှာတော့ မိထားခင်ဘာမှမပြောသေးပဲ သူတို့လေးယောက်သောက်စားကြတာကို အသာကြည့်နေမိသေး၏။

တင်းထဲမှ၀ပ်နေသော ကြက်မကြီး၏ဥတွေပါမနေရ။ သွေးခြည်ပင်သန်းနေလေသော ကြက်ဥလေးငါးလုံးကို မိထားခင်ခြွေခြွေတာတာ၀ယ်ထားသောဆီတစ်ဆယ်သားကုန်အောင် ကိုထွန်းခိုင်က အမြည်းလုပ်ဖို့ယူကြော်ပစ်လေသည်ကိုပါကြည့်၏။

အရက်တစ်ပုလင်းကနေ နှစ်ပုလင်း
နှစ်ပုလင်းကနေ သုံးပုလင်း လေးပုလင်းဖြစ်လာတော့ မိထားခင်အော်လေပြီ။

မိထားခင်အော်သည်မှာလည်းမပြောနှင့် ကိုထွန်းခိုင်နှင့်ပါလာသူသုံးယောက်ထဲမှ တစ်ယောက်သူဆိုတာက မိထားခင်အခုမှ ကိုထွန်းခိုင်ခေါ်လာ၍မြင်ဖူးရသောသူ

ကိုထွန်းခိုင် ငယ်သူငယ်ချင်းဖြစ်သည်တဲ့ အမည်က ဆန်နီဆိုပဲ။ ဆန်နီဆိုလို့ ဘိုဆန်ဆန်မှည့်ထားသည်မထင်နဲ့။ ငယ်ငယ်ထဲကအမွှေးနီနီ မျက်စိမျက်ဆံနီနီကြောင်ကြောင်နှင့်မို့ဆံနီခေါ်ရင်း ဆန်နီဖြစ်ရတာပင်။ ဒီလူက ရောက်ကထဲက မိထားခင်ဆီကိုမျက်စိကျွတ်ကျမတတ်ကြည့်သည်။ သူ့ခင်ပွန်းထွန်းခိုင်ကိုလည်း “မင်းမိန်းက မပြုမပြင်ပဲနဲ့တောင်ဒီလောက်လှနေတာ ပြင်ဆင်၀တ်စားလိုက်ရင် မင်းသမီးနန္ဒာလှိုင်ပဲကွ”ဟု မကြာမကြာပြောသည်။ ထားခင်ထိုင်နေသည့် မီးဖိုနားလည်း မကြာမကြာ ဆေးလိပ်မီးတို့ရန် မီးဖိုထဲကမီးခဲကိုကော်ရင်းလာတတ်သည်။ ထားခင်ကရွဲ့ပြီး သူတို့အနား မီးခြစ်သွားချပေးလိုက်တော့ ကိုထွန်းခိုင်ရှေ့တင် ထားခင်လက်ကို လှမ်းဆွဲသည်။ ထားခင် ရှောင်လိုက်တော့ ရယ်လေသည်။

ကိုထွန်းခိုင်သည် အရက်သမားတို့ထုံးစံအတိုင်း သူတို့ချင်း အရက်သမားချင်းကျတော့ အပြစ်မပြော။

သူတို့သူငယ်ချင်းတွေသောက်စားပြီးပြန်သွားတော့မှ ထားခင်ကို မူးပြီးရစ်လေသည်။ “နင်က ငါမသိအောင် မြူဆွယ်နေလို့နေမှာပေါ့”

“နင်က ဟိုကောင်အတင့်ရဲလာတာလည်းမပြောနဲ့ အဲ့မီးဖိုထဲကမှ မထွက်တာ ”

‘ဟဲ့ အပြင်ထွက်လာတော့လည်း အရောင်ပြသလေး ဘာလေးနင်ပဲလုပ်အုံးမယ်လေသေနာကောင်ကြီးရဲ့
မီးဖိုထဲနေတော့လည်းမြူဆွယ်တယ်လုပ်ပြန်ပြီ အဲ့သူတောင်းစားအရက်သမားသေခြင်းဆိုးတွေကို နင်ပဲ ဒကာခံအိမ်ခေါ်လာတာလေ နင် အစထဲက အိမ်ခေါ်မလာရင် နင့်မယားကို ဒီလိုတွေလာစော်ကားမလားဟဲ့”

“ငါ့သူငယ်ချင်းတွေကို မထိနဲ့ ငါ့သူငယ်ချင်းတွေက ငါအားကိုးနေရတဲ့သူတွေနင်သိလား သူတို့က ငါအခက်အခဲရှိတဲ့အချိန် ဘယ်အချိန်အကူညီသွားတောင်းတောင်း လက်တွန့်တဲ့သူတွေမဟုတ်ဘူး”

“အေးလေ အဲ့ဒါဆို ဘာလို့ ငါ့ကိုလာစွပ်စွဲနေတာလဲ”

တကယ်တော့ သူမတို့မှာ ဒီလို ဘာမဟုတ်သည့်ပြဿနာမျိုးက နေ့တိုင်း အကြောင်းအမျိုးမျိုးနှင့် တခုမဟုတ် တခုရှိနေတတ်သည်။ အဓိကကတော့ အရက်ကြောင့်ပါပဲ။ ဒီအရက်ကို သောက်လာတိုင်း ပြဿနာမျိုးစုံဖန်တီးကာ ကိုထွန်းခိုင်က မိထားခင်ကိုရန်ရှာတတ်သည်။ အစမှာ မိမိထက် အသက်အများကြီးကြီးသော ကိုထွန်းခိုင်ကို မိထားခင် ကြောက်စိတ်ကြောင့် ပြန်မပြောပဲ သီးခံခဲ့သည်။ အိမ်ထောင်သက်ကြာလာတော့ ပို၍ပို၍ ဆိုးလာသော လက်ပါလာသော၊ အနိုင်ကျင့်သထက်ကျင့်လာသော ကိုထွန်းခိုင်ကို မိထားခင် ပြန်ခံပြောကာ ပြန်ရန်သတ်တတ်လာခဲ့သည်။ တခါတခါမှာ ရင်နာနာနှင့် မိထားခင် ငိုရင်းပြောတတ်သည်မှာ

“ငါ အစက အဲ့လို မရုတ်ရင်း မကြမ်းတမ်းပါဘူး ငါ့အမေရဲ့ ဆုံးမအုပ်ချုပ်မှုအောက်မှာ ငါကထုသားပေသားကျပြီး လိမ်လိမ်မာမာနေခဲ့တာ နူးနူးညံ့ညံ့နေခဲ့တာ အခုတော့ နင်လို လူရမ်းကား အရက်သမားနဲ့ညားလို့ ငါပါ နှုတ်လျှာကြမ်းကြမ်း မိန်းမရိုင်းကြီးဖြစ်နေရပြီဟဲ့ ကိုထွန်းခိုင်ရဲ့”

ဆက်ရန်

#မိထားခင် လင်နှစ်ယောက်#အပိုင်း ၂

တကယ်တော့ ဒီမိထားခင်ဆိုသည့်အမည်ဖြစ်ပေါ်လာတာက ထားခင်တို့ရွာမှာ လာကပြဖျော်ဖြေသွားသော ဇာတ်သဘင်တစ်ခုမှ ဇာတ်လမ်းခေါင်းစဥ်တစ်ခုဖြစ်သော “ထားခင် လင်နှစ်ယောက်”ဇာတ်လမ်းကိုကြည့်ရင်း ဟိုယခင်တောသူတောင်သားတို့နှုတ်မှ အလွယ်ပင် သူတို့မွေးလာသည့် သားသမီးတို့ကို သူတို့စွဲလန်းရာ အမည်တို့ကောက်တပ်ပေးလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ရွာသူရွာသားတို့အမည်မှာ ဇာတ်သဘင်ကနာမည်ကြီးမင်းသားမင်းသမီးအမည်များ အများဆုံးဖြစ်နေတတ်ကြသည်။ တခြားမကြည့်ပါနှင့် ထားခင်တို့ရွာမှာ ဗိုလ်အောင်ဒင်ရှိသည် ။ မမြ၀င်းရှိသည်။ ဦးအောင်သိုက် ဦးကြေးမုံ၊ချိုပြုံး၊နွဲ့နွဲ့မူ၊တင်တင်ညို အစ မင်းသားမင်းသမီးအမည်များနှင့်ပင်

ထားခင်ကတော့ ဇာတ်လမ်းခေါင်းစဥ်ထဲကလို ပညတ်သွားရာဓါတ်သက်ပါခဲ့လေသည်ထင်၏။ တစ်ဆယ့်ရှစ်နှစ်အရွယ်မှာ တစ်ရွာထဲနေ ကိုနေဦးနှင့်အရင်အိမ်ထောင်ကျခဲ့ပြီး သားတစ်ယောက်မွေးခဲ့သည်။ ကိုနေဦးက အစမှာ တော်သလောက် ထားခင်နှင့်အိမ်ထောင်ကျပြီး ၂နှစ်အကြာမှာ တခြားရွာက မိန်းမတစ်ယောက်နှင့်ငြိစွန်းပြီး တခြားတရွာမှာ သွားပေါင်းကာဇာတ်မြုပ်နေလိုက်ကြသည်။ မိထားခင်အလိုလိုနေရင်း တစ်ခုလပ်ဘ၀ရောက်ရသည်။

မိထားခင် သားလေး အေးကို ၄နှစ်အရွယ်မှာ အဖေက ယခုလကျရျှိခငျပှနျးဖွဈလာမညျ့သူ ကိုထွန်းခိုင်နှင့်တဖန်သဘောတူပေးစားခဲ့၍ နောက်အိမ်ထောင်သစ်ထပ်ထူဖြစ်ခဲ့သည်။ အဖေနှင့် ၈နှစ်လောက်သာငယ်သော ကိုထွန်းခိုင်မှာ အဖေနှင့်တချိန်က သောက်ဖော်စားဖက်ဖြစ်ပြီး အဖေကိုယ်တိုင်က သူ့သားမက်ကို အလုပ်အရမ်းလုပ်သောလူတော်တစ်ယောက် သဘောထားကြီးသောလူကောင်းတစ်ယောက်ဟုသတ်မှတ်ပြီး အရက်သောက်တတ်သော်လည်း အလွန်အေးဆေးစွာ သူ့စီးပွားရေးသူနားလည်သော သဘေ်ာသားတစ်ယောက်ဖြစ်သည်ဆိုပြီး ထားခင်နှင့်ပေးစားခဲ့ခြင်းပင်။ သဘေ်ာသားဆိုလို့ ဟိုလိုသဘေ်ာသားမထင်ပါနှင့်
ထားခင်တို့ရွာနှင့် မြို့ကို ကူးသန်းပြေးဆွဲနေသော မော်တော်မှ ပဲ့ကိုင်သူမာလိန်မှူးသာသာပါ။ တစ်လကို မော်တော်မောင်းခ ထိုစဥ်က တစ်သောင်းခွဲရသည်ကို အထင်ကြီးကြခြင်းပင်။ ကြီးဆို အလုပ်ကြမ်းသမား တစ်ဦး၏ နေ့စားခပင် တစ်နေ့မှ ၁၅၀သာ ရသည်မဟုတ်ပါလား။

တခါတခါ တစ်ခုလပ်လင်ပစ်မဘ၀ပေမယ့် ရုပ်ရည်လွန်ချောမောသော ထားခင်ကို ကြိုက်နှစ်သက်သူ ရွာက ကာလသားတချို့တို့သည်။ တရွာတကျေးက ကိုထွန်းခိုင်လို သဘေ်ာသားနှင့်ထားခင်ယူလိုက်သည်ကို နှမြောတွန့်တိုစွာ ထားခင်တို့အိမ်ရှေ့ မယောင်မလည် သီချင်းစောင်းကာသီဆိုသွားတတ်ကြတာက “သဘေ်ာသားတော့ သဘေ်ာသားပါ ဒါပေမယ့်လည်း ရန်ကုန် တွံတေး သဘေ်ာသားတဲ့ခင်ဗျာ”ဟူ၏။

ကိုထွန်းခိုင်နှင့် အိမ်ထောင်ကျပြီး မိထားခင်လင်ကံကိုကဆိုးသည်ထင်သည်။ ကိုထွန်းခိုင်နှင့်နောက်ထပ်သားနှစ်ယောက်ထပ်အရမှာတော့ ကိုထွန်းခိုင်မောင်းသော မော်တော်သည် ကုန်အပြည့်နှင့်နစ်မြုပ်လေသည်။ လူအယောက်သုံးဆယ်မှာ ဆယ်ယောက်လောက်က အလောင်းပင်ပြန်မရ။

ကိုထွန်းခိုင်ကတော့ လွတ်ခဲ့သော်လည်း ဥပဒေအရ။ ထောင်၁နှစ်ခန့်ကျခဲ့ပြီး မော်တော်မောင်းလိုင်စင်ပါအသိမ်းခံလိုက်ရကာ အလုပ်လက်မဲ့ဖြစ်သွားလေသည်။ အခုတော့ ကြုံရာကျရာ လက်သမားအလုပ်လေး လယ်အလုပ်လေးနှင့်ငါးရှာဖားရှာကာ အရက်ကိုနေ့ညမပျက်သောက်ပြီး မူးရမ်းနေသူယစ်ထုပ်ဘ၀ဖြစ်နေလေပြီ။

မိထားခင်သည် သူမဘ၀သူမပြန်တွေးရင်း သက်ပြင်းမောကိုဆောင့်အောင့်ကာချလိုက်မိပြီး အနားမှရှိသော ရေနွေးခွက်ထဲမှ ရေနွေးအကျန်ကိုကောက်မော့လိုက်လေသည်။

“သား ကိုထွေး”

“ဗျား…”

“လာစမ်း ကွယ် မေမေ့ကျောပေါ် တက်နင်းပေးစမ်း”

လေးနှစ်အရွယ် ကိုထွေးလေးက သူ့မေမေကျောပေါ်ခုန်ပေါက်နင်းပေးလေသည်။”ဒီနေရာလေး နင်း သားလေး အေး အေး ဟုတ်ပြီ ဒီနေရာ”

အမှန်က မိထားခင် ရာသီမလာတာ၂လခန့်ရှိနေပြီမို့ သူမကိုယ်သူမမသက်ာဖြစ်လာကာ ဆီးစစ်တန်နှင့်စစ်ကြည့်ပြီး ၂ကြောင်းပေါ်လာတာမြင်ပြီးထဲက စိတ်အလွန်ရှုပ်ထွေးနေလေသည်။

တတ်သလောက်မှတ်သလောက် ကလေးပျက်ကျအောင် ဆေးအပူတွေ အရက်နှင့်သောက်
ဗိုက်ပေါ် ကိုထွေးကို တက်ခုန်ခိုင်းလိုက်
ကျောနှင့်ခါးပေါ် တက်နင်းခံလိုက်လုပ်ကြည့်နေခြင်းပါ။ “ဟယ် ခုမှ လေးနှစ်မရှိသေးတဲ့ ငါ့သားလေးကျွန်၀ယ်ရာအဆစ်ပါဆိုသလို ငါငရဲခံရရင် ငါ့သားလေးပါမဆီမဆိုင်ပါတော့မယ် ဖယ် ဖယ် မေ့သားလေး မနင်းနဲ့ မနင်းနဲ့တော့ ဟူးး”

သားကြီး အေးကို ၁၂နှစ်သားလေးက မအေနှင့် လယ်ထဲလိုက်ကာ တံဇဥ်ကိုင်ရင်း လယွ၀ိုငွးရိတဖွောွ ရနေလေသည်။ ကိုကိုလေးခေါ် သားလတ်လေးက ၈နှစ်ရှိသေးတာမို့ ဆရာတော်ကျောင်းမှာ ကိုရင်၀တ်ရင်းစာသင်ခိုင်းထားသည်။ သားကြီးအေးကိုကတော့ လေးတန်းနှင့်ကျောင်းဆက်မတက်ချင်တော့ဆို၍ သူ့အဖေက သူအလုပ်ရှိရင် သူ့သားပါအလုပ်ထဲခေါ်ခေါ်သွားတတ်ကာ ခိုင်းစေတတ်သဖြင့် အေးကိုသည် ၁၂နှစ်အရွယ်နှင့်မလိုက်အောင်ထွားကြိုင်းဖုထစ်နေသည်။

အလုပ်ရှိလည်း သူအလုပ်လုပ်ချင်မှ လုပ်တတ်သောကိုထွန်းခိုင်ကို ထားခင်ဘာမှမပြောတော့
သားအမိတွေ ကိုယ်ဘာကိုယ်ရုန်းကန်စားကြမည်။ အရက်သောက်လာလျှင်သာ ထားခင်တို့ကိုပြသနာမရှာ မရမ်းကားပါနှင့် ထားခင်ဘယ်လောက်ပြောပြော အပြင်ပိုက်ဆံရအောင်သာအရှာအဖွေမတတ်သည့်ကိုထွန်းခိုင်က အရက်ကိုတော့ ဘယ်လိုက ဘယ်လိုရအောင်ရှာဖွေသောက်လာသည်မသိ။ သောက်ပြီးတိုင်းလည်း ထားခင်ကိုရန်ရှာစမြဲပင်။

“ထားခင် နင်က အသက်သာ လေးဆယ်နားကပ်လာတာ လှတုန်းဟ ဘာမှမပြုမပြင်ပဲကို လှနေတာ
နင့်ယောကျ်ား စိတ်မချတာလည်းမပြောနဲ့”

“တော်စမ်းပါ မိကြွက်ရယ် စိတ်မချရင်လည်း အလုပ်လေးဘာလေးတိတိကျကျရှာဖွေလုပ် သားမယားကို အိမ်ပေါ်ကနေ အောက်မဆင်းရအောင်ရှာကျွေးပေါ့ အေ့ အခုတော့ အလုပ်ကျတော့ မရှိလို့ဆိုပြီး အလုပ်မလုပ် ရှိပြန်တော့လည်းမလုပ်ချင် မလုပ်ချင်လည်း မယားရှာကျွေးတာကောင်းကောင်းစားပြီး အေးအေးနေပေါ့”

ထားခင်က သား ကိုထွေးကို ကျောပေါ်ကဆင်းခိုင်းပြီးသွားဆော့ကစားခိုင်းကာ မိကြွက်ကို သူမဗိုက်၂လလောက်ရှိပြီဆိုတာ တိုးတိုးပြော၏။ မိကြွက်က “စိတ်ဆင်းရဲတယ် မမွေးနဲ့ ကိုယ့်မှာမရှိရတဲ့အထဲ ဒီသောက်ခလေးတွေကလည်း မရှိတဲ့သူ၀မ်းထဲအတော်နေချင်ကြတာပဲကိုး ရွာထဲကပိုက်ဆံရှိကောင်မတွေဗိုက်ထဲ သွားတန်းစီကြပါလားတော် တကတည်းမှ”

“ကဲ ကဲ မိုးတွေက လာတော့မယ် မိုးမလာခင် ကြိုကြိုတင်တင်လေး ထင်းလေးဘာလေး အရှာထွက်ထားကြမလို့ ညည်းလိုက်မှာလားလို့ လာမေးတာ နေမကောင်းလို့မလိုက်ချင်ရင်လည်းသဘော”

“လိုက်ရမှာပေါ့ ညည်းမှာ လှေပါလာလို့လား”

“ပါတယ် ”

သူမတို့နှစ်ဦးသည် ချောင်းရိုးအတိုင်း မိကြွက်က လှေကိုလှော်သည်။ ထားခင်က ချောင်းဘေးအတိုင်းသူများတွေခုတ်ပြီးပစ်ထားခဲ့သည့် ဓနိအပင်မှ ရိုးခြောက်များ လမုပင်ကိုင်းအပြတ်အတောက်များ ထွင်ပြုရင်း လှေ၀မ်းထဲစီထည့်သည်။ တချို့လှေများကလည်း သူမတို့လိုချောင်းရိုးတလျှောက် ထင်းရှာဖို့ လှော်ခတ်လာရင်း သူတို့တွေ့ခဲ့သည့်ထင်းပေါသည့်နေရာသို့ ထားခင်တို့ကိုတဆင့်လမ်းညွှန်သည်။

လမုပင်မှ လမုသီးမှညျ့တခြို့တျို့ကို ထားခင်က ဆွဲခူးပြီး ဒီအတိုင်း ဖဲ့စားသည်။ လမုသီးအမှည့်သည် မာလကာသီးအမှဲ့လိုအနံ့ကလေးကဆင်ပြီးမွှေးသည်။ ချိုချဥ်၍ ဖန်သည်။ ငပိရည်ဖျော်နှင့် ထမင်းကို ထိုလမုသီးအမှည့်နှင့်လည်းတို့စရာလုပ်ကာ ထားခင်တို့စားရသည့်အခါ စားရပါသည်။ မိကြွက်သည် သူမအသံဝါဝါကွီးဖွငျ့ သီချင်းများကိုတပိုင်းတစ ထ ထ၍ ဆိုတတ်သေးလေသည်။

“တိမ်နီ တိမ်ပြာ အလှမျိူးစုံစွာ တွေ့ရလေတိုင်း မောင်လေး မမ အနှစ်သက်ဆုံးမို့သာ ပြေး၍ သာပြချင်ပါတယ်ခင်ဗျာ ဟဲ့ဟဲ့ ဟယ်”

မိထားခင်သည် လမုသီးအမှည့်တလုံးကို လှေထိပ်မှနေ၍ မမှီမကမ်းလှမ်းအဆွဲတွင် လှေလူးကာ ထားခင်ရေထဲသို့ ထိုးကျသွားခဲ့လေသည်။

#မိထားခင် လင်နှစ်ယောက်#အပိုင်း၃

မိထားခင် စနေသမီးသည် ငယ်စဥ်ကတည်းက ရေကိုအင်မတန်ကြောက်တတ်သောသူဖြစ်ပါသည်။ မြစ်နားကမ်းနားနေထိုင်ရသူပေမယ့် တခါဖူးမှ ရေကူးသင်ဖူးခဲ့တာမရှိ။ တခါမှလည်း ရေမနစ်ဖူးခဲ့။ အခုတော့ မိမိကိုယ်မိမိ ရေနစ်ပြီဆိုတာသိလိုက်ပေမယ့် ရေထဲမှာချက်ချင်းသတိကရှိနေသေးသည်။

လယ်တွေဘေး ဓနိတောတန်းတလျှောက် ချောင်းရေက ရေတက်ချိန်ဆို လူ့အရပ် နှစ်ရပ်မကမြင့်တတ်သည်။ ထားခင် ရေတက်ချိန် ရေနစ်ပါလေပြီ။

မိကြွက်က ထားခင်ရေထဲပြုတ်ကျကျခြင်း လှေကြိုးကိုနီးစပ်ရာ လမုပင်စည်နှင့်ကပ်တုပ်ချည်သည်။ ထမိန်ကိုခါးတောင်းကျိုက်၍ ရေထဲသို့ခုန်ဆင်းရင်း ထားခင်၏ ဆံပင်ရှည်တို့ကို သူမလက်နှင့်ရစ်၍ဆောင့်ဆွဲယူရင်း လှေဆီမျှောကာခေါ်ခဲ့ရလေသည်။ လှေပေါ်သို့နှစ်ယောက်သားဖက်ရက်တက်ရင်း လှေပေါ်မှာ ထားခင် ချောင်းဆိုးသည်။ မိကြွက်သည် တဟီးဟီး တဟားဟားဖြင့် ထားခင်ရေနစ်နေပုံကိုပြန်ပြောပြန်ရယ်ရင်း ကမ်းနားတလျှောက် စပါးရိုးပြတ်မီးလာရှို့သော လယ်သမားကြီးတချို့အား အော်၍ မိထားခင်ရေနစ်ကြောင်းအော်ပြောရင်း ဟားတိုက်လေသည်။”မသေကောင်းမပျောက်ကောင်း ထားခင်ရယ် ကျုပ်နဲ့လာလို့ပါလား တခြားသူနဲ့ဆို ရေမကူးတတ်ရင် ညည်းသေပြီ”

“သေစရာလား မသာမရဲ့ ညည်းမကယ်လည်း ကျုပ်ဘာကျုပ် ရအောင်ကူးမှာပေါ့”

ထားခင်က မခံချင်စိတ်ဖြင့်ပြန်ရန်တွေ့ရင်း သူမရေထဲထိုးကျစဥ်တခဏလေးအတွင်း မျက်စိထဲမြင်ခဲ့ရသောအရာတို့ကို ပြန်စဥ်းစားကာ အိပ်မက်လားတကယ်လား ဝေခွဲမရဖြစ်နေလေသည်။ ဘာလဲ ငါ ရေနစ်ပြီး တခဏ သတိများလစ်သွားတာလား

သတိလည်းမလစ်လောက်ပါဘူး တခဏမှ တကယ်တခဏလေးရယ် တခဏလေးအတွင်းကို လျှပ်တပြက်မှာ ငါမွငျလျိုကျရတဲ့အရာက

အင်း

ငါ မြင်လိုက်ရတဲ့အရာက

သူမမြင်လိုက်ရသည်မှာက။

သူမရေထဲမကျခင် ချောင်းရေသည်ပင်လယ်ဘက်မှရေကျော်၍ကျလာသော ဆားငံရေတို့နှင့်အတူ တိုးမြစ်အတွင်းမှ ရေချို ရေဝါတို့ကွောငျ့ အင်မတန်နောက်ကျိနေပါလျက် သူမရေအောက်သို့ရောက်သွားစဥ် အရာအားလုံးသည် မှန်သားပြင်ကဲ့သို့ကြည်လင်နေလေသည်ကိုတွေ့ရသည်။ ရေထဲမှ ငါးကလေးများသည် ထားခင်အားမကြောက်မရွံ့ပဲ ကူးလူးခတ်သွားကြသည်။ ရေအောက်မှ မြင်နေရသောမြေပြင်ပေါ်၀ယ် ကျောက်မျက်ရောင်စုံကလေးများ တစ စီကျဲလျက်နေရာအနှံ့ပြန့်နေကြသည်။ သူမသည် ရေထဲမှာ မွန်းကြပ်ခြင်းတစုံတရာမျှ မရှိပဲ ရေအောက်သို့ ခြေအစုံကိုစုံရပ်နိုင်လေသည်ကို တအံ့တသြရှိနေစဥ် သူမအား မိကြွက်က ဆံပင်ကိုရစ်၍ဆောင့်ဆွဲယူလိုက်တာကိုသတိထားမိလိုက်လေသည်။ ထားခင်သည် ရေအောက်မှာ ကျောက်မျက်များတွေ့သည်ကို မိကြွက်ကိုဘယ်လိုပြောရမည်လည်း ပြောတော့ရော မိကြွက်ယုံမှာလား

သွေးရူးသွေးတန်းမို့ မြင်ချင်ရာမြင်သည်ဆိုကာလှောင်ရယ်နေမလား။

ညကျတော့ သူမ ရေနစ်တုန်းကအချိန်ကို အိပ်မက်မက်သည်။ သူမရေထဲထိုးကျသွားစဥ်

ငါးရောင်စုံလေးများက ကူးလူးခတ်နေကြသည်။ ရေအောက်ကြမ်းပြင်တွင် ကျောက်မျက်ရတနာလေးများတောက်ပကာ ပြန့်ကျဲနေသည်။ သူမသည် မြေပြင်ပေါ် လမ်းလျှောက်သလို ရေအောက်မှာ လမ်းလျှောက်ကြည့်ရာ
လမ်းလျှောက်၍ရနေသည်ကို အံ့သြစွာတွေ့ရလေသည်။

ရေအောက်မှာ သူမပျော်ရွှင်လာကာ လမ်းလျှောက်လိုက် ကိုယ်ဖော့ကာရေထဲမျှောကြည့်လိုက်လုပ်ရင်း ရေပေါ်ပြန်မတက်ချင်ဖြစ်လာသည်။ ကျောက်မျက်ရတနာများကိုတော့ သူမစိတ်က ထူးဆန်းစွာ မလိုချင်ခဲ့။ ထိုအချိန်မှာ ရေအောက်မှာ ဆောက်ထားသော ရှေးက မင်းအနားခစားရသော မှူးကြီးမတ်ကြီးများ၏ အိမ်တွေအတိုင်း ကျွန်းတိုင်ကြီးကြီးတွေနှင့်ဆောက်ထားသောအိမ်ကြီးတစ်အိမ်ကို သူမတွေ့ရလေသည်။ အိမ်မှာ နှစ်ထပ်အမြင့်ဖြစ်ပြီး အောက်မှာ ဟာလာဟင်းလင်းဖြင့်ဖွဲ့စည်းထားသည်။ ကျွန်းလှေကားကြီးအတိုင်း သူမမျောကာ လှေကားပေါ်တက်သည်။ ကျွန်းလှေကားလက်ရန်းကြီးတွေကိုင်ပြီး သူမဆက်တက်သည်။

နှစ်ဆစ်ချိုးအကွေ့အရောက်၀ယ် အိမ်၏ အပေါ်ထပ်သို့ ခါးတ၀က်မှ လှမ်းမြင်ရရာမှာတော့ သူမဆက်၍ စပ်စုချင်စိတ်ဖြစ်လာကာ ဆက်တက်လာမိလေတော့သည်။

“ဟိတ်”

“အမယ်လေး”

အိမ်အပေါ်လှေကားအ၀မှာ ရှေးက မိန်းမကြီးကြီးတစ်ယောက်မတ်တပ်ပိတ်ရပ်လျက် ထားခင်ကို ရပ်ကြည့်နေသည်။

“မင်း ပြန်လာဖို့ အချိန်မကျသေးဘူး မမြသွေး
ကိုယ့်နေရာ ကိုယ်ပြန်နေပါလေ
အေး မပြန်ခင် သတိတစ်ခုပေးလိုက်မယ်

မင်း ရဲ့နှုတ်ကိုစောင့်စည်းပါ။
မင်းရဲ့ သွေးသားဆန္ဒကို ချုပ်တည်းပါ။
မင်းရဲ့ ဒေါသကို ချုပ်ထိန်းပါ။

သူမလန့်နိုးလာတော့ ရေအတော်ဆာလောင်နေသည်။ ရေထသောက်ဖို့ အိပ်ယာခေါင်းရင်းဘက်က ထားသော ဓါတ်မီးကိုလှမ်းအယူ သူမဘေးမှ အိပ်နေသော ကိုထွန်းခိုင် ဦးခေါင်းအား လက်ဖြင့်သွားထိမိသေးလေသည်။

သွေးသားဆန္ဒကိုချုပ်တည်းပါတဲ့

ငါက ဘာတွေ သွေးသားသောင်းကြမ်းနေလို့လဲ

မသိရင်ငါကပဲ တဏှာရာဂတွေကြီးနေတဲ့အတိုင်း
ဒီအိပ်မက်ကြီးကလည်း ဘာအိပ်မက်ကြီးလဲဟယ်
ငါ့ဖြင့် ဒီလင်ကိုထွန်းခိုင်နဲ့ပဲ စိတ်တွေက အတော်ကုန်နေပြီ နောက်ထပ် နောက်ထပ်ပြီး ဘယ်ယောကျ်ားနဲ့မှ စိတ်ကိုမကူးချင်ပါဘူး

ငါ့ကိုများ ပြီးတော့ ငါ့ကိုခေါ်တာ မမြသွေး တဲ့

လာဖို့အချိန်မကျသေးဘူး တဲ့

နှုတ်ကိုစောင့်စည်းပါတဲ့

နှုတ်စောင့်စည်းဖို့ကတော့ ဒီလိုလင်မျိုးနဲ့ပေါင်းနေရသရွေ့ နှုတ် လျှာ ကြမ်းနေရဦးမှာ ပဲ ဟူးးး”

ထားခင် ရေထသောက်ပြီး အပေါ့အပါးလေးသွား အပြင်ဘက်က အလင်းရောင်ကိုခန့်မှန်း မိကြွက်တို့ ဝါဝါတို့အိမျဘကျသို့ လှမ်းကြည့်ရသည်။

ထားခင်တို့အိမ်မှာက နာရီနှင့်တူတာ ဘာမှမရှိ ။ဒီလိုပဲ မှန်းကာရမ်းကာ ထရသည်။ ဒီနေ့ ဝါဝါခေါျထားလို့ ရွာ့အနောက်ပိုင်းက ဦးမြင့်စိုးဗွီဒီယိုရုံမှာ ဓနိသွားထိုးရမည်။ မိကြွက်လည်းလိုက်မည်။ လင်းလင်းဦးတို့ညီအမလည်းလိုက်မည်ဟုပြောထားသည်။ ထမင်းထချက်ဦးမှပါ။

အချိန် ဘယ်နှစ်နာရီမှန်းမသိဘာမသိ ထားခင် ဒီလိုပဲ ရေနံဆီမီးခွက်ရှာကာ မီးကိုညှိလိုက်သည်။ မျက်နှာကိုဒီအတိုင်းရေနဲ့ခပ်သစ်ရင်း ဆားကြမ်းနှင့် သွားကိုတိုက်သည်။

မီးဖိုထဲမှ ပြာတို့ကို လက်နဲ့ဆုပ်ပြီး အိမ်အောက်ကြမ်းပေါက်ကချသည်။ မီးဖိုကပြင်ပေါ်က ခေါင်စင်ပေါ်ထိုးတင်ထားသော ထင်းခြောက်တချို့ကိုရွေးကာ မီးမွှေးပြင်ဆင်ရင်း ထမင်းကြမ်းအကျန်ကို ကြော်ဖို့လုပ်ရသည်။ ထမင်းကြော်အပြီးနှင့် မိကြွက်တို့အိမ်ဘက်လှမ်းအကြည့် မိကြွက်မျက်နှာသစ်နေသံကြားရလေသည်။ မရှေးမနှောင်း ဝါဝါတို့အိမျဘကျကပါမီးခိုးတှထှေကျလာသဖွငျ့ ဝါဝါတို့လညျး ချက်ပြုတ်နေပြီဆိုတာသိရသည်။

အင်းးး ငါကတော့ ထမင်းကြော်ကိုဒီအတိုင်းစားမယ် ကိုထွန်းခိုင်နဲ့ကလေးတွေအတွက် ထညက်ခဲမနေ့က ၂၀ဖိုး၀ယ်ထားတာလေးနဲ့ထမင်းကြော်ကိုကျွေးမယ် ငါ့ထမင်းချိုင့်ကိုလည်း ထညက်ခဲအကျန်ပဲထည့်သွားတော့မယ် သူတို့သားအဖအတွက် ပဲနို့ဆီတဘူး ညက ရေစိမ်ထားတာ ဖွကြော်ပေးခဲ့ရမယ်။

သူမ သည် အလျင်အမြန်မီးဖိုထဲ ချက်ပြုတ်ပြင်ဆင်နေရင်းက ဟိုရက်တွေက လင်မယားရန်ဖြစ်ထား၍ သူမအရက်ပုန်းမရောင်းရတော့သဖြင့် အိမ်မှာစားရေးသောက်ရေးအနည်းငယ်ပြန်ကြပ်တည်းလာသည်ကို တွေးရင်း ကိုထွန်းခိုင်အားဒေါသကပြန်ဖြစ်လာသည်။ အိပ်မက်ထဲမှ နှုတ်ကိုစောင့်စည်းပါဆိုသောသတိပေးစကား လည်း သူမအမှတ်မရပါ။

ဒေါသဖြစ်လာလျင် လူက ဒေါသအလျောက်ပါလာတတ်သည်မှာ ယခုနောက်ပိုင်း ကိုထွန်းခိုင်နှင့်မကြာမကြာရန်ဖြစ်သတ်ပုတ်လာရပြီးနောက်ပိုင်းမှာဆက်တိုက်လိုလိုဖြစ်လာသည်။ ဟိုအရင်က သိမ်မွေ့နူးညံ့သောထား ခင်နှင့် ယခုထားခင်သည် နှစ်ကိုယ်ခွဲလိုက်သလို စရိုက်နှစ်မျိုးပြောင်းသွားခဲ့ရသည်မှာ လက်သည်မည်သူဖြစ်ပါမည်နည်း။

သူမ၏လင် ထွန်းခိုင်လား

သူမ၏ မပြည့်စုံကြမ်းတမ်းသောဘ၀ကပဲလား

သူမ၏ မစောင့်စည်းမထိန်းသိမ်းနိုင်သောပညာဉာဏ်နည်းရခြင်းကြောင့်ပဲလား

သူမကတော့ မီးဖိုထဲမှ ချက်ပြုတ်ပြီးစီး၍ သူမနှင့်အတူ ဓနိရုံသို့ ဓနိထိုးသွားမည့် သူများရှေ့မှာပင် ကိုထွန်းခိုင်အား အော်ဟစ်နှိုးလျက်

“တော် မထသေးဘူးလား ဆွမ်းခံပြန်ချိန်ထိ သေနေအုံးမှာလား တော့်သားလတ်ကိုရင်ဆီ သွားလိုက်အုံး မနေ့က ဘုန်းကြီးက ဒကာကြီးထွန်းခိုင်ကို သူ့ဆီလွှတ်ပေးပါအုံးမှာလိုက်တယ် ထကြတော့ အဲ့ဒီမှာ မီးဖိုထဲမှာ ထမင်းကြော်ထားခဲ့တယ် ပဲရေဖွခဲ့တယ် ပဲရေဖွက မနက်စာကြမှ စား ထမင်းကြော်က အခုစား ထညက်ခဲ တစ်ယောက်ကိုနှစ်ခဲအပြင်ပိုမစားကြနဲ့နော် ဒါပဲ”


#မိထားခင် လင်နှစ်ယောက်#အပိုင်း၄/၅

ထားခင်သည် မပြေလည်သော အိမ်၏ စီးပွားရေးကို သူမတတ်သည့် အလုပ်ကလေးနှင့်တတ်သလောက်လုပ်ကိုင်ရှာဖွေစားသောက်ပါသော်လည်း သားသုံးယောက်နှင့် လင်တစ်ယောက်ကို ဘယ်လိုမှ ၀အောင်လင်အောင်မကျွေးမွေးနိုင်ပါ။ အလုပ်မလုပ်သောက်စားကာ မူးယစ်ပြီး အိမ်ကမိန်းမနှင့်သားများကို တလှည့်စီရန်လုပ်ပြီး တခါတခါ အိမ်ကနေ တခြားတရွာသို့ အလုပ် လုပ်ရန်အကြောင်းပြချက်နှင့်ထွက်ထွက်သွားတတ်သေးလေသည်။ ဒီလို နေလာရင်း ထားခင် ဗိုက်ထဲမှ ကလေးကလည်းအကြောတင်းစွာ ဘယ်လောက်နှိပ်နှိပ်နင်းနင်းဆေးသောက်သောက်ပျက်မကျပဲ ၉လ ၁၀လတိုင်လာခဲ့သည်။

“ဟဲ့ မိထားခင် ညည်းဗိုက်ထဲကဟာ မိန်းကလေးများလား မွေးကာနီးလေ ညည်းကပိုပိုနုလာလေပဲ
မွေးရင် ရွာဆေးခန်းမှာပဲသွားမွေးနော် ညည်းအသက်က၄၀နားကပ်နေပြီဆို အရင်ကလေးတွေလိုဖြစ်သလို အိမ်မှာမွေးလို့မရဘူးနော် မပေါ့နဲ့”

“တော်ပါအေ မိန်းမလေးပဲဖြစ်ဖြစ် ယောကျ်ားလေးပဲဖြစ်ဖြစ် သူဘာသူမွေးချင်တာသာမွေး
ဒီကလောက် ဆင်းရဲတွင်းနက်ပါတယ်ဆိုမှ သောက်ကလေးတွေက ကျုပ်ဗိုက်ထဲ လာလာပျော်နေတယ်လို့”

ထားခင်သည် မိကြွက်ထားခဲ့သည့် ဆေးလိပ်တိုကို မီးသေ မသေ တချက်ရှိုက်ကြည့်လိုက်သေး၏။ မီးခိုးထွက်လာတော့ မှ ဆက်တိုက်ရှိုက်၍ဖွာသည်။

မီးဖိုထဲမှ ဆန်အိုးထဲတွင် ကြွက်တစ်ကောင်မွှေနေပြီထင်သည်။ ဂလွမ်း ဂလွမ်းနှင့်အသံကြားရ၏။

“ဟဲ့ ကောင်လေး ငထွေး ဆန်အိုးထဲသွားကြည့်စမ်း ကြွက်လားလို့ ဒီသူတောင်းစား ကြွက်မသာတွေကတမျိုး ဆန်ကုန်လာကာနီးနေလို့ စိတ်ညစ်နေပါတယ်ဆိုမှ ဒင်းတို့က ပါ လာလာမွှေနေတယ် ဒီသောက်ဗိုက်ထဲက ကလေးကလည်းအပြင်ထွက်မယ့်အရေး အမြန်သာထွက် ငါစိတ်ညစ်သိပ်မခံချင်ဘူးနော် စိတ်ညစ်သိပ်မခံချင်ဘူး အကြောင်းဆို ငါ့မှာအားကိုးစရာလင်ဆိုတာကလည်း ဘယ်ချောင်ဘယ်အကွယ်မှာ သွားသေနေလည်းဟေ့ လို့ လိုက်မေးရမယ့်ဘ၀ သြော် မိထားခင်တို့ လင်သာနှစ်ယောက်ရလိုက်တယ် ရွာ့အရှေ့ပိုင်းက မိဂွတိုတို့လောက်တောင် လင်ကံမကောင်းချက်များတော်”

ထားခင် ဆေးလိပ်တိုကို တဖွာပြီး တဖွာ ဖွာလိုက် စိတ်ပေါက်ပေါက်နှင့်အော်ချင်တိုင်းအော်လိုက်လုပ်နေသည်ကို အိမ်ရှေ့မှ မိကြွက်တို့အိမ်ကနေ မိကြွက်ကကြည့်ပြီးဟားတိုက်ရယ်လေသည်။

“ဟုတ်ပ ထားခင်ရေ ညည်းတို့ငါတို့သာ လင်ကံမကောင်းတာ ဒီ့ကလောက်အရုပ်ဆိုးအကျည်းတန်တဲ့ ရွာ့အရှေ့ပိုင်းက မိဂွတိုတို့များ တစ်လင်သေ နောက်တစ်လင်ယူ နောက်ထပ်တစ်လင်သေ နောက်ထပ်တစ်လင်ယူနဲ့ ယူလိုက်သမျှလင်တွေကလည်း အလုပ်ကို ခါးကျိုးအောင်လုပ်ကျွေးသယ်တဲ့တော် အခုများ ဂွတိုတို့ကို ဟေ့ ကောက်သင်းကောက်လိုက်မလားသွားမခေါ်နဲ့ အရင်လို ထမိန်တိုတို၀တ်လွှားခနဲ ခုန်ဆင်းလိုက်လာမယ်များမှတ်နေလား
ကျုပ်ကတောင် ညည်းတို့ကောက်လာမယ့်ကောက်သင်း စျေးကောင်းပေး၀ယ်အုံးမတဲ့ တော်တို့ရေ,,

“အေးလေ လင်ကောင်းရထားတော့ ဖင်ကောင်းပွထားအုံးပေအုံးပေါ့ဂွတိုရေ လို့ ဟားးဟားးးးဟား”

“အမေ့ ”

“ဟေ အေး သားကြီး အေးကို ပြောအမေ့ကို”

“အမေ့ သား ခလောက်တရာရွာမှာ ဘောပွဲရှိလို့သွားကန်မလို့ မုန့်ဘိုးပေးအုံး”

“ဟယ် လာပြန်ပြီ ဒီကာလနာလေးဟာ ရော့ ​ေ ရာ့ နှစ်ရာရှိတယ် ယူသွား”

“မရဘူး ငါးရာလောက်တော့ပေး”

“သြော် ခက်နေပီ နင့်ပထွေး ငါ့ကို ပိုက်ဆံမရှာပေးတာ ဘယ်နှစ်လရှိနေပြီလဲ နင်ရော ကျောင်းမတက်လို့ ဘဦးပြူးတို့နဲ့ လက်သမားလိုက်လုပ်ပါဟဲ့လို့ မအေက ထည့်ပေးတယ် ၂ရက်၃ရက်နဲ့ ပင်ပမ်းလို့ဆိုပြီးပြန်လာတယ် ကိုယ့်အမေမှာလည်းမပေါ့မပါးကြီးနဲ့ ဘယ်နေ့မွေးမယ် မသိဘူး နင်ဒါလေးတောင်နည်းနည်းပါးပါးနားမလည်ဘူးလားဟယ် အေးလေ ပြောလည်း နင်တို့ကနားတွေပါတာမှ မဟုတ်တာ မိကြွက်ရေ အေးကိုကို ပိုက်ဆံ၃၀၀လောက် ခနပေးလိုက်စမ်းပါအေ ညနေ ဓနိထိုးခလက်ကျန်လေးထုတ်ပြီးရင် ပြန်ပေးပါ့မယ်”

မိထားခင်သည် ကုန်သွားသောဆေးလိပ်တိုက်ို ပစ်
တခါထပ်ပြီး ရေနွေးအိုးထဲမှ ရေနွေးကိုတဖန်ငှဲ့ကာမော့သောက်ပစ်ပြန်သည်။ အမှန်တော့ မိထားခင်ရင်တွေဗလောင်ဆူနေတာမိထားခင်ပဲသိသည်။ဗိုက်ထဲက ကလေးကလှုပ်နေသည်။ ဒီရက်ထဲမွေးတော့မည်ဆိုတာ အတွေ့အကြုံအရသိနေပြီ။ ရွာဆေးခန်းတော့သွားမမွေးနိုင်။ သူမမှာ ငွေမရှိ။ ဆေးခန်းသွားရင် ဆရာမတွေကအလကားမွေးပေးမည်မှန်သော်လည်း သူမမှာ အသက်ကြီးနေသည်မို့ ဒီမှာတင်မပြီး မြို့ဆေးရုံကြီးသို့လွှဲရန်ဖြစ်လာလျင် ပိုဆိုးမည်။ လက်ထဲမှာငွေတပြားတချပ်မှ မရှိတဲ့အပြင် လင်ကလည်းဘယ်ဌာနေ ရောက်နေမှန်းမသိ။ သားတွေကလည်း အခုပဲ အေးကို ကိုကြည့် ၁၂နှစ်သာရှိလာသည် ဘယ်နေရာမှ သိပ်အားကိုး၍မရသေး

သားလတ် ကိုရင်ကလည်း သူဘာသူအေးရာအေးကြောင်းဘုန်းကြီးကျောင်းမှာ ကိုရင်၀တ်နေသည်။

သားငယ်ကိုထွေးက ခုမှ လေးနှစ် ဟူးးးးးး

ဖြစ်ချင်တာဖြစ်ဟယ်

ငါဘာငါ လက်သည်ဒေါ်အုန်းကြိုင်နဲ့ပဲမွေးမယ်
ဒေါ်အုန်းကြိုင်ဆို ရော့ကြီးတော် တထောင်လောက်ပဲယူထားအုံးဆိုလည်းရတယ် ၅၀၀လောက်ယူနှင့်ဆိုလည်းပြီးတယ် ခက်တာက ဒီနေ့ နက်ဖြန်တောင် စားဖို့ငါ့မှာ မရှိနေတာပဲ အင်း လင်ယူမိတာကိုက ငါမှားတာ ငါမှားတာ အဖေတို့လည်း သေတာသွားရော သူတို့ပေးစားတဲ့ သူတို့သားမက်ဆိုးမှန်းကောင်းမှန်းတောင် သိမသွားဘူး အေးလေ ငါ့ကုသိုလ်ကံပေါ့

ညနေစောင်းတော့ ကောက်သင်းကောက်အဖွဲ့နှင့် ထားခင် ဗိုက်တပြဲပြဲနှင့်တောင်းပိုက်ပြီးလိုက်ပြန်သည်။ အဖွဲ့တွေက မကြီးထားခင်မလိုက်နှင့်တော့ဆိုလည်း ဟဲ့ ငါ့အိမ်မှာဆန်ကုန်နေပြီဆိုပြီးလိုက်ပြန်၏။

တစ်ယောက်တစ်တောင်းစီ ကောက်သင်းကောက်ပြီး နေ၀င်ခါနီး ရွာခြေအစပ်မှာပင် သူများတွေပက်ပြီးသား ငါးအိုင်တစ်အိုင်တွေ့သည်နှင့် ထားခင်နှင့်မိကြွက်နှစ်ယောက်သား အိုင်ထဲဆင်း ငါးတွေနှိုက်ကြသည်။

“ဟော့ ဒီမှာ ငါးပနော်တုပ် တစ်ကောင် ငါးရံ့ခပ်လတ်လတ်က နှစ်ကောင် ထားခင်ရေ ညီးထမိန်ကို ခါးပိုက်ထောင်လုပ်ဟေ့ ငါ့ခါးပိုက်ထောင်တော့ပြည့်နေပြီ လုပ် လုပ် မြန် မြန်”

“အေးပါဟဲ့ သြော် အရေးထဲ ဗိုက်ထဲက ကလေးငြိမ်ငြိမ်နေစမ်း”

လောဘကြောင့် ကိုယ်၀န်အရင့်အမာနှင့် ငါးတွေ ကုန်းကုန်းနှိုက်ရသဖြင့် ဗိုက်ထဲက ကလေး အနေခက်သည်ထင်သည်။ တွန်းထိုး ရုန်းကန်လာလေသည်။ ထားခင်ဂရုမစိုက်နိုင် ဒီလိုတွေ့တုန်းလေး နှိုက်နိုင်မှ မနက်ကို ဆန်တပြည်ဖိုးရရ။ ဆီလေးဆယ်သားဖိုးရရ။

“အို ….မိကြွက်ရေ,,,,

“”ဟင် ဘာလဲဟင် ထားခင်,,,,

“”ငါ ငါ ရေမြွှာပေါက်ပြီ ထင်တယ် ဟဲ့ ရေတွေဆင်းလာပြီ”””‘

ဆက်ရန်

ရွက်၀ါရင့်ရင့်

#မိထားခင် လင်နှစ်ယောက်#အပိုင်း၅

“ထားခင်ရေ လာဟဲ့ ဟိုးရှေ့သပြုပင်နားထိ အားတင်းပြီး လျှောက်အေ”

မိကြွက်သည် သူနှင့်ထားခင်ကောက်လာသည့် ကောက်သင်းစပါးတောင်းနှစ်တောင်းကိုဆင့်ပြီးရှေ့ကနေရွက်ကာ ခါးမတ်လျှောက်သည်။ ဖမ်းထားသောငါးများကို ၀တ်လာသည့်အပေါ်အိမ်ကျီကိုချွတ်ကာအကုန်လုံးထည့်ထုတ်ပြီးလက်တစ်ဖက်နှင့်ရစ်ပတ်ကိုင်ထားသေးသည်။ မိထားခင်က အနောက်ကနေ ကွတ ကွတ လျှောက်ရင်း တကျွတ် ကျွတ်စုတ်သပ်လာလေသည်။

“အား းး ငါ ငါမရတော့ဘူး ကြွက်စိမရေ ငါ တအားနာလာပြီ မွေးတော့မယ် မွေးလိုက်တော့မယ်
ထွက်ပြီ ထွက်ပြီ”

ကလေးသုံးယောက်အထိမွေးဖူးထားသူမို့ ဒီလိုအခြေအနေ မွေးကိုမွေးတော့မည်ဟု ထားခင်အလိုလိုသိသည်။ ဘယ်လိုမှ စိတ်တင်း၍ ရွာကိုရောက်အောင်လျှောက်ဖို့မပြောနှင့် ရွာနားကပ်နေသော သပြုပင်ကြီးအောက်ပင် ရောက်အောင်ထားခင်မလျှောက်နိုင်တော့။ ခါးကိုလိန်ရင်း ကလေးထွက်မကျအောင် ထားခင်အောင့်ကြည့်ပါသော်လည်း မရတော့။အနောက်ဓနိတောတန်းအဆွယ်မှ နေလုံးသည်လည်း ငုပ်လျှိုးသွားခဲ့ပြီဖြစ်သည်။ နေ၀င်အိပ်တန်းပျံဗျိုင်းတအုပ်တို့လည်း ဓနိတောတွင်း၀င်​ေ ရာက်ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

ရွာအတွင်းသို့ လုံး၀မှောင်လွန်းမက မှောင်သွားကာမှ ထားခင်နှင့် မိကြွက်တို့ မွေးကာစ ချက်ကြိုးတန်းလန်းနှင့်ကလေးအား ထားခင်ခေါင်းမှပတ်လာသောပုဆ်ိုးပိုင်းစုတ်ဖြင့်ထွေးရင်း မိကြွက် ရွာထဲအော်ဟစ်၀င်လာခဲ့ရလေတော့သည်။

“ကထွန်းခိုင်ဘက်က သောက်မျိုးတခြမ်းယုတ်တွေ​ေ ရ မိထားခင် လယ်ထဲမှာ ကလေးပိုးစိုးပက်စက်မွေးနေတာတောင် တချက်ကလေးမှ စိုးရိမ်ပူပန်စိတ်ဖြစ်ပြီး လိုက်လာကြည့်မပေးကြပါလား ဟေ ”

“ဟေ့ မိထားခင်အရင်လင် နဲ့မွေးထားတဲ့ ဟိုမျိုးမကောင်းလေး နင့်အမေ အနောက်မှာကျန်နေခဲ့တယ် လိုက်ပြီးတွဲခေါ်အုံးဟေ့ ငါ့အိမ်က ငပိစိတို့ ငနီတွတ်တို့ သပြုပင်ခြေရင်းမှာ စပါးတောင်းနဲ့ငါးထုတ်ကျန်နေခဲ့တယ် ဓါတ်မီးယူပြီး လိုက်ယူကြဟေ့ မြွေမကြောက်ကင်းမကြောက် ရှာထားတာလေးတွေ သူများလက်ထဲပါသွားမှာစိုးလို့ဟေ့”

မိကြွက်သည် ကလေးနီတာရဲအား ပွေ့ရင်း သူ့အာဘော်အတိုင်း အော်ဟစ်ရင်း ထားခင်ကလေးတွေရော သူမကလေးတွေရော လယ်ထဲ ကျန်နေခဲ့သောထားခင်နှင့်စပါးတောင်းတွေလိုက်ယူကြရန်အမိန့်ပေးနေလေသည်။ ထားခင်တို့အိမ်နီး၀န်းကျင်က မိကြွက်အော်သံကြောင့် ထွက်လာကြပြီး “ဟယ် ထားခင်ကလေးထွက်ကျတာလား ဒါကြောင့် လယ်ထဲကောက်သင်းမလိုက်နဲ့တော့လို့ပြောတာတောင်မရဘူး အခု ညည်းတာ၀န်ဖြစ်ပြီမဟုတ်လား မိကြွက်ရေ ဒီကလေးညည်းမွေးပေးလိုက်ရတာပေါ့”

“ဘယ်ကလာအေ ဘယ်သူမှမွေးပေးစရာမလိုဘူး သူဘာသူ ထွက်ကျတဲ့ကလေး ကျုပ်က အသာလေးကောက်ပေးရုံ ချက်ကြိုးတော့ ကျုပ် ပါးစပ်နဲ့ ကိုက်ဖြတ်ခဲ့ရတာပေါ့အေ ကြည့်ပါအုံး ပြစမ်း ညည်းလက်ထဲဓါတ်မီးနဲ့ ကလေးက ယောကျ်ားလေးပဲ ”

ဒီလို ကျော်မကောင်းကြားမကောင်းဖြင့် ထားခင်တို့ လေးယောက်မြောက်သားအငယ်ကိုမွေးရပါ၏။ သားကြီးအေးကိုက မချက်တတ်ချက်တတ်ဖြင့် သူ့ညီအငယ်နှင့်သူ ထမင်းချက်စားကြသည်။ ကိုရင်၀တ်နေသောသားလတ်ကပါ ကိုရင်ထွက်ချင်သည်ဆိုပြီး ပူဆာလို့ ဘုန်းကြီးကပေးထွက်လိုက်တော့ အိမ်ပြန်ရောက်လာသည်။ ကလေးကြီးသုံးယောက်နှင့် မိထားခင်

ရင်ခွင်ပိုက်ကလေးငယ်လေးနှင့်မိထားခင်တစ်ယောက်
နောက်ဆုံးပိတ်ကလေးအငယ်မွေးပြီးတာတောင် ဘယ်သောင်ခြေ ဘယ်ကမ်းကိုကပ်၍ ဘယ်ရောက်၍ ဘယ်ပျောက်မှန်းမသိသောကိုထွန်းခိုင်လည်း ပေါ်မလာလေတော့။

အိမ်နားပါးနီးက လူတွေက ဆန်ကလေးပေး ဆီကလေးခေါ်ပေးနှင့် ကလေးမွေးဖွားပြီးစရက်တွေ မိထားခင် အဆင်ပြေသလိုနေရပြီး ကလေးတစ်လခွဲမှာတော့ မိထားခင် နေ့ပြန်တိုးယူကာ ဟင်းရွက်ဖောက်သည်ယူရောင်းရပြန်သည်။ ကိုရင်လူထွက်သားလတ်က ကျောင်းကြီးပိတ်ထား၍ မအေနှင့်လိုက်ကာ စျေး၀ိုင်းကူရောင်းသည်။ အေးကိုက သူ့ညီနှစ်ယောက်ကိုထိန်းရင်း ထမင်းချက်သည်။

ဒီလိုနေလာရင်း ကလေးသုံးလလောက်ကျမှ ကိုထွန်းခိုင်တစ်ယောက်ပြန်လာလေသည်။ မော်လမြိုင်ဘက်ကို လက်သမားလုပ်ရန်လိုက်သွားတာဆိုပဲ။ အိမ်က သားမယားအား အသိလည်းမပေး ဘာမပေး သူ့သဘောနှင့်သူ ကြုံသည့်နေရာက ကြုံသည့်လူခေါ်သည့်နောက်ပါသွားပုံပင်။

ပါလာသည့်ငွေက အတော်များသည်။ မိထားခင် မိန်းမပီပီ ငွေကိုမြင်တော့ ကိုထွန်းခိုင်ကို အပြစ်မပြောဖြစ်တော့။ အိမ်မိုးဖို့ ဓနိ၀ယ် ၀ါး၀ယ်မည်။ မိုးမကျခင် အိမ်အမြန်ပြင်ရမည်။ ကြက်ခြံသေးသေးဆောက်မည်။ ကြက်မွေးမည့်ခြံထဲ မန်ဒါလီဘဲတစ်မ ထည့်မွေးမည်။ ထားခင်စိတ်ကူးယဥ်သည်။ ပေါင်နှံထားသည့် အိမ်ကျီလုံချည်တချို့ ပြန်ရွေးကာ ထားခင် ဆန်အိတ်ဆီပုံး တစ်လစာအပြင် ကျန်နေသေးသည့်ငွေဖြင့် ကျောက်နီနားကပ်သေးသေးတစ်ရံ၀ယ် နားထဲကပ်ထားလိုက်သေးလေသည်။

“သားအငယ်ကောင်ကို အမည် ဘယ်လိုပေးထားလဲ”

“ဘာအမည်ပေးရမှာလဲ အဖေ့သားက လယ်ထဲထွက်ကျတဲ့သားဆိုပြီး ဒေါ်ကြီးကြွက်စိမက ထွက်ကျ,,တဲ့ပေးထားတယ်”

အေးကိုက ထပြောသည်။ မိကြွက်က သူ့အိမ်ကနေကြားပြီး တဟိဟိရယ်သည်။

” ဟာ ဒီမသာမ ငါ့သားကိုပေးစရာနာမည်ရှားလားဟ ဘာထွက်ကျ တုန်း”

“အောင်မာ ပစ်ထားခဲ့တုန်းက ပစ်ထားခဲ့ပြီး အခုမှ ငါ့သားလေး သူ့သားလေး လုပ်မနေနဲ့ ထွက်ကျက ထွက်ကျပဲ မိထားခင်တို့များ လင်ပြန်မလာခင်တုန်းကတော့ မိကြွက်တို့မှမရှိရင် ငါတော့ ဘာဖြစ်ပြီညာဖြစ်ပြီနဲ့ အခုကျတော့ လင်လည်းပြန်လာရော ကုပ်လို့ငြိမ်လို့ ဒါမျိုးမရဘူးတော်ရေ့ ကျုပ်ကောက်လာပေးရတဲ့ကလေး ကျုပ်ပေးချင်တဲ့နာမည်ကျုပ်ပေးမယ် ကျုပ်ကိုယ်တိုင်မရွံမရှာ ဟောဒီ့ပါးစပ်ကြီးနဲ့ ဟောဒီလို တော်တို့ကလေးချက်ကြိုးကိုကိုက်ဖြတ်မွေးပေးထားရတာ ကျုပ်ပေးထားတဲ့အမည်ပဲပေး”

ဒီလို စရင်း နောက်ရင်း ပြောင်ရင်းဖြင့် ထားခင်တို့ဘ၀လေးအေးချမ်းစပြုလာပြီထင်ရချိန်တွင် မထင်မှတ်သောနေ့တစ်နေ့မှာတော့ ကိုထွန်းခိုင်အား မြို့ပေါ်မှ ရဲများက လာဖမ်း၍ခေါ်သွားကြလေသည်။

အမှုမှာ မော်လမြိုင် ဘက်မှ ဟိုဘက်ထိုင်းနိုင်ငံဘက်သို့ မော်တော်ဖြင့်ကျွဲမှောင်ခိုကူးရောင်းမှုဆိုပါလား

ဆက်ရန်

ရွက်၀ါရင့်ရင့်

#မိထားခင် လင်နှစ်ယောက်#အပိုင်း၆/၇

ကိုထွန်းခိုင် ကျွဲနွားမှောင်ခိုကူးသန်းမှုနှင့်ထောင်ကျသွားပြန်သည်။ အရင်တခါက မော်တော်မှောက်လို့ အခုတခါက မှောင်ခိုမှု။ မိထားခင်လင်ကံဆိုးချက်ကတော့ ဘယ်သူမှလိုက်မှီမည်မထင်။ တဖြေးတဖြေး သားကြီးအေးကို အရွယ်လေးရောက်လာတော့ အားကိုးရတော့မည်ထားခင်ထင်သည်။ ထင်သလိုမဟုတ် ၁၆နှစ်မပြည့်ခင် မိန်းမကောက်ယူသွားသည်။ ချွေးမက သားထက်၅နှစ်ကြီးပြီး ယောက္ခမအိမ်ခေါ်သယ်သွားသည်။ ထားခင်အိမ်မှာခိုင်းစားမရသောသားကြီးသည် ယောက္ခမအိမ်ကျတော့ နွားလုံးလုံးဖြစ်သွား၏။ သားကိုနွားနှင့်မနှိုင်းယှဥ်ရက် မနှိုင်းချင်ပါသော်လည်း ဘ၀ကကြမ်း၍ နှုတ်ကောစိတ်ပါကြမ်းရလေသော မိထားခင် သားကြီးအတွက်ရင်နာရစွာ နွားဟုပဲခိုင်းလိုက်ပါသည်။

ယောက္ခထီးက အရက်သမားချိုး
ယောက္ခမက ဖဲချိုး

အေးက်ိုမိန်းမ ရင်နုက သမီးကြီး
သူ့အောက်မှာ ညီမချည်းပဲ နှစ်ယောက်

တအိမ်လုံးအတွက် ချက်ပြုတ်ဖို့ ထင်းကအစ ရေကအစ အေးကို တစ်ယောက် တာ၀န်

ဟိုရွာ လက်သမားခေါ် လိုက်လုပ် ဒီရွာက ကူလီထမ်းသမားငှား လိုက်သွား
အေးကို အပိုးအလွန်ကျိုးသည်ကြား၏။

မိန်းမအိမ်မှာလုပ်ကျွေးသလိုသာ မိဘအိမ်မှာ မိထားခင်တို့ကိုလုပ်ကျွေး ရင် ဘယ်လောက်ကောင်းလိုက်မည်နည်း။ မိထားခင် သားသမီးကံလည်းမကောင်းခဲ့။ အသက်က ၄၅ ကျော်ကာ ၄၆ထဲ၀င်လာပြီ။ မိထားခင်ဘ၀ မငြိမ်းချမ်းသေး။ ကျန်သည့်သားသုံးယောက်နှင့် မိထားခင်ဘ၀ကိုဆက်လက်တိုက်ပွဲ၀င်နေရဦးမည်။

“ထားခင်ရေ ဟိုတလောက မယားသေသွားတဲ့ ကံအေးက ညည်းကို ကြိုက်လို့တဲ့ သူဆို လယ်လေးခြောက်ဧကနဲ့ လှည်းတတုံး နွားတရှဥ်းကျန်သေးတယ် သားသမီးလည်း မရှိဘူး ဘယ့်နှယ်တုန်း”

‘တော်စမ်းအေ ကထွန်းခိုင် ထောင်ကထွက်လာလို့ဓါးနဲ့လိုက်နေမှ ဟုတ်ပေ့ဖြစ်နေမယ်”

“ထောင်၀င်စာလည်းတခါမှ သွားမတွေ့နိုင်လို့ သေသလားရှင်သလားလည်းမသိဘူး သေရင်တော့အကြောင်းကြားလာမှာပဲ ဆိုပြီး ဒီအတိုင်းနေရတယ်”

“သေသေရှင်ရှင် အခုချိန်မှာ တစ်နေ့စာ တစ်နေ့ ကျုပ်တို့ထမင်းမငတ်ဖို့ပဲ အရေးကြီးတယ်”

ထားခင်သည် ကိုထွန်းခိုင် ထောင်ထဲ၀င်သွားပြီး ၃နှစ်လေးနှစ်ကြာမှ အေးကိုမိန်းမရပြီး
သူမ စျေးရောင်းစားလိုက် စပါးရိတ်လိုက်ဓနိလေးထိုးလိုက် ကြုံသလိုလုပ်စားသော်လည်း ၀မ်းရေးက တနေ့ထက်တနေ့ ခက်ခက်လာသည်။ သူမသည် တစ်နေ့မှာ အကြံကောင်းရလာပြန်သည်။ ကိုထွန်းခိုင်နှင့် အတူနေတုန်းက အရက်ပုန်းရောင်းဖူး၍ အဆင်ပြေလာသည်ကိုပြန်အမှတ်ရ လာပြီး အရက်ပုန်းပြန်ရောင်းဖို့စိတ်ကူးပြန်သည်။

စိတ်ကူးပြီး အရက်ပုန်းရောင်းရန် လိုင်စင်ရှိပြီးသောအရက်ဆိုင်ပိုင်ရှင် မောင်မျိုးဆွေကို ဖားရားရပြန်သည်။ မောင်မျိုးဆွေက ခွင့်ပြုလိုက်၍ မိထားခင် အရက်ပုန်းပြန်ရောင်းခွင့်ရသည်။

ထားခင် ပြောင်ပြောင်ရောင်ရောင်ပြန်ဖြစ်လာသည်။

သုရာမေရာယကံကို ထားခင်မလွန်ကျူးသော်လည်း
ထိုကံကို ပေါက်ကျိုးစေတတ်သောလူအများအား ထားခင်အားပေးအားမြှောက်ပြုနေသည်။ အရက်သောက်သူထက်အရက်ရောင်းသူက ပို၍ အကုသိုလ်ကံပိုမိုကြီးကြောင်းမိထားခင်စာမဖတ်၍မသိ။ စာလည်း တလုံးစနှစ်လုံးစ ဖခင်ကြီးရှိစဥ်က ကျောင်းထားပေးဖူး၍ အလယ်တန်းအဆင့်ထိတက်ဖူးသော်လည်း စာထဲစိတ်မရှိ၍ သိပ်မသိ။

ထိုသို့ပြောင်ရောင်လာသောကြောင့် ထားခင်လှတပတဖြစ်လာသည်။
လင်ယောကျ်ားနှင့်လည်းအနေဝေး သားသမီးတွေကလည်းကြီးပြင်းလာတော့ ထားခင် စိတ်တွေ ငယ်စဥ်ကလို ပြန်လည်နုပျိုချင်လာသည်။ နဂိုရှိမှ နကိုင်းထွက်ဆိုသလို ပင်ကိုယ်ရုပ်ရည်အခံဓါတ်ကလေးကြောင့် ထားခင်ကို လူတွေသတိထားချင်မိလာသည်အထိ လှလာလေသည်။

လိုင်စင်ရှိအရက်ဆိုင်ပိုင်ရှင် သူမထက်ငယ်သောမောင်မျိုးဆွေနှင့် သူမတို့တိတ်တိတ်ပုန်းဖောက်ပြန်မိကြလေသည်။

ဘုရားဟောထဲမှ သုရာမေရာယကံတပါးကိုပဲလွန်ကျူးမိပါက ထိုအကုသိုလ်ကံ၏ အဖော်များဖြစ်သော မုသာ၀ါဒ လိမ်လည်ပြောဆိုရမှာလည်း၀န်မလေးတော့
ထိုမူးယစ်စေတတ်သောအရာကြောင့် စိတ်တွေကမောက်ကမဖြစ်ကာ သူတပါးအိမ်ရာကိုပြစ်မှားရမှာလည်းတွေဝေတွန့်ဆုတ်ခြင်းမရှိတော့

ကျန်သည့်ကံများလည်း ထို့နည်းတူစွာ

ထားခင်သည် သူမသားငယ်ကိုယ်၀န်နှင့်တုန်းက
ရေထဲကျစဥ်မြင်ခဲ့သောအရာများလည်းသတိမရ။

အိပ်မက်မက်စဥ် အိပ်မက်ထဲက အိမ်ကြီးပေါ်ကမိန်းမကြီးပြောခဲ့သော သွေးသားဆန္ဒကိုဦးစားမပေးနှင့်ဆိုသောအချက်ကို ပိုင်ပိုင်နိုင်နိုင်ကြီး ကျူးလွန်ကာ ချိုးဖောက်မိခဲ့လေပြီတကား။

မိထားခင် လင်နှစ်ယောက် ကိုဆက်လက်စောင့်စား၍ဖတ်ရှုပေးပါရန်

ရွက်၀ါရင့်ရင့်

#မိထားခင် လင်နှစ်ယောက်#အပိုင်း၇

မိထားခင်သည် ဆွေမျိုးများဆိုဆုံးမစကားလည်းနားမ၀င်

မိဘနှစ်ပါးကလည်းမရှိ။ တစ်မိပေါက်တစ်ယောက်ထဲထွန်းကားသူမို့ စိတ်ထင်ရာစိုင်းလျက်ရှိသည်။ အနားရှိ ပတ်၀န်းကျင်ပြစ်တင်ကဲ့ရဲ့စကားလည်းဂရုမစိုက်။ ငါ့မှာ မရှိခင်က ဒင်းတို့ဆီ ဆန်နို့ဆီတဗူးချေးလို့ရဖူးလို့လား ငါ့လင်နှစ်ယောက်ဖြစ်ဖူးတာနဲ့ အထင်သေးချင်ကြသည်။ ငါ့လင်ထောင်ထွက်ဖြစ်တာနှင့် ငါ့ကို၀ိုင်းနှိမ်ချင်ကြသည်။ ငါ့သားတွေလည်း ငါအားကိုး၍မရ။ အားကိုးမရသည့်ပြင် သားကြီးအေးကိုသည် မယားဘက်က ဆွေမျိုးတအုပ်၀ိုင်းနှိပ်စက်၍ ရုပ်ပင်မထွက်တော့။ သူမက သားကြီးဘက်မှရင်နာလှ၍ တခါတရံ သားကြီးအိမ်အလည်လာတတ်သည့်အခါ နား၀င်အောင်ပြောကြည့်သည်။

“သားကြီး မင်းမိန်းမအဲ့လောက်ရှားလား မင်းမိန်းမကိုပစ်ထားခဲ့ပြီး တခြားတရွာသွားအလုပ်လုပ်စားစမ်းကွယ် ဒါမှမဟုတ်မြို့ကိုတက် လဖက်ရည်ဆိုင်စားပွဲထိုးသွားလုပ်မလား”

သားကြီးက နားညီးသည်ဆိုကာသူမကိုပင်ပုန်ကန်၍ နောက်မလာတော့ဘူးပြောပြန်သွား၏။ ပညာကိုသင်ပေးရကောင်းမှန်းမသိသောမိဘနှင့် ပညာတတ်ဖို့မလို အလုပ်ပဲ လုပ်တတ်ဖို့လိုသည်ဟု အတွေးရှိသော တောသူတောင်သားတို့ကြား အလုပ်မရှိရင် မြို့တက် လဖက်ရည်ဆိုင်စားပွဲထိုးကလွဲရင် သူတို့ခမျာမှာ တခြားအလုပ်မစဥ်းစားတတ်ကြရှာ။ ယခုလည်း မိန်းမသားတန်မဲ့ အရက်ပုန်းခွက်ပုန်းရောင်းကာ ယောကျ်ားတကာအမူးသမားများကြား မိထားခင်တစ်ယောက် နှုတ်လျှာကြမ်းကြမ်းစိတ်ကြမ်းကြမ်းဖြင့် မိကြွက်တို့လိုအရင်က ခင်မင်ရင်းနှီးစွာပေါင်းသင်းခဲ့သောအပေါင်းအသင်းတို့နှင့်ပါတစောင်းစေးနှင့်မျက်ချေးဖြစ်လာသည်။ ရွှေတိုရွှေစပါ၀တ်လာနိုင်တော့ မိထားခင်အောက်ခြေလွတ်လာသည်။ ဟိုယခင်လို ကန့်ကွက်နှောင့်ယှက်မည့်သူလင်ဖြစ်သူကလည်း ထောင်ထဲမှာသေသည်ရှင်သည်မသိ။ သံယောဇဥ်စိတ်လည်းမိထားခင်မှာ ထူးဆန်းစွာပျောက်ကွယ်နေသည်။ ဒီဘ၀ကိုမိထားခင်ပျော်နေပြီဖြစ်သည်။ ကျန်သည့်သားသုံးယောက်အနက် သားလတ်လေးက သူတော်ကောင်းဓါတ်ခံပါသည်ထင်သည်။ ကိုရင်နောက်တခေါက်ပြန်၀တ်သွားပြီးထဲက လူပြန်မထွက်တော့ဘူးဆို၏။

သားငယ်ကိုထွေးနှင့် အငယ်ဆုံးလယ်ထဲထွက်ကျမွေးခဲ့သူ ကိုခန့်လေးတို့သာ ထားခင် ကျောင်းကိုဆက်ထားပေးခဲ့သည်။

“ဟဲ့ ထားခင် ဟိုဖက်ရွာမှာ အရက်ပုန်းရောင်းတဲ့စိန်စိန်မြင့်တို့လင်မယားကိုရဲတွေဖမ်းသွားကြပြီတဲ့”

“ဖမ်းပေါ့ သူတို့က လိုင်စင်သမားဆီ သွားမ၀ယ်ပဲ မြို့တက်၀ယ်လူလည်လုပ်တာကိုး ကျုပ်ကတော့ မောင်မျိုးဆွေကို အပိုင်ချည်ထားတာ ကြည့်နေ ဘယ်တော့မှ အဖမ်းမခံရဘူး”

လာ၍ သတိပေးသူဒေါ်မူသိန်းက ထားခင်မမြင်အောင်မဲ့ရင်းမျက်စောင်းထိုးသည်။

“အေးနော် ညည်းတို့ဇာတ်ရှုပ် မျိုးဆွေမိန်းမသီတာမသိဘူးထင်ပြီး ရှုပ်ထားကြအုံးပေါ့ ဟိုသီတာက မိန်းမလည်မ တစ်နေ့သိတဲ့နေ့ လည်လွန်းတဲ့ဘီးမိထားခင်တို့ ခွေးချေးနင်းမယ့်နေ့ပေါ့အေ”

ဟု စိတ်ထဲမှ ပြောရင်း လောလောဆယ် ထားခင်ဆီပြေ လည်နေ၍ ငွေတိုး လာချေးသူမို့ တမင်ပြုံးကာနေနေရလေသည်။

တကယ်ကို လူအများအမြင်ကပ်အောင် မနေတတ်မစားတတ်ခဲ့ပါသောမိထားခင်သည် တစ်နေ့ မျိုးဆွေမိန်းမသီတာသိရှိသွားခဲ့ပြီး ဟိုက မိထားခင်ထက်လည်ပုံမှာ ထားခင်ဆီရှိသမျှ အရက်ပုန်းများအကုန်လာသိမ်းရုံမက ရဲများပါလက်တို့သတင်းပေးမှုကြောင့် ထားခင် အချုပ်ကျရလေသည်။ ထားခင်သည် ထောင်မကျရေး အချုပ်ထဲမှနေ၍ မိကြွက်အကူညီနှင့် အိမ်ခြံပါပေါင်ကာ မိမိကိုယ်မိမိအာမခံဖြင့် ရွေးထုတ်ရလေသည်။

အဆုံးသတ်သော် မိထားခင်၏ တက်တခါ ကျတလှည့် ရေစီးကဲ့သို့ကံကြမ္မာအလှည့်အပြောင်းမှာ မိထားခင် အိမ်ခြံပါဆုံး၍ ရွာမှာ သားငယ်ကိုထွေးကိုအမျိုးများထံအပ်ခဲ့ပြီး အထွေးဆုံးသားကိုခန့်လေး၅နှစ်သားအရွယ်လေးအားလက်ဆွဲလျက် မြို့သို့ထွက်ပြေးရလေသည်။ ထားခင်ဘ၀ ဒီတခါတော့ အဘယ်သို့သောကယ်တင်ရှင်က လာ၍ ကယ်နိုင်ပါဦးမည်နည်း။

****************************

လှိုင်သာယာတဖက်ခြမ်း တွံတေးဘက်က ခလောက်ချိုက်ဆိုသောရွာကလေးဘက်သို့ သူမတို့သားအမိရောက်လာခဲ့လေသည်။ ခလောက်ချိုက်ရွာမှာ သူမအမျိူးဘကြီးဘုန်းကြီးရှိသည်။ ဘကြီးဘုန်းကြီးထံ သူမတို့သားအမိ ခေတ္တခိုကပ်၍ နေစဥ်

ခလောက်ချိုက်ရွာ ရဲကင်းမှ တာ၀န်ကျနေသူ မုဆိုးဖို ရဲတပ်ကြပ်တစ်ဦးနှင့် သူမအိမ်ထောင်ကျပြန်သည်။ ရဲကင်းထဲက လိုင်းခန်းမှာ သူမတို့သားအမိလိုက်နေတော့ ထိုရဲတပ်ကြပ်မှာ အရင်အိမ်ထောင်နှင့်မွေးထားသူ အတူနေ သားနှစ်ဦး သမီးတစ်ဦး ကျန်နေ၏။ သူမတို့ရောက်ရောက်ခြင်း ဆောက်နှင့်ထွင်းကာ ထိုရဲတပ်ကြပ်ဦးလွန်းကြင်၏ ၁၆နှစ်အရွယ် သမီးကြီးက မိထားခင်အား မြင်မြင်ခြင်းဆဲဆိုလေသည်။

မိထားခင်သည် ဤသို့နှင့်ပဲ သူမငယ်စဥ် ရွာမှာ ဇာတ်လာကသော ဇာတ်ထဲမှ မိထားခင်လို လင်နှစ်ယောက်မကတော့သော ထားခင်လင်နှစ်ယောက်ဖြစ်ခဲ့ရလေသည်။

ဆက်ရန်

#မိထားခင် လင်နှစ်ယောက်# အပိုင်း၈/၉

လင်ပါသမီး၏ ကြိုဆိုပုံသင်းမှုကြောင့် မိထားခင်တို့သားအမိ ပြန်လှည့်၍ပြေးရမလိုပုံပင်။ တပ်ကြပ်လွန်းကြင်က ညားကာစမို့ထင့် မယားအသစ်လေးဘက်ကနေကာရင်း သူ့သမီးကိုရိုက်သည်ဆူသည်။

အခြေအနေကတော့မကောင်း

တစ်လအတွင်း စိတ်ဆင်း ရဲမှုပေါင်းများစွာနှင့် ထားခင်ရင်ဆိုင်ရသည်။ လင်ပါသမီးနှင့်သားတွေက ထားခင်က်ိုဖအေကွယ်ရာမှာ စောင်းလားချိတ်လား
ဆောင့်လားအောင့်လားလုပ်သည်။ သားကိုခန့်လေးကိုအနိုင်ကျင့်သည်။ မိထားခင် မိထွေးဇာတိပြလိုက်ချင်သော်လည်း နဂိုစိတ်က ပျက်ချင်ချင်အိမ်ထောင်ရေးကို ထပ်၍ မဖျက်ချင်။ နေ့စဥ် စိတ်ဆင်းရဲမှုဒဏ်နှင့် သားငယ်၏ မပျော်ရွှင်မှုဟန်တို့ကြောင့် ထားခင် တိတ်တဆိတ် ပြန်ထွက်ပြေးလာရပြန်သည်။ ထားခင်တွေးသည်။ ငါ ဘာဖြစ်နေတာလဲ ။ ဒီလိုတွေ ဗရုတ်သုက္ခတွေအများကြီးဖြစ်နေတာ အကြောင်းတခုခုတော့ရှိမယ်။ ထားခင်သည်။ ဘဘုန်းကျောင်းမှာ အလှူတစ်ခုလာလုပ်ရင်းခင်မင်ခဲ့ဖူးသော ရွှေပြည်သာဘက်က မပြုံးဆိုသူထံသို့ သူမပေးထားသော ဖုန်းနံပါတ်ဖြင့်ဆက်သွယ်ကြည့်မိသည်။ မပြုံးက ဖော်ရွေစွာသူ့ထံသို့လိုက်လာခဲ့ဖို့ခေါ်သည်။

မပြုံးသည် သူဌေးအိမ်တစ်အိမ်မှ အိမ်ဖော်တစ်ဦးဖြစ်ပြီး သူမငှားနေသောအဆောင်မှာ ထားခင်တို့သားအမိကိုနေခိုင်းပြီး သူမက သူဌေးအိမ်သို့ပြောင်းနေသည်။ အဆောင်ခအတွက်၆လစာ ငွေရှင်းပြီးဖြစ်၍ မိထားခင်တို့သားအမိ မိမိတို့ဘာသာရှာကြံစားကြရန် ငွေတစ်သောင်းပေးခဲ့လေသည်။

ထိုငွေတစ်သောင်းကို ကိုင်ပြီး ထားခင် လောလောဆယ် စားဖို့အတွက် မပြုံးထားခဲ့ပေးသောစားအိုးစားခွက်တို့နှင့် ချက်ပြုတ်စားဖို့ပြင်ရသည်။

ဒီငွေကုန်သွားရင် ငါ ဘယ်လိုရှေ့ဆက်ရမလည်းမိထားခင်

ထားခင် မိမိကိုယ် မိမိပြန်မေးခွန်းထုတ်သည်။

၅နှစ်အရွယ်သားလေးအား အိပ်ပျော်နေသည်ကိုကြည့်ပြီး ထားခင် လွန်စွာသနားကြင်နာမိသည်။ ငါ့ကလေးပင်ပမ်းလိုက်တာ
ဒါတွေဟာ မလိမ္မာတဲ့ ကိုထွန်းခိုင်ကြောင့်

ဟင်းးးးမဟုတ်ပါဘူး လင်ကံကိုဆိုးလွန်းတဲ့ ငါ့ကုသိုလ်ကံကြောင့်ပါ

ငါ့ရဲ့ ကုသိုလ်ကံက အတော်ကိုဆိုးတာကိုး

တစ်လင်မကောင်းလို့ နောက်တစ်လင်ယူတယ်

နောက်တစ်လင်က ထပ်ပြီးမကောင်း

မကောင်းလို့ ငါ့နည်းငါ့ဟန်နဲ့ ငါရှာကြံစားတတ်သလိုရှာကြံစားရင်း ငါ့စိတ်ကို ငါအလိုလိုက်မိခဲ့လို့ သူတပါးလင်သားနဲ့ဖောက်ပြန်မိတယ်။ ဟော့ဖောက်ပြန်မှုဟာ ကြာရှည်အကျိုးမပေး

ချက်ချင်း ငါ့ရဲ့ရှာဖွေကြိုးစားအားထုတ်မှုတွေဆုံးရှုံးရ။

ထပ်ပြီး စိတ်ဆင်းရဲသောကရောက်စရာ ၀န်ထမ်းအိမ်ရာထဲရောက်ပြီး စက်ဆုပ်ရွံစရာကောင်းတဲ့ မိသားစုထဲ မိထွေးသွားလုပ်ရပြန်တယ်

ငါ ဘယ်လောက်အထိ ဒုက္ခတွေဆက်တိုက်ရောက်ရဦးမလည်း

ငါ ဘယ်လောက်ထိ ၀ဋ်တွေလည်ဦးမလည်း

၀ဋ်

၀ဋ် ဆိုလို့ ဒီ၀ဋ်ကြွေး ဒီဘ၀ ဒီမျှပါ ဘုရား

ဘုရားတပည့်တော်မ ကြောက်ပါပြီ။

ထားခင်သည် ရုတ်တရက်ကြီး ဘုရားအားသတိရသွားလေသည်။

ဘုရားအား သတိရသွားရာမှာတော့ ချက်ချင်း
မပြုံးထားခဲ့သော ဘုရားဆောင်လေးအားမော့ကြည့်မိသည်။

အုတ်နံရံကို သံမှိုစွဲ၍ ကပ်ရိုက်ထားသော တပေခွဲသာသာသစ်သားဘုရားဆောင်လေးအတွင်း တစ်ခုထဲသောပန်းအိုးလေးသည် ပန်းတို့ဖြင့်ခြောက်ကပ်နေသည်။ ပင့်ကူအိမ်တချို့ အမျှင်တန်းနေပြီး ကလေးကစားစရာသာသာဆွမ်းတော်ပန်းကန် သောက်တော်ရေခွက်တို့မှာ ဖုန်အလိမ်းလိမ်းကပ်ညိနေသည်။ ထားခင်သည် ဘုရားဆောင်အား ဖုန်တွေခါရင်း ပန်းအိုး ဆွမ်းတော်ပန်းကန်သောက်တော်ရေခွက်တို့အား ဆေးကြောသည်။

စျေးလေးက နီးနီးလေးမို့ အပြေးအလွှား ဘုရားကပ်ရန် သပြေခက်တချို့ ၀ယ်လာသည်။ ညနေစောင်းပြီမို့ အမွှေးတိုင်နှင့်ဆီမီးဖယောင်းတိုင် တို့နှင့်အတူ မြတ်စွာဘုရားအား ရည်မှန်း၍ ရှိခိုးကန်တော့သည်။

ရှိခိုးကန်တော့ရင်း ဘုရားစာတချို့တို့ကို သူမမေ့နေလေသည်။

သြော် ငါ ငါ အဖေ့လက်ထဲကနေ အရင်အိမ်ထောင်နဲ့ တုန်းကလည်း ဘုရားမေ့တရားမေ့
နောက်ထပ်အိမ်ထောင်ကျတော့လည်း အိမ်ထောင်ရေးသောကတွေကြားမှာ ချာလပတ်လည်ပြီး ဘုရားတရား သံဃာကအစမေ့နေလိုက်တာ

အခုထိ ငါ ဘုရားမေ့တရားမေ့ ငါ အကုသိုလ်ကံတွေအတော်ကြီးမားတာပဲကိုး ဘုရား ဘုရား

ထိုညက အိမ်သစ်လေးဆီမှာ ပထမဆုံးညအိပ်ရင်း ထားခင် အိပ်မက် မက်သည်။

ထားခင် သားငယ်ကိုခန့်ကိုယ်၀န်စရှိစဥ်က ရေထဲကျစဥ်မြင်မက်ခဲ့ဖူးသော ပုံစံအတိုင်း ရေထဲမှ ကျွန်းအိမ်ကြီး တစ်အိမ်ဆီသို့ရောက်သွားပြန်လေသည်။

ခေတ္တနားခွင့်ပြုပါရှင်

#မိထားခင် လင်နှစ်ယောက်#အပိုင်း ၉

ဒီတခါ အိပ်မက်ထဲမှာတော့ ထားခင်တစ်ဦးထဲ အိမ်ကြီးအပေါ်ထပ်ထိရောက်သွားခဲ့သည်။ ထားခင်ကို အရင်တခါလို လှေကားထိပ်မှနေ၍ ဆီးပြီးနှင်ထုတ်မည့် မိန်းမကြီးရှိမနေခဲ့။ ထားခင်သည် အိပ်မက်လို့ပင်မထင်မိပဲ လှေကားကြီးအတိုင်းကြည်လင်နေသောရေထဲမှ အိမ်အပေါ်ထပ်ထိရောက်သွားခဲ့သည်။ အိမ်ကြီးသည် ထားခင်ကို တိတ်ဆိတ်ခြောက်ခြားမတတ်ကြိုဆိုနေပြီး ထားခင်၏စိတ်ကို နောက်ကြောင်းပြန်လှည့်ပြေးစေဖို့ တစုံတရာအဟန့်တစ်ခုရှိနေသလိုခံစားရသည် သို့သော်လည်း ထားခင်စိတ်က ထားခင်ကိုပြန်လှည့်ပြေးပါရန်တိုက်တွန်းသော်လည်း ထားခင်ခြေလှမ်းတွေက အိမ်ကြီးအပေါ်ထိခြေချပြီးဖြစ်နေသည်။

ထားခင်သည် ဒါ ငါ အိပ်မက်မက်နေတာ အိပ်မက်မက်နေတာ
ငါ ပြန်နိုးချင်ပြီ

ငါ ဒီအိမ်ကြီးထဲကပြန်ထွက်ချင်ပြီ။

ရှေးအိမ်ကြီးမို့ ဘေးတွေကလည်း ပျဥ်ချပ်ကြီးတွေပဲလျှာထိုးကာထားပြီး ကြမ်းပြင်မှာလည်း ဟိုးရှေးခေတ်အခါက ကော်ဇောတမျိုးခင်းထားတာတွေ့ရသေးသည်။ အိမ်ကြီးအပေါ်တွင် ကနုတ်ပန်းကနုတ်ခက်တို့ဖြင့်လှပစွာနံရံကပ်ထားသော ပန်းချီမှန်ဘောင်ကြီးများ ရှေးဗီရိုကြီးများ ရှေးလက်ရာ ထိုင်ခုံ စားပွဲခုံများဖြင့် ခမ်းနားလွန်းလှသည်။ ထားခင်သည် ပန်းချီကားထဲမှ ကိုယ်လုံးပေါ်ရှေးအမျိုးသမီးတစ်ဦး၏ ပင်ကိုယ်နွဲ့နှောင်းဟန် ဆွမ်းအုပ်ကိုင်၍ ရပ်နေသည့်ပုံကိုသာစိတ်၀င်စားသည်။ သူမသည် ထိုပန်းချီရှေ့မှာ ရပ်ရင်း ပန်းချီပုံကိုငေးရင်း တသိမ့်သိမ့်တုန်ယင်လာကာရှိုက်ကြီးတငင်ငိုကြွေးချင်လာသည်။

ဒီလိုအချိန်မှာ အခန်းတစ်ခုမှ ခန်းစီးစ ကန့်လန့်ကာ တစိခုလှုတ်ခတ်သွားခဲ့ပြီး အမျိုးသမီးတစ်ဦး ထွက်လာခဲ့လေသည်။ “ဟင် ပန်းချီထဲက အမျိုးသမီး”

ထိုအမျိုးသမီးဆီမှ စိမ်းရွှေရွှေရနံ့တမျိုးနှင့်ရောပြီး အလွန်မွှေးကြိုင်ထုံအီနေသော နံ့သာဖြူ ကရမက်ရောထွေးနေသည့်အနံ့ပေါင်းစုံကို သူမရလိုက်စဥ်

သူမ မိထားခင် နေရာတင် မေ့လဲ ပုံကျသွားခဲ့သည်။

အပြင်ဘက်မှာတော့ မိထားခင် အိပ်ရာက လန့်နိုးခဲ့ရပါသည်။ မိထားခင် အပြင်ဘက်မှာ မျက်ရည်စီးကြောင်းတွေနှင့်

အို ငါ အိပ်မက်ထဲတင်မဟုတ်
အပြင်ဘက်ထိပါ မျက်ရည်တကယ်ကျနေခဲ့တာပါလား။

ထူးဆန်းလိုက်တဲ့ အိပ်မက်

ပြီးတော့ ဒီအိပ်မက်မှာ ထူးခြားမှု တစ်ခုရှိတယ်။

ဒီထူးခြားမှုက ဘာဖြစ်မလည်း

ဘာဖြစ်မလည်း မိထားခင် ညည်းစဥ်းစားစမ်း။

မိထားခင်သည် ပက်လက်အိပ်နေရာမှ မျက်စိကိုပြန်မှိတ်ကာ အိပ်မက်ကိုစဥ်းစားသည်။ ပန်းချီထဲမှ မိန်းကလေးသည် ခန်းဆီးစကိုဖယ်ကာ အပြင်ထွက်လာသည်။

ထားခင်ရပ်ကြည့်နေသည်ကို မမြင်သလိုဟန်ဖြင့် သူမဘေးမှ အသာဖြတ်လျှောက်သွားစဥ် သူမဆီမှ အလွန်တရာ မနှစ်မြို့ဖွယ်ကောင်းသော စိမ်းရွှေရွှေသားစိမ်းအနံ့နှင့်ဆင်တူသောအနံ့နှင့် နံ့သာဖြူပေါင်းစုံအနံ့ ရောထွေးခဲ့ပြီး ထားခင် ထိုအနံ့ကြောင့်သတိလစ်ခဲ့သည်။

ထိုမိန်းမဆီမှ ထူးခြားသည့်အနံ့က ထူးခြားနေတာလား ဒါလည်း မဟုတ်။

ဒါဆို

ထားခင် မှိတ်ထားသော မျက်စိဖြတ်ခနဲပွင့်သွားကာ ဆတ်ခနဲ ငုတ်တုပ်ထထိုင်မိရက်ဖြစ်သွားသည်။

“ဟင် ဒီမိန်းမက ငါပဲ ငါ ငါ ကိုယ်တိုင်ပဲ အို အို ” ထားခင်သည် ချက်ချင်း တကိုယ်လုံး ကြက်သီးမွေးထလျက် တုန်လှုပ်သွားမိသည်။

ထား ခင်ကြောက်စိတ်တကိုယ်လုံးတုန်တက်လျက် ချက်ချင်း မီးယပ်ချမ်းထကာ တဟီးဟီး တုန်ခါလျက် စောင်ကိုခေါင်းမြီးခြုံ၍ င်ိုကြွေးမိသည်။

သားငယ်ကိုခန့်သည် အိပ်နေရာမှ နိုးလာလျက် မိခင်ပေါ် သူ့ခန္ဓာကိုယ်လေးတက်ဖိပေးရှာသည်။

*****************************

လက်ထဲမှာ ငွေ၇၀၀၀ကျန်နေသေးသဖြင့် ထားခင် ဒီငွေကို ဘာအရင်းအနှီးပြုရမည်မသိဖြစ်နေသည်။
ဒီရွှေပြည်သာကိုရောက်ပြီး ၂ရက်အတွင်း ထားခင်မှာ အနားကလူတွေနှင့် အသိမဖြစ်သေး၍ သူမ ဘာအလုပ် လုပ်၍ ဘယ်လိုစားရမည်မှန်း အကြံလည်းတောင်း၍မကောင်းဖြစ်နေသည်။ သူဌေးအိမ်ရောက်နေသော မပြုံးထံမှ ဖုန်းဖြင့်လှမ်းကာအကျိုးအကြောင်းမေးစဥ် မပြုံးက ပဲကတ္တီပါပြုတ် ညနေဘက်ထွက်ရောင်းရန်အကြံပေးသည်။

ချက်ချင်းပဲ ပဲနီပြား (ပဲကတ္တီပါ)တပြည် ပြေး၀ယ်ကာ ပဲနို့ဆီဗူး၂လုံးခန့်တညရေစိမ်သည်။ နောက်နေ့ တစ်နေ့လုံး ပဲကို မီးသွေးမီးဖြင့် မျှင်းပြုတ်သည်။ ညနေစောင်းကာနီးတွင် ထညက်အမည်းတခဲထည့်ကာ နှပ်ထားပြီး ပဲများနူးအိလာသည်နှင့် မပြုံး ဟိုအရင်က ရောင်းခဲ့ဖူးသည်ဆိုသော ပဲပြုတ်တောင်းထဲ ပိတ်စိမ်းစကိုခံကာ ပဲပြုတ်ကိုလောင်းထည့်လျက် ချိန်ခွင် အလေးတို့ကိုတင်ကာ သားငယ်ကိုလက်ဆွဲ၍ ပဲပြုတ်ထွက်ရောင်းရလေသည်။

လမ်းများ ရပ်ကွက်များ သိပ်မမှတ်မိသဖြင့် လမ်းပျောက်မှာစိုးကာ အသေအချာမှတ်ထားရသေးသည်။ စ ရောင်းသည့်နေ့မို့ ၂လုံးသာပြုတ်ထားသော ပဲပြုတ်သည် လမ်းထိပ်အရောက်တွင် အကုန်ကုန်လေသည်။

ထားခင်သည် ဘ၀မှာ တခါမှ အေးချမ်းဖူးသည်မထင်သော စိတ်အေးချမ်းမှုမျိုးကို ပထမဆုံးအကြိမ်သူမပြန်ရလိုက်လေသည်။ ငွေခြောက်ရာ အမြတ်တွက်ထဲမှ သားအတွက် မုန့်ခြောက်တရာတန်တထုပ်နှင့်အတူ အိမ်သို့ တက်ကြွသောခြေလှမ်းများဖြင့်ပြန်လာခဲ့လိုက်လေသည်။ ညမိုးချုပ်သော် ဘုရားအား ဆီမီးရေချမ်းကပ်၍ မပြုံးထားခဲ့သော ဘုရားစာအုပ်တချို့မှ ပရိတ် ပဌာန်းတို့ကို အသေချာကြည့်၍ ရွတ်ဖတ်ပူဇော်ပြန်လေသည်။

ဒီသို့ မိထားခင် စိတ်အလွန်အေးချမ်းစွာ ပဲပြုတ်လေး ညနေစျေးရောင်းလိုက် ဘုရားရှိခိုးလိုက်နှင့်စိတ်အေးချမ်းစွာရှိစဥ်

မထင်မှတ်ထားသော တစ်နေ့တွင်

ထောင်ထဲမှ သေသည်ရှင်သည် မသိသော ကိုထွန်းခိုင်တစ်ယောက် လွယ်အိတ်အစုတ်လွယ်လျက် ရွာမှ ထားခင် ထားခဲ့သော သားထွေး ကိုထွေးအားလက်ဆွဲကာ ထားခင်ဆီစုံစမ်းရောက်ရှိလာလေသည်။

မိထားခင် ၀ဋ်ကြွေး မကုန်သေးပါ။

ဆက်ရန်

#မိထားခင် လင်နှစ်ယောက်#အပိုင်း၁၀/၁၁/၁၂

“မြသွေး”

“မြသွေး ရေ….”

“မြသွေး ရေ ”

“ဟင်…..”

ထားခင်သည် သူမနားထဲမှ သူမကိုခေါ်နေသံလိုလိုကို ကြားလိုက်ရသည်။ ဒီနာမည်က ငါ့နာမည်မှ မဟုတ်ပဲ။ ဒါပေမယ့် ဒီနာမည်က ငါ့ကိုခေါ်နေသလိုပဲ။ အို မဟုတ်ပါဘူး ငါ့လမ်း ငါဆက်လျှောက်မယ်

“မမြသွေး ဒီ လောက်ခေါ်နေတာ ထူးပါဦးလား မောလိုက်တာ ”

ထားခင်လှည့်ကြည့်လိုက်တော့ ထမိန်အနားခတ်ကို လက်တစ်ဖက်ဖြင့်ထိန်းရင်း လက်တစ်ဖက်က ၀ါဆိုပန်းများပွေ့ပိုက်ထားသော မိန်းမခပ်ရွယ်ရွယ်တစ်ဦးကိုတွေ့သည်။ ထားခင်သည် ထိုမိန်းမ၀တ်စားပုံကိုကြည့်၍ သူမကိုယ်သူမပါ ပြန်၍အယောင်ယောင်အမှားမှား ငုံ့ကြည့်မိပြန်သည်။ ညနေ ပဲပြုတ်ရောင်းတုန်းက ၀တ်ထားသော ပါတိတ်တပတ်နွမ်းအပြာရောင်နေရာမှာ ဟိုးတုန်းက မင်းမျိုးမတ်နွယ်အမျိုးသမီးများ၀တ်သော ထိုင်မသိမ်းယောဂီရောင်ပေါ် ရွှေခြည်ဖောက်ရက်ထားသော ပိုးလုံချည်နဲ့ဖြစ်နေသဖြင့် ပုံတော်ဖိနပ်အောက်က မြေကြီးတိုက်နေသော ထမိန်အနားစကို သူ့ရှေ့မှအမျိုးသမီးကဲ့သို့ ယောင်ယမ်းက အဖျားစကိုခတ်၍ လက်နှင့်ဆွဲကိုင်မိလေသည်။ ဒီတော့မှ သူမလက်တစ်ဖက်မှာလည်း ၀ါဆိုပန်းတွေပွေ့လို့ပါလား

အတိတ်နှက့်ပစ္စုပ္ပန်လောက
အိပ်မက်နှင့်အပြင်လောက က တစ်ခုထဲလို မိထားခင်သိနေသည်။ ရုပ်ရှင်တွေဗွီဒီယိုတွေထဲကလို အတိတ်ဆိုလည်း အတိတ်သက်သက် အိပ်မက်ဆိုလည်း အိပ်မက်သက်သက်သာဖြစ်သင့်သည်။ အခုတော့ အိပ်မက်ဆိုတာ စိတ်မှာခံစားမိနေလည်း အိပ်မက်ထဲမှာ ကိုယ်ရောက်နေတာကိုယ် သိနေပြန်သည်။

“ကိုရင် နန္ဒ ရှင်လူထွက်လာပြီ မြသွေး မယ်မင်းတို့ အိမ်ထောင်ရေးအတွက် အကျွန်တော့ တွေးရင်လေးပါသေးတယ်မြသွေးရယ်”

“ဟင် ဘာရယ် အကျွန်တို့အိမ်ထောင်ရေးအတွက် မယ်မင်းက တွေးရင်လေးတယ် ဟုတ်စ”

“အို ဟိုမှာ ဦးရီးတော် မောင်စံလိုက်လာပြီ ညည်းတို့၀ါဆိုပန်းခူး ကြာလိုက်တာလို့ပြစ်တင်တော်မူတော့မယ် ”

ထိုစဥ် ထားခင်ရဲ့ဘေးသို့အနက်ရောင်ကတ္တီပါတောက်တောက်အသွေးနှင့် မြင်းထွားထွားကြီး ကဆုန်ပေါက်၍ နှာမှုတ်သံပြင်းပြင်းကြီးဖြင့်ရောက်လာခဲ့သည်။ “အိုးးးးးး” “လာခဲ့ မယ်မင်းမိမြသွေးးးးး ၀ါဆိုပန်းခူးအကြောင်းပြချက်နဲ့ မယ်မင်းက မင့်အ ရင်လင် ကိုရင်ကြီးလူထွက်နဲ့ သွားတွေ့ဖ်ို့ စီစဥ်နေတယ်ပေါ့လေ လာခဲ့ လာခဲ့ ”

“အိုးးးးး”

ထားခင်အား မြင်းကုန်းနှီးအပေါ်ကနေ ကိုယ်ကိုကိုင်းလျက် လက်တစ်ဖက်ဆောင့်ဆွဲခေါ်ကာ ပွေ့ယူရင်း သူ့ရင်ခွင်ကျယ်ထဲ တစောင်းပွေ့ဖက်ကာ လာရာလမ်းဘက် မြင်းကိုကဆုန်ပေါက်ကာ ထွက်သွားလေတော့သည်။

*************************

“ဟဲ့ ထားခင်”

“ဟဲ့ ထားခင် ဘာတွေယောင်နေတာလဲ ထတော့ ထ ထ”

“ငါ့အတွက် ထမင်း ထချက်ပေးဖို့ဆို ငါ ဒီမနက် အလုပ်သွားရမယ်လေ ”

“သြော် အင်းအင်း ထပြီ ထပြီ”

သူမရှိတဲ့ဆီ ကိုထွန်းခိုင်တို့သားအဖတွေလိုက်လာပြီး မိသားစုတွေ သင့်သင့်မြတ်မြတ်ပြန်ဖြစ်နေပြီမို့ ထားခင် စိတ်ချမ်းသာရပါ၏။ သို့သော်လည်း ဒါကလည်းအစမို့ဖြစ်နိုင်သည်။ သားမယားနှင့် ခွဲခွါနေရကြာပြီမို့ ခဏတော့ကိုထွန်းခိုင် နောင်တနှင့်ဆင်ခြင်နေပြီး အလုပ်ရှိရင်အလုပ်ထွက်လုပ်သည်။

ထားခင် တောက အရက်ဆိုင်ပိုင်ရှင် မောင်မျိုးဆွေနှင့်ဖောက်ပြန်ခဲ့တာ လည်း ကိုထွန်းခိုင် သိပြီးကြားပြီးနေလောက်ပြီ။ ခလောက်ချိုက်ရဲကင်းက ရဲတပ်ကြပ်တစ်ဦးနှင့်၂လခန့်အတူတူပေါင်းသင်းခဲ့ဖူးတာလည်း ကြားချင်ကြားမိနေနိုင်သည်။ သို့သော်လည်း ထားခင်ကို ဒီအကြောင်းတွေမမေးခဲ့။ မေးများမေးလျင် ထားခင်ဘယ်လိုဖြေရမှာပါလည်း ထားခင်မသိ။ စိတ်ကိုအလိုလိုက်၍ ထားခင်ဘ၀ရေစုန်မျောခဲ့ရသမျှ ထားခင်နောက်ကို အရိပ်လိုလိုက်ကာ ခြောက်နေတော့မည်လား။ ထားခင် ပဲပြုတ်ရောင်းရင်း ဘုရားစာကို တွတ်တွတ်ရွတ်သည်။ သွားရင်းလာရင်း အလှူခံတွေတွေ့ရင် တစ်ရာနှစ်ရာ အစရှိသည် တတ်နိုင်သမျှလှူတန်းသည်။ ပြီးတော့ မိထားခင်စဥ်းစားသည်။ သားယောကျ်ားလေးတွေချည်းမွေးထားသော်လည်း ထားခင်သားတွေ ထားခင်ကိုယ်တိုင် ရှင်သာမဏေ​ေ ဘာင်သို့ မသွင်းနိုင်ခဲ့သေး

အကြီးဆုံးသား အေးကိုကိုက သူ့အဖေ (ထားခင်အရင်လင် ဘက်က)လာရောက်ခေါ်ယူ လှူပေးခဲ့သည်မို့ ကိစ္စမရှိ သားလတ်ကိုကိုလေးက ဘုန်းကြီးက သူ့အလှူထဲထည့်သွင်းလှူရင်း အခု ထိ ကိုရင်၀တ်ဘ၀ဖြင့် သူ့ဘ၀သူပျော်နေပြီ။ ယခု ထားခင်လက်ထဲက ကလေး၂ယောက်အတွက် ထားခင် လှူနိုင်ရန်စဥ်းစားရပါတော့မည်။ ကိုထွန်းခိုင်ကို ထားခင်ဖွင့်ပြောပြတော့ “သြော် ထားခင်ရယ် ငါတို့ အိုးပျက်အိမ်ပျက်နဲ့ ရွာကလည်းထွက်ပြေးလာရပြီ
အခုလည်း သူများထားခဲ့တဲ့အခန်းမှာ စုပြီးနေရတယ်၆လပြည့်ရင် နောက်ထပ်၆လစာအခန်းဖိုးတောင်မနဲစုနေရတယ် ကလေးတွေလှူဖို့ အသာထားပါဦး”

ထားခင်သ ည် ပဲပြုတ်ကိုတဖြေးဖြေးရောင်းကောင်းလာသည်မို့ ပို တိုး၍ တိုး၍ ပြုတ်ရင်း အနည်းငယ်ချောင်လည်လာခဲ့သည် ။ ကိုထွန်းခိုင်က ည်း အလုပ်လေးရှာဖွေလုပ်ရင်း ရသမျှ ထားခင်လက်ထဲအပ်ရင်း လင်မယားခြင်းအဆင်တပြေရှိနေစဥ် ခလောက်ချိုက်ရဲကင်းမှ ထားခင်နှင့်ညားခဲ့ဖူးသော ရဲတပ်ကြပ်လွန်းကျင်ဆိုသူ က ထားခင်နောက်ကို ဘာမသိ ညာမသိနှင့်စုံစမ်းကာလိုက်လာခေါ်ယူလေသည်။ ဤတွင် ဇာတ်လမ်းအမည်ထဲကအတိုင်း မိထားခင်သည် လင်နှစ်ယောက်ကြားဗျာများရလေတော့သည်။

ဆက်ရန်

#မိထားခင် လင်နှစ်ယောက်# အပိုင်း၁၁

“ဟဲ့ မယ်မင်းမိမြသွေး ညည်းလိုက်နေတာက ဂန္ဓာရီလမ်း ဂန္ဓာရီစခန်း သို့ပေမယ့် ညည်းစိတ်ကို ညည်းမနိုင် အရင်လင်နဲ့လည်း မပြတ် နောက်လင်လက်ထဲကလည်းရုန်းမထွက်နိုင်။ ဒီဂန္ဓာရီခရီးက လမ်းကြောင်းလေးတချက်မှားသွားတာနဲ့ ပေးဆပ်ရမယ့် ၀ဋ်ကြွေးကံကြမ္မာက သံသရာရှည်တယ်ဟဲ့”

“မှန်ပါ ဘွားတော်ဘုရား သမီးတော် ဘယ်လိုအလွတ်ရုန်းရမှာလဲ ဘုရာ့ သမီးတော် ဒီအခြေအနေက ဘယ်လိုလွတ်အောင်ရုန်းရမှာပါလည်းဘုရာ့ စိတ်အလိုကိုမလိုက်ပေမယ့် သူတို့ အလိုကို သမီးတော် ဘယ်လိုအခြေအနေနဲ့လွတ်အောင်ရုန်းရမှာပါလဲ ဘုရာ့ ”

“အင်း အင်း လူမှန်ရင် တဏှာ၊ ရမ္မက် ၊ ဥပါဒါန်အစွဲမကင်းကြဘူးပဲ ။ နဂိုစိတ်နုတဲ့ မိန်းမသားကိုမှ ဂန္ဓာရီအမွေကို ဆက်လက်ထိန်းသိမ်းပေးစေချင်တဲ့ သွားလေသူ ဘိုးတော်ဘုရားကိုလည်း အပြစ်မတင်တော်မူတော့ပါဘူး ဒါတွေက အတိတ်ကပါလာတဲ့ အထုံရေစက်ကြောင့် ဒီဘ၀မှာလည်း ကျေအောင်အကြေဆပ်ရမယ် နောင်ဘ၀ထိ မသယ်သွားစေချင်ပေမယ့်လည်း မိမြသွေး အကြွေး ကျေအောင်တော့ဆပ်ရမယ် ဒီဘ၀ဒီခန္ဓာနဲ့ ဆပ်ပြီးရင် နောင်ဘ၀ နောင်ခန္ဓာနဲ့လည်းဆပ်
အတိတ်ကိုသိအောင်လည်းလုပ်ရမယ် အနာဂတ်ဘ၀မှာလည်း ထပ်ပြီးမမှားအောင်ဆင်ခြင်ရမယ်
မိမိကိုယ် မိမိ ဘယ်ဘ၀ကလာသလည်း သိအောင်အမြဲ ကိုယ်၊နှုတ်၊ နှလုံး၊ စိတ်ကို အမြဲစောင့်ထိန်းပြီး သီလလုံရမယ် ”

“လူ့ဘ၀ကိုရရင် တဏှာ၊ရမ္မက်၊ဥပါဒါန်ရယ်လို့မကင်းတော့ မယ်မင်းတို့မှာလိင်စိတ်ဆိုတာရှိမှာပဲကာမဂုဏ် အာရုံမှာ နှစ်သက်စိတ်ရှိမယ် မယ်မင်းမိမြသွေး ??အဲ့ဒီ လိင်စိတ် ကာမဂုဏ်အာရုံစိတ်ကိုချိုးနှိမ်ထားရမှာလား မေ့ပျောက်ထားရမှာလား။ပယ်ဖျောက်ထားရမှာလား အလိုလိုက်ပြီးစိတ်ကြိုက်နေရမှာ လား ကာမဂုဏ်ဆိုတာ လိင်စိတ်ဆန္ဒတခုထဲမဟုတ်ဘူး စိတ်ကပြောချင် စားချင်လိုချင် သွားချင် ခံစားချင် ဟူသမျှ ကာမဂုဏ်အာရုံထဲမှာအားလုံးအကျုံး၀င်တယ် ဒီကနေ့ကစပြီး မယ်မင်း လိုက်နာကျင့်သုံးခဲ့တဲ့ဂန္ဓာရီအတတ်တွေ စည်းပေါက်သွားခဲ့ပြီ
မယ်မင်းရဲ့စိတ်ကိုအလိုလိုက်ပြီး ခန္ဓာပါသွားတဲ့အတွက် တစ်ခုသောဘ၀မှာ စိတ်၏ ဆင်းရဲခြင်း ကိုယ်၏ ဆင်းရဲပင်ပမ်းခြင်းကို မယ်မင်းပေးဆပ်ရမယ် အတတ်နိုင်ဆုံး အကြွေးကိုကျေအောင်ဆပ်ပါမယ်မင်း အကြွေးကိုကျေအောင်ဆပ်ပါ ဒီဘ၀ဒီခန္ဓာကို ငါဘာလို့ရသလည်း ထပ်သလဲလဲ တွေးတောဆင်ခြင် သုံးသပ်ပြီး ပြင်ဆင်နိုင်ပါစေ မိမြသွေး”

” အို ပင်လယ်ဘက်က ရေတွေဒလိန်းထိုး ထိုးတက်လာပါရော့ လား မြေမြင့် ကုန်းမြင့်ရာကို အမြန်ရွှေ့ပြောင်းကြပါတော့လား အမြန် ရွှေ့ကြပါတော့လား”

ဘုရင့်အာဏာစက်ကနေ မင်းပြစ်မင်းဒါဏ်ကြောက်ပြီး မင်းနဲ့ဝေးရာ ကျွန်းတစ်ကျွန်းပေါ်သို့ ရောက်ရှိ ရင်း တထီးတနန်းတည်ကာ နေထိုင်ကျက်စားနေသော မင်းမျိုးမတ်နွယ် အမှုထမ်းအရာထမ်းအနွယ်တော်တွေထဲမှ ကျန်ရစ်သော မိမြသွေးတို့ မျိုးဆက်တွေသည် ကျွန်းမှ နယ်ခံတိုင်းရင်းသားတချို့တို့၏ ရွာငယ်တို့နှင့်အတူ ပင်လယ်ဘက်မှ တက်လာသော ရေလှိုင်းလုံးကြီးများ၏ အုပ်မိုး သယ်ဆောင်သွားမှုကိုခံယူကာ ကျွန်းပါပျောက်ကွယ်ခဲ့ရလေသည်။

ပုံပြင်လေ လား ဒဏ္ဍာရီလေလား မသိပါ။ သို့သော်လည်း ရေကျချိန်တွင် ပင်လယ်ပြင် ဟိုးဝေးဝေးက သောင်ခုံအစပ်တို့မှာ ဘုရားထီးတော်တချို့နှင့် အိမ်တိုင်ခြေ ငုတ် အုတ်ကျိုးအုတ်ပျက်အပဲ့တို့ကို ရွာသားတံငါသည်တချို့ တွေ့ရတတ်သည်မှာတော့အမှန်ပါ။

“ဟင်းးးးး”

ထားခင်သည် အိပ်မက်ထဲမှ မိမိ၏ အတိတ်ဘ၀တချို့ကို သိခွင့်ရခဲ့ပါပြီ။

“ထားခင်”

“ဟင် ရှင်”

အဆောင်ရှေ့မှာ ကာကီရောင်ဂျာကင်အနွမ်းကို၀တ်ထားသော အသက် ၄၀ကျော်အရွယ် လူတစ်ယောက်ကိုမြင်ရာမှာတော့ ထားခင်လန့်သွားရပါသည်။ “အို ကိုလွန်းကြင်” “ရှင် ရှင် ဘာလာလုပ်တာလဲ”

“မင်းကို စုံစမ်းပြီး လိုက်ပြန်ခေါ်တာပါ ဘဘုန်းကျောင်းကနေ မင်းရှိတဲ့နေရာကို သိပြီး လိုက်ရှာခေါ်ရတာ ငါနဲ့ပြန်လိုက်ခဲ့ပါ ငါ့ကလေးတွေလည်း သူ့အမေဘက်က အဖွားတွေဆီသွားပို့ပေးဖို့စီစဥ်ထားပါပြီ နော် ထားခင် ပြန်လိုက်ခဲ့ပါဟာ”

“အို ဘယ်ဖြစ်မလည်း ကျမ ကျမ အရင်ယောကျ်ားနဲ့ ပြန်ပေါင်းနေပြီ ကျမယောကျ်ား အလုပ်သွားနေတာ တော်ကြာနေ ပြန်လာတော့မယ်ကိုလွန်းကြင် ရှင်ပြန်ပါတော့”

အဆောင်က လူတွေက ထားခင်တို့ကို ကြည့်ကွက်ကြည့်ကွက်လုပ်နေကြသည်။ ထားခင်သည် ဘ၀မှာ တခါဖူးမှ ဒီလောက်ထိ အရှက်မသည်းခဲ့။ ရှက်လိုက်သည်မှာ ပြောဖွယ်ရာမရှိ။ ကံဆိုးချင်တော့ ကိုထွန်းခိုင်ကလည်း အလုပ်ကပြန်လာလေသည်နှင့်တန်းတိုးသည်။

ထားခင်၏ လင်နှစ်ယောက်တို့သည် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် တည့်တည့်ကြည့်၍ တစ်ဦးနှင့်တစ်ဦး အကဲခတ်ကြကုန်၏။

နောက်ဆုံ း ကိုလွန်းကြင်ကပဲ နှုတ်ဆက်တောင်းပန်ကာ ပြန်ထွက်ခွာသွားလေသည်။ ထားခင်သည် မိမိကိုယ်မိမိ အမှုန်အမွှားလေးအဖြစ်သာဖန်ဆင်းရင်း လူ့လောကထဲမှ ပျောက်ကွယ်သွားလိုက်ချင်သည်အထိ စိတ်မှာ သိမ်ငယ်စိတ်ဖြစ်ရသည်။ အရှက်ကြီး ရှက်ရသည်။ ဘ၀မှာ စိတ်ထင်ရာတွေ လျှောက်လုပ်ခဲ့တုန်းက ထားခင် အဲ့သည်လိုရှက်ရလိမ့်မည်မထင်မိခဲ့။ ယခုတော့ စိတ်ထင်ရာ လျှောက်လုပ်မိခဲ့သော မိထားခင်အမိုက်မသည်

မိမိဘ၀ ဘယ်ကလာသည်ဆိုတာ သိရပြီးနောက်ပိုင်း မကောင်းမှုဟူသမျှ အရှက်ကြီးရှက်စွာ နောင်တကောင်းကောင်းကြီး ရခဲ့ပါလေပြီ။

ကိုထွန်းခိုင်သည် မိထားခင်အား ခေါင်းတညိတ်ညိတ်ဖြင့်ကြည့်ကာ ရယ်သည်။ ရယ်ပြီးနောက် ငိုသည်။ ငိုရင်းနဲ့လည်း တခါရယ်ပြန်သည်။

ထိုညက တစ်ညလုံး ကိုထွန်းခိုင် သူဘာသူ အိမ်ရှေ့မှာ တစ်ယောက်ထဲ အိပ်ပြီး မနက်စော စောမှာတော့ ဘယ်ကို ထွက်သွားသည်ပင်မသိရ။ အ၀တ်အစားတချို့နှင့်အတူ ပျောက်ထွက်သွားလေတော့သည်။

ဆက်ရန်

#မိထားခင် လင်နှစ်ယောက်#အပိုင်း၁၂

“ဟဲ့ ထားခင် ညည်းမလည်း လင်ကထပ်ပစ်သွားပြန်ပြီမဟုတ်လား ညည်းမလည်း ရုပ်ရည်လေးရှိရက်နဲ့ လင်ကံကဆိုးလိုက်တာ အားကိုးအားထားစရာ တစ်လင်ပြီးတစ်လင်ယူ တစ်လင်မကောင်းလို့နောက်ထပ်တစ်လင်ပြောင်းလည်း ညည်းကုသိုလ်ကံကိုက လင်ပစ်ခံရမယ့် ကံပဲအေ့”

“ဟုတ်ပါရဲ့ ကြီးတော်ရယ် ကျမလည်း အတတ်နိုင်ဆုံး စိတ်ကိုလျှော့ပြီးတော့နေနေတာပဲ အစက ကျမကိုယ်ကျမ သတိမထားပါဘူး အခုတော့ တဖြေးတဖြေး ကျမကိုယ်ကျမ သတိပြန်ပြန်ထားကြည့်တာ အခုအရွယ်ထိ ကျမနဲ့ရွယ်တူမိန်းမတွေအိမ်ထောင်သည်တွေနဲ့ယှဥ်လိုက်တိုင်း ကျမဘ၀မတည်ငြိမ်ဘူးဆိုတာ သိ သိလာတယ်ကြီးတော်ရဲ့
ကျမလည်း ဒါ မဟုတ်တော့ဘူး ဒါ တခုခုတော့တခုခုပဲဆိုတာစဥ်းစားမိလာပြီ ကြီးတော်စဥ်းစားကြည့်လေ ကျမလင်တွေက သေကုန်တာလည်းမဟုတ်
အရင်လင်တုန်းကလည်း ကလေးတစ်ယောက်နဲ့ပစ်သွား ဟော့ နောက်ထပ်တစ်ယောက်ကျတော့လည်းကြီးတော်တို့မြင်ကြတဲ့အတိုင်း ကောင်းကောင်းလုပ်ကျွေးပါရဲ့နဲ့ သူ့ကုသိုလ်ကံက မော်တော်မှောက်ထောက်ကျ။ ထောင်ကလွတ်တော့ ဟိုအရင် လူရိုးလူအေးက အရက်သမားလုံးလုံးဖြစ်
နောက်ထပ်ထောင်ကျ
ဟော့ အခု ကျမကို ထပ်ပြီးပစ်ပြေးပြန်ပြီ ဒီတခါတော့ တကယ်ပြေးပြီထင်ပါရဲ့ကြီးတော်ရယ် ဟင်းးး”

ထားခင်သည် မသောက်တာကြာနေသောဆေးလိပ်ကို ကြီးတော်စိန်မြင့်လက်ထဲကနေ တောင်းယူကာ ယူရှိုက်ဖွာရင်း မျက်ရည်ကကျချင်လာပြန်သည်။ဘ၀မှာ အခုလောက်ထိ မိမိဘ၀ကို မိမိစိတ်ဆင်းရဲလွန်းရသည် မရှိတော့ ဟုထင်၏။

မိမိမှားခဲ့ပါ၏။ ဒီအမှားက အရက်ဆိုင်ပိုင်ရှင် မောင်မျိုးဆွေနှင့်ဖောက်ပြန်မိ၍။
ဒါကလည်း မိမိအရက်ကောင်းကောင်းရောင်းရရန် တစ်ဖက်က မိမိအပေါ်သာယာနေတုန်း စီးပွားရေးအတွက်ပေးဆပ်ရခြင်းဟု အဲ့သည်အချိန်က မိထားခင် ကိုယ့်ကိုယ်ကိုယ်အပြစ်ပေါ့အောင်ဖော့တွေးခဲ့ပါသည်။ သို့သော်လည်း အပြစ်ကပေါ့မသွား
သူမ စီးပွားပျက် ။ ထောင်ပါမကျရေးအတွက် အိမ်နှင့်ခြံပါပြုတ်ရသည်။

အိမ် ခြံပြုတ်ရုံမက။ ရွာထဲမှာပါ အကြွေးပတ်ချာလည်၀ိုင်းနေသဖြင့် ထွက်ပါပြေးရ၏။

ခလောက်ချိုက်ရွာ ဘဘုန်းကျောင်းမှာ မှီခိုရင်း မုဆိုးဖိုရဲကြီးနှင့်တခါအကြောင်းပါပြန်သည်။ လတ်တလောမိမိအားကိုးရမလားဟူ၍ ဆုံးဖြတ်ကာလိုက်နေမိခြင်းပါ။ ကံဆိုးချင်တော့ ရဲကြီးသားသမီးတွေနှင့်မိမိအဆင်မပြေပြန်။

ရွှေပြည်သာမှာ မပြုံး၏အကူညီနှင့်နေစရာအခန်းလေးရပြီး ပဲပြုတ်ကလေးရောင်းပြန်တော့ လင်ကိုထွန်းခိုင်က လိုက်လာသည်။ လင်မယားချင်းပြေလည်ကာစားရေးသောက်ရေးလေးပါပြေလည်လာမလိုရှိသေး
နောက်ထပ်တစ်လင်ကလိုက်လာပြီးထားခင်ကိုအရှက်ရစေပြန်သည်။ အားလုံးက မိထားခင်ဘ၀ကို အမျိုးမျိုးပြောင်းလဲကံဆိုးစေရန်ဇာတ်တိုက်ထားလေသလား။ မိထားခင် ကိုယ့်အကြောင်းကိုယ်စားမြုံ့ပြန်ရင်း ရယ်ချင်ငိုချင်ဖြစ်လာပြန်သည်။

ကိုထွန်းခိုင်ထွက်သွားပြီး အဆောင်မှာ ထားခင်နေရသည်မှာ ဘယ်လိုမှအဆင်မပြေတော့။ ယခုမှရောက်လာသူပဲပြုတ်သည်မိထားခင်၏ လင်နှစ်ယောက်ဇာတ်လမ်းအား အဆောင်နေသူအချင်းချင်းမှတဆင့် ရပ်ကွက်တခုလုံးကြားပြီး ထားခင်ပဲပြုတ်ပင်ထွက်မရောင်း၀ံ့တော့။

ကလေးနှစ်ယောက်လက်ဆွဲကာ မိမိရွာသို့ မိမိပြန်ရောက်လာရပြီး မိခင်ဘက်မှ ကြီးတော်တစ်၀မ်းကွဲတော်သူ ဒေါ်စိန်မြင့်ဆီခေတ္တခိုကပ်ခွင့်တောင်းရ၏။

သူမအရင်နေခဲ့သော အိမ်ကလေးဆီ အလွမ်းပြေလာကြည့်ရင်း အရင်ကခင်မင်ခဲ့ဖူးသောမိကြွက်တို့အိမ်ကို၀င်ပြီး မိကြွက်အား သူမအဖြစ်တွေငိုကြွေးရင်ဖွင့်မိသည်။ သူငယ်ချင်းကောင်းမိကြွက်သည် သူမအိမ်၏ ဘေးသို့အဖီကလေးဆွယ်နေချင်နေပါရန်ခွင့်ပြုလေသည်။ သို့နှင့် အဖီလေးဆွယ်နေဖို့အရေး ချောင်းထဲသို့ ဓနိလက်တွေ ဓနိဖက်တွေ ခိုးခုတ်ရန် မိကြွက်နှင့်နှစ်ယောက်သား လှေနှင့် ထွက်လာကြလေသည်။

“ထားခင်ရေ နင် ဟိုတခါ နင့်သားအငယ်ဗိုက်နဲ့တုန်းက ရေထဲပြုတ်ကျတာမှတ်မိသေးလား”

“မှတ်မိတာပေါ့ မိကြွက်ရယ် အဲ့ဒီတုန်းက နင့်ကို ငါမပြောလိုက်ရတာတွေရှိတယ် ငါ ရေထဲကျတုန်းက ရေမမွန်းပဲ ရေထဲမှာ ကျောက်သံစိန်ရွှေပတ္တမြားတွေတွေ့ခဲ့တယ် ဟဲ့ နင့်ကိုပြောရင် နင်မယုံမှာစိုးလို့”

သူမသည် ထိုညက တခါ အိပ်မက်မက်ပြန်သည်။ ဒီတခါ အိပ်မက်မှာတော့ ရှေးတုန်းက အဖိုးအိုတစ်ဦးသည် သူမအား တစုံတရာကိုညွှန်ကြားနေသည်။

သူမ အိမ်အဖီဆွယ်ရန်ဓနိခိုးခုတ်မိသည်ကိုလည်းဆူပူနေသည်။ သူမသည် ဒီ့အတွက်အပြစ်ကြွေးတွေအင်မတန်မှ များပြားလွန်းနေပြီဖြစ်သည်။ ယနေ့မနက်မိုးလင်းမှစ၍ မိမိတို့သားအမိနေဖို့ အဖီလေးဆွယ်ပြီးချိန်တွင် တစ်နေ့ထဲ ဂုဏ်တော်တစ်ထောင်ပုတီးစိပ်ပါရန် ညွှန်ကြားလေသည်။ “တနေလုံး ဂုဏ်တော်တထောင်မပြည့်မချင်း ကျမက ဘာနဲ့သွားစားရမလည်းအဖိုးရဲ့ ကျမသားတွေကိုရော ဘယ်သူကကျွေးမှာလဲ”ဟု အထွန့်တက်တော့ နင့်သားအငယ်ပေးလိမ့်မည် ဟုပြောကာပျောက်ကွယ်သွားလေသည်။

တကယ်ပဲ မနက်မိုးလင်းတော့ သားအငယ်ကိုခန့်သည် မျက်နှာသစ်ရေကပြင်အောက်က သဲနစ်နေသော ကျောက်နီ ကလေးလက်စွပ်တမတ်သားတကွင်းကိုမြင်ကာ အမေဖြစ်သူထားခင်အား လာ၍ ပြသလေသည်။

မိကြွက်တို့အိမ်ခြံ၀င်းထဲရသည်မို့ ထားခင်သစ္စာရှိရှိ မိကြွက်လက်ထဲပြန်ထည့်ပါ၏။ မိကြွက်က ဒါသူတို့လုပ်ထားတာမဟုတ်။ ထားခင်နှင့်ထိုက်၍ ထားခင်နှင့်သာဆိုင်သည်ဆိုကာ ပြန်ပေးရှာပါသည်။ မြို့သို့လူကြုံနှင့်ရောင်းခိုင်းလိုက်၍ ရသောငွေနှင့် ထားခင်အနည်းငယ်အဆင်ပြေသွားပြန်သည်။ ထားခင်သည် အိပ်မက်ထဲမှ အဖိုးအိုစကားအတိုင်း အဖီဆွယ်ထားသော အိမ်လေးအတွင်းမှ ဘုရားစင်ရှေ့၀ယ်ကျုံ့ကျုံ့ထိုင်၍ ဂုဏ်တော်တထောင်ကိုပုတီးစိပ်ပါသည်။ ဒီလိုနှင့် ဆယ်ရက်ခန့်ကြာသော်

အိပ်မက်ထဲမှ အဖိုးအိုက “ဟဲ့ မိမြသွေး နင့်မှာလည်း ဒီလိုနဲ့ မရသေးပဲကိုးဟဲ့ နင့်အိမ်အရှေ့ကနေ ဟိုးရွာ အရှေ့ပိုင်းဘုရားကြီး၀င်းထဲထိ မနက်ကစ၍ တံမြက်ရှည်နဲ့အမှိုက်တွေလှဲရမယ် ။ လက်ကလှဲရုံတင်မဟုတ် နင့်ပါးစပ်ကလည်း အရှုပ်တွေ ရှင်း မယ် အရှုပ်တွေ ရှင်းမယ်လို့အော်ရမယ် ဖြစ်အောင်လုပ်ဟဲ့”

“အို အဲ့ဒါတော့ ကျမ မလုပ်နိုင်ဘူး ကျမကိုလူတွေက ရူးနေပြီထင်ကြမယ်”

ရွက်၀ါရင့်ရင့်

#မိထားခင် လင်နှစ်ယောက်#အပိုင်း၁၃/၁၄(ဇာတ်သိမ်း)

ထားခင်သည် အိပ်မက်ထဲကအဖိုးအိုလုပ်ခိုင်းသလို မလုပ်ရဲသဖြင့် ဘာမှမလုပ်ပဲနေသည်။ အိမ်စားဖို့ သားနှစ်ယောက်နှင့် ပင်လယ်နှမ်းထွက်ရိတ်သည်။ ပင်လယ်နှမ်းဆိုသည်မှာ မိကျောင်းကွမ်းဖတ်ခေါ် ဆေးပင်တမျိုးဖြစ်သည်။ လယ်တွေသိမ်းပြီး ခြောက်သွေ့သောရိုးပြတ်တို့နှင့်အတူ အလေ့ကျပေါက်ရောက်နေသော မိကျောင်းကွမ်းဖတ်ခေါ် ပင်လယ်နှမ်းတို့သည် တစ်တောလုံး တစ်တောင်လုံးပြန့်နှံ့ပေါက်ရောက်သည်။ အပင်မှာ ခြုံအမျိုးအစားမို့ အပင်ခြေကနေ တံဇဥ်နှင့်ဆွဲသိမ်းရိတ်ကာ နေပူပူမှာခြောက်အောင်လှမ်းရသည်။ ရွှံဖြင့်စီမံထားသော၅နှစ်သားအရွယ်ကလေးမတ်တပ်ရပ်နိုင်လောက်သည့် အမြင့်ရှိသည့် ရွှံ့မီးဖိုတစ်ခုလုပ်ပြီး ခြောက်သွေ့သွားသော ပင်လယ်နှမ်းရိုးတို့ကို မီးမြှိုက်လျက် တဖြောက်ဖြောက်ကြွေကျလာသော နှမ်းတို့ကို တံမြက်နှင့်လှည်းကျင်းကာစုစည်းယူပြီး ပြာသည်။ ဆန်ချင်ခွက်ဖြင့်တပြည်ကိုငွေ၂၀၀၀ရကာ ဆယ်ပြည်ကိုငွေ၂သောင်းရသည်။

ဒီလိုနည်းဖြင့် ထားခင်တို့ ဆင်းရဲသားအုပ်စုတွေပင်လယ်နှမ်းထွက်ရိတ်ကြသည်။

ထားခင်သည် လူအများနှင့်အတူ မိကြွက်တို့အုပ်နှင့်ပေါင်းကာ နှမ်းထွက်ရိတ်ပြီး သားအမိတွေစား၀တ်နေရေးဖြေရှင်းသည်။ ထားခင်သည် ဘုရားတရားလုပ်ဖို့အချိန်ပင်မရဖြစ်နေသည်။ မိကြွက်တို့နှင့်ဟိုယခင်တုန်းကအတိုင်း နှုတ်လျှာကြမ်းကြမ်းပြန်ဖြစ်လျက် သူဆင်းရဲမဘ၀မှာမွေ့လျော်လာပြန်သည်။

ဒီလိုနှင့်မိုးဦးတခါကျပြန်သည်။ မိုးဦးကျတော့ ထားခင်တို့တွေ ကောက်စိုက်လိုက်ရပြန်သည်။

ပြီးတော့ ဒီနှစ်မှစ၍ သားငယ်ကိုခန့်ကိုကျောင်းစထားရသည်။ ထားခင်သည် မိန်းမသားတန်မဲ့ ဦးဆောင်မည့်သူမရှိသော အိမ်ထောင်တစ်ခုကိုမနိုင်မနင်းထိန်းသိမ်းနေရသည်။ သားကြီးအေးကိုက တရွာထဲနေသူမို့ သူ့မိန်းမဘက်မှ မိဘများ ညီမများနှင့်အဆင်မပြေဘူးကြားရပြန်သည်။ စိတ်ညစ်ပြီး မိန်းမအိမ်ကနေဆင်းကာ မအေဖြစ်သူထားခင်ဆီရောက်လာပြန်သည်။ ရောက်လာပြီးတော့ ဘာအလုပ်မှလည်းမလုပ် ထားခင်မရှိ ရှိတာရှာကြံကျွေးသမျှ ထိုင်စားလိုက်အိပ်လိုက် သူ့မှာပါလာသည့်ဖုန်းနှင့်ဂိမ်းထိုင်ကစားလိုက်။ ဘုန်းကြီးကျောင်းမှာ ငယ်ငယ်ထဲက ကိုရင်သွား၀တ်သော သားအလတ်လေးကမှ ထားခင်ဆီ တခါတခါရောက်လာတတ်ပြီး သူ့ဆီမှ အလှူရှင် အလှူ့အစ်မများလှူဒါန်းသွားသော ဆပ်ပြာလေး ၀တ္ထုငွေလေး မအေဆီလာလာစွန့်ကျဲသွားတတ်သေးသည်။

ဒီနှစ်ကို သားငယ် ကိုခန့်ကျောင်းစထားပြီး ကိုထွေးက ၂တန်းဖြစ်သည်။ ထားခင်သည် အလူးလူးအလဲလဲကပဲထပြီး မနိုင်မနင်းကြားထဲက ရုန်းကန်ဖို့ကြိုးးစားသည်။ အိမ်ဘေးက မိကြွက်ကလည်း လင်မရှိသောမုဆိုးမခြင်းတူတူမို့ သူမကို မငြိုမငြင်တွဲခေါ်ရှာပါသည်။

“ဟဲ့ ထားခင် ညည်းတို့ငါတို့တွေလည်း တဖြေးတဖြေး အသက်တွေကကြီးလာပြီ သားသမီးတွေကလည်း မလိမ္မာ
လင်တွေကလည်းပစ်
မိန်းမသားတန်မဲ့ ဒီလောက်လူရုပ်မပေါ်အောင်လုပ်စားနေလည်း ညည်းရဲ့ရုပ်ရည်က ကျုပ်တို့နဲ့မတူ တမူကိုထူးခြားတယ်အေ့ နောက်ထပ် အမှီသဟဲပြုလို့ရမယ့် လင်ကောင်းကောင်းထပ်တွေ့ရင် ယူသာယူအေ ”

“တော်ပါအေ လင်တွေများစိတ်ကုန်လွန်းလို့ ရုပ်ရည်ရှိလည်း လင်ကံမကောင်းရင်အလကားပါအေ ကျုပ်မလည်း သားတွေကကြီးလာလို့အားကိုးမရပါဘူး ဟဲ့ အေးကို နင်လည်း နင့်မယားအိမ်ဘယ်တော့ပြန်မှာတုန်း ပြန်ရင်လည်း ပြန်တော့ မပြန်ရင်လည်း ငါ့ဆီမှာနေပြီး အလုပ်လေးဘာလေးလုပ်စမ်းဟယ် ငါ ဒီမှာ အလုပ် လုပ်ရတာ နေ့ညမပျက်ပင်ပမ်းနေပြီအမေ့သားရယ် အမေ့ကိုမသနားဘူးလား”

“အမေကလည်းဗျာ ပူညံပူညံနဲ့ မိန်းမအိမ်ငရဲခံခဲ့ရသမျှ အမေ့ဆီအနားလာယူတာကို အမေမကျွေးနိုင်ရင်လည်း ဘုန်းကြီးကျောင်းသွားစားမယ်ဗျာ”

တကယ်ပင် နောက်တစ်နေ့ကျတော့ အေးကိုတစ်ယောက် ဘုန်းကြီးကျောင်းပြောင်းပြီးသွားနေလေသည်။ ဘုန်းကြီးကျောင်းဝေယျာ၀စ္စလုပ်ရင်း ကျောင်းမှာအိပ်ကျောင်းမှာစားကာ
အားရင် ဖုန်းထိုင်ပွတ်နေသာ်ကြား၏။ ကောင်းပေစွ။ သားယောကျ်ားလေးမွေးထားသော မိထားခင်
လင်ကံပင်ဆိုးသည်မဟုတ်။ သားသမီးကံလည်းဆိုးပါပေသည်။ သို့သော်လည်း ဇာတ်လမ်းတွေထဲကလို အရက်သောက်မူးရူးပြီး မအေဆီလာရမ်းတာထက်စာရင် တော်ပါသေးဟုမှတ်ရမည်။

“အမေ့ ဆရာမက စာအုပ်ကုန်နေတာနင့်အမေကထပ်မ၀ယ်ပေးဘူးလားတဲ့ဆူနေပြီ သားဒီမှာ စာအုပ်နောက်ကြောဖုံးထိ စာရေးနေရတယ်ဗျ”

“သြော် အေးပါ ကိုထွေးရယ် ဟဲ့ မိကြွက် နင် ခုနက ဆေးလိပ်၀ယ်ခိုင်းလို့ပိုတဲ့ပိုက်ဆံခဏပြန်ချေးဟယ် ဒီမှာ ငါ့မှာရှိတဲ့ တရာနဲ့ စာအုပ်ဖြည့်၀ယ်ပေးရအောင်လို့”

မိထားခင် ဒီလိုဗျာများသောကပွေရသလောက် လင်ဖြစ်သူကိုထွန်းခိုင်ကတော့ ဘယ်ဆီရောက်၍ ဘယ်မှာရှိနေမှန်းပင်မသိ။ ထားခင်တခါတခါ သူမဒီလိုဘ၀မျိုးရောက်ရသည်ကို သူမအမှားလားတွေးမိသည်မှာခဏခဏမို့ သူမကိုယ်သူမပဲ အပြစ်မြင်ပါသည်။ သူမရဲ့ကံကြမ္မာကိုပဲ သူမလွှဲချပါသည်။

သူမစိတ်၀ယ် သူမတချိန်က မှားခဲ့သည့်လုပ်ရပ်များအတွက် အမြဲသိမ်ငယ်၀မ်းနည်းစိတ်၀င်ခဲ့ရသည်။ အဲ့အတွက် သူမအခုပင်ပမ်းဒုက္ခရောက်ရသမျှ သူမ၏ကံကိုသာလွှဲချပြီး အားလုံးနှင့်အဆင်ပြေအောင်နေသည်။ နေနေသည့်ကြားက သူမဘ၀တနေ့ထက်တနေ့ အသက်ပင်မရှုသာ။ ဒီနေ့ အလုပ်မလုပ်လျှင် ဒီနေ့ပင်စားစရာကမရှိ။

တစ်နေ့ ကိုခန့်လေး ကျောင်းကအပြန် အိမ်ပြန်ရောက်မလာ၍ မိထားခင်လိုက်ရှာရသည်။ သားကိုထွေးကိုမေးတော့ သူအရင်ပြန်သွားတာအမေ
သားတို့ကနောက်ကျနေမှလွှတ်တာ ဟူ၏။

ညမိုး စုံးစုံးချုပ်မှ လူအများ၀ိုင်းရှာကြရာမှာတော့ ရွာထိပ်ကရေကန်တွင် သားကိုခန့်၏ ရေနစ်နေသော အလောင်းကိုတွေ့ကာဆယ်ယူရမိသည်ကြားရလေသည်။ ကလေးတွေ ကျောင်းကပြန် အိမ်ပြန်မလာပဲ ကလေးချင်းစည်းရုံးသည့်နောက်လိုက်ပါသွားရင် ရေကန်မှာ ကြာခွက်ဆင်းချိုးရင်း ကြာပတ်ကာ ကိုခန့်ကွယ်လွန်ခဲ့ရလေပြီ။ မိထားခင်ရူးမတတ်ဖြစ်ကာ
ထမိန်မပါ ဘာမပါ ရွာထဲအော်ငို၍ ​ေလျှာက်ပြေးလေသည်။

“ဟဲ့ မိမြသွေး နင် ဒီစိတ်ပျက်စရာကောင်းတဲ့ လူ့ဘ၀မှာ အတော်ကြီးမှ ပျော်နေသေးတုန်းလား
ဒီကလောက် စိတ်ရှုပ်စရာ စိတ်သောကပူပန်စရာတွေများနေတဲ့ ရှုပ်ထွေးပွေလီတဲ့ လူ့ဘောင်ကြီးကို နင် မငြီးငွေ့ဘူးလားမြသွေး”

“သံသရာကိုရှည်စေတဲ့အမှုတွေ တစ်မှုပြီးတစ်မှု နင်ချိုးဖောက်လို့ချိုးဖောက်နေမှန်းမသိဘူးလားမိမြသွေး ဒီသံသရာက လွတ်ဖို့ နင်သစ္စာရေတွေသောက်ပြီး မဟာဂန္ဓာရီလောကထဲ နင်၀င်ပြီး
လေ့လာကျင့်ကြံမယ်မကြံဘူး နင်စည်းဖောက်တယ် အေးလေ ဒါကလည်း နင့်ရဲ့ကျင့်ကြံအားထုတ်မှုက နုသေးတာကိုး နင့်၀ဋ်ကြွေးကြမ္မာက မကုန်သေးပဲ ဒီကျင့်ကြံအားထုတ်မှုကို လိုက်စားစေခဲ့တာကိုး အဲ့အတွက်လည်း ငါးဆူတောင်စခန်းမှာ ဆရာသခင်တွေက ငါ့ကိုသူဖုန်းစားအသွင် နဲ့ဒါဏ်ခတ်ခဲ့တာ ငါကအဲ့လောက်မဟုတ် နင်က အတော်ဒုက္ခများသကိုးမြသွေးရယ် ကဲ ကဲ ဖြစ်ပြီးတာတွေထဲက သင်ခန်းစာယူဟဲ့ နင့်သားအငယ်ကိုခန့်က သူ့နေရာသူပြန်သွားတာ နင်သိပ်ပြီးမခံစားနဲ့မြသွေး သူက အရင်အတိတ်ဘ၀က နင့်ရဲ့ ချစ်သူ နန္ဒပဲ။ နင်တို့ဆုတောင်းမှား အကျင့်မှားခဲ့လို့ ဒီဘ၀ သားသမီးနဲ့မိဘအဖြစ်ရေစက်ပါလာသေးသကိုး သံသရာက သိပ်ကြောက်စရာကောင်းတယ်မြသွေး နင်သိဖို့အချိန်တန်ပြီ အလွတ်ရုန်းထွက်တော့မိမြသွေး အလွတ်ရုန်းထွက်တော့”

ထားခင်သည် သားငယ်ကိုခန့်ကြောင့်စိတ်မလွတ်တလွတ်ဖြစ်နေဆဲတွင် အိပ်မက်ထဲ မရောက်လာတာကြာပြီဖြစ်သော အဖိုးအိုက ထပ်မံအိပ်မက်ထဲရောက်လာကာ ထားခင်ကို ညွှန်ကြားပြန်သည်။

ထားခင်သည် မနက်လေးနာရီလင်းလင်းချင်း ဆောင်း၀င်စမနက်ခင်းတွင် ညတုန်းက ကျန်နေသည့် ငပိရည်နဲ့ ထမင်းပူပူကိုနယ်စားသည်။ နယ်မစားခင် မြတ်စွာဘုရားအားရည်မှန်း၍ အာရုံဆွမ်းတော်ကိုကပ်သည်။ သားကိုထွေးအိပ်ရာနိုးလာလျင်အသင့်စားရန် ထမင်းကိုခူးခပ်ပေးထားပြီး ပန်းကန်တချပ်နှင့်အုပ်ဆိုင်းပေးထားခဲ့သည်။ တံမြက်ရှည်ကို ယူ၍

လူတွေမနိုးသေးချိန် သူမနေနေသော မိကြွက် အိမ်ရှေ့ကနေ လမ်းမထိ အမှိုက်များကိုစတင်လှည်းသည်။ သူမအဲ့လို လှည်းရင်းလှည်းရင်း ရွာ လည်လမ်းမရောက်တော့ စျေးသည်တချို့ကလည်ပြန်ကြည့်ရင်း ပြုံးစေ့စေ့ဖြစ်သွားကြသည်။ ရွာသားတချို့က နိုးနေပြီမို့ ရွာလည်လမ်းမတွင် ထားခင်တံမြက်လှည်းကာ အမှိုက်များကို စုပြီး အိတ်တွေထဲထည့်တာကို ကြည့်ပြီး ချီးမွမ်းသလိုလိုနှင့်လှောင်ရယ်ရယ်ကြသသည်။ ထားခင်သည် ခေါင်းမဖော်ပဲ တိတ်ဆိတ်၍ ရွာအရှေ့ကိုတဖြေးတဖြေးရောက်စဥ် နေလုံးကထွက်လာလေသည်။

ထားခင်အိမ်ပြန်ရောက်တော့ ဆွမ်းခံပြန်ချိန်မနက်ကိုးနာရီခွဲပင်ဖြစ်နေသည်။ ထားခင်လက်ထဲမှာတော့ စားဖို့ဆန်နှင့်ဆီ
အာလူးနှင့်ပဲတို့ရလာလေသည်။ ရွာထဲက ပိုက်ဆံရှိလူတချို့က​ေ ခါ်၍ပေးလိုက်ခြင်းကြောင့်ရလာသည်ပဲဖြစ်သည်။ အစမှာ မိမိအဲ့လိုယူလာရသည်ကို မျက်နှာပူပြီးရှက်သည်။ မိမိအဲ့လို လူတွေသူတွေအမြင်မှာ အရူးတစ်ယောက်လို ခေါင်းငုံ့၍ တိတ်တိတ်ဆိတ်ဆိတ် တံမြက်လှည်းရတာရှက်သည်။ သို့သော် ထားခင်မလုပ်၍မဖြစ်တော့ မိမိဘ၀ သူများတွေနှင့်မတူ ကံအလွန်ဆိုး၍ မိုးမှောင်ကျနေသည်မှာ သာမာန်တော့မဟုတ်ဟု ထားခင်တွေးမိလာ၍ ဖြစ်သည်။ အိပ်မက်ထဲမှအဖိုးအိုသည် ထားခင်ဒီလိုလုပ်ပြီးဆယ်ရက်ခန့်အကြာ အိပ်မက်ထဲတခေါက်၀င်လာပြန်သည်။

“ပြာသာ ပြာသည် ဖွဲကမထွက် တီးသာတီးသည် မောင်ပုံစောင်းကမတတ် ဟဲ့ မိမြသွေး နင်လုပ်နေတဲ့ ဂန္ဓာရီလမ်းဖောက်တဲ့အတတ်က နင့်ပါးစပ်က မအော်သရွေ့ ဘာမှဖြစ်မလာဘူးဟဲ့”

“ဘာကိုလည်း အဖိုး အရှုပ်တွေရှင်းတယ် လို့မအော်လို့လား ကျူပ်မအော်ချင်ပါဘူးတော် ခုလိုလုပ်တာတောင် လူတွေက ကျုပ်ကိုစောစောစီးစီးစတန့်ထွင်တယ်ထင်နေကြပြီး သားအတွက်နဲ့ ရူးပြီးထင်ရာလုပ်တယ်ပြောနေကြတာ”

“ဟဲ့ ပုထုဇဥ်ဟူသမျှ အရူးတွေချည်းမိမြသွေးရဲ့
ပေါ်ပေါ်ထင်ထင်ရူးတာနဲ့ မပေါ်မထင် ရူးတာပဲရှိတယ် အားလုံးဟာ လောဘရူး ဒေါသအရူး မောဟအရူးနဲ့ ကာမအရူး ဥစ္စာအရူး သားရူးသမီးရူး လင်ရူးမယားရူးတွေချည်း ဟဲ့မိမြသွေး နင်က နင့်အတိတ်ဘ၀ကိုသိလို့ နင့်ကိုယ်နင်ဆက်ခြင်ပြင်ဆင်နိုင်တာကိုက နင် သူများတွေထက် တော်နေတတ်နေတာဟဲ့
နင်သိလိုက်စမ်းပါ ငါဟာ လူတွေထဲက လူတွေနဲ့ ဘယ်သူနဲ့မှမတူတဲ့ လူတော်လူထူးတစ်ယောက်ဆိုတာသိလိုက်စမ်းပါ စနေသမီးအထွန်းဖွား ဘီလူးနက္ခတ်နဲ့မွေးလာတဲ့ နေတက်ရေတက်စနေမရယ် ဟားဟား ဟား”

“ငါလည်းရူးနေတဲ့ဇာတ်ရုပ်နဲ့ ငါးဆူတောင်ဘုရားမှာ သူဖုန်းစားကြီးဘ၀နဲ့ ငါ့အပြစ် ငါဆက်လက်၍ ပေးဆပ်နေရအုံးမယ် အထက်ဆရာတွေက နောက် ထပ်တနေရာနောက်ထပ်တဆင့် တက်ဖို့ မညွှန်မကြားခြင်းပေါ့ နင်ကံကောင်းပါတယ်မိမြသွေးရယ် နင်ကပါရမီ ငါ့ထက်သာပါတယ် တူဖြစ်တုန်းနှံခဲ့ဖူးသမျှ ပေဖြစ်တုန်းတော့လောကဓံရဲ့ရိုက်ပုတ်မှုမှာ အပြုံးမပျက် ကုန်းရုန်းခံလိုက်စမ်းပါမိမြသွေးရယ်”

**********************************

“အရှုပ်တွေ ရှင်းတယ်ဟေ့

အရှုပ်တွေ ရှင်းတယ်”

“အရှုပ်တွေ အားလုံးရှင်းတယ်ဟေ့ အရှုပ်တွေ အား
လုံးရှင်းနေပြီ ဟေ့”

ရွက်၀ါရင့်ရင့်

#မိထားခင် လင်နှစ်ယောက်#အပိုင်း၁၄(ဇာတ်သိမ်း)

“လောကမှာလူတိုင်း မရှုပ်ဖူးတာဘာမှမရှိဘူး လူတိုင်းရှုပ်ကိုရှုပ်တယ် အများနဲ့မရှုပ်ရရင် ကိုယ့်ဟာနဲ့ကိုယ်ကို ရှုပ်နေရော စဥ်းစားကြည့်လေမိမြသွေးရဲ့
မနက်မိုးလင်း အိပ်ရာကအထ နင့်ခေါင်းကဆံပင်အရှုပ်တွေအရင်မရှင်းရဘူးလား နင့်မျက်နှာက ထွက်တဲ့အညစ်အကြေး နင့်ဒွါရကိုးပေါက်ကထွက်ကျလာတဲ့အညစ်အကြေး၊ နင့်ခန္ဓာကိုယ်က အညစ်အကြေးတင်ရှုပ်တာရှင်းနေရတယ်ထင်လား
နင့်စိတ်က ဖြစ်လာတဲ့စိတ်အညစ်အကြေးလည်းနင်ရှင်းဖို့ကြိုးစားနေရတယ် နင်တညလုံးသေကောင်ပေါင်းလဲအိပ်မောကျနေရသလောက် နင်နိုးလာတဲ့အခါ နင်ဘာကိုအရင်စဥ်းစားရသလည်း
နင်မနေ့ကဖြစ်ခဲ့ပြီး မပြီးပြတ်သေးတဲ့အလုပ်တချို့ကိုစဥ်းစားရတယ် နင်ဒီနေ့ဘာဆက်လုပ်ရမယ်ဆိုတာမနေ့ထဲကအစီအစဥ်ဆွဲထားရတာတွေလုပ်ဖို့စဥ်းစားရတယ် နင်တို့ငါတို့ဟာလေ သံသရာအဆက်ဆက်က ရှုပ်ခဲ့တဲ့ အရှုပ်တွေကို ရှင်းဖို့နေနေသာသာ အခုဘ၀က အခုလက်ငင်းကိစ္စအရှုပ်သံသရာကိုပဲ မနဲရှင်းဖို့ကြိုးစားနေရတယ် ကဲ ကဲ သံသရာတွေမရှည်စေဖို့ မဟာဂန္ဓာရီခရီးလမ်းကနေ ဖြတ်လမ်းနဲ့လိုက်ကြမယ်ဟေ့ ဖြတ်လမ်းနဲ့လိုက်ကြမယ် သံသရာဟာ အလွန်ကိုစက်ဆုပ်မုန်းတီးစရာကြောက်စရာပေပဲကွဲ့ မိမြသွေးရဲ့ သူ့အိုးနဲ့ သူ့ဆန် တန်ရုံပဲမို့ နင်ဆက်လျှောက်ရမယ့်ဂန္ဓာရီလမ်းခရီးက လူပြိန်းဆန်ဆန်ပဲဆက်သွားရမှာမို့ နင်အလွယ်ကူဆုံးလမ်းက လိုက်ခဲ့ဖို့သာပြင်ပေတော့

အရှုပ်တွေ ရှင်းတယ်ဟေ့ အရှုပ်တွေရှင်းတယ် အရှုပ်တွေအားလုံးရှင်းနေပြီဟေ့ ဟား ဟားဟား
တူနယ့် တယ့်နယ် ဗြောင်….”

အိပ်မက်ထဲမှ အဖိုးအိုသည် သူမကို အသေအချာအလေးအနက်မှာတမ်းခြွေအပြီး သူရူးတစ်ယောက်ကဲ့သို့ ကခုန်ပေါက်လျက် ပျောက်ကွယ်သွားခဲ့လေသည်။

*****************************************

“အရှုပ်တွေ ရှင်းတယ်”

သူမထံမှ အသံသည် အပြင်သို့သဲ့သဲ့ထွက်ပြီး လည်ချောင်းထဲပြန်၀င်ပျောက်ကွယ်သွားခဲ့ပြန်သည်။

“အရှုပ်တွေ ရှင်းတယ်”

သူမ ငိုချင်လာသည်။ သူမသည် တံမြက်ရှည်ကိုကိုင်ရင်း မတ်တပ်စုံရပ်ကာ မိကြွက်တို့အိမ်ရှေ့လမ်းမမှာငေါင်နေမိသည်။

မိကြွက်တို့အိမ်ရှေ့က ဟိုအရင် သူမကိုထွန်းခိုင်နှင့်အတူတူနေထိုင်ခဲ့ဖူးသော မိထားခင်အကြွေးနှင့်ထိုးရောင်းခဲ့ရသောအိမ်ဟောင်းလေးဆီ ငေးနေမိပြန်သည်။ သူမသည် မိဘများနှင့်နေခဲ့ရသောငယ်ဘ၀ပုံရိပ်များကို တရိပ်ရိပ်မြင်ယောင်စပြုလာပြန်သည်။ အရင်လင် အေးကို၏ဖခင်နှင့်အိမ်ထောင်ဦးအစ ပျော်စရာများမြင်ယောင်လာပြန်သည်။ သားကြီးအေးကိုကိုမွေးအပြီး အေးကို၏ဖခင်ဖောက်ပြန်ကာ သူမတို့သားအမိကိုပစ်ပြေးသွားတာကအစ ကိုထွန်းခိုင်နှင့်အိမ်ထောင်ကျခဲ့သည်များ သားယောကျ်ားလေးတွေတစ်ယောက်ပြီးတစ်ယောက်မွေးခဲ့သည့်ပုံရိပ်များ
သားအငယ်ကိုခန့်ကိုလယ်ထဲမွေးခဲ့သည့်ပုံရိပ်များနှင့် သူမမျိုးဆွေနှင့်ဖောက်ပြန်ခဲ့ပုံ။ ခလောက်ချိုက်ရဲကင်းမှ ကိုလွန်းကြင်နှင့်နောက်ထပ်အိမ်ထောင်ပြုခဲ့ပုံ။ ကိုထွန်းခိုင်သူမကို နာကျင်စွာကြည့်ပြီးထွက်သွားခဲ့သည့်ပုံရိပ်များ နောက်ဆုံး သားငယ်ကိုခန့်၏ ရေနစ်သေဆုံးပုံများ တရေးရေးမြင်ယောင်လာကာ ရင်ထဲဆို့ကျပ်လာသည်။

မတ်တပ်ရပ်နေရာမှ ဒူးများတဆတ်ဆတ်တုန်ယင်လာပြီးသူမ ရင်ခေါင်းထဲမှ နင့်တင့်တင့်ဖြစ်စေသောအရာတစ်ခုသည် သူမလည်ချောင်းထဲသို့ ထိုးတက်လာသည်။ သူမရင်တွေကွဲထွက်မတတ် တမျိုးကြီးခံစားလာရသည်။ သူမရှိုက်ကြည့်သည် မရ။

သူမငိုကြည့်သည် မရ။

သူမ ဟားတိုက်ဖို့ကြိုးစားသည် အဆင်မပြေ။

နောက်ဆုံး

သူမကြိုးစားအားထုတ်ကာ စိတ်ကိုပြန်စုစည်းလိုက်သည်။ တဒဂ်အတွင်း သူမနှုတ်က အသံထွက်လာလေသည်မှာ

“အရှုပ်တွေရှင်းတယ် ရှင်းတယ်ဟေ့ ”

“ဝေါ ဖရော …ဖျတ် ဖျတ် ဖလပ် ဖလပ်”

မနက်လေးနာရီမတိုင်မှီ အားလုံးအိပ်စက် အိပ်မောကျနေချိန်အတွင်း ထားခင်၏ အရှုပ်တွေရှင်းတယ်ဟေ့ ဟု အော်သံကြောင့် အိပ်တန်းတက်နေကြသော ငှက်တချို့ လန့်ဖြန့်ကုန်ကာ သစ်ပင်တွေထက်မှ ထပျံကုန်ကြလေသည်။ ထားခင်တို့ရပ်ကွက်မှ ခွေး တချို့ ထအူကြလေသည်။ ရုတ်ချည်းပင် ထားခင်၏ အသံကြောင့် ရပ်ကွက်နေသူတချို့ လန့်နိုးကာ ထထိုင်ကြလေသည်။

“ဟယ် ဒီ ထားခင် လင်တရူးသားရူးနဲ့တော့ခက်နေပြီ တရပ်ကွက်လုံးလည်း သူလုပ်မှ လန့်နိုးကုန်ကြပြီ

ကဲ ကဲ နိုးမှတော့ အာရုံဆွမ်းလေး ဘာလေး ထချက်ကြဟဲ့”

“အရှုပ်တွေ ရှင်းတယ် ဟေ့ အရှုပ်တွေ ရှင်းတယ် ဟားဟား ဟားဟား ဟား”

ထားခင်သည် နှုတ်မှ အော်လိုက် လက်မှ တံမြက်ရှည်ဖြင့် အမှိုက်များကိုလှဲကျင်းလိုက် လုပ်နေပြီး ရွာ့အရှေ့ဖက်သို့ ဦးတည်ကာသွားနေလေသည်။ ရွာလူအများသည် မိထားခင်တစ်ယောက်အား သူရူးမသဖွယ် ကိုယ့်ရွာသူတစ်ဦး ဤသို့စိတ်ဖောက်သွားခြင်းကို သနားသည့်သူကသနား
ထားခင်တချိန်က လင်တွေတစ်ယောက်ပြီးတစ်ယောက်ယူခဲ့ပြီး ယခုလိုဘ၀မျိုးရောက်ရသည်ကို အထင်သေးကာ မသနားသူက မသနား ကဲ့ရဲ့တင်းဆိုကြလေသည်။

ထားခင်ကတော့ သူ့အလုပ်ကိုသူဆက်လုပ်ရင်း သူလျှောက်ရမည့်လမ်းကို သူဆက်လျှောက်ဖို့ ကြိုးစားအားထုတ်ရင်း ဘယ်သူတွေဘာပြောပြော ဘာထင်ထင် ဒီတစ်ဘ၀အတွက်တော့ သူမပေးဆပ်ရမည့်၀ဋ်ကြွေးများ သူမဖောက်ရမည့် သံသရာလမ်း
ဂန္ဓာရီစခန်းအတွက်တော့ သူမအမြင်မှန်ရရှိသွားခဲ့ပြီဖြစ်သည်။

“အရှုပ်တွေ ရှင်းတယ်ဟေ့ အရှုပ်တွေရှင်းတယ် အရှုပ်တွေအားလုံး ရှင်းတယ်ဟေ့”

ပြီး။