” လူသားစားတဲ့ဘုန်းကြီး” (ဖြစ်ရပ်မှန်)

 ” လူသားစားတဲ့ဘုန်းကြီး” (ဖြစ်ရပ်မှန်)

———————————

လူသားစားတဲ့ဘုန်းကြီး ဦးလာဘ အမှုကိုစီရင်
အမိန့်ချခဲ့သူက ကျွန်တော့်အသိတယောက်ရဲ့
အဖေ ထိုစဉ်အခါက တောင်ဥက္ကလာပမြို့နယ်
တရားသူကြီးပါ။
မှတ်မိသလောက်ကတော့ တရားသူကြီးလည်း
၁၉၉၀ခုနှစ်လောက်မှာအငြိမ်းစားယူခဲ့တာပါ
အခုဆိုကွယ်လွန်ပြီထင်ပါတယ်။
ဦးလာဘ လူသားစားမှု အမှန်တကယ်ဖြစ်ခဲ့
ပါသတဲ့။

ဦးလာဘ ကိုကြိုးမိန့်မချခင်မှာ
သူနောက်ဆုံးအနေနဲ့ စကားတစ်ခွန်းပြောခဲ့ပါတယ်
အဲဒါကတော့ လူသားက အရမ်းချိုတာပါဘဲ တဲ့
ရှေးလူကြီးတွေပြောပြတာပါ။

၁၉၇၆ ခုနှစ်တွင် ရန်ကုန်မြို့၌ နံမည်ကျော်
ဦးလာဘ ဆိုသည် တကယ်ရှိခဲ့ပါတယ်။
သင်္ကန်း၀တ်ထားပေမဲ့ ဘုန်းကြီးဟု ပြောဖို့
ခက်ပါ တယ်။

သူ၏ကျောင်း၏တည်နေရာမှာ ယခု
တောင်ဥက္ကလာပမြို့နယ် ပါရမီ လမ်းမဘေးက
၂၀ိုင်း တို့ ၃၀ိုင်းတို့ဆိုပြီး အခုခေါ်နေကြတဲ့
ဘုန်းကြီးကျောင်းတွေ အများကြီး ရှိတဲ့နေရာ..။

အဲ့ဒီ့ ကာလတုန်းကတော့ အခုလို
လူနေအိမ်ခြေ မရှိသေးဘဲ မြို့အစွန်အဖျားလည်း
ဖြစ်နေခဲ့တယ်။
ဘုန်းကြီးကျောင်းငယ် လေးတွေကတော့
ဟိုတစ်ကျောင်း ဒီတစ်ကျောင်း ရှိနေခဲ့ပါတယ်..။

အဲ့ဒီ့ထဲမှာ ဦးလာဘ၏ ကျောင်းလဲ တစ်ကျောင်း
အပါအ၀င်ပေါ့ ။

ဦးလာဘ ရဲ့ကျောင်းမှာ သူ့ရဲ့မိန်းမနဲ့ သားဖြစ်သူတို့ပါ အတူနေတယ်လို့ပြောပါတယ်။
သားဖြစ်သူက ဦးလာဘအတွက် ဒိုင်ခံလူသတ်ပေးပြီး မိန်းမဖြစ်သူက ဦးလာဘအတွက် ပြင်ဆင်ချက်ပြုတ်
ပေးကြပါတယ်။

ဦးလာဘရဲ့ လူသားစား ဇာတ်လမ်းကြီး
ပေါ်ပေါက်လာရတာကတော့ ဘုန်းကြီးကျောင်း
ရဲ့ ဘေးဘက် တနေရာ မှာ
မြေကွက်လေး ရှိတယ်…

အဲ့နား၀န်းကျင်က ဘုန်းကြီး ကျောင်းသား လေး
တွေ ညနေဆို ခြင်းခတ် ကြတယ်….
တနေ့ ညနေခြင်းခတ်နေရင်း ကျောင်းသား
တယောက် ခြင်းခတ်လိုက်တာ ခြင်းလုံးက
ဦးလာဘရဲ့ ဘုန်းကြီးကျောင်းထဲ ၀င်သွားတယ်။

သွားကောက်တဲ့ ကျောင်းသားလေးလည်း အချိန် အတော်ကြာတဲ့ထိ ပြန်ထွက်မလာတော့ဘူးတဲ့..။

တစ်နေ့ထက်တစ်နေ့ အဲ့ဒီ့ ပတ်၀န်းကျင် မှာ လူပျောက်မှုတွေများလာတယ်။

စုံစမ်း လိုက်တဲ့အခါမှာ အများစုက အဲ့ဒီ့ဘုန်းကြီး
ကျောင်းတွေ နား တဝိုက်မှာ နောက်ဆုံး မြင်လိုက်
ရတာချည်းဘဲ ဖြစ်ဖြစ်နေတယ်။

သဲလွန်စလဲမရ သတင်းအစအနလည်း
မရဖြစ်နေပေမယ့် ဒီနားက ဘုန်းကြီးကျောင်း
တွေနဲ့ ပတ်သတ်မှု တခုခု ရှိမယ်ဆိုပြီး
အဲ့နားတဝိုက်ကို အမြဲတမ်းစောင့်ကြည့်နေခဲ့ပါတယ်။

ဒီလိုနဲ့ အမှုပေါ်မယ့်နေမှာ လူငယ်တယောက်ဟာ
ဦးလာဘကြီးရဲ့ကျောင်းကို ညနေစောင်းလောက်အချိန်မှာ ရောက်လာခဲ့ပါတယ်။

သူပြန်မယ့် အချိန်ကျတော့ ဦးလာဘရဲ့ ကျောင်း
ထဲကအထွက်မှာ ဦးလာဘရဲ့သားဖြစ်သူက အနောက်ကနေဓါးနဲ့ခုတ်ပါတယ်။
ကံကောင်းစွာနဲ့ လူငယ်ကို ချက်ကောင်း မခုတ်မိတာကြောင့် အဲ့ဒီ့လူငယ် သွေးသံရဲရဲနဲ့ ဘုန်းကြီးကျောင်း ၀န်းထဲက ပြေးထွက်ခဲ့ပါတယ်။

အဲ့ဒီ့မှာဘဲ အဆင်သင့်စောင့့်ကြည့်နေတဲ့ သက်ဆိုင်ရာတွေရော ပတ်၀န်းကျင် ကပါ ရောက်ရှိလာပြီး အကျိုးအကြောင်းမေးတော့ ဘာ ရန်စမှ မရှိဘဲ ဦးလာဘရဲ့ သားဖြစ်သူက ဓားနဲ့ခုတ်တဲ့
အကြောင်းသိရတာမို့ ဦးလာဘရဲ့ကျောင်းကို
၀င်ရောက်စစ်ဆေးကြပါတယ်။

ကျောင်းထဲကို ၀င်စစ်ကြတဲ့အခါမှာ
ရာ၀င်အိုးကြီးထဲမှာ ခုတ်ဖြတ် ဆားစိမ်
အချဉ်စိမ်ထားတဲ့ လူ့ခန္ဓာကိုယ်ယ် အစိတ်
အပိုင်းတွေကို တွေ့ရှိကာ ဦးလာဘရဲ့ကြောက်
မက်ဖွယ် ဇာတ်လမ်းကိုဖော်ထုတ်ကာ
ဇာတ်သိမ်းလိုက်နိုင်ပါတယ်..

ရက်သတ္တပတ်များစွားစစ်ဆေးပြီးတဲ့နောက်မှာ
ဦးလာဘကြီးကိုသေဒဏ်ချမှတ်ခဲ့ပါတယ်။
စစ်ဆေးတဲ့အခါမှာ ဦးလာဘကြီးဟာ လူသား
စားပြီးကျင့့်ကြံရတဲ့ ကျင့်စဉ်တခုကို
ကျင့်နေကြောင်း ၊
ထိုကျင့်စဉ်ကို တချို့က ပေါရိသာရ ကျင့်စဉ်လို့
ခေါ်ကြပါတယ် ။

အိန္ဒိယမှာလည်း အချို့နေရာတွေမှာ သေသူရဲ့
အသားစားသောက်ပြီးကျင့်တဲ့ကျင့်စဉ်တွေ
ရှိနေပါသတဲ့။

သူကရှင်အဇ္ဇဂေါန တို့လို ဝိဇ္ဇာ တစ်ဦး ဖြစ်ချင်
တာပါ…
သူဟာယတြာ ၊ ဓာတ်ခန်း ၊ ဓာတ်ရိုက်ဓာတ်
ဆင်လည်း နှံ့စပ်တဲ့ ဘုန်းကြီးပါ…

လူသားစားတဲ့ နေရာ မှာလည်း ပြီးစလွယ်
အလွယ် စားတာ မဟုတ်ပါဘူး ။
ဂါတာ မန္တာန် သူ့နေနံနဲ့ သူစားတာပါ……
အောင်မြင် သွားရင် တော့ သူ့အတွက် အရမ်းကို
အကျိုးများစေမှာပါ…
တချို့က လည်း မြေမနင်းစားတယ် လို့ ဆိုပါတယ်
အယောက် တစ်ရာ ပြည့်ရင် မြေလျှိုး မိုးပျံ
နိုင်တယ်လို့ ဆိုပါတယ်။

နောက်ထပ်လူသား အနည်းငယ် စားပြီးတဲ့အခါမှာ သူရဲ့ကျင့်စဉ်က ပြီးမြောက်တော့မှာ
ဖြစ်တဲ့အကြောင်း

လူသားစားတဲ့ အခါ မှာလည်း နေ့သင့် နံသင့်
သားတွေကို ရက် အလိုက်စားရတာဖြစ်ကြောင်း
အခင်းဖြစ်တဲ့ရက်က

နေ့သင့်နံသင်လူ့သားစားရန် လက်ကျန် မရှိတော့တဲ့ အချိန်မှာ ကျောင်းကို လာနေကျ လူငယ်ဟာ
နေ့သင့် နံသင့် တာမို့ သတ်ရန်အကြံအစည် မရှိဘဲ သတ်ခိုင်းခဲ့တာဖြစ်ကြောင်းဖြောင့်ချက်ပေး ပြောဆိုပါသတဲ့။

မူကြဲ တခု
* * * * *

ဒီနေရာမှာ နောက်ထပ် မူကွဲ တခုကို
တင်ပြပေးပါ့မယ်…

ဘုန်းကြီး ဦးလာဘရဲ့ အစီအစဉ်ဖြစ်တဲ့
စားဖို့အတွက် လူသေအသားတွေကို
သူ့ရဲ့ တပည့်က(မောင်ငယ်)က သင်္ချိုင်းမှာ
လူသားရှာဖွေပေးရပါတယ်။
အစပိုင်းကတော့ သင်္ချိုင်းမှာ တူးယူ ရရှိပါတယ်။
နောက်ပိုင်း သင်္ချိုင်းမှာ တူးယူရတာ
အဆင်မပြေ တော့ ဘုန်းကြီး ကျောင်း၀င်းထဲကို
လာတဲ့ သူကို ခုတ်ပြီး အသားကို ယူပြီး
အချဉ်စိမ်ပြီး စားပါတယ်။

ကျန် အရိုးတွေ ကိုတော့ မြေကြီးနက်နက်တူးပြီး
ခြေရာ လက်ရာ ဖြောက်ကာ မြုပ်နှံပစ်ပါတယ်။
ပတ်၀န်းကျင် ကလည်း တဖြေးဖြေး ရိပ်မိလာတော့ ကင်းပုန်းချထားပါတယ်။

ဤအကြောင်းကိုလည်းဦးလာဘ သိလေတော့
လူသားဘယ်မှာမှ မရတဲ့အဆုံး တပည့်မောင်
ငယ်ကို သတ်ဖို့ ကြံစည်ပါတော့တယ်။

မောင်ငယ်က လည်း အထှာနပ် သူ ဖြစ်နေလေ
တော့ ကိုယ်တော့ အသေမခံ နိုင် ဆိုပြီး ရဲစခန်း
ကို သွားပြီး ဦးလာဘရဲ့ အကြောင်းကို ဖွင့်ချ
တိုင်တန်းပါတယ်။

နောက်နေု့မှာပဲ ဦးလာဘကို ရဲတွေ ၀င်ဖမ်းပါတယ်။
လူသားစားပြီး သန်မာ လှတဲ့အတွက် မနဲ ရုန်းကန်
နေတဲ့ကြားက ခက်ခက်ခဲခဲ ဖမ်းယူ ရပါတယ်။

နောက်တော့ အစိုးရ ထောက်လှမ်းရေးတွေက
ရိပ်မိပြီး ကင်းပုန်း တွေ ချထားတာ ရိပ်မိလို့
ဦးလာဘက သူ့တပည့်ကို ပြန်သတ်စား
ဖို့ကြံစည်ပါတယ်။

သူ့တပည့်က သူ့ကို မသတ်ခင် ရဲစခန်း မှာ
ထွက်ချက်ပေးလို့ ၀င်ဖမ်းတယ်လို့ ဆိုကြပါတယ်။

နောက်တော့ မောင်ငယ်လည်း ထောင်ကျ ။
ဦးလာဘ ကိုလည်း သေဒဏ် ပေးတယ်လို့လည်း ဆိုပါတယ်။
နိုင်ငံရေး အရှုပ်အရှင်းထဲမှာ လွတ်သွားတယ်လည်း ဆိုပါတယ် ။

အရပ်ပြောစကားမူကွဲတွေ အများကြီးထဲကမှ
ကျနော် ကြားဖူးတာလေးပြန်ပြောပေးတာပါဗျာ…
အဖိုးအဖွား မေးကြည့်တော့လည်း လူသားစားတဲ့
ဘုန်းကြီး ရှိဖူးတယ်လို့သာ ပြောနိုင်ပါသည် ။

လူသား စား ဦးလာဘ အကြောင်းသိရသလောက်
ပြန်လည်ဖော်ပြတာပါ။ … 🙂

Credit to Original Uploader
မူရင်းရေးသူ အား credit ပေးပါတယ်