ရူးတယ်လို့ဆိုချင်ဆို

 ရူးတယ်လို့ဆိုချင်ဆို

-------------------

ယခုဖော်ပြမည့် ကဗျာလေးသည် ဆရာကြီး အိုရှို ရေးသားခဲ့သော ကဗျာလေးဖြစ်ပါသည်။


လူသည် တစ်ယောက်တည်း မနေတတ်။ ထို့ကြောင့် ရူးလျှင်လည်း တစ်ယောက်တည်း မရူးတတ်


အဖော်အပေါင်းနှင့် ရူးတတ်ကြောင်းကို ပြဆိုလိုသော ကဗျာလေးဖြစ်ပါသည်။ ဆရာကြီး၏ အာဘော်ကို တတ်နိုင်သမျှ မိအောင် ပြန်ဆိုပါသည်။


အရူးတွေကြည့်တဲ့ပွဲ


လူဆိုတာ


တစ်ယောက်တည်းနေရမှာကိုကြောက်


ဒါကြောင့် 


ဘာလုပ်လုပ် တစ်ယောက်တည်း မလုပ်ကြဘူး


ရုပ်ရှင်က မကောင်းဘူးဆိုလည်း တစ်ယောက်တည်း မသွားဘူး။


အားကစားတဲ့


ဘောလုံးဆိုပါလား


ဘာဖြစ်လို့များ စောင့်ကြည့်နေကြသလဲ။


ဘယ်လောက်များ ရူးလိုက်တဲ့ ကစားနည်းလဲ


ကွင်းထဲမှာ အလယ်တည့်တည့် မျဉ်းသား


ဟိုဘက်ကို ဆွဲသွားလိုက်


ဒီဘက်ကို ဆွဲလာလိုက်


အဲဒါကို လူသန်းပေါင်းများစွာ စောင့်ကြည့်


ဘာဖြစ်လာမလဲ


ဘာဖြစ်သွားမလဲ


ဘယ်လောက်များ ရူးကြသလဲ။


စိတ်ပညာအလိုအရ 


ဆိုရရင်


အဲဒါ ရူးတာမဟုတ်။


ဘောလုံးပွဲကြည့်တယ်ဆိုတာ


ကိုယ့်ကိုယ်ကိုယ် မေ့နိုင်ဖို့ ကြိုးစားနေကြတာတဲ့။


ငါတို့ဟာ တစ်ယောက်တည်းရူးနေတာ မဟုတ်ပါလားဆိုတာ


မေ့ဖျောက်နိုင်အောင် ကြိုးစားနေကြတာတဲ့။


အုပ်စုလိုက်ကြီးဆိုတော့


ခံစားရတာလည်းပျော်


လူလည်းကျန်းမာ


စိတ်လည်းချမ်းသာ


ငါ့ပတ်ဝန်းကျင်မှာ ငါ့လိုလူတွေအများကြီးပါလားဆိုပြီး ပျော်စရာ။


ဘောလုံးပွဲဆိုတာ


လူသန်းပေါင်းများစွာ စောင့်ကြည့်နေကြတာ


အရူးပွဲဖြစ်နိုင်ပါ့မလား


နိုင်ငံတော်က


သမ္မတဆိုတာတောင် 


ဘောလုံးပွဲကြည့်ကြတာ


ရူးလို့ကြည့်တာ ဖြစ်နိုင်ပါ့မလား။


ရူးတယ်လို့ပြောရအောင်


လူတိုင်းက စောင့်မျှော်


လူတိုင်းက အားပေး


လူတိုင်းက သဘောကျ


ရူးတယ်လို့ ဆိုရမှာလား။ 


တင်ညွန့်


(Osho, From Unconsciousness to Consciousnes)


၁၆.၁.၂၀၂၁