ပေတလူ

 “ပေတလူ”(စ/ဆုံး)


————


ကိုမွေးတော့၊အိမ်မှာသူအမေတစ်ယောက်ထည်း၊၊ဆီးသွားရင်းမွေးတော့၊ကပျဉ်


အောက်ကရေထဲသို့ထွက်ကျသွားသည်။

အိမ်နားနီးချင်းများကောင်းလို့”ပေတလူ”အသက်ရှင်ခွင့်ရခဲ့၏။

ပေတလူက သူ့ကိုယ်သူ

မွေးကံမကောင်းဖူးဟု၊

အထင်ရောက်နေခဲ့သူဖြစ်ပါ၏။

ထင်လောက်စရာ၊အကြောင်းများရှိခဲ့ပါ

၏။သူ၏မွေးရပ်မြေက၊မြစ်ကမ်းနဖူး

က၊ရွာသိမ်ရွာငယ်ကလေး။အဖေအမေတို့ကတံငါသည်။

နေရသည့် အိမ်ကလေးများက၊ ကုန်းမြင့်မြင့်ပေါ်ရာနေရာများတွင်၊

တောင်တစ်အိမ်၊မြောက်တစ်အိမ်ဆောက်လို့ထားပါသည်။ဖိုးဖွားစဉ်ဆက်၊ငါး

ဖားရှာဖွေရောင်းချသည့်၊တံငါအလုပ်ဖြင့်အသက်မွေးမှုလုပ်ကိုင်စားသောက်

ရ၏။ပေတလူ၏အဖအမေတေို့အိ မ်

ထောင်ကျကြတော့၊အဖိုးက၊တဲသာသာအိမ်က

လေးတစ်အိမ်ဆောက်ပေးပြီး၊လက်ဖွဲ့

အဖြစ်လှေငယ်တစ်စင်းအမွေပေးလိုက်သည်။

ပြောရရင်တော့၊လှေလှော်တတ်သူအတွက်လူနှစ်ယောက်ကိုသယ်ပြီး၊ပင်လယ်

ကူးလို့ရယုံသာဖြစ်သည်။လှေနှင့်အတူလက်ဖွဲ့အဆစ်အဖြစ်၊

လှော်တက်နှစ်ချောင်းနှင့်ငါးဖမ်းပိုက်ကွန်တစ်စုံကိုပါပေးလိုက်သေးသည်။

သည်ထက်ပိုပြီးလိုချင်ပါလည်း၊သူတို့မှာပေးစရာမရှိတော့ပါ။


လုပ်စားဖို့လုပ်ခင်းကတော့ကျယ်ပြန့်

လွန်းသည်၊ရွာဘေးကမြစ်ချောင်းတစ်သွယ်နှင့်ရေပင်လယ်ကျယ်သမျှ၊လုပ်စားခွင့်ရခဲ့ပါသည်။


မပိုင်ဝက်မွေးဆိုသလိုပင်၊မိမိကိုယ်ပိုင်

ဝိရိယအား၊ဥာဏ်အားရှိသူသာ၊ထမင်း

ကောင်းကောင်းစားနိုင်မည့်အလုပ်ဖြစ်သည်။

လှေအလှော်ကောင်းပေမဲ့၊မုန်တိုင်းက

ထန်၊လှိုင်းကပြန်သဖြင့်၊အားမတန်မာန်

မတင်းနိုင်သော၊ရေခင်းပိုင်သူတို့၏၊

လုပ်ကွက်ဖြစ်သည်။


တံငါဖြစ်လို့၊တောရွာမှာမွေးလို့၊သိမ်ငယ်

သည်လို့မဆိုလိုပါ၊အခြားနေရာများ

လောက်အစစအရာရာဖွံဖြိုးတိုးတက်မှု

နည်းပါးခြင်းကြောင့်၊အားရကျေနပ်ဖွယ်ဘဝအခြေမစခဲ့ဖူးလို့”ပေတလူ.”ဆိုလို

ချင်ပါသည်။


ပေတစ်လူ ငယ်စဉ်က၊ညနေစောင်းလျှင်

အဖေအပြန် အားအမေနှင့်အတူမျှော်ရသည်။


ပင်လယ်တွင်းက၊လေနုအေးက

တဖြူးဖြူးဖြင့်တိုက်သလိုလိုနဲ့၊ညှင်ညှင်

သာသာတိုက်နေသည်က၊သာယာလှပါသည်။


ဒါပေမဲ့လေကြမ်းတိုက်လို့လာလျှင်အဖေ့အား၊စိုးရိမ်ရသည်။ထိုအချိန်ပင်လယ်

လှိုင်းကြီးများဘောင်ပင်ခတ်ပြီး၊ဗေဒါဒိုက်တို့ကမ်းပေါ်လွင့်ပျံ၍ရောက်လာကြသည်။

အမေ့ပါးစပ်မှဘုရားတပြီး၊ပေတလူအား

တင်းတင်းဖက်လို့ထားသည်။


လှိုင်းလုံးကြီးများ၏အကြားမှ၊အဖေ၏လှေကလေးဘွားကနဲပေါ်လာမှ၊သားအမိနှစ်ယောက်သားသက်မချနိုင်ကြသည်။

သက်စွန့်ဆံဖြားငါးဖမ်းသမားတို့၏ဘဝပါ။အသက်အားအရင်းတည်ပြီး၊ထမင်းအတွက်ရှာဖွေစားသောက်ရသူများပါ။


အဖေရောက်လာမှ၊ငြိမ်းနေသောမီးအိမ်

ကလေးအားပြန်ပြီးထွန်းရသည်။

သေလုလုမီးခဲကလေးအား၊မီးပြန်မွှေး

ပြီး၊ညစာချက်ရသည်။


ဥာဉ့်နက်ပေမဲ့၊လရောင်အောက်တွင်၊

မိသားစုထမင်းဝိုင်းကလေးက၊မိန်လှသည်။ဘာနှင့်စားရစားရပျော်မိသည်။ ရာသီဥတု သာသည့်အခါများကြုံလျှင်တော့၊သောင်ပြင်ပေါ်တွင်ဖျာကြမ်းခင်းပြီး၊ကြောချခါ၊အမေကတေးချင်းဆို

ပြီး၊အဖေကလက်ခုပ်တီးပေးသည်။

ထိုအချိန်အမေ့ရင်ခွင်မှာမှေးပြီး၊ပေတလူပျော်ခဲ့ပါသည်။


မိဘအရိပ်တွင်ခိုဝင်ပြီးနေခဲ့ရသော၊

ပေတလူ၏ဘဝက၊မချမ်းသာဟုဆိုသော်

လည်း၊တစ်ခါတစ်ခါတော့သာယာလို့နေပါသည်။

ပေတလူ၏မိဘများက၊

အများကလေးတွေလို၊ပေတလူအားအစိုးရကျောင်းများသို့ပို့ပြီး၊ကျောင်းမထားနိုင်ခဲ့ပါ။

မလှမ်းမကမ်းက၊တောင်တန်း

လေးပေါ်ရှိဘုန်းတော်ကြီးကျောင်းတွင်

ကျောင်းအိပ်ကျောင်းစားထားရပြီး၊

ပညာသင်ယူစေပါသည်။


ဖင်ဘဲဆွေးဆွေးကျောင်းဘဲဆွေးဆွေး

ကျောင်းမှာရှိနေသမျှစာသင်ပေးသဖြင့်၊ပေတလူစာဖတ်တတ်သည်။ဆရာတော်ကခေတ်မှီသဖြင့်၊အတန်းမအောင်သော်လည်း၊အများနည်းတူအတန်းပညာများတတ်ခဲ့သည်။ဆရာတော်၏ကျောင်းတွင်၊ဘယ်လောက်ကြာအောင်နေမိသည်လည်းမသိတော့၊အခုတော့လူပျိုဖြစ်လို့လာပါပြီ။


အစိုးရကျောင်းများမှ၊ကျောင်းဆင်းပြန်

လာသောသူငယ်ချင်းများအားစောင့် ကြိုရင်း၊

အိမ်နားနီးချင်း၊သက်တူရွယ်တူ၊”မိမွှေး”နှင့်

သူငယ်ချင်းဖြစ်ခဲ့ကြသည်။


ကျောင်းအားသောနေ့၊မိမွှေးနှင့်အတူ

တောင်ပေါ်တက်ပြီးတောပန်းလေးများအား၊အတူခူးခဲ့ကြသလို၊အဖေပင်လယ်တွင်းသို့မဆင်းသည့်ရက်များတွင်၊အဖေ့၏လှေကလေးအားယူပြီး၊မြစ်ရိုးတစ်လျှောက်ငါးခိုင်းထောက်ကြသည်။ညနေဖက်ကိုင်းထောက်ထားပြီး၊မနက်စောစောငါးကိုင်းများအားဖော်ရသည်။ကိုင်းတွေမှာငါးတွေအများကြီးမိလျှင်၊နှစ်ယောက်သားပျော်လိုက်သည်ဖြစ်ခြင်း။ တစ်ယောက်တစ်ဝက်စီခွဲပြီးအိမ်သို့သယ်သွားကြသည်။

ရောင်းဖို့မဟုတ်ပါ။အိမ်များတွင်ချက်စားကြရန်ဖြစ်သည်။

“ပေတလူ”နှင့်”မိမွှေး.အားကြည့်ပြီး၊လူ

တွေကပြောကြသည်။သည်နှစ်ယောက်

အရွယ်ရောက်လျှင်ယူကြမှာ…တဲ့။


တကယ်မဟုတ်သေးသော်လည်း၊

နှစ်ယောက်လုံးထိုစကားအားကြားကြ

တော့၊ပြုံးလို့နေကြသည်။

သူတို့နှစ်ယောက်၏၊အနေအထိုင်အသွား

အလာအား။မိမွှေး၏မိဘများကမကန့်ကွက်ပါ။


သူတို့မိဘများကငါးဝယ်ပြီးငါးခြောက်လုပ်သည့်လုပ်ငန်းအား၊ပိုင်ဆိုင်ကြသည်။ပေတလူတို့ထက်တော့အဆင့်အတန်းပိုမှာပေါ့။

သည်တော့လည်းမိမွှေးတို့အလုပ်အားဝိုင်းကူလုပ်ပေးရာမှစ၍ ၊

“ပေတလူ”ငါးခြောက်လုပ်ငန်းအားတီးမိ

ခေါက်မိရှိလာခဲ့သည်။


ကောင်းမကောင်းကြည့်တတ်၊ရောင်းတတ်ဝယ်တတ်ဖြစ်လို့လာပါသည်။ကုန်သည်ဖြစ်ဖို့တော့လိုပါသေးသည်။


ဘာဘဲဖြစ်ဖြစ်”မိမွှေး”အားကျောင်းပို့

ကျောင်းကြိုအလုပ်အားလုပ်ရင်း၊

ပေတလူဘဝ ပျော်နေခဲ့ရပါသည်။


မနေ့ညနေက၊ဆရာတော်တုံးခေါက်ပြီးအချက်ပေးခေါ်သဖြင့်၊ဆရာတော်၏

ကျောင်းတွင်ညဘက်သွားအိပ်ပြီး၊ဆရာတော်

အားစောင့်ပေးခဲ့ရသည်။


အမှတ်မထင် ထိုနေ့ညပင်လယ်တွင်

မုန်းတိုင်းပြင်းထန်စွာတိုက်သည်။

မိုးကြီးသလားမမေးပါနဲ့၊ကျောင်းခေါင်မိုးများလွင့်ပါသွားပြီးနားခိုရာမရှိ။တစ်ညလုံးဆရာတော်နှင့်အတူ၊ကျောင်းတိုင်ကြီးများအားဖက်ပြီးတွယ်နေရသည်။ချမ်းသလားလို့မမေးနဲ့။မေးချင်းရိုက်လို့နေပါသည်။


နံနက်၉နာရီလောက်ရောက်မှ၊မိုးလည်းစဲ

လေလည်းငြိမ်သွားခဲ့သည်။ရွာဘက်သို့လှမ်းမျှော်ကြည့်မိတော့၊ရေပြင်ဖွေးဖွေးနှင့်ရွာတဲကလေးများ၊လှိုင်းလုံးကြီးများအောက်သို့ရောက်သွားခဲ့ပြီ။

နေ့မြင်ညပျောက်ဘဝပါလား။


လေဒဏ်လှိုင်းဒဏ်အားတရွာလုံးနီးပါး

ခံရသည်။”ပေတလူ”၏မိဘဘိုးဘွားများအားလုံး၊မုန်တိုင်းနောက်သို့ပါသွားခဲ့ကြပြီ။ရွာသူရွာသားတစ်ဝက်လောက်၊နှတ်ဆက်ချိန်မရ၊ထွက်ခွာသွားကြပြီ။


ပေတလူ ဆရာတော်ကြီးအားဖက်ပြီး

နေ့စဉ်ရက်ဆက်ငိုနေယုံမှအပ ဘာမျှမ

လုပ်တတ်ခဲ့ပါ။


#ဆရာတော်ကြီးကမိန့်သည်၊ထိုကဲ့သို့

ကတ်ဘေးမှကင်းဝေးလိုလျှင်သူတပါးအကျိုးပျက်စီးအောင်ဘယ်တော့မှမလုပ်မိစေနဲ့…တဲ့။

ဆိုလိုတာက၊ငါးပါးသီလလုံအောင်ထိမ်း

ပါ…တဲ့။


နေ့တိုင်းငါးပါးသီလဆိုနေရမှာလား…ဆို

တော့၊

#လူတွေအယူအဆမှားနေကြတာ

လေကွာ၊

မင်း…သူတပါးအသက်ကို၊သတ်နေတဲ့

အချိန်မှာအကုသိုလ်ဖြစ်နေမှာအမှန်ဘဲ။


အေး…သူအသက်ကိုမသတ်တဲ့အချိန်တိုင်းမှာ၊မင်းသီလရှိနေမယ်၊ကုသိုလ်တွေရနေမယ်။ရှင်းပါတယ်…သူအသက်သတ်

ရင်၊အကုသိုလ်ဖြစ်မယ်။မသတ်ဘဲနေသမျှ ကုသိုလ်တွေရနေမှာပေါ့။


အခြားအခြားသောသီလများလည်း၊ထိုနည်းပါဘဲ။အနှစ်ချုပ်ကတော့တပါးသူ

စိတ်ဆင်းရဲအောင်၊မပြောမဆိုမလုပ်

မကြံစည်လေနဲ့…အဲထာမကောင်းဖူး။


.ပေတလူ၊”ဒုက္ခတော့တွေ့ပါပြီ။

တံငါ၏သားတံငါလေးကို၊ဆရာတော်က

သူ့အသက်မသတ်မိစေနဲ့…ဆိုတော့၊


ဘာဘဲဖြစ်ဖြစ်လွတ်အောင်တော့ရုန်းထွက်ရမှာပေါ့လေ။

စဉ်းစားမိသမျှကြိုးစားပြီးရှောင်နိုင်သမျှ

ရှောင်ပါမည်။


ပေတလူ၊ငါးခြောက်ထမ်း၏။စုဆောင်းရသမျှ

ငွေဖြင့် စက်လှေလေးတစ်စီးဝယ်၏။


ငါးခြောက်ကုန်များထမ်းသည့်အလုပ်

အားလုပ်ပေးသကဲ့သို့၊လှေကလေးဖြင့်

ငါးခြောက်များသယ်ပို့ပြီး၊မိမိတစ်ဝမ်း

တစ်ခါးအတွက်၊အလုပ်လုပ်ကြည့်၏။


လူတောထဲဝင်ပါမှလူတွေအကြောင်း

ပိုလို့သိလာပါသည်။မြေနိမ့်ရာလှံစိုက်

ချင်ကြပါသည်။တစ်ကောင်ကြွက်တစ်မျက်နှာသာရှိသူမို့၊စီးစီးပိုးပိုးအပြောခံရ၏။မည်သို့ပင်မိမိကလျှော့ပေးသော်လည်း၊ငါးခြောက်တင်သည့်လှေချင်းအတူတူမိမိအားနိမ်ချင်ကြ၏။စျေးလျော့ပေး

ချင်ကြသည်။


အထူးသဖြင့်၊ရေနစ်လို့မသေဘဲ၊

ကံကောင်းစွာကျန်ခဲ့သော၊မိမိချစ်သူ

မိမွှေး”တို့မိသားစုကမိမိအားအဖက်မ

လုပ်ကြတော့ပါ။မိမိထက်သာသော၊တစ်ရွာသားအရက်သမားနှင့်မိမွှေးအားအတင်းပေးစားလိုက်တော့သည်။


သည်ကောင်အမည်က”ငတင်”၊လူလိမ်၊ဆိုသည်ကိုပေတလူးအတတ်သိပါသည်။ငါးခြောက်များအားလှေဖြင့်သွားရောက်သယ်ယူရာမှ၊”ငတင်”တို့ရွာသို့ရောက်ပြီး၊ငတင်အကြောင်းအားကောင်းကောင်းသိခဲ့ပါသည်။


ရှိစေတော့၊မိမိတစ်ယောက်ထည်း၊

အားငယ်ယုံမှအပ၊ဘာမျှမတတ်နိုင်ခဲ့ပါ။

မိမိ၏ဝမ်းစာနှင့်မိမိ၏ဘဝတက်လမ်း

အားမိမိကိုယ်တိုင်ကြိုးစားပြီးရှာရပေတော့မည်။

*** ****** ***

ပေတလူငယ်ငယ်တုံးက၊ပင်လယ်ကြီး

အားတအားချစ်သည်။ကမ်းစပ်ထိလှိုင်းလုံးကြီးများရွေ့လာသည်ကိုကြည့်ပြီး

ပျော်ခဲ့သည်။

ရေပြင်ပေါ်တွင်ဂျွမ်းထိုး

ပြီးကစားနေသောဇင်ယော်ငှက်ကလေး

များအားကြည့်ပြီးကြည်နူးခဲ့သည်။


ပေတလူတို့အတွက်ပင်လယ်ကြီးက၊

စားစရာများကိုပေးသည့်အတွက်၊

ပင်လယ်ကြီးအားချစ်သည်။


အခုတော့ပေတလူပင်လယ်ကြီးကိုမုန်း

သည်။ဘယ်လောက်ကြီးကြီးမုန်းသလဲ

ဆိုရင်ပင်လယ်ကြီးလောက်မုန်းပါသည်။


ပင်လယ်ကြီးက၊ပေတလူရဲ့မိဘဆွေမျိုးအားလုံးအားခေါ်သွားပြီး၊ပေတလူရဲ့

ဘဝကိုဖျက်ဆီးလိုက်သည်။

ဒါကြောင့်ဘယ်အကြောင်းနှင့်ကြုံကြုံ

ပင်လယ်ဘက်သို့မသွားတာကြာပါပြီ။

ပင်လယ်ထဲသို့ပေတလူသွားရမည်ကို

ကြောက်ပါသည်။


ပေတလူအလုပ်ပြတ်နေသည်မှာကြာ

ပေပြီ။အလုပ်ပြတ်တော့၊ဆံအိုးထဲတွင်

ဆံပြတ်ပြီ။သူများလိုပင်လယ်တွင်းဆင်း

ပြီးငါးမဖမ်းချင်တော့၊ဆရာတော်က၊အသက်ရှည်ရှည်နေချင်ရင်၊ပါဏာတိပါတ

ကံကိုရှောင်သင့်သည်…တဲ့။


သည်နေ့ရသည့်အလုပ်က၊ပင်လယ်ကမ်း

စပ်ကငါးခြောက်လှမ်းစင်မှာ၊ငါးခြောက်လိပ်တင်ရမယ်တဲ့။ရှောင်ချင်ပါ၏။

ရှောင်လို့မလွတ်။ပင်လယ်ခရီးသွားရ

ပြန်သည်။


လှိုင်းလေငြိမ်သက်၍၊လေတဖြူးဖြူး

သာတိုက်ခတ်နေသည်။နံနက်စောစော

မို့၊မှုန်ဝါးဝါးမြင်နေရသော်လည်း၊သာယာပါသည်။

ဗေဒါဒိုက်ကလေးများက၊

ဟိုတစ်စုသည်တစ်စု၊လွင့်မြောလို့နေသည်။ဗေဒါများနှင့်တွယ်ငြိနေသည့်၊ပုံးနှစ်

လုံးပါလား၊နိမ်ချီမြင့်ချီနှင့်။အနားရောက်

သွားတော့၊အဝတ်စ၊အကွက်ကြားလေးလိုတွေ့မြင်ရသည်။


ဟင်…သည်မြင်ကွင်းမျိုးအားမကြည့်ချင်ပေမဲ့မြင်နေရပြန်ပြီ။လူသေအလောင်း

ထင်ပါရဲ့။သို့သော်လည်းမမှီမကမ်း

လှော်တက်ဦးဖြင့်လှမ်းထောက်ကြည်မိသည်။လှုပ်သလိုလိုတွေ့နေရသည်။

စိတ်ထင်လိုဖြစ်မယ်နှစ်ကြိမ်သုံးကြိမ်

ထောက်ကြည့်မိသည်။


ဟုတ်ပါရဲ့၊တကယ်လှုပ်နေတာဘဲ။

လှေအားကပ်၍ အနားသွားကြည့်သည်။

ကလေးလေးမျက်စိပွင့်နေသေးသည်။

ကိုယ်အားစမ်းကြည့်တော့ကိုယ်ငွေ့ရှိသ

ဖြင့်လှေကိုရပ်ပြီး၊လှေပေါ်ဆွဲတင်လိုက်သည်။ထိုအခါမှကလေး၏နှတ်မှ၊အမေ…..ဆိုပြီးငိုသံသဲ့သဲ့ထွက်လာသည်။


ကံကောင်းသည့်ကလေးသူနှင့်ဆုံရပြီ

လှေဦးအားနောက်ပြန်လှည့်ပြီးအိမ်သို့ပြန်ခဲ့ရသည်။

အိမ်သို့ရောက်တော့၊ကလေးလေးအား

အသာပွေ့ချီပြီးအိပ်ယာထဲတွင်စောင်

ဖြင့်ထွေးထားရသည်။ရေတောင်းသဖြင့်

ရေအနည်းငယ်တိုက်ပြီး၊သူခမျာအိပ်

ပျော်သွားရှာသည်။

ဘယ်ကနေဘယ်လောက်ကြာအောင်

မျောခဲ့လေသလဲမသိ။ပုံးကလေး နှစ်

လုံးအားဖက်ပြီးပင်လယ်ဝသို့ရောက်လာခဲ့ပါသည်။ဝတ်ထားသည့်အဝတ်အစား

များကသေသေသပ်သပ်တော့ရှိပါသည်။

သုံးနှစ်သားအရွယ်ယောက်ျားကလေး။

အရပ်ကလူများဝိုင်းအုံပြီးသူ့အား

လာကြည့်သည်ကိုပင်၊သူကမသိ။တစ်

နေ့နှင့်တစ်ညတိတိအိပ်လို့ပျော်နေခဲ့သည်။

“ပေတလူ”အတွက်တာဝန်တစ်ခုတော့ပိုလာသည်။ကလေးလေးနိုးလာတော့

ကလေးထိမ်းရပြီ။စားဖို့တော့မပူရ၊

သည်ကိစ္စမျိုးအတွက်အရပ်ကကူညီကြသည်။အိမ်တိုင်းအိမ်တိုင်းမှ၊ကောင်းနိုး

ရာရာများအားလာရောက်ပေးကြသည်။

လိုသည်ထက်ပိုပြီးပြည့်လျှံနေပါသည်။


ကလေးလေး၏ကုသိုလ်ပါဘဲ။


လူထူးဆန်းကလေးပါဘဲ၊ပုံးနှစ်လုံးအားချိုင်းကြားညှပ်ပြီး၊ပြုတ်မထွက်အောင်

ပြုလုပ်ပေးလိုက်သောမိဘများတော်သည်လို့ပြောရပါမည်။


ကလေးလေးအိပ်ယာမှနိုးလာတော့၊

စကားပြောကြည့်သည်။ပြန်ပြောဖော်မရပါ။အစာကျွေးကြည့်သည်၊နည်းနည်း

တော့စားသည်။အမေအမေဟု၊တစ်ခါတစ်ခါအသံထွက်လာသည်။

အစာစားဝင်အောင်အစာအမျိုးမျိုး

ပြောင်းပြီးကျွေးလို့ကြည့်တော့မှ

ပိုမိုစားတတ်လာပါသည်။ထမင်းထက်မုန့်ပိုပြီးစားတတ်သည်၊၊ကောင်းသောမုန့်၊မကောင်းသောမုန့်အတော်ပင်ခွဲခြားလို့သိပါသည်။ပေတလူပင်သူလိုသိမသိသ

ဖြင့်သူ့အားအရှုံးပေးရသည်။


ဘယ်အရပ်ကရောက်လာသည့်ကလေး

ပေလဲ။မိဘမဲ့သောပေတလူ။သူ့၏မိဘ

များထံပြန်ပို့ပေးနိုင်ရန်ကြိုးစားပါအုံးမည်။မိဘရှိသူတွေမိဘနှင့်နေနိုင်ကြပါစေ။


ပေတလူ၊ အားလပ်သောနေရက်များတွင်၊ကလေးလေးအားခေါ်ပြီး၊လမ်းလျှောက်ထွက်သ

ည်။ဘုန်းတော်ကြီးကျောင်းရှိရာ၊တောင်

ကုန်းကြီးပေါ်မှ၊ပင်လယ်ရေပြင်ကြီးအား

မျှော်ကြည့်ရာ၊ကလေးလေးကပင်လယ်

ပြင်ကြီးမျှော်ကြည့်ပြီး” အဖေ…အဖေ”

ဟုအသံထွက်လာသည်။


တစ်နေ့ကလည်း၊အိမ်ဝတွင်ချထားသော

အလုံပိတ်ငါးခြောက်ထုပ်ကြီးများအား

ကြည့်ပြီး၊”ငါးခြောက်…ငါးခြောက်”ဟု

အသံထွက်လို့လာသည်။သူဘယ်လိုသိပါလိမ့်။

တစ်စတစ်စဖြင့်၊စကားစပြီးပြောလာသည်။သူ့အမည်ကဆန်နီတဲ့။


နံရံပေါ်တွင်ချိတ်ထားသော၊ကုန်တိုက်ပုံ

ကြီးများအားကြည့်ပြီး၊မော်ဒယ်ပုံကို

တွေ့တော့၊

“အမေ…အမေ”

ရှိတယ်လို့ပြောတတ်လို့လာသည်။


အခုတော့ငါးနှစ်သားတောင်ရှိလာပြီ။

ပေတလူအားညအခါတွတ်တီတွတ်တာ

စကားများပြောပြလာနိုင်ပြီ။

ကားပုံအားတွေ့တော့၊ သားတို့မှာရှိတယ်

လို့ပြောတတ်လာပြီ။


သူ့အကြောင်းအားဆရာတော်အား

လျှောက်ကြည့်တော့၊

သည်ကလေးတောကမဟုတ်။မြို့သား

ဖြစ်လိမ့်မယ်။ငါးခြောက်လိပ်ကိုမြင်ယုံ

နှင့်ငါးခြောက်မှန်းသိတော့၊စျေးဆိုင်သို့မဟုတ်ငါးခြောက်ပွဲရုံတစ်ခုခုနှင့်ှ့က်သွယ်မှု

ရှိလိမ့်မယ်။


သည်တော့ငါးခြောက်ပွဲရုံတွေအများဆုံးရှိတဲ့ရန်ကုန်မြိုက၊လမ်းမတော်မြို့နယ်

ကိုသွားပြီးရှာ၊သရက်တောကျောင်း

တိုက်မှာငါ့သူငယ်ချင်းဘုန်းကြီးရှိတယ်၊

မင်းရောက်ဖူးသားဘဲ။အဲသည်မှာတည်း

ပြီးရှာပေတော့။


သည်လိုနှင့်ပေတလူတစ်ယောက်၊

ကလေးလေးအားထမ်းပြီး၊ကလေးမိဘများအားရှာရန်ရန်ကုန်မြို့သို့ရောက်လာ၏။


ဆရာတော်နှင့်အတူရန်ကုန်မြို့သို့ရောက်ဖူးပါသည်ဆိုသော်လည်း၊သဘေ်ာဆိပ်

ကတက်ပြီး၊သရက်တောကျောင်းတိုက်

ရောက်ဖို့တောင်မျက်စိကလယ်တယ်တယ်။

ကြာတော့လည်းကလေးမိဘဆိုသူများ

အားရှာဖွေရင်းက၊လမ်းမတော်နှင့်

သရက်တောကျောင်း၊

သရက်တောကျောင်းနှင့်ငါးခြောက်ပွဲရုံ

များရှိရာလမ်းများသို့၊ခလေးအားလက်ဆွဲပြီးဘယ်နှစ်ပတ်မိသည်မသိ။

နေ့တိုင်းရောက်မိနေပါသည်။ကလေး

လေးလက်ညှိုးထိုးပြရာ၊သွားမိ.နေပါသည်။ကလေးမိဘများအားရှာလို့မတွေ့

သော်လည်း၊သည်နယ်မြေရောက်ကတဲက၊ကလေးလေးရွှင်ပြပုံက၊ဟုတ်နေသ

ယောင်ပါ။သူအိမ်နှင့်အနီးသို့ရောက်နေသလိုပြုံးရွှင်လို့နေပါသည်။


တရက်တော့မောမောဖြင့်ကီလီလမ်းက

သစ်ပင်ကြီးအောက်တွင်ထိုင်ပြီးရေသောက်နေစဉ်၊ဆာရီခြုံထားသောကုလားမတစ်ယောက်ကပြောသွားသည့်စကားအား

အမှတ်မထင်ကြားမိတော့၊

သောက်နေသောရေတောင်သီးလို့သွားသည်။


“ကလေးလေးက ဆန်နီ လေးနှင့်တူလိုက်ထာ” တဲ့။


သတိရလို့ထိုအမျိုးသမီးနောက်အမှီလိုက်ပေမဲ့လူကြားထဲတွင်ပျောက်လို့သွား

သည်။မတွေ့တော့ပါ။

အမောသာအဖတ်တင်ပါသည်။


တပါတ်လုံးလုံးထိုနေရာတွင်ထိုင်ပြီးစောင့်နေပြီး၊ပုံစံတူကုလားမများနောက်မှနောက်ယောင်ခံလိုက်ပြီး

ကြည့်၏။စောင့်နေသူမောပေမဲ့၊မတွေပါလားဗျာ။


ဆယ်ရက်လောက်ကြာမှ၊ထူးကြားသော

စကားသံအားကြားရပြန်သည်။


“ဆန်နီလေးသာရှိရင်သည်အရွယ်ဘဲနော်”…တဲ့။

သူ များကိုပြောသလိုနှင့်အမျိုးသမီးက

တစ်ယောက်ထည်းပြောလို့သွားသည်။


သည်တစ်ခါတော့”ပေတလူ”ကုလားမ

အားအပျောက်မခံတော့။ကုလားမနောက်သို့အပြေးလိုက်သည်။


သူလိုက်လာမှန်းသိသဖြင့်ကုလားမက၊

ရှေ့မှအပြေးတစ်ပိုင်းသွားသည်။

သူကကလေးထမ်းပြီးအမှီလိုက်သည်။


နောက်ဆုံးတော့၊နှစ်ထပ်တိုက်အိမ်ကြီး

တစ်လုံးထဲသို့ဝင်သွားသဖြင့်၊အိမ်ရှေ့မှ

ရပ်ပြီးစောင့်ကြည်နေရသည်။


ထိုအိမ်အားမော့ကြည့်ပြီး

ဆန်နီလေးက၊သူအပေါ်မှ

အတင်းဆင်းပြီး၊အိမ်ဝသို့လက်ညှိုးထိုး

ခါ၊ကုလားမဝင်သွားသောတံခါပေါက်မှ

အတင်းဝင်ပြီးလိုက်သွားသဖြင့်

ပေတလူလည်း၊ပြေးပြီးလိုက်ခဲ့ရသည်။


အိမ်ထဲရောက်သွားလို့ကြည့်လိုက်တော့

အလှူအိမ်။အားလုံးအမျှအတန်းဝေ

လို့၊သာဓုခေါ်နေတဲ့အချိန်။


မကြောက်မရွံဆန်နီလေးက လူစုရှေ့သို့ပြေးဝင်သွားပြီး၊ရှေ့ဆုံးကဘဖိုးအို၏လယ်ပင်းအားဖက်လိုက်သည်။

လူအားလုံးကြောင်ပြီးကြည့်နေကြရာက၊အမျိုးသမီးငယ်တစ်ဦးက၊


“ဟယ်သား…သားလေး၊ဆန်နီလေး”


လို့ခေါ် ပြီးအုပ်အော်သောင်းနင်းဖြစ်ခါ၊

ကလေးလေးအားတစ်ယောက်တစ်

လှည့်ဝိုင်းပြီးချီကြသည်။


ခေတ္တကြာမှ၊ကလေးနောက်မှပါလာ

သော” ပေတလူ”အားသတိထားမိခါ၊

နေရာပေးပြီးတစ်ယောက်တစ်ခွန်းဝိုင်း

ဝန်းမေးကြသည်။


ပေတလူကဖြစ်ကြောင်းကုန်စင်အား

ရှင်းပြလိုက်တော့မှ၊

အမယ်လေးသူတော်ကောင်းနှင့်တွေ့လို့ကံကောင်းလိုက်ထာ၊သားလေးရယ်ဆိုပြီးငိုကြပါသည်။


သူ၏အသကျကိုပထာနမထားဘဲ၊

သူ၏သားငယ်အသက်ကိုကယ်တင်သွား

သော၊ကလေးအဖေအားလည်း၊တပြီး

ငိုကြပါသည်။

ပေတလူအား၊အားလုံးက၊အထူးဧည်

သည်တော်အဖြစ်ဧည့်ခံကြ၏။


သို့သော်သူများအိမ်တွင်အကြာကြီးနေလို့မဖြစ်၊သုံးရက်လောက်အကြာတွင်ပြန်ခွင့်တောင်းသည်ခဲ့သည်။


အိမ်ရှင်အဘိုးက၊ကားဖြင့်တစ်နေရာသို့

ခေါ်သွားပြီး၊ပိတ်ထားသောဂိုဒေါင်ကြီး

အား၊အလုပ်သမားများခေါ်ပြီးရှင်းခိုင်း

သည်။ဆေးသုတ်ခိုင်းသည်။အလုပ်နား

ထားသော၊ငါးခြောက်ပွဲရုံအား၊

ငါးခြောက်အဝယ်ဒိုင်ပြုလုပ်ရန်၊ပေတလူအား၊တာဝန်ပေးလိုက်သည်။

ပေတလူရွာသို့မပြန်ရတော့ပါ။


အဘိုးသင်ပေးသော၊အရောင်းအဝယ်ပညာနှင့်မွေးရာပါတတ်ကျွမ်းခဲ့သောပညာများပေါင်းစပ်၍၊နှစ်များမကြာခင်၊ပေတလူ ထိုပွဲရုံ၏တာဝန်ခံဖြစ်သွားခဲ့ပါပြီ။


ကံတရားကားဆန်းကျယ်ပေစွ။

သည်အချိန်မျိုးတွင်၊သူ့အားနိပ်ကွတ်ခဲ့

သော၊”ငတင်”နှင့်”မိမွှေး”တို့လင်မယားသာ၊သူ့ပွဲရုံတွင်၊ငါးခြောက်များလာပြီးသွင်းကြမည်ဆိုပါလျှင်၊

ပစ်ပါယ်ခံ “.ပေတလူ”အားကြည့်ပြီး၊

မိမွှေးတစ်ယောက်နောင်တရနေမည်လားမသိတော့ပါ။

ကံတရားကား၊ထာဝရနိမ့်ပါးမနေတတ်ပါလေ။

စိတ်ကောင်းထားပြီး၊တက်လာမည့်ကံရေစီးမှာ

ခရီးနှင်တတ်ကြပါစေ။


ဆရာမောင်သာလိ

၂၅.၁၂ .၂၀၂၄