လူနှင့်တိရစ္ဆာန်

 လူနှင့်တိရစ္ဆာန်


လူနှင့်တိရစ္ဆာန် တစ်မိုးတစ်မြေ တကမ္ဘာတည်း

မှာ အတူနေနေကြရပေမယ့် ဘဝတန်ဖိုးချင်း

ကတော့ မိုးနဲ့မြေလောက် ခြားနားတယ်။


လူက အကျိုးအပြစ် ခွဲခြားသိတယ်။ 

တိရစ္ဆာန်က ကြိုက်မကြိုက်ပဲ သိတယ်။


လူက "ကိုယ်ဖို့ သူ့ဖို့" ဆိုတဲ့ မျှတတဲ့အကျင့်

ရှိတယ်။တိရစ္ဆာန်က ကိုယ့်ဖို့သာ အရယူတယ်။


လူမှာ သဒ္ဓါဆိုတဲ့ ယုံကြည်ချက်ရှိတဲ့ 

အတွက် ပန်းတိုင်လည်း ရှိတယ်။ 


တိရစ္ဆာန်တွေမှာ ယုံကြည်ချက်မရှိတဲ့

အတွက် ပန်းတိုင်လည်း မရှိဘူး။


လူမှာ စောင့်စည်းခြင်းသီလနဲ့ ဗဟုသုတ 

အကြားအမြင်ရှိတဲ့အတွက် အသိအလိမ္မာ 

ယဉ်ကျေးမှုနဲ့ ပြည့်စုံတယ်။


တိရစ္ဆာန်မှာ သီလမရှိတဲ့အတွက် 

ဒုစရိုက်တွေချည်း လုပ်နေတယ်။ 


အကြားအမြင် ဗဟုသုတ မရှိတဲ့အတွက် 

ကိုယ်သန်ရာ ကိုယ်လုပ်နေကြတယ်။


လူဟာ တစ်ကိုယ်ကောင်းအကျင့်ကို စွန့်ပြီး

“စာဂ” ဆိုတဲ့ မျှဝေပေးကမ်းခြင်းရှိတယ်။ 


တိရစ္ဆာန်မှာတော့ ကိုယ်ကျိုးအဓိက ဖြစ်တဲ့

အတွက် အမြဲတစ်ကိုယ်ကောင်းဆန်နေတယ်။


လူမှာ သတိ အသိရှိတဲ့အတွက် 

ဆင်ခြင်တုံတရားရှိတယ်။ 


တိရစ္ဆာန်မှာ ထိုးထွင်းသိ မရှိတဲ့ အတွက် 

အစွဲသိ ခိုင်းရာ လိုက်ပါနေကြရရှာတယ်။


လူမှာ "ဟီရိသြတပ္ပ”ဆိုတဲ့ အရှက်အကြောက်ရှိတယ်။ 


တိရစ္ဆာန်မှာ အရှက်အကြောက်မရှိတဲ့အတွက် 

မကောင်းမှုတွေကို ဗြောင်ပြုကျင့်နေကြတယ်။


ဒီတော့ လူလိုကျင့်မှ လူပီသတယ်။

လူစင်စစ်က တိရစ္ဆာန်လို ကျင့်နေရင်တော့ 

“လူ့တိရစ္ဆာန်”သာ ဖြစ်တော့တယ်။


မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

🙏🏻🙏🏻🙏🏻