ချူဆီ(စ/ဆုံး)
———–
ကျွန်တော်နာမည်မောင်မိုးတောရွာလေးတခုက လူငယ်လေးတယောက်ပါ၊ ပညာကတော့ရေးတတ်ဖတ်တတ်ပဲတတ်ပါတယ်”
ရွာဘုန်းကြီးကျောင်းမှာ သင်ပုန်း
ကြီးကုန်အောင်တော့သင်ခဲ့ရပါတယ်၊မြန်မာစာတော့ရေးတတ်ဖတ်တတ်ပေါ့၊အိမ်ကမိဘတွေက လယ်ယာအလုပ်နဲ့အသက်မွေးဝမ်းကြောင်းပြုရပါတယ်၊မိသားစုက အဖေရယ်အမေရယ်၊ကျွန်တော်ကအကြီးဆုံးကျွန်တော်အောက်မှာက
ညီမ၃ယောက် ညီလေး က ၃ယောက် အားလုံးမိသားစုက၉ ယောက်ဗျ၊ကျွန်တော်အသက်က
၃၀ရှိပြီလယ်ယာအလုပ်ကူညီလုပ်ပေးပေမဲ့မိုးမကောင်းတော့ လယ်ယာသီးနှံတွေကမဖြစ်တော့
ပင်ပန်းသလောက် အကျိုးမဖြစ်ဘူးပေါ့၊၊အိမ်ကလည်းစီးပွားရေးအဆင်မပြေတော့သူငယ်ချင်းဖိုးတေက
“ဟေ့ကောင်ငမိုးမင်းဒီလိုပဲ
ရွာမှာပင်ပန်းဆင်းရဲခံနေမှာလား
ငါနဲမြို့လိုက်ခဲ့၊ဟိုမှာအလုပ်တွေပေါတယ်ကွ၊နေစရာကလည်း
ငါတိုရွာက၊ဘ ဘုန်းကြီး ကမြို့ဘုန်းကြီးကျောင်းမှာသီတင်းသုံးနေတာ၊အဲဒီမှာဒီရွာက လူတွေအမြဲတည်းခို၊စားလို့သောက်လိုအဆင်
ပြေတယ်”
ကျွန်တော်မြို့တက်ပြီးအလုပ်လုပ်ဘို့အတွက်ဖိုးတေကိုအကူညီတောင်းပြီးမန္တလေးမြို့ ကြီးကိုမျက်စိသူငယ်နားသူငယ်နဲ့၊ယောင်လည်လည်ရောက်လာခဲ့တယ်၊ရွာက ဆွေမျိုးဘုန်းကြီး
ကျောင်းမှာဆွမ်းကျန်ကွမ်းကျန်စားရင်းမြို့ထဲကိုအလုပ်ရှာထွက်လာခဲ့ပါတယ်၊
“အလုပ်ကလည်းရှာရခက်လိုက်တာဗျာ၊ ဘယ်မေးမေးလူမလိုဘူး
ကြည့်ပဲဗျာ၊ကျွန်တော်အတော်လေးစိတ်ဓာတ်ကျခဲ့တယ်၊
ရွာပဲ ပြန်ရမလားလို့ စိတ်ထဲတွေးမိတယ်”
“ဟဲ့မောင်မိုး”
“တင်ပါ့ဘုရား”
“မင်းစိတ်ဓာတ်ကျနေပြီလား၊မကျပါနဲ့မောင်မိုးရာ၊ ယောကျ်ားပဲ
အလုပ်တခုမဟုတ်တခုတော့ရမှာပါ၊အစားအသောက်ကတော့ ပူစရာမလိုပါဘူး၊နေစရာလည်းဒီမှာနေပေါ့၊အလုပ်ရအောင်ရှာပါ”
ဘဘုန်းကြီးအားပေးမူဖြင့် မနက်
အစောထကာလက်ဖက်ရည်ဆိုင်
များ သို့ စားပှဲထိုး၊ပနျးကနျဆေးအလုပျရလျိုရငွားသှားမေးပမေဲ့ မည်သည့်ဆိုင်မှ မရခဲ့ပေ၊
စိတ်ညစ်ညစ်နှင့် လမ်းဘေး
သစ်ပင်အောက်တွင်ထိုင်ရင်းစိတ်ညစ်နေမိသည်။
ထိုစဉ်ရေသန့်ကားတစီးက လမ်းဘေးကပ်ရက်အိမ်တွင်ရေသန့်ဘူးများချပေးနေသည်။
မောင်မိုးရေသန့်ကားနားထကာ
မဝင့်မရဲ့နှင့် ငါညီ အကိုရေသန့်ကူသယ်ပေးပါရစေ”
ပြောရင်းအိမ်အတွင်းသို့ ရေဘူးများကူပို့ပေးလိုက်သည်။
ထိုနောက်” ညီ အကို ရေဘူးပို့တဲ့
အလုပ်လေး လူလိုရင်လုပ်ချင်ပါတယ်”
“ကျွန်တော်က ပိုင်ရှင်မဟုတ်ဘူးအကို ၊ အကိုပိုင်ရှင်နဲ့တွေ့ပြီးရင်
အလုပ်လုပ်ချင်တဲ့အကြောင်းပြောကြည့်ပါလား၊ စက်ရုံမှာတော့လူကလိုနေတာ၊အကိုလိုက်ခဲ့လေ”
မောင်မိုးတယောက်ရေသန့်ကားပေါ်လိုက်သွားလေသည်။
စက်ရုံရောက်တော့ အကို အခန်းထဲဆရာကဝင်ခဲ့ပါတဲ့”
မောင်မိုးအခန်းထဲဝင်သွားသည်။
အခန်းထဲတွင်မျက်မှန်နှင့်ခပ်ဝဝ
အသက် ၅၀ ကျော်လူကြီးတယောက်ထိုင်နေသည်။
“မင်းအလုပ်လုပ်ချင်လို့လား”
“ဟုတ်ကဲ့ခင်မျ”
“အင်းမောင်ထွေးပြောပြလိုမင်း
တလမ်းလုံးရေဘူးတွေကူသယ်ပေးတယ်ပြောတော့ မင်းလုပ်နိုင်မှာပါ
“မင်းကအခု ဘယ်မှာနေလဲ”
“ကျွန်တော်ဘုန်းကြီးကျောင်းမှာနေပါတယ်၊ကျွန်တော်က ရွာကမြို့မှာလုပ်ချင်လို့ထွက်လာတာပါ”
အေးမင်းဒီစက်ရုံမှာနေလို့ရတယ်
စရိပ်ငြိမ်းပေါ့၊ ရေဘူးတွေလိုက်ပို့
ပြန်လာရင်လည်းရေသန့်စက်မှာကူ
ညီပေးပေါ့မိသားစုစိတ်ဓာတ်နဲ့ လုပ်ပေါ့ကွာ”
ကျေးဇူးကြီးလှပါတယ်ခင်ဗျာ၊ကျွန်တော် အလုပ်ကိုလေးလေး
စားစားရိုရိုသေသေလုပ်ပါ့မယ်”
အင်းမင်း တလကို လောလောဆယ်
၂သိန်းပေးမယ်၊ဟုတ်ပြီလား”
“ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်”
“ကဲဖုန်းကြီးကျောင်းပြန်ပြီးမင်းပါတဲအဝတ်အစားလေးတွေပြန်ယူ
မောင်ထွေး မင်းကားနဲ့လိုက်ပို့လိုက်”
“ဟုတ်ကဲ့ဆရာ”
မောင်ထွေးကကားနှင့်ဘုန်းကြီး
ကျောင်းသို့လိုက်ပိုသည်။
“ဆရာတော် ဘုရားတပည့်တော်
အလုပ်ရပြီဘုရား”
“ဟေ ဝမ်းသာတယ်ကွာဘာလုပ်ရမှာလဲ”
“ရေသန့်ပို့ရမှာ နေစရာရော၊စားစရာရော စရိပ်ငြိမ်း ၂သိန်းပေးတယ်ဘုရား”
“ကောင်းပါပေ့ကွယ်၊အလုပ်ကိုရိုးရိုးသားသားနဲ့ကြိုးကြိုးစားစားလုပ်နော်”
“တင်ပါ့ဘုရား”
ငါမင်းကိုစွန့်ထားတဲ့ စောင်နဲ့ခေါင်းအုန်းရောယူသွားနော်”
“တင့်ပါ့ဘုရား”
“အလုပ်အားရင်လည်းဆရာတော်ကျောင်းလာလည်နော်”
“တင့်ပါ့ဘုရား”
“ကဲကဲမှောင်မယ်သွားကြတော့”
တင်ပါ့ဘုရားတပည့်တော်ဆရာတော်ဘုရားကိုကန်တော့ ခဲ့ပါတယ်ဘုရား”
“အေးကွယ်သာဓု သာဓု သာဓုပါကွယ် ၊ဘုန်းကြီးပါစေသက်ရှည်ပါစေ၊အလုပ်လည်းဆင်ပြေပါစေကွယ်၊မိဘလည်းမမေ့နဲ့နော်”
“တင်ပါ့ဘုရား”
မောင်မိုးနှင့်မောင်ထွေးတို့ ကားလေးသည်ဘုန်းကြီးကျောင်းအတွင်းမှ ထွက်သွားလေသည်။
အပိုင်း (၂)
ထိုနေ့မှစ၍ မောင်မိုးတယောက်ရေသန်် ကို ဆိုက်တွဲပေါ်တင်ကာ
ကိုမြို့ထဲလိုက်ပို့ပေးရသည်။
အပြောအဆိုယဉ်ကျေးကာသဘောကောင်းသဖြင့် မောင်မိုးထံရေသန့်ယူသူများတနေ့တခြားများပြားလာသည်။
အထပ်တင်ခ ၅၀ပေးရသည်။
သူလခအပြင် ဘေးကဝင်ငွေလေးများပါရသဖြင့် သူအတွက်အဆင်
ပြေလှသည်။
ရပ်ကွက်တကာရေလှည့်ပို့ရင်းကွမ်းယာဆိုင်ကွမ်းဝင်စားရင်းကွမ်းယာသည်မလေး သူဇာနှင့်စတင်ဆုံစည်းခဲ့ကြသည်။
“ကိုမိုးသူဇာဆိုင်ကိုရေသန့်၃ပုံးချပေးခဲ့အုန်း”
“ဟုတ်ကဲ့ပါမသူဇာ”
“ဟင်ကိုမိုးကလည်း သူဇာက ကိုမိုးထက်ငယ်ပါတယ်နော်၊သူဇာလိုပဲခေါ်ပါနော်”
“ဟုတ်ကဲ့ပါမသူဇာအော်ယောင်လိုသူဇာ”
“ဟင်းဟင်းဟင်း”
သူဇာက ပါးစပ်ကိုလက်ကိုင်ပုဝါနှင့်ပိတ်ခါတခစ်ခစ်ရယ်နေသည်။
သူဇာကအသားဖြူဖြူ ကိုယ်လုံးကခပ်တောင့်တောင့်နှင့်လုံးကြီးပေါက်
လှမို့ကာလသားတွေကကွမ်းစာရင်း သူဇာအလှကိုလည်းမျက်စိအစာကျွေးရင်း ကွမ်းယာဆိုင်က မပြန်ကြပဲ ရောက်တတ်ရာရာပြောဆိုကြရင်းသူဇာကိုရိသဲ့သဲ့စကားလုံးများနှင့်မထိခလုပ်ထိခလုပ်စကြသည်။သူဇာကလည်း
ဘယ်သူကိုမဆို ညုတုတု
ခရာတာတာဖြင့်သူဆိုင်ရောင်းကောင်းစေရန် ဆွဲဆောင်သည်။
ထိုအထဲတွင်မောင်မိုးလည်းအပါဝင်ဖြစ်သည်။
မောင်မိုးလူကြုံရှိသဖြင့်မိဘထံ
စုဆောင်းရသမျှလေးကိုမိသားစုထံပြန်ပို့သည်။
“ဟာဦးလေးကြီးပါလား”
“ဟုတ်တယ်မောင်မိုးရေ မြိုထဲလာရင်း မင်းအမေက မင်းဆီဝင်ခဲ့ပါဆိုလို့ဝင်လာတာ”
“ဟုတ်ကဲ့ဦးလေးကြီး ကျွန်တော့်လခလေးအမေတို့အတွက်ပေး
လိုက်အုန်းမယ်နော်”
“အေးအေး”
“ငါတူကြီးလိမ်လိမ်မာမာနေနော်”
“ဟုတ်ကဲ့ဦးလေး အဖေနဲ့အမေလည်းကျန်းမာအောင်နေပါလို့
ပြောပေးပါနော်”
ပြောလိုက်ပါ့မယ်ငါတူရေ၊ဦးလေးပြန်တော့မယ် နော်”
ပြန်သွားသော ဦးလေးကိုမောင်မိုးငေးကြည့်ရင်းကျန်ရစ်ခဲ့လေသည်။
“သူဇာဆီကချစ်တယ်ဆိုတဲ့အဖြေပေးတော့လေ”
သူဇာက မျက်စေ့လေးဒေါင့်ကပ်ခါအမူပိုပိုဖြင့်
“ကိုမိုးကလည်း ဖြေစရာလိုသေးလားကိုမိုးရယ်”
“တကယ်လားသူဇာ ကိုမိုး
ကိုချစ်တယ်ပေါ့”
“သူဇာ ပြောရမှာရှက်ပါတယ်ဆို”
“ဒါဆိုလည်း ခေါင်းငြိမ့်ပြနော်”
သူဇာကခေါင်းလေးငြိမ့်ပြလိုက်လေသည်။
“ကိုမိုး သူဇာကိုချစ်ရင် သူဇာတို့နှစ်ယောက်ဘဝရှေ့ရေးအတွက်
ပိုက်ဆံစုကြရအောင်ကိုမိုး”
“ကိုမိုးလည်းပိုက်ဆံစုပါတယ်၊ ရွာလည်းပြန်ပို့နေရတာမို့ ပိုတာလေးကိုစုပါတယ်”
“ဟင်ကိုမိုးကလည်း နဲနဲလေးစုလို
ပိုက်ဆံက အကြာကြီးစုရမှာကိုမိုးရဲ့ သူဇာ နဲ့မြန်မြန်မနီးချင်ဘူးလား
ကိုမိုး”
“ဘယ်လိုပြောလိုက်တာလည်းသူဇာရယ်၊ သူဇာနဲ့ အမြန်ဆုံးနီးချင်တာပေါ့ ၊ ကြိုက်သူတွေဝိုင်းနေတဲ့
သူဇာကို ကိုမိုးက စိတ်မချဘူး”
“ဒါဆိုရင် ကိုမိုးလခ ကို သူဇာကိုအပ်လေ ၊သူဇာစုပေးမယ်၊ သူဇာတို့မင်္ဂလာဆောင်ပြီးရင်းနှီးစားဘို့ရရင်၊ သူဇာနဲကိုမိုး အိမ်ထောင်ပြုကြမယ်လေ”
“ကောင်းတယ်သူဇာ ကိုမိုးသဘောတူတယ်၊ဒီလကစပြီး လခတွေသူဇာကိုအပ်မယ်နော်”
“သူဇာနဲ့ကိုမိုးအမြန်နီးရတော့မှာပေါ့နော်”
“အင်းပေါ့ကိုမိုးရဲ့”
မောင်မိုးတယောက် ထိုလမှစ၍ ရသမျှလခ ဟူသမျှသူဇာလက်ထဲဝကွက်အပ်လိုက်သည်။
ရေသန့်စက်ရုံမှ ကျွေးသော ထမင်းဟင်းကိုသာစားသည်။ ရေသန့်ပို့ပြီးနောက် ရေသန့်ဘူးဆေးပြီးလခအပြင် ရေသန့်ဘူးဆေးခပါရ
သဖြင့် မောင်မိုးလစာ ၃သိန်းလောက်ရလာသည်၊သူဇာနှင့်နီးဘို့အရေးတွေးရင်ပျော်နေမိသည်။
လခထုတ်သည့်ရက်တိုင်းရသည့်လစာနှင့် ရေသန့်ဘူးဆေးခပါအပြေးလေးသွားပေးတတ်သည်။
“သူဇာ ဒီလ လစာ လည်းတိုးတယ်
သူဇာနဲ့ကိုမိုးတို့အမြန်နီးရတော့မှာနော်သူဇာ”
“အင်းပေါ့ကိုမိုးရဲ့”
“ကိုမိုးလေ အိမ်ကိုတောင်ပိုက်ဆံမပို့နိုင်တာကြာပြီ၊ ဒါကြောင့်ဒီလတော့ကိုမိုးလစာလေး ထဲက တသိန်းလောက်အမေ့ဆီပြန်ပို့အုန်းမယ်၊အမေလည်းကျန်းမာရေးသိပ်မကောင်းဘူးတဲ့၊ဟိုတနေ့ကရွာက ဦးလေးလာပြောလို့ ဒီလ ကိုမိုးလခနှဈသိနျးပဲသူဇာကျိုလာပေးတာ”
သူဇာကမျက်နှာတချက်ပျက်သွားပြီး”ဟင် ဒါဆိုရင် သူဇာတို့ ဒီလ ပိုက်ဆံနည်းသွာပြီပေါ့”
“နောက်လကျရင်ကိုမိုး ဒီထက်အလုပ်ကြိုးစားပြီး၊သူဇာဆီပိုက်ဆံပိုအပ်နိုင်အောင်ကြိုးစားပါ့မယ်”
“သူဇာက ကိုမိုးနဲ့မြန်မြန်နီးချင်လို့ပြောတာပါနော်၊ခေတ်ကြီးကလည်း
ကုန်ပစ္စည်းတွေစျေးတက်နေတာကိုမိုးရဲ၊အိမ်ထောင်ကျရင်လည်းသားသားမီးမီးတွေတိုးလာအုန်းမှာ”
“အင်းပါသူဇာရယ် ကိုမိုး ဒီထက်နှစ်ဆလုပ်ပြီးပိုက်ဆံစုပါ့မယ်နော်”
“ကိုမိုးရေသန့်ဘူးတွေပို့ရအုန်းမှာမို့ သွားတော့မယ်”
“ဟုတ်ကိုမိုး”
သူဇာက ပိုက်ဆံ ထုတ်ကိုကြည့်ရင်းမဲ့ပြုံးလေးပြုံးနေသည်။
“အမေသမီး ရတနာပုံစျေးဘက်သွားလိုက်အုန်းမယ်၊ဒေါ်ကြည်က
အဝတ်အစားအသစ်အဆန်းလေးတွေရောက်တယ်လို့သမီးပြောသွားလို့”
“အေးအေးအမေဆိုင်ကြည့်ထားမယ်”
ကိုမိုးပေးသောပိုက်ဆံအထပ်လိုက်ကိုစလင်းဘက်အိပ်ထဲထည့်ကာဆိုင်ကယ်လေးစီးကာထွက်ခွာသွားလေသည်။
မောင်မိုး ရေသန့်ပို့ရင်းဘဘုန်းကြီးကျောင်းဘက်ရောက်သဖြင့် ၊ကျောင်းသို့ဝင်ကာ ဘဘုန်းကြီးကိုဝင်ကန်တော့လိုက်သည်။
“မောင်မိုးမင်းအိမ်ကိုငွေမှန်မှန်မပို့ဘူးဆိုငါ့ကို့မင်းအမေကရွာပြန်တုန်းကငါ့ကိုတိုင်လိုက်တယ်၊မင်းဘာတွေသုံးနေတာလဲမောင်မိုးရာ”
“တပည့်တော် ပိုက်ဆံစုနေတာပါဘုရား”
“ဟေ မိဘကိုအများကြီးမှစုပြီးပေးချင်လို့လားကွဲ့”
မောင်မိုးမျက်နှာပျက်သွားပြီး
“တပည်တော်အိမ်ထောင်ပြုဘိုပိုက်ဆံစုနေတာပါဘုရား”
ဘဘုန်းကြီး စိတ်မကောင်းစွာဖြင့်
“အင်း မိန်းမယူဘို့စုတာလည်းစုပေါ့
မိဘကိုလည်းတတ်နိုင်သမျှလေးထောက်ပံ့ပေးလိုက်ပါအုန်းကွယ်
မင်းမိဘများကကလေးများတော့ကျပ်တည်းရှာတယ်ကွဲ့၊မိဘကိုပေးရကျွေးရတာကုသိုလ်ရပါတယ်ကွယ်”
“တင့်ပါဘုရား တပည်တော်ကိုပြန်ခွင့်ပြုပါအုန်းဘုရား”
မောင်မိုးတယောက်ဘုန်းကြီးကိုဦးချကာ၊ရေသန့် ကားပေါ်တက်ခါပြန်သွားလေသည်။
မောင်ထွေးက “ကိုမိုးမိသားစုဆီပိုက်ဆံလေးဘာလေးပို့ပါအုန်းလား
ကိုမျိုးလခရော ရေသန့်ဘူးတွေဆေးခတွေရော တလတလဝင်ငွေ
၃သိန်းလောက်ရတာ ၊ နဲနဲပါးပါးတော့ ပြန်ပို့သင့်ပါတယ်၊အားလုံးမသူဇာကိုမပေးသင့်ဘူးထင်တာပဲ
နောက်ပြီးကျွန်တော်အမြင်တော့မသူဇာက ၊အမျိုးသားတကာနဲ့ရောလွန်းတယ်၊သူဆိုင်မှာအမြဲယောက်ျားလေးမပြတ်ဘူး၊သူကလည်းအားလုံးနဲ့ တဟီးဟီး
တဟားဟားနဲ့ ကျွန်တော်တော့မသူဇာနေပုံထိုင်ပုံမကြိုက်ဘူး”
“သူကအလုပ်သဘောအရဆက်ဆံတာပါကွ၊သူဇာနဲ့ငါက ယူဘို့အထိတိုင်ပင်ပြီးသားပါ”
ကိုမိုးတယောက် သူစကားကိုနားမဝင်မှန်းသိသဖြင့်ဆက်မပြောတော့ပေ၊ရေသန့်ပို့ရင်းလမ်းမှာ ရွှေဆွဲကြိုးလေးတကုံးကောက်ရလာသည်။ရွှေဆွဲ ကြိုးဟုတ်မဟုတ်ရွှေဆိုင်ဝင်စစ်ကြည့်တော့ရွှေအစစ်ဖြစ်နေသည်။မောင်မိုးလက်ထဲကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်းသူဇာဆိုင်ရောက်တော့ ရေဘူးချပေးရင်းသူဇာဆိုင်နောက်သို့သူဇာခေါ်ကာ “ရော့သူဇာကိုယ်ဆွဲ ကြိုးလေးကောက်တွေ့တာရွှေဆိုင်မှာစစ်ခဲ့ပြီ ရွှေအစစ် ငါးမူးသားကျော်တယ်၊ သူဇာသိမ်းထားနော်”
“ဟယ်လှလိုက်တာကိုမိုးရယ်၊သူဇာဆွဲထားမယ်နော်”
“ကိုမိုးဆွဲပေးမယ်နော်”
ပြေရင်းသူဇာ၏လည်တိုင်ကျော့ကျော့တွင် ရွှေဆွဲ ကြိုးလေးဆွဲပေးလိုက်သည်။
သူဇာတယောက်ရွှေဆွဲ ကြိုးလေးကိုဆွဲရင်းသဘောကျနေတော့
သည်။
” သူဇာနဲ့လိုက်တယ်နော်”
“လှပါတယ်သူဇာ၊ ကိုမိုးကသူဇာကိုဒိထက်မကဆင်ချင်တာပါ”
“ကဲကိုမိုးပြန်မယ်ရေသန့်ဘူးတွေအများကြီးပို့ဘို့ကျန်သေးတယ်”
ပြောရင်းသူ၏ နဖူးလေးကိုခပ်ဖွဖွလေးနမ်းကာ ကားပေါ်တက်သွားလေသည်။
“သူဇာ မင်းဒီကောင်နဲစကားပြော
နေတာနဲနဲ များ အကြင်နာတွေပိုနေသလားလို၊ငါအဝေးကလှမ်းကြည့်နေတာ”
တင်ထွန်းကသူဇာကိုလှမ်းပြောလိုက်သည်။
“ကိုကိုကလည်းသူဇာ ဘာကြောင့်သူကို ကြင်နာဟန်ဆောင်နေရတာ
ကိုကိုသိသားနဲ့နော်”
တင်ထွန်းက သူဇာလည်ပင်းမှ ရွှေဆွဲကြိုးကို ကိုင်ကြည့်ရင်း၊
“မိုက်သားပဲ”
“ဒါကြောင့်လည်း သူကိုမျက်နှာသာနည်းနည်းလေးပေးလိုက်တာပါကိုကိုရဲ၊သူဇာကကိုကိုရဲ့သူဇာပါနော်”
တင်ထွန်းက သူဇာ၏ကိုယ်လုံးလှလှလေးကိုဖက်ကာ ကွမ်းဆိုင်ခန်းထဲဝင်သွားလေသည်။
မောင်ထွေးက
“ကိုမိုးကျွန်တော် တော့သူဇာကိုသိပ်သဘောမကျဘူး၊ ယောကျ်ားတကာနဲ နေတာထိုင်တာပလူးလွန်းတယ်၊သူမျက်လုံးတွေကိုလည်းမကြိုက်ဘူး၊မျက်စိကစားလွန်းတယ်
ကိုမိုး သူကိုကြည့်ပိုက်ဆံတွေ အပ်တာ ဒုက္ခရောက်လိမ့်မယ်”
ကိုမိုးက “သူဇာကဒီလိုမိန်းက
လေးမျိုးမဟုတ်ပါဘူးကွာ မင်းကအမြင်မကြည်လို့ပါ”
မောင်ထွေးတယောက် မစိတ်မွှန်နေသော ကိုမိုးကိုသာ ငေးကြည့်နေမိသည်။
“သူဇာ ကိုဒီနေ့ဥပုသ်နေ့မို့ကိုယ်တို့စက်ရုံကပိတ်တယ်၊ သူဇာနဲ့ကိုယ်လျှောက်လည်ချင်တာ”
“ကိုမိုးကလည်းသူဇာကဆိုင်တဖက်နဲ့ မအားပါဘူးကိုမိုးရယ်”
“ဆိုင်မှာပဲစကားပြောကြတာပေါ့ကိုမိုးရဲ”
“အင်းပါသူဇာသဘော”
ကိုမိုးကတော့ရိုးသားသူပီပီချစ်သူမျက်နှာကိုသာငေးမောကြည့်နေမိသည်။
ထိုအချိန်တင်ထွန်းရောက်လာသည်။
“သူဇာ”
“နင်အမေက သိပ်နေမကောင်းလို့တဲ့ အိမ်ပြန်လာအုန်းတဲ့ဆိုင်ငါကြည့်ထားလိုက်မယ်”
“ဟုတ်ကဲ့ပါကိုကို”
“ကိုမိုး
သူဇာအိမ်ပြန်လိုက်အုန်းမယ်”
“သွားလေကိုမိုးလည်းပြန်တော့မယ်”
စက်ဘီးလေးစီးကာထွက်သွားသောကိုမိုးကိုကြည့်ရင်းနှစ်ဦးသား ရယ်မောကျန်ခဲ့လေသည်။
“ကိုကိုကသိပ်တတ်တာပဲ”
“ဒီနွား သူဇာဘေးမှာရှိနေတာကိုကိုကကျေနပ်ရမှာလား”
“ဟင်းဟင်းဟင်း”
“ကိုကိုတို့ကိုလတိုင်းရွှေဥအမြဲဥပေးနေလိုသာ သည်းခံနေရတာ၊ ဆွဲထိုးချင်နေတာ”
“ခစ်ခစ်ခစ် ကိုကိုကလည်းဒေါသကြည့်ပဲ”
“ကိုယ့်မယားလေးကိုဘယ်သူကြည့်တာမှကြိုက်ဘူး၊ငမိုးတို့ငမျိုးတို့၊ငမောင်တို့လို ခပ်နုံနုံလေးတွေ ငပိန်းတွေဆိုတော့ လှည့်လို့ ကောင်းတာပေါ့ကိုကိုတို့အတွက် အချဉ်ပေါ့”
“ဟားဟားဟား”
အမှန်တော့သူဇာဆိုသည်မှာ
အပျိုအမည်ခံထားသော မိန်းမလည်တယောက်ဖြစ်သည်။
တင်ထွန်းနှင့်တိတ်ပုန်းရနေသူဖြစ်ပြီး တင်ထွန်းကလက်ကြောမတင်း
သူဇာ ပိုင်းလုံးလုပ်၍ ရသမျှကို
ထိုင်သုံးနေသူဖြစ်သည်။
အပိုင်း(၃)
“ကိုမိုးပြန်လာပြီလား”
မျက်နှာမကောင်းစွာစက်ဘီးပေါ်မှဆင်းလာသော ကိုမိုးကိုမောင်ထွေးက မေးလိုက်သည်။
“ပြန်ခဲ့ပြီမောင်ထွေး”
“ဟင် မသူဇာနဲ့ဘုရားသွား၊ ရုပ်ရှင်ကြည့်ပြီးမှ ပြန်လာမှာဆို”
“အင်းသူအမေသိပ်နေမကောင်းလိုတဲ့ ဆိုင်က နေအိမ်ပြနသွားလို့မသွားလိုက်ရဘူး”
ရေသန့်ပိုအလုပ်သမားကိုပေါက်က
“ဟုတ်လို့လားမောင်မိုးက ငါခုနက
ကွမ်းဝယ်သွားတော့မင်းရဲ့ သူဇာကိုတွေ့ခဲ့ပါတယ်၊ တင်ထွန်းဆိုတဲ့ဘဲကြီးနဲ့ဆိုင်ထဲမှာပလူးနေကြတာ”
“ဟုတ်လို့လားကိုပေါက်ရာ”
“ငါကမဟုတ်ဖဲပြောပါ့မလားမယုံရင် ခု ပြန် သွားကြည့်”
“မောင်ထွေးငါ့ကို ကွမ်းဆိုင်ဘက်
လိုက်ပို့စမ်းပါ”
“ဟုတ်ကိုမိုး”
မောင်ထွေးကကိုမိုးကိုစက်ဘီးနောက်တင်ကာသူဇာတို့ကွမ်းဆိုင်နားမလှမ်းမကန်းမှ စက်ဘီးရပ်ကာ
ကြည့်နေမိသည်။
တင်ထွန်းနှင့်သူဇာတို့ ဆိုင်လူရှင်းသဖြင့် ဆိုင်ခန်းအတွင်း တဦးနှင့်တဦးဖက်နေကြသည်ကို ကိုမိုးမျက်ဝါးထင်ထင် တွေ့လိုက်ရသည်။
“သစ္စာမရှိတဲ့မိန်းမယုတ်ဖဲ”
“ကိုမိုးပြန်ကြရအောင်”
“ငါသွားရှင်းမယ်”
“ကိုမိုးစိတ်လျှော့ပါ”
“ငါရဲ့လစာတွေ၊ ငါရဲ့ဆွဲ ကြိုးတွေငါပြန်ယူရမယ်”
“မောင်ထွေး ဆွဲထားသောလက်မှ အတင်းရုန်းကာကွမ်းယာဆိုင်သို့သွားလေသည်။
ကိုမိုးကိုမြင်တော့ သူဇာ ဘာမှမပြောနိုင်ဘထစ်ထစ်အအဖြင့်
“ဟင် ဟင် ကိုမိုး”
“နင်က မြွေဟောက်လိုမိန်းမစားပဲ
ငါရဲ့လစာနဲ့ဆွဲ ကြိုးခုချက်ချင်း
ပြန်ပေး”
“မင်းဟာမင်းတဏှာရူးလိုပေးတာလေ၊ ဒါငါ့မိန်းမပဲ၊ မင်းကိုငါက မယားခိုးမူနဲ့တရားစွဲလို့ရတယ်ကွ
ဟားဟားဟား ”
“ခင်ဗျားတို့တော်တော်ယုတ်မာတာပဲ”
“ကိုမိုးပြန်ကြရအောင်”
“သူဇာမင်းလုပ်ရက်လိုက်တာကွာ”
မင်းကိုငါကသနားသောအားဖြင့်
မယားခိုးမူနဲ့တရားမစွဲတာကျေးဇူးတင် ၊ ခုချက်ချင်းငါ ဆျုင်ထဲကထွက်သွား၊နောက်လဲ ငါမိန်းမဆီမလာနဲ့ဟုတ်ပြီလား”
“လာပါအကိုရာ သူအမှားကကို့အမှားဖြစ်သွားလိမ့်မယ်ပြန်ကြရအောင်”
ကိုမိုးလက်သီးကိုကျစ်ကျစ်ဆုပ်
ရင်းမျက်ရယ်များဝိုင်းလာလေသည်။ထိုနောက်မောင်ထွေးစက်ဘီးနောက်မှထိုင်လိုက်သွားလေသည်။
ထိုနေ့မှစ၍ မောင်မိုးတယောက်
အရက်ကိုစွဲစွဲ မြဲမြဲသောက်လာခဲ့သည်။ ရသမျှ လခကအရက်ဖိုး
ဖြစ်သွားလေသည်။
သူရေသန့် ဖောက်သည်ဒေါ်ခင်က
“မောင်မိုးအရက်လျှော့သောက်အုန်းမနက်ရည်ညရည်ဆက်
နေတာနော်၊လာပို့တိုင်းမင်းနားကအရက်နံ့တွေနံဆော်နေတာပဲ”
“ဟုတ်ကဲ့အန်တီလေး”
မည်သူပြောပြော”ဟုတ်ကဲ့”
ဟုပြောသော်လည်း အရက်ကတော့ လျှော့မသောက်နိုင်ခဲ့ပေ၊
ပတ်ဝန်းကျင်က တော့ “မောင်မိုးလေးသနားလိုက်တာ သူကောင်မလေးဆီ ပေးထားတဲ့ငွေလည်းတပြားမှပြန်မရဘူး၊သူလည်းအရက်သမားလုံးလုံးဖြစ်သွားပြီ”
မောင်မိုးတယောက်မိန်းမတယောက်အတွက်အရက်ကိုဖိသောက်ရင်း၊ရောဂါရလာသည်။
နောင်တနှစ်ခန့်မှာတော့ရေသန့်ဘူးပင် မထမ်းနိုင်သည့်ဘဝရောက်သွားခဲ့လေသည်။
စက်ရုံပိုင်ရှင်ကသဘောကောင်းသဖြင့် သူကို ရေသန့်ဘူးဆေးသည့်နေရာ၌သာခိုင်းရလေတော့သည်။
ရေသန်ဖောက်သည်များအိမ်သို့တခြားရေသန့်ပိုသောကောင်လေးများသာလာပို့တော့သည်။
ဒေါ်ခင်က “ဟဲ့မောင်မိုးတယောက်ဘယ်လိုနေသေးလဲ၊မတွေ့တာကြာပေါ့”
“ဟုတ်ကဲ့အန်တီသူနေမကောင်းဘူး
သူရေသန့်တစ်ဘူးတောင်မသယ်နိုင်ဘူးအန်တီ”
“အော်စိတ်မကောင်းလိုက်တာ”
ဒေါ်ခင် ကစိတ်မကောင်းဖြစ်မိသည်၊ မိမိအိမ်ရေသန့်အမြဲမို့နေကြလည်းဖြစ်၊ကိုယ်သားသမီးအရွယ်လေးမို ခင်မင်နေမသည်။
နောက်တလအကြာမှာမှာတော့
ရေသန့်ဖုန်းနံပါတ်လေးသို့ဒေါ်ခင်
ရေသန့် ကုန်နေသဖြင့် ဖုန်းလှမ်းဆက်လိုက်သည်။
“ဟယ်လို ”
“သားရေအန်တီ ခင်တို့အိမ်ကို
ရေသန့်လေးပို့ပေးပါဦး”
“အန်တီခင် စက်ရုံမှာနာရေးရှိလို့
အလုပ်ရှုတ်နေလို့ နောက်နေ့မှပို့ပေးမယ်အန်တီ၊ကိုမိုးနာရေရှိလို့ပါ”
“ဟင် မောင်မိုဆုံးသွားပြီလား၊စိတ်မကောင်းလိုက်တာ”
“ဟုတ်အန်တီ၊ နောက်နေ့ပို့ပေးမယ်နော်”
“အော်အေးအေး”
တဖက်မှဖုန်းချသွားသည့်အထိဒေါ်ခင် တယောက်ဖုန်းကို မချမိပဲ”ဖြစ်မှဖြစ်ရလေမောင်မိုးရယ်အသက်လေးမှ ၃၀ ကျော်လေးရှိသေးတယ်၊ လူလောကကထွက်ခွာသွားခဲ့လေပြီ။
“အော် သူ့မိဘတွေ တော့ယူကြုံးမရဖြစ်ကြပေတော့မည်၊ချူစားတတ်တဲ့ တန်ဘိုးမဲ့မိန်းမတယောက်အတွက် မိမိကိုယ်မိမိရေစုန်မျောတာတန်ပါသလား၊အတုအယောင်မေတ္တာ အတွက် ပေးဆပ်လိုက်ရတာတန်ပါသလား”
ဒေါ်ခင်တယောက်စိတ်မကောင်းချင်းများစွာဖြင့် “မောင်မိုး
ကောင်းရာသုဂတိရောက်ပါစေ၊ဟုဆုတောင်းနေမိတော့သည်။
ပြီးပါပြီ
ချိုချိုဝင်း (ဆေး/မန်