အဖေနှင့်အမေ
----------------
အမေ
အမေသည် သင့်ကို ကမ္ဘာလောကကြီးထဲသို့ ပို့ဆောင်သူ
အဖေ
အဖေသည် သင့်ကို ကမ္ဘာလောကကြီးထဲရောက်စေသူ
အမေ
အမေသည် သင့်ကို အသက်ပေး၍ မွေးခဲ့သူ
အဖေ
အဖေသည် သင့်ကို ဘဝပေး၍ ကျွေးခဲ့သူ
အမေ
အမေသည် သင့်ကို ဘယ်သောအခါမျှ အငတ်မထားသူ
အဖေ
အဖေသည် သင့်ကို ငတ်မွတ်ခြင်းတန်ဖိုးကို သိအောင် လုပ်ပေးသူ
အမေ
အမေသည် သင့်ကို လဲမကျအောင် ဖေးမတတ်သူ
အဖေ
အဖေသည် သင်လဲကျလျှင် မည်သို့ပြန်ထရမည်ကို သွန်သင်ညွှန်ပြတတ်သူ
အမေ
အမေသည် သင့်ကို လမ်းလျှောက် သင်ပေးသူ
အဖေ
အဖေသည် သင့်လျှောက်ရမည့် လမ်းကို ညွှန်ပြသူ
အမေ
အမေသည် သူ့ဘဝအတွေ့အကြုံ အဖုံဖုံကို သင့်အားပြောပြတတ်သူ
အဖေ
အဖေသည် သင့်ကို ကိုယ်တိုင် ဘဝမှ သင်ခန်းစာယူတတ်စေရန် သင်ကြားပေးသူ
အမေ
အမေသည် သင့်ကို စိတ်ကူးယဉ်တတ်စေရန် သွန်သင်ပြသူ
အဖေ
အဖေသည် သင့်ကို လက်တွေ့လုပ်ဆောင်တတ်စေရန် သွန်သင်ပြသူ
အမေ
မွေးကတည်းက သင့်ကို ဘယ်လောက်ချစ်ကြောင်း ပြတတ်သူ
အဖေ
သင်ကိုယ်တိုင်က ဖခင်တစ်ယောက် ဖြစ်လာသည့်အခါတွင် အဖေက ဘယ်လောက်ချစ်ခဲ့ကြောင်း သိစေသူ
အဖေ့ ပြောစကား အလေးထားကြပါ
အမေ့မေတ္တာ အရေးထားကြပါ။
(Ref: Mother and Father)
တင်ညွန့်
၁၉.၁၀.၂၀၂၂