အိမ်ထောင်ရေး

 အိမ်ထောင်ရေး

--------------

“မေမေ ... နေကောင်းအောင်နေနော် ... သားသွားတော့မယ်”


“အေး ... အေး ... သားလေးပျော်ရွှင်ပါစေကွယ်”


လက်ထပ်ပြီးခါစ သားဖြစ်သူက မိခင်ကိုနှုတ်ဆက်နေခြင်းဖြစ်သည်။


“သား”


“ဘာလဲမေမေ”


“မေမေ ... တစ်ခုလောက်မှာချင်တယ်ကွယ်”


“ဘာများလဲမေမေ”


“သားကောင်မလေးကို သိပ်ချစ်တာပဲလား”


“သိပ်ချစ်တာပေါ့မေမေ”


“ဒါဆိုရင် မေမေ တစ်ခုပဲမှာပါရစေ”


“ပြောလေ မေမေ”


“ကိုယ်ချစ်တဲ့သူကို ဘယ်တော့မှ ချုပ်နှောင်မထားနဲ့နော်သား ... လွှတ်ပေးလိုက်”


“အို ... မေမေရယ် ... လွှတ်ပေးရမယ်တဲ့လား”


“ဟုတ်တယ်သားလေး ... လွှတ်ပေးလိုက်”


“ဘာဖြစ်လို့လဲမေမေ”


“သားက လွှတ်ပေးထားသားနဲ့ သူက ပြန်လာရင် အဲဒါ သားတကယ့်ကို ပိုင်ဆိုင်ထိုက်တဲ့ဟာပဲ”


“ပြန်မလာရင်ကောမေမေ”


“ပြန်မလာရင် ... သားနဲ့မထိုက်လို့ပဲပေါ့”


“မေမေ”


“ဘာလဲသားလေး”


“ဖေဖေ့ကို မေမေက လွှတ်ပေးလိုက်တာလားဟင်”


“အေးပေါ့သားလေးရယ်”


တင်ညွန့်


၁၉.၉.၂၀၂၀

Popular posts from this blog

"တဏှာကြီးသော မိန်းမ"

မယားပါသမီးနှင့် မှားမိသော အမှား

အပျိုဘဝ၏ နောက်ဆုံးည