အဖျက်တွေဝင်နေပြီ
-------------------
မနက်က လမ်းလျှောက်တော့ လမ်းတွေမှာ လူတွေ စုရုံးစုရုံးနဲ့
“ဘာဖြစ်လို့လဲ”
“ညက ခွေးမောင်းလိုက်တာတွေပြောနေတာ”
ရပ်ကွက်တွေထဲကို အချိန်မတော် ဝင်လာပြီး ဟန်ရေးပြကြတယ်။ ပြည်သူတွေက ညီတယ်။ သံပုံးတီး တောထုတ်တယ်။
သူတို့ ဖြစ်ချင်တာက စိတ်ဓာတ်စစ်ဆင်ရေး
ပြည်သူတွေကို ထိတ်လန့်ခြောက်ခြားပြီး တရားဥပဒေ မစိုးမိုးတော့သယောင်အပြင်
“ငါတို့ ဆွဲချင်တဲ့သူကို ဆွဲချင်တဲ့ အချိန် လာဆွဲမယ်” လို့ စိတ်ဓာတ်စစ်ဆင်ရေး
အာဏာရှင်သိမ်းပိုက်အုပ်စိုးတာ နှစ်ပတ် မပြည့်သေးဘူး
ရက်စက်မှုပေါင်းစုံ
ယုတ်မာမှုပေါင်းစုံ
မိုက်ရိုင်းစော်ကားမှုပေါင်းစုံကို ခံစားနေကြရပါပြီ
“အဲဒါ အာဏာရှင်စနစ်ဆိုးပါ”
ပြည်သူကို တစ်ရစ်ချင်း တိုးတိုးပြီး လည်ပင်းညှစ်သွားလိမ့်မယ်။ နည်းမျိုးစုံနဲ့ မလှုပ်နိုင်အောင် လုပ်လာ လိမ့်မယ်။
ပြည်သူတွေ၊ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေကို နည်းမျိုးစုံနဲ့ ပျက်စီးအောင် လုပ်လာ လိမ့်မယ်။
ခုတောင် ဆန္ဒပြပွဲကို သင်္ကြန်ပွဲလို ပုံစံမျိုးဖြစ်အောင် လုပ်လာတာ အကြောင်းမဲ့ မဟုတ်ပါဘူး။ ဒါကလည်း ပြည်သူ့တိုက်ပွဲကို ပေါ့ပျက်ပျက်ဖြစ်သွားအောင် ပုံဖော်တဲ့ စစ်အာဏာရှင်တွေရဲ့ နည်းဗျူဟာ တွေထဲက တစ်ခုဖြစ်ပါတယ်။
ပြည်သူတွေရဲ့ စစ်အာဏာရှင်တိုက်ပွဲကို ဘယ်နည်းနဲ့ ပြန်ပြီးထိုးနှက်နိုင်အောင် လုပ်သင့်သလဲ စဉ်းစားရမယ့် အနေအထားကို ရောက်လာပါပြီ။
လူငယ်တွေ မအပါ၊ မတုံးပါ
မိုက်ရိုင်းတဲ့ စစ်အာဏာရှင်ရဲ့ တိုက်ကွက်တွေကို အထိရောက်ဆုံး တုံ့ပြန်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။
ဒီနေ့ ဗိုလ်ချုပ် ဦးအောင်ဆန်းမွေးနေ့ပါ
ရပ်ကွက်တိုင်းမှာ ပဲပြုတ်နဲ့ နံပြားဝေခြင်းတွေကို အစဉ်အလာမပျက် လုပ်ကြတယ်။ ထူးခြားတာက မုန့်ဝေရင်း မိန့်ခွန်းပြောတယ်။ ဘာကြောင့် မုန့်ဝေရသလဲဆိုတဲ့ ရည်ရွယ်ချက်ကို ပြောတယ်။ စစ်အာဏာရှင်ရဲ့ ယုတ်မာတာတွေကို ပြောတယ်။ ပြည်သူတွေ နိုးနိုးကြားကြားရှိဖို့ပြောတယ်။ ညဘက် ရပ်ကွက်ထဲကို ခွေးဝင်မဆွဲအောင် ကာကွယ်ဖို့ ပြောတယ်
ဒါလည်း တော်လှန်ရေးလုပ်တာပါပဲ
ပြည်သူတိုင်း ရင်ထဲက တလိမ့်လိမ့်တက်လာတဲ့ ဆန္ဒကို သူတို့နည်း သူတို့ဟန်တွေနဲ့ ထုတ်ဖော်နေကြတာ လူမှန်ရင် သိနိုင်တာပေါ့။
တိရစ္ဆာန်ဆိုရင်တော့
“အော်နေတဲ့အသံတွေဟာ ငါ့ကို ထောက်ခံနေကြပါလား” လို့ ထင်ကြပေလိမ့်
အင်း
ပြောသာပြောရ ထင်နိုင်စရာလည်း မရှိပါဘူး။
ဦးနှောက်ထုတ်ပြီး ချေးထုပ်အထည့်ခံထားကြရတာပဲ။
ပြည်သူများ သတိရှိပါ
လူငယ်တွေ အသိရှိပါ
အဖျက်တွေ ဝင်လာပြီ
တိုက်ပွဲပုံစံပြောင်းပါ
အရေးတော်ပုံအောင်ရမည်
စစ်အာဏာရှင် ကျဆုံးရမည်။
တင်ညွန့်
၁၃.၂.၂၀၂၁