အမွေခံထိုက်စေ(စ/ဆုံး)

 အမွေခံထိုက်စေ(စ/ဆုံး)


———————

မြန်မာ့အသံမှ နံနက်ချိန်ခါ တေးသံသာ

လွှင့်နေချိန်ဖြစ် ၏။ ထိုအချိန်တွင်မြို့၏ဇနပုဒ်၊

ရွှေတည်ကုန်းရပ်အတွင်း၊သတင်းတပုဒ် ထွက်

လာ၏။ မိုးသဲသောညတုံးက သူဌေးဟောင်း”ကိုပုတု “”သူနေတဲ့ တောစပ်က ခြံထဲက ဝါးအိမ်ကလေးတွင် ဆုံးသွားပါပြီ…တဲ့။


ထပ်ဆင့်ကြားရတဲ့ သတင်းက သူမသေခင်

သူဆန္ဒအရ သူ၏သောက်ဖော်သောက်ဖက်သူငယ်ချင်းများက၊မိုးမလင်းခင် မနက်ချင်းမြေချ ပေးလိုက်ရပါသတဲ့။


သက်ပျောက်ဆွမ်းလား၊မြေချဆွမ်းလားမသိဦးဇင်းတစ်ပါးနှင့်ကျောင်းသားတစ်ယောက်

တော့၊သူအိမ်ကလေးထဲမှ ထွက်လာသည်ကိုလမ်းသွားလမ်းလာတို့တွေမြင်ရပါသတဲ့။

သခ်ါရလောကကြီးရယ်။နေ့မြင်ညပျောက်

မြန်လွန်းလှပ၏။မနေ့တနေ့ကဘဲ ကိုပုတုအားသက်န်းပရိက္ခရာဆိုင်မှာတွေ့တဲ့သူတွေ

ရှိနေပါသေးသည်။ကျန်းကျန်းမာမာဖြင့်သေနိုင်သောရုပ်ရည်မျိုးမဟုတ်။

လတ်တလောသေဆုံးသွါးတယ်ဆိုတေါ့လူအများအံအားသင့်ကြ လေမပေါ့။

ကိုပုတုကား၊ငယ်စဉ်ကနွမ်းပါးပါသည်။

သို့သော် မိမိကိုယ်တိုင်အပင်ပန်းခံပြီး၊

ကြိုးစားအားထုတ်မှုကြောင်းတဖြည်းဖြည်းချမ်းသာလို့လာပါသည်။

ကားမောင်းသူဘဝမှ၊ကားထောင်သူဖြစ်လာသည်။ အလုပ်တိုင်းအားစည်းကမ်း၊စနစ်တကျလုပ်တတ်သည်။

ကားမောင်းသည့်အလုပ်မှာ၊ပင်ပန်း၍၊ကြုံရာစား၊ရောက်ရာနားဘဝဖြစ်သဖြင့်၊အရက်သောက်ပြီးအပမ်းဖြေတတ်ရာမှ၊ အရက်စွဲသော၊အရက်ကြိုက်သူတစ်ယောက်

ဖြစ်လာခဲ့သည်။

သည့်ထက်ပိုဆိုးသည်က၊ကြုံရာနားရသည့်ဘဝကိုပိုင်ဆိုင်နေရသူဖြစ်သဖြင့်၊

အိမ်ထောင်ဆက်များခဲ့ပါသည်။

ပထမဆုံး မိဘမျပေးစားသဖြင့်လက်ထပ်ခဲ့ရသော၊အိမ်ထောင်နှင့်သားတစ်

ယောက်သမီးတစ်ယောက်၊ရရှိခဲ့သည်။

ထိုဇနီးကား၊ဂနာမငြိမ်၊အိမ်မကပ်နိုင်သည့်မိမိ၏၊အလုပ်အား၊ပြသ၁နာရှာပြီး၊ကွာရှင်းခွင့်တောင်းသဖြင့်ကွာရှင်းပေးလိုက်ရသည်။

သားသမီးများအတွက်ပါ၊စီးပွားခွဲဝေပေးလိုက်ရပါသည်။

ထို အမျိုးသမီးမှာ များမကြာမှီ နောက်ထပ်အိမ်ထောင်ပြုသွားသဖြင့်သားသမီးများဒုက္ခရောက်မည်စိုးသဖြင့်၊မိိမိကထပ်မံ ထောက်ပံ့ထားခဲ့ရသည်။

ဘွဲ့တွေရလာသော်လည်း၊ကိုယ်အားကိုယ်မကိုးချင်ကြ၊အဖေထံမှ အချောင်ရသည့်

ထောက်ပံ့ကျေးအား၊အသက်ကြီးသည့်အထိ

မျှော်လင့်နေကြသည်။

ဒုတိယဇနီးက၊ပွဲသွားရင်း၊ပွဲတက်ရင်း

မိမိမှာ မူးမူးရူးရူးနှင့်ဆုံခဲ့ကြသည်။

အရက်မူးမူးဖြင့်အိမ်သို့ခေါ်လာမိသည်။

အရက်မူးပြေသွားကြတဲ့အခါတွင်၊မိမိအိမ်တွင်၊အနေချောင်မှန်းသိတော့၊အိမ်မှမပြန်ချင်တော့ပါတဲ့။

အမျိုးသမီး၏မိဘများမှာ၊ရာထူးရာခံကြီးကြီး

မားမားအာဏာပါ၊ရှိတယ်ဆိုတော့၊မတော်တရားပါစွဲခဲ့ယင်၊မိမိထောင်လုံးလုံးကျ

နိုင်သည်။လုပ်ငန်းအားလုံးလည်းပျက်စီးမည် ရှိစေတော့။အမျိုးသမီး၏ဆန္ဒအရ၊

လက်ထပ်ပေါင်းသင်ခဲ့ပါသည်။

သားမှတ်မှတ်မယားမှတ်မှတ်၊တင့်တောင်းတင့်တယ်ထားပေးခဲ့ပါသည်။

သားတစ်ယောက်ရလာပေမဲ့၊ဗီဇကဖြောက် လို့မရ။အိမ်မှုကိစ္စ မလုပ်၊ ကလပ်တက်ချင်တဲ့ဝါသနာကသူမအားဒုက္ခပေးပါပြီ။ ကလပ်တွေ၊ပွဲလမ်းတွေ၊သွားလို့နေပါသည်။

ခြေပုံးတွေခုတ်နေပြီဆိုတာသိလာတော့၊

မိမိကဘဲ၊လျှော်ကြေးပေးပြီး၊ကွာရှင်းလိုက်ရသည်။ ကလေးစရိတ်ပါပေးလိုက်ပြီမို့၊

သူတို့ဖက်အဖိုးအဖွားမှ၊ကလေးအား၊ခေါ်ယူထိမ်းသိမ်းပေးသည်။ထိုသားကလေးက

တိုးတက်ပါရဲ့၊သေဘ်ာသားအရာရှိတောင်ဖြစ်နေပြီဆိုလား။

ဘခင်ပေးသော၊ငွေဖြင့်သည်ဘဝရောက်ရှိလာသော်လည်း၊တဖက်အသိုင်း

အဝိုင်းကိုသာခင်တွယ်သူမို့၊ဘခင်အားရှိသည်လို့တောင်မထင်။

ရှိစေတော့၊ “ကိုပုတု” အတွက်ဘဝပေးကုသိုလ်တစ်ခုပေဘဲ။


အားလုံးသူတို့၊ သည်လိုနေ၊သည်လိုစား၊သည်လိုဘဝ

တွေရောက်ကြစေဖို့၊နေ့မအား၊ညမအားကိုပုတု ကြိုးစားခဲ့ရသည်ကိုတော့၊သူတို့၏စိတ်ကူးထဲမှာ၊တွေးတောင်တွေးမိကြ

မည်မထင်။

နောက်အိမ်ထောင်တဆက်ကတော့၊ကိုပုတု ကားမောင်းယင်း၊ကားပေါ်တွင်ဆုံခဲ့

ကြသည်။ရိုးရိုး ခရီးသည်ရွာသူမလေးပါ။

ထိုခေတ်က၊ခရီးသွားပို့ဆောင်ရေး၊ကားတွေရှားတော့၊ကိုပုတုကားတွင်ကားကြုံစီးယင်း

ကိုပုတုနင့်ခင်ခဲ့သည်။ကိုပုတု အလွန်ပင်သဘောကျပါသည်။မိဘများက သူ့တို့အရပ်တွင် အသိုင်းအဝိုင်းကောင်းသော

လယ်ယာမြေများပိုင်ဆိုင်သည့်၊သူ့အရပ်နှင့်သူတော့၊ လူချမ်းသာမျိုးဖြစ်သည်။

နှစ်ဦးသားရည်ငံမိလို့ကြာလာတော့၊သူတို့မိဘများအားဖွင့်ပြောကြသည်။


ကားသမားလူပေါ့ဆိုပြီး၊လုံးဝလက်မခံကြပါ။

သူတို့သဘောတူသူနင့်အတင်းပေးစားလိုက်သည်။ သို့သော် ကိုပုတုတို့မှာ သူတို့ရင်သွေး

လေးပါသွားသည်ကိုတော့၊သူတို့နှစ်ယောက်သာသိခဲ့ကြသည်။

သည်နောက်ပိုင်းကိုပုတု၊ဘယ်အမျိုးသမီးကိုမျှ၊တွယ်တွယ်တာတာမရှိတော့။

အလုပ်တော့မှန်မှန်လုပ်ပေမဲ့၊

အားတဲ့အချိန်များတွင်၊သူငယ်ချင်းများနှင့်

သောက်လိုက်စားလိုက်နေပြီး၊ကြုံသမျှအမျိုးသမီးများအားလည်း၊တွယ်တာခြင်းမရှိ

တော့ပါ။

မိမိငယ်ငယ်ထဲက၊မိဘအသိုင်းအဝိုင်းတို့နှင့်

နေခဲ့ရသူဖြစ်သဖြင့် မိမိကြီးလာတဲ့အခါထိုကဲ့သို့သောအသိုင်းအဝိုင်းလေးဖြင့်နေချင်ပါသည်။သို့သော်

ကံတရားက သူ၏ စိတ်ဆန္ဒအမှန်အားဖြည့်ဆည်းမပေးနိုင်ခဲ့ပါ။

အိမ်ထောင်ရေး ကံခေပေမဲ့၊သားသမီးအရေးတော့ ကံကောင်းချင်ပါသည်။


နားအေးပါးအေးနေချင်စိတ်ပေါက်သဖြင့်ခြံကလေးတခြံဝယ်ခါ၊ထိုခြံကလေးထဲတွင်၊လောလောဆယ်ဝင်ငွေမရနိုင်သော၊သစ်ပင်များစိုက်ပျိုးထားသည်။

နံသာဖြူ၊နံသာနီ စသောအပင်မျိုးတွေပါ။မသိသူအတွက်တော့ထင်းပင်များနှင့်မခြားပါ

ဘဲ။

အခုတော့ ကိုပုတု သည်ခြံထဲမှာဘဲ၊ခေါင်းချသွားပါပြီ။သည်ဘဝတွင် သူဆန္ဒရှိခဲ့သောသားသမီးတို့နှင့်အတူမနေခဲ့ရပါကလား။

သူ၏ကြိုးစားခဲ့သမျှ၊ဇွဲလုံးလတို့သည်သဲထဲရေသွန် ဖြစ်သလိုမို့၊ သူ့အကြောင်းအားသိသူတိုင်းစိတ်မကောင်း

ဖြစ်ကြ၏။

သူဌေးအမည်ခံပြီး၊ခြံတစ်ခြံနှင့်ပုလင်းခွံတွေသာ ကျန်ခဲ့သည်ပေါ့။


ခြံစောင့်ကြီး စောတာတီး ခြံရှင်းလို့ အလုပ်များနေစဉ်၊ခြံရှေ့သို့ ကားတစ်စီးရပ်လာသည်။

ကြည့်လိုက်တော့၊ခတ်နွမ်းနွမ်းကားတစ်စီးဘဲ၊

ဒရိုင်ဘာနှင့်ပါ၊လူသုံးယောက်ကားပေါ်မှဆင်း

လာကြသည်။မိန်းကလေးတစ်ဦးလည်းပါရဲ့ကြီးလှယင်အသက်အစိတ်ဝန်းကျင်လောက်ရှိမည်ထင်ပါသည်။

“ဦးပုတုအိမ်… ဟုတ်ပါသလား” …တဲ့

” အ ဖေက သူဌေး သာဆိုပါတယ်၊အဖေ့ အိမ်ကိုလည်းကြည့်ပါအုံး…မောင်လေး…ရယ်

မမက အစထဲက မထင်ပါဖူး…အဖွားက

အတင်းလွတ်လို့သာ…လာခဲ့ရတယ်၊

မမ ေတာ့…ငါတို့အတွက်.အ ဖေ.ဘာမှချန်ခဲ့

မယ်…မထင်ပါဖူး…တဲ့ ။”


“ကျွန်တော် မမကို..မသွားချင်ပါဖူး…လို့

ပြောသားဘဲ၊ ရှိစုမဲ့ သည်ခြံကလေးကိုတောင်

ဘုန်းကြီးကျောင်း လှူထားပါသတဲ့”

“ဘာမှမချမ်းသာဘဲ၊

ကွယ်လွန်သူသူဌေး

ီီဦးပုတု…တဲ့

နည်းနည်းများ၊များမနေဖူးလား

သူဌေးကြီးရယ်။”


သေသွားပြီဖြစ်တဲ့ အဖေကိုတောင် ထေ့ချင်ငေါ့ချင် ကြသူတွေပါလား။

ဦးတာတီး မှတ်ချက်ပြု၏။


ဘာမပြောညာမပြော၊

ဦးပုတု၏ပထမဇနီးနှင့်ရခဲ့သော သားနှင့်သမီး

မောင်းလာသောကားအား လာရာလမ်းသို့ ဦးလှည့်၍ပြန်သွားကြ၏။နောက်ဖက်သို့နည်း

နည်းမျှပင်လှည့်ပြီးမကြည့်သွားကြပါ။


ခြံစောင့်ကြီးစောတာတီးလည်း၊ထမ်းထားသော ပေါက်တူးအားမလျက်၊သက်မချမိ၏။


ကိုပုတု သေဆုံးပြီး နှစ်ရက်လောက်အကြာတွင်၊ခြံရှေ့သို့ နောက်ဆုံးပေါ် ကား

တစ်စီးထိုးရပ်လာသည်။ကားပေါ်မှ လူရွယ်ရွယ် အမျိုးသား သုံးယောက်ဆင်းလာ၏။

ခြံအပြင်ဘက်မှ သုံးယောက်သား ပြိုင်တူရပ်ပြီး၊ပိတ်ထားသောတခါးအား လှုပ်ပြီး

ခေါ်၏။ လူတစ်ယောက်မျှထွက်မလာသောအခါ

တခါးအားဖျက်ပြီးခြံ အတွင်းသို့ဝင်၏။


ထိုအချင်းအရာအားလုံးအား၊ အပြင်မှပြန်ရောက်လာသော၊စောတာတီး အားလုံးတွေ့

မြင်ရပါသည်။

စောတာတီးအား ဦးပုတု၏ တပည့်မှန်းသိသွားသောအခါ၊ သူမေးလိုရာမေးခွန်းများမေးပြီး၊သုံးယောက်သားခြံအားပတ်ကြည့်၏။ပြီးနောက်၊

မေးသွားသောမေးခွန်းများမှာ၊


“ကျွန်တော်တို့အဖေ ဘာကြောင့်ဆုံးသွားသလဲ၊”


“ဘယ်မှာမြုတ်နှံထားသလဲ၊”


“ဆွမ်းဘယ်နှစ်ကြိမ်

သွတ်ပေးပြီးပြီလဲ”။


“ကျွန်တော်အဖေအတွက်

ဘာအလှူများလှူပေးရအုံးမလဲ။”


စသည့် သူတို့မပြုစုလိုက်ရတဲ့၊အဖေ၏ ကောင်းကျိုးများလုံးဝ မပါပါ။


သားဖြစ်သူဆိုတဲ့လူငယ်မေးသောမေးခွန်းများက။

“ကျုပ်တို့အတွက် ဘာပစ္စည်းတွေ ချန်ခဲ့သေးလဲ။”


“အောင်မေလေး ၊

တို့အဖေက သူဌေးလို့ အခေါ်ခံပြီး သေလို့တောင်ချန်ခဲ့ပါတယ်၊ခြံစုတ် ကလေးတစ်ခြံ။.


“ငါ သဘေ်ာလိုက်လို့ ရငွေတစ်လစာတောင်မချန်နိုင်ခဲ့ပါလား။”


“အမွေရယင်တောင်၊ယူတဲ့အမွေခံက၊

ရှက်စရာကောင်းပါတယ်။”


“လာပါသူငယ်ချင်းတို့၊ပြန်ကြတာကောင်းပါတယ်။.”


ဦးတာတီးကိုပင်နှတ်ဆက်ဖော်မရ။ပြန်သွားကြသည်။


ရက်လယ်ဆွမ်း၊ ဘယ်နေ့ ဘယ် လိုသွတ်မလဲ

လို့တောင်မေးသွား ဖော်မရ ခဲ့ပါလား။

ဦးတာတီး ပေါက်တူးအားမပြီး သက်မချရပြန်ပါသည်။

*****


. စပါယ်ရုံမှာ ပန်းငုံတွေ ကျန်ပါသေး

ညိုထွေးငယ် ခူးလို့မကုန် ။

ဘုရားစုံအောင် ကပ်လှူဒါန်းဖို့ မြတ်ပန်းတော်ဝင် ကိုးရုံ ဆယ်ရုံ။ တေးချင်း ဆိုလျက် ညိုထွေး အိပ်ယာစောစော ထလာသည်။ ပန်းခြုံထက်က

ငှက်ကလေးများက တီတီသံပေးနေသည့်အတွက်။

သည်မနက်မှ အမေ့ကိုပိုပြီးလွမ်းမိသည်။


အမေရှိစဉ်က ပန်းကလေးတွေ သီပြီး အဖိုးအဖွားအိမ်မှ အမေ့အိမ် အရောက်ပို့ခဲ့သည်။

ပန်းပန်တတ်တဲ့ အမေ၏၊ပြုံးစစမျက်နှာလေးအားကြည်ပြီး ညိုထွေး ပျော်ခဲ့၏။

အခုတော့အမေ မရှိတော့ ညိုထွေးမပျော်နိုင်။


အမေပြောခဲ့တဲ့ အဖေဆိုသူကလည်း၊ဓာတ်ပုံကိုသာကြည့်ပြီးနေစဉ်ရှိခိုးနေရတယ်၊ဘယ်

ဆီနေမှန်းမသိ။တွေ့ဖူးချင်၊မြင်ဖူးချင်လှဘိ၊

မိညိုထွေးရဲ့ အေဖ ဆိုသူကို။


. တစ်နေ့ညနေက စာတဆောင်လူကြုံပါးလာသည်။အဖေ နှင့်တွေချင်လျင်၊အမြန်လာခဲ့ပါတဲ့။ အောက်က စာပို့သူက ဦးပုတု လည်းမဟုတ်။

ဘာမဆိုင်ညာမဆိုင်။

တာတီး တဲ့။


. ဘယ်ကိစ္စမျိုးမဆို အမေမှာခဲ့သည့်အတိုင်း၊အမေနှင့်ညီအမလို အမေ့သူငယ်ချင်း

နှစ်ယောက်အားတိုင်ပင်ရသည်။သူတို့က အဖေအားမြင်ဖူး တွေ့ဖူးသူတွေပါ။သူတို့လည်းမိညိုထွေးနှင့်အတူ၊ လိုက်လာပေးသဖြင့်၊မိညိုထွေးအတွက်၊အဆင်ပြေပါသည်။


ပေးထားသည့်လိပ်စာအတိုင်း ၊တူအရီးသုံးယောက်ရောက်လာကြသည်။

သေသေသပ်သပ်ဆောက်ထားသောတဲတလုံးရှေ့တွင်ရပ်ပြီး မေးတော့၊ နှတ်ခမ်းမွေးကား

ကားနှင့် လူကြီးတစ်ယောက်ထွက်လာသည်။

. အဖေကိုမြင်ချင်လှတဲ့ မိညိုထွေးက အဒေါ်နှစ်ယောက်အား လက်ကုတ်ပြီးမေး

သည်။

အဖေဆိုတာ နှတ်ခမ်းမွေးကားကားနှင့်လူကြီးလားလို့။

အဒေါ်တွေက အတည်ပြုမပေးတော့၊

မိညိုထွေး ဘာလုပ်ရမယ်မှန်းမသိ။

တခါးဖွင့်ထားတဲ့ ၊အိမ်ပေါ်ကဗျာကရာပြေးတက်ပြီး အဖေအားရှာသည်။

ဟော…တွေ့ ပါ ပြီ ။

အဖေ၏ ဓာတ်ပုံ။အမေ ပေးထားခဲ့ သော အဖေ၏ ဓာတ်ပုံနှင့်တထေရာထည်းပါ။

မိညိုထွေး…အဖေ၏ ဓာတ်ပုံအား အပြေးကိုင်ကြည့်ပြီး၊ရင်မှာကပ်လို့ ဖက်ထားမိသည်။


ဓာတ်ပုံအောက်က ၊စားပွဲခုံတွင်ချိတ်ထားသောစာကဘာလဲ။

မိညိုထွေး အထပ်ထပ်အခါခါဖတ်သည်။

သူဌေး ကိုပုတု

အသက်(အသက်၅၀)

ဆိုပါလား။

အဖေ…အဖေ…အဖေ…မရှိတော့ပါလား။

မိညိုထွေး…အားရပါးရ ဟစ်အော်ပြီး ငိုမ်ိပါသည်။


ရှိစေတော့။

အဖေ့အတွက်၊ကုသိုလ်ကောင်းမှုတွေ လုပ်ပေး

ရမည်။အဖေခေါင်းချရာအရပ်မှ၊ချက်ချင်းမပြန်ချင်သေး။ အနီးက ကျောင်းလေးတွင်

နေ့စဉ်ရက်ဆက် အဖေအားရည်မှန်းပြီးကုသိုလ်ပြုပေးသည်။

. အဖေပိုင်ခဲ့တဲ့ခြံကလေးအား ရောင်းပြီး

ကုသိုလ်ပြုပေးရန်၊အဖေကမှာခဲ့ပါသတဲ့။

မိညိုထွေးနှမြောပါသည်။


အဖေခြေရာ၊အဖေ့ အငွေ့အသက်တို့သည်၊သည်ခြံလေးမှာရှိ၏။


သားသမီးကျင့်ဝတ်ငါးပါးမှာ၊

အေမွေခံ ထိုက်စေလို့ဆိုပါတယ်။

မိညိုထွေး ဘခင်၏၊အမွေခံထိုက်စေဖို့၊မိမိတွင်ပါလာသောလက်ဝတ်လက်စားလေး

များအားထုခွဲ ရောင်းချပြီး၊သည်ခြံလေးအားဝယ်လိုက်ပါသည်။


အနီးရှိပရဟိတကျောင်းတွင်၊

မိဘမဲ့ ကလေးများနေထိုင်ရန်၊အဆောင်ဆောက်ပြီး၊အဖေ့ဆန္ဒပြည့်ဝအောင်လှူပေး

ခဲ့ပါသည်။


အဖေ၏အမွေဖြစ်သော၊ခြံကလေးအားမိညိုထွေးတသက်မရောင်းပါ။


မိညိုထွေး အေမြခံထိုက်သူ ဖြစ်ပါရစေ။


ခြံကလေးအားလိုအပ်သည်ကိုပြုပြင်၍၊ဦးတာတီးလက်သို့အပ်ခါ၊တူအရီးသုံးယောက်

ရွာသို့ပြန်လာခဲ့ကြပါသည်။


စိတ်ထဲတွင်တော့တကယ်မကောင်းပါ။

အဖေကိုလွမ်းရမလား။

အမေကိုလွမ်းရမလား။

ဘယ်ဆီလွမ်းမိတတ်မသိပါ။


*****

ဘခင်နှင့်မတွေ့ခဲ့ရသဖြင့်စိတ်ထဲတွင် မကောင်း သော်လည်း၊တစ်လ နှစ်လ ကြာတော့၊ နည်းနည်းစိတ်သက်သာ သလို

ရှိလာသည်။


ထိုအချိန် ဦးတာတီး ထံမှ စာတဆောင်ရောက်လာသည်။


ပြင်ဦးလွင်မြို့၊……ဓမ္မရိပ်သာတွင်၊

ဘခင်အတွက် ၊အလှူပွဲ ။ရေစက်ချရန်

တူမ လေး၊ဆက်ဆက်လာခဲ့ပါတဲ့။


ဘခင်အတွက်မို့၊စဉ်းစားမနေတော့ပါ။

အထုပ်အပိုးများကဗျာကရာပြင်ပြီးပြင်ဦးလွင်မြို့သို့ဆင်းလာခဲ့သည်။


မိမိရောက်ဖူးသောအရပ်ဖြစ်သဖြင့်၊စိတ်ချရသော၊အဒေါ်ဖွားညွန့် ရှိရာ၊ဆုလာဘ်ပြည့်

တည်းခိုရိပ်သာတွင်၊အခန်းငှါးပြီး၊စိတ်ချရသောမြင်းလှည်း ငှားခါ၊တရားရိပ်သာသို့ရောက်လာပါသည်။


ရောက်လျှင်၊ဆရာတော်ကြီးအားဝတ်ဖြည့်၍

လာရင်းအကြောင်းအားလျှောက်ထားလိုက်

တော့၊ဆရာတော်က၊


“ဒကာမလေး… အဖေနှင့်တကယ် တွေ့ချင်ပါသလား…တဲ့။


တွေ့ချင်ပါတယ်ဆိုတော့၊

ကဲ…ဒကာကြီး ကိုပုတု… တဖက်လှည့်ပြလိုက်ပါဗျာ၊”


ဆိုပြီး..ကြည့်လိုက်တော့၊


ဓာတ်ပုံထဲက…အဖေ။ အဖေ မှ အဖေအစစ်။

ကတုံးကြီးနှင့် ရဟန်းလူထွက်ထားသည်နှင့်တူပါသည်။


ဘုန်းဘုန်းတွေမှ အားမနာ ။


မိညိုထွေး…တအားပြေးပြီး၊ရှိုက်ခါငိုလျက်အဖေကိုဖက်ထားမိပါသည်။


အဖေ့မျက်နှာအား၊မော့ကြည့်လိုက်တော့ ၊

အဖေလည်းမျက်ရည်တွေစီးကျနေပါသည်။

မသေပါဘဲ၊သေတယ်လို့၊ဘာကြောင့်လှည့်စားလေသလဲမမေးမိတော့၊

နောက်တော့သိလာသည်က၊

အရက်သမားအဖေကသေပြီး

သူဌေးအစစ်ကိုပုတုဖြစ်လာပါသည်။


ထိုနေ့မှာဘဲ၊အဖေက မိညိုထွေးအား၊သူနှင့်အတူနေရန်၊ခြံဝန်းကြီးထဲက၊အိမ်ကြီးတအိမ်သို့၊ကားစီးလျက်ခေါ်သွားသည်။ရောက်တော့ဈေးသွားပြီး သားအဖနှစ်ယောက်စားရန်

ထမင်းချက်ခိုင်းသည်။


ဘယ်ရမလဲ မိညိုထွေးတဲ့ အမေပြောလို့အဖေကြိုက်တတ်တဲ့ ဟင်းများအားသိနေပါပြီ။


သားအဖနှစ်ယောက်ထမင်းဝိုင်းတွင်၊ငါးကြင်း

ဆီပြန်။ငံပြာရေချက်။ပဲကြီးဟင်းရေသောက်၊

လက်သုတ်ချဉ်နှင့် တို့စရာအမယ်စုံ ချက်ထားပါသည်။


သားအဖနှစ်ယောက်လုံးကြိုက်သည့်ဟင်းမို့ပြုံးပျော်စွာစားကြပါသည်။

စာဖတ်သူအားလုံး

မပြည့်စုံသေးသောဘဝများ

ရှိကပြည်စုံနိုင်ကြပါစေ။


သားသမီးအစစ်လိုချင်းသောဘခင်နှင့်ဘခင်အစစ်လိုသော သမီး (အမွေခံထိုက်သူ)

တို့ ပြုံးပျော်ရွှင်စွာ၊ကောင်းမွန်သာယာသောဘဝသောင်ကမ်းသှိ့ စီးမျောနိုင်ကြပါစေလို့။


ဆရာမောင်သာလိ

. ၁၁.၁၀.၂၃