ငရဲဂူမှတစ္ဆေထောင် (စ/ဆုံး)
မူရင်းရေးသူ _တာတေဘယ်သူကယုံမှာတုန်းဗျာ။ကျူပ်ပြောလည်း ခင်ဗျားမယုံဘူးခင်ဗျားပြောလဲကျူပ်ယုံမှာမဟုတ်ဘူး။ဒါပေမယ့် ဒါကတကယ်ဗျ။တကယ်ကိုရှိတာ။အမှန်အတိုင်းပြောရင် ကျူပ်လည်းဒီအကြောင်းကို ဘယ်တုန်းကမှ သိခဲ့တာမဟုတ်ဘူးဗျ။ကျူပ်ကိုလဲကျူပ်ရဲ့ဆရာသမားတွေက ဒီအကြောင်းကိုဘယ်တုန်းကမှ ပြောခဲ့တာမဟုတ်ဘူးလေဗျာ။ဟုတ်တော့လည်းဟုတ်တယ်ဗျ ။တာတေဆိုတဲ့ကျူပ်က ဆရာမှမဟုတ်တာ။စပ်စပ်စုစုလုပ်ချင်လို့သာဆရာတွေနောက်လျှောက်လိုက်နေတဲ့ကောင်လေဗျာ။ဒီတော့လည်း ကျူပ်ကို ဆရာအစဉ်အဆက်လက်ဆင့်ကမ်းပြီးပညာပေးသလိုတော့ ဘယ်သူမှပေးကြမှာမဟုတ်ဘူးလေဗျာ။ကျုပ်အဲဒီကိုရောက်သွားခဲ့တဲ့အကြောင်းရဲ့အစက ဒီလိုဗျ။ဘန့်ဘွေးကုန်းက သိန်းဇော်တို့အိမ်မှာ ပုဏ္ဏကတိုက်သလိုဘာလိုဖြစ်တာကစတာပေါ့ဗျာ။ ဘန့်ဘွေးကုန်းကကျူပ်သူငယ်ချင်း သိန်းဇော်ဆိုတာ ကျူပ်ပြောခဲ့ဘူးပါတယ်။ကျူပ်နဲ့ ဒီကောင်မြို့ကျောင်းတက်တုန်းက အတူတူတက်ကြတာလေဗျာ။ဆောင်းတွင်းကြီးဗျ။နတ်တော်လား ပြာသိုလားသာကျူပ်မမှတ်မိတော့တာ။ရွာထဲက ကျောက်ခဲတို့ သံမဏိတို့မျက်ပြူးတို့အုပ်စုတွေနဲ့ ကျူပ်က ဝိုင်းထဲမှာ မီးလှုံနေတာဗျ။နှမ်းရိုးတွေမီးရှို့လို့ပေါ့ဗျာ။ရေနွေးကြမ်းလေးသောက်လိုက်ကျူပ်ကြုံဖူးတာတွေ ဒီကောင်တွေကိုပြောပြလိုက်နဲ့။ဒီကောင်တွေကလဲ ကျူပ်ကို နှိုက်နှိုက်ချွတ်ချွတ်တွေမေးကြတာပေါ့ဗျာ။“ဟေ့ကောင် တာတေ တာတေရေ။ငါပါကွ သိန်းဇော်ပါ “သိန်းဇော်ရဲ့အသံကြီးက ဝိုင်းဝကနေ ပေါ်လာတာဗျ ကျူပ်တို့ရွာတွေမှာက ခင်ဗျားတို့လို မြို့တွေက ဓာတ်မီးတိုင်တွေရှိတာမှမဟုတ်တာ။မှောင်လို့ပေါ့ဗျာ။“ဟင် သိန်းဇော်ပါလား။ဒီကောင် ညကြီးမိုးချူပ်ဘာဖြစ်လာတာတုံး”ကျူပ်ကတစ်ယောက်ထဲ ခပ်တိုးတိုးပြောလိုက်ပြီးလှမ်းခေါ်လိုက်တယ်။“ဟ သိန်းဇော်ကြီးလား။လာလေကွာ ဝင်ခဲ့ ဝင်ခဲ့ “ခပ်ဟဟ လှပ်ထားတဲ့ဝိုင်းတံခါးကိုတွန်းပြီး သိန်းဇော်ဝင်လာတယ်။ဝိုင်းထဲဝင်တယ်ဆိုရင် ကျူပ်ဆီကို ဒီကောင်တန်းလျောက်လာတာဗျ။” လာ သိန်းဇော် ဒီထင်းတုံးပေါ်မှာပဲထိုင်ကွာ။ ငါတော့အေးတာနဲ့ ကလေးတွေ ခေါ်ပြီး မီးလှုံနေတာကွ”သိန်းဇော်က ကျူပ်ထိုင်တဲ့ထင်းတုံးကြီးပေါ်မှာပဲ ကျူပ်ဘေးကိုကပ်ပြီးထိုင်လိုက်တယ်။ဒီတော့မှ ကျူပ်က ဒီကောင့်ကိုသေသေချာချာ ကြည့်လိုက်မိတာဗျ။ဒီကောင့်တစ်ကိုယ်လုံးချွေးတွေ ရွှဲနေတာဗျိူ့။ ဒီလောက်အေးတဲ့ အချိန်ကြီးမှာဒီကောင်ချွေးတွေရွှဲနေတော့ သိန်းဇော် တရကြမ်းပြေးလာတဲ့ပုံပဲဗျ။“သိန်းဇော် မင်းပြေးလာတာလား။ဘာအရေးကြီးကြီးလို့တုံးကွ “ကျူပ်ပေးလိုက်တဲ့ရေနွေးကြမ်းပန်းကန်ကို နှုတ်ခမ်းမှာတေ့ပြီးဖလူး ဖလူးနဲ့ သောက်ချလိုက်တာဗျိူ့။ပြီးတော့နောက်တစ်ခွက်ထပ်သောက်တယ်။ဒီတော့မှ ဒီကောင် အမောပြေ သွားပြီးကျူပ်ကိုပြောတာဗျ။“တာတေ ငါတို့အိမ်မှာ ထူးထူးဆန်းဆန်းတွေထဖြစ်နေလို့။ငါကြောက်ပြီး မင်းဆီကိုတန်းပြေးလာတာကွ ““ဟေ ဘာတွေဖြစ်လို့တုံးကွ သိန်းဇော်ရ ““ငါတို့အိမ်ကြီးကိုမင်းသိသားပဲ တာတေ ကျွန်းတိုင်ကြီးတွေနဲ့အဘဆောက်ထားတာပဲဟာ။ခေါင်ကလဲ နှစ်လုံးနဲ့ပဲဟာ”“အေးလေ ဟုတ်သားပဲ။ဘန့်ဘွေးကုန်းမှာ မင်းတို့အိမ်ကြီးအိမ်ကောင်းစာရင်းဝင်တာပဲလေ”“အေး အခု အဲဒီအိမ်ကြီးက တကျီကျီနဲ့ယိမ်းထိုးပြီးလူပ်နေလို့ကွ”“ဟေ အိမ်ကြီးက လှုပ်နေတယ် ဟုတ်လား သိန်းဇော်”“အေး ဟုတ်တယ်။ငါတို့အိမ်ကအရှေ့လှည့်လေကွာ။အဲဒါတောင်နဲ့မြောက်ကို ယီမ်းထိုးလှုပ်တာကွ”“ဟာ ဘယ်လိုဖြစ်တာတုံးကွ”“မသိဘူး တာတေ။အိမ်နီးချငိး ဘိုးသီလတို့ အရီးစိန်ညိုတို့ကိုခေါ်ပြတော့လည်းဘိုးသီလတို့က“ဟ မလှုပ်ပါဘူးဟ ။ဘယ်မှာလှုပ်လို့တုန်း”လို့ပြောတယ်ကွ။ဒါပေမယ့် ငါတို့အိမ်သားတွေကတော့အိမ်ကြီးလှုပ်နေတာလူတိုင်းသိတယ်ကွ ““ဟေ ဘယ်လိုဖြစ်တာတုံးကွ ““အဘနဲ့အမေကလဲမင်းကို ချက်ချင်းသွားခေါ်လို့ပြောနေတာကွ ““အေးပါ သိန်းဇော်ရာ ငါလိုက်ခဲ့ပါ့မယ်”“ကိုကြီးတာတေ ကျူပ်နဲ့ သံမဏိနဲ့လဲ လိုက်ခဲ့မယ်”“ဟာ ကျောက်ခဲနဲ့သံမဏိ ကလည်းမကြောက်မလန့်နဲ့ကွာဒီကလေးတွေနှယ်”သိန်းဇော်က ကျောက်ခဲ့တို့ကို ဟန့်တာဗျ။ကျောက်ခဲတို့ကလဲဘန့်ဘွေကုန်းကလူတွေအကုန်လုံးနဲ့ခင်တာကိုးဗျ။“ကိုကြီးသိန်းဇော် ကျူပ်တို့က ကိုကြီးတာတေနဲ့လိုက်နေကြပါဗျ”“ဟေ ဟုတ်လား တာတေ။ဒီကောင်တွေပြောတာ”“အေး ဟုတ်တယ်ကွ သိန်းဇော်ရ။ကျောက်ခဲနဲ့ သံမဏိကတော်တော်တော့ အားကိုးရသားကွ”“ဟာ ဒါဆိုလဲ လိုက်ခဲ့ကြပေါ့ကွာ။ကိုကြီးသိန်းဇော်သိမှမသိတာ”ကျူပ်အိမ်ပေါ်တက်ပြီး အဘနဲ့အမေကို အကျိူးကြောင်းပြောဆေးလွယ်အိတ်ယူပြီး လိုက်ခဲ့ရတာပေါ့ဗျာ။သိန်းဇော်တို့အိမ်ဝိုင်းရောက်တော့ အားလုံးညိမ်နေတာဗျ။ခွေးတောင်မဟောင်ဘူး။“သိန်းဇော် တစ်ဝိုင်းလုံးငြိမ်လို့ပါလားဟ”“ငြိမ်ဆို အဘရော အမေရော ငါ့အစ်မတွေရောဘိုးသီလတို့ဝိုင်းထဲပြေးကြပြီလေကွာ။ခွေးတွေပါပြေးတာကွ တာတေရ “ကျူပ်ကဝိုင်းထဲဝင်ပြီး အိမ်ကြီးပေါ်တက်ခဲ့တယ်။သိန်းဇော်ကမီးမှုတ်ထားတဲ့ လသာမှန်အိမ်ကို မီးခတ်ပြီး မီးပြန်ထွန်းလိုက်တယ်။အိမ်ကြီးထဲမှာလင်းသွားတာပေါ့ဗျာ။“ကျွိ ကျွိ ကျွိ ကျွိ ကျွိ ကျွိ”်“ဟာ လူပ်ပြီဟေ့။တာတေတွေ့လား လှုပ်ပြီ လှုပ်ပြီ “” ကျွိ ကျွိ ကျွိ ကျွိ ကျွိ ကျွိ”“ဟာ လှုပ်ပြီဟေ့။တာတေ တွေ့လား လှုပ်ပြီ လှုပ်ပြီ”ဟုတ်တယ်ဗျိူ့။သိန်းဇော်ပြောတဲ့အတိုင်း အိမ်ကြီးကတောင်မြောက်ယိမ်းထိုးပြီး လှုပ်တာဗျ။ကျောက်ခဲနဲ့သံမဏိတောင် လန့်ပြီးထိုင်ချလိုက်တယ်။ကျူပ်လဲ ဆေးလွယ်အိတ်ထဲက မျက်ကွင်းဆေးကို ထုတ်ယူပြီးသိန်းဇော်တို့ ကျောက်ပျဉ်မှာသွေးလိုက်တယ်မျက်ကွင်းဆေးကွင်းပြီးတာနဲ့ ကျူပ်က ပြတင်းပေါက်နေအပြင်ကိုကြည့်တယ်။ဘာမှမတွေ့ဘူးဗျ။အိမ်ရဲ့တောင်ဘက်မြောက်ဘက် အရှေ့ဘက် အနောက်ဘက်စုံအောင်ကြည့်တယ်။ဘာမှမတွေ့ရဘူး။ကျူပ်လဲအတွေးနည်းနည်းကျပ်သွားတယ်။“ကျွိ ကျွိ ကျွိ ကျွိ ကျွိ”အိမ်ကြီးကတော့လှုပ်လာပြီဗျိူ့။ကျူပ်လည်းအိမ်ပေါ်ကဆင်းပြီးဝိုင်းထဲမှာလျှောက်ကြည့်တယ်။ဘာမှမတွေ့ဘူးဗျ။အိမ်ကိုတစ်ပတ်ပတ်ကြည့်တယ်။ကျူပ်နောက်ကသိန်းဇော်နဲ့ကျောက်ခဲတို့နှစ်ယောက်ကထပ်ကြပ်မကွာပါလာတာပေါ့ဗျာ။“ကျွိ ကျွိ ကျွိ ကျွိ”အိမ်ကြီးကလှုပ်နေတာပဲဗျ။ကျူပ်လည်းအကြံအိုက်နေပြီးကျူပ်ဝိုင်းပေါက်ကို လျှောက်လာတယ်။ကျူပ်သစ်ပင်ကြီးတွေကိုမော့ကြည့်ပြီး စဉ်းစားတယ်။အဲဒီမှာ သရက်ပင်ကြီးတစ်ပင်ကတော်တော်ကိုမြင့်တာဗျ။ကျူပ်စိတ်ထဲမှာ ဝိုင်းကြီးတစ်ခုလုံးကိုအပေါ်စီးကကြည့်ချင်စိတ်ဖြစ်လာတယ်။လရောင်ဝါးဝါးလေးရဲ့အကူအညီကိုယူပြီး ကျူပ်သရက်ပင်ကြီးပေါ်တက်ခဲ့တယ်။“ကိုကြီးတာတေ သတိထားဦးနော်။ညဘက်ကြီးမမြင်မစမ်းနဲ့ ““အေးအေး ငါသတိထားတယ် ကျောက်ခဲ “ကျူပ်က သရက်ကိုင်းတွေကိုတစ်ကိုင်းပြီးတစ်ကိုင်းတက်လာခဲ့တယ်။အမြင့်ဆုံးကိုင်းကြီးပေါ်မှာ သေသေချာချာထိုင်ပြီးဝိုင်းကြီးတစ်ခုလုံးကို အပေါ်စီးကနေ ငုံ့ကြည့်လိုက်တယ်။ပြီးတော့ သိန်းဇော် တို့အိမ်ကြီးရဲ့ခေါင်မိုးပေါ်ကိုကြည့်လိုက်မိတယ်။“ဟာ”ကျူပ်ပါးစပ်ကအသံတောင်ထွက်သွားသလားမသိပါဘူးဗျာ။ခေါင်မိုးပေါ်မှာကားယားကြီးခွထိုင်နေတဲ့အကောင်ကြီးဗျ။နည်းတဲ့အကောင်ကြီး မဟုတ်ပါဘူးဗျာ။ခေါင်းကြီးကစိတ်ဝင်ပုပ်လောက်ရှိမယ်ဗျိူ့။ကိုယ်လုံးကြီးကရာဝင်ပုပ်လောက်ရှိမယ်ဗျိူ့။ကျူပ်ပြောတဲ့ပုပ်ဆိုတာ စပါးထည့်တဲ့ပုပ်ကိုပြောတာလေဗျာ။အောင်မလေးဗျာခြေထောက်ကြီးတွေက သစ်ပင်ပင်စည်လောက်ကြီးတွေဗျ။အမွှေးအမျှင်တော့မရှိဘူး။ဆင်ကြီးတွေရဲ့အရေလိုမျိူးမည်းမည်းတွန့်တွန့်ကြီးဗျ။မြောက်ဘက်ကို လှမ်းကြည့်နေတာဗျ။မျက်လုံးကြီးတွေက ဟင်းသောက်ပန်းကန်ကြီးတွေလောက်ရှိတာဗျို့။နီရဲပြီးအပြင်ကိုပြူးထွက်နေတာဗျ။ဒါဘာကြီးတုံးဆိုတာကျူပ်တွေးနေတာ။တစ္ဆေလား။သဘက်ကြီးလား။နားရွက်ကတော့သိပ်အကြီးကြီးမဟုတ်ဘူး။ကျူပ်တို့၊ခင်ဗျားတို့ အိမ်မှာခတ်တဲ့ စလူယပ်တောင်ကြီးလောက်ပဲရှိတာဗျ။“ကျွိ ကျွိ ကျွိ ကျွိ ကျွိ”လက်စသတ်တော့ ဒီလိုကိုး။ခေါင်းမိုးမှားကားယားကြီးထိုင်နေတဲ့အကောင်ကြီးက ကိုယ်လုံးကြီးကို ရှေ့တိုးနောက်ငင်နဲ့လှုပ်နေတာဗျ။ဒါကြောင့်သိန်းဇော်တို့ အိမ်ကြီးကတောင်နဲ့မြောက်ကိုယိမ်းထိုးနေတာဗျ။ဟော ဟောငြိမ်သွားပြန်ပြီ။အိမ်ကြီးလဲငြိမ်သွားရောဗျ။“ကျွိ ကျွိ ကျွိ ကျွိ ကျွိ”ဟော လှုပ်ပြန်ပြီ လုပ်ပြန်ပြီ။ကိုယ်လုံးကြီးကိုရှေ့တိုးနောက်ငင်နဲ့ ယိမ်းထိုးနေပြန်ပြီပေါ့။သူယိမ်းထိုးတိုင်းအိမ်ကြီးကယိမ်းနေတာပေါ့ဗျာ။ကျူပ်လဲသရက်ပင်ကြီးပေါ်ကသေသေချာချာကိုင်ပြီးဆင်းလာခဲ့တယ်။“ကိုကြီးတာတေ ဘာတွေ့တုံးဗျ “ကျောက်ခဲက ကျူပ်အနားကိုကပ်လာပြီး ခပ်အုပ်အုပ်မေးတာဗျ။သိန်းဇော်လဲ ကျူပ်နားကိုကပ်လာတယ်။“တာတေမြင်ခဲ့လား ““အေး ငါမြင်ခဲ့တယ် သိန်းဇော်။နည်းတဲ့အကောင်ကြီးမဟုတ်ဘူးကွ။မင်းတို့အိမ်ခေါင်မိုးပေါ်မှာ ကားယားကြီးခွထိုင်နေတာကွ။အဲဒီအကောင်ကြီးကရှေ့တိုးနောက်ငင် ထထပြီး ယိမ်းထိုးနေတာဟေ့။ဒါကြောင့် မင်းတို့အိမ်ကြီးယိမ်းထိုးနေတာ”“ဟေ ဒါဆိုရင် ဘယ်လိုလုပ်မတုံးတာတေ”“သိန်းဇော် ငါကဆရာမှမဟုတ်တာ။ငါဘယ်လိုလုပ်တတ်မှာတုံး။ဒါပေမယ့် မင်းမပူပါနဲ့ကွာ။ငါမဖဲဝါကိုမနက်ဖြန် ညမှာသေသေချာချာပင့်ပြီးမေးပေးပါ့မယ် ““ဟေ မနက်ဖြန်ညမှ မေးမှာ ဟုတ်လား တာတေ။ဒါဆိုရင်ဒီကောင်ကြီးက ငါတို့အိမ်ပေါ်မှာဒီတိုင်းရှိနေမှာပေါ့ဟုတ်လား။မတော် ရွာထဲဝင်ပြီးဒုက္ခပေးမှဖြင့်ကွာ။သူငယ်ချင်းတာတေ မင်းမဖဲဝါကိုဒီညပဲပင့်ပါလားကွာ။ဘာတွေလိုလဲပြောတာတေရာ။ ငါချက်ချင်းစီစဉ်ပေးပါ့မယ်”“ဟင် ဒါဆိုရင် မင်းလက်ကနာရီကိုကြည့်စမ်း သိန်းဇော်”“ခုမှ၈နာရီပဲရှိသေးတာကွ တာတေရ”“အေး ဒါဆိုရင်တော့ မှီပါသေးတယ်။ကြက်တစ်ကောင်ချက်၊ဆန်တစ်ခွက် ထမင်းချက်ကွာ၊ဖြစ်မလား”“အို သိပ်ဖြစ်တာပေါ့ကွာ။လာ တာတေ၊ဘိုးသီလတို့ဝိုင်းကိုသွားမယ်”ကျူပ်တို့ဘိုးသီလနဲ့အရီးစိန်ညိုတို့အိမ်ကို ရောက်တော့သိန်းဇော်က အကျိူးအကြောင်းအားလုံးပြောပြတယ်။“ဟာ ဒါဆိုရင် အချိန်မဆိုင်းနဲ့လေကွာ။သိန်းဇော် ဝိုင်းနောက်မှာသွား ကြက်တစ်ကောင်ဖမ်းပြီးလုပ်လိုက်လေ။အသံမမြည်စေနဲ့နော်။ဟဲ့ စိန်ညို နင်က ဆန်တစ်ခွက်ကပျာကယာ ချက်စမ်း။သမီးမယ်တင်နဲ့မယ်ရင်ကမီးကပျာကယာ မီးမွှေးတဲ့လူကမွှေး၊ငရုတ်သီးတစ်ဆုံကိုထောင်းတဲ့လူကထောင်း။မီးဖိုကိုနှစ်ဖိုခွဲပြီးမွှေးစမ်း။ထမင်းချက်တုန်း တစ်ပြိုင်တည်း ဟင်းပါချက်ရမယ်။မြန်လိုက်တဲ့ဘိုးသီလဗျာ။တစ်နာရီလောက်ကြာတော့ ကျူပ်ကိုထမင်းတောင်းပြင်ပေးပြီးပြီဗျ။ဘန်းဘွေးကုန်းသချိူင်းကိုသွားဖို့ ကျူပ်ပြင်ရတော့တာပေါ့ဗျာ။သိန်းဇော်ကိုစောင့်နေတာဗျ။ဒီကောင် နတ်ကေ်တာ်သွားခေါ်တယ်။တိုက်ဆိုင်လိုက်တာဗျာ။မီးလောင်ကုန်းကဒေါ်ထွန်းက ဒီည ဘန့်ဘွေးကုန်းမှာအိပ်တယ်ဆိုပဲ။မနက်ဖြန်မှာရွာတောင်ပိုင်းက အိမ်တစ်အိမ်မှာ နတ်တင်ပေးဖို့တဲ့ဗျ။ဟော သိန်းဇော်လာပြီဗျိူ့။ဟာ သိန်းဇော်နောက်မှာဒေါ်ထွန်းလည်းပါလာတာကိုး။ နေရာကျပြီပေါ့ဗျာ။ကျူပ်တို့အုပ်စုဘန့်ဘွေးကုန်းသင်္ချိူင်းကို ချီတက်ကြတာပေါ့ဗျာ။ဘန့်ဘွေကုန်းသချိူၤင်းထဲရောက်တော့ခပ်ကျယ်ကျယ်ဂူူတစ်တစ်လုံးကိုရှာရတယ်။ပြီးတော့ အဲဒီဂူကြီးပေါ်မှာဌက်ပျောဖက်ခင်းပြီး မဖဲဝါအတွက်စားပွဲကိုပြင်လိုက်တယ်။ရေတစ်ခွက်လည်း ဖလားနဲ့ချပေးထားတယ်။ဂူပေါ်မှာ ဖယောင်းတိုင်တစ်တိုင်ထွန်းပြီးကျူပ်ကမဖဲဝါကို ပင့်လိုက်တယ်။အရီးဒေါ်စိန်ညိုချက်ပေးလိုက်တဲ့ကြက်သားဟင်းနံ့ကမွှေးကြိုင်ပြီးထွက်လာတာဗျိူ့။ကျူပ်မဖဲဝါကို စိတ်ညွှတ်ပြီးသေချာပင့်တယ်။“အရှေ့နေထွက် အနောက်နေဝင် တောင်တံငါကွန် မြောက်ဓူဝံအတွင်း ရောက်ရာအရပ် ရှိရာအရပ်ကနေမြန်မကြာလှမ်းကာကြွခဲ့ပါ။သချိူင်းရှင်မ မဖဲဝါဗျာ။ထနောင်းကုန်းကကျူပ်တာတေ ပင့်ဖိတ်ပါတယ်”ဒေါ်ထွန်းက ဒီအလုပ်ကိုကျူပ်နဲ့လုပ်နေကြဆိုတော့ပြောစရာမလိုဘူးပေါ့ဗျာ။ဂူရှေ့မှာ ဆံပင်ဖြေချပြီး ကျူံ့ကျူံ့လေးထိုင်နေတယ်။လက်အုပ်ကလေးချီလို့ပေါ့ဗျာ။“ဟီးးး ဟီးးး ဟီးးး”ဟော မဖဲဝါရောက်လာပြီဗျိူ့။ဒေါ်ထွန်းကခြေတွေလက်တွေကွေးကောက်ပြီး အဟီး ဟီးနဲ့အော်နေတယ်။ ဟော မတ်တပ်ထရပ်ပြီဗျိူ့။ဟော ခုန်ပြီ ဒေါ်ထွန်းခုန်ပြီဗျိူ့ ဒေါ်ထွန်း လွှားခနဲထခုန်လိုက်တာ ဖက်ရွက်ကလေး လွင့်သွားသလိုပါပဲဗျာ။ဟော မဖဲဝါ စားပြီဗျိူ့။စားပြီ။ ထမင်းရော ဟင်းရောကိုအားရပါးရစားတာဗျိူ့။ထမင်းစားရင်းနဲ့ကျူပ်ကိုကြည့်တယ်။ကျူပ်သိတာပေါ့။မဖဲဝါ ကျူပ်ကိုမေးပြီလေဗျာ။ကျူပ်မဖဲဝါကိုပြောပြလိုက်တယ်။“မဖဲဝါ ဘန့်ဘွေးကုန်းမှာ အိမ်ကြီးတစ်အိမ်ရဲ့ခေါင်မိုးပေါ်မှာအကောင်ကြီးတစ်ကောင်ရောက်နေတယ်ဗျ။တစ္ဆေကြီးလား၊သဘက်ကြီးလားတော့ကျူပ်မသိဘူး။ဆင်ကြီးတစ်ကောင်ရဲ့အရေခွံလို မည်းမည်းကြီးဗျ”“ဟင် ဟုတ်လားတာတေ။ဟာ ဒီကောင်ကြီး တစ္ဆေထောင်ကထွက်ပြေးလာတာပါလား။ဒီကောင်ကအင်းဝခေတ်တည်းကကောင်ကြီး။ သိပ်ဆိုးလွန်းလို့ထောင်ချထားတာ”“ဗျာ တစ္ဆေတွေကိုထောင်ချလို့ရသလားဗျ။တစ္ဆေထောင်ဆိုတာဘယ်မှာရှိတာလဲ မဖဲဝါ”“ရှိတယ်။ငရဲဂူထဲမှာ တစ္ဆေထောင်ရှိတယ်။နင်ကြည့်ချင်ရင် ငါပို့ပေးမယ်”“ဗျာ”“မကြောက်ပါနဲ့။ငါ့ခွေးကြီးနက်ကျော်ကို နင်စီးပြီးလိုက်သွား။နက်ကျော်နင့်ကိုလိုက်ပို့လိမ့်မယ်။အခုနင်ပြန်တော့။အင်းဝတစ္ဆေကြီးကို ငါပြန်ဖမ်းခိုင်းလိုက်မယ်။ဒီကောင်ကြီးကိုလွှတ်ထားရင် ဘန့်ဘွေးကုန်းသားတွေ အူတွေအသည်းတေွနုတ်စားခံရလိမ့်မယ်။“ဟာ”မဖဲဝါက ဒေါ်ထွန်းကိုစီးပြီးပြောတာဆိုတော့သိန်းဇော်တို့ကျောက်ခဲတို့လဲကြားတာပေါ့ဗျာ။ထမင်းရောဟင်းရော စားလို့ကုန်တော့ မဖဲဝါ ထွက်သွားရောဗျာ။ကျူပ်နဲ့သိန်းဇော်လည်းခွေခေါက်လဲနေတဲ့ဒေါ်ထွန်းကိုပြေးပွေ့ပြီး သတိရအောင်လုပ်ကြရတာပေါ့ဗျာ။ကျူပ်တို့ဘန့်ဘွေးကုန်း ကိုပြန်ရောက်တော့ ကျူပ် သိန်းဇော်တို့ဝိုင်းထဲက သရက်ပင်ကြီးပေါ်ကိုပြန်တက်ပြီးအိမ်ခေါင်မိုးပေါ်ကို ကြည့်လိုက်တယ်။ဟာ ဟိုအကောင်ကြီးရှိနေတုန်းပဲဗျ။စောစောက လိုပဲမြောက်ဘက်ကိုမျှော်ကြည့်နေတာဗျ။မဖဲဝါပြောသလိုဆိုရင်တော့ သူနေခဲ့တဲ့ အင်းဝမြို့တော်ကြီးကိုလွမ်းဆွတ်တမ်းတနေတာလားတော့ မသိဘူးပေါ့ဗျာ။“ကျွိ ကျွိ ကျွိ ကျွိ ကျွိ”ဟော လှုပ်ပြန်ပြီဗျိူ့။ဆင်ကြီးတစ်ကောင်ထက်ကြီးတဲ့သူ့ကိုယ်လုံးကြီးကိုရှေ့တိုးနောက်ငင်လုပ်ပြန်ပြီဗျိူ့။သိန်းဇော်တို့အိမ်ကြီးလည်း တောင်နဲ့မြောက်ကို ယိမ်းထိုးပြန်ပြီပေါ့ဗျာ။“ဝီ ဝီ ဝီ ဝီ ဝီ”ဟာ ဘာသံတွေတုံးဗျ။ကျူပ်အသံကြားတဲ့ဘက်ကိုမော့ ကြည့်လိုက်တယ်။မည်းမည်းအကောင်ကြီးသုံးကောင်ဗျိူ့။ကောင်းကင်ယံမှာ ပျံလာတာ။အတောင်ပံကြီးနှစ်ဖက် ဖြန့်ထားတာယာတစ်ကွက်လောက်ရှိမယ်ဗျ။သုံးကောင်ဗျ။ဟော လရောင်တောင်ကွယ်သွားပြီဗျိူ့ဒီအကောင်ကြီးတွေရဲ့တောင်ပံကြီးတွေက လရောင်ကိုကွယ်သွားလိုက်တာ။ဘန့်ဘွေးကုန်းတစ်ရွာလုံးမှောင်ကျသွားတာဗျိူ့။“ဟီး ဟီး ဟီး ဟီး”ဟာ ခေါင်မိုးပေါ်ကအကောင်ကြီးမြင်သွားပြီဗျိူ့။ချက်ချင်းမတ်တပ်ထရပ်လိုက်တာဗျာ။ပါးစပ်ကလည်း“ဟီးဟီး ဟီးဟီး”နဲ့အော်နေတယ်ဗျ။ဒါပေမယ့်နောက်ကျသွားပြီဗျိူ့။ကောင်းကင်ကပျံလာတဲ့ အကောင်ကြီးသုံးကောင်ထဲကတစ်ကောင်က လက်ထဲက ဝင်းခနဲ ဝင်းခနဲဖြစ်သွားတဲ့အရာတစ်ခုနဲ့လှမ်းပစ်လိုက်တယ်။ဟာ သိန်းဇော်တို့အိမ်ကြီးရဲ့ခေါင်မိုးပေါ်မှာမတ်တတ်ရပ်နေတဲ့ ဆင်ထက်ကြီးမယ့်အင်းဝခေတ်ကတစ္ဆေကြီးကို ကြိုးတုပ်ပြီးသားဖြစ်နေပြီဗျိူ့။တစ္ဆေကြီး လှုပ်ကိုမလှုပ်နိုင်တော့ဘူးဗျာ။ဒီတော့မှနောက်က ထိုးဆင်းလာလာတဲ့ အတောင်မည်းမည်းကြီးတွေနဲ့သရဲကြီးနှစ်ကောင်က အင်းဝတစ္ဆေကြီးရဲ့လက်မောင်းကြီးတွေကို တစ်ဖက်စီမပြီး ကောင်းကင်ကိုပျံတက်သွားလေရဲ့ဗျာ။ဆင်ကြီးတစ်ကောင်ထက်ကြီးတဲ့ တစ္ဆေကြီးကို ဆွဲခေါ်သွားလိုက်တာများ ခေါင်းအုံးလေးတစ်လုံးကိုဆွဲသွားသလိုပေါ့ပေါ့ပါးပါးလေးပါသွားတာဗျိူ့။မဖဲဝါပြောသလိုဆိုရင်တော့ ငရဲဂူကြီးထဲမှာရှိတဲ့ တစ္ဆေထောင်က တစ္ဆေဆိုးကြီးတွေကိုထိန်းတဲ့ တစ္ဆေထိန်းကြီးတွေလိုက်လာပြီး ပြန်ခေါ်သွားတာဖြစ်မယ်ဗျ။ကျူပ်မြင်လိုက်ရတဲ့ အဖြစ်မပျက်တွေကို သရက်ပင်အောက်ရောက်တော့ သိန်းဇော်တို့ ကျောက်ခဲတို့ကိုပြန်ပြောပြလိုက်တယ်။ ဒီကောင်တွေဆိုတာ အံ့သြလွန်းလို့ ပါးစပ်ဟောင်းလောင်းတွေကို ဖြစ်နေကြတာဗျ။ကျူပ်ပြောပြတာမို့လို့သူတို့ယုံနေကြတာ။တခြားသူဆိုပြောတာဆိုလို့ကတော့နည်းနည်းမှကိုယုံကြမှာမဟုတ်ဘူးဗျ။သိန်းဇော်က သူ့အဘနဲ့ အမေရော၊သူ့အစ်မတွေရောသွားခေါ်ပြီး အိမ်ပေါ်ပြန်ပို့လိုက်တဟ်။ကျူပ်ကလည်း သိန်းဇော်တို့မိသားစုကိုအားလုံးရှင်းသွားပြီဆိုတာကိုသေချာပြောပြလိုက်ပါတယ်။“အောက် အီးအီးအွတ်”သန်းခေါင်ကြက်တောင်တွန်ပြီဗျ။ကျူပ်တို့ကိုသိန်းဇော်ကလိုက်ပို့မယ်ပြောသေးတာဗျ။“ဟာ မလိုက်နဲ့သိန်းဇော်။ငါနဲ့ကျောက်ခဲတို့နှစ်ယောက်နဲ့ပြန်မယ်။မင်းနဲ့နေခဲ့တော့။နောက်ရက်ကျရင်သာဘုန်းကြီးပင့်ပြီးဆွမ်းကပ်။ပရိတ်တွေဘာတွေနာလိုက်ကွာ။ကျူပ်အိမ်ပြန်ရောက်တော့ သန်းခေါင်ကျော်ပေါ့ဗျာ။အိမ်မှာငြိမ်ထိုင်လိုက်တော့မှချမ်းမှန်းသိတော့တာဗျိူ့။နဂါးဆေးပေါ့လိပ်လေး နှစ်ဖွာသုံးဖွာ ဖွာလိုက်ပြီးတော့ကျူပ်လည်း အိပ်ရာဝင်ခဲ့တယ်။■■■■■■■■■■■■■■■■■■■■လေတွေတိုက်လိုက်တာဗျာ။သစ်ပင်ကြီးတွေဆိုတာ ယိမ်းထိုးနေတော့တာဗျိူ့။ကျူပ်ကတစ်ပင်လုံးဝါထိန်နေအောင်ပွင့်တဲ့ဆယ့််နှစ်ရာသီပင်ကြီးအောက်မှာ ရပ်နေတာဗျ။“ဟဲ့ တာတေ နင်တစ္ဆေထောင်ကို သွားကြည့်မလို့ဆို”အသံကြားတော့မှ ကျူပ်က နောက်ကို လှည့်ကြည့်မိတာဗျ။ဆယ့်နှစ်ရာသီပင်ကြီးရဲ့ ဟိုတစ်ဖက်ကနေ ထွက်လာတာ။ကျူပ်မကြာမကြာတွေ့နေတဲ့ ကျုပ်အရွယ်လောက်ရှိတဲ့ကောင်မလေးဗျ။ဖားလျားချထားတဲ့ ဆံပင်မှာ ဆယ့်နှစ်ရာသီပန်း အဝါပွင့်လေးတစ်ပွင့် ပန်ထားတယ်။ကျူပ်ကြောက်မှာဆိုးလို့မဖဲဝါအမြဲတမ်း ဖန်ဆင်းပြတဲ့ ပုံစံလေဗျာ။ကျူပ်ကဘာမှမပြောရသေးဘူးဗျ။ငေးကြည့်နေတာ။“တာတေ နင်သွားမယ်မို့လား။ငါ နက်ကျော်ကိုခေါ်လိုက်မယ်။ဘာမှမကြောက်နဲ့။ဟိုရောက်ရင်သာ နက်ကျော်ပေါ်ကမဆင်းနဲ့။နက်ကျော်နားရွက်နှစ်ဖက်ကိုကိုင်ထား”“တစ္ဆေထောင်ဆိုတာတော်တော်လေးဝေးလား မဖဲဝါ”“ဒီနေရာကို ငါတို့မပြောရဘူးနက်ကျော်ကိုစီးသွားရင်တော့ ခဏလေးနဲ့ရောက်မှာပါ။ကဲ ငါနက်ကျော်ကိုခေါ်လိုက်မယ်”“ဝူး ဝူး အီး အီး ဝူး ဝူး”ဟော မဖဲဝါရဲ့ခွေးနက်ကြီး ရောက်လာပြီဗျိူ့။အူသံအရှည်ကြီးဆုံးတာနဲ့ မဖဲဝါဘေးမှာ ဘွားခနဲ ပေါ်လာတော့တာဗျ။“နက်ကျော် တာတေ့ကို ငရဲဂူလိုက်ပို့လိုက်။တာတေကတစ္ဆေထောင်ကိုကြည့်ချင်လို့တဲ့။နင်လိုက်ပို့လိုက်။အချိန်စေ့ရင်ပြန်ခေါ်ခဲ့ကြားလား။ကဲ တာတေ နက်ကျော်ကျော်ပေါ်တက်လိုက်”ကျူပ်လည်းဘာမှမတွေးတော့ပါဘူး။မဖဲဝါရဲ့ခွေးနက်ကြီးကျောပေါ်ကို တက်စီးလိုက်တယ်။“ဖျောင်း”မဖဲဝါကလလက်ခုပ်တစ်ချက် တီးလိုက်တယ်။“ဟာ”ခွေးနက်ကြီးက မြင်းကြီးတစ်ကောင်လောက် ဖြစ်သွားရောဗျ။ကျူပ်လည်း ကြောက်ကြောက်နဲ့ နက်ကျော်ကြီးရဲ့နားရွက်နှစ်ဖက်ကို ကိုင်ထားလိုက်တယ်။“ဂီး…”ခွေးနက်ကြီးက တစ်ချက်မာန်ဖီလိုက်ပြီးလွှားခနဲ ခုန်ထွက်လိုက်တယ်။ပြေးပြီ ဗျို့ ၊ ပြေးပြီ ၊ နက်ကျော်ကြီးပြေးပြီ။ မြေကြီးပေါ်ပြေးနေတာလား ။လေထဲမှာ ပြေးနေတာလားဆိုတာကို ကျုပ်သေသေချာချာ မသိဘူး ဗျ။ ကျုပ်ခေါင်းက ဆံပင်တွေဆိုတာနောက်ဘက်ကို လွင့်နေတာဗျ။နားထဲမှာ လေတိုးတဲ့အသံတွေပဲ ကြားနေရတယ်။” ဝီး….ဝီး….ဝီး…ဝီး “မျက်စိဖွင့်ထားပေမဲ့ ဘာကိုမှ သဲသဲကွဲကွဲ မြင်ရတာမဟုတ်ဘူးဗျ။ရိပ်ခနဲ ရိပ်ခနဲ တွေ့လိုက်ရတာ။ လိျှုတွေ မြောင်တွေ ၊တောင်ကမ်းပါးတွေ ၊ တောနက်ကြီးတွေကို ဖြတ်ပြီးနက်ကျော်ကြီး ပြေးနေတာဗျ။ ဟော….နက်ကျော်ကြီး ပြေးရင်းကနေ အရှိန် လျော့လိုက်ပြီဗျ၊ ။တောင်အမြင့်ကြီး နှစ်လုံးကြားကနေ လမ်းကလေး တစ်ခုမှာ နက်ကျော်ပြေးနေတာဗျ။ဖြေးဖြေးမှန်မှန်ပဲ ပြေးတော့တယ်။ ဟာ….ရှေ့မှာ လမ်းဆုံးနေပြီ။ တောင်ကြီးတစ်လုံးက ကန့်လန့်ကြီးခံပြီးပိတ်ထားတယ်နက်ကျော်ကတော့ ပြေးတုန်းပဲဗျ၊ တောင်ခြေရောက်တော့လမ်းက နှစ်ခွဗျ။ ဘယ်ဘက်က လမ်းကို နက်ကျော်ကွေ့လိုက်တယ်။ ကျုပ်လည်း နက်ကျော်ရဲ့ နားရွက်နှစ်ဖက်ကို မဖဲဝါပြောတဲ့အတိုင်း မိမိရရဆုပ်ကိုင်ထားတယ်။ ဟော…ရှေ့မှာဂူပေါက်ကြီး တစ်ခုဗျ။ နက်ကျော်က အဲ့ဒီဂူပေါက်ကြီးကိုပြေးဝင်တယ်။ အိုး….မှောင်ပိန်းနေပါရောလား ။ ကျုပ်ဖြင့်ဘာဆိုဘာမှ မမြင်ရတော့ဘူးဗျ။ ဒီအမှောင်ကြီးက ရိုးရိုးအမှောင် မဟုတ်ဘူးဗျ။ အမှောင်ထက်ပိုပြီး မှောင်တဲ့ အမိုက်မှောင်ကြီးဗျ။ဒါပေမဲ့ နက်ကျော်ကတော့ အမှောင်ထဲမှာသေသေချာချာ မြင်နေရတဲ့ ပုံစံပဲဗျ။ တန်းသွားနေတော့တာဗျို့။ တစ်ချက်မှကို မရပ်ဘူး။ဟာ….လင်းပြီ ၊ လင်းပြီ ။ ဟိုရှေ့မှာ မီးရောင်တွေ မြင်ပြီဗျို့၊မှောင်ထဲကနေ အလင်းရောင်တွေ မြင်လိုက်ရတော့ကျုပ်မျက်စိတွေ ကျိန်းသွားတာဗျို။ မျက်စိတွေကို ခဏမှိတ်ထားရတယ်။ လမ်းကဆုံးသွားပြီ။ ရှေ့မှာ လမ်းမရှိတော့ဘူး။နက်ကျော်လည်း တုံ့ခနဲ ရပ်သွားတယ်။လက်စသတ်တော့ကျုပ်မြင်ရတဲ့ အလင်းရောင် တွေက အောက်ကနေ တက်လာတဲ့ အရောင်ပဲဗျ။ နက်ကျော်ရပ်လိုက်တဲ့ နေရာ က တောင်ကမ်းပါးကြီးဗျ။ ဂူကြီးထဲမှာမှကမ်းပါးကြီးဖြစ်နေတာ။ အောက်ကို ငုံ့ကြည့်လိုက်တော့ ဂူကြီးအကြီးကြိးဗျ။ ကျောက်နံရံတွေမှာမီးတိုင်ကြီးတွေ ထွန်းထားတယ်။ မီးတိုင်တွေကကျောက်မီးတိုင်ကြီးတွေဗျ။ ဘယ်လိုဖြစ်လို့ မီးတောက်နေတာတုံးဆိုတော့ ကျုပ်မသိဘူးဗျ။ တစ်တိုင် ၊ နှစ်တိုင် ၊ သုံးတိုင်လေးတိုင် ၊ ငါးတိုင် ဟာ….မီးခွက်တွေကို ကျုပ်လိုက်ရေကြည့်တာ ရာကျော်တယ်ဗျ။ ဂူနံရံမှာ လှိုဏ်ပေါက်တွေ ရှိတယ်။သံတံခါးကြီးတွေ တပ်လို့်ဗျ၊ ဆင်နှစ်ကောင်စာလောက်ကိုယ်လုံးရှိတဲ့ အကောင်ကြီးတွေက လက်ထဲမှာ ဆူးချွန်တွေပါတဲ့ တင်ပုတ်ကြီးတွေကို ကိုင်ထားတယ်။ဟော…ရှေ့က နံရံမှာ တပ်ထားတဲ့ သံတံခါးကြီးကို ဆွဲဖွင့်ပြီးလှိုဏ်ခေါင်းကြီးထဲကို တင်းပုတ်ကိုင်ထားတဲ့ အကောင်ကြီးတစ်ကောင် ဝင်သွားတယ်။ ဟာ….လှိုဏ်ပေါက်ကတစ်ကယ်တော့ လမ်းတစ်ခုပဲဗျ။ အဲ့ဒီ့ကျောက်သားလမ်းရဲ့ဘေးတစ်ဖက်တစ်ချက်က နံရံမှာ သံတံခါးတပ်ထားတဲ့ အချုပ်ခန်းလို အခန်းတွေ ရှိတာကိုးဗျ။ လမ်းကအရှည်ကြီးဗျာ။အထဲမှာ အချုပ်ခန်းတွေ ဘယ်လောက်ရှိသလဲဆိုတာတော့ကျုပ်မသိဘူးဗျ၊ ကျောက်လမ်းတစ်လျောက်မှာလည်းကျောက်မီးတိုင်တွေ ထွန်းထားတာ လင်းထိန်နေတာဗျ။ဟော….အချုပ်ခန်းတံခါးကို ဖွင့်ပြီး အထဲက မဲမဲအကောင်တစ်ကောင်ကို ဆွဲထုတ်လာပြီဗျို့။ အဲ့ဒီအကောင်ကို ဆွဲခေါ်လာတဲ့ အချိန်မှာ နောက်ထပ် တစ္ဆေ ကြီးနှစ်ယောက်ကပြေးပြီး တစ်ဖက်တစ်ချက် က ညှပ်ပြီး ချုပ်လိုက်တယ်။ဟာ….ကျောက်ဖျာကြီး တစ်ချပ်ပေါ်ကို ခေါ်သွားပြီဗျို့။သြော်…..ကျောက်ဖျာကြီးပေါ်မှာ တိုင်ကြိးနှစ်တိုင်ရှိတယ်ဗျ။ကျောက်တိုင်ကြီးတွေဗျို့။ဟော….အခန်းထဲက ထုတ်လာတဲ့အကောင်ကြီးကို ကျောက်တိုင်နှစ်တိုင်ကြားမှာ သံကြိုးကြီးတွေနဲ့ ချည်ထားလိုက်ပြီဗျို့။ လက်နှစ်ဖက်ရော၊ခြေထောက်နှစ်ဖက်ရော ၊ လေးဘက် ၊ လေးပေါင်တုတ်ထားတာဗျို့၊“ဒါ ဟိုကောင်ကြီးပဲ “ဒါ …သိန်းဇော် တို့ အိမ်ခေါင်မိုးပေါ်မှာ ထိုင်ပြီး ကိုယ်လုံးကြီးကို ရှေ့တိုးနောက်ငင် လုပ်တဲ့ အကောင်ကြီးပဲကိုး။ဒီအကောင်ကြီးကို အပြစ်ပေးတော့မှာကိုး ။ ဟာ….စောစောက ဆွဲခေါ်သွားပြီး သံကြိုးနဲ့ ချည်ထားတဲ့ အကောင်ကြီးနှစ်ကောင် က အရှေ့ဘက်ကိုတစ်ကောင် ၊ အနောက်ဘက်ကိုတစ်ကောင် ထွက်သွား တယ်။ ဟာ….ဘာကြီးတွေ တွန်းလာတာတုံး။မတ်တတ်ကျောက်ပြားကြီးတွေဗျ။ဟာ….ကျောက်ပြားကြီးတွေမှာ သံချွန်ကြီးတွေ တပ်လို့ဗျ။ အောက်က ကျောက်ပြားကြီးပေါ်မှာသံချွန်တပ်ထားတဲ့ မတ်တပ်ကျောက်ပြားကြီးက မြှုပ်ထားတာထင်တယ်။ဟော…..ကျောက်ဖျာကြီးအတိုင်း တွန်းလာတာဗျို့။ ချုပ်နှောင်ထားတဲ့တစ္ဆေကြီးရဲ့ ရှေ့က တစ်ယောက် နောက်ကတစ်ယောက် တွန်းတာဗျ။ အနားရောက်လေ အရှိန်ကမြန်လာလေဗျ။ ဟာ…ပြေးပြီး ပြိုင်တူတွန်းတာဗျို့။“အား “ထောင်ထဲက ထွက်ပြေးလာတဲ့ အင်းဝ တစ္ဆေ ကြီးရဲ့ ရင်ဘတ်နဲ့ ကျောပြင်ကို တစ်ပြိုင်နက်တည်း သံချွန်ကြီးတွေ ဖောက်ဝင်သွားတာဗျို့။ကျောနဲ့ ရင်ကို တစ်ပြိုင်နက်တည်း ဖောက်ဝင်သွားတာဗျ၊ တစ္ဆေ ကြီးရဲ့အော်သံကြီးက ဧရာမဂူထဲမှာ ဟိန်းထွက်သွား ရောဗျို့။ ဟော….ကျောက်ပြားကြီးတွေကို နောက်ပြန်ဆွဲသွားပြန်ပြီဗျို့။ဟော….ဟော ရှေ့ကို ပြိုင်တူပြေးပြီးတွန်းလာကြပြန်ပြီ။ ဟော….ကျောနဲ့ ရင်ကို ပြိုင်တူညှပ်ပြီဗျိ့။“အား”တစ္ဆေ ကြီးရဲ့ အော်သံက ဂူကြီးထဲမှာ လွှမ်းသွားပြန်ရောဗျို့။ဂူကြီးက ကျုပ်စိတ်အထင် ပြောရရင် ကျုပ်တို့ရွာထနောင်းကုန်းရယ် ၊ သိန်းဇော်တို့ရွာ ဘန့်ဘွေးကုန်းရယ် ၊ မီးလောင်ကုန်းရယ်သုံးရွာပေါင်းထားတာလောက်ကျယ်မယ်ထင်တယ်။ဒီဂူကြီးကို မဖဲဝါကတော့ ငရဲဂူလို့ ပြောတယ်ဗျ။ တစ္ဆေ ထောင်ကျနေတဲ့ အကောင်ပေါင်းဘယ်လောက်ရှိပြီးတော့ အဲ့ဒီတစ္ဆေ တွေကို ဖမ်းဆီးချုပ်နှောင်ပြီး အပြစ်ပေးရတဲ့တစ္ဆေထောင် ရဲ့ ပါးကွက်အာဏာသားသရဲကြီးတွေကဘယ်လောက်ရှိတယ်ဆိုတာ ကျုပ်ဘယ်လိုမှ မှန်းတတ်မှာမဟုတ်ဘူးဗျ။“အား……ဝူး…..ဝူး “အော်သံကြီးကြားလို့ ကျုပ်လှမ်းကြည့်လိုက်တယ်။ ဟာ….နားရွက်အကြီးကြီးနဲ့ အမွှေးရှည်တွေ တစ်ကိုယ်လုံးဖုံးနေတဲ့သဘက်ကြီးတစ်ကောင်ကို ဇောက်ထိုးဆွဲထားပြီး ဆူးခတ်တင်းပုတ်ကြီးတွေနဲ့ မည်းမည်းအကောင်ကြိး သုံးကောင်ကမနားတမ်းရိုက်နေတာဗျို့။ဒီသဘက်ကြီးက ဘာအပြစ်ကျူးလွန်ထားတုံးဆိုတာတော့ မသိဘူးပေါ့ဗျာ။” အူး….အီး….အီ “ဟာ…ကျုပ်က ရှေ့ကိုပဲ ကြည့်နေတာကိုး ။ ကျုပ်ရဲ့ ဘေးဘက်တွေမှာလည်း တစ္ဆေ တွေကို ပြစ်ဒဏ်အမျိုးမျိုးပေးနေတာဗျ။ဟာ….ဒီအကောင်ကြီးတော့ခြေတွေ ၊ လက်တွေ ကြိုးနဲ့တုတ်ပြိးီ ဝမ်းလျားမှောက် ကြီးသံကြိုးနဲ့ ဆွဲထားတာဗျ။ သံကြိုးကကျောက်စက်သီးမှာချိတ်လို့ဗျ။ သံကြိုးကို စက်သီးနဲ့ဆွဲတင်သွားပြီး ဂူအမိုးမှာ သွားပြီးကပ်တော့မှ စက်သီးကြိုးကို လုံးဝလွှတ်ချလိုက်တာဗျ။ ကြိုးတုတ်ခံထားရတဲ့တစ္ဆေကခြေလွတ် လက်လွတ်ကို ပြုတ်ကျလာတာဗျ။ အောက်မှာကကျောက်ဖျာကြီး ဗျ။ အဲ့ဒီ့ကျောက်ဖျာကြီးမှာက ကျောက်သားအချွန်တွေက ဆူးချွန်ကြီးတွေလို ထောင်နေတာဗျ။ အချွန်ပေါင်းရာနဲ့ ချီနေတာ။ အဲ့ဒီကျောက်ဆူးချွန်ကြီးတွေပေါ်ကိုမှောက်လျက်ကြီး ပြုတ်ကျလာတာလေဗျာ။” အား…..အီး “ဆိုပြီး အော်တဲ့အသံကြီးက ဂူကြီးထဲမှာ လွှမ်းသွားတော့တာပေါ့ဗျာ။ ကျုပ်တို့ ရွာ သုံးရွာလောက်ရှိတဲ့ ဂူကြီးထဲမှာ ကျောက်မီးတိုင်တွေ ထွန်းထားတာ ထိန်နေတာဗျ။ အဲ့ဒီမီးရောင်အောက်မှာ ပုံစံ တစ်မျိုးစီ အပြစ်ပေးခံနေရတဲ့ တစ္ဆေ ကြီးတွေရဲ့ အော်သံကြီးတွေက သွေးပျက်မတတ်ပါပဲ။ ဒီငရဲဂူကြီးထဲကတစ္ဆေ ကောင်ကြီးတွေကို ဘယ်သူက ဖန်တီးသွားခဲ့တုံးဆိုတာကျုပ်ဖြင့်တွေးလို့ကိုမရပါဘူးဗျာ။ ကျုပ်မျက်စိနဲ့မမြင်ရတဲ့ဂူကြီးရဲ့ တခြားနေရာမှာရော ဒီလိုအပြစ်ပေးခံနေရတဲ့ဘယ်လောက်များရှိနေတယ်ဆိုတာ ကျုပ်ဘယ်လိုမှ မသိနိုင်ဘူးပေါ့ဗျာ။ ကျုပ်က ဒါတွေကို မကြည့်ချင်တော့ဘူးဗျာ။ ဒါပေမဲ့နက်ကျော်ကြီးကတောင့်တောင့်ကြီး ရပ်နေတုံးဗျ။ အချိန်မစေ့သေးလို့ ရှိမှာပေါ့ဗျာ။ကျုပ်ကနက်ကျော်ရဲ့ နားရွက်တွေကိုနည်းနည်းဆွဲလှုပ်ပြီး ပြန်ဖို့ သတိပေးတယ်။ ဒီကောင်ကြီးကနည်းနည်းမှကို မလှုပ်ဘူးဗျ။ ကျုပ်လည်း ဘာမှ မတတ်နိုင်တော့ဘူးဗျို့။ ဒါပေမဲ့ ခဏကြာတော့ဒီကောင် လှုပ်လာတယ်။နောက်ဘက်ကို ဆတ်ခနဲ လှည့်လိုက်ပြီး ကျုပ်တို့ဝင်လာခဲ့တဲ့ အမိုက်မှောင်ကြီးထဲကို ဝင်သွားရောဗျ။ ကျုပ်လည်းဘာဆိုဘာမှ မမြင်ရတော့ဘူးဗျ။ အမိုက်မှောင်ကို တော်တော် ကြာအောင်ဖြတ်ပြီးတော့မှ ကျုပ်တို့ဝင်ခဲ့တဲ့ ဂူပေါက်ကြီးကိုရောက်လာတယ်။ အပြင်မှာ လရောင်ဖျော့ဖျော့ လေးက လင်းနေတယ်ဗျ။ ဒီတော့မှပဲ ကျုပ်လည်းအသက်ကို ၀၀ရှူလိုက်မိတော့တာပေါ့ဗျာ။” ဂီး….ဂီး….ဂီး “ဟာ….ကျုပ်မျက်စိမှိတ်ပြီး အသက်ရှူနေတုန်းရှိသေးတယ်။ငှက်အော်သံကြီးတွေ ကြားလိုက်လို့ ကျုပ်မျက်စိဖွင့်ကြည့်လိုက်တော့ ဟာ….လူငှက်ကြီးတွေဗျ။ အတောင်မည်းမည်းကြီးတွေကို ဖြန့်ပြီး ပျံနေတာ။နှစ်ကောင်တောင်ဗျို့။စောစာကကျုပ်တို့ အဝင်မှာ ဘာမှမတွေ့ပေမဲ့ အထွက်မှာတည့်တည့်ကြီးတိုးနေတာဗျို့။” ဂီး….ဂီး…..ဂီး …..ဂီ “ဟာ နက်ကျော်ကြီး မာန်ဖီ နေပြီဗျို့။ ကျုပ်လည်းတစ်ကိုယ်လုံးကြက်သီးတွေ ထပြီး ဘာလုပ်ရမှန်းမသိတော့တာနဲ့ နက်ကျော်ရဲ့ နားရွက်ကိုပဲ တင်းတင်းဆုပ်ထားလိုက်ရတော့တာပေါ့ဗျာ။” ဝူး…”နက်ကျော်က ခေါင်းကြီးမော့ပြီး တချက်အူလိုက်တယ်။ဟော….ပြေးပြီဗျို့။ပြေးပြီ။ နက်ကျော်ပြေးပြီ။ လွှားခနဲ လွှားခနဲနေအောင်ပြေးတာဗျ။” ဂီး….ဂီး…..ဂီး……ဂီး “ဟာ…..လိုက်လာပြီဗျို့။ တစ္ဆေငှက်တွေက လိုက်လာပြီ။အတောင်မည်းမည်း ကြီးတွေကို တဖျန်းဖျန်းခတ်ပြီးတော့ကို လိုက်လာတာဗျ။ ကျုပ်တော့ ဒီတစ်ခါတော့ သွားပြီလို့တွေးလိုက်မိတာဗျို့။ ဘယ်အချက်များနောက်ကနေ ကုပ်လှမ်းဆွဲလိုက်မလဲလို့ တွေးရင်းနဲ့ နက်ကျော်ကြီးရဲ့ နားရွက်တွေကိုတင်းအောင်ဆွဲထားရတာပေါ့ဗျာ။” ဖျန်း ဖျန်း ဖျန်း ဂီး ဂီး ဂီး “ဟာ ..လိုက်တုန်းပဲ။ တစ္ဆေ ငှက်ကြီးနှစ်ကောင်တော်တော်ကိုနီးလာပြီဗျို့။ ဟော…နက်ကျော်က ပြေးရင်းနဲ့ သင်္ချိုင်းကုန်းကြီးတစ်ခုကိုဖြတ်ပြေးလာတယ်ဗျ။ ကျုပ်က ဂူကြို ဂူကြားမှာပါလာတာပေါ့ဗျာ။ ကျုပ်ကြောက်ကြောက်နဲ့ နောက်ကိုလှည့်ကြည့်တယ်။ ဟာ….မရှိဘူးဗျို့။ တစ္ဆေ ငှက်တွေနေခဲ့ပြီဗျ။သင်္ချိုင်းကနက်ကျော်တို့ ပိုင်နက်ကိုးဗျ။ ဒါ့ကြောင့်ဆက်မလိုက်တော့တာကိုး ။ ဟော…..ပြန်သွားပြီ။ ပြန်သွားပြီ။လူငှက်ကြီးတွေ ပြန်သွားပြီဗျ။ တစ်နေရာရောက်တော့နင်ကျော်ကြီးက ကျုပ်ကို သူ့ကိုယ်ပေါ်ကနေ ဆတ်ခနဲခါချတယ်။ ကျုပ်ပြုတ်ကျသွားရောဗျို့။ အသည်းထဲမှာ အေးခနဲဖြစ်သွားပြီး ကျုပ်အော်လိုက်မိတယ်။“အား”ကျုပ်ခြေထောက်ကို တစ်ယောက်ယောက်က ဆောင့်ဆွဲလိုက်တယ် ။” ဟဲ့ တာတေ ဘာဖြစ်တာတုံး “အမေဗျ။ အမေ ကျုပ်မျက်လူံးဖွင့်ကြည့်တော့ အမေကကျုပ် အိပ်ရာ ခြေရင်းမှာ ထိုင်လို့ဗျ။” အမေ ကျုပ်ဘယ်ပေါ်ကို ကျသွားတာတုံး “” ဟဲ့ တာတေ ။ နင်က ဘယ်ပေါ်ကို ကျရမှာတုံး ။နင့်အိပ်ရာမှာ နင်အိပ်နေတာလေ။ လန့်အော်လို့ငါလာနှိုးတာ”“တုံ….တုံ……တုံ……တုံ”ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သံကိုကြားလိုက်ရတယ်၊ အာရုဏ်တောင် တက်နေပါရောလား။ပြီးပါပြီ။စာဖတ်ပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ။ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and shareလေးနဲ့အားပေးသွားပါအုံးဗျာ။
Tags
About Computer Hardware & Software Sharing
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.